မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီ ၁၉၄၇ ခုနှစ် ကတည်းက စတင် တည်ထောင်ခဲ့ပြီး နိုင်ငံမှာ သက်တမ်းအရင့်ဆုံး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ကရင် အမျိုးသား အစည်းအရုံး (KNU) ဟာ လက်ရှိမှာ စစ်ကောင်စီ ပြုတ်ကျရေးအတွက် သူထိန်းချုပ်နိုင်တဲ့ ဒေသတွေမှာ တိုက်ပွဲအပြင်းအထန် ဝင်နေပါတယ်။
KNU ရဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ကရင် အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)တို့က ကရင်ပြည်နယ်အပြင် မွန်ပြည်နယ်နဲ့ ပဲခူး၊ တနင်္သာရီတိုင်းတွေမှာ စစ် ကောင်စီကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ အာဏာသိမ်းအပြီး စစ်တပ်က ရာနဲ့ချီတဲ့ ဆန္ဒပြပြည်သူတွေကို သတ်ဖြတ်နေချိန်မှာတော့ KNU ဟာ စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်လိုတဲ့ နိုင်ငံအနှံ့က လူငယ်လူရွယ်တွေကို စစ်သင်တန်းတွေပေးပြီး လက်နက်တွေ တပ်ဆင်ပေးခဲ့ပါတယ်။
တဆက်တည်းမှာပဲ နှစ်ပေါင်း ၇၀ ကြာ တော်လှန်ခဲ့တဲ့ ကရင့်လက်နက်ကိုင်တော်လှန်ရေးကို စစ်အာဏာ သိမ်းပြီး နောက်ပိုင်း ပေါ်ပါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) တွေနဲ့အတူ ပြန်လည်အရှိန်မြင့် တိုက်ပွဲဝင်နေတာပါ။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ အာဏာသိမ်းအပြီး စစ်တပ်က ရာနဲ့ချီတဲ့ ဆန္ဒပြပြည်သူတွေကို သတ်ဖြတ်နေချိန်မှာတော့ KNU ဟာ စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်လိုတဲ့ နိုင်ငံအနှံ့က လူငယ်လူရွယ်တွေကို စစ်သင်တန်းတွေပေးပြီး လက်နက်တွေ တပ်ဆင်ပေးခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်တာကာလာအတွင်း တိုက်ပွဲပေါင်း ၇၀၀၀ ကျော်အထိ ဆင်နွဲထားပြီး စစ်ကောင်စီ တပ်သားပေါင်း ၅၀၀၀ ကျော်အထိ သေဆုံးစေခဲ့သလို အဆိုပါတိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်သားပေါင်း ရာဂဏန်းထိလည်း ဆုံးရှုံးထားပါတယ်။
KNU ဟာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနှင့် ဖယ်ဒရယ်တိုင်းပြည်ထူထောင်ရေးအတွက် အမျိုးသား ညီညွတ်ရေး အ တိုင်ပင်ခံ ကောင်စီအပြင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နဲ့လည်း လက်တွဲဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တခုလည်း ဖြစ်ပါတယ်။
လာမည့်ကာလတွေအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး၊ စစ်ရေး အလားအလာတွေနဲ့ ပက်သက်ပြီး KNU ဗဟိုရဲ့ ပြောရေးဆိုခွင့်ရှိ နိုင်ငံခြားရေးဌာနအကြီးအကဲဖြစ်သူ ပဒိုစောတောနီးအား ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ၂၀၂၃ မှာ စစ်အာဏာရှင် စနစ် ပြုတ်ကျရေး အရှိန်မြင့်မယ်၊ အပြတ်တိုက်မယ်လို့ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်း တော်တော်များများနဲ့ အမျိုးသား ညီညွှတ်ရေး အစိုးရ (NUG) က နှစ်သစ်ကူး မိန့်ခွန်းတွေမှာ ကြွေးကြော်ထားပါတယ်။ KNU အနေနဲ့ကော ဘယ်လိုသဘောထားရှိပါသလဲ။ တော်လှန်ရေး အရှိန်မြင့်သွားဖို့ ရှိပါသလား။
ဖြေ ။ ။ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ဆိုရင် ရှင်းရှင်းလင်းလင်း မူဝါဒါချပြထားတယ်။ အချို့အဖွဲ့တွေ ကတော့ ရှင်းရှင်းလင်းလင်း မပြောသေးဘူး။ ဒါပေမယ့် တနည်းတလမ်းနဲ့ စစ်ကောင်စီကို လုံးဝလက်မခံဘူး ဆိုတာက တော့ ကျနော်တို့ နားလည်ထားပြီးသားပါ။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး ကျနော်တို့ ဒီတိုင်းပြည်ထဲမှာရှိတယ်ဆိုတော့ စစ်ကောင်စီကို မကြိုက်ဘူးဆိုရင် တိုက်ဖို့ပဲ ရှိတော့တယ်။ တခြားလမ်း မရှိဘူး။ အဲဒါကြောင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနှစ်ပြီးတော့ အခု ၂ နှစ်ပြည့်ခါနီးမှာ သေချာသွားပြီဆိုတာ အထူးသဖြင့် ကျနော် ပြောချင်တာကတော့ အဖွဲ့အစည်းတွေက နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောလာတာကတော့ တကယ်ဝမ်းသာစရာပဲ။ ဒါကြိုဆိုရမည့် ကိစ္စပဲလေ။
ကျနော်တို့ အဖွဲ့အစည်းအနေနဲ့တော့ ဘာမှထူးထူးခြားခြား ပြောစရာ မရှိတော့ဘူး။ ကျနော်တို့က နဂိုကတည်းက ရှင်းရှင်းလင်းလင်းဖော်ပြထားပြီးသား။ ဒီလိုနဲ့ တိုက်ပွဲဝင်တယ်။ တိုက်ပွဲကလည်း ၂ နှစ်အတောအတွင်း တိုက်ပွဲပေါင်း ၇၀၀၀ ကျော်သွားပြီဆိုတော့ ကျနော်တို့ ဘယ်လိုမှ လျော့လို့မရဘူးဗျ။ ကျနော်တို့ ရည်မှန်းထားတဲ့ ပန်းတိုင်ကို ဆုံးခန်းတိုင် ဆက်လျှောက်ဖို့ပဲ ရှိတော့တယ်။
ကျနော်တို့က နဂိုကတည်းက ရှင်းရှင်းလင်းလင်းဖော်ပြထားပြီးသား။ ဒီလိုနဲ့ တိုက်ပွဲဝင်တယ်။ တိုက်ပွဲကလည်း ၂ နှစ်အတောအတွင်း တိုက်ပွဲပေါင်း ၇၀၀၀ ကျော်သွားပြီဆိုတော့ ကျနော်တို့ ဘယ်လိုမှ လျော့လို့မရဘူးဗျ။ ကျနော်တို့ ရည်မှန်းထားတဲ့ ပန်းတိုင်ကို ဆုံးခန်းတိုင် ဆက်လျှောက်ဖို့ပဲ ရှိတော့တယ်။
အဲဒီတော့ ဘယ်ကဏ္ဍဘယ်နေရာမှ တခုတည်း ထူးခြားပြီးတော့ အရှိန်မြှင့်လို့မရဘူး။ မြှင့်ရင် အကုန်မြှင့်ရမှာပဲ။ နိုင်ငံရေးရော စစ်ရေးကော ဘယ်အရာပဲ ဖြစ်ဖြစ် ဘယ်တိုက်ပွဲကိုမဆို ကျနော်တို့မှာ အဲ့ဒါပဲ ရှိတော့တယ်။ အခုအချိန်ကာလမှ သေချာတာက မြှင့်ရမယ်ဆိုတာတော့ ရှင်းနေတာပဲ။
မေး ။ ။ လက်နက်ကိုင်တော်လှန်ရေးမှာ ဘယ်လိုတိုးတက်မှုတွေ ရှိလာပြီလဲ။
ဖြေ ။ ။ ကျနော် တခု သတိပြုမိတာက ပြီးခဲ့တဲ့ တနှစ်နဲ့ ၂ နှစ်တွင်း တိုက်ပွဲတွေက ပုံမှန်အားဖြင့်တော့ သမားရိုးကျ အပိုင်းတွေ ရှိတာပေါ့။ အထူးသဖြင့် ပြောက်ကျားတိုက်ပွဲစနစ်မှာ တော်တော်လေး အသားကျလာတဲ့အခါကျတော့ ချုံခို တိုက်ပွဲ၊ စနိုက်ပါ ရံဖန်ရံခါ စခန်းသိမ်းတိုက်ပွဲတွေ ရှိမှာပေါ့။ ဒါပေမယ့် ဒီနှစ်ထူးခြားတာတော့ မထင်မှတ်ဘဲနဲ့ မြို့ထဲကို အခြေအနေပေးရင် ပေးသလို ဝင်ချလာတယ်။ ကော့ကရိတ်ဆို တခါဝင်ချပြီးပြီ။ တရက်လုံးကြာတယ်။
ဒါက သေချာဗျူဟာဆွဲပြီးတိုက်တဲ့ မြို့သိမ်းတိုက်ပွဲလည်း မဟုတ်ဘူး။ ဒါပေမယ့် ဒီလိုအခြေအနေမှာ ကျနော်တို့ရဲ့ လုပ်နိုင်စွမ်းက ပြသလိုက်တာပဲ။ ဒါက တချက်။ ဒုတိယတချက်က တပ်ရင်းဌာနချုပ်ကို ကျနော်တို့ တခါမှ မတိုက်ခဲ့ဘူး။ အင်မတန် ရှားပါးပါတယ်။ ဒါပေမယ့် တပ်ရင်းတပ်ဌာချုပ်ကို တရက်တည်း သုံးခုစလုံးကို ဝင်ကျုံး ပစ်လိုက်တာ။ ဒါထူးခြားမှုပဲ။
စစ်အာဏာရှင်တရပ်ကျဆုံးဖို့ဆိုတာ ကိုယ့်ပြည်နယ်တခုတည်း ကျဆုံးသွားလို့ မရဘူးလေ။ ဒါက တိုင်းပြည်တခုလုံး အတိုင်းအတာ ကျဆုံးဖို့ လိုအပ်တဲ့အခါကျတော့ ဒါတွေကို အချိတ်အဆက်မိမိ လုပ်သွားဖို့ပဲ ရှိပါတယ်။
သို့သော် ကျနော်တို့ အရင်က ဒါမျိုး လုပ်နိုင်စွမ်း မရှိခဲ့ဘူး။ အခုက ထလုပ်နိုင်တာ။ နောက်ထပ်ဆို ဒါမျိုး တိုက်ခိုက်မှုတွေ မရှိနိုင်ဘူးလို့ ပြောလို့မရဘူး။ ကျနော်တို့က ပြောပြီးသား အရှိန်မြှင့်ရမယ့်ကဏ္ဍအသီးသီးမှာ မြှင့်တော့မှာလေ။
မေး ။ ။ မြန်မာပြည်အလယ်ပိုင်းက စစ်ဆင်ရေးတချို့မှာ KNU က ဦးဆောင်တယ်ဆိုတဲ့ ဒေသခံ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေ တွေ့ပါတယ်။ KNU ထိန်းချုပ်နယ်မြေတွေအပြင် အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ စစ်ဆင်ရေးတွေ ပူးပေါင်း တိုးမြင့်သွားဖို့ ရှိပါသလား။
ဖြေ ။ ။ စစ်ရေး စီမံချက်တခုအနေနဲ့ကတော့ စစ်အာဏာရှင်တရပ်ကျဆုံးဖို့ဆိုတာ ကိုယ့်ပြည်နယ်တခုတည်း ကျဆုံးသွားလို့ မရဘူးလေ။ ဒါက တိုင်းပြည်တခုလုံး အတိုင်းအတာ ကျဆုံးဖို့ လိုအပ်တဲ့အခါကျတော့ ဒါတွေကို အချိတ်အဆက်မိမိ လုပ်သွားဖို့ပဲ ရှိပါတယ်။ အသေးစိတ်အချက်အလက်တွေကတော့ ကျနော်တို့ ပြောဖို့မလိုအပ်သေးပါဘူး။ သို့သော်လည်း ဒီလိုဟာမျိုးတွေက ဆင့်ကဲဆင့်ကဲနဲ့ မဖြစ်လာတော့ဘူးဆိုတာ ယတိပြက်ပြောလို့မရတော့ဘူးဆိုတဲ့ အခြေအနေတွေက တဖြည်းဖြည်းနဲ့ မျက်ဝါးထင်ထင်ရှိလာပါပြီ။
မေး ။ ။ တော်လှန်ရေးအရှိန်မြင့်လာတာနဲ့ အမျှ စစ်ကောင်စီဘက်ကလည်း အရပ်သား ပြည်သူမခွဲခြားတဲ့ လေယာဉ်ဗုံးကြဲမှုတွေ၊ မီးရှို့မှုတွေ လုပ်လာနေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကို ဘယ်လိုမျိုး တုံပြန်ရင်ဆိုင်သွားဖို့ ပြင်ဆင်ထားပါသလဲ။
ဖြေ ။ ။ ဒီဘက်ပိုင်းမှာ ပြောရမယ့်ဆိုရင်တော့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ လုံးဝကို မလုပ်သင့်တဲ့အလုပ်တခုကို သူ လုပ်နေပြီ။ ဒါကတော့ လုံးဝကို အထူးသဖြင့် စစ်ရာဇဝတ်မှုကို ကျူးလွန်လိုက်တာပဲ။ ဒီလို မလုပ်သင့် မလုပ်ထိုက်တာကို ဆင့်ကာဆင့်ကာနဲ့ ဆထက်တံပိုး တိုးပြီးတော့ အဆက်မပြတ် လုပ်လာတဲ့အခါမှာ သူက နွံထဲမှာ နစ်သွားတဲ့ အခြေအနေကနေ လုံးဝရုန်းထလို့မရတော့ဘူးဆိုတာ ဖော်ပြလိုက်တာပဲ။
လေယာဉ်နဲ့ ပစ်တဲ့အခါမှာ ကျနော်တို့ လက်နက်နဲ့ တုန့်ပြန်ဖို့ဆိုတာ ဒီအချိန် ဒီကာလမှာ မဖြစ်နိုင်ဘူး ဆိုပေမယ့် အခြားဖြစ်နိုင်မည့်နည်းလမ်းတွေ အမျိုးမျိုးရှာကြံပြီးတော့ နိုင်ငံတကာနဲ့ လက်ချင်းချိတ်ပြီး ဆက်လက်လုပ်ဆောင်နေဆဲပါ။ ယုံကြည်ပါတယ်။ ချက်ချင်း မပေါ်လာနိုင်တော့ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာမှာ သေချာပါတယ်။
ကျနော်တို့ ဘယ်လို ကာကွယ်သွားမလဲဆိုတာ ကျနော်တို့က တော်လှန်ရေးသမားတွေလေ။ ပြည်သူကို အခြေခံတဲ့ တော်လှန်ရေး ဖြစ်တဲ့အခါ လက်ရှိမှာ ဘာမှမပြည့်စုံဘူးဆိုပေမယ့် ကျနော်တို့ တဆင့်ချင်းစီ သွားဖို့ ရှိပါတယ်။ ပထမဆုံး ဒီလိုဟာတွေနဲ့ ကင်းဝေးအောင်အတွက် ကျနော်တို့က သတိဝီရိယရှိရှိနဲ့ တော်လှန်ရေးအသိနဲ့ပဲ ကျနော်တို့ ပြည်သူကော တော်လှန်ရေးသမားတွေကော အားလုံးက တော်လှန်ရေးသမားဖြစ်နေတဲ့အတွက် အားလုံးကို အကြမ်းဖက်စစ်အုပ်စုက ရန်သူလို့ သတ်မှတ်ထားတဲ့ အတွက် အမြဲတမ်း သတိဝိရီယ ရှိရမယ်နော်။
အဲဒါကြောင့် နေထိုင်သွားလာမှုအပိုင်းမှာတော့ အမြဲတမ်း ဆင်ဆင်ခြင်ခြင်နဲ့ အသိပေးတဲ့အချက်တွေ ရှိလာတဲ့အခါမှာလည်း ရှိသင့်တဲ့ဟာတွေ လက်နက်ကြီးဆိုလည်း အရမ်းကာရော လျှောက်ပစ်တဲ့အခါကျတော့ ကျနော်တို့မှာ လိုအပ်တဲ့ ဗုံးခိုကျင်းတွေက အစပေါ့။ ဒါတွေက လုပ်ထားဖို့တော့ လိုတာပေါ့။
ဒါက ပထမအဆင့်ပါ။ နောက်တဆင့်က ဒီထက်ပိုပြီးတော့ ကာကွယ်နိုင်တဲ့အဆင့်က ကျနော်တို့မှာ နိုင်ငံတကာနဲ့ ပတ်သက်ပြီး တန်ပြန်ဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ ဆိုလိုတာက လေယာဉ်နဲ့ ပစ်တဲ့အခါမှာ ကျနော်တို့ လက်နက်နဲ့ တုန့်ပြန်ဖို့ဆိုတာ ဒီအချိန် ဒီကာလမှာ မဖြစ်နိုင်ဘူး ဆိုပေမယ့် အခြားဖြစ်နိုင်မည့်နည်းလမ်းတွေ အမျိုးမျိုးရှာကြံပြီးတော့ နိုင်ငံတကာနဲ့ လက်ချင်းချိတ်ပြီး ဆက်လက်လုပ်ဆောင်နေဆဲပါ။ ယုံကြည်ပါတယ်။ ချက်ချင်း မပေါ်လာနိုင်တော့ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာမှာ သေချာပါတယ်။
အထူးသဖြင့် လေယာဉ်ဆီတွေ ပြတ်တောက်သွားအောင် ကျနော်တို့ လက်တွဲပြီးတော့ နိုင်ငံတကာရဲ့ အနေအထားနဲ့ ပြည်တွင်းက လှုပ်ရှားမှုတွေကော ဒီဘက်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေကော အားလုံးက သူ့တာဝန်ကိုယ်စီ ရှိကြတဲ့အပေါ် ဆက်ပြီးကြိုးစားသွားမယ်။
နောက်ပြီး တချက်ပြောချင်တာက ဒီလိုမျိုး ထိရောက်မှုရှိရှိနဲ့ တန်ပြန်နိုင်ဖို့ အထူးသဖြင့် လေကြောင်းကို အားကိုးပြီး အသာစီး ရယူထားနိုင်တဲ့အနေအထားကို တန်ပြန်နိုင်တဲ့ လက်နက်မျိုးလိုအပ်ပြီဆိုတာကို နိုင်ငံတကာက ရှင်းရှင်း လင်းလင်းမြင်လာပြီဆိုရင်တော့ ဆင့်ကဲဆင့်ကဲ ဖြစ်လာနိုင်မယ့် အနေအထားတော့ ရှိတယ်။ ချက်ချင်းလက်ငင်းတော့ မပေါ်လာဘူးဆိုပေမယ့် မဖြစ်နိုင်ဘူးဆိုတာတော့ လူတွေက လုံးဝကို ပြောလို့မရနိုင်တဲ့ အနေအထားကို ရောက်ကို ရောက်လာတော့မယ်ဆိုတာတော့ ပြောချင်ပါတယ်။
မေး ။ ။ နိုင်ငံရေးအပိုင်းမှာ ပြည်သူ့တော်လှန်ရေးက ဘယ်လောက်ထိ အောင်မြင်နေပြီလို့ ပြောလို့ရနိုင်သလဲ။
ဖြေ ။ ။ နိုင်ငံရေးအရ ဆိုရင်တော့ သူ့မှာ ကျားကုန်ကျားခဲ အခြား ဘာမှ လှုပ်ရှားနိုင်စွမ်းမရှိတော့ပါဘူး။ နိုင်ငံရေးအရ အသိအမှတ်ပြုရေးမှာ နိုင်ငံတကာအဆင့်မှာ သူလုံး၀ ကျရှုံးနေပြီ။ နောက်ဆုံးထွက်သက်အနေနဲ့ သူကျားကုန်ကျားခဲ လုပ်နေတဲ့အရာကတော့ တရားမဝင် ရွေးကောက်ပွဲတခုကို မဖြစ်ဖြစ်တဲ့နည်းနဲ့ လျှောက်လုပ်နေတဲ့ ကိစ္စပဲ ဖြစ်တယ်။ ကျနော်တို့က နိုင်ငံရေးအရ သူ့ကို ကိုယ်ဘာသာကို သတ်သေသွားနိုင်တဲ့ အနေအထားတခု ရောက်အောင် ကျနော်တို့က ဖွင့်ပြီး တိုက်ရတော့မှာပဲ။ လုံး၀ လက်ခံလို့မရဘူး။
ကျနော်တို့ ရှင်းရှင်းလင်းလင်း သတင်းစကားပြောချင်တာကတော့ ပြည်သူလူထုက လုံးဝ တိုက်ဖျက်ရမယ်။ ပူးပေါင်းဖို့ဆိုတာ လုံးဝ၊ လုံးဝကို မဖြစ်နိုင်ဘူး။ ဒါကြီးက အပြတ်တိုက်ပွဲပဲ။ နိုင်ငံရေးအရ အကောင်အထည်မဖော်နိုင်ဘူးဆိုရင် သူခေါင်းဖော်လို့ မရဘူးဆိုတာ ရှင်းနေတာပဲ။ အဲဒါကြောင့် ဒီရွေးကောက်ပွဲကို အပြတ်တိုက်ချရမယ်။
ရွေးကောက်ပွဲအတွက် ကျနော်တို့ ပြတ်ပြတ်သားသား ဆန့်ကျင်ပြောကြားထားတာ ရှိပါတယ်။ အားလုံးက တာဝန်ခံရမယ်ဆိုပြီး ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ နိုဝင်ဘာ ၁၁ လက်နက်ကိုင်နဲ့ ပြည်သူလူထု တွေ့ဆုံပွဲမှာလည်း ကျနော်တို့ KNU ထိပ်တန်းခေါင်းဆောင်တွေက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ အဲဒီထဲမှာ ကရင်နိုင်ငံရေး ပါတီတွေလည်း ရှိတယ်။ ဒီသတင်းစကားက ပေါ့ပေါ့ပျက်ပျက် သတင်းစကား မဟုတ်ပါဘူး။
မေး ။ ။ တော်လှန်ရေး အဖွဲ့အစည်းတွေက စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ထားပြီး ရွှေးကောက်ပွဲ ဖြစ် မြောက်ရေး ပူးပေါင်းလုပ်ဆောင်သူတွေကို သတိပေး အရေးယူတာတွေ လုပ်နေကြပါတယ်။ KNU အနေနဲ့ကော ဘယ်လိုမျိုး အရေးယူမှုတွေ ပြုလုပ်ဖို့ ရှိနေပါသလဲ။
ဖြေ ။ ။ ရွေးကောက်ပွဲအတွက် ကျနော်တို့ ပြတ်ပြတ်သားသား ဆန့်ကျင်ပြောကြားထားတာ ရှိပါတယ်။ အားလုံးက တာဝန်ခံရမယ်ဆိုပြီး ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ နိုဝင်ဘာ ၁၁ လက်နက်ကိုင်နဲ့ ပြည်သူလူထု တွေ့ဆုံပွဲမှာလည်း ကျနော်တို့ KNU ထိပ်တန်းခေါင်းဆောင်တွေက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ အဲဒီထဲမှာ ကရင်နိုင်ငံရေး ပါတီတွေလည်း ရှိတယ်။ ဒီသတင်းစကားက ပေါ့ပေါ့ပျက်ပျက် သတင်းစကား မဟုတ်ပါဘူး။ အလေးတယူပြောတဲ့စကားဖြစ်တယ်။ ကြားတဲ့လူတိုင်းက ဒါကို အလေအနက်ထား လုပ်ဆောင်ဖို့ လိုတယ်။
ဒါကြောင့် ဒီဟာတွေဖြစ်လာရင် ဘယ်လိုဖြစ်မယ်ဆိုတာ ဆင့်ကဲမပြောတော့ဘူး။ ဒါပေမယ့် မူဝါဒပိုင်းအရ ခိုင်မာမှုနဲ့ စည်းနှောင်မှုရှိတဲ့ မူဝါဒကို မထိလေးစား လုပ်မယ်ဆိုရင်တော့ နောက်ဆက်တွဲတာဝန်ယူရမယ်ဆိုတာတော့ လုပ်တဲ့သူတွေက သဘောပေါက်ပါလိမ့်မယ်။ ဒီထက်ပိုပြီးတော့ ပြောလို့မရသေးဘူး။
မေး ။ ။ KNU နယ်မြေတွေမှာ ဘယ်လောက်ထိ အသာစီးယူ ထိန်းချုပ်ထားနိုင်ပြီလဲ။
ဖြေ ။ ။ စစ်အာဏာသိမ်းပြီး ၂၀၂၁ နောက်ပိုင်းမှာ အုပ်ချုပ်ရေးစနစ်အားလုံး သူတို့လုံး၀ လက်လွှတ်လိုက်ရပြီလို့ ပြောလို့ရတယ်။ သူတို့ကိုယ်တိုင် မြို့ထဲမှာ ရပ်တည်ဖို့ဆိုတာ အုပ်ချုပ်ရေးက ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေပြီဆိုတာ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူထုကလည်း အထူးသဖြင့် CDM လှုပ်ရှားမှုမှာ အများကြီး ပါဝင်ပတ်သက်လာတော့ ကျနော်တို့သိသလောက် တောနယ်တွေမှာ ကျောင်းတွေ ဆေးရုံတွေ ဘာမှ အလုပ်မလုပ်နိုင်တော့ဘူး။ အုပ်ချုပ်ရေးစနစ် တော်တော်များများ ရပ်သွားတယ်ဆိုတာ ရှင်းနေတာပဲ။
ကိုယ့်ဘက်က ဘာပဲပြင်ဆင်ရမလဲဆိုတော့ ဒီနေရာတွေမှာ ဘယ်လိုနည်းနဲ့ အစားထိုးအုပ်ချုပ်ရမလဲဆိုတာ အမြဲတမ်းစဉ်းစားရမယ့် အရာတွေဖြစ်တယ်။ ကျနော်တို့ဘက်က ရှင်းတယ်လေ။ တိုက်ပွဲတလျှောက်လုံးမှာ တိုက်ပွဲတွေ တိုက်ပွဲတွေနဲ့ပဲ လုံးပန်းလာတဲ့အခါကြတော့ အုပ်ချုပ်ရေးစနစ်ချမှတ်မှုအပိုင်းမှာ နည်းနည်းတော့ လိုအပ်တယ်။
ဘယ်အရာမဆို အလကားမရဘူးဆိုတာ လွတ်လပ်မှုဆိုတာ အင်မတန် ခက်ခဲပင်ပန်းပြီးတော့ တန်ဖိုးကြီးကြီးပေးပြီး ဝယ်ရတဲ့အရာတခု ဖြစ်တယ်ဆိုတာကတော့ စိတ်ထဲမှာ စွဲစွဲမြဲမြဲ နားလည်ထားဖို့တော့ လိုတယ်။
ကျနော်တို့ တိုက်ပွဲဝင်တယ်ဆိုတာ လက်နက်ကိုင်တိုက်ပွဲတခုတည်း မဟုတ်ဘူး။ နယ်မြေ ရှိတယ်။ လူထုရှိတယ်။ ကိုယ့်ရဲ့ရှိရင်းစွဲ အုပ်ချုပ်ရေးလည်း ရှိတယ်။ ကိုယ်ရဲ့ ခေါင်းဆောင်ကို ရွေးချယ်တာလည်း သာမန်ကာလျှံကာ လုပ်နေတာ မဟုတ်ဘူး။ လေးနှစ်ပြည့်တိုင်း ရွေးကောက်ပွဲနဲ့ ပုံစံတကျသွားနေတာ တော်တော်အသားကျပြီဆိုတာ ပြောလို့ရတယ်။ အဲဒါကြောင့် ဒီစနစ်မျိုးရှိတဲ့ ကျနော်တို့က ဒီဟာကို ခိုင်ခိုင်မြဲမြဲနဲ့ ဆက်ပြီး တွန်းသွားဖို့ပဲရှိတယ်။
မေး ။ ။ ဘာများ ထပ်ပြီး အသိပေးပြောကြားလိုပါသလဲ။
ဖြေ ။ ။ ထူးထူးခြားခြားတော့ မရှိသေးဘူး။ သို့သော်လည်း ကျနော်တို့လုပ်ကိုင်နေတဲ့ အလုပ်ပိုင်းမှာတော့ ဆက်ပြီးတော့ တွန်းသွားဖို့ပဲ ရှိတဲ့အခါကြတော့ တခုနားလည်ဖို့က ဘယ်အရာမဆို အလကားမရဘူးဆိုတာ လွတ်လပ်မှုဆိုတာ အင်မတန် ခက်ခဲပင်ပန်းပြီးတော့ တန်ဖိုးကြီးကြီးပေးပြီး ဝယ်ရတဲ့အရာတခု ဖြစ်တယ်ဆိုတာကတော့ စိတ်ထဲမှာ စွဲစွဲမြဲမြဲ နားလည်ထားဖို့တော့ လိုတယ်။
အဲဒါကြောင့် ဘယ်သောအခါမှ အောင်မြင်မလဲဆိုတာ မေးခွန်းမေးနေတာထက် ကိုယ်တိုင်ကလည်း ဒီထဲမှာ ထဲထဲဝင်ဝင်နဲ့ ဘယ်လောက်ထိ ပေးဆပ်နိုင်သလဲဆိုတာ စဉ်းစားပြီး လက်တွဲကြိုးစားသွားရင် မြန်မြန်လေးအောင်မြင်မယ်လို့ ယူဆတယ်။ အားလုံးစိတ်ရှည်သည်းခံမှုတခုတော့ လိုအပ်တယ်။ ကြိုးစားမှုကိုတော့ ဒီထက်ပိုပြီးတော့ လေးလေးနက်နက်လုပ်ရမယ့် အပိုင်းတွေတော့ ရှိတယ်။ သေချာပြောနိုင်တာကတော့ သေချာလုပ်နိုင်လေလေ ပိုပြီးတော့ မြန်လေလေပဲ။
You may also like these stories :
စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲ ရခိုင်လူထု စိတ်မဝင်စား
စစ်ကောင်စီ၏ ပါတီမှတ်ပုံတင်ဥပဒေသစ် NLD ဖယ်ထုတ်ရေးလား
စစ်အာဏာသိမ်း ၂ နှစ်ကာလ ရီဗျူး – ၁
စစ်အာဏာသိမ်း ၂ နှစ်ကာလ ရီဗျူး -၂