• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

Virtual ဆိုပေမယ့် ဘားကမ့် ခံစားချက်ပြန်ရဖို့ ကြိုးစားထားပါတယ်

by ဧရာဝတီ
26 January 2022
in အင်တာဗျူး
A A
၂၀၂၀ ခုနှစ်က ကျင်းပသည့် BarCamp ပွဲတော်

၂၀၂၀ ခုနှစ်က ကျင်းပသည့် BarCamp ပွဲတော်

5.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှာ နှစ်စဉ် လူငယ်ပေါင်းထောင်ချီ တက်ရောက်တဲ့ အသိပညာ၊ အတတ်ပညာ ဖလှယ်တဲ့ BarCamp ပွဲတော်ကို ဒီနှစ်မှာတော့ Var Camp အမည်နဲ့ အွန်လိုင်းအခြေပြုကာ ဇန်နဝါရီ ၃၀ရက်မှာ ကျင်းပဖို့ရှိနေပါတယ်။

ယခင် ၂၀၁၀ ပြည်နှစ်က စလို့ BarCamp Yangon ကိုကျင်းပခဲ့ရာမှာ ၂ဝ၁၄ ခုနှစ်အထိ ငါးကြိမ်အတွင်း တက်ရောက်သူ စုစုပေါင်း နှစ်သောင်းကျော်ရှိတဲ့အတွက် ကမ္ဘာ့စံချိန်တင်ခဲ့သလို ၂ဝ၂ဝ ပြည့်နှစ်အထိ ၁ဝ ကြိမ်တိုင်တိုင်ကျင်းပပြီးခဲ့ပြီ ဖြစ်ပါတယ်.

RelatedPosts

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
584
တယောက်ထဲ မဲလာပေးလဲ ရွေးကောက်ပွဲ အထမြောက်တယ် (ရုပ်/သံ)

တယောက်ထဲ မဲလာပေးလဲ ရွေးကောက်ပွဲ အထမြောက်တယ် (ရုပ်/သံ)

19 May 2025
113
နိုင်ငံတကာက ရှုတ်ချတာကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူးလား (ရုပ်/သံ)

နိုင်ငံတကာက ရှုတ်ချတာကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူးလား (ရုပ်/သံ)

16 May 2025
209

နိုင်ငံတကာမှ တက်ရောက်လာတဲ့ Bar Camper အရေအတွက်လည်း နှစ်စဉ် တိုးလာခဲ့ရာက ၂ဝ၂၁ ခုနှစ်ကစလို့ ကိုဗစ်ရောဂါ ဖြစ်ပွားမှုကြောင့် ရပ်ဆိုင်းခဲ့ပါတယ်။

BarCamp ပွဲတော်ဟာ နည်းပညာများ၊ အသိပညာများနဲ့ အတွေ့အကြုံများကို နှီးနှောဖလှယ်တဲ့ နေရာဖြစ်ပြီး တက်ရောက် နားထောင်သူများလည်း အပြန်အလှန်ဖလှယ်နိုင်တဲ့ အခွင့်အလမ်း ရရှိနိုင်တဲ့ နေရာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ လူအများဆုံးတက်ရောက်တဲ့ ဘားကမ့်ကိုတော့ ရန်ကုန် ဘားကမ့်၊ လူပေါင်း ၆ ထောင်ကျော် တက်တယ်ဆိုပြီး Wikipedia မှာ မှတ်တမ်းတင်ထားကြတယ်။

ဒီနှစ်မှာတော့ BarCamp ပွဲတော်ကို ပုံစံသစ်နဲ့ ကျင်းပမယ့် VarCamp နဲ့ ပတ်သက်ပြီး စီစဉ်သူ ကိုကိုရဲကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

ယခုနှစ်တွင် Virtual စနစ်ဖြင့် ပုံစံပြောင်းကျင်းပမည့် Var Camp တံဆိပ်လိုဂို

မေး။ ။ Varcamp ဆိုတာဘာလဲ။

ဖြေ။ ။ Foo Camp ဆိုတာကို Tim O’Reilly ကနေ စီစဉ်တယ်။ တကယ် ဆရာကြီးတွေချည်းပဲ ဖိတ်ပြီး စကားပြောကြ၊ ဆွေးနွေးကြတာပေါ့။ Wiki Conferences” လို့ခေါ်တယ်။ လာတဲ့သူတွေက White board ပေါ်မှာ အစီအစဉ်တွေ အကြောင်းအရာတွေကို လိုအပ်သလို ပြန်ပြီး စီစဉ်ကြတဲ့ပွဲပါ။ ကွန်ပျူတာသမားတွေရဲ့ ဗန်းစကား အသုံးအနှုန်းတွေ ဖြစ်တဲ့ (Foo Bar) ကနေ လာတယ်။ Foo Camp က ၂၀၀၃ ခုနှစ်လောက်က စခဲ့တယ်။

လက်ရှိ အခြေအနေအရ Virtual ကျင်းပဖို့က အသင့်လျော်ဆုံး၊ အဆင်အပြေဆုံး ဖြစ်ပါတယ်။

အဲဒီလို အဖိတ်ခံရတဲ့ Geek တွေ၊ Hacker တွေသာ တက်ခွင့်ရတဲ့ Foo Camp ရဲ့ ဆန့်ကျင်ဘက် Bar Camp ကို ၂၀၀၅ ခုနှစ်က ကယ်လီဖိုးနီးယားမှာ စပြီး ကျင်းပတယ်။ တပတ်အတွင်း စီစဉ်တာဆိုပေမယ့် တက်ရောက်သူ ၂၀၀ လောက်ရှိခဲ့ တယ်။

ကမ္ဘာပေါ်မှာ လူအများဆုံးတက်ရောက်တဲ့ ဘားကမ့်ကိုတော့ ရန်ကုန် ဘားကမ့်၊ လူပေါင်း ၆ ထောင်ကျော် တက်တယ် ဆိုပြီး Wikipedia မှာ မှတ်တမ်းတင်ထားကြတယ်။

Bar Camp က နည်းပညာ သမားတွေက စခဲ့တာဆိုပေမယ့် အခုနောက်ပိုင်း နည်းပညာ မဟုတ်တဲ့ အခြားသော အသိ ပညာ အတတ်ပညာတွေကိုလည်း ဘားကမ့်ထဲမှာ ပါဝင်ဆွေးနွေးလာကြတယ်။

တချို့က BarCamp လို့ မဟုတ်ဘဲ၊ Edu Camp ၊ WP Camp ၊ Wine Camp ၊ Photo Camp စသဖြင့် သက်ဆိုင်ရာ နယ်ပယ်အလိုက်လည်း ကျင်းပတာတွေ ရှိတယ်။

Virtual ဆိုပေမယ့် ဘားကမ့် ခံစားချက်ပြန်ရဖို့၊ ဘားကမ့် အကျိုးကျေးဇူးတွေ ရနိုင်ဖို့ ကြိုးစားထားပါတယ်။

VarCamp ဆိုတာကတော့ Virtual အနေနဲ့ ကျင်းပဖို့ ရည်ရွယ်ထားပြီး Bar Camp အနှစ်အရသာ မပျောက်အောင် တတ်နိုင်သမျှ ကြိုးစားထားလို့ VarCamp ဆိုပြီး နာမည်ပေးထားတာပါ။

မေး။ ။ VarCamp ကို virtual ကျင်းပမှာလား။

ဖြေ။ ။ ဟုတ်ပါတယ်။ လက်ရှိ အခြေအနေအရ Virtual ကျင်းပဖို့က အသင့်လျော်ဆုံး၊ အဆင်အပြေဆုံး ဖြစ်ပါတယ်။

မေး။ ။ ဘယ်နှရက်လောက် ကျင်းပမလဲ။

ဖြေ။ ။ ဘားကမ့်ပုံစံနဲ့က ၁ ရက်ပဲ ကျင်းပမှာပါ။ ဒါပေမယ့် VarCamp ပုံစံကို ကြိုတင်လေ့လာနိုင်ဖို့ ၁ ရက်ကြိုဖွင့် ပေးထားဖို့ ရှိပါတယ်။

၂၀၂၀ ခုနှစ်က ကျင်းပသည့် BarCamp ပွဲတော်

မေး။ ။ VarCamp မှာ ဘယ်လိုအစီအစဉ်တွေ ပါမလဲ။

ဖြေ။ ။ အရင် ဘားကမ့် အစီအစဉ် အနှစ်သာရတွေအတိုင်း ဖြစ်နိုင်ဖို့ ကြိုးစားထားပါတယ်။ တကယ်က မြန်မာပြည်က ဘားကမ့်တွေဟာ မူလ ဘားကမ့်နဲ့ နာမည်စာရင်းသွင်းတာ၊ Vote ပေးတာ၊ အခန်းပေးတာ၊ လက်ဆောင်ပေးတာ ဆိုတဲ့အပိုင်းတွေမှာ နဂိုကတည်းက ကွဲပြားနေခဲ့တာပါ။

ဒါပေမယ့် အရင်က ဘားကမ့် လာတဲ့သူတွေ အတိုင်း နည်းပညာ မျှဝေနိုင်ဖို့၊ ချိတ်ဆက်နိုင်ဖို့ အသစ်အဆန်းတွေ လေ့လာ နိုင်ဖို့၊ ဆွေးနွေး နှီးနှောဖလှယ်နိုင်ဖို့၊ Virtual ဆိုပေမယ့် ဘားကမ့် ခံစားချက်ပြန်ရဖို့၊ ဘားကမ့် အကျိုးကျေးဇူးတွေ ရနိုင်ဖို့ ကြိုးစားထားပါတယ်။

ဘာအစီအစဉ်တွေ ပါမလဲဆိုတာ ဘားကမ့်ထုံးစံအတိုင်းပဲ တိတိ ကျကျ မပြောနိုင်သေးပါဘူး။ Trend ဖြစ်တဲ့ IoT AI Web3.0 (NFT/CRYPTO/BLOCKCHAIN) တွေတော့ ပါမယ်လို့ မျှော်လင့်ပါတယ်။

အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းတာ သက်သာသွားပါလိမ့်မယ်။

မေး။ ။ အရင် နှစ်စဉ်လုပ်နေတဲ့ ဘားကမ့်တွေနဲ့ ဘာကွာသွားမလဲ။

ဖြေ။ ။ နည်းပညာတွေကို မိတ်ဆက်ပုံနဲ့ မိတ်ဆက်တဲ့ နည်းပညာလည်း ကွာသွားပါလိမ့်မယ်။ သိသိသာသာကတော့ Virtual Bar Camp တခု ဖြစ်သွားတာပါပဲ။

လူငယ်လူကြီးမရွေး ဖုန်းတလုံး၊ လက်ပ်တော့ တလုံးနဲ့ အွန်လိုင်းကနေ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ အားနည်းချက်က အင်တာနက်နဲ့ လျှပ်စစ်မီး ပျက်နေရင် အဆင်မပြေပါဘူး။ အားသာချက်ကတော့ အင်တာနက်ရှိရင် ဘယ်နေရာ၊ ဘယ်ဒေသကမဆို လှမ်းချိတ်ဆက်ပါဝင်နိုင်တာပါပဲ။
အရင်ကလို ရန်ကုန်က ဘားကမ့်မို့ မန္တလေး၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ လားရှိုး စတဲ့ နေရတွေက ဆင်းလာရတယ် တို့၊ တခြားမြို့က ဘားကမ့်မို့လို့ ကားနဲ့ ကြိုပြီး တရက်၊ ၂ ရက် သွားရတယ်တို့ မရှိပါဘူး။ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း တာ သက်သာသွားပါလိမ့်မယ်။

မေး။ ။ စစ်အာဏာ သိမ်းတာကြောင့် အိုင်တီလောက ဘယ်လိုထိခိုက်ခဲ့လဲ။

ဖြေ။ ။ အာဏာသိမ်းတာကြောင့် အိုင်တီမှ မဟုတ်ပါဘူး နေရာဒေသ ပေါင်းစုံ ထိခိုက်နေတာ ဖြစ်ပါတယ်။ အလွယ်ကူဆုံး အင်တာနက်ဘေလ်နဲ့ ဆင်းကတ် ဈေးကြည့်ပြီးတော့ကို သိသာပါတယ်။ အခုလို အကြောင်းပြချက်မရှိဘဲ၊ လိုက်ပိတ်၊ လိုက်ဘန်း နေရုံနဲ့တင် ၁၀ စုနှစ်တခု၊ နှစ်ခုစာလောက် နောက်ပြန် ရောက်သွားသလို ချက်ခြင်း ခံစားရပါတယ်။

You may also like these stories:

မိုးလုံးပြည့် မုသာဝါဒ သို့မဟုတ် စစ်ကောင်စီ၏ မသေသပ်သော ဝါဒဖြန့်ချိရေး ဓာတ်ပြားဟောင်း

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပြီ

မြန်မာစစ်တပ်၏ လုပ်ဇာတ်များအား လျှော့ချခြင်း

အခင်အမင်မပျက်သေးတဲ့ တရုတ်နဲ့ NLD ဆက်ဆံရေး

Your Thoughts …
Tags: VarCampVirtualနည်းပညာဘားကမ့်အွန်လိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒရုန်းခေတ်ရောက်ပြီ

ဒရုန်းခေတ်ရောက်ပြီ

by ဧရာဝတီ
3 January 2024
7.8k

"ဒီနေ့ဟာ ဒရုန်းခေတ်လို့ ကျနော်တို့ပြောနိုင်တယ်" ဟု TNLA ပြောခွင့်ရသူက ပြောသည်။

မြန်မာ၏ ဂြိုဟ်တုပုံရိပ် ထောက်လှမ်းရေးစွမ်းရည် ရုရှားမြှင့်တင်ပေးမည်

မြန်မာ၏ ဂြိုဟ်တုပုံရိပ် ထောက်လှမ်းရေးစွမ်းရည် ရုရှားမြှင့်တင်ပေးမည်

by Andrew Selth
15 March 2025
6.2k

မင်းအောင်လှိုင်၏ နောက်ဆုံး မော်စကို ခရီးစဉ်အတွင်း ရုရှားသည် မြန်မာတွင် ပူးတွဲ ဂြိုဟ်တုပုံရိပ် သရုပ်ခွဲလေ့လာရေးဌာန ထူထောင်မည်ဟု ကြေညာသည်။

မြန်မာမှ ယူကရိန်းအထိ ဒရုန်းစစ်ရေး အပြောင်းအလဲဖြစ်နေ

မြန်မာမှ ယူကရိန်းအထိ ဒရုန်းစစ်ရေး အပြောင်းအလဲဖြစ်နေ

by Antonio Graceffo
19 September 2024
6.2k

ဒရုန်းများသည် မြန်မာပြည်တွင်းစစ်နှင့် အရှေ့အလယ်ပိုင်းတဝန်းမှ ပဋိပက္ခများတွင် အဓိကကျသည့် ပလက်ဖောင်းတခု ဖြစ်လာနေသည်။

ဒရုန်းစစ်ရေးတိုးချဲ့ရန် စစ်ကောင်စီတပ်က FLIR စနစ်များ သုံးနေ

ဒရုန်းစစ်ရေးတိုးချဲ့ရန် စစ်ကောင်စီတပ်က FLIR စနစ်များ သုံးနေ

by ဧရာဝတီ
28 February 2025
5k

၂၀၂၄ ခုနှစ်တွင် ရုရှားသည် အဆင့်မြှင့်တင်ထားသည့် Orlan-10E နှင့် ပိုမိုကြီးမားသည့် Orion-2 မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်များကို မြန်မာသို့ ရောင်းချသည်။

မြန်မာ့ငလျင်ကပ်ဆိုးကို ခုတုံးလုပ်၍ ငွေရှာမှုတွေ ရှိနေ

မြန်မာ့ငလျင်ကပ်ဆိုးကို ခုတုံးလုပ်၍ ငွေရှာမှုတွေ ရှိနေ

by ဧရာဝတီ
19 April 2025
4.9k

"မြန်မာက လက်ရှိအခြေအနေမှာ အင်မတန်များပြားတဲ့ သတင်းတုတွေကို ငွေကြေးရလို့ ဖြန့်ချိနေကြတယ်"

မျက်မမြင် ပုဏ္ဏား ၁၇ ယောက်နှင့် မြန်မာပြည် လျှပ်စစ်မီး

မျက်မမြင် ပုဏ္ဏား ၁၇ ယောက်နှင့် မြန်မာပြည် လျှပ်စစ်မီး

by လျှပ်စီး
6 January 2025
4.7k

ပါဝင်သူတွေကို လေ့လာကြည့်တော့ လျှပ်စစ်နည်းပညာအကြောင်း၊ လျှပ်စစ်စီးပွားရေး လုပ်ငန်းအကြောင်း နားလည်သူ တယောက်မှ မပါတာကို တွေ့ရပါတယ်။

Next Post
အိုမီခရွန်ကြောင့် စတုတ္တလှိုင်း ဖြစ်ခဲ့ရင် တတိယလှိုင်းလိုပဲ အသေအပျောက် များဦးမှာပဲ (ရုပ်/သံ)

အိုမီခရွန်ကြောင့် စတုတ္တလှိုင်း ဖြစ်ခဲ့ရင် တတိယလှိုင်းလိုပဲ အသေအပျောက် များဦးမှာပဲ (ရုပ်/သံ)

၂၀၂၁ခု ဩဂုတ် ၁၂ ရက်ကလည်း ဖရူဆိုမြို့နယ်အတွင်း စစ်တပ်၏ စစ်ဆင်မှုကြောင့် ရာသီဥတု ဆိုးရွား သည့်ကြား အရပ်သား ထွက်ပြေးတိမ်းရှောင်ရခဲ့ရသေးသည်  / Free Burma Ranger-Karenni

ကယားစစ်ရှောင်စခန်းတချို့ စားနပ်ရိက္ခာ ပြတ်လပ်လာ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate