• English
Saturday, December 9, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

    ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

    စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

    စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

    စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

    စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

        အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

        မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

        မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

        လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

        လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

        လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

        လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

        ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

        ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

        မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

        မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

        ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

        ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

        စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

        စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

        စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

        စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

          စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home အာဘော် အင်တာဗျူး

          “အဆုံးအဖြတ်ကျတဲ့ နှစ်တောင်မှ ဖြစ်နိုင်တယ်”

          by Igor Blazevic
          9 March 2023
          in အင်တာဗျူး
          Reading Time: 1 min read
          A A
          ကယားပြည်နယ်မှ PDF တပ်ဖွဲ့ဝင်များ / Loikaw PDF

          ကယားပြည်နယ်မှ PDF တပ်ဖွဲ့ဝင်များ / Loikaw PDF

          8.5k
          VIEWS
          Share on FacebookShare on Twitter

          ယခုတွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်းတွင် စစ်ကောင်စီကို လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် မြန်မာခုခံတော်လှန်ရေးတွင် ယခုနှစ်အတွင်း မည်သည်တို့ကို မျှော်လင့်နိုင်သည်နှင့် နိုင်ငံတကာ မျက်နှာစာတွင် ဖြစ်နိုင်ခြေရှိသည့် ဖြစ်ပေါ်တိုးတက်မှုများကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အီဂေါ ဘလက်ဇီဗစ်နှင့် လုံခြုံရေး သုတေသီ အန်ထော်နီ ဒေးဗစ်တို့ ဆွေးနွေးထားသည်။

          ဘလက်ဇီဗစ် ။ ။ လက်နက်နဲ့လောင်စာ သိုလှောင်ထားတာတွေကို ခုခံတော်လှန်ရေး အင်အားစုရဲ့ တိုက်ခိုက်မှုက ဘယ်လောက်ထိရောက်လဲ။ အဲဒါက ခုခံတော်လှန်ရေး အင်အားစုအတွက် ထိရောက်တဲ့ နည်းဗျူဟာဖြစ်နိုင်လား။

          RelatedPosts

          အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

          အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

          8 December 2023
          397
          မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

          မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

          8 December 2023
          5.2k
          လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

          လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

          8 December 2023
          3k

          ဒေးဗစ် ။ ။ ခဲယမ်းအထောက်အပံ့နဲ့ လေယာဉ်ဆီက စစ်တပ်အတွက် အသက်သွေးကြောဖြစ်ကြောင်း ထင်ရှားပါတယ်။ ဒါတွေမရှိရင် စစ်ကို ရေရှည်တိုက်လို့မရဘူး။ စစ်တပ်က ဒါကိုနားလည်ပြီး ခဲယမ်းနဲ့လောင်စာ သိုလှောင်မှုကို မြေပြင်တိုက်ခိုက်မှုကသာမက ဒရုန်းတိုက်ခိုက်မှုကနေပါ အကြီးအကျယ် ကာကွယ်ထားလိမ့်မယ်။ ဒီတော့ ဒါတွေက အဖိုးတန်တဲ့ ပစ်မှတ်တွေ ဟုတ်ရဲ့လားလို့ မေးစရာရှိတယ်။ အမျိုးမျိုးသော တိုင်းရင်းသားတော်လှန်ရေး အုပ်စုတွေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အဲဒါတွေ ဘယ်နေရာမှာ သိုလှောင်ထားလဲဆိုတာနဲ့ လုံခြုံရေးအစီအမံတွေက ဘယ်လောက် ထိရောက်တယ်ဆိုတာ ဂရုတစိုက် လေ့လာနေတယ်။ အားနည်းချက်ဆိုတာ အမြဲတမ်းရှိတယ်။ အဲဒါတွေကို ဖော်ထုတ်သိရှိဖို့ လျှို့ဝှက်ထောက်လှမ်းရေး လုပ်ငန်းတွေ ရက်သတ္တပတ်အတော်များများ လေ့လာရမှာ ဖြစ်တယ်။ ဒါပေမယ့် အဓိကကျတဲ့ လောင်စာ ဒါမှမဟုတ် ခဲယမ်းသိုလှောင်တဲ့နေရာကို တိုက်ခိုက်နိုင်ရင် ရုပ်ပိုင်းအရကော စိတ်ပိုင်းအရပါ ကြီးမားတဲ့အောင်မြင်မှု ဖြစ်တယ်။

          စစ်ရဲ့အခုအဆင့်မှာ ဒီလိုစစ်ဆင်ရေးမျိုးကို တွေ့ရရင် ကျနော်အံ့သြမှာပဲ။ ဒါပေမယ့် မဖြစ်နိုင်တာ မဟုတ်ဘဲ ထိုက်တန်တဲ့ ရည်မှန်းချက်ဖြစ်တယ်။

          စစ်ပွဲရဲ့ နောက်ထပ်သွင်ပြင်တခုကို ကျနော်ထည့်ပြောချင်တယ်။ လောင်စာနဲ့ခဲယမ်းသိုလှောင်တဲ့ နေရာတွေနဲ့ ရှေ့တန်းစစ်မျက်နှာ အများအပြားအကြားမှာ အဝေးပြေးလမ်းတွေနဲ့ မြစ်ကြောင်းတွေတလျှောက် ထောက်ပံ့ရေး လမ်းကြောင်းတွေ ရှိတယ်။ အဲဒါတွေကို ခုခံတော်လှန်ရေး အင်အားစုတွေက ပိုမိုထိထိရောက်ရောက် တိုက်နိုင်သလို တိုက်လည်း တိုက်နိုင်ရမယ်။ အဲဒါတွေက စစ်တပ်အတွက် အမှန်တကယ် ထိခိုက်လွယ်တဲ့နေရာတွေ ဖြစ်တယ်။

          ထောက်ပံ့ပို့ဆောင်ရေး ယာဉ်တန်းကို တိုက်ခိုက်ဖို့ဆိုတာ တိုက်ခိုက်ရေးရိုင်ဖယ်တွေ၊ လက်လုပ်ဗုံးတွေအပြင် အာပီဂျီနဲ့ စက်သေနတ်တွေ တပ်ဆင်ထားတဲ့ အင်အား ၂၀ ကနေ ၃၀ အထိ လိုအပ်တယ်။ အဲဒီ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေမှာ လှုပ်ရှားဖို့ ယုံကြည်ချက် လုံလုံလောက်လောက်ရှိတဲ့ ခုခံတော်လှန်မှုအဆင့်က လိုအပ်တယ်။

          ဒါပေမယ့် ကျနော့်လေ့လာမှုအရ အဲဒီလို ထောက်ပံ့ပို့ဆောင်ရေး ယာဉ်တန်းကို တိုက်ခိုက်ဖို့ဆိုတာ တိုက်ခိုက်ရေးရိုင်ဖယ်တွေ၊ လက်လုပ်ဗုံးတွေအပြင် အာပီဂျီနဲ့ စက်သေနတ်တွေ တပ်ဆင်ထားတဲ့ အင်အား ၂၀ ကနေ ၃၀ အထိ လိုအပ်တယ်။ အဲဒီ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေမှာ လှုပ်ရှားဖို့ ယုံကြည်ချက် လုံလုံလောက်လောက်ရှိတဲ့ ခုခံတော်လှန်မှုအဆင့်က လိုအပ်တယ်။ ရန်ကုန်နဲ့ နေပြည်တော်အကြား ဒါမှမဟုတ် မန္တလေးနဲ့ မြစ်ကြီးနားအကြား အဝေးပြေးလမ်းတွေကို ကြည့်မယ်ဆိုရင် ခုခံတော်လှန်ရေး အင်အားစုက အဲဒီနေရာတွေကို ထိုးဖောက်နေတယ်။ ဒါပေမယ့် ခုခံတော်လှန်ရေး အင်အားစုဟာ စစ်ဆင်ဖို့ ကိုယ့်ကိုယ်ကိုယုံကြည်မှု ဒါမှမဟုတ် အင်နဲ့အားနဲ့ တိုက်နိုင်တဲ့ အထောက်အပံ့မရှိ ဖြစ်နေတယ်။ ဒါက စစ်ပွဲနောက်ပိုင်းမှာ ဖြစ်လာနိုင်တယ်။

          မေး ။ ။ စစ်ကောင်စီလိုလားတဲ့ ပျူစောထီးရဲ့အခန်းကဏ္ဍက ဘယ်လိုရှိလဲ။ သူတို့ဟာ စစ်တပ်အတွက် ဘယ်လောက်အရေးကြီးလဲ။ သူတို့တွေက စစ်တပ်ကို လူအင်အား ပေါင်းထည့်ပေးနိုင်လား။

          ဖြေ ။ ။ စစ်တပ်က အဲဒီပျူစောထီးတွေကို လူသစ်စုဆောင်းဖို့ အရမ်းအလေးထားတယ်။ သူတို့ကို အရေးပါတယ်လို့ သတ်မှတ်ထားတာ ထင်ရှားတယ်။ ဘာကြောင့်လဲ။ ကျေးလက်မှာ အထူးသဖြင့် စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ သူတို့က စစ်တပ်အတွက် မျက်စိတွေနဲ့နားတွေပဲ။ တပ်ရင်းအများအပြားဟာ သူတို့လှုပ်ရှားနေရတဲ့ မြို့နယ်တွေအကြောင်း မသိကြဘူး။ ဒါကြောင့် ဒေသထောက်လှမ်းရေးသတင်းနဲ့ ပတ်သက်ရင် ပျူစောထီးတွေနဲ့ သူတို့လှုပ်ရှားတဲ့ရွာတွေဟာ စစ်တပ်ရဲ့စွမ်းရည်ကို တိုးတက်စေတယ်။ သူတို့က စစ်ရေးအရ ဘယ်လောက် ထိရောက်မှုရှိတယ်ဆိုတာက တခြားကိစ္စဖြစ်တယ်။ အများအားဖြင့် သူတို့ကို ကောင်းကောင်း လေ့ကျင့်ပေးမထားသလို လက်နက်တပ်ဆင်တာလည်း ညံ့တာကြောင့် စစ်တပ်က သူတို့ကိုကယ်ဖို့လိုရင် စစ်တပ်အတွက် ဝန်ထုတ်ဝန်ပိုးသာဖြစ်စေပြီး အထောက်အကူ မပြုဘူး။

          စစ်ကောင်စီတပ်များက စစ်ကိုင်းတိုင်းရှိ ရွာတရွာကို မြေလှန်မီးရှို့ခဲ့စဉ်

          မေး ။ ။ NUG နဲ့ ခုခံတော်လှန်ရေးတပ်တွေရဲ့ အမိန့်ပေးကွင်းဆက်နဲ့ PDF တွေနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေအကြား ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းကို ဘယ်လိုမြင်လဲ။ တိုးတက်လာတာတွေ့လား။ ကွပ်ကဲမှုနဲ့ညှိနှိုင်းမှု တိုးတက်လာတာတွေ့လား၊ ဒါမှမဟုတ် ခုခံတော်လှန်ရေး အင်အားစုက လုံလောက်တဲ့ ညှိနှိုင်းမှုအဆင့် မရှိသေးဘူးလား။

          ဖြေ ။ ။ ဒါဟာ အရမ်းအရေးကြီးတဲ့ မေးခွန်းဖြစ်ပြီး ဘန်ကောက်မှာပဲနေနေတော့ ကျနော့်မှာ ရှင်းလင်းတဲ့အဖြေ မရှိဘူး။ ဒါပေမယ့် မနှစ်က ဒီအချိန်နဲ့ နှိုင်းယှဉ်ရင်တော့ သိသိသာသာ တိုးတက်မှုရှိတယ်။ အဲဒါကို အထူးသဖြင့် ကရင်နဲ့ကရင်နီ (ကယား) ပြည်နယ်မှာ၊ စစ်ကိုင်းတိုင်း အရှေ့မြောက်ခြမ်းရှိ ကချင်ပြည်နယ်တောင်ပိုင်း မြို့တွေမှာ တွေ့ရတယ်။ ဒါက စစ်ပွဲရဲ့ဒီအဆင့်မှာ သေနင်္ဂဗျူဟာသက်ရောက်မှု ဖြစ်စေသလားဆိုတာ မေးစရာရှိတယ်။ မသက်ရောက်သေးဘူး။ နည်းနည်းချင်း ပုံမှန်တိုးတက်အောင်မြင်မှုဟာ ကိစ္စတွေကို အရှိန်မြှင့်တင်ပေးမယ်လို့ မျှော်လင့်ရမယ်။ အောင်မြင်မှုကသာ အောင်မြင်မှုတွေကို မွေးဖွားပေးတယ်ဆိုတဲ့ အင်္ဂလိပ်ဆိုရိုးစကားရှိတယ်။ အဲဒါ အရမ်းမှန်တယ်။

          နည်းနည်းချင်း ပုံမှန်တိုးတက်အောင်မြင်မှုဟာ ကိစ္စတွေကို အရှိန်မြှင့်တင်ပေးမယ်လို့ မျှော်လင့်ရမယ်။ အောင်မြင်မှုကသာ အောင်မြင်မှုတွေကို မွေးဖွားပေးတယ်ဆိုတဲ့ အင်္ဂလိပ်ဆိုရိုးစကားရှိတယ်။ အဲဒါ အရမ်းမှန်တယ်။

          NUG နဲ့ သူ့ရဲ့ကာကွယ်ရေးဝန်ကြီးဌာနက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်းတွေနဲ့ ပုံမှန် ညှိနှိုင်းဖို့လိုသလို တိုက်ရိုက်မဟာမိတ်မဟုတ်တဲ့ တခြားအဖွဲ့တွေနဲ့လည်း ပုံမှန်ညှိနှိုင်းဖို့လိုတယ်။ အဲဒီလိုလုပ်နေတယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် ဆက်ဆံရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေးကို ဆက်လက်လုပ်ဆောင်ရမယ်လို့ ကျနော်ယုံကြည်တယ်။

          စိတ်ပျက်မှုနဲ့ အယုံအကြည်ကင်းမဲ့မှုတွေ ဖြစ်စေမယ့် နိုင်ငံအစိတ်အပိုင်းအမျိုးမျိုးပါတဲ့ ညှိနှိုင်းထိုးစစ်ကြီးတွေကို စစ်ပွဲရဲ့ ဒီအဆင့်မှာ မလုပ်သင့်သေးဘူး။ အခု အကောင်းဆုံးလုပ်ရမှာက ယုံကြည်မှု တည်ဆောက်တာ၊ အတွေ့အကြုံနဲ့ အကောင်းဆုံးအလေ့အထတွေကို မျှဝေဖို့ဖြစ်တယ်။ မြို့နယ်အဆင့်၊ ခရိုင်အဆင့်မှာ စစ်မြေပြင် ညှိနှိုင်းဆောင်ရွက်မှုက အရမ်းအရေးပါတယ်။ အဲဒီမှာ ရလဒ်ကောင်းတွေရဖို့ဆိုရင် အတွေ့အကြုံမရှိသေးတဲ့ PDF သစ်တွေအပေါ်မှာ စစ်ဆင်ရေးနဲ့နည်းဗျူဟာ ထိန်းချုပ်ကွပ်ကဲဖို့ လက်နက်ပိုကောင်းပြီး အတွေ့အကြုံရှိတဲ့ တိုင်းရင်းသားတပ်တွေ ပါဝင်ရမှာဖြစ်တယ်။ ပြောရတာက လုပ်ရတာထက် အရမ်းပိုလွယ်တယ်။ ဒါပေမယ့် ပြောသင့်တဲ့အချက် ဖြစ်တယ်။

          မေး ။ ။ မြန်မာမှာ အပြောင်းအလဲမှတ်က ဘာဖြစ်နိုင်လဲ။

          ဖြေ ။ ။ ဖြေဖို့မဖြစ်နိုင်တဲ့ မေးခွန်းပဲ။ ကျနော့်မှာ အနာဂတ်ဟောဖို့ ပြဒါးရှင်လုံးမရှိဘူး။ ဘယ်သူမှ မသိနိုင်ဘူး။ ရှေ့လာမယ့်နှစ်အကြောင်းပြောရတာ ပိုမိုအသုံးဝင်ပြီး အဲဒီကာလအတွင်းမှာ ထူထူးခြားခြား အပြောင်းအလဲမှတ်တော့ ကျနော့်အနေနဲ့ မမြင်ဘူး။ ရှည်လျားခက်ခဲတဲ့ အားထုတ်မှုတခု၊ ခုခံတော်လှန်ရေး အင်အားစုတွေ ပိုမိုထိရောက်လာပြီး ပိုမိုချိတ်ဆက်မိလာမယ်လို့ မျှော်လင့်ရတဲ့ နောက်ထပ်တိုးတက်မှုတဆင့်နဲ့ စစ်တပ်က ကြီးထွားလာနေတဲ့ စစ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့ ပိုမိုခက်ခဲလာမှာကိုပဲ မြင်တယ်။ အဲဒါက ဒီလာမယ့်နှစ်အတွက် ကျနော့်ရဲ့ ကြိုတင်ခန့်မှန်းချက်တွေပဲ။

          ပြင်ပပါဝင်ဆောင်ရွက်သူတွေရဲ့ မူဝါဒအပြောင်းအလဲရှိရင် ဒီဖြစ်စဉ် အရှိန်မြင့်လာနိုင်တယ်။ အမေရိကန် ပြည်ထောင်စုနဲ့ အိန္ဒိယရယ်၊ မေလရွေးကောက်ပွဲအပြီး ထိုင်းနိုင်ငံတို့အကြောင်း ကျနော်စဉ်းစားနေတာဖြစ်တယ်။ သူတို့တွေက အဓိက ဇာတ်ဆောင်တွေဖြစ်ပြီး စစ်မြေပြင်မှာ စစ်တပ်ရဲ့စွမ်းရည်တွေ တိုက်စားခံနေရတာတွေဟာ ပြင်ပဇာတ်ဆောင်တွေရဲ့ NUG နဲ့ ယေဘုယျအားဖြင့် ခုခံတော်လှန်ရေးအပေါ် မူဝါဒတွေ ပြောင်းလဲလာစေမယ်ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူး။ နေ့ချင်းညချင်း ပြောင်းလဲတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်း ပြောင်းလဲတာကိုဆိုလိုတယ်။ သံတမန်ရေးနဲ့ အကူအညီပေးရေး စစ်မျက်နှာမှာ အဲဒီလို ပြောင်းလဲမှုတွေက အတိုင်းအတာတခုအထိ ဖြစ်နေပြီ။ ကြီးမားတဲ့ အပြောင်းအလဲမှတ်တွေ မဟုတ်ပေမယ့် သေချာပေါက် ပြောင်းလဲနေတဲ့ အခြေအနေဖြစ်တယ်။

          အမေရိကန် ပြည်ထောင်စုနဲ့ အိန္ဒိယရယ်၊ မေလရွေးကောက်ပွဲအပြီး ထိုင်းနိုင်ငံတို့အကြောင်း ကျနော်စဉ်းစားနေတာဖြစ်တယ်။ သူတို့တွေက အဓိက ဇာတ်ဆောင်တွေဖြစ်ပြီး စစ်မြေပြင်မှာ စစ်တပ်ရဲ့စွမ်းရည်တွေ တိုက်စားခံနေရတာတွေဟာ ပြင်ပဇာတ်ဆောင်တွေရဲ့ NUG နဲ့ ယေဘုယျအားဖြင့် ခုခံတော်လှန်ရေးအပေါ် မူဝါဒတွေ ပြောင်းလဲလာစေမယ်ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူး။ နေ့ချင်းညချင်း ပြောင်းလဲတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်း ပြောင်းလဲတာကိုဆိုလိုတယ်။

          မေး ။ ။ လေကြောင်းမပျံသန်းရဇုန်ကို မြန်မာပြည်သူတွေ မကြာခဏ တောင်းဆိုနေတယ်။ အဲဒါက ဖြစ်နိုင်တဲ့ ကိစ္စလား။

          ဖြေ ။ ။ မဖြစ်နိုင်ဘူး။ မပျံသန်းရဇုန်ဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။ ပြောစရာတောင် မလိုဘူး။ မြန်မာလေတပ်က ခုခံတော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့နေရာတွေကို ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်လို့ အရပ်သားတွေ ရာချီထောင်ချီ သေရင်တောင်မှ မပျံသန်းရဇုန်ဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။ စစ်တပ်ကတော့ အဲဒီနည်းကို အမြဲသုံးတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန် ပြည်ထောင်စု တခုတည်းကသာ အဲဒီလို လုပ်နိုင်စွမ်းရှိပြီး လေယာဉ်တင်သင်္ဘောအုပ်စုကြီး တခုလုံးကို ဘင်္ဂလားပင်လယ်အော်မှာ လာထားရမယ်။ အခုအချိန်မှာ အမေရိကန်ရေတပ်ဟာ အာရှစစ်မျက်နှာမှာ အလုပ်တွေ မနိုင်မနင်းဖြစ်နေတော့ မဖြစ်နိုင်တော့ဘူး။ အဲဒီထက် ပိုအရေးကြီးတဲ့အချက်ကတော့ အဲဒီလို လုပ်လိုက်ရင် တရုတ်က အရမ်းပြင်းထန်တဲ့ တုံ့ပြန်မှု၊ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ သံတမန်ရေး စိုးရိမ်ပူပန်မှုတွေ ဖြစ်လာနိုင်ပြီး မြန်မာက အမေရိကန်အစိုးရရဲ့ ဦးစားပေးမှာ လုံးဝမပါတဲ့အချိန်မှာ စစ်အုပ်စုခေတ်လွန် မြန်မာနိုင်ငံအနာဂတ်အတွက် အမေရိကန် ပြည်ထောင်စုအပေါ် တာဝန်ကျရောက်သွားစေနိုင်တယ်။ အခြေခံအရပြောရရင် အခုခေတ်က ၁၉၉၀ ပြည့်နှစ်များကလို စစ်အေးတိုက်ပွဲမဟုတ်ဘူး ဆိုတာပဲ။ အဲဒီကိစ္စကို မေ့ထားလိုက်လို့ရတယ်။

          မေး ။ ။ ပြင်ပသက်ရောက်မှု အခြားအချက်တွေကို ကြည့်ရအောင်။ အနောက်တိုင်း အရေးယူပိတ်ဆို့မှုတွေက ဘယ်လိုသက်ရောက်မှုတွေ ဖြစ်နိုင်လဲ။ ထိုင်းနဲ့ အိန္ဒိယက သဘောထားပြောင်းနိုင်လား။ အခုချိန်အထိတော့ အာမခံချက် သိပ်မရှိလှဘူး။

          ဖြေ ။ ။ အရေးယူပိတ်ဆို့မှုတွေက နိုင်ငံရေးအရရော သင်္ကေတသဘောအရပါ အရေးကြီးတယ်။ ဒါတွေက သက်ဆိုင်ရာနိုင်ငံရဲ့ စိတ်ဝင်စားမှုကို ပြသနေပြီး ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ အနေနဲ့ဆိုရင် စစ်တပ်က မြန်မာကို သိမ်းယူဖို့ ကြိုးစားတာ လက်မခံနိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောလိုက်တာပဲ။ အရေးယူ ပိတ်ဆို့မှုတွေဟာ သင်္ကေတဆန်တဲ့ အခန်းကဏ္ဍက ပါဝင်ပေမယ့် လာမယ့် တနှစ်၊ နှစ်နှစ်အတွင်း မြန်မာပြည်က စစ်မြေပြင်ကို အရေးယူပိတ်ဆို့မှုတွေကြောင့် စစ်မှန်တဲ့ သက်ရောက်မှု ရှိမယ်လို့ထင်ရင် အကြီးအကျယ်မှားတဲ့ အမှားဖြစ်တယ်။

          ထိုင်း၊ အိန္ဒိယနဲ့ပတ်သက်ရင် အခြေအနေတွေက မျှော်လင့်ချက် သိပ်ရှိပုံမရဘူးလို့ ခင်ဗျားပြောတယ်။ ခုခံတော်လှန်ရေးအင်အားစု၊ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက စစ်ရေးအရှိန်အဟုန် အတိုင်းအတာ တခုအထိရရှိအောင် လုပ်နိုင်ရင် အဲဒီလို မဟုတ်ပါဘူး။ ဒီနှစ်က အရေးပါတဲ့နှစ် ဖြစ်တယ်။ ဖြစ်ပေါ်နေတဲ့ လမ်းကြောင်းတွေကို ဖွင့်ဆိုတဲ့အခါ အဆုံးအဖြတ်ကျတဲ့ နှစ်တောင်မှ ဖြစ်နိုင်တယ်။ ဘယ်သူက အပေါ်စီး ရောက်လာပြီး ဘယ်သူက အောက်ရောက်သွားမယ်ဆိုတဲ့ လမ်းကြောင်းတွေ ဖြစ်တယ်။ ဒါက နောက်ဆုံး အပြီးသတ်အောင်ပွဲတော့ ဖြစ်မှာမဟုတ်ပေမယ့် ခုခံတော်လှန်ရေး အင်အားစုက စစ်ရေးအရှိန်ဟုန်ကို မှန်ကန်တဲ့လမ်းကြောင်းကနေ ပြသနိုင်ရင် အိန္ဒိယနဲ့ထိုင်းလို အရေးပါတဲ့ အိမ်နီးချင်းတွေရဲ့ မူဝါဒတွေအပေါ် သက်ရောက်မှုရှိလာမယ်။ တရားဝင်ကြေညာချက်တွေ ထုတ်လာမှာ မဟုတ်ပေမယ့် မြန်မာပြည်တွင်းက အပြောင်းအလဲကို ထင်ဟပ်တဲ့ နယ်စပ်အခြေအနေတွေ ပြောင်းလဲလာမယ်။ ဒါကြောင့် မြန်မာပြည်တွင်းက စစ်ရေး အခြေအနေက သော့ချက်ပဲ။ အဲဒါဟာ နိုင်ငံခြားသားတွေ စဉ်းစားပုံ လုပ်ကိုင်ပုံကို သြဇာသက်ရောက်စေပြီး အခြားနည်းလမ်းမရှိဘူး။

          နောက်ဆုံး အပြီးသတ်အောင်ပွဲတော့ ဖြစ်မှာမဟုတ်ပေမယ့် ခုခံတော်လှန်ရေး အင်အားစုက စစ်ရေးအရှိန်ဟုန်ကို မှန်ကန်တဲ့လမ်းကြောင်းကနေ ပြသနိုင်ရင် အိန္ဒိယနဲ့ထိုင်းလို အရေးပါတဲ့ အိမ်နီးချင်းတွေရဲ့ မူဝါဒတွေအပေါ် သက်ရောက်မှုရှိလာမယ်။ တရားဝင်ကြေညာချက်တွေ ထုတ်လာမှာ မဟုတ်ပေမယ့် မြန်မာပြည်တွင်းက အပြောင်းအလဲကို ထင်ဟပ်တဲ့ နယ်စပ်အခြေအနေတွေ ပြောင်းလဲလာမယ်။

          မေး ။ ။ မြန်မာခုခံတော်လှန်ရေး အင်အားစုတွေ ပြင်ပက စစ်ရေးအကူအညီ ရနိုင်လား။ အမေရိကန် ပြည်ထောင်စုက အဲဒီလမ်းကြောင်းဘက်ကို တဖြည်းဖြည်း ပြောင်းလာနိုင်လား၊ ဒါမှမဟုတ် ဒါဟာ လတ်တလောမှာ လက်တွေ့မကျတဲ့ မျှော်မှန်းချက်ဖြစ်နေလား။

          ဖြေ ။ ။ ဒီနေရာမှာ စကားလုံးတွေကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ အရေးကြီးတယ်။ ခင်ဗျားက လက်နက်ထောက်ပံ့မှု၊ စစ်ရေးရည်မှန်းချက်တခုနဲ့ ကာလတခုကြာ လက်နက် ပြန်လည်ဖြည့်ဆည်းဖို့အကြောင်း ပြောနေတာဆိုရင် အဲဒီလို ထောက်ပံ့မှုလုပ်ဖို့ ပြည်ပပါဝင်ဆောင်ရွက်သူတွေ ရှိမယ်လို့ ကျနော်မထင်ဘူး။

          ဒါပေမယ့် ကျနော်ဆိုလိုချင်တာက မြန်မာက စစ်ရေးအခြေအနေ ပြောင်းလာတဲ့အခါ မြန်မာနယ်စပ်က နိုင်ငံတွေ၊ အရေးအကြီးဆုံးက အိန္ဒိယနဲ့ထိုင်းက ပုဂ္ဂလိကဈေးကွက်တွေကတဆင့် နယ်စပ်ဖြတ်ကျော်နေတဲ့ လက်နက်တွေကို မသိချင်ယောင်ဆောင်လာမယ်။ အနောက်နိုင်ငံတွေက ခုခံတော်လှန်ရေးအင်အားစုကို လက်နက်ထောက်ပံ့ဖို့ စိတ်ဝင်စားတယ် ဆိုရင်တောင်မှ အဲဒီ တနိုင်ငံမဟုတ်တနိုင်ငံက ခုခံတော်လှန်ရေး အင်အားစုတွေကို လက်နက်တွေ ထရပ်ကားလိုက် ပို့ဆောင်ပြီး အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားလာမယ်လို့ ကျနော်ပြောတာ မဟုတ်ဘူး။ မြန်မာစစ်တပ် နွံနစ်နေပြီဆိုတာကို သူတို့ သဘောပေါက်လာတဲ့အခါ သူတို့က လောင်းကြေးကို နေရာခွဲပြီး မဆုံးရှုံးအောင်လုပ်လာပြီး ပြည်တွင်းပဋိပက္ခအခြေအနေက မြေပုံကိုပြောင်းလဲစေလားလို့ သူတို့ကိုယ်သူတို့ မေးလာမယ်။ ငါတို့နယ်စပ်လုံခြုံရေးကို ဘယ်လိုသက်ရောက်လဲ စဉ်းစားလာမယ်။ ဘယ်သူနဲ့ ပြောဆိုရမယ်ဆိုတာကို စဉ်းစားလာမယ်။

          မေး ။ ။ အဲဒီလို လက်နက်တွေထဲမှာ လူနဲ့သယ်ဆောင်နိုင်တဲ့ လေကြောင်းကာကွယ်ရေးစနစ် (MANPADS) တွေ ပါနိုင်လား။

          ဖြေ ။ ။ အဲဒီလိုမြင်ရဖို့ခက်တယ်။ MANPADS တွေက နိုင်ငံရေးအရ၊ သယ်ယူပို့ဆောင်ရေးအရ၊ နယ်စပ်လုံခြုံရေးအရ နယ်ပယ်အမျိုးမျိုးမှာ ပြဿနာရှိတယ်။ အဲဒီလိုလက်နက်မျိုး ရနိုင်ခြေရှိတဲ့ ခုခံတော်လှန်ရေး အင်အားစုက အရမ်းကို အပိုင်းပိုင်းအစစ ဖြစ်နေတယ်။ ပြင်ပဇာတ်ဆောင်တဦးဦးက စစ်မြေပြင်အခြေအနေ အပြောင်းအလဲဖြစ်အောင် အဲဒီလိုလက်နက်တွေ သူတို့ကိုပေးဖို့ စိတ်ဝင်စားတယ်လို့ ယူဆမယ်ဆိုရင်တောင် ခုခံတော်လှန်ရေး အင်အားစုတွေအနေနဲ့ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်လိုသေးတယ်။ တလက်၊ နှစ်လက်နဲ့ ဘာမှလုပ်လို့မရဘူး။ နောက်ပြီးတော့ အဲဒီလက်နက်တွေ ဘယ်မှာအဆုံးသတ်သွားမလဲ ဆိုတာကလည်း ပြဿနာပဲ။ လေတပ်ဂျက်လေယာဉ်ကို မြေပြင်က ဝေဟင်ပစ်ဒုံးကျည်နဲ့ ပစ်ခတ်နိုင်တယ်ဆိုရင် တခြားတယောက်ကိုလည်း ပြန်ရောင်းလိုက်နိုင်တယ်။ အဲဒီတခြားတယောက်က ဘန်ကောက်မြို့ပြင် ဒွန်မောင်းလေဆိပ်က တက်လာတဲ့ အရပ်ဘက်လေကြောင်းလိုင်း လေယာဉ်ကို ပစ်ချချင်နေတာမျိုး ဖြစ်နိုင်တယ်။ ဒါကြောင့် အန္တရာယ်က နေရာတိုင်းမှာ ရှိနေတယ်။ ယူကရိန်းမှာလည်း ဒီလိုအန္တရာယ်တွေရှိပေမယ့် ယူကရိန်းကို ထောက်ပံ့သလိုမျိုး မြန်မာအတွက် မဖြစ်မှာ သေချာတယ်။

          လေတပ်ဂျက်လေယာဉ်ကို မြေပြင်က ဝေဟင်ပစ်ဒုံးကျည်နဲ့ ပစ်ခတ်နိုင်တယ်ဆိုရင် တခြားတယောက်ကိုလည်း ပြန်ရောင်းလိုက်နိုင်တယ်။ အဲဒီတခြားတယောက်က ဘန်ကောက်မြို့ပြင် ဒွန်မောင်းလေဆိပ်က တက်လာတဲ့ အရပ်ဘက်လေကြောင်းလိုင်း လေယာဉ်ကို ပစ်ချချင်နေတာမျိုး ဖြစ်နိုင်တယ်။ ဒါကြောင့် အန္တရာယ်က နေရာတိုင်းမှာ ရှိနေတယ်။ ယူကရိန်းမှာလည်း ဒီလိုအန္တရာယ်တွေရှိပေမယ့် ယူကရိန်းကို ထောက်ပံ့သလိုမျိုး မြန်မာအတွက် မဖြစ်မှာ သေချာတယ်။

          မေး ။ ။ ရုရှားက မြန်မာမှာ အဆုံးအဖြတ်ပေးမယ့် နိုင်ငံဖြစ်လာနိုင်လား။ ဒါမှမဟုတ် ယူကရိန်းစစ်ကြောင့် ရရှားက ဆီးရီးယားမှာ လုပ်ခဲ့သလိုမျိုး အဆုံးအဖြတ်ပေးတဲ့အခန်းက မပါနိုင်လောက်အောင် အင်အားနည်းသွားပြီလား။

          ဖြေ ။ ။ ယူကရိန်းစစ်ပွဲ မဖြစ်ရင်တောင်မှ ရုရှားဟာ မြန်မာမှာ ဘယ်တော့မှ အဆုံးအဖြတ်ပေးတဲ့ နေရာကနေ မပါနိုင်ဘူး။ ရုရှားရဲ့ သေနင်္ဂဗျူဟာ စိုးရိမ်စရာတွေရှိတဲ့ ဆီးရီးယားမှာ လုပ်ခဲ့သလို့ နေပြည်တော် စစ်ကောင်စီအတွက် စစ်ရေးအရ ဝင်ရောက်ကြားဆောင်ရွက်မယ်ဆိုတာ စိတ်ကူးယဉ်ဖို့တောင် မဖြစ်နိုင်သလောက်ပဲ။ အဲဒီအပြင် နှစ်နိုင်ငံလုံးက တနိုင်ငံနဲ့တနိုင်ငံ အပြန်အလှန်လိုအပ်နေတဲ့ ပေါင်းသင်းဆက်ဆံမှု ဖြစ်တယ်။ ရုရှားပြဿနာတွေရဲ့ သံတမန်ရေးနဲ့ ပထဝီနိုင်ငံရေး သက်ရောက်မှုတွေကို ကျနော်တို့ နားလည်တယ်။ မြန်မာဘက်ကကျတော့ ရုရှားလုပ် စစ်လက်နက်ပစ္စည်းတွေကို အကြီးအကျယ် မှီခိုနေရသလို သံတမန်ရေးအရ ထောက်ခံတဲ့နိုင်ငံ အနည်းဆုံး တနိုင်ငံတော့ရှိနေတော့ အားရနေတယ်။

          စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ၂၀၂၂ က တွေ့ရစဉ် / AFP

          ဒါပေမယ့် လက်တွေ့မှာ အဲဒီဆက်ဆံရေးက ဘာတွေဖြစ်လာစေမှာလဲ။ မြန်မာလေတပ်အနေနဲ့ စစ်လက်နက် ပစ္စည်းကိရိယာ အပိုပစ္စည်းတွေကြောင့် အကျိုးခံစားရနိုင်သလို သူတို့ညံ့ဖျင်းတဲ့ လေကြောင်းကနေ တပ်ဖြန့်ချတဲ့စနစ် စစ်ဆင်ရေးတွေလို အထူးနယ်ပယ်တွေအတွက် အကြံဉာဏ်ရနိုင်တယ်။ အဲဒီထက်ကျော်ရင် မြန်မာစစ်တပ်က ထပ်မံ လိုအပ်နေနိုင်တဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ၊ နောက်ထပ် Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေနဲ့ အခြေခံပုံစံ Kamaz ထရပ်ကားတွေ၊ အဲဒီလို စစ်လက်နက်ပစ္စည်းတွေက ရုရှားကလည်း သူ့အတွက်တောင် သူလိုအပ်နေတယ်။ ရိုးရိုးလေယာဉ်တွေနဲ့ ပတ်သက်ရင် မြန်မာလေတပ်က သူမှာရှိပြီးသားနဲ့တင် လုံလောက်နေတယ်။

          စီးပွားရေးနဲ့ နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အကြောင်းကိုလည်း ပြောနေတာတွေရှိတယ်။ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကိုတောင် ပြောကြတယ်။ မြန်မာကို ရုရှားတွေ လာလည်ဖို့ဆိုတာက ယူကရိန်းစစ်ပွဲမှာ ဝင်မတိုက်ချင်လို့ ရှောင်ရှားတဲ့ ရုရှားအမျိုးသားတွေ အတွက်ကလွဲရင် ဟာသပဲ။

          အရေးအကြီးဆုံးအချက်ကတော့ စစ်အုပ်စုဟာ သူ့ပြည်သူကိုသူ မြေလှန်မီးရှို့ ပုန်ကန်မှုနှိမ်နင်းရေး စစ်ဆင်ရေးတွေလုပ်ဖို့ ကြိုးစားနေတာဖြစ်တယ်။ ပြင်းထန်တဲ့ သမားရိုးကျစစ်ပွဲကို တိုက်နေတာမဟုတ်ဘူး။ ကျနော်တို့ ဆွေးနွေးခဲ့တဲ့အတိုင်းပဲ သူတို့ရဲ့ ပြဿနာက လူအင်အားဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေး ပြဿနာလည်း ရှိကောင်းရှိမယ်။ ရုရှားကဖြစ်စေ၊ အခြားနိုင်ငံတခုခုကဖြစ်စေ အကောင်းစားလက်နက်တွေ လိုအပ်နေတာ မဟုတ်ဘူး။

          စီးပွားရေးနဲ့ နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အကြောင်းကိုလည်း ပြောနေတာတွေရှိတယ်။ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကိုတောင် ပြောကြတယ်။ မြန်မာကို ရုရှားတွေ လာလည်ဖို့ဆိုတာက ယူကရိန်းစစ်ပွဲမှာ ဝင်မတိုက်ချင်လို့ ရှောင်ရှားတဲ့ ရုရှားအမျိုးသားတွေ အတွက်ကလွဲရင် ဟာသပဲ။ ဒီစကားတွေ အားလုံးဟာ မြန်မာစစ်တပ်က နိုင်ငံမှာ လုံခြုံမှုကို ယုံကြည်နိုင်လောက်တဲ့ အဆင့်တခုအထိ လုပ်နိုင်မယ်ဆိုတဲ့ ကြိုတင်ယူဆချက်ကို အခြေခံတယ်။ အဲဒီလုံခြုံမှုကို လာမယ့်နှစ်တွေမှာ မရနိုင်လောက်ဘူး။ ဒါကြောင့်မို့ စစ်ရေးနဲ့မဆိုင်တဲ့ နယ်ပယ်တွေနဲ့ ပတ်သက်ပြီး ပြောသမျှ အရာရာဟာ အခြေအမြစ်မရှိတဲ့ စကားသက်သက်ပဲ ဖြစ်ဖို့များတယ်။

          (အန်ထော်နီ ဒေးဗစ်သည် ဘန်ကောက်အခြေစိုက် လုံခြုံရေးဆိုင်ရာ အကဲခတ်လေ့လာသူနှင့် အတိုင်ပင်ခံဖြစ်ပြီး အာရှတလွှားမှ လက်နက်ကိုင် ပဋိပက္ခများကို လက်တွေ့ အတွေ့အကြုံရှိသည်။ ဒေးဗစ်သည်အဓိကအားဖြင့် လုံခြုံရေးနှင့်ကာကွယ်ရေး စာစောင် IHS-Janes အတွက် ရေးသားသည်။)

          (အီဂေါ ဘလက်ဇီဗစ်သည် Prague Civil Society Centre တွင် ဝါရင့်အကြံပေးဖြစ်သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မြန်မာမှ Educational Initiatives Program တွင် ဦးဆောင်သင်ကြားပို့ချသူအဖြစ် လုပ်ကိုင်ခဲ့သည်။)

          (ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ ‘A Decisive Year in Terms of Trajectories’ in Myanmar ကို ဘာသာပြန် ဖော်ပြသည်။)

          You may also like these stories:

          ယခုနှစ် မြန်မာ့စစ်ရေး ဖြစ်ပေါ်တိုးတက်မှုကို အကဲဖြတ်ခြင်း

          PDF များ ပခုံးထမ်းလေယာဉ်ပစ် လက်နက်တွေ မရနိုင်သေးတဲ့အခါ

          အချိန်မတိုင်မီ NUG မီးကုန်ယမ်းကုန် တိုက်ရင် ရှုံးမည်

          မြန်မာ့ပြည်တွင်းစစ်တွင် မည်သူနိုင်ခြေများသနည်း

          ပုစွန်ဦးနှောက်နှင့် စစ်ဗိုလ်ချုပ်များ

          Your Thoughts …
          Tags: MANPADSNUGPDFခုခံတော်လှန်ရေး အင်အားစုစစ်ကောင်စီစစ်ဆင်ရေးစစ်ရေးအကူအညီစစ်အာဏာသိမ်းမှုတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံထိုင်းထောက်ပံ့ပို့ဆောင်ရေးပျူစောထီးရုရှားလေကြောင်းကာကွယ်ရေးစနစ်လေကြောင်းတိုက်ခိုက်မှုလေယာဉ်မပျံသန်းရဇုန်လောင်စာ သိုလှောင်မှုအမေရိကန်အရေးယူပိတ်ဆို့မှုအိန္ဒိယ
          Igor Blazevic

          Igor Blazevic

          Similar Picks:

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          by ကိုဦး
          25 September 2023
          52.4k

          စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          by ဧရာဝတီ
          6 November 2023
          48.1k

          ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

          by ဧရာဝတီ
          21 August 2023
          40.3k

          စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          by ဧရာဝတီ
          4 December 2023
          37.4k

          ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          by အောင်သစ်
          28 August 2023
          37.2k

          ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

          ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

          ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

          by မိုးစက်ငြိမ်းချမ်း
          31 October 2023
          36.8k

          စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

          Next Post
          တိုက်ပွဲမဖြစ်မီ ဝိုင်းဒင်ရွာကို ထိုင်းဘက်မှ လာနေသည့် ဒေသခံများ/ PDF ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း

          ကော့သောင်းခရိုင်မှ စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး

          Google ၏ USM သည် ဘာသာစကား ၁၀၀ ကျော်ကို အလိုအလျောက် သိရှိသည်

          Google က ဘာသာစကား ၁၀၀၀ သုံး AI တည်ဆောက်ရန် နီးစပ်လာ

          No Result
          View All Result

          Recommended

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          6 days ago
          13.2k
          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          16 hours ago
          11.3k

          Most Read

          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

            shares
            Share 0 Tweet 0
          • စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            shares
            Share 0 Tweet 0
          • လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved