• English
Sunday, December 3, 2023
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          ခေတ် နှင့် မိန်းမ

          ခေတ် နှင့် မိန်းမ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home အာဘော် အင်တာဗျူး

          စခန်း မသိမ်းနိုင်လို့ စိတ်ဓာတ်ကျစရာ မလိုဘူး

          by ဧရာဝတီ
          8 July 2022
          in အင်တာဗျူး
          Reading Time: 1 min read
          A A
          ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)မှ စစ်သည်များ / KNU

          ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)မှ စစ်သည်များ / KNU

          24.6k
          VIEWS
          Share on FacebookShare on Twitter

          ထိုင်း- မြန်မာနယ်စပ်ရှိ ဥကရစ်ထ စစ်ကောင်စီစခန်းအား KNDO အထူးကွန်မန်ဒိုတပ်ဖွဲ့Venom စစ်ကြောင်းနှင့် ပူးပေါင်း အဖွဲ့များက ဇွန်လ ၂၆ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်ရာတွင် နှစ်ဖက်အကျအဆုံးများခဲ့ပြီး ဥကရစ်ထ စခန်းအား သိမ်းပိုက်ခါနီးအချိန်တွင် ပြန်လည်ဆုတ်ခွာခဲ့ရသည်။

          စတိုက်သည့်နေ့မှာပင် Venom စစ်ကြောင်းသည် အထိအခိုက်များသဖြင့် KNLA ပူးပေါင်းအဖွဲ့ဖြစ်သော ကော်ဘရာ စစ်ကြောင်းက စစ်ကူလိုက်ကာ တိုက်ခိုက်ပေးခဲ့ရသည်။

          RelatedPosts

          ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          3 December 2023
          6.2k
          အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

          စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

          3 December 2023
          3k
          ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

          ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

          2 December 2023
          2.4k

          စစ်ကောင်စီကလည်း ဥကရစ်ထစခန်းမကျရေး လေတပ်အင်အားကို သုံးခဲ့ရာ KNU တပ်မဟာ ၆ နယ်မြေ အတွင်း ဖြစ်ပွား သော တိုက်ပွဲများတွင် ဤတကြိမ်သည် လေတပ်အင်အား အများဆုံး အသုံးပြုခဲ့သည့် တိုက်ပွဲဟုလည်း ဆိုနိုင်သည်။

          ထိုသို့ တိုက်ခဲ့ရသည့် ဥကရစ်ထတိုက်ပွဲ၏ နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ ယင်းစခန်းအား ဦးဆောင်တိုက်ခဲ့သည့် Venom စစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်မှူးစောဝင်းမြင့်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။

          မေး။ ။ ဥကရစ်ထစခန်း တိုက်ပွဲစဖြစ်တာ အခုဆို ၁၀ရက်ကျော်လာပြီ လက်ရှိ အခြေအနေက ဘယ်လိုရှိပါသလဲ။

          ဗိုလ်မှူးစောဝင်းမြင့်။ ။ စစ်ကောင်စီတပ်တွေ ကျနော်တို့ကို အပြင်းအထန် ပြန်တိုက်တယ်၊ လေယဉ်တွေနဲ့လည်း ပစ် တယ်၊ ကုန်းကြောင်းနဲ့လည်း တိုက်တယ်၊ ကျနော်တို့ ငါးရက်ဆက်တိုက် အတတ်နိုင်ဆုံး ကြိုးစားပြီး ခံပစ်တယ်၊ စခန်းနား အထိ သိမ်းနိုင်သလို ခြံစည်းရိုးထဲကိုလည်း ဝင်နိုင်ခဲ့တယ်။

          သူတို့ စာသင်ကျောင်းအထိ နေရာပြန်ဆုတ်ယူရတယ်၊ အဲဒီစာသင်ကျောင်းနေရာအထိ ကျနော်တို့ ဝင်သိမ်းနိုင်ခဲ့တယ်၊ ဒါပေမယ့် လေယဉ်နဲ့အတင်းအကျပ်ပစ်ပြီး စစ်ကြောင်းတက်လာတဲ့အခါ ကျနော်တို့လည်း လက်နက်ခဲယမ်း နည်းလာတဲ့ အတွက် နဲနဲ နောက်ပြန်ဆုတ်ရတာပေါ့။

          လေယဉ်ကတော့ အဆက်မပြတ်တက် လာနေတယ်၊ အခုလည်း လေယဉ်ပျံ နှစ်စီး သုံးစီးတက်နေတယ်၊ သူတို့က လေယာဉ်နဲ့ ကင်းလှည့်တယ် ဗုံးကြဲတယ်။

