အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ မစ္စတာ ဒဲရက်ချိုလက်သည် မြန်မာအရပ်သား စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့မှ ကိုယ်စားလှယ်များနှင့် လွန်ခဲ့သောအပတ်က တွေ့ဆုံခဲ့သည်။ ထိုစဉ်က ဆွေးနွေးမှုများနှင့် မြန်မာအကျပ်အတည်းကို အမေရိကန်၊ နိုင်ငံတကာတို့က တုံ့ပြန်မှုများနှင့် ပတ်သက်ပြီး မစ္စတာ ဒဲရက်ချိုလက်သည် ဧရာဝတီသတင်းဌာနနှင့် ပြီးခဲ့သည့် သောကြာနေ့တွင် ဆွေးနွေးခဲ့သည်။
မေး ။ ။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သမ္မတ ဘိုင်ဒင် ဗုဒ္ဓဟူးနေ့က မိန့်ခွန်းပြောတဲ့အခါ သမ္မတ ဘိုင်ဒင်က မြန်မာနိုင်ငံအကြောင်း ပြောကြာခဲ့ပြီး စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ၂၉ မိနစ်နီးပါးကြာတဲ့ သူ့မိန့်ခွန်းအဆုံးပိုင်းမှာ ဆက်လက်ပြောကြားခဲ့တယ်။ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေနဲ့ တိုင်ရင်းသားလူနည်းစုတွေ ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ် ဆိုတာကို သူထောက်ပြခဲ့တယ်။ အဲဒီတော့ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာမူဝါဒနဲ့ ပတ်သက်တဲ့ နောက်ထပ်ခြေလှမ်းတခုက ဘာဖြစ်မလဲ။
ဖြေ ။ ။ ဟုတ်ပါတယ်။ သမ္မတ ဘိုင်ဒင် မိန့်ခွန်းပြောနေတဲ့ တချိန်တည်းမှာပဲ ကျနော်ဟာ NUG အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံနေပါတယ်။ အဲဒီတွေ့ဆုံ ဆွေးနွေးမှုဟာ အမေရိကန် အရာရှိတဦးအနေနဲ့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို တစုတစည်းတည်း ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်မယ်လို့ ကျနော်တို့ထင်ပါတယ်။ NUG ရဲ့ကိုယ်စားလှယ် တဖွဲ့ဟာ နယူးယောက်ကို လူကိုယ်တိုင်ရောက်နေပါတယ်။ NUG ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့၊ လူ့အခွင့်အရေးဝန်ကြီးနဲ့ အခြားသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAO) ကိုယ်စားလှယ်တွေကတော့ မြန်မာကနေပြီး ဗီဒီယိုကတဆင့် တက်ရောက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ သီးခြားဆွေးနွေးပွဲမှာ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ နိုင်ငံတကာအသိုက်အဝန်းတွေ အနေနဲ့ ပိုမိုဆိုးရွားလာနေတဲ့ မြန်မာအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ နယူးယောက်မှ ဆွေးနွေးရေးဟာ ကျနော်တို့အတွက် အရမ်းအရေးကြီးတယ်လို့ ကျနော်တို့ ခံစားရတယ်။ အဲဒါကြောင့် ကျနော်တို့ NUG နဲ့ EAO ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတဲ့အခါ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံမှု အားဖြည့်ပေးနိုင်မယ့် နည်းလမ်း အများအပြားကို ဆွေးနွေးကြတယ်။
စစ်ကောင်စီက ကျင်းပမယ်ပြောထားတဲ့ ရွေးကောက်ပွဲဟာ အတုဖြစ်တယ်၊ အမေရိကန် ပြည်ထောင်စုနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒါကို နားလည်စေချင်တယ်ဆိုတာကို ဒီမိုကရေစီ လှုပ်ရှားမှု ကိုယ်စားလှယ်တွေက ကျနော်တို့ကို ပြတ်ပြတ်သားသား ပြောကြားထားပါတယ်။
စစ်ကောင်စီက ကျင်းပမယ်ပြောထားတဲ့ ရွေးကောက်ပွဲဟာ အတုဖြစ်တယ်၊ အမေရိကန် ပြည်ထောင်စုနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒါကို နားလည်စေချင်တယ်ဆိုတာကို ဒီမိုကရေစီ လှုပ်ရှားမှု ကိုယ်စားလှယ်တွေက ကျနော်တို့ကို ပြတ်ပြတ်သားသား ပြောကြားထားပါတယ်။ ဒီကိစ္စမှာလည်း ကျနော်တို့က အဲဒီရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ မဖြစ်နိုင်ကြောင်း လူသိရှင်ကြား ရှင်းရှင်းလင်းလင်း ပြောကြားပြီးဖြစ်ပါတယ်။ ကျနော်တို့က အဲဒီ ရွေးကောက်ပွဲတွေကို လုံးဝ မထောက်ခံဖို့ အရေးကြီးကြောင်း ဆွေးနွေးကြတယ်။
နောက် နာရီအနည်းငယ်ကြာတဲ့အခါမှာ ကျယ်ပြန့်တဲ့ နိုင်ငံတကာ မိတ်ဘက်တွေနဲ့ မြန်မာနိုင်ငံအခြေအနေ ဆိုင်ရာ အစည်းအဝေးတခုကို ကျနော်တို့ ကျင်းပခဲ့တယ်။ အတိုက်အခံတွေဟာ ထောင်ချခံ၊ သတ်ဖြတ်ခံနေရသလို ထွက်ပြေးနေရတယ်ဆိုတဲ့ ထင်ရှားတဲ့ အကြောင်းရင်းကြောင့် မြန်မာနိုင်ငံမှာ လုပ်မယ့် ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတဖို့ အလားအလာ မရှိဘူးဆိုတာကို အကြမ်းအားဖြင့် နိုင်ငံပေါင်း တဒါဇင်လောက်က ကိုယ်စားလှယ်တွေပါဝင်တဲ့ အဲဒီအစည်းအဝေးမှာ ကျနော်ပြောခဲ့တယ်။ နိုင်ငံရဲ့ အစိတ်အပိုင်း အများစုမှာ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေလို့ စစ်ကောင်စီက နိုင်ငံရဲ့ ထက်ဝက်လောက်ကိုသာ ထိန်းချုပ်နိုင်တော့လို့ ရွေးကောက်ပွဲကျင်းပဖို့တောင် ဖြစ်နိုင်ပါ့မလားဆိုတာ မေးခွန်း ထုတ်စရာဖြစ်နေကြောင်း ကျနော်ပြောကြားတယ်။
စစ်ကောင်စီက ငမ်းငမ်းတက် လိုချင်နေတဲ့ တရားဝင်မှုကို ငြင်းဆန်ဖို့အတွက် အာဆီယံမှာ ထူးခြားတဲ့ သြဇာသက်ရောက်မှု ရှိတယ်ဆိုတာကို ကျနော်တို့ အလေးအနက် ယုံကြည်တယ်။ အရပ်သားအစိုးရနဲ့ ငြိမ်းချမ်းမှုဆီကို ပြန်လည်သွားရောက်ဖို့ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်ကို အထောက်အကူပြုဖို့ အာဆီယံဟာ အဲဒီသြဇာသက်ရောက်မှုကို အသုံးပြုမယ်လို့ ကျနော်တို့ မျှော်လင့်တယ်။
နိုင်ငံတကာမိတ်ဆွေများနဲ့ အဲဒီအစည်းအဝေးမှာပဲ စစ်ကောင်စီကို အရေးယူဖို့နဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်ဆုပ်ကိုင်ဖို့ နည်းလမ်းရှာဖွေရာမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ အချက်အခြာကျမှုနဲ့ ခေါင်းဆောင်မှုကို ကျနော်တို့ ဆက်လက် ထောက်ခံကြောင်း ပြောကြားခဲ့တယ်။ စစ်ကောင်စီက ငမ်းငမ်းတက် လိုချင်နေတဲ့ တရားဝင်မှုကို ငြင်းဆန်ဖို့အတွက် အာဆီယံမှာ ထူးခြားတဲ့ သြဇာသက်ရောက်မှု ရှိတယ်ဆိုတာကို ကျနော်တို့ အလေးအနက် ယုံကြည်တယ်။ အရပ်သားအစိုးရနဲ့ ငြိမ်းချမ်းမှုဆီကို ပြန်လည်သွားရောက်ဖို့ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်ကို အထောက်အကူပြုဖို့ အာဆီယံဟာ အဲဒီသြဇာသက်ရောက်မှုကို အသုံးပြုမယ်လို့ ကျနော်တို့ မျှော်လင့်တယ်။
ဒီလိုပြောပေမယ့်လည်း ဒီကိစ္စကို အာဆီယံ တခုတည်းနဲ့ လုပ်ဆောင်မရဘဲ နိုင်ငံတကာ အသိုက်အဝန်းက ကျနော်တို့အနေနဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီး အဲဒီအထောက်အကူကို ညှိနှိုင်းဆောင်ရွက်ပေးဖို့လိုတယ်။ ဒါကြောင့် မြန်မာ့ရှေ့ခရီးအတွက် ဆွေးနွေးဖို့ နိုင်ငံတကာအသိုက်အဝန်းက အဓိကကျတဲ့ နိုင်ငံတွေနဲ့ ဒီအစည်းအဝေးကို ကျင်းပရတာဖြစ်တယ်လို့ ကျနော်ပြောကြားခဲ့တယ်။
မေး ။ ။ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလက ခင်ဗျား စင်ကာပူမှာ ရှိနေခဲ့တယ်။ ပြည်ပက ငွေကြေးတွေကို စစ်ကောင်စီ အသုံးပြုနိုင်စွမ်း ကန့်သတ်ဖို့ စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ အဲဒီအစည်းအဝေးဟာ အကျိုးရှိတယ်လို့ ခင်ဗျားပြောခဲ့တယ်။ စစ်ကောင်စီရဲ့ ပြည်ပငွေကြေးတွေကို ကန့်သတ်ဖို့ လုပ်ရာမှာ ဘာတိုးတက်မှုတွေရှိလဲ။ အမေရိကန် ပြည်ထောင်စုဟာ စစ်ကောင်စီရဲ့ အဓိက ငွေဝင်လမ်းဖြစ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို အရေးမယူရသေးဘူး။ ဘာကြောင့် အဲဒီလို ဖြစ်နေတာလဲ။
ဖြေ ။ ။ ဒါကြောင့် ကျနော်တို့ဟာ စစ်ကောင်စီရဲ့ ရင်းမြစ်တွေကို ကန့်သတ်ဖို့ ကြေညာထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အကောင်အထည်ဖော်ဖို့ ကျနော်တို့ရဲ့ မိတ်ဆွေနိုင်ငံတွေနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်နေပြီး အဲဒီလို လုပ်ဆောင်ရာမှာ စင်ကာပူဟာ အဓိကကျတဲ့ မိတ်ဆွေနိုင်ငံဖြစ်တယ်။ ကျနော်တို့က သူတို့ရဲ့လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုပြီး စင်ကာပူဟာ စစ်ကောင်စီကို ပြစ်တင်ရှုချရာမှာ၊ စစ်ကောင်စီက မြန်မာမှာ လုပ်နေတာတွေကို အပြစ်ပေးဖို့ လုပ်ဆောင်ရာမှာ အာဆီယံအတွင်း ပြင်းထန်တဲ့ သဘောထားရှိတဲ့ ထိပ်တန်းနိုင်ငံဖြစ်တယ်။ အမေရိကန် ပြည်ထောင်စုဟာ စစ်ကောင်စီကို အရေးယူဖို့ နည်းလမ်းတွေကို ဆက်လက်ရှာဖွေနေပြီး အဲဒီလို လုပ်ဆောင်ရာမှာ စစ်ကောင်စီရဲ့ ဝင်ငွေကို ပိတ်ပင်ဖို့လည်း ပါဝင်တယ်။ အရေးယူတယ်ဆိုရာမှာ အာဏာသိမ်းမှုအတွက်သာမက နောက်ဆက်တွဲ အကြမ်းဖက်မှုတွေအတွက်ပါ ပါဝင်တယ်။
ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း လပေါင်း ၂၀ လောက်အတွင်း အမေရိကန် ပြည်ထောင်စုက စစ်ကောင်စီခေါင်းဆောင် အများအပြား၊ အရွယ်ရောက်ပြီး မိသားစုဝင်များ၊ စက်ဆုပ်ဖွယ် အကြမ်းဖက်မှုတွေအတွက် တာဝန်ရှိတဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ အခြားသူများနဲ့ ပြည်သူ့ဆန္ဒကို ဖိနှိပ်တဲ့ အခြားသူများကို ကျနော်တို့ အရေးယူခဲ့တယ်။ အဲဒီလိုပြောတဲ့အတွက် အမေရိကန် ပြည်ထောင်စုက ကျနော်တို့ဟာ ဒီရည်မှန်းချက်အောင်မြင်ဖို့၊ မြန်မာနိုင်ငံတွင်းမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ထပ်မံဖြစ်ပွားတာကို တားဆီးဖို့၊ အဲဒီလို လုပ်ဆောင်ရာမှာ စစ်ကောင်စီကို လက်နက်နဲ့ စစ်ဘက်အရပ်ဘက် ၂ မျိုးသုံး နည်းပညာတွေ ရောင်းချမှု ပိတ်ပင်ဖို့ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အခုထက်မက ပိုမိုလုပ်ဆောင်ဖို့လိုတယ်လို့ ယုံကြည်တယ်။ အမေရိကန် ပြည်ထောင်စုက ကျနော်တို့ဟာ အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက်မှုအတွက် တာဝန်ရှိသူတွေကို ပစ်မှတ်ထားအရေးယူဖို့ ဆက်လက်နည်းလမ်း ရှာဖွေနေတယ်။
စစ်ကောင်စီကို ဖိအားပေးဖို့ ကျနော်တို့ လုပ်လိုက်တဲ့တခုခုက မြန်မာပြည်သူတွေရဲ့ ကံကြမ္မာဆိုးကို ပိုမိုဆိုးရွားသွားစေတာမျိုး ကျနော်တို့ မလိုလားဘူး။ လူသားချင်းစာနာမှု အခြေအနေ ပိုမိုဆိုးရွားလာမှာကို ကျနော်တို့ မလိုလားဘူး။
ဒီတလျှောက်လုံးမှာ ကျနော်တို့ အဓိကထား စဉ်းစားတာက မြန်မာပြည်သူတွေနဲ့ မြန်မာ့စီးပွားရေးအပေါ် ဖြစ်လာနိုင်တဲ့ သက်ရောက်မှုတွေကို အကဲဖြတ်လေ့လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီကို ဖိအားပေးဖို့ ကျနော်တို့ လုပ်လိုက်တဲ့တခုခုက မြန်မာပြည်သူတွေရဲ့ ကံကြမ္မာဆိုးကို ပိုမိုဆိုးရွားသွားစေတာမျိုး ကျနော်တို့ မလိုလားဘူး။ လူသားချင်းစာနာမှု အခြေအနေ ပိုမိုဆိုးရွားလာမှာကို ကျနော်တို့ မလိုလားဘူး။ ဒါပေမယ့် စစ်ကောင်စီကို အရေးယူဖို့၊ မြန်မာပြည်သူတွေကို မညှာမတာ အကြမ်းဖက်မှုတွေကို ဆက်လက်ကျူးလွန်နိုင်တဲ့ စွမ်းရည်နဲ့ ဝင်ငွေကို ကန့်သတ်ဖို့ ကျနော်တို့ လုပ်သင့်လုပ်ထိုက်တာတွေကို အာရုံစိုက်ပြီး ဆက်လက် လုပ်ကိုင်နေကြောင်း ကျနော်တို့ ပြောနိုင်တယ်။
အနာဂတ်မှာ ချမှတ်မယ့် အရေးယူမှုတွေကို ကျနော်အခု မပြောနိုင်သေးပေမယ့် အဲဒီကိစ္စကို ကျနော်တို့ အပြင်းအထန် စဉ်းစားနေကြောင်း ကျနော်ပြောနိုင်တယ်။ ဝင်ငွေစီးကြောင်းကို ဖြတ်တောက်ဖို့ အလေးအနက် စဉ်းစားနေတယ်။ တချိန်တည်းမှာပဲ အဲဒီလိုလုပ်လို့ ပြည်သူတွေ မထိခိုက်အောင်လည်း စဉ်းစားနေတယ်။ ဒီကိစ္စတွေကို မနေ့က NUG နဲ့ EAO နဲ့ ကျင်းပတဲ့ အစည်းအဝေးမှာသာမက နိုင်ငံတကာမိတ်ဖက်တွေနဲ့ ကျင်းပတဲ့ အစည်းအဝေးမှာပါ ကျနော်တို့ ဆွေးနွေးကြတယ်။
မေး ။ ။ ရုရှားကရော ဘယ်လိုလဲ။ ရုရှားဟာ မကြာသေးမီက မြန်မာ့ရေးရာတွေမှာ အထင်အရှားပါဝင်လာလို့ ဒီမေးခွန်းဟာ အရေးပါတဲ့ မေးခွန်းဖြစ်တယ်။ အာဏာသိမ်းပြီးနောက်မှာ မင်းအောင်လှိုင်ဟာ ရုရှားကို အကြိမ်ကြိမ်သွားတယ်။ မြန်မာဟာ ယူကရိန်း စစ်ပွဲကို လူသိရှင်ကြားထောက်ခံတဲ့ တခုတည်းသော အာဆီယံ နိုင်ငံဖြစ်တယ်။ ပြီးတော့ ရုရှားက စစ်ကောင်စီကို နောက်ထပ် စစ်လက်နက်ပစ္စည်းတွေ၊ ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ရောင်းချနေတယ်။ အဲဒီလက်နက်တွေကို စစ်ကောင်စီက မြန်မာနိုင်ငံအလယ်ပိုင်းမှာ ကျောင်းသားငယ်တွေကို သတ်ဖို့အသုံးပြုတယ်။ စစ်ကောင်စီဟာ တရုတ်အပြင် ပူတင်နဲ့လည်း အရမ်းနီးစပ်လာနေတယ်။ မကြာသေးခင်က ဗလာဒီဗော့စတော့မှာ ကျင်းပတဲ့ အရှေ့ဖျား စီးပွားရေး ဖိုရမ်မှာတွေ့တုန်းက မင်းအောင်လှိုင်က ပူတင်ကို ကမ္ဘာ့ခေါင်းဆောင်တယောက်လို့ ခေါ်ပြီး ကမ္ဘာ့တည်ငြိမ်မှုကို ထိန်းသိမ်းပေးလို့ဆိုပြီး ချီးကျူးတယ်။ ရုရှားက ကစားပွဲထဲကို အတိအလင်း ဝင်လာပြီ။ ဘယ်လို ပြောချင်လဲ။
ဖြေ ။ ။ ကံမကောင်း အကြောင်းမလှစွာပဲ မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ ကျနော်တို့ အခုတွေ့မြင်နေရတာက မော်စကိုနဲ့ စစ်ကောင်စီအကြား အာဏာရှင်ခြင်း မိတ်ဖွဲ့ရာမှာ လတ်တလော နောက်ဆုံးခြေလှမ်း ဖြစ်တယ်။ မြန်မာဟာ ရုရှားရဲ့ သစ္စာအရှိဆုံးမိတ်ဆွေတွေထဲ တနိုင်ငံဖြစ်ကြောင်း ပြသလိုက်တာပဲ။ မြန်မာပြည်သူတွေကို စက်ဆုပ်ဖွယ်အကြမ်းဖက်မှုတွေ၊ အထူးသဖြင့် ခင်ဗျားပြောသလိုပဲ ဒီတပတ်ထဲ ကလေးတွေ သေဆုံးစေတဲ့ စာသင်ကျောင်းတခုကို လေကြောင်းက တိုက်ခိုက်တာကို ကျနော်တို့က ရှုတ်ချနေချိန်မှာ ပူတင်က အရန်တပ်တွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်ပြီး နျူကလီးလက်နက်သုံးဖို့ ခြိမ်းခြောက်ကာ သူ့ရဲ့တရားမဝင်၊ မှားယွင်း၊ လက်ခံနိုင်ဖွယ်မရှိတဲ့ ယူကရိန်းစစ်ကို အရှိန်မြှင့်တင်ဖို့ လုပ်ဆောင်နေတယ်။ မင်းအောင်လှိုင်ဟာ အကူအညီတောင်းဖို့အတွက် ရုရှားကို ၃ ကြိမ်သွားရောက်တယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်က မြန်မာကို လွန်ခဲ့လကမှ သွားရောက်ခဲ့တယ်။
ရုရှားက မြန်မာစစ်ကောင်စီကို ထောက်ခံခြင်းဟာ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နေပြီး ဒီသတင်းစကားဟာ ဒေသတွင်းကို ကျနော်တို့ ကျယ်ကျယ်လောင်လောင် ပေးပို့ထားတဲ့ သတင်းစကားဖြစ်တယ်။
ကျနော်ပြောခဲ့တဲ့အတိုင်းပဲ ရက်စက်ကြမ်းကြုတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နိုင်ဖို့ တတ်နိုင်စေတဲ့ လက်နက်တွေ မြန်မာစစ်တပ်ကို ရုရှားကရောင်းချနေတာ ကျနော်တို့က အရမ်းစိုးရိမ်ပူပန်ပြီး အပြင်းအထန် ရှုတ်ချတယ်။ ကံမကောင်း အကြောင်းမလှစွာပဲ စစ်ကောင်စီလို လုပ်ရပ်တွေကို ရုရှားက ယူကရိန်းမှာ လုပ်ဆောင်နေတာကိုလည်း ကျနော်တို့ မြင်နေရတယ်။ ပြီးတော့ ရုရှားက မြန်မာစစ်ကောင်စီကို ထောက်ခံခြင်းဟာ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နေပြီး ဒီသတင်းစကားဟာ ဒေသတွင်းကို ကျနော်တို့ ကျယ်ကျယ်လောင်လောင် ပေးပို့ထားတဲ့ သတင်းစကားဖြစ်တယ်။
စစ်ကောင်စီကို ရုရှားက ထောက်ခံခြင်းဟာ အကျပ်အတည်းကို ပိုမိုရှည်ကြာစေပြီး အကျပ်အတည်း ရပ်တန့်သွားအောင် ဘာမှ လုပ်မပေးနိုင်ဘူး။ ငြိမ်းချမ်း ကြွယ်ဝချမ်းသာမှုကို မြန်မာမှာတင်သာမက အင်ဒို-ပစိဖိတ်ဒေသတခုလုံးမှာပါ ခြိမ်းခြောက်တယ်။ ဒါကတော့ ကျနော်တို့အားလုံးအတွက် ဖြစ်လာမယ့် အကျိုးဆက်ဖြစ်တယ်။ စစ်ကောင်စီကို လက်နက်ထောက်ပံ့သူတွေ အပါအဝင် စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ နည်းလမ်းကို ကျနော်တို့ ဆက်လက်ရှာဖွေနေတယ်။ မြန်မာစစ်တပ်ကို လက်နက်နဲ့ စစ်ဘက် အရပ်ဘက် ၂ မျိုးသုံး ပစ္စည်းတွေ လွှဲပြောင်းပေးတာ ဖြတ်တောက်ရေးအတွက် နိုင်ငံတကာမိတ်ဖက်နိုင်ငံများနဲ့ ကျနော်တို့ အတူတကွ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာ၊ လူနေအိမ်မှာ ဖမ်းဆီထားရကနေ ထောင်ကိုပို့လိုက်တာ ပတ်သက်ပြီး ဘာပြောနိုင်မလဲ။ သူဟာ ယခင်က အမေရိကန် ပြည်ထောင်စုမှာ အလွန်လေးစားခံရတဲ့ ခေါင်းဆောင်ဖြစ်တယ်။ သူ့ကို ၂၀၁၂ ခုနှစ်မှာ ကွန်ဂရက် ရွှေတံဆိပ် ချီးမြှင့်ထားတယ်။ အခုတော့ သူ့ကို အမေရိကန် ပြည်ထောင်စုမှာ ဆက်လက် လေးစားလား၊ မလေးစားလားဆိုတာ သေသေချာချာတော့ မသိပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံထဲမှာတော့ သူ့ကို အရမ်းလေးစားနေဆဲ ဖြစ်ပါတယ်။
ဒုတိယအချက်က မြန်မာနိုင်ငံဟာ ဘော်လကန်ဒေသလို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမှာကို နိုင်ငံတွင်းမှာ စိုးရိမ်ပူပန်မှုတွေရှိနေတယ်။ အင်အားကြီးမားတဲ့ တိုင်းရင်းသား တပ်မတော်တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းကို တောင်းဆိုနေတယ်။ သူတို့ရဲ အုပ်ချုပ်ရေးတွေ တပ်တွေကို ထူထောင်နေတယ်၊ တိုးချဲ့နေတယ်။ လက်နက်တွေ ပိုမိုဝယ်ယူလာနေတယ်။ ခြောက်သွေ့ပွင့်လင်းရာသီ ထိုးစစ်တွေ လာတော့မယ်။ ရုရှားကတော့ ပုန်ကန်သူတွေရဲ့ အခိုင်အမာစခန်းတွေကို တိုက်ဖို့အတွက် စစ်ကောင်စီကို Su-30 ဂျက်တိုက်လေယာဉ်တွေနဲ့ ပိုမိုအဆင့်မြင့်မားတဲ့ လက်နက်တွေကို ရောင်းနေတယ်။ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချသူတွေ များလာနေတယ်။ အခုတလောမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အခြားသူတွေဟာ နိုင်ငံကနေ ထွက်ပြေးနေကြတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ ပြိုကွဲပြီး ပိုမိုဆင်းရဲမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို တွေ့နိုင်တယ်။ ဒါဟာ တော်တော်တုန်လှုပ်စရာကောင်းပြီး ပြည်သူတွေက အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်နေကြတယ်။ အခုအကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက ထိုင်းလို အစဉ်အလာမဟာမိတ်တွေနဲ့အတူ ဘာတွေလုပ်ကိုင်သွားဖို့ ရှိလဲ။
ဖြေ ။ ။ အာဏာသိမ်းမှုက စတင်ပြီး လုပ်ကိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူမှုတွေ၊ သူ့ကို မတရားထောင်ချတာတွေ၊ အခြား ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားတဲ့ အရာရှိတွေကို ဖိနှိပ်တာတွေဟာ မြန်မာမှာ ဒီမိုကရေစီနဲ့ တရားမျှတမှုကို တိုက်ခိုက်တာပဲဖြစ်တယ်လို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက ကျနော်တို့ ယုံကြည်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားပြီးဖြစ်တယ်။ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးထားသူ အားလုံးကို လွှတ်ပေးရမယ်ဆိုတာ ကျနော်တို့ မိတ်ဘက် နိုင်ငံတွေကို ဒီတပတ်မှာပဲ ရှင်းရှင်းလင်းလင်း ထပ်မံပြောကြားထားပါတယ်။
စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးထားသူ အားလုံးကို လွှတ်ပေးရမယ်ဆိုတာ ကျနော်တို့ မိတ်ဘက် နိုင်ငံတွေကို ဒီတပတ်မှာပဲ ရှင်းရှင်းလင်းလင်း ထပ်မံပြောကြားထားပါတယ်။
နိုင်ငံရေး အတိုက်အခံတွေနဲ့ တရားဥပဒေ စိုးမိုးမှုကို တိုက်ခိုက်ဖို့အတွက် တရားစီရင်ရေး လုပ်ငန်းစဉ်အတုကို စစ်ကောင်စီက အသုံးပြုနေတာ၊ အကြမ်းဖက်မှုကို ဆက်လက် အသုံးပြုနေတာတွေဟာ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ထိန်းသိမ်းဖို့ အရေးပေါ်လိုအပ်နေကြောင်း ပြသနေတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရယ်၊ အခြားနိုင်ငံတွေနဲ့ အာဆီယံတို့က ဒေါ်အောင်ဆန်းစုကြည်၊ ဖြုတ်ချခံ သမ္မတ ဦးဝင်းမြင့်နဲ့ မတရားဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ စစ်ကောင်စီကို အကြိမ်ကြိမ် ပြောဆိုထားပြီး ဖြစ်တယ်။ နောက်ပြီးတော့ အထူးသံတမန်တိုင်း၊ ကုလသမဂ္ဂ အထူးသံတမန်တိုင်း၊ အာဆီယံ အထူးသံတမန်တိုင်းနဲ့ အခြားသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ပေးဖို့ တစိုက်မတ်မတ် တောင်းဆိုနေကြတယ်။ စစ်ကောင်စီက ဒါကို ငြင်းဆန်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တဦးတည်း ဖမ်းဆီးချုပ်နှောင်ထားလိုက်တယ်။ ဒီကိစ္စကို လုံးဝလက်ခံနိုင်ဖွယ် မရှိတော့ဘူး။
မြန်မာနိုင်ငံအနာဂတ်အတွက် ကျနော်တို့ NUG နဲ့ EAOs ကိုယ်စားလှယ်တွေနဲ့ အသွင်းကူးပြောင်းရေးကာလ အစိုးရအတွက် သူတို့လုပ်နေတာတွေကို အကျယ်တဝင့် ဆွေးနွေးတယ်။ မြန်မာပြည်သူအားလုံးကို ကိုယ်စားပြုတဲ့၊ အားလုံးပါဝင်နိုင်တဲ့ ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး သူတို့ရဲ့အားထုတ်မှုတွေကို ဆွေးနွေးတယ်။ အုပ်ချုပ်ရေးပုံစံနဲ့ ဒေသအလိုက်ရရှိမယ့် ကိုယ်ပိုင်အုပ်ချုပ်ရေးအဆင့်ကို အမေရိကန်က မြန်မာကိုယ်စား ဆုံးဖြတ်ပေးလို့မရဘူး။ တကယ်တော့ အမေရိကန် ပြည်ထောင်စု အပါအဝင် ကမ္ဘာတဝှမ်းက နိုင်ငံအသီးသီးမှာ မတူညီတဲ့ ဖွဲ့စည်းတည်ဆောက်မှု နည်းလမ်းတွေရှိတယ်။ ဒါပေမယ့် ကျနော်တို့က ကျနော်တို့ရဲ့ ကျွမ်းကျင်မှုတွေကို ပေးတယ်။ မြန်မာကိုအနာဂတ်မှာ ဘယ်လိုအုပ်ချုပ်ရနိုင်တယ် ဆိုတာနဲ့ပတ်သက်ပြီး အကြံပေးတယ်။ တကယ်တော့ ကျနော်တို့က မြန်မာပြည်သူအားလုံး ပါဝင်နိုင်မယ့် အားလုံးအကျုံးဝင် ဒီမိုကရေစီလုပ်ငန်းစဉ်ကို ကျနော်တို့ထောက်ခံတယ်။
စစ်ကောင်စီက မြန်မာပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ပြီး မညှာမတာ အကြမ်းဖက်တဲ့အတွက် မြန်မာနိုင်ငံဟာ ကျဆုံးနိုင်ငံလမ်းကြောင်းပေါ် ရောက်နေလောက်ပြီ။ အဲဒီလိုဖြစ်တယ်ဆိုရင် အမေရိကန် ပြည်ထောင်စုအတွက် အကျိုးစီးပွားမဟုတ်ဘူး၊ အရှေ့တောင်အာရှ ဒေသတခုလုံးအတွက် အကျိုးစီးပွားမဟုတ်ဘူး။ ပိုပြီးသေချာတာက မြန်မာပြည်သူတွေအတွက် အကျိုးစီးပွားမဟုတ်ဘူး။
ကျနော်တို့ အထင်အရှား ရှောင်ရှားချင်တာကတော့ အခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေမျိုးပဲ။ စစ်ကောင်စီက မြန်မာပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ပြီး မညှာမတာ အကြမ်းဖက်တဲ့အတွက် မြန်မာနိုင်ငံဟာ ကျဆုံးနိုင်ငံလမ်းကြောင်းပေါ် ရောက်နေလောက်ပြီ။ အဲဒီလိုဖြစ်တယ်ဆိုရင် အမေရိကန် ပြည်ထောင်စုအတွက် အကျိုးစီးပွားမဟုတ်ဘူး၊ အရှေ့တောင်အာရှ ဒေသတခုလုံးအတွက် အကျိုးစီးပွားမဟုတ်ဘူး။ ပိုပြီးသေချာတာက မြန်မာပြည်သူတွေအတွက် အကျိုးစီးပွားမဟုတ်ဘူး။
ဒါကြောင့်မို့လည်း အခုနှစ် အထွေထွေညီလာခံ အစည်းအဝေးမှာ အခုလိုအရေးကြီးတဲ့ အစည်းအဝေးတွေ ကျင်းပချင်တာဖြစ်တယ်။ ဒေသတွင်းနဲ့ ကမ္ဘာတဝှမ်းက အဓိက မိတ်ဖက်တွေနဲ့ နှစ်နိုင်ငံ ဆွေးနွေးတဲ့အခါတိုင်းမှာလည်း ဒီကိစ္စကို ထည့်သွင်းဆွေးနွေးတယ်။ ဒီနေ့ စကားပြောခွင့် ရချင်တဲ့အကြောင်းရင်းကတော့ တကမ္ဘာလုံးမှာ လက်ရှိအခြေအနေအမျိုးမျိုးတွေ ကြုံနေရတာတောင်မှ မြန်မာကိစ္စဟာ ကျနော်စိတ်ထဲမှာ ရှေ့ဆုံးဦးစားပေးတွေထဲမှာ ရှိနေတယ်ဆိုတာကို ခင်ဗျားတို့ကို ပြောပြဖို့ဖြစ်တယ်။ ဒါကြောင့်မို့လည်း သမ္မတကြီးက အထွေထွေ ညီလာခံမိန့်ခွန်းမှာ ဒီကိစ္စကို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
မြန်မာ့အခြေအနေ ပိုဆိုးလာ၊ အားထုတ် လုပ်ကိုင်ရန် လိုကြောင်း ကုလသမဂ္ဂနှင့် ASEAN ပြော
မြန်မာစစ်တပ်ကို “လူရမ်းကား”များဟု အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံ ခေါ်
မြန်မာကို ဝိုင်းပယ်မှုများအတွက် ထိုင်းအထူးသံတမန် သတိပေး
NUG နှင့် ပိုမိုထိတွေ့ဆက်ဆံရန် အာဆီယံကို အမေရိကန် တောင်းဆို
တရုတ် – အမေရိကန် တင်းမာမှုတွင် ရှေ့တန်းစစ်မျက်နှာသစ် မြန်မာ
မြန်မာအကျပ်အတည်း ကိုင်တွယ်ရေး အမေရိကန် တဆင့်တက်တော့မည်