အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရထံမှ အာဏာသိမ်းယူပြီး ၁၈ လ နီပါး ကြာသော်လည်း စစ်ကောင်စီသည် နိုင်ငံကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ပိုမိုစနစ်ကျ အောင်မြင်လာသော လက်နက်ကိုင်ခုခံမှုကို ရင်ဆိုင်ရပြီး အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ပိုမိုလုပ်နေသည်။
ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် အောင်ဇော်သည် Janes ကာကွယ်ရေးစာစောင်မှ သုတေသီ အန်ထော်နီ ဒေးဗစ် (Anthony Davis) နှင့် ကြီးထွားနေသော လက်နက်ကိုင် ခုခံမှု၊ ပဋိပက္ခတွင် အဓိက ပါဝင်သူများဖြစ်သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (PDFs)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် စစ်ကောင်စီတို့၏ အားကောင်းချက်နှင့် အားနည်းချက်များကို ဆွေးနွေးထားသည်။
အောင်ဇော် ။ ။ စစ်အုပ်စုဟာ လွန်ခဲ့တဲ့ တနှစ်လောက်ကမှ ပေါ်ပေါက်လာတဲ့ PDF တပ်ဖွဲ့တွေရဲ့ လက်နက်ကိုင် ခုခံမှုကို မထိန်းချုပ်နိုင်ဘူး။ ဘာကြောင့်လဲ။
အန်ထော်နီ ဒေးဗစ် ။ ။ အာဏာမသိမ်းခင်က အခြေအနေကို ပြန်ကြည့်ဖို့ လိုမယ်ထင်တယ်။ မြန်မာစစ်အုပ်စုဟာ ဒီတော်တော်အရေးပါတဲ့ နောက်ဆက်တွဲဖြစ်ရပ်ကို ဘာဖြစ်မယ်ဆိုတာ ငါတို့သိတယ်၊ ငါတို့ ကိုင်တွယ်နိုင်မယ်ဆိုတဲ့ ပေါ့ပေါ့ဆဆ ဘဝင်မြင့်မှုနဲ့ ချဉ်းကပ်ခဲ့တယ်ဆိုတာကို အခု ကျနော်တို့ မြင်နေရတဲ့ အရာရာကနေ ရှင်းရှင်းလင်းလင်း သိနိုင်တယ်။
အာဏာမသိမ်းခင် ရက်သတ္တပတ်တွေမှာ အာဏာသိမ်းလိုက်ရင် လူထုက ဘယ်လို တုံ့ပြန်မလဲဆိုတာကို အကဲဖြတ်ဖို့ ထောက်လှမ်းရေး ရင်းမြစ်တွေကို မသုံးခဲ့ဘဲ နောက်ဆက် ဖြစ်လာတော့မှ လုံးဝ အငိုက်မိသွားတယ်။ ကနဦး ထောက်လှမ်းရေး ပျက်ကွက်မှုကြောင့် စစ်အုပ်စုရဲ့ စာအုပ်ဟောင်းကြီးအတိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဖိနှိပ်လိုက်ရင် ပေါက်ကွဲတုံ့ပြန်မယ်ဆိုတာကို နားမလည်ခဲ့ဘူး။ ရှင်းရှင်းပြောရရင် သူတို့အိမ်စာမလုပ်ခဲ့ဘဲ အမြဲတမ်း နောက်ကျကျန်နေခဲ့တယ်။
အာဏာမသိမ်းခင် ရက်သတ္တပတ်တွေမှာ အာဏာသိမ်းလိုက်ရင် လူထုက ဘယ်လို တုံ့ပြန်မလဲဆိုတာကို အကဲဖြတ်ဖို့ ထောက်လှမ်းရေး ရင်းမြစ်တွေကို မသုံးခဲ့ဘဲ နောက်ဆက် ဖြစ်လာတော့မှ လုံးဝ အငိုက်မိသွားတယ်။
ဆက်ပြီးပြောရမယ်ဆိုရင် ဒါက ပထမဆုံးအကြိမ် မဟုတ်ဘူး။ စစ်ထောက်လှမ်းရေးဟာ ရှမ်းပြည်မြောက်ပိုင်းမှာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလနဲ့ ၂၀၁၉ ခုနှစ် သြဂုတ်လတွေမှာ ကိုးကန့် တိုင်းရင်းသားတပ်တွေက ထိုးစစ်ကြီးတွေ ဆင်မယ်ဆိုတာ မသိသလို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ရခိုင်မှာ ထိုးစစ်ကြီးတွေ ဆင်မယ်ဆိုတာလည်း ကြိုတင်မခန့်မှန်းနိုင်ခဲ့ဘူး။ ဒါတွေအားလုံးဟာ ဘဝင်မြင့်မှု၊ ကိုယ့်ကိုကိုယ် ကျေနပ်နေမှုနဲ့ တော်တော်ဆိုးရွားတဲ့ မကျွမ်းကျင်မှုတွေ ပေါင်းစပ်ပြီး ဖြစ်လာတာပဲ။
မေး ။ ။ ဒါဆိုရင် တွက်ကိန်းမှားတဲ့ အာဏာသိမ်းမှုပေါ့။
ဖြေ ။ ။ “ဒါဟာ ငါတို့တိုင်းပြည်၊ ဒီနိုင်ငံကို ငါတို့အုပ်ချုပ်တယ်၊ တိုင်းပြည်အတွက် အကောင်းဆုံးကို ငါတို့ ဆုံးဖြတ်မယ်။ ပြည်သူတွေက ထုံးစံအတိုင်း ဒါကိုလက်ခံမယ်။ ငါတို့တွေ အင်အားသုံးရင် သုံးရမယ်။ ဒါကလုပ်နေကျပဲ။ ဘာမှ ပြဿနာမရှိဘူး” ဆိုတဲ့ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ အဖွဲ့အစည်းလိုက် ဘဝင်မြင့်မှုကနေ ပေါ်ပေါက်လာတဲ့ တော်တော်လေးကို တွက်ကိန်းမှားတဲ့ အာဏာသိမ်းမှုပေါ့။ ဒီတော့ မင်းအောင်လှိုင်နဲ့ သူ့စစ်တပ်အတွက် ကပ်ဆိုးတခုက မြန်မာနိုင်ငံကို နိုင်ငံရေးတော်လှန်မှု လမ်းကြောင်းပေါ် တင်ပေးလိုက်ပုံရပါတယ်။
မေး ။ ။ တနှစ်လောက်အတွင်းမှာ PDFs တွေက ပိုမိုစနစ်တကျဖွဲ့စည်း၊ ပိုမိုလက်နက်ကောင်းလာပြီး အင်အားလည်း ပိုများလာပုံရတယ်။ မင်းအောင်လှိုင် အပါအဝင် ဘယ်သူမှ ဒီလိုထင်မထားကြဘူး။ စစ်ကောင်စီဟာ နောက်ဆုံးတော့ အနိုင်ရသွားလိမ့်မယ်လို့ Asia Times မှာ မနှစ်က ခင်ဗျားရေးခဲ့တယ်။ ဒါပေမယ့် မကြာသေးမီက ဆောင်းပါးမှာတော့ ဒါကို ပြန်မေးခွန်းထုတ်ထားတယ်။ ဘယ်လို မှတ်ချက်ပေးမလဲ။
ဖြေ ။ ။ ကျနော်တို့က ရှင်သန်ရင်း လေ့လာကြတယ်။ ခင်ဗျားပြောတာ မှန်ပါတယ်။ စစ်ကောင်စီက နောက်ဆုံးမှာ အနိုင်ရမယ်လို့ အာဏာသိမ်းပြီး ၂ ပတ်ကြာတဲ့အခါ ဖေဖော်ဝါရီလလယ်မှာ ကျနော် ထင်ခဲ့တယ်။ အဲဒီ အကဲဖြတ်ချက်မှားက မှားယွင်းတဲ့ အယူအဆ ၂ ခုကနေ လာတယ်။
ပထမ တခုက စစ်အုပ်စုဟာ ၁၉၈၈ လူသတ်ပွဲရဲ့ဆိုးကျိုးတွေနဲ့ ထိုင်းစစ်တပ်က ၂၀၁၄ ခုနှစ် အာဏာသိမ်းတဲ့အခါ ကိုင်တွယ်ပုံတွေကို လေ့လာခဲ့မယ်လို့ ထင်ခဲ့တာပဲ။ စစ်အုပ်စုက အစပိုင်း လမ်းမပေါ်ဆန္ဒပြပွဲတွေကို ကိုင်တွယ်ရာမှာ ချုပ်ထိန်းသည်းခံပြီး ပိုမိုအဆင့်မြင့်တဲ့ နည်းလမ်းကိုသုံးရင်း ခေါင်းဆောင်တွေကို ဖော်ထုတ်ဖမ်းဆီးပြီး လှုပ်ရှားမှုကို ဦးခေါင်းမဲ့ သွားအောင် လုပ်တယ်။ ကျနော် မှားသွားတယ်။ သူတို့က ဘာမှ လေ့လာမထားဘဲ မတ်လလည်းရောက်ရော ဒီငတုံးတွေက လက်နက်မဲ့ ဆန္ဒပြသူတွေအပေါ် စစ်မြေပြင်လက်နက်တွေ ပြန်သုံးကြတော့တာပဲ။