          ဒုစစ်ဦးစီးချုပ် စိုးဝင်းလဲဘားအံရောက် နေတယ်လို့ကြားတယ် အခုသူတို့စစ်ကြောင်းထိုးလာတာက တထောင်ကျော် တယ်လို့ ပြောကြတယ်၊ ဒါပေမယ့် ဥကရစ်ထစခန်းထဲမှာ ထိုင်နေတဲ့ စစ်သားတွေတော့ အပြင်မထွက်ရဲသေးဘူး၊

          မေး။ ။KNDO ဘက်က ဥကရစ်ထစခန်းကို စွန့်လွှတ်လိုက်ပြီလို့ပြောလို့ ရပြီလား။

          ဗိုလ်မှူးစောဝင်းမြင့် ။ ။ လုံးဝစွန့်လိုက်တဲ့ အနေအထားတော့ မဟုတ်ဘူး၊ ပတ်ပတ်လည်မှာ ကျနော်တို့ ကျန်နိုင် သလောက် ကျန်နေသေးတယ် ဘယ်လို ဆက်လုပ်ရမလည်း ဆိုတာ အစီအစဉ်ဆွဲနေတုန်းပါ။

          မေး။ ။ တိုက်ပွဲမှာ KNDO ပူးပေါင်းအဖွဲ့တွေဘက်က အထိအခိုက်အကျအဆုံး ဘယ်လောက်ရှိလဲ စစ်ကောင်စီ ဘက် ကရော ဘယ်လောက်ကျဆုံးခဲ့လဲ။

          ဗိုလ်မှူးစောဝင်းမြင့်။ ။ ကျနော်တို့ဘက်က ကျဆုံးတာ ၈ယောက်၊ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၃၀လောက် ရှိတယ်၊ စစ်ကောင်စီဘက်ကတော့ ၂၀၀နီးပါးလောက် ကျတယ်။ ကျနော်တို့ ဒရုန်းနဲ့ လိုက်ကြည့်တာ၊ Cobra စစ်ကြောင်းမှူး ကိုဒါဘောက သက်သေနဲ့တကွ ကျနော်တိုကို ပြတယ်။

          မေး။ ။ ဥကရစ်ထတိုက်ပွဲမှာ စကစရဲ့ လေကြောင်း တိုက်ခိုက်တဲ့ပုံစံက အရင်နဲ့ ဘယ်လိုကွာခြားသလဲ။

          ဗိုလ်မှူးစောဝင်းမြင့်။ ။ ဒီတခါ လေကြောင်းစစ်ဆင်ရေးက အရင်နဲ့မတူဘူး၊ အရင်က ထိရောက်မူမရှိဘူး၊ ဟိုး မြင့်မြင့်တွေ ကပဲ ပျံတယ်၊ အခုက လေကြောင်းပျံတာက နိမ့်နိမ့်လေး ထိုးဆင်းပြီး ပစ်မှတ်ကို တိတိကျကျ ပစ်နိုင်တယ်။ ကျွန်တော် ထင်တာတော့ မြန်မာပြည်သားတော့ မဖြစ်နိုင်လောက်ဘူး ဒီလောက် ကျွမ်းကျင်သူဆိုတော့ နိုင်ငံခြားသား ဖြစ်ကောင်း ဖြစ်မယ်လို့သုံးသပ်တယ်။

          မေး။ ။ ၁၀ ရက်တာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက်က စစ်ကူလိုက်လာတာတွေရှိခဲ့လား။

          ဗိုလ်မှူးစောဝင်းမြင့်။ ။ ဇူလိုင် ၄ရက်က သူတို့စစ်ကြောင်း ထိုးလာချိန် ကျနော်တို့ အဖွဲ့တဖွဲ့နဲ့ တိုးတယ်၊ သူတို့မှာ ဒဏ်ရာ ရတာတွေ ရှိတော့ RPG နဲ့ ပစ်ပြီး ပြန်ဆုတ်သွားတယ်။ ကျနော်ကို KNDOက ဗိုလ်ကြီး အက်စ်ဆေးဝါးက ဖုန်း ဆက်ပြီး ဟိုဘက်ခြမ်းမှာ သွားပိတ်ဖို့ ပြောတယ်၊ အဲဒီနေ့ည ၁၀နာရီ ၁၁ နာရီလောက်မှာ သူတို့ ဖြတ်လာတယ်။ ကျနော်တို့ ဆီက ဌာနချုပ်အဖွဲ့နဲ့ တိုးတယ်။

          ဌာနချုပ်အဖွဲ့က တိုက်ပွဲ အတွေ့အကြုံနည်းတာရယ်၊ ယုံကြည်မှု နည်းတာရယ်၊ လက်နက်ခဲယမ်း မပြည့်စုံတာရယ်ကြောင့် ကျနော်ကို အကြောင်းမကြားဘဲ ချက်ခြင်းဆုတ်သွားတယ်။ အဲဒီမှာ စကစ စစ်ကူလာတဲ့ စစ်ကြောင်းက ကျနော်တို့ကို ကျော်ပြီး ဗိုလ်ကြီး အက်စ်ဆေးဝါးတို့အဖွဲ့နဲ့ ထိပ်တိုက်တိုးတယ်။ အဲဒီမှာ ကျနော်တို့လည်း အရှေ့အနောက် နှစ်ဘက်ညှပ် ပိတ်ပြီးပစ်တော့ လူ ၆၀၊ ၇၀ ပါတဲ့ စစ်ကြောင်းဟာ တယောက်ပဲ ပြန်ရောက်တယ်လို့ ကြားတယ်

          မေး၊ ။ဒီတိုက်ပွဲမှာ မိတဲ့ သုံ့ပန်းတွေကို စစ်တဲ့အခါ ဘယ်လိုအချက်အလက်တွေကို သိခဲ့ရလဲ

          ဗိုလ်မှူးစောဝင်းမြင့်။ ။ စစ်ဆေးချက်အရ ဆိုရင်တော့ သူတို့ပြောတဲ့စကားက ရှေ့နောက်မညီဘူး၊ သူတို့က မူးယစ်ဆေးဝါး အလွန်အကျွံသုံးပြီးတော့ ဆေးကြောင်နေတယ်လို့ထင်တယ်။ တယောက် ပြောတဲ့ပုံစံအရဆိုရင်တော့ တပ်တွင်းထဲမှာ မတတ်နိုင်လို့သာ မထွက်သေးတာ၊ အကုန်လုံးက ထွက်ချင်တဲ့သူချည်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ဒီအချိန်မှာ ပြည်သူတွေ မထောက်ခံတော့ဘူးဆိုတာ အကုန်လုံးနီးပါးသိလာပြီ။

          မေး။ ။ ဥကရစ်ထစခန်းကို တိုက်ရတာနဲ့ အရင်စစ်ကောင်စီစခန်းတွေကို တိုက်ရတာ ဘာကွာခြားမှု့ ရှိလဲ။

          ဗိုလ်မှူးစောဝင်းမြင့်။ ။သူတို့က ကြိုတင်သိထားတယ်၊ သူတို့ရဲ့ ပြင်ဆင်မှု အပြည့်အဝရှိတယ် ရွာထဲမှာရှိတဲ့ အိမ်တွေရော ပြီးရင် သူတို့ စစ်ကြောင်းနှစ်ကြောင်း အဲဒီစခန်းရှေ့မှာ လှုပ်ရှားစစ်ကြောင်း ခံထားတယ်၊ စခန်းကလူတွေနဲ့လည်း သူတို့ အကုန်ပေါင်းထားတယ်၊ လူဦးရေ တော်တော်များပြီးတော့ လက်နက်အင်အားလည်း အတော်များတယ်။

          အရင်က စခန်းသိမ်းတိုက်ပွဲ တိုက်တဲ့အခါမှာ အထိုင် စစ်သားတွေလောက်ပဲ ရှိနေတယ်၊ ဒီစခန်းကျတော့ အရင်ထိုင်တဲ့ နယ်မြေခံစစ်တပ်ကို သူတို့ပြောင်းရွေ လိုက်တယ်။ တကယ်အမှန်အကန် ပစ်ခတ်တဲ့သူကိုပဲ နေရာချထားပေးတယ်လို့ ကျနော် သတင်းတိတိကျကျရတယ်။

          အရင်စခန်းတွေမှာတော့ စခန်းအတွင်းမှာပဲ သူတို့နေရာယူတယ်။ အခုက ရွာအပြင်တွေမှာ ရွာထဲတွေမှာ ဘန်ကာ လုပ်ပြီးတော့ နေရာယူထားတာလည်း တွေ့တယ်။ ရန်သူက ထောက်လှမ်းရေးအင်အား ကောင်းတယ်၊ ကျနော်တို့ တက် လာကတည်းက လူဘယ်နှစ်ယောက်ဆိုတာ အတိအကျရထားတယ်။

          လက်နက်ခဲယမ်း စက်သေနတ်တွေလည်း ကောင်းသလို၊ လေကြောင်းစစ်ကူရယ် ခြေလျင် စစ်ကူရယ် အားသာချက် ရှိတယ်။

          စစ်ကောင်စီတပ်များ စခန်းချထားသည့် ဥကရစ်ထစခန်း(KIC)

          မေး။ ။ ဥကရစ်ထစခန်းသိမ်း တိုက်ပွဲမှာ ဗိုလ်မှူးတို့ဖက်က ဘယ်လိုအတွေ့အကြုံတွေရခဲ့လဲ။

          ဗိုလ်မှူးစောဝင်းမြင့်။ ။ အားနည်းချက်က ဒီစခန်းကိုသိမ်းဖို့ကျွန်တော်ထက်အရင် လေ့လာတဲ့သူရှိတယ်၊ အဲဒီသူရဲ့ လေ့ လာမှု့ အားနည်းတာလည်း ပါတယ်။ အဲဒီစခန်းမှာ ရှိတဲ့ လူဦးရေကို တိတိကျကျ မသိဘူး၊ ကျနော်ကိုယ်တိုင် လေ့လာတော့ လည်း စခန်းရှေ့ မရောက်ဘူး။ စခန်းရဲ့ မနီးမဝေးကနေ လေ့လာရတာဆိုတော့ စခန်းလူဦးရေတို့ ခံစစ်ပြင်တဲ့ အခြေအနေ တို့ မသိရဘူး။ ကျနော်တို့ ရွာရှေ့က ဖြတ်ခွင့်မရသလို အဲဒီစခန်းမှာရှိတဲ့ ရွာသားတွေလည်း တယောက်မှ ရွာပြန်လို့ မရတာ လည်း ပါတယ်။
          နောက်တခုက ကျနော်တို့ ရန်သူကို ပစ်တဲ့အချိန်ကျ တယောက်နဲ့ တယောက် အချိတ်အဆက် အိုင်ကွန် ဆက်သွယ်ရေး စက်အားနည်းတာရယ်၊ ဘယ်သူက ဘယ်နားရောက်နေလဲ တိတိကျကျမခန့်မှန်းတတ်တာရယ်၊ လာတဲ့ စစ်ကူနဲ့ ကျနော် တို့ အချိတ်အဆက်မိမိရရ မရှိတာရယ်၊ လက်နက်ခဲယမ်း မပြည့်စုံတာရယ် အဲဒါတွေက ကျနော်တို့ရဲ့ အားနည်းချက်ပါပဲ။

          ဒါပေမယ့် အတွေ့အကြုံတခုကတော့ ဒီစစ်ကောင်စီတပ်သားတွေ ကြောက်စိတ်အပြည့်ရှိတယ် ကျနော်တို့လို ယုံကြည်မှု အပြည့်မရှိဘူးဆိုတာ တွေ့ရတယ်။ ဒီစခန်းတိုက်ပွဲမှာ သူတို့ အများကြီးကျဆုံးတယ်။

          မေး။ ။ ဥကရစ်ထစခန်းကိုမှ ရွေးပြီး ဘာကြောင့်တိုက်ရတာလဲ။

          ဗိုလ်မှူးစောဝင်းမြင့်။ ။ ပြည်သူတွေက ဒီစခန်းကို လာတိုက်ဖို့ ကျနော်တို့ကို အကူအညီတောင်းတာရယ်၊ ဒီစခန်းကျသွားပြီ ဆိုရင် သူတို့လည်း ချောင်ပိတ်မိပြီ သူတို့ရဲ့ ဗျူဟာကုန်းတွေအကုန်လုံး ကျနော်တို့ထိန်းချုပ်နိုင်ပြီ။

          မေး။ ။စစ်ကောင်စီစစ်သားတွေရဲ့ အခြေအနေက တိုက်ပွဲမှာ ဘယ်လိုပုံစံတွေ ရလဲ။

          ဗိုလ်မှူးစောဝင်းမြင့်။ ။ ကျနော်တို့ကြုံဖူးတဲ့ တိုက်ပွဲတွေမှာဆိုရင်တော့ သေနတ်သံ နဲနဲကြားတာနဲ့အကုန်ထွက်ပြေးကြ တယ်။ အချို့ဆိုရင် သေနတ်ကို အနောက်မှာလွယ်ထားပြီး မချွတ်ပဲ ဒီအတိုင်းပတ်ပြေးနေတဲ့ လူတွေရှိပါတယ်၊ ဒါပေမယ့် ဒီပွဲမှာတော့ နဲနဲကွာခြားတယ်။

          မေး။ ။ ဥကရစ်ထစခန်းသိမ်း တိုက်ပွဲနဲ့ ပတ်သက်လို့ လက်ရှိအချိန်မှာ ပြည်သူလူထုကိုဘာများ ပြောပြချင်လဲ။

          ဗိုလ်မှူးစောဝင်းမြင့်။ ။ ဥကရစ်ထ စခန်းတခုကိုပဲ ကျနော်တို့ တိုက်နေတာ မဟုတ်ပါဘူး။ စစ်အာဏာရှင်နဲ့ကျွန်တော် တို့ကြားမှာ ဖြစ်နေတာက တိုက်ပွဲကြီးပါ၊ ဒီလိုဖြစ်နေတဲ့ တိုက်ပွဲကြီးက ဒီစခန်းတခုပဲ နားစွင့်လို့ ရပါဘူး၊ကျနော်တို့မှာ အား နည်းချက် ရှိသလို ရန်သူမှာလည်း အားနည်းချက်ရှိတယ်၊ အဓိကက ပြည်သူတွေကိုပြောချင်တာက ဒီစခန်း ကျနော်တို့ မသိမ်းနိုင်လို့လည်း စိတ်ဓာတ်ကျစရာ မလိုဘူးပေါ့နော်။

          ဘာကြောင့်လဲဆိုတော့ ကျနော်တို့က စခန်းနားအထိ တချိုဆို စခန်းအတွင်း ဝင်ပြီး သိမ်းပိုက်မယ့် အနေအထား ရောက်ပြီး ဒါပေမယ့် လေယာဉ်ကြောင့်၊ ကျနော်တို့မှာ လေယာဉ်ပစ်လက်နက် အားနည်းလို့ ပြန်ဆုတ်ရတဲ့ အနေအထားပါ။ စစ်ကောင်စီကလည်း သူတို့နဲ့ ကျနော်တို့ တိုက်တဲ့အချိန်မှာ သူတို့ တိုက်စစ်မဖွင့်နိုင်ဘူး။ သူတို့ရွာကနေ ပြန်ဆုတ်တော့ ကျနော်တို့က တိုက်စစ်ဖွင့်ပြီး ပစ်တက် တက်တာပါ၊ ကျနော်တို့မှာ မျှော်လင့်ချက်အပြည့်ရှိပါတယ်။ သူက လူအင်အား အလုံးအရင်းသုံးတယ်၊ သူတို့ပုံစံက ရှူံးမဲ မဲတဲ့ပုံစံ၊ သုံးလည်း မသုံးသပ်တော့ဘူး၊ ဦးနှောက်လည်း မရှိတော့ဘူး၊ ရဲဘော် တွေ သေရင်သေပါစေ ဒီအတိုင်းပဲ လွှတ်ထားတယ်။ သူတို့နဲ့ ဆွေချင်း မျိုးချင်း မစပ်တာလည်း ဖြစ်ချင် ဖြစ်မှာပေါ့။

          Your Thoughts …
          Tags: KNDOကရင်စစ်ကောင်စီထိုင်း- မြန်မာနယ်စပ်ဥကရစ်ထ
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          by ကိုဦး
          25 September 2023
          51k

          စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          by ဧရာဝတီ
          6 November 2023
          47.1k

          ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

          by ဧရာဝတီ
          21 August 2023
          39.6k

          စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          by အောင်သစ်
          28 August 2023
          36.9k

          ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

          ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

          ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

          by မိုးစက်ငြိမ်းချမ်း
          31 October 2023
          36.5k

          စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          by အုန်းညို
          25 September 2023
          35k

          စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

          Next Post
          ဝက်လက်နယ်အတွင်းရှိ မီးရှို့ခံရသည့် ကျေးရွာတချို့ / CJ

          ဝက်လက် အရှေ့ခြမ်းကျေးရွာများ ဆက်တိုက် မီးရှို့ခံနေရ

          ပုဂံတွင် ကျင်းပသော လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး / Xinhua

          ဦးဝဏ္ဏမောင်လွင် လာမည့် ASEAN အစည်းအဝေးများ တက်ရောက်ခွင့် မရှိ

          No Result
          View All Result

          Recommended

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

          6 days ago
          16.2k
          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          5 days ago
          12.8k

          Most Read

          • ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

            ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

            shares
            Share 0 Tweet 0
          • ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            shares
            Share 0 Tweet 0
          • စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

            shares
            Share 0 Tweet 0
          • စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved