တောင်အာဖရိကနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် သည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကူးစက်ပျံ့နှံ့နေသကဲ့သို့ ကိုဗစ်ကပ်ရောဂါဘေး အပါအဝင် စစ်တပ်က အာဏာသိမ်းမှုကြောင့် ဒုက္ခမျိုးစုံ ကြုံတွေ့ခံစားကြရသည့် မြန်မာနိုင်ငံကိုလည်း ရောက်ရှိလာနေပြီဖြစ်သည်။
ယန္တယား ယိုယွင်းနေသည့် အာဏာသိမ်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက လက်လှမ်းမီသလောက် ပြုစုထားချက်အရတွင်ပင် ရာဂဏန်းရှိနေသဖြင့် စစ်ကောင်စီ၏ ကျန်းမာရေးစောင့်လျှောက်မှု အပေါ် သံသယ ရှိနေကြသည့် လူထုမှာ စိုးရိမ်းနေကြလျှက်ရှိသည်။
ထို့ကြောင့် ကိုဗစ် ဗီဇမျိုးကွဲ အိုမီခရွန်အကြောင်း အပါအဝင် ဆောင်ရန်၊ ရှောင်ရန် ကိစ္စရပ်များနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန အထူးအတိုင်ပင်ခံ လည်းဖြစ် မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခချုပ်လည်းဖြစ်သည့် ဒေါက်တာ ခင်မောင်လွင် အား ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ လက်ရှိ နိုင်ငံတကာမှာ အိုမီခရွန် ကူးစက်ပျံ့နှံ့နေတဲ့ အခြေအနေ ဘယ်လောက်ဆိုးနေလဲ။
ဖြေ ။ ။ အိုမီခရွန်က ဘယ်ကနေစတွေ့တာလဲ ဆိုတော့ နိုဝင်ဘာ ၂၄ ရက်နေ့ ၂၀၂၁ ခုနှစ်မှာ တောင်အာဖရိက ကနေမှ အိုမီခရွန်ဆိုပြီးတော့ အသစ်ပေါ်ခဲ့တယ်။ အဲဒီအရင်ကတော့ ဒယ်လ်တာ၊ အယ်လ်ဖာ၊ ဂမ်မာတို့ ဘီတာတို့ နောက်ဆုံး ဒယ်လ်တာပေါ့။ နောက်တော့ အိုမီခရွန်ပေါ့။ အဲဒီတော့ သူက ဘယ်လိုဖြစ်လာတာလဲဆိုတော့ ပြီးခဲ့တဲ့ ၂၄ ရက်နေ့ နိုဝင်ဘာလ ကနေ စတွေ့ပြီးတော့ နိုဝင်ဘာလ ၂၈ ရက်နေ့ ၂၀၂၁ မှာတော့ သူက ပေါ့စတစ်ကိစ္စ ၁၁၅ ယောက် တွေ့ပြီး ၉ နိုင်ငံမှာတွေ့တယ်။ နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့ ၁၈ နိုင်ငံမှာကူးပြီး ပေါ့စတစ်က ၁၉၈ ယောက်ဖြစ်လာတယ်။ နောက်ပြီးတော့မှ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၆ နိုင်ငံအထိ ရောက်သွားတယ်။ ပေါ့စတစ်ကိစ္စက ၃၂၀ ဖြစ်လာတယ်။ ၂၀ ဖြစ်လာတယ်။ ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ ၃၄ နိုင်ငံအထိ ကူးစက်သွားပြီး ပေါ့စတစ်က ၄၀၃ ယောက်ဖြစ်သွားတယ်။ ဒီဇင်ဘာ ၃ ရက်နေ့မှာတော့ ၃၄ နိုင်ငံမှာ ပေါ့စတစ် ၄၉၂ ယောက်ဖြစ်ခဲ့တယ်လို့ စာရင်းဇယားတွေအရ သိခဲ့ရတယ်။ အဲဒါတွေကို ပြန်လေ့လာကြည့်မယ်ဆိုရင်တော့ နေ့တစ်နေ့မှာ ရောဂါသစ်ဖြစ်တဲ့သူက ၁၀၀ လောက်ရှိတယ်။ တနေ့ တနေ့မှာလည်း ၁၀၀ လောက်ရှိတယ်။ တနေ့ တနေ့မှာ ရောဂါသစ်ဖြစ်တဲ့ နိုင်ငံတွေက ၈ နိုင်ငံလောက်ရှိတယ်။ အခုလက်ရှိ အခြေအနေမှာတော့ တနေ့ တနေ့ကို သန်းနဲ့ချီပြီး ပေါ့စတစ်ထွက်နေတာကို တွေ့ခဲ့ရတယ်။
တနေ့ တနေ့မှာ ရောဂါသစ်ဖြစ်တဲ့ နိုင်ငံတွေက ၈ နိုင်ငံလောက်ရှိတယ်။ အခုလက်ရှိ အခြေအနေမှာတော့ တနေ့ တနေ့ကို သန်းနဲ့ချီပြီး ပေါ့စတစ်ထွက်နေတာကို တွေ့ခဲ့ရတယ်။
တနေ့ကို လူတသန်းနီးပါး လျင်လျင်မြန်မြန်ကူးစက်နေတာကို တွေ့ရတယ်။ အဲဒါ နောက်ဆုံးအခြေအနေပေါ့။ ပြီးခဲ့တဲ့ ၁၀ ရက်နေ့မှာတော့ သူက ၂၆ နိုင်ငံမှာ သူတို့ရဲ့ လူဦးရေ ထူထပ်မှုရဲ့ တစ်ရာခိုင်နှုန်းက ကူးစက်မှုရှိနေတယ်လို့ ထုတ်ပြန်ပါတယ်။ အချိန်တိုအတွင်းမှာ ကူးစက်မှုများတယ်ဆိုတဲ့ သဘောကို ပြောချင်တာပေါ့နော်။ လောလောဆယ်တော့ အီးယူနဲ့ ဥရောပ နိုင်ငံတွေကတော့ အိုမီခရွန် လူတသန်းဖြစ်ရင် လူ ၅၀ နီးပါးလောက် အသေအပျောက်ရှိတယ်လို့ ဒီဇင်ဘာလ ၂၀ ရက်နေ့ကနေ ဇန်နဝါရီလ ၂ ရက်နေ့အထိ အဲဒီလို အီးယူနိုင်ငံတွေကတောင်မှ အိုမီခရွန် တစ်သန်းကူးရင် လူ ၅၀ သေဆုံးမှုရှိတယ်ဆိုတာ အိုမီခရွန်ရဲ့ ပျံ့နှံ့မှု အနေအထားပေါ့။ အဲဒီတော့ အာဆီယံနိုင်ငံတွေထဲကိုလည်း ရောက်လာပြီ။ မြန်မာနိုင်ငံထဲကိုလည်းရောက်လာပြီ။ မြန်မာနိုင်ငံမှာလည်း အခုလောက်ဆို လျင်လျင်မြန်မြန် ကူးစက်နေပြီပေါ့။ ဟိုဘက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ လူ ၄၀ လောက် မြန်မာနိုင်ငံထဲမှာ ပေါ့စတစ်ဖြစ်နေပြီလို့ သူတို့ တရားဝင်ထုတ်ပြန်ပေမယ့်လည်း ဒီထက်မက ဖြစ်မယ်လို့ ကျနော်တို့ ယူဆတယ်။
အိုမီခရွန်သည် လျင်လျင်မြန်မြန် ကူးစက်နေတယ်ဆိုတဲ့ အကြောင်းလေးကို ပြည်သူလူထုကို သိစေချင်တာပါဗျ။ လူထုကို သိစေချင်တာပါဗျ။
မေး။ ။ အိုမီခရွန်က ကိုဗစ်နဲ့ ဘာကွာလဲ။ ကူးစက်ပုံက အတူတူပဲလား။
ဖြေ။ ။ အဲဒါလည်း ကျနော်ဖြေချင်ပါတယ်။ အိုမီခရွန်ဆိုတာ ရောဂါမဟုတ်ပါဘူး။ မီခရွန်ဆိုတာ ရောဂါပိုးနာမည်ပါ။ ကိုဗစ်ကို ဖြစ်စေတဲ့ ရောဂါပိုးနာမည်ပါပဲ။ ပထမတုန်းက ဘာကစလဲဆိုရင် အယ်လ်ဖာကနေ စတယ်။ ဂမ်မာ၊ ဒယ်တာ အခုတော့ အိုမီခရွန်ပေါ့။ အဲဒီတော့ ရောဂါပိုးရဲ့ နာမည်က အိုမီခရွန်၊ ဖြစ်တဲ့ ရောဂါကတော့ ကိုဗစ်ပေါ့။ ဒါကြောင့်မို့လို့ ကိုဗစ်နဲ့ အိုမီခရွန်က ဘာမှမကွာဘူး။ အတူတူပဲ။ သူက ကိုဗစ်ကို ဖြစ်စေတဲ့ ရောဂါတမျိုး။ အိုမီခရွန်ကို ပြည်သူတွေ ထင်နေကြတာက အနောက်နိုင်ငံတွေမှာလည်း ကူးစက်ကြတယ်။ ရောဂါအနုစားပဲ။ နှာစေး ချောင်းဆိုးလောက်နဲ့ပဲ ပြီးတယ်လို့ လွဲမှားစွာယူဆနေတာတွေ ရှိတယ်။ အဲဒီလိုတော့ မယူဆစေချင်ဘူး။ သူသည် ရောဂါအနုစား မဟုတ်ပါဘူး။ သူလည်း ပြဿနာပေးနိုင်ပါတယ်။ ယေဘုယျအားဖြင့်ပြောရင် ကူးစက်မှု အရမ်းမြန်တယ်။ လျင်လျင်မြန်မြန်ပျံ့ပွားမှု များတယ်။ ဖြစ်ပွားမှုနှုန်းကလည်း အရင်ဟာတွေထက် ပိုများတယ်။ လေးဆလောက်ပို များတယ်။ ဆိုးရွားတဲ့ လက္ခဏာတွေ မဖြစ်နိုင်ဘူးဆိုပေမယ့်လည်း ရောဂါအခံရှိတဲ့သူတွေ၊ အဝလွန်တဲ့သူတွေနဲ့ အသက်ကြီးတဲ့သူတွေမှာ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန်ဖြစ်ပြီး သေဆုံးနိုင်တဲ့ အလားအလာရှိတယ်ဆိုပါတယ်။
လျင်လျင်မြန်မြန်ပျံ့ပွားမှု များတယ်။ ဖြစ်ပွားမှုနှုန်းကလည်း အရင်ဟာတွေထက် ပိုများတယ်။ လေးဆလောက်ပို များတယ်။
အိုမီခရွန်ဟာ ရောဂါအသစ်မဟုတ်ဘူး။ ကိုဗစ်ကနေ ဖြစ်လာတာ။ တတိယလှိုင်း ပါတယ်။ တတိယလှိုင်း မှာတော့ ဒယ်လ်တာ ပိုးကြောင့် ဖြစ်တာပေါ့။ အခု စတုတ္ထလှိုင်းလို့ မြန်မာနိုင်ငံမှာ မခေါ်နိုင်သေးပေမယ့် အစပျိုးလာပြီ။ စတုတ္ထလှိုင်းကိုတော့ မဖြစ်မနေ ကျနော်တို့ မြန်မာပြည်သူပြည်သားတွေ ကြုံရလိမ့်မယ်လို့ ကျနော်တို့အနေနဲ့ ယူဆပါတယ်။
မေး။ ။ အိုမီခရွန်ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ ဟုတ်ပြီ။ အိုမီခရွန်ကြောင့်ဖြစ်တဲ့ ကိုဗစ်မှာတော့ ထူးခြားမှုတွေ ရှိတယ်။ ဘာတွေလဲ ဆိုရင် အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါလက္ခဏာတွေနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်တဲ့ ရောဂါလက္ခဏာတွေ အဖြစ်များတာကို တွေ့ရတယ်။ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ အရင်မျိုးစိတ်တွေ တုန်းကလိုပဲ ဖျားတယ်၊ အနံံ့ပျောက်တယ်။ ဒီလက္ခဏာတွေနဲ့ပဲ လှိုင်းတွေကို ဖြတ်သန်းလာခဲ့တာပေါ့နော်။ အနံ့ပျောက်ပြီဆိုရင် သေချာတယ် တော်တော်များများက ကိုဗစ်ဖြစ်ကြပြီ။ အိုမီခရွန်မှာ ထူးခြားတာကတော့ အသက်ရှူကြပ်မယ်၊ ချောင်းဆိုးမယ်၊ နှာချေမယ်၊ လည်ချောင်းနာမယ်ပေါ့။ အသက်ရှူရတာ ခက်တယ်။ ခိုးလို့ခုလု ဖြစ်တယ်ပေါ့။ ဒါတွေကတော့ အိုမီခရွန်မှာ တွေ့ရတာများတယ်။ နောက်ပြီးတော့မှ သူက အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရှိတဲ့ ပျို့မယ် အန်မယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်တာလေးတွေ ဒီမှာ နည်းနည်းပိုများမယ်။ တခြားမျိုးစိတ်တွေလိုပဲ သူက ဖျားတယ်၊ အနံ့ပျောက်တယ် အတူတူပဲ။ ဖျားတယ် အနံ့ပျောက်တယ် ကိုယ်လက်တွေကိုက်တယ် ရုတ်တရက် အနံ့ပျောက်တယ်။ ဒါတွေကတော့ အတူတူပဲ။ ထူးခြားချက်လေးကတော့ အခုနက ဆရာပြောတဲ့ အသက်ရှူလမ်းကြောင်းမှာ ရှိတဲ့ လက္ခဏာတွေနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ လက္ခဏာတွေကတော့ အိုမီခရွန်မှာ ထူးခြားတယ်လို့ ပြောရမယ်။ လူတွေက အိုမီခရွန်အသစ်ဆိုပြီး ပေါ်လာတဲ့အခါကျတော့ လေ့လာကြတယ်။ ပိုပြီးများ ဆိုးမလား ဆိုတဲ့အခါကျတော့ မျိုးရိုးဗီဇပြောင်းလာပြီဆိုရင် လူကို ဒုက္ခပေးတာများ ကြီးသလားဆိုပြီးတော့။
အိုမီခရွန်ဆိုတာကို အကြမ်းဖျဉ်းပြောရရင် လျင်လျင်မြန်မြန် ကူးစက်နေတယ်။ ရောဂါ အနုစားတော့မဟုတ်ဘူး။ သူ့ကိုလည်းသတိထားဖို့ လိုတယ်။
အဲဒီလောက်တော့လည်း ကြီးတော့ ကြီးမလာဘူး။ အိုမီခရွန်ဆိုတာကို အကြမ်းဖျဉ်းပြောရရင် လျင်လျင်မြန်မြန် ကူးစက်နေတယ်။ ရောဂါ အနုစားတော့မဟုတ်ဘူး။ သူ့ကိုလည်းသတိထားဖို့ လိုတယ်။ အသက်ကြီးတဲ့သူတွေ၊ အဝလွန်တဲ့သူတွေ၊ နောက်ပြီးတော့ ရောဂါအခံရှိတဲ့သူတွေမှာ ပိုပြီးတော့ သတိထားရမယ်။
မေး။ ။ ကိုဗစ်ကာကွယ်ဆေး ထိုးထားမှုတွေက အိုမီခရွန်ကို ဘယ်လောက်ကာကွယ်လဲ။
ဖြေ။ ။ မှန်ပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့ သူတွေဆီမှာတော့ ခံနိုင်ရည်အားလည်း နည်းနည်းရှိတာပေါ့။ ကာကွယ်ဆေး မထိုးထားတဲ့သူတွေကတော့ အရင်ရောဂါပိုး ရှိတဲ့သူတွေလိုပဲ အန္တရာယ်ရှိတာတော့ အတူတူပဲ။ ကျနော်တို့ ဒီဘက်က ဖွံ့ဖြိုးတိုးတက်နေတဲ့ စင်ကာပူလို နိုင်ငံတွေနဲ့ အီးယူလိုနိုင်ငံတွေနဲ့ စကားပြောကြည့်တဲ့ အခါမှာတော့ အဲဒီက ဆရာဝန်တွေကတော့ သူတို့ဆီမှာ ဆေးထိုးထားတဲ့ ပြည်သူတွေလည်း ပြန်ဖြစ်ကြတယ်တဲ့။ အခုနက ပြောသလို၊ ရောဂါအခံ ရှိကြသူတွေ၊ အဝလွန်သူတွေ၊ အသက်အရွယ်ကြီးတဲ့သူတွေက ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးထားတာ တောင်မှ သူတို့သည် အိုမီခရွန်နဲ့ ပတ်သက်လို့ ကူးစက်မှုတွေ ထပ်ဖြစ်တဲ့အတွက် သူတို့ဆီမှာ Booster ထပ်ထိုးနိုင်ဖို့ ပြင်ဆင်နေကြပြီ။ ဒီမှာတော့ Booster မပြောပါနဲ့ ကာကွယ်ဆေးထိုးဖို့တောင် အဆင်မပြေဖြစ်နေကြတာ။
ကာကွယ်ဆေးထိုးထားသူတွေ ကူးစက်ခံရရင်တော့ ဆေးရုံရောက်တဲ့အထိ၊ အောက်စီဂျင် ပေးရတဲ့ အထိတော့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြတယ်။ ကာကွယ်ဆေးထိုးထားလို့ ကူးစက်မခံရဘူးလို့တော့ မပြောနိုင်ပါဘူး။ ကာကွယ်ဆေး မထိုးထားဘဲ၊ ရောဂါကာကွယ်နည်းတွေကို မလိုက်နာရင် ရောဂါက ကူးစက်မှာပါပဲ။ အခုနကပြောသလို သူများနိုင်ငံတွေမှာ ကာကွယ်ဆေး ၇၀ ရာခိုင်နှုန်းလောက်ထိုးထားနိုင်ရင် ကူးစက်မှုကို ကာကွယ်နိုင်ပြီလို့ ပြောပေမယ့် ကျနော်တို့ နိုင်ငံမှာ ကာကွယ်ဆေး ထိုးပြီးသူက အရမ်းနည်းပါတယ်။ လူဦးရေနဲ့ ပြန်ယှဉ်ကြည့်ရင် ၁၀ ရာခိုင်နှုန်းတောင်မရှိပါဘူး။ ဒါကြောင့် ကျနော်တို့ NUG MOH အနေနဲ့လည်း ကာကွယ်ဆေး ထိုးနိုင်ဖို့ လုပ်ဆောင်ပေးနေသလို၊ ပြည်သူတွေအနေနဲ့လည်း ကာကွယ်ဆေးကို ဘယ်ကရရ ထိုးသင့်ပါတယ်။
မေး။ ။ အိုမီခရွန်နဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေလည်း ပြောပြပေးပါ။
ဖြေ။ ။ ဆောင်ရန် ရှောင်ရန်တွေကတော့ ကိုဗစ်လိုပါပဲ။ အတူတူပါပဲ။ ဘာမှ ထူးထူးခြားခြား မပြောင်းလဲပါဘူး။ ကာကွယ်ဆေး ထိုးထားရမယ်။ ရောဂါပိုး မဝင်နိုင်အောင် လုံလောက်တဲ့ ကာကွယ်နည်းတွေကို လိုက်နာရမယ်။ ကိုဗစ်ကို ထိန်းနိုင်ဖို့ဆိုရင် တနိုင်ငံလုံး အတိုင်းအတာအရ ၇၀ ရာခိုင်နှုန်ူး ကာကွယ်ဆေး ထိုးထားရမှာ။ အခု ကာကွယ်ဆေး ထိုးထားနိုင်မှုကလည်း ၁၀ ရာခိုင်နှုန်းပဲ လွှမ်းခြုံနိုင်သေးတော့ အန္တရာယ်ကတော့ လက်တကမ်းမှာ ရှိနေပါသေးတယ်။ အဲဒီအတွက် တိုင်းရင်းသားဒေသက လူတွေရော၊ တိုင်းရင်းသားဒေသမှာ မှီခိုနေသူတွေပါ မကျန် ကာကွယ်ဆေး ထိုးနိုင်ဖို့ကို ကျနော်တို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
များလွန်းလို့ အခြားနိုင်ငံတွေကပါ စောင့်ကြည့်ရတဲ့ သေနှုန်းများတဲ့ နိုင်ငံဖြစ်ခဲ့ရပါတယ်။ သူတို့က ပြည်သူတွေကို ကောင်းကောင်း မစောင့်ရှောက်ခဲ့လို့ ပြည်သူတွေ သေဆုံးမှု မြင့်တက်ခဲ့တယ်။
ကျနော်တို့ ပထမလှိုင်း၊ ဒုတိယလှိုင်းတွေကို အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်ခဲ့ပေမယ့် တတိယလှိုင်းမှာတော့ စစ်ကောင်စီက အာဏာသိမ်းထားခဲ့လို့ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့သလို၊ ပြည်သူတွေကို ကာကွယ်ဆေးထိုးပေးဖို့ လုပ်ဆောင်တဲ့ အချိန်မှာ အာဏာသိမ်းသွားခဲ့လို့ ကာကွယ်ဆေးလည်း မထိုးပေးခဲ့ရဘူး။ ဒါကြောင့် ကျနော်တို့ ပြည်သူတွေကို တတိယလှိုင်းမှာ မကယ်ခဲ့လိုက်နိုင်ပါဘူး။ များလွန်းလို့ အခြားနိုင်ငံတွေကပါ စောင့်ကြည့်ရတဲ့ သေနှုန်းများတဲ့ နိုင်ငံဖြစ်ခဲ့ရပါတယ်။ သူတို့က ပြည်သူတွေကို ကောင်းကောင်း မစောင့်ရှောက်ခဲ့လို့ ပြည်သူတွေ သေဆုံးမှု မြင့်တက်ခဲ့တယ်။ ဒုတိယလှိုင်းမှာတော့ NLD အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ပြည်သူတွေ၊ ဆရာဝန်တွေ၊ ပရဟိတတွေနဲ့ အလှူရှင်တွေကြောင့် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ပြည်သူ အသေအပျောက်နည်းပြီး ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့ပေမယ့်၊ သူတို့ လက်ထက်မှာတော့ ပြည်သူတွေကို ကောင်းကောင်း ဆေးမကုပေးဘူး။ ကောင်းကောင်း မစောင့်ရှောက်ပေးခဲ့ဘူး။
ဒါကြောင့် ကျနော်တို့ NUG MOH အနေနဲ့လည်း ကာကွယ်ဆေး ထိုးနိုင်ဖို့ လုပ်ဆောင်ပေးနေသလို၊ ပြည်သူတွေအနေနဲ့လည်း ကာကွယ်ဆေးကို ဘယ်ကရရ ထိုးသင့်ပါတယ်။
သူတို့က ကိုဗစ်ကိုတောင် လက်နက်သဖွယ် အသုံးပြုပြီး ပြည်သူကို သေစေချင်တဲ့ ဆန္ဒလည်း ပါမှာပေါ့လေ။ ပြည်သူကို ကောင်းကောင်း မကုပေးဘူး။ ဆေးရုံတွေမှာ မကုသရဘူး။ အောက်စီဂျင် တွေလည်း မရဘူး။ ပေးတဲ့စက်ရုံတွေကိုလည်း ဖမ်းတယ်။ နိုင်ငံခြားဆေးတွေ ဝယ်လို့မရအောင်လုပ်တယ်။ ဒါတွေက ပြည်သူကို သေစေချင်တာပဲလေ။ အဲဒီ အချိန်တုန်းက ကျနော်တို့ NUG MOH ဘက်ကနေလည်း ကာကွယ်ဆေးတွေကို နယ်စပ်ဒေသမှာရှိတဲ့ ဆရာဝန်တွေဆီ ရရှိအောင် ပေးပို့နိုင်ခဲ့သလို၊ တယ်လီဂရမ်တွေကလည်း နှစ်သိမ့်ဆွေးနွေးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အဓိကကတော့ ဆောင်ရန်ရှောင်ရန်ကို ပြောပါဆိုရင် ကာကွယ်ဆေးကို ဖြစ်နိုင်တဲ့ နည်းနဲ့ ထိုးပါ။ တကိုယ်ရေ ကာကွယ်ကုသနည်းတွေကို အသုံးပြုပါလို့ ပြောချင်ပါတယ်။
မေး။ ။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍက ဆိုးရွားပျက်စီးသွားတယ်။ အခု အိုမီခရွန်က မြန်မာနိုင်ငံထဲ ရောက်နေပြီဆိုတော့ ဘယ်လောက်ထိ စိုးရိမ်စရာဖြစ်မလဲ။
ဖြေ။ ။ ဒါကတော့ အယူအဆကွာမှာပေါ့လေ။ ရောဂါပိုးက ပြောင်းလဲလာလေ၊ နှာစေးချောင်းဆိုးလောက်နဲ့ပဲ ပြီးသွားမယ်ဆိုတာမျိုးတွေနဲ့ ရာသီတုပ်ကွေးလောက်ပါပဲလို့ ထင်ကြတယ်။ အကြမ်းအားဖြင့် ပြောရမယ်ဆိုရင် အိုမီခရွန်ကြောင့် ဆိုးဆိုးဝါးဝါး မဖြစ်နိုင်ဘူးဆိုတာ မဟုတ်ဘူးလို့ဘဲ ပြည်သူလူထုကို သိစေချင်တယ်။ ကျနော်တို့က ကိုဗစ်ကာကွယ်ဆေးလည်း မထိုးထားကြတော့ ပိုပြီးအန္တရာယ်များတယ်လို့ ယူဆရပါတယ်။ အဲဒီအထဲကမှ စကစက ကျနော်တို့က ကိုဗစ်ကာကွယ်ဆေးလည်း မထိုးထားကြတော့ ပိုပြီးအန္တရာယ်များတယ်လို့ ယူဆရပါတယ်။ အဲဒီအထဲကမှ စကစက ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ ထိန်းချုပ်ဆောင်ရွက်နေတာလဲလည်း မတွေ့ရဘူး။
အာဏာသိမ်းသွားခဲ့လို့ ကာကွယ်ဆေးလည်း မထိုးပေးခဲ့ရဘူး။ ဒါကြောင့် ကျနော်တို့ ပြည်သူတွေကို တတိယလှိုင်းမှာ မကယ်ခဲ့လိုက်နိုင်ပါဘူး။
သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန် ဖော်ပြနေတာလည်း မရှိဘူး။ အာဏာသိမ်းသွားပြီးမှ ယိမ်းယိုင်လာတဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေ ကောင်းမွန်အောင်လုပ်ဆောင်တာလည်း မတွေ့ရဘူး။ နောက်ဆုံး တတိယလှိုင်းမှာ ပြည်သူတွေအနေနဲ့ ဆေးရုံတွေသွားတယ်၊ လက်မခံဘူး။ ကိုယ့်အိမ်မှာပဲကုရင်း ကောင်းသလို၊ သေဆုံးတာလည်း ရှိခဲ့တယ်။ နောက်တခုက ကျတော့ ကာကွယ်ဆေးထိုးရမယ်ဆိုပြီး တရုတ်ကာကွယ်ဆေးတွေ ထိုးဖို့ ဝန်ထမ်းတွေကို အတင်းအကျပ် ပြောတာတွေလည်း လုပ်ဆောင်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့ထိုးပေးမယ့် ဆေးကို ပြည်သူလူထုက ယုံကြည်မှုမရှိဘူး။ အဲဒီအတွက် ပြည်သူတွေက ကျနော်တို့ NUG MOH က ဆေးတွေကို မျှော်ကြတယ်။ ကျနော်တို့လည်း နည်းမျိုးစုံနဲ့ ကြိုးစားနေပေမယ့် အဆင်မပြေသေးဘူး။ အိုမီခရွန်ကြောင့် ကိုဗစ်စတုတ္တလှိုင်း မြန်မာနိုင်ငံမှာ ဖြစ်ခဲ့မယ်ဆိုရင်တော့ တတိယလှိုင်းလိုပဲ အသေအပျောက် များဦးမှာပဲ။ ကာကွယ်ဆေးထိုးမယ်၊ ပြီးရင် တကိုယ်ရေ ကာကွယ်မှု နည်းလမ်းတွေအရ နှာခေါင်းစည်း တပ်မယ်။ ဆာဂျီကယ်နှာခေါင်းစည်း အပြင် အပေါ်ကနေ အဝတ်နှာခေါင်းစည်း ထပ်တပ်ပါ။ အဲဒီလို နှစ်ထပ်တပ်ရင် ကာကွယ်နှုန်းက ၈၅ ရာခိုင်နှုန်းအထိ ကာကွယ်ပါတယ်။
အပြင်ကနေ ပြန်လာတာနဲ့ လက်ကို စက္ကန့် နှစ်ဆယ်လောက်ဆေးပါ။ လူစုလူဝေး ရှောင်ပါ။ ၆ ပေအကွာ နေပါ။ နှာစေး ချောင်းဆိုးရင် အုပ်ဆိုးပါ။ ဒါတွေဆင်ခြင်မယ်ဆိုရင်တော့ အိုမီခရွန် ကူးစက်မှုကနေ ရှောင်နိုင်မှာပဲ ဖြစ်ပါတယ်။
မေး။ ။ NLD အစိုးရလက်ထက်မှာ ကိုဗစ်ကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ပေမယ့် အခုကတော့ အဲဒီလို အခြေအနေတွေ မဟုတ်တော့တဲ့အတွက် ပြည်သူတွေအနေနဲ့ ဘာတွေပြင်ဆင်ထားသင့်ပါသလဲ။
ဖြေ။ ။ ဘယ်လိုပြင်ဆင်သင့်လဲဆိုတော့ အွန်လိုင်းကနေမှ NUG MOH တယ်လီဂရမ်တွေ၊ ဖေ့ဘုတ်တွေကနေ တင်တာဖြစ်လို့ အချင်းချင်း မျှဝေကြပါ။ ကျနော်တို့ဘက်ကလည်း ပြည်သူတွေအတွက် ကာကွယ်ဆေး၊ ဆေးစစ်တာတွေ၊ နှာခေါင်းစည်း၊ လက်သန့်ဆေး စတာတွေကိုလည်း အဆင်သင့်ဆောင်ထားပြီး ဖြစ်လာပြီဆိုရင် ကျနော်တို့ အဖွဲ့အစည်းတွေ ကနေ ပေးနိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်။ ဟိုဘက်ကလည်း စီစဉ်ဆောင်ရွက်နေပါလိမ့်မယ်။ ဟိုဘက်ကလည်း စီစဉ်ဆောင်ရွက်နေတာ ရှိလိမ့်မယ်လို့ ထင်ပေမယ့် ပြည်သူကိုလည်း အသိမပေးဘူး။ ပြည်သူကလည်း မယုံကြတော့ ကျနော်တို့ဘက်ကတော့ တယ်လီဂရမ်တွေ၊ ဖေ့ဘုတ်တွေကနေ အသိပေးတာတွေ တင်ပြနေမှာပါ။ စတုတ္ထလှိုင်းကို တတိယလှိုင်းလိုတော့ ကျနော်တို့ NUG MOH အစိုးရကတော့ အဖြစ်မခံနိုင်တော့ပါဘူး။ အဖြစ်မခံနိုင်လို့ ကျနော်တို့ အစိုးရအနေနဲ့ ပြည်သူတွေကို ကာကွယ်ဆေးတွေ ထိုးနိုင်အောင်၊ ဆေးဝါးတွေ အလုံအလောက်ရနိုင်အောင် စီစဉ်ဆောင်ရွက်ထားပြီး တတိယလှိုင်းကလောက် အထိအခိုက် သေဆုံးမှု မများအောင် ဆောင်ရွက်နေတယ်လို့ ပြည်သူတွေကို ပြောချင်ပါတယ်။
အိုမီခရွန်ကြောင့် ကိုဗစ် စတုတ္တလှိုင်း မြန်မာနိုင်ငံမှာ ဖြစ်ခဲ့မယ်ဆိုရင်တော့ တတိယလှိုင်းလိုပဲ အသေအပျောက် များဦးမှာပဲ။
အခုက ပြည်တွင်းစစ်ဖြစ်နေတာပေါ့။ စစ်ကြောင့် စစ်ရှောင်စခန်းတွေ အများကြီးပေါ်လာပြီး ပြည်သူတွေ အများကြီး ပြည့်ကျပ်နေထိုင်ရပါတယ်။ တချို့က စခန်းမှာတောင် မဟုတ်ဘဲ တောထဲတွေမှာပါ နေကြရတဲ့သူတွေ ရှိလာပါတယ်။ အဲဒီလူတွေရဲ့ ကျန်းမာရေးကိုပါ စောင့်ရှောက်ဖို့အတွက် ကျနော်တို့က ရည်ရွယ်ပါတယ်။
ကြိုတင် ပြင်ဆင်ထားပါတယ်။ ပြည်သူတွေအနေနဲ့ အိုမီခရွန်ကို အရမ်းကြီးမလန့်ဖို့ ဆိုပေမယ့်လည်း တကိုယ်ရေ ကာကွယ်မှု တွေကိုလည်း ဆောင်ရွက်ဖို့လိုပါတယ်။ အခုတော့ တတိယလှိုင်းကလည်း နည်းလာတဲ့အခါ ပြည်သူလူထုက ရောဂါကို ခေါင်းထဲမထားနိုင်ဘဲ၊ စစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို စိတ်ညစ်ပြီး မထူးဇာတ်ခင်းတာတွေလည်း ရှိလာကြပေမယ့်၊ ဒါတွေက သေတတ်လို့ ဂရုစိုက်ကြပါ။ လွတ်မြောက်နယ်မြေတွေမှာ လုပ်နိုင်တဲ့သူတွေကလည်း လုပ်နေကြပါတယ်။ ဆရာဝန်တွေကလည်း ကာကွယ်ရေးတွေကိုပါ ဗီဒီယိုလေးတွေ ရိုက်ပြီး တင်နေကြပါတယ်။ ပြီးတော့ အီးအေအိုတွေနဲ့ ချိတ်ဆက်ပြီး ကာကွယ်ဆေးရရှိစေဖို့နဲ့ ထိုးနှံပေးဖို့တွေကိုပါ ကျနော်တို့ လုပ်ဆောင်နေတယ်ဆိုတာကို ပြည်သူတွေကို အသိပေးချင်ပါတယ်။
မေး။ ။ ဖြည့်စွက် အသိပေးချင်တာလေး ရှိရင် ပြောပေးပါ။
အခုတော့ တတိယလှိုင်းကလည်း နည်းလာတဲ့အခါ ပြည်သူလူထုက ရောဂါကို ခေါင်းထဲမထားနိုင်ဘဲ၊ စစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို စိတ်ညစ်ပြီး မထူးဇာတ်ခင်းတာတွေလည်း ရှိလာကြပေမယ့်၊ ဒါတွေက သေတတ်လို့ ဂရုစိုက်ကြပါ။
ဖြေ။ ။ ရှိပါတယ်။ ကိုဗစ်ထိန်းချုပ်နိုင်ဖို့ကို လုပ်မယ်ဆိုရင် ပြည်သူ ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းဟာလည်း အခုနကပြောသလို၊ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့လိုအပ်သလို၊ ကာကွယ်ဆေး ထိုးထားဖို့လည်း လိုအပ်ပါတယ်။ အဲဒီလိုတွေ မလိုက်နာထားဘူးဆိုရင်တော့ ဝမ်းနည်းစရာအဖြစ်ဆိုးတွေက ကြုံရအုံးမှာပါပဲ။ အရှေ့က တင်ပြထားသလို၊ တဦးချင်း တမိသားစုချင်း အသင်းအဖွဲ့လိုက် ကာကွယ်ရမယ်။ ပြီးတော့ အသက်ရှူကြပ်တာတွေ အတွက်လည်း အောက်စီဂျင်စက်လေးတွေကို ဆောင်ထားတာမျိုးလည်း လုပ်ဆောင်ပေးကြပါ။ နောက်တခုက စကစကနေ အခု ရုရှက ဆေးတမျိုးထိုးပေးမယ်ဆိုပြီး ကြေညာထားတာရှိပါတယ်။ အဲဒီဆေးက WHO မှာ အသိအမှတ် မပြုထားသေးပါဘူး။ စိတ်ချရတဲ့ ကာကွယ်ဆေး မဟုတ်သေးဘူး ဆိုတာကို ပြည်သူကိုသိစေချင်ပါတယ်။ စကစက အဲဒါ ထိုးပေးမယ်ဆိုရင် မထိုးစေချင်ပါဘူး။ အဲဒါရဲ့ အကျိုးဆက်တွေကလည်း ဘာတွေဖြစ်မယ်ဆိုတာ မသိသေးတဲ့အတွက် အဲဒီဆေးဆိုရင်တော့ ပြည်သူတွေအနေနဲ့ ဆင်ခြင်ကြဖို့ အသိပေးချင်ပါတယ်။ ဘာတွေဖြစ်မယ်ဆိုတာ မသိသေးတဲ့အတွက် အဲဒီဆေးဆိုရင်တော့ ပြည်သူတွေအနေနဲ့ ဆင်ခြင်ကြဖို့ အသိပေးချင်ပါတယ်။ တဦးချင်းလိုက်နာ ဆောင်ရွက်ရမယ့် ကာကွယ်ရေး ပစ္စည်းတွေကို အသုံးပြုနိုင်မှသာ နောက်လာမယ့် စတုတ္ထလှိုင်းမှာ အသေအပျောက် နည်းနည်းနဲ့ ကာကွယ်နိုင်မှာဖြစ်တယ်လို့ ပြောချင်ပါတယ်။