လူငယ်မျိုးဆက်သစ်တွေဟာ သူတို့မိဘဘိုးဘွားတွေ သည်းခံခဲ့တာတွေကို သည်းခံဖို့ ပြင်ဆင်မထားဘူး၊ ၁၉၅၈ ခုနှစ်ကတည်းက လွှမ်းမိုးနေတဲ့ စစ်အာဏာရှင်စနစ်ကို မှောက်လှန်ပစ်ဖို့ ရည်ရွယ်တဲ့ တော်လှန်ရေးအတွက် ပေးဆပ်မယ်လို့ ပြင်ပကလေ့လာသူတွေသာမက စစ်ကောင်စီကိုယ်တိုင်ပါ နားမလည်ခဲ့ဘူး။
ဒုတိယအချက်ကတော့ တနိုင်ငံလုံးမှာတွေ့ရတဲ့ အခြင်းအရာဖြစ်တဲ့ မြန်မာလူငယ်တွေရဲ့ ဒေါသ၊ ဆုံးဖြတ်ချက် ပြတ်သားမှုနဲ့ ရဲရင့်မှုကို လျှော့တွက်ခဲ့တာဖြစ်တယ်။ အဲဒီလိုထင်ခဲ့တာ ကျနော် တယောက်တည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ လူငယ်မျိုးဆက်သစ်တွေဟာ သူတို့မိဘဘိုးဘွားတွေ သည်းခံခဲ့တာတွေကို သည်းခံဖို့ ပြင်ဆင်မထားဘူး၊ ၁၉၅၈ ခုနှစ်ကတည်းက လွှမ်းမိုးနေတဲ့ စစ်အာဏာရှင်စနစ်ကို မှောက်လှန်ပစ်ဖို့ ရည်ရွယ်တဲ့ တော်လှန်ရေးအတွက် ပေးဆပ်မယ်လို့ ပြင်ပကလေ့လာသူတွေသာမက စစ်ကောင်စီကိုယ်တိုင်ပါ နားမလည်ခဲ့ဘူး။
PDF တွေ ရုတ်တရက် အင်အားကြီးထွားလာတာဟာ မြန်မာ့သမိုင်းရဲ့ တော်လှန်တဲ့ အလှည့်အပြောင်း တခုဆိုတဲ့ အသိကနေ ပေါ်ပေါက်လာတာဖြစ်တယ်။ ဒီအချက်ဟာ ဒေသတွင်းကရော ဒေသပြင်ပက အစိုးရတွေ အပြည့်အဝ နားမလည်တဲ့ အချက်ဖြစ်တယ်။
မေး ။ ။ ဒီတော့ ဘယ်အချိန်မှာ ထင်မြင်ယူဆချက်တွေ ပြောင်းလဲသွားတာလဲ။
ဖြေ ။ ။ အခြေအနေအပေါ် ကျနော့်အမြင်တွေ မနှစ်က နှစ်ကုန်လောက်မှာ စတင်ပြောင်းလဲလာတယ်။ ဒီနှစ် ပထမနှစ်ဝက် ပွင့်လင်းရာသီ တိုက်ပွဲတွေဟာ အရေးပါတဲ့ စမ်းသပ်မှုဖြစ်တယ်။ မြန်မာနိုင်ငံ ဗဟိုချက်ဒေသက စစ်ကောင်စီဖိနှိပ်မှုဟာ ထိန်းချုပ်ရာမှာ အောင်မြင်ပြီး လက်နက်တပ်ဆင်မှု မကောင်းတဲ့ သန္ဓေသားအဆင့် ခုခံမှုကို တစစီချေ မှုန်းနိုင်မလားဆိုတဲ့ စမ်းသပ်မှုနဲ့ ကြုံခဲ့ရတယ်။
ပြီးခဲ့တဲ့လက မိုးရာသီလည်း စတင်ရော စစ်ကောင်စီဟာ သူတို့မှာရှိသမျှနဲ့ လူထုဆန့်ကျင် တော်လှန်မှုကို နှိမ်နင်းဖို့ ပုံအောသုံးလာရပြီး သူတို့ရဲ ဒဏ်ခတ်မှုကို အပြင်းထန်ဆုံး ခံရတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ ချင်းနဲ့ ကယားပြည်နယ်လို နေရာတွေမှာတောင် ခုခံပုန်ကန်မှုကို မဖိနှိပ်နိုင်ဘဲ ပိုပြီး အင်အားကောင်းအောင် လုပ်ပေးခဲ့တယ်ဆိုတာ ထင်ရှားလာတယ်။ ဒါကြောင့် စစ်ကောင်စီဟာ နိုင်ငံရေးနဲ့ စစ်ရေးလမ်းဆုံးမှာ ရုန်းကန်နေရတယ်။ ကျနော့်အမြင်မှာတော့ သူတို့အတွက် ထွက်ပေါက် မရှိတော့ဘူး။
မေး ။ ။ သူတို့က တနှစ်ပဲသက်တမ်းရှိသေးတဲ့ PDFs တွေကို တိုက်ခိုက်ဖို့အတွက် လေ့ကျင့်ထားတဲ့ တပ်တွေသုံးတယ်၊ ပစ်အားသာတယ်၊ လေကြောင်းတိုက်ခိုက်မှုလည်း သုံးတယ်။ ဘာကြောင့် အဲဒီလို ဖြစ်သွားတာလဲ။ ဒီတပ်ဖွဲ့တွေက စစ်အုပ်စုနဲ့ ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ မဟုတ်ဘူး။
ဖြေ ။ ။ ဒီမေးခွန်းအတွက်အဖြေတွေ အများကြီးရှိတယ်။ ပထမအချက်က PDFs တွေဟာ မြို့နယ်တွေနဲ့ မြို့ကြီးအများအပြားမှ ဆက်တိုက် အလျင်အမြန် ပေါ်ပေါက်လာတယ်။ တခါတခါဆို တမြို့နယ်ထဲမှာတွင် အဖွဲ့တွေ အများကြီးဖြစ်နေတယ်။ ဒါဟာ ဘယ်နေရာမဆိုက စစ်ကောင်စီတပ်အတွက် စိန်ခေါ်မှုတွေ ဖြစ်လာတယ်။
မြန်မာစစ်တပ်အကြောင်း သိထားရမယ့် အချက် ၂ ချက်ရှိတယ်။ တခုက သူတို့ဟာ အာဏာမသိမ်းခင်ကကို စစ်ပမ်းနေတယ်ဆိုတာနဲ့ ဒေသဆိုင်ရာတပ်ရင်းတွေမှာ လေ့ကျင့်မှုက စံချိန်မမီတာပဲ။
ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်တဲ့ ထိုးစစ်စစ်ဆင်ရေးကို လုပ်နိုင်တဲ့ တပ်တွေဟာ ဗဟိုက ကွပ်ကဲတဲ့ ခြေမြန်တပ်မတွေ (LIDs) နဲ့ ခြေမြန်တပ်ရင်း (LIBs) တွေဟာ စစ်တပ်ရဲ့ လှံစွပ်ထိပ်ဖျားတွေ ဖြစ်တယ်ဆိုတာ ငြင်းမရဘူး။
စိတ်ဝင်စားစရာကောင်းတာက အာဏာသိမ်းပြီးနောက် ပဋိပက္ခအများစုမှာ LIDs တွေကို သူတို့အစဉ်အလာအရ စစ်ဆင်ရေးလုပ်တဲ့ နယ်မြေတွေဖြစ်တဲ့ ရှမ်း၊ ကချင်၊ ကရင်၊ ကယားနဲ့ ရခိုင်စတဲ့ တိုင်းရင်းသား ဒေသတွေမှာပဲ ဖြန့်ကျက်ထားတယ်။ ဗမာအချက်အခြာ ဒေသက ပုန်ကန်မှုနှိမ်နင်းရေးကို ဒေသအလိုက် အခြေစိုက်ထားတဲ့ ရဲနှင့် စစ်တပ်က အလျင်အမြန်စုစည်းပြီး လေ့ကျင့်မထားတဲ့ ခါးပိုက်ဆောင်တပ်တွေနဲ့ ပူးတွဲလုပ်နေကြတာ။
မြန်မာစစ်တပ်အကြောင်း သိထားရမယ့် အချက် ၂ ချက်ရှိတယ်။ တခုက သူတို့ဟာ အာဏာမသိမ်းခင်ကကို စစ်ပမ်းနေတယ်ဆိုတာနဲ့ ဒေသဆိုင်ရာတပ်ရင်းတွေမှာ လေ့ကျင့်မှုက စံချိန်မမီတာပဲ။
ဒါကြောင့် တဘက်မှာ ကောင်းကောင်းလေ့ကျင့်ထားတဲ့တပ် မရှိသလို တဘက်မှာလည်း PDFs တွေက ပျံ့နှံ့နေလို့ စစ်ကောင်စီတပ်ရဲ့ ထိထိရောက်ရောက် တုံ့ပြန်နိုင်တဲ့စွမ်းရည် ကုန်ခမ်းလာတယ်။ ကမ္ဘာက တွေ့မြင်လိုက်ရတဲ့ သူတို့ရဲ့တုံ့ပြန်မှုက စစ်တပ်ပီသတဲ့စစ်တပ်က လုပ်တဲ့ စစ်ဆင်ရေး မဟုတ်ဘဲ အလယ်ခေတ်က လက်နက်ကိုင်ဂိုဏ်းတွေ လှုပ်ရှားသလို မီးရှို့တာ၊ လုယက်တာနဲ့ သတ်ဖြတ်တာတွေပဲ ဖြစ်နေတယ်။ ဒါက မီးထဲကို လောင်စာထည့်ပေးလိုက်တာပဲ။
နောက်ဆုံးအချက်ကတော့ ပုန်ကန်မှုနှိမ်နင်းရာမှာ သေနင်္ဂဗျူဟာကျတဲ့ နည်းလမ်းအဖြစ် လေကြောင်း တိုက်ခိုက်မှုရဲ့ ထိရောက်မှုကို ပိုတွက်တဲ့ သဘောရှိတယ်လို့ ကျနော်ထင်တယ်။ အာဖဂန်နစ္စတန် ပြောက်ကျား ခုခံမှုမှာ နှစ်အတန်ကြာနေခဲ့ဖူးတဲ့ ကျနော့်အတွေ့အကြုံအရ ရင်းမြစ်ကောင်းကောင်းရှိတဲ့ ခေတ်မီလေတပ်က လုပ်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေမှာတောင်မှ ထိရောက်မှုရှိတာ တော်တော်နည်းတယ်။
လေကြောင်းတိုက်ခိုက်မှုမှာ ကနဦး စိတ်ဓာတ်ရေးရာ ရိုက်ခတ်ချက်ရှိတယ်။ ရွာတွေကို ဖျက်ဆီးလို့ရတယ်၊ အရပ်သားတွေကို ရမ်းသမ်းပြီး သတ်လို့ရတယ်။ ဒါပေမယ့် အဲဒီခြိမ်းခြောက်မှုကို အကျွမ်းတဝင်ရှိနေတဲ့ ပြောက်ကျား တိုက်ခိုက်ရေးသမားတွေကို ထိခိုက်သေဆုံးစေဖို့ကျတော့ ခဲယဉ်းတယ်။
အရမ်းထိရောက်မှု ရှိနိုင်တဲ့နည်းလမ်းကတော့ ပြောက်ကျားစခန်းတွေ စုစည်းတဲ့နေရာတွေကို ပစ်မှတ်ထားပြီး ရဟတ်ယာဉ်နဲ့ သယ်ဆောင်သွားတဲ့ တပ်တွေ လေကြောင်းကနေ ချပေးဖို့ ဖြစ်တယ်။ ဒါပေမယ့် အဲဒီလို စစ်ဆင်ရေးမျိုး လုပ်ဖို့ဆိုတာ ထောက်လှမ်းရေး၊ စစ်ဆင်ရေး ပေါင်းစပ်ညှိနှိုင်းမှု၊ ကောင်းကောင်း လေ့ကျင့်ထားတဲ့တပ်နဲ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေ အကြီးအကျယ် လိုအပ်တယ်။ မြန်မာစစ်တပ်က တိုက်ပွဲမှာ အဲဒီစွမ်းရည်တွေကို မပေါင်းစပ်နိုင်ဘူး။
မေး ။ ။ တောင်အာရှနဲ့ အရှေ့တောင်အာရှက ပဋိပက္ခတွေ အများကြီးကို သတင်းယူခဲ့ဖူးတော့ မြန်မာစစ်တပ်ရဲ့ အပြုအမူနဲ့ပတ်သက်ပြီး အံ့သြမိလား။ စစ်တပ်ကို ဂုဏ်သိက္ခာရှိတဲ့ အမည်ဖြစ်တဲ့ ‘တပ်မတော်’ ဆိုတဲ့ အမည်နဲ့မခေါ်သင့်ဘူးလို့ ပြည်သူတွေက ပြောနေကြတယ်။ တခါက ညီညွတ်ရေး အင်အားစုလို့ သိထားကြပေမယ့် ပြည်သူတွေက အဲဒီအဖွဲ့အစည်းကို မလေးစားကြတော့ဘူး။
ဖြေ ။ ။ သူတို့ကိုယ်သူတို့ ညီညွတ်ရေးအင်အားစုလို့ မြင်နေသေးရင် အဲဒါဟာ သူတို့ အမြင်ကျဉ်းမြောင်းကြောင်း ဖော်ပြချက်တရပ်သာ ဖြစ်တယ်။ စစ်တပ်ကို ထိရောက်ပြီး လေးစားရမယ့် အင်အားစုလို့မြင်ခဲ့တဲ့ ခင်ဗျားပြောတဲ့ခေတ် နောက်ပိုင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်နေတယ်။
၁၉၅၀ ပြည့်နှစ်များနဲ့ ၁၉၇၀ ပြည့်နှစ်များအကြားမှာ မြန်မာစစ်တပ်ဟာ ကွန်မြူနစ်တွေ၊ ပြည်သူ့ရဲဘော် (PVO) တွေ၊ ကရင်သူပုန်တွေနဲ့တိုက်ပြီး မြန်မာနိုင်ငံ အချက်အခြာဒေသမှာ ဗဟိုအစိုးရ ပြန်လည်ထူထောင်တော့ အင်အားက အခုထက် အများကြီး ပိုနည်းတယ်။ လေ့ကျင့်မှုကောင်းတယ်၊ တိုက်ပွဲအတွေ့အကြုံရှိတယ်။ ပိုအရေးကြီးတာက စစ်ဆင်ရေးထိရောက်မှုကို ထိခိုက်လောက်တဲ့ အဂတိလိုက်စားမှုလည်း မရှိဘူး။ ကိုလိုနီခေတ်လွန် ဖရိုဖရဲအခြေအနေမှာ တည်ငြိမ်အောင်လုပ်ပေးတဲ့ အင်အားစုလို့လည်း မြင်ကြတယ်။
ဒါပေမယ့် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကို ဖြိုခွဲပြီးနောက် ဆယ်စုနှစ်တခု ကာလမှာ စစ်တပ်ရဲ့ ဖွဲ့စည်းပုံကို အရမ်း အလျင်အမြန် တိုးချဲ့လာပြီး တပ်ရင်းအရေအတွက်က အရမ်းကြီးထွားလာတယ်။ ဒါကြောင့် တပ်ရင်းတရင်းမှာ စံချိန်မီအင်အား ၆၀၀ အထက်ရှိရမယ့်အစား အင်အား ၂၀၀ လောက်ပဲ ရှိတော့တယ်။ ဒါကြောင့် လူအင်အား မလုံလောက်မှုက အချိန်မှန်ဖြစ်နေတဲ့ ရောဂါတခုလို ဖြစ်လာတယ်။
ထောက်လှမ်းရေး၊ စစ်ဆင်ရေး ပေါင်းစပ်ညှိနှိုင်းမှု၊ ကောင်းကောင်း လေ့ကျင့်ထားတဲ့တပ်နဲ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေ အကြီးအကျယ် လိုအပ်တယ်။ မြန်မာစစ်တပ်က တိုက်ပွဲမှာ အဲဒီစွမ်းရည်တွေကို မပေါင်းစပ်နိုင်ဘူး။
တချိန်တည်းမှာပဲ ၁၉၉၀ ပြည့်နှစ်များနဲ့ အခုရာစုနှစ်ရဲ့ ပထမဆုံးဆယ်စုနှစ်ဟာ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲတဲ့ ခေတ်ဖြစ်လာပြီး စစ်တပ်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းက စစ်ဆင်ရေးတွေမှာ မပါဝင်တော့ဘူး။ ဒါကြောင့် ခြေလျင်တပ် အများစုမှာ လေ့ကျင့်မှုနဲ့ စည်းကမ်းပိုင်း ကျဆင်းတဲ့ တချိန်တည်းမှာပဲ အရေအတွက် ဖောင်းပွနေတဲ့ အရာရှိတွေက အကျင့်ပျက်ခြစား သို့မဟုတ် ပုဂ္ဂလိက စီးပွားရေးကနေ ငွေရှာကြတာဟာ စံလုပ်ထုံးလုပ်နည်း ဖြစ်လာတယ်။
ဒါကြောင့် အပစ်ရပ် တိုင်းရင်းသားအုပ်စုတွေကို ထိန်းချုပ်ဖို့ ဆုံးဖြတ်ချက်ချပြီး ၂၀၀၉ ခုနှစ်မှာ စစ်ပြန်တိုက်တဲ့ စစ်တပ်ဟာ လွတ်လပ်ရေးရပြီး ဆယ်စုနှစ် ၃ ခုအတွင်းက စစ်တပ်နဲ့ လုံးဝကွဲပြားခြားနားတဲ့ သတ္တဝါတကောင် ဖြစ်လာတယ်။ အဲဒီစစ်တပ်ဟာ ပြစ်ဒဏ်လုံးဝ ကင်းလွတ်ခွင့်ရတဲ့ အခွင့်ထူးခံ အုပ်ချုပ်သူ မျိုးနွယ်တခုဖြစ်လာပြီး စီးပွားရေးနဲ့ အဂတိလိုက်စားမှုက ရုန်းမထွက်နိုင်တော့ဘူး။
စစ်ရေးအရ ပြောရရင် လေတပ်နဲ့ရေတပ်က မြန်မာအဆင့်အတန်းကို မြှင့်တင်ဖို့ ရည်ရွယ်တဲ့ ခေတ်မီလက်နက်နဲ့ အဆင့်မြင်စနစ်တွေ ဒေသတွင်း ရယူလာတယ်။ ဒါပေမယ့် စစ်ဆင်ရေးအဆင့်မှာတော့ စစ်တပ်ဟာ သူ့ရဲ့ အခြေခံ လုပ်ငန်းတာဝန်နဲ့ မျှော်လင့်ချက် ကင်းမဲ့လောက်အောင် မသင့်တော်ဘူး ဖြစ်လာတယ်။ တာဝန်မထမ်းဆောင်နိုင်လောက်အောင် ဖြစ်လာတယ်။
မြန်မာရဲ့ တိုင်းရင်းသား ကွဲပြားစုံလင်မှုကို သူတို့ကိုယ်တိုင် အသိအမှတ်မပြု၊ မဖြေရှင်းနိုင်လို့ ဖြစ်လာတဲ့ ပုန်ကန်မှုတွေကို နှိမ်နင်းရာကနေ မအောင်နိုင်တော့ဘူး ဖြစ်လာတယ်။ ဒါကြောင့် ဒီနေ့အဲဒီစစ်တပ်ဟာ တိုင်းရင်းသားဒေသမှာ သူတို့လုပ်နေကျတွေကို တင်သွင်းလာတယ်။ အဲဒီကတော့ အဓမ္မကျင့်၊ လုယက်သတ်ဖြတ်ပြီး လူတွေ အကြီးအကျယ် နေရပ်စွန့်ခွာ ထွက်ပြေးစေတဲ့ သေနင်္ဂဗျူဟာပဲ ဖြစ်တယ်။
မေး ။ ။ ဒါနဲ့ပတ်သက်တဲ့မေးခွန်းတခုကတော့ ဘက်ပြောင်းခြင်း၊ တပ်ကထွက်ပြေးခြင်းနဲ့ စိတ်ဓာတ်ကျဆင်းတို့ပဲ ဖြစ်ပါတယ်။ တချို့တပ်ဖွဲ့တွေ ပြိုကွဲသွားတာဟာ စစ်တပ်ကို မြန်မြန်ပြိုကွဲစေမယ့် သက်ရောက်မှုတွေ ဖြစ်လာမယ်ဆိုတဲ့ ခန့်မှန်းချက်တွေရှိနေတယ်။ အဲဒီလို ဖြစ်နိုင်လား။
ဖြေ ။ ။ ဖြစ်နိုင်တယ်။ ဒါပေမယ့် အချိန်ကာလ အကန့်အသတ်က အရေးကြီးတယ်။ မနှစ်က ဧပြီလမှာ လက်နက်ကိုင်ပဋိပက္ခ အရှိန်ရလာတော့ ဘက်ပြောင်းလာတာတွေ တော်တော်လေးများလာမယ် ဆိုတဲ့ ခန့်မှန်းချက်တွေ ဖြစ်လာတယ်။ သေချာတာက အဲဒီနောက်မှာ ဘက်ပြောင်းလာတာတွေ ရှိလာတယ်။
စစ်တပ်ဟာ ပြစ်ဒဏ်လုံးဝ ကင်းလွတ်ခွင့်ရတဲ့ အခွင့်ထူးခံ အုပ်ချုပ်သူ မျိုးနွယ်တခုဖြစ်လာပြီး စီးပွားရေးနဲ့ အဂတိလိုက်စားမှုက ရုန်းမထွက်နိုင်တော့ဘူး။
ပထမတော့ တိုင်းရင်းသားဒေသ (ချင်းနဲ့ ကယားပြည်နယ်) က ရဲတပ်ဖွဲ့ဝင်တွေ။ နောက်တော့ နှိုင်းယှဉ်ချက်အားဖြင့် ပိုမိုနည်းပါးတဲ့ အရေအတွက်နဲ့ စစ်သားတွေပါ ဘက်ပြောင်းလာတယ်။ ဒါတွေရဲ့ နောက်ခံက စစ်တပ်ထဲက မှတ်သားစရာကောင်းလှတဲ့ စည်းလုံးညီညွတ်မှုအဆင့် ရှိတယ်ဆိုတာကို အသိအမှတ်ပြုဖို့ အရေးကြီးတယ်။
ဒါက အရာ ၂ ခုကို ထင်ဟပ်နေတယ်။ စစ်တပ်က အမြဲတမ်း ပစ်အားအသာရနေတဲ့ လက်နက်ကိုင် ပဋိပက္ခမှာ တပ်ဖွဲ့ငယ်စည်းကမ်းနဲ့၊ အုပ်ချုပ်သူ လူတန်းစားအနေနဲ့ စစ်တပ်က ပင်မလူ့အဖွဲ့အစည်းနဲ့ သီးခြားဖြစ်သွားတာတို့ ဖြစ်တယ်။
ဒီလိုဆိုတော့ စည်းလုံးညီညွတ်မှုနဲ့ စိတ်ဓာတ်က အမှန်တကယ် ဖိအားအောက်ကို ရောက်နေကြောင်း စစ်သားတွေရဲ့ လူမှုကွန်ရက် လှုပ်ရှားမှုတွေကို တင်းကျပ်ထားတဲ့ သတင်းတွေက ပြသနေတယ်။ အရာရှိတွေအပါအဝင် စစ်သား တော်တော်များများ အတွက်က နောက်ပြန်ဆုတ်လို့ မရတော့သလို ရှေ့ဆက်ရမယ့်လမ်းကလည်း ရှင်းရှင်းလင်းလင်း မရှိဘူးဆိုတဲ့ ပူပန်စိတ်တွေ ဖြစ်နေရတယ်။
အရာရှိတွေအပါအဝင် စစ်သား တော်တော်များများ အတွက်က နောက်ပြန်ဆုတ်လို့ မရတော့သလို ရှေ့ဆက်ရမယ့်လမ်းကလည်း ရှင်းရှင်းလင်းလင်း မရှိဘူးဆိုတဲ့ ပူပန်စိတ်တွေ ဖြစ်နေရတယ်။
ဒါကြောင့် လာမယ့်လတွေမှာ တပ်ကထွက်ပြေးတာတွေ၊ ဘက်ပြောင်းတာတွေ လွှဲရှောင်မရအောင် ပိုများလာမယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် ပိုမိုစောင့်ကြည့်ရမယ့် ကာလက တဦးချင်း ဘက်ပြောင်းတဲ့ အဆင့်ကနေ တပ်ဖွဲ့လိုက် ဘက်ပြောင်းတဲ့ အဆင့်ကို ပြောင်းတဲ့အချိန်ပဲ။ တပ်စုလိုက်ဖြစ်စေ တစိတ်တပိုင်းဖြစ်စေ လက်နက်တွေနဲ့ လက်နက်ချ ဒါမှမဟုတ် ဘက်ပြောင်းလာတဲ့ အချိန်ပဲ။
တပ်ဖွဲ့ငယ်တွေ စတင်ဘက်ပြောင်းပြီဆိုရင် ပိုမိုကြီးမား မြန်ဆန်တဲ့ သက်ရောက်မှုတွေကို စတင်မျှော်လင့်လို့ ရပြီ။ အဲဒီအချိန် မတိုင်ခင်အထိတော့ ဘက်ပြောင်းလာတာတွေဟာ စိတ်ခံစားမှုကို တိုင်းတာတဲ့ ကိရိယာအဖြစ် အရေးပါပေမယ့် သေနင်္ဂဗျူဟာ အမြင်အရတော့ သိပ်မထူးခြားသေးဘူး။
မေး ။ ။ အတိုက်အခံနဲ့ PDFs တွေနဲ့ မပေါင်းဘဲ တပ်ထဲမှာပဲနေပြီး ခုခံတော်လှန်မှုကို ကူညီနေတဲ့ ဖရဲသီးတွေနဲ့ပတ်သက်ပြီး ပြောပေးပါ။ ခန့်မှန်းခြေ ကိန်းဂဏန်းအရ အရမ်းများတယ်။ မြန်မာစစ်တပ်ဟာ တသွေးတသံတမိန့်ဆိုတဲ့ ဆောင်ပုဒ်ကို လိုက်နာတယ်လို့ထင်တဲ့ စစ်တပ် လေ့လာစောင့်ကြည့်သူတွေက အရမ်းကို အံ့သြနေကြတယ်။ ဘယ်လို နားလည်လဲ။
ဖြေ ။ ။ လိုရာဆွဲတွေးရင် ဒီကိစ္စရဲ့အတိုင်းအတာကို ပိုတွက်တာဖြစ်မယ်။ အဆင့်မြင့်တပ်မှူးတွေက တိုင်းပြည်ကို ဖရိုဖရဲဖြစ်အောင် လုပ်နေတာကို စိတ်မချမ်းမမြေ့ဖြစ်နေပြီး အကြောင်းကြောင်းကြောင့် စခန်းမစွန့်ခွာနိုင်တဲ့ စစ်သားအများကြီး ရှိတယ်ဆိုတာ သံသယ ဖြစ်စရာမလိုဘူး။
ဒါပေမယ့် သူတို့က လျှို့ဝှက်သတင်းတွေ ပေးနေတာလား၊ ဒါမှမဟုတ် စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဟန့်တားနှောက်ယှက်နေတာလား။ အနည်းငယ်ကတော့ လုပ်မှာပေါ့။ ဒါပေမယ့် ဒီလောက်ကြီးတော့ မများလောက်ပါဘူး။ ဒီလုပ်ငန်းက အရမ်းကို အန္တရာယ်များတဲ့ လုပ်ငန်းဖြစ်တယ်။
အရေးကြီးတာက တပ်စုတွေ၊ တပ်ခွဲတွေကို ကွပ်ကဲနိုင်စွမ်းရှိတဲ့ အရာရှိငယ် ကေဒါတွေကို လေ့ကျင့်ပေးဖို့ဖြစ်တယ်။ ပြီးတော့ တချိန်တည်းမှာပဲ အဆင့် ၁ က ထွက်ပေါ်လာတဲ့ ကျေးရွာအခြေစိုက် PDFs တွေကို အခြေခံပြီး အချိန်ပြည့် ပုံမှန်တပိုင်း တပ်ခွဲတွေ၊ တပ်ရင်းတွေ တည်ဆောက်ရမယ်။
ကျနော်တို့ ကြားနေရတဲ့ ဖရဲသီးဇာတ်လမ်းအများစုက သာမန်ရဲဘော်တွေအကြားက စိတ်မချမ်းမြေ့မှု အဆင့်နဲ့ ထူးခြားမှုကို မီးမောင်းထိုးပြလိုတဲ့ ဘက်ပြောင်းလာပြီးသား စစ်သားတွေဆီက ကြားရတာ ဖြစ်တယ်။ ဒါကြောင့် အနည်းဆုံးတော့ ရေတိုအနေနဲ့ပဲဖြစ်ဖြစ် ဒီကိစ္စရဲ့ ရိုက်ခတ်မှု အရွယ်အစား သို့မဟုတ် အလားအလာကို ပိုမတွက်ဖို့ သတိပေးချင်တယ်။
မေး ။ ။ PDF လက်နက်ကိုင် ခုခံမှု ဒုတိယဆင့်လို့ ခေါ်တဲ့အဆင့်ကို ဘယ်လိုနားလည်လဲ။ လွန်ခဲ့တဲ့ တနှစ်ကမှ အမဲလိုက်သေနတ်နဲ့၊ တူမီးသေနတ်တွေနဲ့ စတင်ခဲ့တဲ့ အဖွဲ့တွေက တိုက်ခိုက်ရေး ရိုင်ဖယ်တွေ၊ ဗုံးသီးပစ် အာပီဂျီတွေ၊ ၆၀ မမ နဲ့ ၈၀ မမ မော်တာတွေနဲ့ မောင်းသူမဲ့ လေယာဉ် (ဒရုန်း) တွေတောင် ရထားကြတယ်။
ဖြေ ။ ။ ဒီလက်နက်ကိုင် ပဋိပက္ခဟာ ဒုတိယဆင့်ကို ရောက်နေတယ်ဆိုတာကို မေးခွန်းထုတ်စရာ မလိုဘူး။ လွန်ခဲ့တဲ့ ပွင့်လင်းရာသီအတွင်း ဒီအပြောင်းအလဲဖြစ်လာတဲ့ အမြန်နှုန်းက အံ့သြစရာ ကောင်းတယ်။ လွန်ခဲ့တဲ့နှစ်တုန်းက ကျေးလက် PDFs တွေဟာ ဒေါသအတုံးအတစ်နဲ့ အမဲလိုက် သေနတ်တွေနဲ့ စတင်ခဲ့ပြီး ဒီနေ့မှာတော့ နာရီနဲ့ချီကြာတဲ့တိုက်ပွဲတွေအထိ တိုက်လာပြီး တိုက်ခိုက်ရေးသမား အရေအတွက်ကလည်း ဆယ်နဲ့ ရာနဲ့ချီ တိုက်လာနိုင်ပြီ။
တချို့ဆိုရင် ရန်သူဆီက သိမ်းထားတဲ့၊ သူတို့ကို စာနာတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဆီကရတဲ့၊ ဒါမှမဟုတ်ရင်လည်း လက်နက်ထုတ်လုပ်ရာမှာ အရမ်းကို တီထွင်ဆန်းသစ်တဲ့ PDFs တွေက ထုတ်လုပ်တဲ့ အော်တိုမက်တစ် ရိုင်ဖယ်တွေ၊ အထောက်အကူပြု လက်နက်တွေနဲ့ လက်နက် တပ်ဆင်ထားကြတယ်။ ဒါကြောင့် ဒါဟာ အဆင့်သစ်၊ ဒုတိယဆင့်၊ လုံးဝကွဲပြားခြားနားတဲ့ အဆင့်ဖြစ်ကြောင်း ထင်ရှားပါတယ်။
အဲဒီလိုပြောတဲ့အခါ လူတွေက အဲဒီအတိုင်း မှတ်ထားလိုက်ရင် အန္တရာယ်များတယ်။ မကြာသေးခင်က ဆောင်းပါးမှာ ကျနော်ပြောချင်တာက ဒီကိစ္စကို ကျေးလက်အခြေပြု ပြောက်ကျားစစ်ရေးအရ ကြည့်မယ်ဆိုရင် အောင်မြင်တဲ့ အလေ့အထတွေမှာ ထုံးစံအားဖြင့် ထူးခြားတဲ့အဆင့်က ၂ ဆင့်မဟုတ်ဘဲ ၃ ဆင့်ပါတယ်။
ဒါကြောင့် ဒုတိယဆင့်ဆိုတာ အောင်ပွဲနဲ့ လုံးဝမနီးသေးဘူး။ ဆက်လက် တည်ဆောက်ဖို့ အုတ်မြစ်ကို တည်ဆောက်ပြီးသွားပြီလို့သာ ဆိုလိုခြင်းဖြစ်တယ်။ ခုခံတော်လှန်ရေး လွှမ်းမိုးတဲ့ဒေသတွေမှာ လက်နက်အဆင့်မြှင့်တင်ဖို့၊ ပိုမိုကြီးမား စနစ်ကျတဲ့ တပ်တွေဖွဲ့စည်းဖို့၊ စင်ပြိုင်အစိုးရ စနစ်တွေ၊ ဝန်ဆောင်မှုတွေ ထူထောင်ဖို့အတွက် အခြေခံဖြစ်တယ်။
၂၀၁၄ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်အတွင်းက စစ်ကိုင်းတိုင်းဟာ ကချင်ပြည်နယ်က KIA နဲ့ ရခိုင်ပြည်နယ်က ရက္ခိုင့်တပ်တော် သြဇာ ကြီးထွားရေးမှာ ဆက်သွယ်ရေး လမ်းကြောင်းအနေနဲ့ အရေးပါတဲ့အခန်းက ပါဝင်ခဲ့တယ်။ ဒါကြောင့် ထူထောင်ပြီးသား ကွန်ရက်တွေ ထောက်ပံ့ရေး လမ်းကြောင်းတွေကနေ စစ်ကိုင်းတိုင်းက PDFs အချို့ကို မကြာသေးမီက ထောက်ပံ့နိုင်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။
စစ်ရေးအရကြည့်ရင် အဆင့် ၂ မှာ အရေးကြီးတာက တပ်စုတွေ၊ တပ်ခွဲတွေကို ကွပ်ကဲနိုင်စွမ်းရှိတဲ့ အရာရှိငယ် ကေဒါတွေကို လေ့ကျင့်ပေးဖို့ဖြစ်တယ်။ ပြီးတော့ တချိန်တည်းမှာပဲ အဆင့် ၁ က ထွက်ပေါ်လာတဲ့ ကျေးရွာအခြေစိုက် PDFs တွေကို အခြေခံပြီး အချိန်ပြည့် ပုံမှန်တပိုင်း တပ်ခွဲတွေ၊ တပ်ရင်းတွေ တည်ဆောက်ရမယ်။ အဲဒီတပ်ဖွဲ့တွေကို သင့်တင့်မျှတစွာ လက်နက်တပ်ဆင်ပေးထားပြီး လှုပ်ရှားစစ်ကိုလည်း လုပ်နိုင်ရမယ်။ ဆိုလိုတာကတော့ မြို့နယ်အမျိုးမျိုး၊ ဒေသအမျိုးမျိုးမှာ ညှိနှိုင်းစစ်ဆင်ရေးတွေ အလျင်အမြန် လှုပ်ရှားနိုင်ဖို့နဲ့ တဖြည်းဖြည်းနဲ့ ရန်သူဟာ မြို့ပြနဲ့ဆက်သွယ်ရေးလမ်းကြောင်းကို ကာကွယ်ရုံသာ လုပ်နိုင်တော့စေဖို့ ဖြစ်တယ်။
ပြောက်ကျားတပ်ဖွဲ့ တခုအနေနဲ့ စွမ်းရည်သုညကနေ အမြဲတမ်းတပိုင်း လှုပ်ရှားစစ်ရေးစွမ်းရည်ရအောင် တည်ဆောက်ဖို့ဆိုတာ ပြည်တွင်းပြည်ပက အခြားအခြေအနေ အပြောင်းအလဲတွေအေပေါ် မူတည်ပြီးတော့ ၂ နှစ်ကနေ ၃ နှစ်အထိတောင် ကြာနိုင်တယ်။
အဲဒီအခါကျမှ သေနင်္ဂဗျူဟာ ထိုးစစ် တတိယဆင့်ကို ဦးတည်နိုင်မယ်။ တတိယအဆင့်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အဓိက ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ပြီး လေဆိပ်တွေကို ဖိအားပေးမယ်။ အဓိကမြို့ကြီးတွေကို တမြို့နဲ့တမြို့ အဆက်အသွယ် ဖြတ်တောက်ပစ်မယ်။
ဒါပေမယ့် PDFs တွေဟာ ရော့ကက်လောင်ချာတွေ၊ စက်သေနတ်တွေရှိလာလို့ ပစ်အားသိသိသာသာ ကောင်းနေသေးတဲ့ ရန်သူဆီကနေ မြို့ငယ်လေးတွေကို သိမ်းပိုက်ဖို့ အသင့်ဖြစ်နေပြီလို့ စိတ်ကူးယဉ်ရင် အကြီးအကျယ်မှားပြီး တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရနိုင်တယ်။ ဘယ်သူမဆို မပြေးတတ်ခင်မှာ လမ်းကို ဘယ်လိုစနစ်တကျ လျှောက်ရမယ်ဆိုတာကို လေ့လာဖို့လိုတယ်။
ဖရဲသီးဇာတ်လမ်းအများစုက သာမန်ရဲဘော်တွေအကြားက စိတ်မချမ်းမြေ့မှု အဆင့်နဲ့ ထူးခြားမှုကို မီးမောင်းထိုးပြလိုတဲ့ ဘက်ပြောင်းလာပြီးသား စစ်သားတွေဆီက ကြားရတာ ဖြစ်တယ်။ ဒါကြောင့် အနည်းဆုံးတော့ ရေတိုအနေနဲ့ပဲဖြစ်ဖြစ် ဒီကိစ္စရဲ့ ရိုက်ခတ်မှု အရွယ်အစား သို့မဟုတ် အလားအလာကို ပိုမတွက်ဖို့ သတိပေးချင်တယ်။
မေး ။ ။ လက်နက်ကိုင်ခုခံမှုက စစ်ကိုင်းတိုင်းမှာ စတင်ခဲ့ပြီးနောက် မြောက်ပိုင်းက ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့၊ အခြား EAOs တွေနဲ့ အချိတ်အဆက်တွေ ထူထောင်ကြတယ်။ PDF တိုက်ခိုက်ရေးသမားတွေ ဖြစ်လာတဲ့ ရွာသားတွေရဲ့ ခံနိုင်ရည်နဲ့ ရေရှည် ခုခံနိုင်စွမ်းဟာ ထူးခြားတယ်။ စစ်ကိုင်းတိုင်းနဲ့ အဲဒီအနောက်မြောက်စင်္ကြံကို ဘယ်လိုနားလည်လဲ။
ဖြေ ။ ။ ကျနော်ဟာ စစ်ကိုင်းက ပဋိပက္ခပုံစံကို ကျွမ်းကျင်သူ မဟုတ်တာတော့ သေချာပါတယ်။ ကျနော် လေ့လာထားသလောက် ခန့်မှန်းရတာကတော့ အခြားအကြောင်းရင်း အများအပြားလည်း ပါဝင်ပတ်သက်နေနိုင်တယ်။ တချိန်က ဒီဒေသဟာ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် (NLD) အပေါ် ထောက်ခံမှုရဲ့ အမာခံဒေသ ဖြစ်ပြီး အမေစုကို (စစ်အုပ်စုက) ဆက်ဆံနေပုံတွေဟာ ရပ်ရွာအသိုက်အဝန်းအဆင့်မှာ ဒေါသတွေအများကြီး ဆွပေးနေမှာ သေချာတယ်။
ဒုတိယအချက်ကတော့ ခင်ဗျားပြောတဲ့အတိုင်းပဲ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်အတွင်းက စစ်ကိုင်းတိုင်းဟာ ကချင်ပြည်နယ်က KIA နဲ့ ရခိုင်ပြည်နယ်က ရက္ခိုင့်တပ်တော် သြဇာ ကြီးထွားရေးမှာ ဆက်သွယ်ရေး လမ်းကြောင်းအနေနဲ့ အရေးပါတဲ့အခန်းက ပါဝင်ခဲ့တယ်။ ဒါကြောင့် ထူထောင်ပြီးသား ကွန်ရက်တွေ ထောက်ပံ့ရေး လမ်းကြောင်းတွေကနေ စစ်ကိုင်းတိုင်းက PDFs အချို့ကို မကြာသေးမီက ထောက်ပံ့နိုင်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက ရက္ခိုင့်တပ်တော်ရဲ့ ထိုးစစ်မတိုင်ခင် ၂၀၁၈ ခုနှစ်အတွင်းက စစ်ကိုင်းတိုင်းအတွင်းမှာ ရဲ ဒါမှမဟုတ် စစ်တပ် စစ်ဆေးရေးဂိတ် တခုနဲ့မှ မတိုးဘဲ ဆိုင်ကယ်နဲ့ ခရီးသွားလာနိုင်လို့ ကျနော်ဟာ တော်တော် အံ့သြမိတယ်။ စစ်တပ်က ၂၀၁၅ ခုနှစ်က ကိုးကန့်မှာနဲ့ ၂၀၁၆ ခုနှစ်နှောင်းပိုင်းမှာ စစ်ပမ်းနေကြတယ်။
အဲဒါတွေကနေ တတိယ အရင်းခံအကြောင်းတရား ပေါ်ပေါက်လာတယ်။ စစ်ကိုင်းတိုင်းက လူထု ခုခံမှုအစဦးကို ကိုင်တွယ်ရာမှာ ဆိုးဆိုးရွားရွား မကျွမ်းကျင်မှုပဲ။ ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှာ အနောက်မြောက်တိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်ကို ဖြုတ်လိုက်တာက ဒီအချက်ကို သက်သေပြနေတယ်။
အခုပြောတဲ့ အကြောင်းတွေ အားလုံးက ကျနော်စောစောကပြောတဲ့ အကြောင်းတခု မှန်ကန်ကြောင်း ပြသနေတယ်။ ရက်စက်ကြမ်းကြုတ်မှုဟာ ပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလို့ မြင်နေတဲ့ စစ်အုပ်စုက ထောက်လှမ်းရေးရဲ့ အကြိမ်ကြိမ် ကျရှုံးမှုပဲ။
သမိုင်းအမြင်တခုအရ ကြည့်မယ်ဆိုရင် အောင်မြင်တဲ့ ပြောက်ကျားစစ်ဟာ ထုံးစံအားဖြင့် ပြည်ပအင်အားကြီး နိုင်ငံတခုက အကူအညီလိုတယ်။ ပြင်ပအကူအညီ မပါဘဲနဲ့ ပြောက်ကျားလှုပ်ရှားမှုတခု ရှင်သန်တိုးချဲ့ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။
စစ်ကိုင်းတိုင်းက အဲဒီအတွေ့အကြုံကို ထိုင်းမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက နိုင်ငံရေးအရ ထိခိုက်လွယ်တဲ့ (ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောက်ခံတဲ့ အခြေခံနယ်မြေတွေက) လူမှုအသိုက်အဝန်းတွေမှာ ထိုင်းစစ်တပ် ပြည်တွင်းလုံခြုံရေးဌာနက ၂၀၁၄ ခုနှစ် မေလ အာဏာမသိမ်းခင် လပေါင်းများစွာ ဒါမှမဟုတ် နှစ်ပေါင်းများစွာလုပ်တဲ့ ဂရုတစိုက် စုံစမ်းစစ်ဆေး ပြင်ဆင်မှုတွေနဲ့ နှိုင်းယှဉ်ကြည့်သင့်တယ်။ ထိုင်းစစ်တပ်က အင်အားမသုံးရအောင် ဦးနှောက်ကို အသေအချာ သုံးခဲ့တယ်ဆိုတာ တွေ့ရလိမ့်မယ်။
မေး ။ ။ NUG နဲ့ ပတ်သက်တဲ့ EAOs တွေရော၊ မပတ်သက်တဲ့ EAOs တွေရောက PDFs တွေနဲ့ ညှိနှိုင်းဆောင်ရွက်တာမျိုးတွေ ရှိတယ်။ အဲဒီ ညှိနှိုင်းဆောင်ရွက်မှုတွေအားလုံး မချိတ်ဆက်မိသေးပေမယ့် EAOs တွေရဲ့ အခန်းကဏ္ဍကို မြန်မာပြည်သူတွေက အရမ်းကို အလေးထားကြတယ်။ EAOs တွေသာမရှိရင် PDFs တွေအနေနဲ့ စစ်ဆင်ရေးတွေကို ဒီလောက်ကြာအောင် ထိန်းထားနိုင်မှာ မဟုတ်ဘူး။ EAOs တွေနဲ့ PDFs တွေ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ခင်ဗျားပြောတာမှန်တယ်။ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးကြောင်း ထင်ရှားတယ်။ ၂၀၂၁ ခုနှစ် နှစ်လယ်ကနေနှောင်းပိုင်းအတွင်း အထင်အရှားတွေ့လာရတဲ့ PDFs တွေရဲ့ ခုခံမှုအဆင့်ဟာ လေ့ကျင့်မှုနဲ့ သယ်ယူပို့ဆောင်ရေး အကူအညီမပါရင် မဖြစ်နိုင်ဘူး။ တချို့ကိစ္စတွေမှာ ဆိုရင် KIA ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ချင်းအမျိုးသားတပ်မတော် (CNA) တို့က စစ်ရေး အကူအညီပါပေးရတယ်။
သမိုင်းအမြင်တခုအရ ကြည့်မယ်ဆိုရင် အောင်မြင်တဲ့ ပြောက်ကျားစစ်ဟာ ထုံးစံအားဖြင့် ပြည်ပအင်အားကြီး နိုင်ငံတခုက အကူအညီလိုတယ်။ ပြင်ပအကူအညီ မပါဘဲနဲ့ ပြောက်ကျားလှုပ်ရှားမှုတခု ရှင်သန်တိုးချဲ့ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ မြန်မာနိုင်ငံရဲ့ ဒီနေ့တိုက်ပွဲမှာ ပြင်ပအကူအညီက (မရယ်နဲ့နော်၊ စစ်ကောင်စီဟာ ညီညွတ်ရေးအင်အားစုလို့ ထင်နေတဲ့) စစ်ကောင်စီအနိုင်ရရေးအတွက် ပုံအောလောင်းတဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယနဲ့ တရုတ်ဆီက မလာဘူးဆိုတာ ရှင်းရှင်းလင်းမြင်နေရပြီ။
ပထမဆုံး စတင်တော်လှန်တဲ့ နေ့ကတည်းက PDFs တွေဟာ ညတွင်းချင်း မချေမှုန်းခံရရင်တောင်မှ ၁၉၅၀ ပြည့်နှစ်များက မြန်မာနိုင်ငံအလယ်ပိုင်းက ပြောက်ကျားတွေလို ၂ နှစ်၊ ၃ နှစ်ကြာရင် တဖြည်းဖြည်း ချေမှုန်းခံရမယ်လို့ ထင်နေကြတာ။ ဒါပေမယ့် ပြင်ပအကူအညီနေရာကို EAOs တွေက အရေးပါတဲ့ အခန်းကဏ္ဍအထိ ဖြည့်ဆည်းပေးတယ်။ သူတို့သာမရှိရင် ဒီနေ့ ဒီအခြေအနေမျိုးကို တွေ့နေရမှာ မဟုတ်ဘူး။ ဒါက ရှင်းပါတယ်။
နောက် ပိုရှင်းတာတခုက မြန်မာက တိုင်းရင်းသားလူနည်းစုတွေဟာ အနာဂတ် မြန်မာနိုင်ငံ အုပ်ချုပ်ရေးမှာ လုံးဝသစ်လွင်ပြီး ပိုမိုတန်းတူညီမျှတဲ့ အခန်းကဏ္ဍကို တောင်းဆိုမယ်၊ ထိုက်တန်တယ်ဆိုတာပဲ ဖြစ်တယ်။ သူတို့တွေက မြန်မာပြည်သူတွေအတွက် သူတို့နှလုံးသားက စေတနာကောင်းအတွက် သက်သက်နဲ့ စွန့်လွှတ်အနစ်နာခံနေကြတာ မဟုတ်ဘူး။
မကြာသေးမီက ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောကို တပ်တွေနဲ့အမြောက်ကြီးတွေ အင်အားဖြည့်တာ တိုက်ဆိုင်မှု မဟုတ်ဘူး။ စစ်ကောင်စီက နယ်စပ်ကို မထိန်းချုပ်နိုင်တော့မှာကို စိုးရိမ်နေတယ်။
မေး ။ ။ စစ်အုပ်စုက အာဏာမသိမ်းခင် လအတန်ကြာအလိုမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ တည်ငြိမ်တဲ့ အပစ်အခတ်ရပ်စဲရေး လုပ်လိုက်တာ အကွက်မြင်တာပဲ။ ဒါပေမယ့် အဲဒီအပစ်အခတ် ရပ်စဲရေးက ဒီနေ့ကျတော့ မတည်ငြိမ်တော့ဘူး။ အချိန်မရွေး စစ်ပြန်ဖြစ်နိုင်တယ်။ စစ်ကောင်စီတပ်တွေအတွက် ရုန်းထွက်မရတဲ့ အခြေအနေပဲ။ ရခိုင်ပြည်နယ်မှာ စစ်ပြန်ဖြစ်ရင် ဘာဖြစ်မယ်လို့ထင်လဲ။ စစ်ကောင်စီက အဲဒီလို တိုက်ပွဲပြန်စမယ်ထင်လား။
ဖြေ ။ ။ အဖြေက ရှင်းရှင်းလေးပါ။ ၂၀၁၉ နဲ့ ၂၀၂၀ တုန်းက စစ်အုပ်စု ခြေမြန်တပ်မ ၁၀ ခုမှာ ၆ ခုက အနောက်ပိုင်းတိုင်းတပ်တွေနဲ့အတူ AA ကို တိုက်နေရတာ။ စစ်သာပြန်ဖြစ်ရင် စစ်ကောင်စီက သယ်ယူပို့ဆောင်ရေးနဲ့ အင်အားအရ ကြီးမားတဲ့ ပြဿနာတွေ ရင်ဆိုင်ရမယ်။ ဒါပေမယ့် စစ်ကောင်စီက ရခိုင်မှာ အခုသူတို့ လက်လွှတ်ဆုံးရှုံးထားရတာထက် ပိုပြီး မပေးနိုင်တော့ဘူး။ ဒါကြောင့်မို့ စစ်ပွဲ အပြည့်အဝ အတိုင်းအတာအထိ ပြန်ဖြစ်ရင် တခြားနေရာတွေမှာ ချထားတဲ့ ခြေမြန်တပ်တွေနဲ့ အားဖြည့်ဖို့လိုမယ်။ အဲဒီအခါ နှိုင်းယှဉ်ချက်အားဖြင့်သာ ပိုမိုတည်ငြိမ်နေတဲ့ ပဲခူးတိုင်းတို့၊ ရှမ်းပြည်နယ်တို့ကလို တပ်မျိုးတွေကို သုံးရတော့မယ်။
အဲဒီလို ပြောပေမယ့် အခုမိုးရာသီမှာ အတိုင်းအတာပြည့်စစ်ပွဲ ပြန်ဖြစ်မယ်ဆိုတာကို သံသယရှိတယ်။ မိုးရာသီမှာ စစ်တိုက်ရင် နှစ်ဘက်လုံးအတွက် ရင်းမြစ် ပိုလိုတယ်။ ဒါပေမယ့် AA က ပြည်နယ်အပေါ် စစ်ကောင်စီချုပ်ကိုင်မှုကို နည်းနည်းစီ ခုတ်ထစ်ဖို့ စိတ်အားထက်သန်ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်ကလည်း နေပြည်တော်အတွက် ထိခိုက်လွယ်ဒေသ ဖြစ်နေတယ်။
မကြာသေးမီက ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောကို တပ်တွေနဲ့အမြောက်ကြီးတွေ အင်အားဖြည့်တာ တိုက်ဆိုင်မှု မဟုတ်ဘူး။ စစ်ကောင်စီက နယ်စပ်ကို မထိန်းချုပ်နိုင်တော့မှာကို စိုးရိမ်နေတယ်။ ဒါကြောင့်မို့ ဒီကိစ္စက မျှော်လင့်ချက် ကင်းမဲ့လောက်အောင် ဆိုးရွားတဲ့ကိစ္စ ဖြစ်တယ်။
ကြီးထွားနေတဲ့ ခြိမ်းခြောက်မှု အများအပြားကို လူအင်အားလျော့ကျနေချိန်မှာ ကိုင်တွယ်ရတော့ မျောက်က မီးခဲတွေချည်းပဲ တခုပြီးတခု အဆက်မပြတ် ကိုင်မိသလို တုံ့ပြန်မှုတွေဖြစ်နေတယ်။
မေး ။ ။ စစ်ကောင်စီက ရှမ်းပြည်နယ်ကိုလည်း အဆုံးရှုံးမခံနိုင်ဘူး။ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ မဟာမိတ်တွေက ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကို ချေမှုန်းဖို့ တပ်တွေ ရှေ့တိုးလာတာနဲ့ ပတ်သက်ပြီး ခင်ဗျားက ဖေဖော်ဝါရီလမှာ ဆောင်းပါးတစောင် ရေးတယ်။ ‘ဝ’ ရဲ့ နောက်ကွယ်မှာ ဘယ်သူရှိပြီး ရှမ်းပြည်နယ်က တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ (CMEC) က ဘယ်လောက် အရေးပါတယ်ဆိုတာလည်း ကျနော်တို့အားလုံး သိနေတာပဲ။ ဘာတွေဆက်ဖြစ်လာနိုင်လဲ။
ဖြေ ။ ။ မြန်မာနိုင်ငံအလယ်ပိုင်းက ဖရိုဖရဲအခြေအနေနဲ့ CMEC ရဲ့ ပထမဦးဆုံး ခြေလှမ်းဖြစ်တဲ့ ရှမ်းပြည်နယ်အပေါ် တရုတ်ရဲ့စိုးရိမ်မှုတွေကိုလည်း ထည့်တွက်ဖို့လိုတယ်ဆိုတာ ထင်ရှားပါတယ်။ CMEC ဟာ နယ်စပ် ချင်းရွှေဟော်နဲ့ မူဆယ်မှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များ တည်ထောင်ရေး၊ မန္တလေးသို့ ရထားလမ်း တည်ဆောက်ရေးနဲ့ ဖြစ်နိုင်ရင် သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် တည်ဆောက်ရေးအထိ ပါဝင်ပါတယ်။
ရှင်းရှင်းပြောရရင် စစ်အာဏာသိမ်းမှု နောက်ပိုင်း UWSA ၊ သူ့ရဲ့မဟာမိတ် ရှမ်းနဲ့ တအာင်းမဟာမိတ်တွေရဲ့ အောင်မြင်မှုတွေဟာ ရှမ်းပြည်နယ်က တရုတ်ရဲ့ CMEC အကျိုးစီးပွားကို ခိုင်မာစေတယ်။ RCSS ကို ပြည်နယ် မြောက်ပိုင်းနဲ့ အလယ်ပိုင်းကနေ မောင်းထုတ်လိုက်ပြီးတော့ RCSS ကို ပြန်လာခွင့်မပေးတော့ဘူး။ ခင်ဗျားကြိုက်ကြိုက် မကြိုက်ကြိုက် ဘေဂျင်းကတော့ သူ့အခြေခံဒေသတွေကို ရသွားပြီ။ တရုတ်က မြန်မာနိုင်ငံ အရှေ့မြောက်ဒေသမှာ ဘယ်တော့မှ အငိုက်မိ မခံဘူး။
ကိုးကန့်က နေပြည်တော်ရဲ့ နယ်ခြားစောင့်တပ်တွေ ဆက်လက်ရပ်တည်ရေးနဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) က အဲဒီဒေသကို ပြန်ထိန်းချုပ်နိုင်ရေးက မသေချာဘူး။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောရရင် မြန်မာနိုင်ငံအလယ်ပိုင်းက ပဋိပက္ခအခြေအနေတွေ အဖြူအမည်း မသဲကွဲသရွေ့ ရှမ်းပြည်နယ်က တည်ငြိမ်ကောင်း တည်ငြိမ်နေနိုင်တယ်။ တနှစ် သို့မဟုတ် နှစ်နှစ်အတွင်း ရခိုင်ပြည်နယ်က အခြေအနေတွေကြောင့် ဖြစ်ကောင်းဖြစ်မယ့် အဲဒီအလယ်ပိုင်းက ပဋိပက္ခက အပြောင်းအလဲမှတ်ကိုရောက်ရင် ရှမ်းပြည်နယ်အခြေအနေက အရေးပါတဲ့ အနေအထားကို ချက်ခြင်း ပြောင်းလဲသွားမယ်လို့ ကျနော်ထင်တယ်။
UWSA က သူတို့ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေကို ပေါင်းပြီး ‘ဝ’ ပြည်နယ်သစ်လို့ တဘက်သတ်ကြေညာဖို့ ရည်မှန်းတာက စိတ်ကူးယဉ်တာ မဟုတ်ဘူး။ သံလွင်မြစ်အရှေ့ခြမ်းကို အပြည့်အဝထိန်းချုပ်ပြီး အနောက်ပိုင်းကို စိုးမိုးထားလိုက်တာပဲ။ ရှမ်းပြည်နယ်ကို ဆုံးရှုံးသွားပြီ။ ပွဲပြီးသွားပြီ။
မေး ။ ။ ဒါဆို ထိုင်းကရော သူတို့လုံခြုံရေးအတွက် စိုးရိမ်ရမှာလား။
ဖြေ ။ ။ သိပ်ဟုတ်တာပေါ့ဗျာ။ မနက်ဖြန်ကတောင်စပြီး စိုးရိမ်ရမယ်။ ရှမ်းပြည်နယ်တဝှမ်းမှာ ‘ဝ’ တွေ အင်အားတောင့်တင်းလာခြင်းဆိုတာ ထိုင်းရဲ့ မြောက်ပိုင်းနယ်စပ်တခုလုံးကို တရုတ်လိုလားပြီး အင်အားကြီးမားတဲ့ မူးယစ်ဆေး နိုင်ငံတော်နဲ့ ထိုင်းနဲ့ ရင်ဆိုင်ရတော့မယ့် သဘောပဲ။
နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေအရ ပြောရမယ်ဆိုရင် ငွေကြေးခဝါချမှု၊ ထိုင်းဘဏ်စနစ်နဲ့ နိုင်ငံရေး ခိုင်မာမှုကို ခြိမ်းခြောက်မှု၊ မူးယစ်ဆေး၊ လက်နက်နဲ့ လူကုန်ကူးမှု၊ ကြိုက်တာပြောဗျာ၊ အားလုံးက အမျိုးသားလုံခြုံရေး ပျက်စီးယိုယွင်းခြင်းပဲ။
UWSA က သူတို့ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေကို ပေါင်းပြီး ‘ဝ’ ပြည်နယ်သစ်လို့ တဘက်သတ်ကြေညာဖို့ ရည်မှန်းတာက စိတ်ကူးယဉ်တာ မဟုတ်ဘူး။ သံလွင်မြစ်အရှေ့ခြမ်းကို အပြည့်အဝထိန်းချုပ်ပြီး အနောက်ပိုင်းကို စိုးမိုးထားလိုက်တာပဲ။ ရှမ်းပြည်နယ်ကို ဆုံးရှုံးသွားပြီ။ ပွဲပြီးသွားပြီ။
ထိုင်းအာဏာပိုင်တွေက အခြေအနေကို ဂရုတစိုက် စောင့်ကြည့်နေတယ်။ ဒါပေမယ့် ထိုင်းအာဏာပိုင်တွေရဲ့ မူဝါဒက မြန်မာစစ်ဗိုလ်တွေ တနိုင်ငံလုံးကို ထိန်းချုပ်နိုင်ရေးဆိုတဲ့ မျှော်လင့်ချက်ပေါ် မူတည်နေတယ်။ ဒါပေမယ့် မျှော်လင့်ချက်ဆိုတာ သေနင်္ဂဗျူဟာ မဟုတ်ဘူးဆိုတဲ့ ဆိုရိုးစကားရှိတယ်။ ခင်ဗျားသိတဲ့အတိုင်း နေပြည်တော် စစ်ကောင်စီက တနိုင်ငံလုံးကို မထိန်းချုပ်နိုင်တော့ဘဲ ပိုလို့တောင် ဒုက္ခတောင် အကြီးအကျယ်ရောက်နေပြီဆိုတာ ပိုလို့ ပိုလို့ ထင်ရှားလာနေပါပြီ။
မေး ။ ။ နောက်ဆုံးမေးခွန်းပါ။ တရုတ်က ရှမ်းပြည်နယ်ကို ရသွားပြီလား။
ဖြေ ။ ။ ရှမ်းပြည်နယ်က အရမ်းရှုပ်ထွေးတဲ့ဒေသဖြစ်ပြီး ပွဲကမပြီးသေးဘူး။ ဒါပေမယ့် ရှမ်းပြည်နယ်မှာ ပွဲအဆုံးသတ်ဖို့ နီးလာပြီဆိုတာတော့ ကျနော်တို့ သဘောတူနိုင်မယ် ထင်ပါတယ်။
အန်ထော်နီ ဒေးဗစ်သည် ဒေသဆိုင်ရာ လုံခြုံရေး သုတေသီနှင့် Janes ကာကွယ်ရေးစာစောင်၏ အတိုင်ပင်ခံဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta in ‘Political and Military Cul-de-Sac’: Security Expert ကို ဆီလျော်အောင် ဘာသာပြန်သည်။
You may also like these stories:
မြန်မာတွင် လွတ်နေသော ငရဲခွေးများကို မည်သူတားဆီးမည်နည်း
နောက်တဆင့်ကို တက်မယ်ဆို အမိန့်ပေးကွပ်ကဲမှုစနစ်က အင်မတန်အရေးကြီးတယ်
စစ်အာဏာသိမ်းမှုနှင့် ကြားကာလ တိုင်းရင်းသားအဖွဲ့အစည်းများ
စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီရဲ့ တရားလက်လွတ် သတ်ဖြတ်မှုများ
စစ်ကိုင်းတိုင်းကို ထိန်းချုပ်ဖို့ စစ်တပ်က စိတ်ကူးယဉ်လို့တောင် မရဘူး
ဆယ်စုနှစ်အတွင်း မြန်မာ့လူ့အဖွဲ့အစည်း ပြောင်းလဲသွားပြီးပြီ