ယခုနှစ် မြန်မာ့စစ်ရေး ဖြစ်ပေါ်တိုးတက်မှုကို အကဲဖြတ်ခြင်း

Igor Blazevic
PDF တိုက်ခိုက်ရေးသမားများ

အောက်ပါ တွေ့ဆုံမေးမြန်းခန်းတွင် စစ်ကောင်စီကို အရပ်ဘက်လူထုခုခံမှုနှင့် လက်နက်ကိုင် ဆန့်ကျင်မှုအခြေအနေ၊ လက်နက်ကိုင်ပုန်ကန်မှုကို ထိန်းချုပ်ရန် ၂ နှစ်ကြာ ကြိုးစားပြီးနောက် မြန်မာစစ်တပ်၏ အခြေအနေတို့ကို လူ့အခွင့်အရေးလှုပ်ရှားသူ အီဂေါ ဘလက်ဇီဗစ်က လုံခြုံရေးသုတေသီ အန်ထော်နီ ဒေးဗစ်နှင့် ဆွေးနွေးထားသည်။

ဘလက်ဇီဗစ် ။ ။ အန်ထော်နီ၊ ခင်ဗျားက စစ်ရေးလေ့လာသူ ဖြစ်တယ်။ ဒါပေမယ့် ပုံစံအမျိုးမျိုးရှိတဲ့ လူထုခုခံ အာဏာဖီဆန်မှုတွေဟာ မြန်မာစစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ အရေးပါတဲ့အချက်တွေအဖြစ် ဆက်လက် ရှိနေသေးလားဆိုတာကို စတင်မေးခွင့်ပြုပါ။ နွေဦးတော်လှန်ရေးဟာ လူထုခုခံမှုနဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှ လက်နက်ကိုင်ခုခံတော်လှန်မှု ဖြစ်သွားတယ်။ လူထုခုခံမှုက အခုချိန်မှာ ဘယ်အခန်းကဏ္ဍကနေ ပါဝင်နေလဲ။ လူထုခုခံဆန့်ကျင်မှု အရေးကြီးတဲ့အချက် ဖြစ်နေသေးလား။ ဒါမှမဟုတ် ရလဒ်ကို စစ်မြေပြင်မှာ ဆုံးဖြတ်မှာလား။

ဒေးဗစ် ။ ။ လူထုစည်းရုံးလှုပ်ရှားမှုနဲ့ လူမှုဖွဲ့စည်းမှုက ဘယ်လို ပြည်သူ့လက်နက်ကိုင် တိုက်ပွဲအတွက်မဆို အရေးပါတဲ့ အထောက်အကူအဖြစ် အခြေခံကျပါတယ်။ အထူးသဖြင့် စည်းရုံးလှုပ်ရှားမှု ဗဟိုချက်အဖြစ် တော်လှန်ရေးပါတီတရပ် မရှိတဲ့ ယနေ့ မြန်မာနိုင်ငံလို အခြေအနေမျိုးမှာ ပိုမိုအရေးပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၂၀၂၁ ခုနှစ် လူထုအုံကြွမှုကို ထောက်ကူတဲ့ တရားဝင်မှုကို ကိုယ်စားပြုပေမယ့် သူက ရှေ့ကိုချီတက်နေတဲ့ တော်လှန်ရေး ပါတီတရပ်မဟုတ်တာ သေချာတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၂၀၂၁ ခုနှစ် လူထုအုံကြွမှုကို ထောက်ကူတဲ့ တရားဝင်မှုကို ကိုယ်စားပြုပေမယ့် သူက ရှေ့ကိုချီတက်နေတဲ့ တော်လှန်ရေး ပါတီတရပ်မဟုတ်တာ သေချာတယ်။ အဲဒီလို ဗဟို တော်လှန်ရေးပါတီတရပ် မရှိတဲ့အတွက် နိုင်ငံတဝန်း ဒေသအသီးသီးက လူမှုအဖွဲ့အစည်းတွေက အရမ်းကို အရေးပါလာတယ်။

အဲဒီလို ဗဟို တော်လှန်ရေးပါတီတရပ် မရှိတဲ့အတွက် နိုင်ငံတဝန်း ဒေသအသီးသီးက လူမှုအဖွဲ့အစည်းတွေက အရမ်းကို အရေးပါလာတယ်။ အလွှာစုံက ပြည်သူတွေ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ စစ်ရေးအရ၊ သတင်းအချက်အလက် စစ်ပွဲအရ ပါဝင်မှုမရှိရင် ပြည်သူ့စစ်ပွဲဆိုတာ မရှိဘူး။ ကျနော့် အမြင်အရတော့ စစ်ရေးတိုက်ပွဲက အဆုံးအဖြတ်ကျတဲ့ အစိတ်အပိုင်းဖြစ်ပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထောက်ပံ့ထားတဲ့ လူမှုအဖွဲ့အစည်းတွေ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေကတဆင့် လူ့အဖွဲ့အစည်းက ဆက်လက်ထောက်ခံ ပါဝင်မှုမရှိရင် အဲဒီစစ်ရေးအစိတ်အပိုင်းဟာ အောင်မြင်မယ်လို့ မမျှော်လင့်နိုင်ဘူး။

လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ရေး တောင်းဆိုဆန္ဒပြမှုကို ရန်ကုန်မြို့ မြန်မာနိုင်ငံ ဗဟိုဘဏ်ရုံးရှေ့တွင် အာဏာသိမ်းမှု ဆန့်ကျင်ရေးသမားများက ပြုလုပ်နေစဉ် / ဧရာဝတီ

မေး ။ ။ ကျနော်တို့ဟာ ပြည်သူလူထု အရမ်းပင်ပန်းဆင်းရဲတဲ့ ပဋိပက္ခရဲ့ ဒုတိယနှစ်ထဲကို ရောက်နေပြီ။ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ဖိအားအောက်မှာ တော်လှန်ရေးနဲ့ ခုခံမှုအတွက် လူထုထောက်ခံမှုက ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ ထင်လား။ ဒါမှမဟုတ် မြန်မာပြည်သူတွေရဲ့ ခံနိုင်ရည်က အုံကြွမှု အစတုန်းကလို ခိုင်မာနေတယ်လို့ ထင်လား။

ဖြေ ။ ။ ဘန်ကောက်က အဆင့်မြင့်ရုံးခန်းမှာ ထိုင်ပြီးဖြေရမှာ အဲဒီမေးခွန်းက ကျနော့်အတွက် ခက်ခဲတဲ့ မေးခွန်းတခု ဖြစ်တယ်။ ယေဘုယျအမြင်အားဖြင့် ပြောရမယ်ဆိုရင် မြန်မာပြည်သူတွေက ဒီတိုက်ပွဲအတွက် အရမ်းကို စိတ်ပိုင်းဖြတ်ထားဆဲဖြစ်တယ်။ ဒါဟာ နောက်တကြိမ်ရဖို့ မဖြစ်နိုင်သလောက်ဖြစ်နေတဲ့ တော်လှန်ရေးအခွင့်အလမ်း ဆိုတာကို သူတို့သိတယ်။ မြန်မာအတွက် နိုင်ငံရေး၊ လူမှုရေးနဲ့စီးပွားရေး စနစ်သစ်ကို စတင်ဖို့ တကယ့်ကို သမိုင်းတွင်တဲ့ အခွင့်အလမ်းဆိုတာ သူတို့သိတယ်။ အဲဒီနိုးကြားသိမြင်မှုကို ယေဘုယျအားဖြင့် ခံစားနေရတယ်။

ဒါပေမယ့်လည်း ထောက်ခံမှု သို့မဟုတ် အားအင်ကုန်ခန်းနွမ်းနယ်မှု အဆင့်မတူတဲ့ဒေသတွေ အထင်အရှားရှိလာလိမ့်မယ်။ ကျနော် ကြားနေရတာကတော့ မြို့ပြဒေသ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတမြို့မြို့မှာနေရင် ပြည်သူတွေရဲ့ ဘဝတွေက အတိုင်းအတာတခုအထိ ပုံမှန်အခြေအနေ ပြန်ရောက်လာနေတယ် ဆိုတာပဲ။ တနေ့က ရန်ကုန်က ရောက်လာတဲ့ အမျိုးသမီးတယောက်နဲ့ စကားပြောကြည့်တော့ သူက “လမ်းမပေါ်မှာ စစ်တပ်တွေ သိပ်မတွေ့ရတော့ဘူး။ စစ်ဆေးတဲ့ စခန်းတွေကို ဖြတ်သန်းစရာ မလိုတော့ဘူး။ ဘဝက အတော်ကလေး ပုံမှန်ပြန်ဖြစ်နေပြီ” လို့ ပြောတယ်။ ဒါကြောင့် မြို့ပြဒေသမှာ အနှောင့်အယှက်သိပ်များများ မရှိဘဲနေရင် မိသားစုကို ရှာဖွေကျွေးမွေးပြီး စီးပွားရေးကို တတ်နိုင်သမျှ လုပ်ကိုင်ပြီး ပုံမှန်ဘဝအခြေအနေကို ပြန်ရောက်လိုတာ ကျိုးကြောင်းဆီလျော်တယ်။

ဒါပေမယ့် တကယ် စစ်ဖြစ်နေတဲ့နေရာတခုမှာ ရောက်နေရင်၊ တိုက်ပွဲတွေ ဖြစ်နေတဲ့၊ ရွာတွေ မီးရှို့ဖျက်ဆီးခံနေရတဲ့၊ လူတွေ အသတ်ခံနေရတဲ့ ကရင်ပြည်နယ် ဒါမှမဟုတ် စစ်ကိုင်း သို့မဟုတ် မကွေးတိုင်းမှာ၊ ချင်းပြည်နယ်မှာ ရောက်နေရင် တော်လှန်ရေးမှာပါဝင်ဖို့ မောင်းနှင်တဲ့ဒေါသက အင်အားအရမ်းကြီးမားနေမယ်လို့ ယူဆနိုင်တယ်။ ဘယ်နေရာ ဘယ်ဒေသမှာ ရောက်နေတယ်ဆိုတဲ့ အချက်ပေါ်မှာ အရမ်းမူတည်တယ်။

မေး ။ ။ မြန်မာစစ်တပ်က အင်အားတော်တော် ချည့်နဲ့နေပြီလား။ သူတို့ စစ်သားတွေနဲ့ ပိုင်နက်တွေကို ဆုံးရှုံးနေတယ်။ သူတို့တပ်တွေ ဘက်ပြောင်းနေတယ်။ သူတို့မှာ စစ်သားစုဆောင်းဖို့ ပြဿနာတွေ ရှိနေတယ်။ ချေမှုန်းစစ်ကို ခံနိုင်လောက်အောင် မြန်မာစစ်တပ်က အင်အားတောင့်တင်းသေးတယ်လို့ ထင်လား။ မြန်မာစစ်တပ်ရဲ့ အဓိက အားနည်းချက်တွေက ဘာတွေလဲ။

ဖြေ ။ ။ မြန်မာစစ်တပ်ရဲ့ အင်အားကို လျှော့တွက်ရင် မှားလိမ့်မယ်ဆိုတာကို အကျပ်အတည်း စတင်ကတည်းက ကျနော်အမြဲပြောခဲ့တယ်။ ဒီအဖွဲ့အစည်းဟာ နိုင်ငံကို ဆယ်စုနှစ် ၇ ခုကြာ သုံးခဲ့တဲ့ အဖွဲ့အစည်းသာမက နိုင်ငံကို သူတို့ပိုင်တယ်လို့ ထင်နေတဲ့ ကြီးမားတဲ့အဖွဲ့အစည်း ဖြစ်တယ်။ သူတို့ဟာ မြန်မာနိုင်ငံရဲ့ အနှစ်သာရကို ကိုယ်စားပြုပြီး နိုင်ငံအတွက် အကောင်းဆုံးက ဘာဖြစ်တယ်ဆိုတာနဲ့ နိုင်ငံရေးကို ဘယ်လိုလုပ်မယ်ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ ထင်နေတဲ့အဖွဲ့အစည်း ဖြစ်တယ်။

မြန်မာစစ်တပ်ရဲ့ အင်အားကို လျှော့တွက်ရင် မှားလိမ့်မယ်ဆိုတာကို အကျပ်အတည်း စတင်ကတည်းက ကျနော်အမြဲပြောခဲ့တယ်။ ဒီအဖွဲ့အစည်းဟာ နိုင်ငံကို ဆယ်စုနှစ် ၇ ခုကြာ သုံးခဲ့တဲ့ အဖွဲ့အစည်းသာမက နိုင်ငံကို သူတို့ပိုင်တယ်လို့ ထင်နေတဲ့ ကြီးမားတဲ့အဖွဲ့အစည်း ဖြစ်တယ်။

အဲဒီလိုစိတ်ဓာတ်နဲ့ စစ်တပ်ဟာ ဖွဲ့စည်းမှု၊ တပ်တွင်း ညီညွတ်မှု၊ စည်းကမ်း၊ စစ်ရေးရင်းမြစ်နဲ့ စီးပွားရေးအင်အား အဆင့်တဆင့်အထိ ရောက်အောင် နှစ်ပေါင်းများစွာ တည်ဆောက်ထားတယ်။ သာမန်ပြည်သူတွေက သူတို့ကို ရင်ဆိုင်တိုက်ခိုက်နေတာကြောင့် ဒီလူတွေကို လျှော့တွက်ရင် ဆိုးရွားတဲ့ အမှားဖြစ်လိမ့်မယ်။ သူတို့ကို လျှော့မတွက်သင့်ဘူး။

အာဏာသိမ်းပြီး နောက်လတွေမှာ စစ်တပ်က ဘက်ပြောင်းလာတာ၊ ထွက်ပြေးတာနဲ့ စစ်မြေပြင်ဆုံးရှုံးမှု အရေအတွက်တွေကို ချဲ့ကားလာတဲ့သဘော ရှိလာတယ်။ စစ်တပ်က ဘက်ပြောင်းမှု၊ ထွက်ပြေးမှုနဲ့ သေဆုံးမှု ပြဿနာတွေမှာ မြန်မာပြည်တွင်းနဲ့ ပြည်ပက သတင်းမီဒီယာတွေဟာ သရုပ်မှန်အတိုင်း ကောင်းကောင်းမလုပ်နိုင်ဘူး။

ကျနော်တို့ အရမ်းကြားနေရတဲ့ ဘက်ပြောင်းမှုနဲ့ တပ်ပြေးမှုကို စတင်ပြောရမယ်။ အဲဒီသတင်းကို ယုံကြည်ချင်လို့ ဒီစစ်တပ်က ပြိုကွဲလုနီးဖြစ်နေပြီလို့ စဉ်းစားချင်လာတယ်။ တကယ်တော့ အဲဒီလို မဟုတ်ဘူး။ ဒီပြဿနာကို အနီးကပ် လေ့လာပြီး မြန်မာနိုင်ငံထဲက အဆက်အသွယ်ကောင်းတဲ့ ရင်းမြစ်တွေနဲ့ ပုံမှန်ဆွေးနွေးနေတယ်။ ကျနော့် အကဲဖြတ်ချက်က မှားကောင်းမှားနိုင်ပေမယ့် ၂ နှစ်အတွင်း စစ်တပ်နဲ့ ရဲက ထွက်ပြေးသူအရေအတွက် စုစုပေါင်း ၃ ထောင်၊ ၄ ထောင်လောက် ရှိနိုင်တယ်။ ၂ နှစ်အတွင်း စစ်မြေပြင်မှာ သေဆုံးမှုနဲ့ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရမှုကို အတတ်နိုင်ဆုံး ခန့်မှန်းနိုင်တာကတော့ ၁ သောင်းနဲ့ ၁ သောင်းခွဲကြား ရှိနိုင်တယ်။

ဒါကြောင့် စစ်ကောင်စီတပ်က ထွက်သွားသူတွေနဲ့ သေဆုံးဒဏ်ရာရသူ အရေအတွက်အရ ပြောရရင် ကျနော်တို့ အနေနဲ့ ၂ သောင်းအောက်လောက်ပဲလို့ ပြောလို့ရတယ်။ ထိုးစစ်မှ ာတိုက်နိုင်တဲ့ စစ်ကောင်စီ စစ်အင်အားက ၁ သိန်းလောက် ရှိတယ်။ အဲဒီအင်အားထဲမှာ စစ်တပ်ပုံစံသွင်းထားတဲ့ ရဲအရေအတွက်က ၇ သောင်းလောက် ရှိနိုင်တယ်။ ဒီတော့ အင်အားဆုံးရှုံးမှုအရ ပြောရရင် ဒီ နှစ်နှစ်အတွင်း အင်အား ၁ သိန်း ၇ သောင်း ဒါမှမဟုတ် အဲဒီထက်များတဲ့အထဲက ၁ သောင်းခွဲလောက် ဆုံးရှုံးသွားနိုင်တယ်။

ဒီလိုဆုံးရှုံးမှုဟာ သေးငယ်တဲ့ ဆုံးရှုံးမှု မဟုတ်ပေမယ့် အင်အားချိနဲ့သွားစေမှာ မဟုတ်ဘဲ စစ်တပ်က ဒီတိုက်ပွဲအပေါ် ရှုမြင်ပုံကို ကြီးကြီးမားမား ပြန်လည် သုံးသပ်မယ်ဆိုတာကို ကျနော်သံသယရှိတယ်။ အဲဒီလောက်ဆုံးရှုံးမှုကို နေပြည်တော်က လက်ခံနိုင်တယ်။ ဒီအရေအတွက်ဟာ စစ်တပ်က ဆက်လက် လည်ပတ် တိုက်ခိုက်နိုင်မယ့် ပမာဏဖြစ်တယ်လို့ စစ်တပ်က ယုံကြည်တယ်။

နောက်ပြီးတော့ ဘက်ပြောင်းတာတွေ၊ တပ်ပြေးတွေနဲ့ပတ်သက်ပြီး ကျနော် ထပ်ပြောချင်တာတခု ရှိသေးတယ်။ သူတို့တွေက တဦးချင်း ဒါမှမဟုတ် အလွန်သေးငယ်တဲ့ နှစ်ယောက်တဖွဲ့၊ သုံးယောက်တဖွဲ့ ပြေးကြတာတွေ ဖြစ်တယ်။ ကျနော်တို့ မတွေ့ရသေးတာက – “မတွေ့ရသေးဘူး” ဆိုတဲ့စကားကို အလေးထားပြောတာနော် – တပ်ဖွဲ့တဖွဲ့လုံး ၁၀ ယောက်ဖြစ်စေ၊ အယောက် ၂၀ ဖြစ်စေ၊ ၃၀ ဖြစ်စေ အစုလိုက်အပြုံလိုက် လက်နက်စွန့်ပြီး အိမ်ပြန်တာဖြစ်စေ၊ တော်လှန်ရေးအင်အားစုနဲ့ ပေါင်းတာဖြစ်စေ ထွက်ပြေးလာတာ မတွေ့ရသေးဘူး။ အဲဒီလို မဖြစ်သေးဘူး။

ဘက်ပြောင်းတာတွေ၊ တပ်ပြေးတွေနဲ့ပတ်သက်ပြီး ကျနော် ထပ်ပြောချင်တာတခု ရှိသေးတယ်။ သူတို့တွေက တဦးချင်း ဒါမှမဟုတ် အလွန်သေးငယ်တဲ့ နှစ်ယောက်တဖွဲ့၊ သုံးယောက်တဖွဲ့ ပြေးကြတာတွေ ဖြစ်တယ်။ ကျနော်တို့ မတွေ့ရသေးတာက – “မတွေ့ရသေးဘူး” ဆိုတဲ့စကားကို အလေးထားပြောတာနော် – တပ်ဖွဲ့တဖွဲ့လုံး ၁၀ ယောက်ဖြစ်စေ၊ အယောက် ၂၀ ဖြစ်စေ၊ ၃၀ ဖြစ်စေ အစုလိုက်အပြုံလိုက် လက်နက်စွန့်ပြီး အိမ်ပြန်တာဖြစ်စေ၊ တော်လှန်ရေးအင်အားစုနဲ့ ပေါင်းတာဖြစ်စေ ထွက်ပြေးလာတာ မတွေ့ရသေးဘူး။

တနေ့မှာ အဲဒီလိုဖြစ်လာမယ်လို့ ကျနော်ယုံကြည်တယ်။ ဒါပေမယ့် အခုထိတော့ မဖြစ်သေးဘူး။ ဒါကိုကျနော်တို့ နားလည်ဖို့ လိုတယ်။ ဒါဟာ တိုက်ဆိုင်မှုမဟုတ်ဘူး။ ဒါဟာ မြန်မာစစ်တပ်က သူတို့ စည်းကမ်းအတိုင်း ထူးထူးခြားခြား ရှိနေသေးပြီး ညီညွတ်မှုရှိတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း ပြသနေသေးတယ်။

ဒါက သတင်းဆိုး မဟုတ်ဘူးဆိုရင် သတင်းကောင်းရော ရှိသေးသလား။ ရှိတယ်။ သူတို့မှာ စစ်မှန်တဲ့ အားနည်းချက်တချို့ ရှိနေတယ်။ အခြေခံအကျဆုံးကတော့ သူတို့မှာ တနိုင်ငံလုံးက ခုခံတော်လှန်ရေး အင်အားစုတွေကို ဖိနှိပ်နိုင်တဲ့ လုံလောက်တဲ့ လူအင်အား မရှိတော့ဘူး။ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်ရေးတပ် အားလုံးက လူအင်အားနည်းနေပြီး စစ်တပ်တခုလုံးအနေနဲ့ ပြောရရင် စစ်ပန်းနေပြီ။ နေရာအများအပြားမှာ မနိုင်တာတွေ လုပ်ချင်တယ်။ မြန်မာစစ်တပ်က တပ်ရင်းတိုင်းမှာ အရာရှိအရာခံ အကြပ်တပ်သား အင်အား ၇၅၀ ရှိသင့်တယ်။ အခုတော့ မြန်မာတပ်ရင်း တရင်းမှာ အခြေအနေ အရမ်းကောင်းရင်တောင်မှ ၂၀၀ လောက်၊ ၁၅၀ အောက်လောက်ပဲ ရှိတော့တယ်။ ၇၅၀ မရှိတော့ဘူး။ ၁၅၀ ပဲ ရှိတော့တယ်။ ဒါ အင်မတန်ကြီးမားတဲ့ ပြဿနာပဲ။

လေကြောင်းအကူအညီဆိုတာ တစုံတရာ အတိုင်းအတာအထိပဲရှိပြီး ဒါကို ချိန်ညှိလို့ရတယ်။ ၂၀၂၂ ခုနှစ် နောက်ဆုံး သုံးလပတ်ကစတင်ပြီး မီဒီယာ၊ NUG, PDF နဲ့ လူမှုအဖွဲ့အစည်းတွေက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ၊ ခုခံနိုင်စွမ်းမရှိမှုတွေကို အလေးထား ဖော်ပြကြတယ်။ ဒါပေမယ့် လေကြောင်းပစ်ကူကို ပုံကြီးမချဲ့ဖို့နဲ့ အဲဒီတိုက်ခိုက်မှုတွေမှာ အကန့်အသတ်ရှိတယ် ဆိုတာကို အလေးထားပြောချင်တယ်။

ဆိုဗီယက်လေကြောင်းပစ်ကူက အခုမြန်မာမှာ ဖြစ်နေတဲ့အတိုင်း ကျေးရွာအခြေစိုက် ပြောက်ကျားတွေကို ၁၉၈၀ ပြည့်နှစ်တွေ နှောင်းပိုင်းမှာ ဆိုဗီယက်တပ်တွေက အာဖဂန်နစ္စတန် ကျေးရွာသားတွေ နေရပ်စွန့်ခွာမှု အစုလိုက်အပြုံလိုက် ဖြစ်စေပေမယ့် ဒီကိစ္စကို ကျနော် နည်းနည်းနားလည်တယ်။ အဲဒီတုန်းက Mi-24 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ Su-25 မြေပြင်တိုက်ခိုက်ရေး ဂျက်တိုက်လေယာဉ်တွေ သုံးတယ်။ အခုတော့ Mi-24s နဲ YAK-130 ဂျက်လေယာဉ်တွေ သုံးတယ်။ ဒါကြောင့် အရပ်သား နေရပ်စွန့်ခွာမှုတွေ အစုလိုက်အပြုံလိုက် ဖြစ်စေတယ်။ ဒါပေမယ့် ပြောက်ကျားတပ်တွေက မြေပြင်မှာ အသွင်ပြောင်း၊ ဖြန့်ခွဲပြီး တိုက်ခိုက်မှုတွေကို အချိန်ကိုက် လုပ်ဆောင်တယ်။ ဒါကြောင့် ပြောက်ကျားစစ်မှာ လေကြောင်းပစ်ကူရဲ့ ကနဦး စိတ်ဓာတ်ရေးရာ စစ်ဆင်ရေးနဲ့ လှုပ်ရှားမှုစွမ်းရည်က အချိန်နဲ့အမျှ ကျဆင်းလာတယ်။

ပြောက်ကျားတပ်တွေ စစ်တပ်အခိုင်မာဒေသတွေကို ရေရှည်တိုက်တဲ့အခါ ဒါမှမဟုတ် မြို့ပြဒေသတွေကို မအောင်မြင်တဲ့ တိုက်ခိုက်မှုလုပ်တဲ့အခါ လေကြောင်းပစ်ကူက စိတ်ဓာတ်ပိုင်းအရ၊ ရုပ်ပိုင်းအရ မယုံကြည်နိုင်အောင် အဖျက်စွမ်းအား ကြီးမားတယ်။ စစ်ရဲ့ လက်ရှိအခြေအနေမှာ နေပြည်တော် စစ်ကောင်စီဟာ မြို့တွေဆုံးရှုံးတာ လက်မခံနိုင်ဘူး။ သူတို့က သူတို့ကိုယ်သူတို့ ကယ်ဖို့ ခုခံတော်လှန်ရေး အင်အားစုတွေကိုသာမက သူတို့ကိုထောက်ခံသူ အရပ်သားတွေကိုပါ သတ်မယ်။ “မြို့တွေမှာ ငါတို့ကို လာတိုက်လို့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့လူဦးရေ ထက်ဝက်သေအောင်လုပ်တာ ကျေးဇူးတင်တယ်” လို့တောင် ပြောမယ်။ ဒါကြောင့် ကျနော့်အထင်တော့ ဒီနှစ်နဲ့ ၂၀၂၄ ခုနှစ်မှာ အခြေအနေပေါ်မူတည်ပြီး မြန်မာက ခုခံတော်လှန်ရေးအင်အားစုတွေ အနေနဲ့ ဘယ်လောက်ပဲတိုက်တိုက် မြို့ပြဒေသတွေကို သိမ်းပိုက်ဖို့ မကြိုးစားတာကောင်းတယ်။

ကျနော့်အထင်တော့ ဒီနှစ်နဲ့ ၂၀၂၄ ခုနှစ်မှာ အခြေအနေပေါ်မူတည်ပြီး မြန်မာက ခုခံတော်လှန်ရေးအင်အားစုတွေ အနေနဲ့ ဘယ်လောက်ပဲတိုက်တိုက် မြို့ပြဒေသတွေကို သိမ်းပိုက်ဖို့ မကြိုးစားတာကောင်းတယ်။

အဲဒီတော့ ဘာလုပ်ရမလဲ။ လာမယ့်နှစ်မှာ စစ်တပ်ကို အထိအနာနိုင်ဆုံးနေရာတွေမှာ အာရုံစိုက် တိုက်ရမယ်။ နယ်ကျွံဖြန့်ကြက်ထားပြီး လူအင်အားနည်းတဲ့ စစ်စခန်းနဲ့ ရဲစခန်းတွေ တနိုင်ငံလုံးမှာ ရှိနေတယ်။ ဒီ သေနင်္ဂဗျူဟာက ရန်သူကို နည်းနည်းစီ ချေမှုန်းရေးနဲ့ သူတို့လက်နက် သိမ်းပိုက်ရေးကို အထူးတလည် အလေးထားရမယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ရန်ကုန်တွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ / ဧရာဝတီ

မြန်မာစစ်တပ်ရဲ့ အားနည်းချက်နဲ့ပတ်သက်ရင် ပြောသင့်တာတခုလည်း ရှိတယ်။ သူတို့က အရှုံးကို လက်မခံနိုင်တဲ့ အဖွဲ့အစည်းဖြစ်တယ်။ သူတို့ရဲ့အဖွဲ့အစည်းဆိုင်ရာ မောက်မာမှုနဲ့ သူတို့ကိုယ်သူတို့ သံသယကင်းမဲ့မှုကြောင့် အရှုံးကိုလက်ခံဖို့ အသာထား၊ သေနင်္ဂဗျူဟာ အရန်တောင်မထားတဲ့ စိတ်ဓာတ်ကို ဖြစ်စေတယ်။ အခုအချိန်မှာ သူတို့ရဲ့ သေနင်္ဂဗျူဟာအကျပ်အတည်း ဘယ်လောက် ကြီးမားနေတယ်ဆိုတာ သူတို့ အပြည့်အဝ သဘောမပေါက်သလို ဖြစ်နေတယ်။ စစ်အုပ်စုက တဖြည်းဖြည်း ရှုံးနေတယ်ဆိုပေမယ့် သူတို့နိုင်မယ်လို့ စိတ်ကူးယဉ်နေတဲ့ရန်သူနဲ့ ရင်ဆိုင်ရတာ ခုခံတော်လှန်ရေး အင်အားစုတွေအတွက် အားသာချက်ဖြစ်တယ်ဆိုတာ သံသယရှိဖို့မလိုဘူး။

မေး ။ ။ တပ်ရင်းတရင်းမှာ အင်အား ၇၅၀ ရှိသင့်ပေမယ့် အခု သူတို့ တပ်ရင်းတရင်းမှာ ၁၅၀ လောက်ပဲ ရှိတယ်လို့ ခင်ဗျားပြောတယ်။ အဲဒီစစ်သားတွေ ဘယ်ရောက်ကုန်လဲ။ ထောက်ပံ့ပို့ဆောင်ရေးအကြောင်း မေးခွန်း တခု ထပ်မေးချင်တယ်။ စစ်ပွဲတွေဟာ သယ်ယူပို့ဆောင်ရေးကြောင့် ရှုံးရတယ်၊ နိုင်ရတယ်လို့ မကြာခဏ ပြောကြတယ်။ စစ်တပ်ရဲ့ သယ်ယူပို့ဆောင်ရေး စွမ်းရည်အရ အားနည်းချက်ကို ခင်ဗျားဘယ်လိုခန့်မှန်းလဲ။

ဖြေ ။ ။ ပထမမေးခွန်းအတွက် အဖြေက ရှင်းပါတယ်။ မြန်မာခြေလျင်တပ်တွေမှာ အင်အား ၁၅၀ ပတ်ဝန်းကျင်လောက်ပဲ ရှိတယ်ဆိုတဲ့အချက်ဟာ အသစ်အဆန်း မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းက ဖြစ်နေတာ။ ၈၈ အရေးတော်ပုံအပြီး ၁၉၉၀ ပြည့်နှစ်တွေတုန်းက မြန်မာစစ်တပ်ဟာ တနိုင်ငံလုံးမှာ မြို့စောင့်တပ်တွေ ထူထောင်ဖို့ အလျင်စလို တိုးချဲ့ခဲ့တယ်။ ဒါပေမယ့် စစ်မှုမထမ်းမနေရ စနစ်မဟုတ်ဘဲ ဆန္ဒအလျောက် စစ်မှုထမ်းတဲ့ တပ်သားသစ်စုဆောင်းမှုဟာ လိုက်မမီဘူး ဖြစ်နေတယ်။ သူတို့တွေက လူအင်အားမရှိဘဲ တပ်ရင်းတွေ တိုးချဲ့တယ်။ တပ်မှူးတွေရှိပေမယ့် သူတို့တွေက အင်အားကို ထိန်းထားဖို့၊ တိုးချဲ့ဖို့ ဖိအားပေးခံနေရပြီး တပ်သားသစ် အရေအတွက်ကို ချဲ့ကားတင်ပြလိုကြတယ်။

ဒါပေမယ့် အခုဖြစ်နေတာက အမှန်တကယ်ဖြစ်စေ၊ ဖြစ်နိုင်ခြေအရဖြစ်စေ လှုပ်ရှားနေတဲ့ ခြေလျင်တပ်ရင်းတွေက ရှမ်း၊ ကချင်၊ ရခိုင်လို တိုင်းရင်းသား ပြည်နယ်တွေမှာသာမက တနိုင်ငံလုံးမှာ ရှိနေတယ်။ ဒါကြောင့် လူအင်အားနည်းနေတာ ပြဿနာ မဟုတ်ပေမယ့် ယနေ့ခေတ်မှာ ပိုမို အရေးပါတဲ့အချက် ဖြစ်လာနေတယ်။

ထောက်ပံ့ပို့ဆောင်ရေးနဲ့ ပတ်သက်ရင် ဘယ်စစ်တပ်မဆို တပ်ဖွဲ့တွေအတွက် စားနပ်ရိက္ခာ၊ ခဲယမ်းနဲ့ လောင်စာ ထောက်ပံ့ရေးလမ်းကြောင်းကို ကြည့်ကြတယ်။ ဒီနေရာမှာ စစ်တပ်က မဖြေရှင်းနိုင်တဲ့ပြဿနာကို ရင်ဆိုင်နေရတယ်လို့ ကျနော်မထင်ဘူး။ ခြွင်းချက်တခုရှိမယ်ဆိုရင် အဲဒါက လမ်းတွေအရမ်းဆိုးပြီး တခုနဲ့တခု အရမ်းဝေးကွာတဲ့ ချင်းပြည်နယ်မှာ ဖြစ်နိုင်တယ်။

ထောက်ပံ့ပို့ဆောင်ရေးနဲ့ ပတ်သက်ရင် ဘယ်စစ်တပ်မဆို တပ်ဖွဲ့တွေအတွက် စားနပ်ရိက္ခာ၊ ခဲယမ်းနဲ့ လောင်စာ ထောက်ပံ့ရေးလမ်းကြောင်းကို ကြည့်ကြတယ်။ ဒီနေရာမှာ စစ်တပ်က မဖြေရှင်းနိုင်တဲ့ပြဿနာကို ရင်ဆိုင်နေရတယ်လို့ ကျနော်မထင်ဘူး။ ခြွင်းချက်တခုရှိမယ်ဆိုရင် အဲဒါက လမ်းတွေအရမ်းဆိုးပြီး တခုနဲ့တခု အရမ်းဝေးကွာတဲ့ ချင်းပြည်နယ်မှာ ဖြစ်နိုင်တယ်။

၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း ရိက္ခာ၊ လက်နက်ခဲယမ်း ပြန်လည်ထောက်ပံ့ရေး လုပ်တဲ့အခါ အဓိကမြို့ကြီးတွေဖြစ်တဲ့ မင်းတပ်၊ မတူပီ၊ ဟားခါးနဲ့ ထန်တလန်မြို့တွေကြားမှာ အင်မတန်ကြီးမားတဲ့ ယာဉ်တန်းတွေနဲ့ တရွေ့ရွေ့ သွားလာလုပ်ကိုင်ရတယ်။ အဲဒီယာဉ်တန်းတွေဟာ ချင်းတော်လှန်ရေးတွေ ထိန်းချုပ်ထားတဲ့ဒေသက အရမ်းဆိုးတဲ့လမ်းတွေမှာ ဖြည်းဖြည်းချင်းသွားနေရလို့ အရမ်းကို ထိခိုက်လွယ်တယ်။ ချင်းပြည်နယ်ဟာ စစ်တပ်အတွက် ထောက်ပံ့ပို့ဆောင်ရေး အိပ်မက်ဆိုးတခုဖြစ်နိုင်ပြီး အခုလောလောဆယ် ရဟတ်ယာဉ်တွေကို သိသိသာသာ မှီခိုနေရတယ်။ လောင်စာ ကုန်ကျစရိတ်အရကြည့်ရင် အကုန်အကျများတယ်။ ခုခံတော်လှန်ရေး အင်အားစုက ရဟတ်ယာဉ်ကွင်း ပတ်ပတ်လည်မှာ စစ်သေနတ်တွေ ချထားနိုင်ရင် အဲဒီလောက် မလုံခြုံနိုင်ဘူး။

ကရင်နီ (ကယား) ပြည်နယ်မှာလည်း အလားတူ သယ်ယူပို့ဆောင်ရေး ပြဿနာရှိပေမယ့် ချင်းပြည်နယ်လောက်တော့ မဆိုးဘူး။ ဒါပေမယ့် တနိုင်ငံလုံးက တခြားနေရာတွေမှာ ထောက်ပံ့ပို့ဆောင်ရေးက သိပ်ခေါင်းကိုက်စရာဖြစ်ဖို့ မမြင်ဘူး။ ချုံခိုတိုက်ခိုက်မှုတွေနဲ့ လက်လုပ်မိုင်းတွေ အများအပြားရှိတာ၊ အထူးသဖြင့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း မြောက်ပိုင်းမှာ ရှိတာဟုတ်ပါတယ်။ ဒါပေမယ့် ဒါက အရေးပါတဲ့ပြဿနာ ဘယ်နေရာမှာဖြစ်နိုင်လဲ။ ကျနော်တော့ မထင်ဘူး။

ယာဉ်တန်းတွေကို တိုက်ခိုက်ရာမှာသာမက လမ်းတွေကိုပါ ဖြတ်တောက်ရာမှာ ခုခံတော်လှန်ရေး အင်အားစုတွေက ပိုမို ထိထိရောက်ရောက် လုပ်နိုင်ရင် ဒီအခြေအနေက ပြောင်းလဲသွားနိုင်တယ်။ လာမယ့် တနှစ် သို့မဟုတ် နှစ်နှစ်အတွင်းမှာ ခုခံတော်လှန်ရေး အင်အားစုတွေက အဓိက လမ်းတွေ၊ ရထားလမ်းတွေကို ထိထိရောက်ရောက် ဖြတ်တောက်နိုင်ရင် ထောက်ပံ့ပို့ဆောင်ရေးက စစ်တပ်အတွက် ကြီးမားတဲ့ပြဿနာ ဖြစ်လာနိုင်တယ်။ အခုလောလောဆယ်တော့ အဲဒီအဆင့် မရောက်သေးဘူး။

ဒုတိယပိုင်း ဆက်ရန် ရှိသည်။

အန်ထော်နီ ဒေးဗစ်သည် ဘန်ကောက်အခြေစိုက် လုံခြုံရေးဆိုင်ရာ အကဲခတ်လေ့လာသူနှင့် အတိုင်ပင်ခံဖြစ်ပြီး အာရှတလွှားမှ လက်နက်ကိုင် ပဋိပက္ခများကို လက်တွေ့ အတွေ့အကြုံရှိသည်။ ဒေးဗစ်သည်အဓိကအားဖြင့် လုံခြုံရေးနှင့်ကာကွယ်ရေး စာစောင် IHS-Janes အတွက် ရေးသားသည်။

အီဂေါ ဘလက်ဇီဗစ်သည် Prague Civil Society Centre တွင် ဝါရင့်အကြံပေးဖြစ်သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မြန်မာမှ Educational Initiatives Program တွင် ဦးဆောင်သင်ကြားပို့ချသူအဖြစ် လုပ်ကိုင်ခဲ့သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Assessing Possible Military Developments in Myanmar This Year ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

PDF များ ပခုံးထမ်းလေယာဉ်ပစ် လက်နက်တွေ မရနိုင်သေးတဲ့အခါ

အချိန်မတိုင်မီ NUG မီးကုန်ယမ်းကုန် တိုက်ရင် ရှုံးမည်

မြန်မာစစ်တပ်အား လက်နက်နှင့် လေယာဉ်ဆီ အိန္ဒိယကုမ္ပဏီများ အဓိကထောက်ပံ့နေ

ပုစွန်ဦးနှောက်နှင့် စစ်ဗိုလ်ချုပ်များ

တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာ့အရေး လှုပ်လှုပ်ရှားရှား နောက်ဆက်တွဲများ

ဒိုင်ယာလော့၊ ဂိမ်းအိုဗာနှင့် နယူးအက်တာများ

Loading