ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေအတွင်းရှိ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ နုတ် ထွက်ရန် KNU ၏ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးကော်မတီများက ကြေညာချက်ထုတ်ပြန်လာသည်။
တပ်မဟာ ၅ အခြေစိုက်ရာ KNU မူတြော် (ဖာပွန်) ခရိုင်က ပထမဆုံး ကြေညာချက်ထုတ်ခဲ့ပြီး ၂၀၂၂ ဖေဖော်ဝါရီ ၇ ရက်တွင် တပ်မဟာ ၁ အခြေစိုက်ရာ KNU သထုံခရိုင်၊ မတ် ၁၇ ရက်တွင် KNU တပ်မဟာ ၆ အခြေစိုက် လှုပ်ရှားရာ ဒူးပလာယာခရိုင်တို့ကလည်း အလားတူ ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ ထွက်သွားရန် ထုတ်ပြန်သည့် ကြေညာချက် အကြောင်းရင်း နှင့် ထုတ်ပြန်ချက်အတိုင်း လိုက်နာမှုမရှိပါက မည်သည့်အကျိုးဆက်များ ရှိလာနိုင်သည်နှင့် ပတ်သက်၍ KNU ဗဟို၏ နိုင်ငံခြားရေးဌာနအကြီးအကဲ ပဒိုစောတောနီးအား ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ မတ် ၁၇ ရက် ရက်စွဲနဲ့ထုတ်တဲ့ KNU ဒူးပလာယာခရိုင်ရဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီ ဝန်ထမ်းတွေ အလုပ်ကထွက်ဖို့ဆိုတာ တွေ့ပါတယ်။ အဲဒီစာက အွန်လိုင်းမှာတော့ ပျံ့နေတာပေါ့။ မေးချင်တာက KNU အနေနဲ့ ဘာကြောင့် အခုလို ကြေညာချက် ထုတ်ရတာပါလဲခင်ဗျ။
ဖြေ ။ ။ စာထွက်တာကတော့ မတ် ၁၇ ရက်က KNU ကော့ကရိတ်မြို့နယ်၊ မြို့နယ်ကော်မတီက ထုတ်တာပါ။ အဓိကအချက်က ကျနော်တို့ မူဝါဒဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ တွန်းထိုး၊ လုပ်နေတဲ့အခါမှာ နည်းနာတခုတည်းနဲ့ လုပ်လို့မရဘူးပေါ့။ နည်းလမ်းပေါင်းစုံနဲ့ လုပ်ရမယ်ဆိုတာ ကျနော်တို့မူဝါဒမှာ ပါရှိပြီးသားလေ။ အဲဒါကြောင့် သံတမန်နည်းလမ်းဖြစ်ဖြစ်၊ နိုင်ငံရေးနည်းလမ်းဖြစ်ဖြစ်၊ စီးပွားရေးနည်းလမ်းဖြစ်ဖြစ်၊ နောက်ဆုံး စစ်ရေးနည်းလမ်းနဲ့ပဲဖြစ်ဖြစ် ကျနော်တို့က လုပ်နေတာပဲ။
ကျနော်တို့ မူဝါဒဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ တွန်းထိုး၊ လုပ်နေတဲ့အခါမှာ နည်းနာတခုတည်းနဲ့ လုပ်လို့မရဘူးပေါ့။ နည်းလမ်းပေါင်းစုံနဲ့ လုပ်ရမယ်ဆိုတာ ကျနော်တို့မူဝါဒမှာ ပါရှိပြီးသားလေ။
စစ်ရေးနည်းလမ်းက ပြောစရာကို မရှိဘူး။ နေ့တိုင်းပဲ ဖြစ်နေတာလေ။ အထူးသဖြင့် နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးယန္တရားမှာ အုပ်ချုပ်ရေး ယန္တရားအကုန်လုံး ပြိုကျတာကလည်း မရှိသေးဘူး။ ဒါပေမဲ့ ဒီဟာတွေက ကျနော်တို့ အနီးအနားမှာ ရှိနေ တဲ့အခါကျတော့ လုပ်ရကိုင်ရတာမှာ ကျနော်တို့နဲ့ ထိစပ်နေတဲ့အပိုင်းတွေ ရှိနေတယ်လေ။ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးမှာ သူ့ရဲ့ အုပ်ချုပ်ရေးယန္တရားအားလုံး ပြုတ်ဖို့လည်း လိုတယ်။
ဒါကြောင့် တနည်းတလမ်းအားဖြင့် ကျနော်တို့အောက်ခြေမှာရှိတဲ့ မြို့နယ်တို့၊ ခရိုင်တို့မှာ သူ့နည်းသူ့ဟန်နဲ့ ကျနော်တို့ ရဲ့ မူဝါဒ၊ ပေါ်လစီကို အကောင်အထည်ဖော်တာပဲလို့ နားလည်ပါတယ်။ ဒါက တနေရာတည်းလည်း မဟုတ်ဘူး။ နေရာ အသီးသီးမှာ ဒီလိုဖြစ်နေတယ်။ တချို့နေရာတွေမှာတော့ သူ့ဟာသူ စာတတန်ပေတတန် ထုတ်ရင်လည်း ထုတ်မယ်။ မထုတ်ဘဲ လုပ်နေတာတွေလည်း အများကြီး ရှိပါတယ်။
မေး ။ ။ ထုတ်ပြန်ချက်ထဲမှာ ကြေညာချက်ထဲကအတိုင်း မလိုက်နာဘူးဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို တာဝန်မယူဘူးလို့လည်း ပါတယ်ပေါ့။ ဒါကရော ဘာကို ဆိုလိုချင်တာပါလဲ။ ထုတ်ပြန်ချက်ကို မလိုက်နာတဲ့ စစ်ကောင် စီ ဝန်ထမ်းတွေဟာ စစ်ရေးပစ်မှတ် ဖြစ်လာမှာလားခင်ဗျ။
ဖြေ ။ ။ အဲဒါမျိုးကတော့ စာထဲမှာ အတိအကျ ညွှန်းဆိုထားတာမျိုး မဟုတ်ဘူးလေ။ ကျနော်တို့ရဲ့ မြေပြင်မှာရှိတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်နည်းကိုင်နည်းတွေမှာတော့ သိပြီးသားပါ။ အထူးသဖြင့် အရပ်သားပစ်မှတ်တွေနဲ့ ပတ်သက်ရင် ဘယ်လိုလုပ်ရမယ်ဆိုတာ ပြဋ္ဌာန်းထားပြီးသားပါ။ အဲဒီလောက်ကြီးလည်း စိုးရိမ်စရာ မရှိပါဘူး။ သို့သော်လည်း ကျနော် တို့ရဲ့ မူဝါဒကတော့ ဒီလိုရှိတယ်ဆိုတာကို အသိပေးလိုက်တာပဲ ဖြစ်တယ်။ လုပ်တယ်၊ မလုပ်ဘူး ဆိုတာကတော့ သူတို့ ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်။ အထူးသဖြင့် စစ်ကောင်စီ ဝန်ထမ်းတွေပေါ့။
ဒါပေမဲ့ ဒီကနေ့ အချိန်အခါမှာတော့ ကျနော်တို့ တိုက်တွန်းချင်တာက သူတို့တွေလည်း ကျနော်တို့ သွေးချင်းတွေပဲ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ဒီလို စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးမှာ ကိုယ်က ပြည်သူတယောက်အနေနဲ့ ကိုယ်တတ်နိုင် တဲ့အားနဲ့ပေါ့။ ကိုယ်က ကြီးကြီးမားမား မလုပ်နိုင်ဘူးဆိုပေမယ့် ဒီလိုမျိုး ထွက်လိုက်မယ်ဆိုရင် လူထုအတွက် အားဖြစ် တယ်ဆိုတာကိုတော့ ကျနော်တို့ သတင်းပေးချင်ပါတယ်။
မေး ။ ။ စစ်ကောင်စီဝန်ထမ်းတွေ ထွက်သွားဖို့ စာထုတ်တာက တပ်မဟာ ၅ က အရင်ထုတ်တယ်။ အဲဒီနောက်မှာ သထုံခရိုင် တပ်မဟာ ၁ ထုတ်တယ်။ အခုကတော့ တပ်မဟာ ၆ ဘက်က ထုတ်လာတယ်ပေါ့။ အခုလိုမျိုး စစ်ကောင်စီ ဝန်ထမ်းတွေ ထွက်သွားဖို့ စာထုတ်တာက လက်တွေ့မြေပြင်မှာ သက်ရောက်မှု ဘယ်လောက် ရှိနိုင်ပါသလဲ။ တကယ်ရော အလုပ်ဖြစ်နိုင်ပါသလား။
ဖြေ ။ ။ အမှန်ကတော့ စစ်အာဏာ စသိမ်းလိုက်ကတည်းက အုပ်ချုပ်ရေးယန္တရားတွေက ပြိုလဲနေတယ်ဆိုတာ ကျနော်တို့ ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ နိုင်ငံတကာနဲ့လည်း ရင်ဆိုင်နေရသလို ပြည်တွင်းထဲမှာလည်း ဆန့်ကျင်တာတွေ တော်တော်လေး ရင်ဆိုင်နေရတာ ဖြစ်တဲ့အခါကျတော့ သူ့အုပ်ချုပ်ရေး လုပ်ငန်းတွေက လုံးဝ မလုပ်နိုင်တော့ဘူးလေ။ အထူးသဖြင့် ကျေးလက်မှာ ဘာမှလုပ်လို့မရဘူး။
သူဟာ နိုင်ငံတကာနဲ့လည်း ရင်ဆိုင်နေရသလို ပြည်တွင်းထဲမှာလည်း ဆန့်ကျင်တာတွေ တော်တော်လေး ရင်ဆိုင်နေရတာ ဖြစ်တဲ့အခါကျတော့ သူ့အုပ်ချုပ်ရေး လုပ်ငန်းတွေက လုံးဝ မလုပ်နိုင်တော့ဘူးလေ။ အထူးသဖြင့် ကျေးလက်မှာ ဘာမှလုပ်လို့မရဘူး။
ကျနော်တို့ကလည်း စစ်အာဏာရှင် ပြုတ်ကျရေး နည်းလမ်းပေါင်းစုံ လုပ်ရတဲ့အခါကျတော့ အခုကလည်း ဒါက အုပ်ချုပ်ရေးယန္တရားနဲ့ သက် ဆိုင်ပါတယ်။ ကျနော်တို့ဘက်ကလည်း ဘာမှထုတ်မပြောဘဲ ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်နေရတဲ့ အပိုင်းတွေ အများကြီးရှိသလို ကျနော်တို့ခရိုင်တွေထဲမှာလည်း အခုဆို ခရိုင် ၃ ခုကနေ တရားဝင်စာထုတ်ပြီး လုပ်တာပေါ့။
ဒီလိုလုပ်တာကလည်း ထိရောက်မှု ရှိတယ်လို့ ပြောနိုင်ပါတယ်။ ကျနော်သိရသလောက် ဖာပွန်ဆိုရင် ဝန်ထမ်းတွေ ရှိမှ မရှိတော့ဘဲ။ အစိုးရဝန်ထမ်းယန္တရားတွေ လုံးဝ ပြိုကျပြီး အဲဒီမှာ စစ်တပ်ပဲ ကျန်တော့တာ။ စစ်တပ်တောင် သူ့မိသားစုတွေအကုန်မနေရဲလို့ မိသားစုတွေ ပြေးကုန်ပြီ။ ဖာပွန်က နာမည်သာရှိတာ သူတို့အုပ်ချုပ်ရေးက မရှိတော့ဘူး။
ဒါ့ပြင် တပ်မဟာ ၁ ရှိတဲ့ ဘားအံဘက်မှာဆိုရင်လည်း သူတို့ရဲ့ ကရင်ပြည်နယ် နယ်လုံဝန်ကြီးကနေ စာတွေဘာတွေ ထုတ် လာတဲ့အဆင့် ရှိတယ်လေ။ သထုံခရိုင်က တုံ့ပြန်ထားတာလည်း အားလုံးအသိပဲ။ သူကိုယ်တိုင်က အစိုးရမဟုတ်တဲ့ အတွက် ဒါတွေလာပြောစရာ မလိုဘူးလို့ တုံ့ပြန်ထားတယ်။ ဒီလိုပဲ ဒူးပလာယာခရိုင်ကလည်း စာထုတ်တာ ဖြစ်ပါ တယ်။
ကျနော်တို့ ခရိုင်တွေအားလုံးထဲမှာတော့ စာထုတ်သည်ဖြစ်စေ၊ မထုတ်သည်ဖြစ်စေ ဒီလိုအနေအထားမှာ သူ့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေက ချည့်နဲ့နေပြီး ဘာမှလုပ်လို့မရတော့ဘူး ဆိုတာက တဖြည်းဖြည်းနဲ့ ရှင်းလင်းလာနေပါပြီ။
မေး ။ ။ လက်ရှိ မြေပြင်မှာရော တိုက်ပွဲတွေ ဘယ်လောက် ဖြစ်နေပါသလဲ။ ဒူးပလာယာခရိုင်ရဲ့ ကြေညာချက် ကြောင့် တပ်မဟာ ၆ နယ်မြေထဲမှာ တိုက်ပွဲတွေ ပိုဖြစ်လာနိုင်ပါသလား။
ဖြေ ။ ။ တိုက်ရိုက်ရယ်လို့ပြောလို့ မရသည့်တိုင်အောင်ပေါ့ဗျာ။ အဲဒီ ၁၇ ရက်နေ့ စာထုတ်ပြီးကတည်းက ၁၇ ရက် မတိုင်ခင် ရှိထားပြီးသား အနေအထားထက်တော့ စစ်ရေးက လျော့မသွားဘူးလို့ ပြောလို့ရတယ်။ ကော့ကရိတ်မြို့နယ် အနေအထားမှာပေါ့။ အရင်မတ်လ ၇ ရက်က လေးကေကော်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ပြန်ဆုတ်ပါပေါ့။ ခင်ဗျား တို့ဆုတ်မှ ခရီးသွားတွေရော၊ လူထုတွေပါ အိမ်ပြန်နိုင်မယ်ဆိုပြီး စာထုတ်ခဲ့တယ်။ အဲဒီဟာကို သူတို့ဘက်က ဘာနဲ့ တုံ့ပြန်သလဲဆိုတော့ တပ်အင်အားတွေ အကြီးအကျယ် ဖြည့်တင်းတာနဲ့ တုံ့ပြန်တယ်။ အဲဒီအခါမှာကတည်းက တိုက်ပွဲ က စဖြစ်နေတာပေါ့။
စစ်ကောင်စီတပ်က မပြန်ဘဲနဲ့ ရှိသမျှဟာတွေ ခိုးဆိုးလုယက်နေလို့ လူထုကလည်း မပြန်ရဲဘူး။ ဒါကြောင့်မို့ ပြန်ပါလို့ ပြောတယ်။ မပြန်ဘဲ အင်အားတွေ တိုးလာတယ်။ တောင်းဆိုတာနဲ့ ဖြစ်လာတာက ဆန့်ကျင် ဘက် ဖြစ်နေတယ်။ ဒါကြောင့် တိုက်ပွဲတွေက ဆက်တိုက် ဖြစ်နေရတာ ဖြစ်ပါတယ်။
နောက်ထပ် ၁၀ ရက် အကြာမှာတော့ အခုလို ကော့ကရိတ်မြို့နယ်က စာထုတ်လိုက်တာပဲ။ တိုက်ပွဲကတော့ နေ့တိုင်း လိုလို ဖြစ်နေတာပါ။ စစ်ကောင်စီတပ်က မပြန်ဘဲနဲ့ ရှိသမျှဟာတွေ ခိုးဆိုးလုယက်နေလို့ လူထုကလည်း မပြန်ရဲဘူး။ ဒါကြောင့်မို့ ပြန်ပါလို့ ပြောတယ်။ မပြန်ဘဲ အင်အားတွေ တိုးလာတယ်။ တောင်းဆိုတာနဲ့ ဖြစ်လာတာက ဆန့်ကျင် ဘက် ဖြစ်နေတယ်။ ဒါကြောင့် တိုက်ပွဲတွေက ဆက်တိုက် ဖြစ်နေရတာ ဖြစ်ပါတယ်။
မေး ။ ။ လက်ရှိ ကရင်ပြည်နယ်ထဲမှာ စစ်ဘေးရှောင်အရေအတွက် ဘယ်လောက်လောက် ရှိပါသလဲ။ သူတို့ အခက်အခဲတွေကရော ဘာတွေရှိနေတယ်ဆိုတာ သိပါရစေခင်ဗျ။
ဖြေ ။ ။ ဒါတွေကတော့ အတိုးအလျော့တော့ အမြဲရှိပါတယ်။ အခြေအနေက တည်ငြိမ်မှု မရှိတဲ့အတွက်ကြောင့်ပါ။ ကျနော်တို့ အနီးစပ်ဆုံး လေးကေကော်ကိုပဲ ပြောကြရရင် ၈၀၀၀ ပတ်ဝန်းကျင် ရှိတယ်ဆိုပေမယ့် လူတွေကတော့ အရွှေ့အပြောင်းက ရှိနေပါတယ်။ ဒါကြောင့် ကိန်းဂဏန်းအားဖြင့်ဆိုရင် ၆၀၀၀ နဲ့ ၇၀၀၀ ဝန်းကျင်မှာတော့ ရှိတယ် လို့ ပြောလို့ရပါတယ်။ တကယ်တမ်းက အဲဒီထက် များတယ်ဆိုပေမယ့် တချို့တွေလည်း ကိုယ်နဲ့နီးစပ်ရာ ဆွေမျိုးတွေ ဆီ သွားနေကြရတာတွေ ရှိပါတယ်။
အခုကလည်း တောထဲတောင်ထဲမှာ မိုးကလည်းရွာတာနဲ့ နေရထိုင်ရတာ တော်တော်လေး အခြေအနေဆိုးတဲ့ အနေ အထားမှာ ရှိပါတယ်။ လူမှုကွန်ရက်က ဓာတ်ပုံတွေမှာလည်း တွေ့နိုင်ပါတယ်။ စစ်ဘေးရှောင်တွေ ရှိနေတာကတော့ ဒီနေရာတခုတည်းတော့ မဟုတ်ပါဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့ စာရင်းကောက်ထားချက်အရတော့ တိုးလာတဲ့ IDP အရေအတွက်က ၇ သောင်း ရှိပါတယ်။
စစ်အာဏာသိမ်းမှု မတိုင်ခင်က ကျနော်တို့ အပစ်အခတ်ရပ် စဲရေး လုပ်ခဲ့ပေမယ့် ကြားထဲမှာ တိုက်ပွဲတွေ ဖြစ်နေတာ ရှိပါတယ်။ ဒါကြောင့် ဒေသခံတွေက ကိုယ့်နေရင်းကို ပြန်လို့ မရဘဲ တည်ဆောက်ရေး လုပ်လို့မရတဲ့ အခြေအနေရှိတော့ အဟောင်းနဲ့အသစ်စာရင်းကို ပေါင်းလိုက်မယ်ဆိုရင် လက်ရှိ KNU ထိန်းချုပ်နယ်မြေမှာ IDP အရေအတွက်က ၂ သိန်းကျော် ရှိနေပါတယ်။ အဲဒီအရေအတွက်က ကျနော် တို့ရဲ့ ခရိုင် ၇ ခုလုံးမှာရှိနေတဲ့ အနေအထားပါ။
မေး ။ ။ ကရင်ပြည်နယ် စစ်ကောင်စီက သူတို့သဘောနဲ့သူတို့ ဖွဲ့လိုက်တဲ့ ဒေသတွင်း ပစ်ခတ်မှုတွေ မဖြစ်စေရေး ညှိနှိုင်းရေးအဖွဲ့မှာပါဝင်ဖို့ KNU ကို စာပို့ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အဲဒီအဖွဲ့မှာ KNU အနေနဲ့ ပါဝင်ဖို့ ရှိမရှိ ပြောပြပေးပါ။
ဖြေ ။ ။ ကျနော်ပြောချင်တာက ဒီလိုပါ။ အပစ်အခတ်ရပ်စဲရေး ဆိုတာကလည်း များနေပြီလေ။ အမျိုးမျိုးအဖုံဖုံနဲ့ပေါ့။ နှစ်ဦးနှစ်ဖက်ရော။ တပြည်လုံး အပစ်အခတ် ရပ်စဲရေးရောပေါ့။ ဒါတွေကို လိုက်နာမှုက ဘာမှမရှိဘဲ အပြည်ပြည်ဆိုင် ရာရှေ့မှောက် လက်မှတ်ထိုးတာတောင် လုပ်ချင်ရာလုပ်နေတာလေ။ အဲဒါကြောင့် ကျနော် ပြောချင်တာက ဒီနေ့ ကာလမှာ အပစ်အခတ်ရပ်စဲရေးပြောပြီး တပ်တွေ နင်းကန်လွှတ်နေတာ။ ဒါကြောင့် တိုက်ပွဲဖြစ်နေတာ။ ဒါက လုံးဝ မဖြစ်သင့်ဘူးလေ။
ကျနော်တို့ မတ် ၇ ရက်က လေးကေကော်က သူတို့ (စစ်ကောင်စီတပ်) ကို ထွက်သွားဖို့ ပြောတယ်။ စစ်ဘေးရှောင်တွေ ပြန်လာနိုင်ဖို့ပေါ့။ သူတို့ ရှိနေတဲ့အတွက် ဘယ်သူမှ ပြန်လာနေလို့မရဘူးလေ။ သူတို့ကို အဲဒါလေးပြောတာကို တပ်တွေလွှတ်ပြီး တပ်အင်အားတိုးချဲ့တာနဲ့ တုံ့ပြန်တယ်။ ဒီအနေအထားမှာတော့ တိုက်ပွဲ ကတော့ နေ့တိုင်းဖြစ်နေတာပါ။ ဒါကြောင့် အခုလို စကားပြောပြီဆိုရင် တယောက်မျက်နှာတယောက် ကြည့်လို့ရတဲ့ အနေအထားပေါ့။ အဲဒီ ရေခံမြေခံတခုကိုတော့ ဖန်တီးဖို့လိုတာပေါ့။
ဒီနေ့ဒီကာလမှာ သတ်တာဖြတ်တာတွေ၊ ရွာသားတွေကို မဆီ မဆိုင်သတ်ပြီး မီးရှို့ဖျက်ဆီးတာတွေ၊ လူထုနေလို့မရအောင် အမျိုးမျိုးအဖုံဖုံ ရက်စက်ကြမ်းကြုတ်တာတွေက တခုမှ မရပ်သေးဘူးလေ။ ဒါက တပြည်လုံးမှာ ဖြစ်နေတဲ့ကိစ္စ။ ဒီကိစ္စတွေကို ရပ်ဖို့ပြောတာ တခုမှ မလုပ်သေးဘူး။
အနီးဆုံးအားဖြင့် တပ်ဆုတ်ပေးတာတို့ ဘာတို့ပေါ့။ ဒီနေ့ဒီကာလမှာ သတ်တာဖြတ်တာတွေ၊ ရွာသားတွေကို မဆီ မဆိုင်သတ်ပြီး မီးရှို့ဖျက်ဆီးတာတွေ၊ လူထုနေလို့မရအောင် အမျိုးမျိုးအဖုံဖုံ ရက်စက်ကြမ်းကြုတ်တာတွေက တခုမှ မရပ်သေးဘူးလေ။ ဒါက တပြည်လုံးမှာ ဖြစ်နေတဲ့ကိစ္စ။ ဒီကိစ္စတွေကို ရပ်ဖို့ပြောတာ တခုမှ မလုပ်သေးဘူး။
နောက် တချက်က ကျနော်တို့ တိုင်းပြည်အနေအထားက ကိုယ့်တဖွဲ့တည်းပဲ ကြည့်လို့ရတာ မဟုတ်ဘူး။ တိုင်းပြည်တပြည်ထဲ မှာ အတူနေကြတာ။ အဲဒါကြောင့် ကွက်ကွက်လေးကို ဒီနားအပစ်ရပ်ပြီး ဟိုနားမှာ လုပ်ချင်တာတွေ လျှောက်လုပ် တတ်တဲ့ အကျင့်ဆိုးမျိုးကိုတော့ ကျနော်တို့ လက်ခံလို့မရဘူး။ ဒါမျိုးရပ်ချင်ရင် တပြည်လုံးရပ်မလား။ ဘယ်လို အနေအထားမျိုးလဲ။ သေသေချာချာ ပြောပါ။
ဒီလို အနေအထား လုံးဝ မရှိဘဲနဲ့ အပစ်အခတ်ရပ်စဲရေးပြောပြီး တချိန်လုံး တပ်တွေလွှတ်နေတာ။ သူတို့ အပစ်အခတ်ရပ်စဲရေးပြောရင် ကိုယ်တွေက သေနတ်မောင်းကို လက်အသင့်လုပ်ထားရမယ့် အနေအထားမျိုး ဖြစ်နေတယ်။ ယုံကြည်မှုက အဲဒီလောက်အဆင့် ဖြစ်နေတယ်။
ဒီနေ့ဒီကာလ ဒီအချိန်ကတော့ ကျနော်နားလည်တာက အပစ်အခတ်ရပ်စဲရေးက လုံးဝကို မလုပ်သင့်တဲ့ အချိန်ပဲ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဦးတည်ချက်က ရှင်းတယ်လေ။ စစ်အာဏာရှင် စနစ် ပြုတ်ကျရေး။ ပြုတ်ကျဖို့အတွက်ကတော့ ကျနော်တို့ နည်းလမ်းပေါင်းစုံနဲ့ လုပ်နေတာပဲ။
You may also like these stories:
တကျော့ပြန် ပြည်တွင်းစစ်နှင့် မြန်မာစစ်တပ်
မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်ဟု အမေရိကန်အစိုးရ ဆုံးဖြတ်
ချင်းတိုင်းရင်းသား စစ်ရှောင် ၁၃၀၀ ကျော်ကို နေရပ်ပြန်ပို့မည်
တာဝန်ခံမှု ရှိသော တော်လှန်ရေးဖြစ်ရန် လိုသည်