နွေဦးတော်လှန်ရေးမှာ Strategic Communication အရေးကြီးတယ်

ဧရာဝတီ
ဒေါက်တာ မီမီဝင်းဘတ်သည် အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီရှိ Daniel K. Inouye Asia Pacific Center for Security Studies (APCSS) မှ ပါမောက္ခ ဖြစ်ပြီး အမေရိကန်စစ်တပ်တွင် ဒုဗိုလ်မှူးကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်

ဒေါက်တာ မီမီဝင်းဘတ်သည် အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီရှိ Daniel K. Inouye Asia Pacific Center for Security Studies (APCSS) မှ ပါမောက္ခ ဖြစ်ပြီး အမေရိကန်စစ်တပ်တွင် ဒုဗိုလ်မှူးကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဧရာဝတီက ဒေါက်တာ မီမီဝင်းဘတ်အား မြန်မာ့နွေဦးတော်လှန်ရေးနှင့် Strategic Communication (ဗျူဟာတကျ ဆက်သွယ်ဆောင်ရွက်ခြင်း) အကြောင်း ဆက်သွယ် မေးမြန်းထားသည့် အင်တာဗျူးထဲမှ အချို့ကို ပြန်လည် ဖော်ပြလိုက်သည်။

မေး ။ ။ ဒီတော်လှန်ရေးက အောင်မှာလား။ ဘယ်လို အောင်မှာလဲ။ ဘာကြောင့် အောင်မှာလဲ။

ဖြေ ။ ။ Yes ဘာကြောင့် အောင်မှာလဲဆိုတော့ ပြည်သူလူထုကို Control (ထိန်းချုပ်) လုပ်လို့ မရတော့ဘူး။ ပြည်သူလူ ထုက လုံးဝ လက်မခံလို့၊ ပြည်သူလူထုကို ဘယ်လိုမှ ထိန်းချုပ်လို့ မရတော့ဘူး။ နောက် ကျမ အရင်တုန်းကလည်း ပြော လာခဲ့တယ်။ ကျမတို့ နိုင်ခဲ့တဲ့၊ အောင်မြင်ခဲ့တဲ့ ရာဇဝင်မှာ တော်လှန်ရေးတွေ ပြန်သုံးသပ်လိုက်ရင် ၃ ချက် တွေ့နိုင်တယ်။ DIP ဆိုတာပဲ။ D ဆိုတာ Defection (ဘက်ကူးပြောင်းမှု)၊ နောက်တခု I က International Pressure နိုင်ငံတကာရဲ့ ဖိအားပေးမှု၊ နောက်ပြီးတော့ People Support ပြည်သူလူထုရဲ့ ပံ့ပိုးမှုပဲ။ အဲဒါတွေကို အသုံးချပြီးတော့ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးကို ကြည့်လိုက်မယ်ဆိုရင် အဲဒီထဲမှာ ခရီးလမ်း တော်တော်များများ ရောက်နေတယ်။

ကျမတို့ နိုင်ခဲ့တဲ့၊ အောင်မြင်ခဲ့တဲ့ ရာဇဝင်မှာ တော်လှန်ရေးတွေ ပြန်သုံးသပ်လိုက်ရင် ၃ ချက် တွေ့နိုင်တယ်။ DIP ဆိုတာပဲ။ D ဆိုတာ Defection (ဘက်ကူးပြောင်းမှု)၊ နောက်တခု I က International Pressure နိုင်ငံတကာရဲ့ ဖိအားပေးမှု၊ နောက်ပြီးတော့ People Support ပြည်သူလူထုရဲ့ ပံ့ပိုးမှုပဲ။

Defection ဆိုရင် အခုချိန်မှာ တော်တော်များများ ထွက်လာတာတွေ ရှိတယ်။ မထွက်လာနိုင်ရင်လည်း တော်တော်များများ ဖရဲသီး အနေနဲ့ Information (သတင်းအချက်အလက်) တွေ ပေးနေတာ ရှိတယ်။ တချိန်ကျရင် ပြည်သူ့ဘက်က ရပ်တည်မယ် ဆိုတဲ့သူတွေ ရှိတယ်။ နောက်ပြီးတော့ Defector (ဘက်ကူးပြောင်းသူ) တွေကို ကျမ အင်တာဗျူး လုပ်လိုက်တဲ့ အခါမှာ သူတို့က ပြောနေတယ်။ ၁၀ ယောက်ထဲက ၇ ယောက်က အထဲမှာ လုံးဝကို မလုပ်ချင်ဘူး။ အဲဒီလိုမျိုး ရှိနေတဲ့ တပ်မတော်က ဘယ်တော့မှ စစ်တိုက်လို့ မအောင်မြင်ဘူး။

အခုနောက်ဆုံး TNLA (ပလောင် (တအာင်း) အမျိုးသားလွတ် မြောက်ရေးတပ်မတော်) ဘက်မှာ တော်တော်များများ ကျသွားတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာစစ်တပ်ထဲမှာရှိတဲ့ စိတ်ဓာတ်အင်အားက အရမ်းကျသွားတယ်။

မေး ။ ။ အခု မြန်မာ့တပ်မတော်လို့ ခေါ်ခဲ့တဲ့ စစ်တပ်ကို ဒီနေ့မှာ တပ်မတော်လို့ ခေါ်လို့ရလား။ စစ်တပ်လို့ ခေါ်ကြမှာလား။ ရွာဝင် မီးရှို့၊ လူသတ်၊ လူရမ်းကား လက်နက်ကိုင် အုပ်စုတစုလို့ ခေါ်ကြမလား။ အခု Debate ဖြစ်နေတာကို နိုင်ငံတကာမှာရော၊ ပြည်တွင်းမှာရော တွေ့ရတယ်။ ပြည်သူတွေ မြင်ချင်တာက Professional Army ဒါပေမဲ့ မြန်မာ စစ်တပ်က တချိန်လုံး ပြောနေခဲ့တာက Standard Army။ ဒါပေမဲ့ ဒီနေ့ တကယ့် Standard Army အဆင့်တခု မဟုတ်တော့ဘဲနဲ့ ရွာဝင်ပြီး မီးရှို့၊ ပစ္စည်းလု၊ လူသတ်တဲ့ လူရမ်းကားတပ် ဖြစ်နေတာကို တွေ့ရတယ်။

ဖြေ ။ ။ ကျမမှာ Debate မရှိဘူး ဘာမှ အဲဒီဥစ္စာ ပြတ်ပြတ်သားသားပဲ။ အဲဒါနဲ့ ပတ်သက်ပြီး ဒီဥစ္စာ Professional စစ်တပ် မဟုတ်တော့ဘူး။ တပ်မတော်ဆိုတာ ဝေးလာဝေးနော်။ ဒီဥစ္စာက ရာဇဝတ်ဂိုဏ်း Criminal Organization တခုရဲ့ လုပ်ရပ်တွေ ဖြစ်သွားပြီ။ ကျမကတော့ စစ်သည်တော်ဟောင်း တယောက်အနေနဲ့ ကျမမှာ Debate ဘာမှ မရှိဘူး။ ပြတ်ပြတ်သားသားပဲ။ ဒီဥစ္စာ Army မဟုတ်တော့ဘူး။

ကျမမှာ Debate မရှိဘူး ဘာမှ အဲဒီဥစ္စာ ပြတ်ပြတ်သားသားပဲ။ အဲဒါနဲ့ ပတ်သက်ပြီး ဒီဥစ္စာ Professional စစ်တပ် မဟုတ်တော့ဘူး။ တပ်မတော်ဆိုတာ ဝေးလာဝေးနော်။ ဒီဥစ္စာက ရာဇဝတ်ဂိုဏ်း Criminal Organization တခုရဲ့ လုပ်ရပ်တွေ ဖြစ်သွားပြီ။

မေး ။ ။ နောက်တခု သိချင်တာက ဒီဘက်က တော်လှန်ရေးအုပ်စုတွေနဲ့ တွေ့တဲ့အခါမှာ၊ မီဒီယာအုပ်စုတွေနဲ့ တွေ့တဲ့ အခါမှာ Strategic Communication ဆိုတာ ရှင်းပြပါအုံး။ မဟာဗျူဟာကျတဲ့ ဆက်သွယ်ဆက်ဆံရေး လုပ်ဆောင်မှုလို့ ပြောလို့ရတာပေါ့။ စစ်ကောင်စီက ဘယ်လောက်ထိ ထိထိရောက်ရောက် အသုံးချနေသလဲ။ NUG (အမျိုးသားညီညွတ်ရေး အစိုးရ) အပါအဝင် PDF (ပြည်သူ့ကာကွယ်ရေးတပ်) တွေကရော၊ ရှိနေပြီးသား EROs၊ EAOs (တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ) တွေကရော ဘယ်လောက်ထိ ဒါကို Effective (ထိထိရောက်ရောက်) ဖြစ်ဖြစ် အသုံးချနေသလဲ ဆိုတာ ဆရာမ သုံးသပ်ချက်ကို သိချင်ပါတယ်။

ဖြေ ။ ။ နှစ်ဖက်စလုံးမှာ အားသာချက်၊ အားနည်းချက်တွေ ရှိတယ်။ SAC (စစ်ကောင်စီ) ကို ကြည့်လိုက်မယ်ဆိုရင် သူတို့ရဲ့ အားသာချက်က မီဒီယာအမှောင်ချဖို့၊ ပြည်သူတွေကို မပြောရဲ၊ မဆိုရဲအောင်လုပ်ဖို့ အာဏာလက်နက်ကို သုံးနိုင်တယ်။ နှစ်ပေါင်းများစွာသုံးလာခဲ့တဲ့ လူတွေရဲ့စိတ်ကို လှည့်ဖျားတဲ့နည်းတွေ ရှိတယ်။ အဲဒီလိုလုပ်ဖို့ မီဒီယာတွေ လူတွေကို ကောင်းကောင်းသုံးနိုင်တယ်။ ဆိုရှယ်မီဒီယာပေါ်မှာ အကုန်အကျခံပြီး လုပ်နိုင်တယ်။ အာဏာရှင်စနစ်ဆိုတော့ အထက်က ပြောလိုက်ရင် အောက်က အကုန်လိုက်လုပ်ကြတယ်။ ဘာမှ အတွန့်မတက်ဘူး။ မဝေဖန်ဘူး။ အဲဒီတော့ ပြည်သူတွေဆီကို ဝါဒဖြန့်ချင်တဲ့အခါ သူတို့ ကြိုတင်ဇာတ်တိုက်ထားတဲ့အတိုင်း အကြောင်းအရာတခုကို အဓိကထားပြောဖို့ လွယ်တယ်။ ဥပမာ သူတို့ ကောင်းကောင်း အုပ်ချုပ်နေနိုင်ပြီ။ နိုင်ငံဟာ ပုံမှန်ပြန်ဖြစ်နေပြီကို အခုတလော တောက်လျှောက်ပြောနေသလိုပေါ့။

SAC ရဲ့ အားနည်းချက်ကို ကြည့်မယ်ဆိုရင် သူတို့ ဘာပြောပြော ပြည်သူတွေကော၊ မြန်မာ့အရေးကို စောင့်ကြည့်နေတဲ့ ပြည်ပကလူတွေကော ဘယ်သူမှ မယုံဘူး။ ပြည်သူတွေရဲ့ ယုံကြည်မှု မရသရွေ့ သူတို့ဘယ်တော့မှ မနိုင်ဘူး။

SAC ရဲ့ အားနည်းချက်ကို ကြည့်မယ်ဆိုရင် သူတို့ ဘာပြောပြော ပြည်သူတွေကော၊ မြန်မာ့အရေးကို စောင့်ကြည့်နေတဲ့ ပြည်ပကလူတွေကော ဘယ်သူမှ မယုံဘူး။ ပြည်သူတွေရဲ့ ယုံကြည်မှု မရသရွေ့ သူတို့ဘယ်တော့မှ မနိုင်ဘူး။

တော်လှန်ရေးအင်အားစုတွေဘက်ကကြည့်ရင် အခု တိုက်ပွဲဝင်နေကြတဲ့ NUG, PDF, EROs နဲ့ တော်လှန်သူတွေ အားလုံး ကို ပြည်သူတွေက ချစ်ခင်အားကိုးတယ်။ သူတို့ တတ်နိုင်သလောက် ပံ့ပိုးကူညီတယ်။ နားလည်ပေးကြတယ်။ ဒီဘက်က အားနည်းချက်ကတော့ အားလုံးအတူတူ ဇာတ်ကြောင်းတခု ဖော်ဆောင်ပြီး ပြည်သူတွေကို ပြောဖို့ဆိုဖို့ရာ ညှိနှိုင်းကြရ တယ်။ အားလုံးသဘောတူဖို့ အချိန်အတော်ယူရတယ်။ အားလုံးတူတူ တသံတည်းပြောဖို့ အခက်အခဲ ရှိတယ်။ အထက်က အမိန့်တခုတည်းနဲ့သွားတဲ့ အာဏာရှင်စနစ် မဟုတ်တဲ့အတွက် အားလုံးညှိနှိုင်းသဘောတူဖို့ အချိန်ယူရတာမျိုးပေါ့။

မေး ။ ။ ဆရာမ ပြောနေတဲ့ အင်တာဗျူးတွေမှာဆိုရင် ၂၅ ရာခိုင်နှုန်းက လက်နက်ကိုင်တော်လှန်ရေး ဖြစ်ချင်ဖြစ်မယ်၊ ကျန် ၇၅ ရာခိုင်နှုန်းက တခြားနည်းလမ်းတွေ ဖြစ်တယ်လို့ ပြောတာ တွေ့ရတယ်။ ဒါကို နည်းနည်းရှင်းပြပေးပါ။

ဖြေ ။ ။ ကျမ ပြောတာ Road to Victory ပေါ့နော်။ အောင်မြင်မှုရမယ့် နည်းလမ်းထဲမှာ ပြန်သုံးသပ်ကြည့်လိုက်မယ် ဆိုရင် ၂၅ ရာခိုင်နှုန်းက လက်နက်ကိုင်တော်လှန်ရေး ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ ၇၅ ရာခိုင်နှုန်းက တခြားဟာ ဖြစ်ချင်ဖြစ်မယ်။ ကျမ ပြောသလို ဒီဘက်က ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင်၊ နိုင်ငံရေးအရ နားလည်နိုင်မယ်ဆိုရင် ဒီဘက်က Command ရပြီ။ အဲဒီတော့ နိုင်ငံရေးနဲ့ လက်နက်ကိုင်တော်လှန်ရေးက ဆက်စပ်နေတယ်။ ဒါပေမဲ့ အဲဒီဟာမရမချင်း ဒီ Command ရဖို့က မလွယ်ဘူး။ အဲဒါကြောင့် အဲဒီဟာကို Focus လုပ်ရမယ်။

ဆိုပါတော့ လေယာဉ်တစီး ဗုံးလာကြဲတဲ့ဥစ္စာ US ဒေါ်လာ ၂ သိန်း၊ ၃ သိန်းကြားမှာ ကျတယ်။ One round မှာ လေယာဉ်တခါပျံရင် အဲဒီလောက် ကုန်ကျတယ်။ ဆိုတော့ နည်းနည်းနောနော မဟုတ်ဘူး။ သူတို့မှာ ပိုက်ဆံမရှိရင် အဲဒါလုပ်လို့ မရဘူး။ ရုရှားက သူတို့ကို အလကားပေးမှာ မဟုတ်ဘူး။

နောက်ပြီး ခုနပြောသွားတဲ့ DIP နော်။ အဲဒါကို ကျမ အလေးအနက် ထပ်ပြောချင်တယ်။ Defection နဲ့ People Support က အားကောင်းနေပြီ။ International Pressure က အဲဒီ နှစ်ချက်ပေါ်ကို မူတည်တယ်။ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆင်ရေး၊ နိုင်ငံတကာရဲ့ ဆက်ဆံရေးတွေလည်း ပတ်သက်တယ်။ စစ်တပ်ရဲ့ Strategic Level၊ သူတို့ရဲ့ Logistics တွေကို ကျအောင် လုပ်ထားတာ။ နိုင်ငံပေါင်းစုံက သူတို့ကို Pressure ပေးထားတဲ့ အခါကျတော့ ပိုက်ဆံရဖို့အရေးတွေ ပျောက်ကုန်တယ်။ ပြီးရင် ဒါ သူတို့ စစ်ဆင်ရေးလုပ်ဖို့ မလွယ်ဘူး။ ဆိုပါတော့ လေယာဉ်တစီး ဗုံးလာကြဲတဲ့ဥစ္စာ US ဒေါ်လာ ၂ သိန်း၊ ၃ သိန်းကြားမှာ ကျတယ်။ One round မှာ လေယာဉ်တခါပျံရင် အဲဒီလောက် ကုန်ကျတယ်။ ဆိုတော့ နည်းနည်းနောနော မဟုတ်ဘူး။ သူတို့မှာ ပိုက်ဆံမရှိရင် အဲဒါလုပ်လို့ မရဘူး။ ရုရှားက သူတို့ကို အလကားပေးမှာ မဟုတ်ဘူး။

မေး ။ ။ ဒါပေမဲ့ အတိုက်အခံတွေ၊ တော်လှန်ရေးအုပ်စုတွေ ပြောနေတာ ဒီလေယာဉ်တွေကို ဘယ်လို ပစ်ချမလဲပေါ့။ ပစ်ချတဲ့အခါမှာ လေယာဉ်ပစ်ဒုံးကို ယူမှာလား၊ တခြား ခုခံတိုက်ခိုက်ရေး စိတ်ကူးတွေက ဘာတွေ ရှိမလဲ။

ဖြေ ။ ။ ကျမ အရင်ကလည်း အင်တာဗျူးတွေမှာ ပြောခဲ့တယ်။ လေယာဉ်တစီး ပျံဖို့အတွက်က အများကြီး လိုအပ်တယ်။ ဆိုတော့ လေယာဉ်တစီး ပျံမယ်ဆိုရင် ဆီလိုတယ်။ Pilot လိုတယ်၊ Ground Crew လိုတယ်။ Parts တွေ လိုတယ်။ အဲဒီအထဲမှာ ပြန်ကြည့်လိုက်ရင် အများကြီး လုပ်လို့ရတယ်။ ကျမ ဥပမာ အမြဲတမ်းပေးတာ ဒုတိယ ကမ္ဘာစစ်မှာတုန်းက US က ဝင်တာနောက်ကျတယ်။ အဲဒီအချိန်မှာ ဂျပန်တို့၊ ဂျာမနီတို့ စစ်ပစ္စည်း ထုတ်လုပ်ရေးတွေက အများကြီး ရောက်နေပြီ။

ရှေ့မှာ တခုခုလုပ်မယ်ဆိုရင် Logistics of change ကို မတတ်နိုင်ရင် ဘယ်နားမှာ Destruct လုပ်ရမလဲ စဉ်းစားရမယ်။

အဲဒီဟာကို ဘယ်လို Slow down လုပ်ရမလဲ၊ သေးသွားအောင် လုပ်ရမလဲလို့ စဉ်းစားလိုက်တဲ့အခါမှာ စက်ရုံတွေက လုံခြုံရေး အရမ်းကြီးတယ်ဆိုတော့ ဝင်တိုက်လို့ မရဘူး။ ဒါပေမဲ့ ဘာသွားတွေ့လဲဆိုတော့ အားလုံး စက်ရုံတွေက Steel Ball Pin လေး လိုအပ်တယ်။ အဲဒီ Ball-Bearing လေးလုပ်တဲ့ စက်ရုံက ဘယ်သူမှ မကာထားဘူး။ သူ့ဘာသာ သပ်သပ် နေတယ်ဆိုတော့ အဲဒီဟာကို ထုတ်လိုက်တဲ့အခါကျတော့ ဒီဟာရပ်သွားတယ်။

အဲဒီလိုမျိုး အလားတူပဲပေါ့။ ရှေ့မှာ တခုခုလုပ်မယ်ဆိုရင် Logistics of change ကို မတတ်နိုင်ရင် ဘယ်နားမှာ Destruct လုပ်ရမလဲ စဉ်းစားရမယ်။ အဲဒီလို လုပ်ရမယ်ဆိုရင် Ground crew မရှိရင်လည်း လေယာဉ်ပျံ တက်လို့မရဘူး။ နောက် အောက်က တခုခု လုပ်လိုက်ရင်လည်း လေယာဉ်ပျံ ပြုတ်ကျလိမ့်မယ်။

You may also like these stories:

ကိုယ့်တပ်ကိုယ်နင်းတဲ့ မင်းအောင်လှိုင်

“တပ်မတော်ဆိုတဲ့ နာမည်က ဂုဏ်သိက္ခာပြုတ်သွားပြီ”

ကျွန်ဝယ်ရာအဆစ်ပါရတဲ့ စစ်သားမယားများ

နမ့်ဆန်က စစ်ကောင်စီ လေကြောင်းချီစစ်ဆင်ရေး ဘာကြောင့် ကျရှုံးရသလဲ

Loading