• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

VPN ကို ဖြုတ်စရာမလိုပါဘူး

by ဧရာဝတီ
26 January 2022
in အင်တာဗျူး
A A
ဦးနေဘုန်းလတ် / ဧရာဝတီ

ဦးနေဘုန်းလတ် / ဧရာဝတီ

18.4k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန က ဆိုက်ဘာလုံခြုံရေး ဥပဒေပြဌာန်းရန်အတွက် ယခုလ ၁၃ ရက်နေ့တွင် ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) တစောင်ကို ဝန်ကြီးဌာနအသီးသီးထံ လိပ်မူပြီး သဘောထားမှတ်ချက်ပေးရန် ပေးပို့ခဲ့သည်။

ထိုဥပဒေမူကြမ်းထဲတွင် အင်တာနက်လိပ်စာ ခြေရာခံခြင်းအား ဖျောက်နိုင်သည့် VPN (Virtual Private Network) အား အသုံးပြုသူများကို အနည်းဆုံး ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်ထိ၊ ကျပ် သိန်း ၅၀ ထက်မပိုသော ဒဏ်ငွေ သို့မဟုတ် ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပါရှိသည်။

RelatedPosts

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
273
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
2.2k
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

10 July 2025
2.3k

စစ်တပ်က အာဏာသိမ်းပြီးနောက် MPT ၊ Mytel နှင့် Telenor ကုမ္ပဏီကြီးများကို ချုပ်ကိုင်၍ အင်တာနက်သုံးစွဲမှုနှင့် ဆက်သွယ်ရေး လမ်းကြောင်းများကို ခြေရာခံနိုင်ရန် ကြိုးစားခဲ့သော်လည်း လူထုကအင်တာနက်လိပ်စာ ခြေရာခံခြင်းအား ဖျောက်နိုင်သည့် VPN ကို အသုံးပြုခဲ့သဖြင့် စစ်ကောင်စီ အခက်ကြုံခဲ့ရသည်။

အာဏာသိမ်း စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေ ကို ပြဌာန်းရန် ကြိုးပမ်းလာမှုနှင့်ပတ်သက်ပြီး ဘလော့ဂါ လည်းဖြစ် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ လည်းဖြစ်သည့် ဦးနေဘုန်းလတ် အား ဧရာဝတီက ဆက်သွယ် မေးမြန်းထားသည်။

အာဏာသိမ်း စစ်ကောင်စီက ပြဌာန်းရန် ကြိုးစားနေသည့် ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) ထဲမှ ကောက်နုတ်ချက်အချို့ (ဓာတ်ပုံ – Nay Phone Latt/FB)

ဦးနေဘုန်းလတ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်ခဲ့ပြီး နည်းပညာရပ်ဆိုင်ရာ သုတေသန ပြုချက်များကိုလည်း ရေးသားဖြန့်ဝေသူဖြစ်သည်။

မေး ။ ။ အခု စစ်ကောင်စီဘက်က ထုတ်ပြန်မယ့် ဆိုက်ဘာဥပဒေသစ်ကြမ်းနဲ့ ပတ်သက်ပြီး ထင်မြင်ချက်လေး အရင်ပြောပြပေးပါ။

ဖြေ ။ ။ အာဏာသိမ်းတာက ၁ ရက်နေ့ဆိုရင် ၈ ရက်နေ့မှာပဲ ဒါကြီးကို ထုတ်ပြန်ဖို့ ကြိုးစားတာပေါ့နော်။ ကြိုးစားတဲ့အခါမှာ သူတို့က ချက်ချင်းမထုတ်ပြန်သေးဘဲ၊ ကျန်တဲ့သူတွေဆီက ဝန်ကြီးဌာနတွေဆီက အကြံဉာဏ် တောင်းပါတယ်ဆိုပြီးတော့ ပေးတာပေါ့နော်။ ဆိုလိုတာကတော့ ချက်ချင်း လုပ်သင့်တဲ့သဘောပေါ့။ ဒါပေမယ့် သူတို့ ချက်ချင်းအတည်ပြုဖို့ အခက်အခဲတွေ ရှိခဲ့တယ်ထင်တယ်။ အခု ဒီတနှစ်ပြည့်ခါနီးမှာ ပြန်ထုတ်ပြန်ဖို့ ကြိုးစားတာပါပဲ။ အခုလောလောဆယ်ထိတော့ ဒီအခုလောလောဆယ်ထိတော့ ဒီဥပဒေက အတည်မပြုသေးပါဘူး။ အခု ဒီကာလမှာ ဝန်ကြီးဌာနတွေကို ထပ်ပို့တာပေါ့။ ထပ်ပို့ပြီးတော့ ဒါကို အတည်ပြုဖို့ အနေအထားတွေ တွေ့လာရတာပဲ။ ကျနော်ထင်တာတော့ နောက်လထဲမှာ ဒီဟာကြီးက ဥပဒေအနေနဲ့ ထွက်လာမယ်လို့ ယူဆတယ်။ ဒီဥပဒေဆိုတာ သူတို့ စစ်ကောင်စီထုတ်တဲ့ ဥပဒေပေါ့။ အမှန်အတိုင်းပြောရရင်တော့ ဥပဒေဆိုတာ လွှတ်တော်က အတည်ပြုရတာပေါ့နော်။ အခုအချိန်မှာ လွှတ်တော်ကလည်း မရှိတော့တဲ့အချိန်၊ သူတို့ ဘယ်လိုပုံစံနဲ့ ဥပဒေပြုမလဲတော့ အစ်ကိုလည်း နားမလည်ဘူး။ ဥပဒေဆိုတာ လွှတ်တော်မှာ အတည်ပြုပြီးမှ သမ္မတက လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ အခုလောလောဆယ်က လွှတ်တော်လည်းမရှိဘူး။ သမ္မတကလည်း အဖမ်းခံထားရတယ်။

NUG ရဲ့ သမ္မတပဲ ရှိတယ်။ NUG ရဲ့ သမ္မတကလည်း ဒါကြီးကို လက်မှတ်ထိုးမှာ မဟုတ်ဘူး။ အဲဒီတော့ ဘယ်လို အတည်ပြုမလဲဆိုတာတော့ မသိဘူး။ နားမလည်ဘူး။

မေး ။ ။ ဘာကြောင့် စစ်ကောင်စီက ဒီဥပဒေကို လျှင်လျှင်မြန်မြန် အတည်ပြုဖို့ ကြိုးစားနေတယ်လို့ ထင်လဲ။

ဖြေ။ ။ အားလုံးလည်းတွေ့တဲ့အတိုင်းပါပဲ။ နည်းပညာဖွံ့ဖြိုးလာတဲ့ အချိန်မှာ ၈၈ နဲ့ ၂၀၀၇ တောင်မတူပါဘူး။ ၈၈ တုန်းကဆိုရင် ဒါနည်းပညာရာအရ အထိုက်အလျောက် အားနည်းခဲ့တဲ့အခါမှာ ပြည်သူလူထုက ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာ ပြည်သူလူထုကလည်း သိပ်မသိဘူး။ ကမ္ဘာကလည်း သိပ်မသိဘူးပေါ့။ ၂၀၀၇ မှာဆိုရင် အစ်ကိုတို့ ဒီဘလော့ခေတ်ပေါ့နော်။ ၂၀၀၇ ဆို ၈၈ နဲ့ အများကြီးကွာသွားပြီ။ ၂၀၀၇ မှာ ဒီစစ်တပ်ရဲ့ ယုတ်မာမှုတွေကို ကမ္ဘာကလည်း သိသွားတယ်။ ၂၀၀၇ နဲ့ အခုကာလ ပြန်ပြီး ယှဉ်ကြည့်ရင်လည်း အများကြီး တိုးတက်လာတာပေါ့နော်။ နည်းပညာက တိုးတက်လာတာပေါ့နော်။ ဒီ ၅ နှစ်တာကာလမှာလည်း ဒီစစ်တပ်က ၂၅ ရာခိုင်နှုန်း ယူထားတယ်ဆိုပေမယ့် အထိုက်အလျောက် ပွင့်လင်းလွတ်လပ်ပြီးတော့ နည်းပညာကဏ္ဍ တိုးတက်လာတယ် ပြောရမယ်။

အာဏာသိမ်း စစ်ကောင်စီက ပြဌာန်းရန် ကြိုးစားနေသည့် ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) ထဲမှ ကောက်နုတ်ချက်အချို့ (ဓာတ်ပုံ – Nay Phone Latt/FB)

၂၀၀၇ နဲ့ ဒီကာလနဲ့လည်း ထပ်ပြီးတော့ အများကြီး ကွာခြားတယ်။ အဲဒီတော့ လူငယ်တွေက ဘာလဲဆိုတော့ ဒီနွေဦးတော်လှန်ရေးမှာ လူငယ်တွေက ဒီနည်းပညာကို အကောင်းဆုံး အသုံးချတယ်။ အစ်ကိုတို့ခေတ်ထက်တောင်ပိုပြီးတော အသုံးချနိုင်တယ်။ အစ်ကိုတို့ ခေတ်တုန်းက သတင်းတွေကို ကမ္ဘာက သိအောင်လုပ်နိုင်တယ်။ အခုခေတ်ကလေးတွေကျတော့ ဘာဖြစ်လဲဆိုရင် click to donate၊ သတင်း အပ်တွေ၊ နောက် ဂိမ်းတွေကနေ ပိုက်ဆံရတဲ့ဟာမျိုးတွေပေါ့။ အဲဒီကရတဲ့ ပိုက်ဆံကလည်း တယောက်ယောက်က လှူလိုက်တာမျိုး မဟုတ်ဘဲ၊ ဘယ်သူ့ အိတ်ထဲကမှ မစိုက်လိုက်ရဘဲ တယောက်ချင်း ကလစ်နေရုံနဲ့ ပိုက်ဆံရနေတာကိုး။ အဲဒီဟာက စစ်ကောင်စီကို အတော်လေး အထိနာစေတယ်လို့ အစ်ကိုထင်တယ်။

သူတို့ဒီဟာကို တော်တော်လေးအရှိုက် ထိတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ အရေးကြီးဆုံးကတော့ တော်လှန်ရေး အောင်ဖို့ဆိုရင် ငွေရေးကြေးရေးက အဓိက ကျတာပေါ့နော်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီက အာဏာကို လုထားတော့ ပြည်သူ့ဘဏ္ဍာက အကုန် သူတို့လက်ထဲ ရောက်နေတာပေါ့နော်။ ဒီဘက် NUG အစိုးရမှာလည်း အစိုးရဆိုပေမယ့် ပြည်သူ့ဘဏ္ဍာကို စီမံခန့်ခွဲမှုက မရှိဘူး။ မရှိတဲ့အခါကျတော့ ဒီတော်လှန်ရေး ဘဏ္ဍာငွေက အတော်လေး ကြပ်တည်းတယ်။ တော်တော်လေးလည်း အရေးကြီးတယ်။ အဲဒါကို လူငယ်တွေက နည်းပညာနဲ့ ဖြည့်ပေးတဲ့ သဘောပါပဲ။ နောက်ပြီးတော့ NUG က ငွေရှာတဲ့အခါမှာလည်း နည်းပညာကို သုံးနေရတာဖြစ်လို့ ဒါကြီးကို သူတို့ ဖြတ်တောက်ချင်ပုံရပါတယ်။ ဖြတ်တောက်၊ တားဆီး၊ ပိတ်ဆို့ချင်တာပေါ့။

တလုံးတည်းနဲ့ လွယ်လွယ်ကူကူပြောရရင် နည်းပညာနဲ့ အကြမ်းဖက်မှုကို တော်လှန်နေတာကို ကန့်သတ်နိုင်မလားလို့ သူတို့ထင်ပြီးတော့ ဒါကိုလုပ်တယ်လို့ ထင်ပါတယ်။

မေး။ ။ ဒီဥပဒေသစ်မှာ VPN ခံသုံးရင် ထောင် ၃ နှစ်ကျခံရမယ်ဆိုတာ ပါဝင်ပြီးတဲ့နောက်မှာတော့ ကောလာဟလတွေ ကလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးရော ဘာများမှတ်ချက်ပြုချင်ပါလဲ။

ဖြေ ။ ။ ကောလာဟလတွေကလည်း ဥပဒေက အတည်မှ မပြုရသေးတာ။ အဲဒီတော့ VPN တွေ့လည်း ဖမ်းလို့ မရသေးဘူး။ အခုချက်ချင်းကိုပဲ VPN တွေ စစ်နေပြီ။ VPN ရှိရင်ပဲ ပြဿနာ ရှိနေပြီဆိုပြီး။ တကယ်ကြုံခဲ့လားဆိုရင်လည်း တကယ်ကြုံခဲ့တဲ့သူက မရှိသေးဘူး။ အခြားဟာတွေတော့ စစ်ကောင်းစစ်နိုင်ပါတယ်။ အခုအချိန်က လမ်းတွေပေါ် သေနတ်ကြီးတွေ တကားကားနဲ့ သူတို့ ထင်ရာဆိုင်းပြီး လုပ်နေကြတာပဲလေ။ မသင်္ကာတဲ့ကားဆို ဖုန်းတွေစစ်မယ်။ ပြီးရင် ဓာတ်ပုံတွေ ကြည့်ကောင်းကြည့်မယ်။ နောက် Facebook အကောင့်ကို ယူစစ်မယ်ပေါ့။ VPN တွေ ရှိရင် ဖမ်းတယ်ဆိုတာ တိကျခိုင်မာတဲ့ သတင်းအရင်းအမြစ်တွေက မရေးသေးပါဘူး။

အဲဒီတော့ VPN ကို ဖြုတ်စရာမလိုပါဘူး။ ဖြုတ်လည်း မဖြုတ်သင့်ပါဘူး။ VPN ဟာ ကိုယ်ဘယ်နေရာမှာ သုံးနေတယ်ဆိုတာကို တဆင့်ခံပေးထားတဲ့ သဘောပေါ့နော်။ တချို့ နေ့ရာတွေဆိုရင် VPN မခံရင် သုံးလို့မှမရတာလေ။ VPN တွေ အလောတကြီး မဖြုတ်ကြဖို့ ပြောချင်ပါတယ်။ အခု ဒီဥပဒေကတော့ အတည်မပြုသေးလို့ပေါ့နော်။ ဒီဥပဒေကလည်း အတည်တော့ပြုမှာပဲ။ ဒီကောင်တွေက ပြည်သူတွေလက်ခံ မခံ ကြည့်မှာမဟုတ်ဘူး။ အဲဒီတော့ ဥပဒေပြုပြီးတဲ့အခါမှာလည်း ကိုယ့်လုံခြုံရေးကို ကိုယ်ဂရုစိုက်ပြီး သုံးနေဖို့လိုတယ်။ ဒီဥပဒေကို လိုက်နာကျင့်သုံးဖို့ မလိုဘူး။ ဆိုလိုတာက ဥပဒေတရပ်ဆိုတာ အစ်ကို ဆောင်းပါးထဲမှာ ရေးထားပါတယ်။ အစ်ကိုတို့လည်း ဥပဒေပြုရေး နယ်ပယ်မှာ ငါးနှစ်သက်တမ်း ဖြတ်သန်းခဲ့ပါတယ်။ ဥပဒေတရပ်ဆိုတာ ပြည်သူလူထုကို ထီးလိုမိုးပြီးစောင့်ရှောက်နိုင်ဖို့ စဉ်းစားရပါတယ်။ ဒီဥပဒေကတော့ ပြည်သူလူထုကို ထီးလိုမိုးပြီး စောင့်ရှောက်နိုင်ဖို့ စဉ်းစားရပါတယ်။

ဒီဥပဒေကတော့ ရှင်းတယ်။ သူတို့ ပြည်သူလူထုကို ဓားလိုမိုးပြီး ခြိမ်းခြောက်မယ့် ဥပဒေဖြစ်တယ်။ သေချာလေ့လာလေ အန္တရာယ်ပိုများလေလေပဲ။ အဲဒီတော့ ဒီဥပဒေအတိုင်း အားလုံး ရေးနေကြတဲ့အတိုင်းဆို တနိုင်ငံလုံးကိုသာ ထောင်နံရံခတ်လိုက်ပေတော့ပဲ။ သူတို့ကိုယ်တိုင်တောင် သုံးနေရတာပါပဲ။ သူတို့ကိုယ်တိုင်တောင် မြဝတီ၊ မြန်မာ့အသံကို Facebook ပေါ်လွှင့်နိုင်ဖို့ သူတို့ကိုယ်တိုင်တောင် သုံးနေရတာဆိုတော့ သူတို့ပါ ပါတယ်။ အဲဒီတော့ ကြောက်စရာလည်း မလိုပါဘူး။ နည်းပညာတွေ ပေါ်လာပါလိမ့်မယ်။ စစ်အာဏာရှင်က ဘယ်လောက်ပဲပိတ်ပိတ် နည်းလမ်းတွေ ပေါ်လာပါလိမ့်မယ်။

အခုခေတ်လူငယ်တွေက အရမ်းလေးစားဖို့ကောင်းတယ်။ မ၊ ရတဲ့နည်းတွေ ပေါ်လာပါလိမ့်မယ်။ အခုတောင် VPN တွေကို ဘယ်လိုဖျောက်မလဲ။ VPN တွေ နေရာမှာ တခြား ဘယ်လိုတွေပေါ်မလဲတို့။ ဒါမျိုးနည်းလမ်းတွေလည်း ထွက်လာမှာဖြစ်လို့ အင်တာနက်ကို ဆက်ပြီး ကိုယ်လုပ်စရာရှိတာတွေ ကိုယ်လုပ်သွား၊ လမ်းတွေလည်း ထွက်လာမှာဖြစ်လို့ အင်တာနက်ကို ဆက်ပြီး ကိုယ်လုပ်စရာရှိတာတွေ ကိုယ်လုပ်သွားစေချင်ပါတယ်။

မေး ။ ။ စစ်ကောင်စီက ဘာကိုကြောက်လန့်နေတယ်လို့များ မြင်မိပါသလဲ။

ဖြေ ။ ။ အဲဒါနဲ့ ပတ်သက်ရင်တော့ နှစ်ပိုင်းပေါ့။ ပထမတပိုင်းကတော့ သတင်းအချက်အလက်ပေါ့။ သူတို့က မဟုတ်တာတွေ တောက်လျှောက်လုပ်တာလေနော်။ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်။ လူတွေကို ကားနဲ့တိုက်သတ်တယ်၊ အရှင်လတ်လတ်မီးရှို့တယ်။ နောက်ပြီးတော့ အရပ်သားပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးတယ်၊ ဝှက်တယ်။ ကမ္ဘာမှာ ရက်စက်မှုအပေါင်း သရဖူဆောင်း နေတာပါပဲ။ အောက်ကလူတွေကတော့ သူတို့ကို အပေါ်က လူတွေက ကာကွယ်မှာပဲထင်နေတာ။ ဒီမင်းအောင်လှိုင်နဲ့ ဇော်မဲလုံးတို့က ကာကွယ်မယ်ထင်နေတာ။ တကယ်က မဟုတ်ဘူး။ သူတို့က အောက်ခြေကနေ ထင်တိုင်းကြဲနေတယ်။ အဲဒါတွေကို သူတို့ကရှင်းရှင်းလေး ဘယ်သူမှ မသိလေ ပိုကောင်းလေပေါ့နော်။

အာဏာသိမ်း စစ်ကောင်စီက ပြဌာန်းရန် ကြိုးစားနေသည့် ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) ထဲမှ ကောက်နုတ်ချက်အချို့ (ဓာတ်ပုံ – Nay Phone Latt/FB)

ပြည်သူတွေ ဘက်ကတော့ လူတွေသိလေ ပိုကောင်းလေပဲ။ အစ်ကိုတို့က လူတွေများများသိအောင် လုပ်ပေးရမယ်။ အဲဒီအခါ ပြည်သူတွေက တကယ်လုပ်တယ်။ ပြည်သူတွေကလည်း လုံးဝ မကြောက်ဘူး။ ရသမျှမှတ်တမ်းတင်တယ်။ ပန်းပင်ကြီးလမ်းမှာ ဖြစ်သွားတဲ့ ကိစ္စမျိုးဆို အားလုံးလည်း သိကြလိမ့်မယ်။ စစ်ကောင်စီဟာ ဆန္ဒပြပွဲတွေကို ကားနဲ့တိုက်ပြီး ဖြိုခွဲခဲ့တယ်။ ရှေ့ဆက် ဒီကောင်တွေ မတရားမှု ကျူးလွန်ရင်လည်း ရတဲ့နည်းနဲ့ မှတ်တမ်းတင်မှာပဲ။ ရသလို ကမ္ဘာကို ပြကြမှာပဲ။ ဒါကို သူတို့ အရမ်းကြောက်တယ်။

ဒါကို အရမ်းကြောက်လို့ သူတို့ ဥပဒေတွေကို ပြဌာန်းပြီး ပိတ်ဖို့ ကြိုးစားမှာပဲ။ နောက်တခုကတော့ ငွေကြေးနည်းနဲ့ပဲ။ ဖုန်းဆင်းကတ်တွေဈေးတက်တယ်။ ဒေတာဈေးနှုန်းတွေလည်း တိုးတော့မယ်။ သုံးရစွဲရတာလည်း ဈေးကြီးလာတယ်။ နံပါတ် ၁ ကြောက်တာတော့ သတင်း အချက်အလက်ပဲ။ သတင်းအချက်အလက်အမှန်တရားကိုတော့ ပေါ်မှာကြောက်တယ်။ သူတို့လိမ်တဲ့ ဇော်မဲလုံးနဲ့ မိုးဟိန်းတို့ရဲ့ မိုးလုံးပြည့် မုသာဝါဒတွေနဲ့ပဲ သူတို့က ကြီးပြင်းစေချင်တာ။ ဒါမရဘူး။ ပြည်သူတွေက နောက်ရုံ ပြောင်ရုံ အဆင့်ပဲ ထားတယ်။ ဒါ သူသိဖို့ပဲလိုတယ်။

မေး ။ ။ ဒီဥပဒေအသစ်နဲ့ ပတ်သက်ပြီး လူထုက ဘာတွေရှောင်သင့်၊ ဆောင်သင့်သလဲ။

ဖြေ။ ။ အဓိကကတော့ နည်းစနစ်တွေ ကာကွယ်ဖို့ လိုတာပေါ့နော်။ ပြောလို့မရဘူး။ သူတို့က ဖုန်းကို ယူစစ်နိုင်တယ်။ အချိန်မရွေး ကိုယ့်အိမ်ထဲဝင်လာပြီးတော့ ကိုယ့်ကွန်ပျူတာကို ဖွင့်ကြည့်နိုင်တယ်။ အဲဒီ အခါကျရင် ဒီဥပဒေနဲ့ ညိလို့ဆိုပြီးတော့လည်း ပြဿနာ ရှာနိုင်တယ်။ အဲဒီအတွက် ကိုယ်ကအရမ်းတော့ သတိထားဖို့လိုတယ်။ ဖုန်းတွေမှာ အခုနကပြောသလို VPN တွေကို ဖွက်ထားတာမျိုး၊ အခုလုပ်စရာ မလိုသေးဘူးနော်။ ဒါကြီး အတည်ဖြစ်သွားပြီဆိုရင်တော့ ဖုန်းထဲမှာ VPN ဖျောက်ထားတာမျိုးတွေ၊ ဓာတ်ပုံတွေဆိုရင်လည်း အိမ်မှာ သေချာသိမ်း၊ တကယ်လုပ်မယ့် ဟာကတမျိုး၊ အပြင်သွားရင် ကီးပတ်ဖုန်းလေးပဲ ယူသွား။ ဒါမျိုးလေးပဲ ပြောချင်တာ။ နောက်ပြီးတော့ တခြား ကျော်ခွလို့ရတဲ့ ဟာတွေလည်း ထွက်လာမှာပါ။ VPN ခံစရာမလိုတဲ့ နည်းလမ်းတွေလည်း ထွက်လာဦးမှာပါ။ အစ်ကိုတို့တုန်းကတော့ ဆော့ဝဲလ်တခု သုံးတာပေါ့။ ပြောချင်တာက ဒီအကြမ်းဖက်စစ်ကောင်စီက ပိတ်တာဆို့တာတွေ လုပ်ထားလည်း ဘယ်လိုတွေ ကျော်လွှားနိုင်မလဲ ဆိုတာတွေ စဉ်းစားထား၊ ရှာဖွေ လေ့လာထားပြီးတေ့ာ အသိ သတိနဲ့တော့ အစ်ကိုတို့ နေဖို့လိုမယ်။

ဒီအချိန်က သတိထားပြီးတော့ အသိဉာဏ်လည်း ရှာဖွေရမယ်။ အခုအချိန်မှာက ဘယ်နေရာမှ မလုံခြုံတော့ဘူး။

မေး။ ။ ဖြည့်စွက် အသိပေးချင်တဲ့ အချက်ရှိဦးမလား။

ဖြေ။ ။ ဒီဥပဒေကိစ္စနဲ့ လုပ်ရင် ဒီဥပဒေကြီး အတည်ပြုလာဖို့ရှိတယ်။ ရှိတဲ့အခါမှာ သူတို့ကတော့ အစ်ကိုပြောသလိုပဲ၊ ဒီဥပဒေကြီးကိုကိုင်ပြီးတော့ သူတို့လက်ရှိ လုပ်နေတာတွေက တရားဥပဒေနဲ့ ညီပါတယ်ဆိုပြီး ပြည်သူတွေကို ရစ်ရစ်ပြီး ကြပ်နေမှာပဲ။ အဲဒီလို ကြပ်မယ့်အခါမှာလည်း ပြည်သူတွေကနေပြီးတော့ ပြန်ပြီးတော့ ဒါကို စနစ်တကျ ကျော်လွှားနိုင်ဖို့ ကြိုးစားရမယ်။ ဒါလေးတခုရှိတယ်။

နောက်ပြီးတော့ အွန်လိုင်းပေါ်မှာ တွေ့သမျှ အကုန်ယုံလိုက်ဖို့လည်း သေချာ စဉ်းစားသင့်တယ်။ အစ်ကိုထင်တာကတော့ ဟိုဘက်လူတွေက စနစ်တကျနဲ့ကို ဆိုက်ဝါးဖြန့်တာတွေ၊ သတင်းအမှား ဖြန့်တာတွေ။ အခုလက်ရှိ တယ်လီဂရမ်ကနေ သတင်းအမှားတွေ၊ တော်လှန်ရေးကို ပုံဖျက်နေတာတွေ ရှိတယ်။ အဲဒီတော့ ဒီ ဥပဒေက တော်လှန်ရေးလုပ်နေသူကို နှိပ်ကွပ်ဖို့ လုပ်မှာဖြစ်သလို၊ သူတို့ကတော့ အဲဒီအထဲက ဥပဒေတွေကို အကုန် ချိုးဖောက်မှာပဲ။ သူတို့က ကင်းလွတ်ခွင့်ရနေပြီး သူတို့က သတင်းအတုဖန်တီးမယ်၊ အစ်ကိုတို့ရဲ့ အချက်အလက်တွေကို ဖောက်သည်ချမယ်။ အစ်ကိုတို့က ဘာလုပ်ရမလဲဆိုရင် ကိုယ်လုပ်စရာတွေကို ဆက်လုပ်သွားရမှာ ဖြစ်သလို၊ သတင်းတု သတင်းမှားတွေကနေ တော်လှန်ရေးကို လမ်းလွှဲစရာ တွေကိုလည်း ရှောင်ရှားရမယ်။

Your Thoughts …
Tags: VPNစစ်ကောင်စီဆိုက်ဘာဥပဒေသတင်းအမှား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၂၂ မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်းသာ တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည် / AFP

မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်းသာ တိုးမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

ဖလမ်းမြို့  / Google Earth

ဖလမ်းမြို့မှ CDM ဝန်ထမ်း ၉ ဦးကို စစ်ကောင်စီ ဖမ်းဆီး

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate