ရခိုင်ပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ဖျက်အားပြင်း ဆိုင်ကလုန်းမိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်း လူရာချီသေဆုံးခဲ့ရပြီး လူနေအိမ်အဆောက်အဦး နှစ်သိန်းနီးပါး ထိခိုက် ပျက်စီးခဲ့ရသလို ဆက်သွယ်ရေးလိုင်း၊ လျှပ်စစ်မီးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်ခဲ့ရပါတယ်။
မုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့ မုန်တိုင်းသင့်ပြည်သူ သန်းနဲ့ချီရှိခဲ့ပြီး အမိုးအကာတွေ၊ စားနပ်ရိက္ခာနဲ့ သောက်သုံးရေစတဲ့ အခြေခံလိုအပ်ချက်တွေများစွာ ရှိနေပြီး မုန်တိုင်းအလွန် ပြန်လည် ထူထောင်ရေးနဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကို ကူညီထောက်ပံ့ပေးဖို့လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများစွာ လိုအပ်နေဆဲ ဖြစ်ပါတယ်။
ဒီလို အကူအညီ လိုအပ်မှုများစွာရှိနေတဲ့ မုန်တိုင်းသင့်ပြည်သူတွေကို ကူညီပံ့ပိုးရာမှာ ရက္ခိုင့်တပ်တော်(ULA/AA) တပ်ဖွဲ့ဝင်တွေကလည်း ရှေ့တန်းက ပါဝင်နေကြပြီး သူတို့ရဲ့ ကူညီ ထောက်ပံ့နေတဲ့ အခြေအနေ၊ လိုအပ်ချက်၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အခြေအနေ စတာတွေနဲ့ ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံ ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ လက်ရှိ AA အနေနဲ့ မုန်တိုင်းသင့်ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေးတွေ ဘာတွေ လုပ်နေသလဲ။
ဖြေ ။ ။ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ကျနော်တို့ ULA/AA ဘက်ကနေပြီးတော့ တတ်နိုင်သမျှ၊ စွမ်းအားရှိသမျှ ကူညီ ကယ်ဆယ်ရေးတွေကို အဓိကထားပြီးတော့ လုပ်ဆောင်နေပါတယ်။ အဓိကအချက်တွေအနေနဲ့တော့ မုန်တိုင်းဒဏ်သင့် အမိုးအကာမဲ့နေတဲ့၊ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို အမိုးအကာအောက်ကို ရောက်ရှိရေးအတွက် ပထမဆုံး ကြိုးစားနေတာရှိပါတယ်။
ကျနော်တို့ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ပျက်စီးသွားတဲ့အိမ်တွေကို ယာယီနေလို့ရအောင် လုပ်ပေးတာတွေရှိတယ်။ ယာယီနေလို့ရအောင် အဆောင်တွေ ဆောက်ပေးတာတွေရှိတယ်။အခုတော့ အိမ်တွေ တော်တော်များများက ယာယီ နေလို့ရတဲ့အဆင့်က အင်မတန် ခရီးရောက်နေပြီလို့ ပြောလို့ရပါတယ်။ ဒီကိစ္စက တော်တော်လေး အရေးကြီးတယ်။ ဇွန်လ ပထမပတ်၊ဒုတိယပတ်လောက်ဆိုရင် မုတ်သုန်ရာသီက စတော့မှာ။ မုတ်သုန်ဝင်လာရင် ဒီလူတွေက ပိုပြီးတော့ ဒုက္ခရောက်မှာ။ ဒါကြောင့်မို့လို့ အမိုးအကာအောက်ကို ရောက်ရှိရေး၊ ကျနော်တို့ နေ့မအား ညမနား ကြိုးပမ်းနေတာဖြစ်တယ်။
ဇွန်လ ပထမပတ်၊ဒုတိယပတ်လောက်ဆိုရင် မုတ်သုန်ရာသီက စတော့မှာ။ မုတ်သုန်ဝင်လာရင် ဒီလူတွေက ပိုပြီးတော့ ဒုက္ခရောက်မှာ။ ဒါကြောင့်မို့လို့ အမိုးအကာအောက်ကို ရောက်ရှိရေး၊ ကျနော်တို့ နေ့မအား ညမနား ကြိုးပမ်းနေတာဖြစ်တယ်။
နောက်တချက်ကတော့ လမ်းပန်းဆက်သွယ်ရေးကို ပြန်ပြီးတော့ ကောင်းလာအောင်၊ သွားလာလို့ရအောင် မုန်တိုင်းကာလမှာ သစ်ပင်တွေလဲ၊ ဓာတ်တိုင်တွေကျိုးပြီး သွားလာလို့မရအောင် ပိတ်ဆို့နေတဲ့လမ်းတွေကို ရှင်းလင်း ဆောင်ရွက်နေတာတွေ ရှိတယ်။ အခုဆိုရင် အတော်လေး သွားလာလို့ရတဲ့အနေအထားပေါ့။ ဒါပေမယ့် ဆက်ပြီးတော့ ရှင်းလင်းစရာကတော့ အများကြီးကျန်သေးတယ်။
စစ်တွေ-ရန်ကုန် လမ်းမကြီးတလျှောက် အထူးသဖြင့် စစ်တွေကနေ မင်းပြား၊ မြေပုံလောက် အထိ လမ်းတွေက ဓာတ်တိုင်တွေအားလုံးနီးပါး ကျိုးတယ်လို့ ပြောလို့ရတယ်။ သစ်ပင်တွေလည်း ပိတ်နေတယ်။ ဒါတွေအများကြီး အချိန်ယူပြီးတော့မှ ရှင်းလင်းရဦးမယ်။
နောက်တခုကတော့ ဆားငန်ရေဝင်သွားတဲ့ ရေကန်တွေကို စက်တွေနဲ့ စုပ်ထုတ်ပြီးတော့မှ သန့်ရှင်းရေး လုပ်ပေးနေရတာရှိတယ်။ မုန်တိုင်းပြီးတဲ့နောက်မှာ ရွာတွေက ကန်တွေမှာ ဆားငန်ရေဝင်သွားတဲ့အခါကျတော့ ဘာမှ သုံးလို့ မရတော့ဘူး။ ပြည်သူတွေက သောက်သုံးရေပြဿနာတွေ ဖြစ်တယ်၊ ဒီပြဿနာကို ကျနော်တို့ ဖြေရှင်းဖို့အတွက် ကန်တွေကို သန့်ရှင်းရေးလုပ်ပေးရတဲ့ဟာကလည်း အတော်အရေးကြီးတဲ့ကိစ္စ။
မုန်တိုင်းတိုက်ပြီး နောက်တနေ့ကစပြီး ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို ကျနော်တို့ စာရင်း ကောက်ယူနေတာလည်း ရှိပါတယ်။ ဒါလည်း ပြီးခါနီးပါပြီ။ နောက်တခုကတော့ မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးကုသမှုပေးတာတွေကို လုပ်နေတယ်။ ပြည်သူတွေက ကျန်းမာရေး ထိခိုက်တာတွေ ဖြစ်တယ်။ တချို့ရွာတွေမှာဆိုရင် ဝမ်းပျက်ဝမ်းလျော ဖြစ်တာတွေလည်း ရှိတယ်။ တရွာဝင်တရွာထွက် ကျန်းမာရေးစောင့်ရှောက်ပေးတဲ့အဖွဲ့တွေကနေ စစ်ဒေသအလိုက် သွားပြီးတော့ ဆေးကုသပေးနေတာ ရှိတယ်။ အဲဒီမှာ လိုအပ်ချက်တွေကတော့ အများကြီး၊ ဆေးပစ္စည်းတွေက ပြည်စုံတာတော့ မဟုတ်ဘူး။ ကျနော်တို့မှာရှိတဲ့ အရင်းအမြစ်တွေတော့ တတ်နိုင်သမျှ အသုံးချပြီးတော့ ပြည်သူတွေကို ဆေးကုသပေးနေပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးအတွက် အလှူငွေတွေ စုဆောင်း ကောက်ခံနေတာလည်း ရှိတယ်။ အဲဒီမှာလည်း ကျနော်တို့ ညီနောင်အဖွဲ့အစည်းတွေကတဆင့် လှူဒါန်းလာတာတွေ ရှိတယ်။ ပုဂ္ဂလိကအလှူရှင်တွေကလည်း လှူဒါန်းလာတာတွေ ရှိတယ်။ ပြည်ပရောက်နေတဲ့ ရခိုင်လူမျိုးတွေဆီက ရခိုင်ပြည် ပြန်လည်တည်ဆောက်ရေးအတွက် လှူဒါန်းလာတာတွေလည်း ရှိတယ်။
နေက်တချက်ကတော့ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးအတွက် အလှူငွေတွေ စုဆောင်း ကောက်ခံနေတာလည်း ရှိတယ်။ အဲဒီမှာလည်း ကျနော်တို့ ညီနောင်အဖွဲ့အစည်းတွေကတဆင့် လှူဒါန်းလာတာတွေ ရှိတယ်။ ပုဂ္ဂလိကအလှူရှင်တွေကလည်း လှူဒါန်းလာတာတွေ ရှိတယ်။ ပြည်ပရောက်နေတဲ့ ရခိုင်လူမျိုးတွေဆီက ရခိုင်ပြည် ပြန်လည်တည်ဆောက်ရေးအတွက် လှူဒါန်းလာတာတွေလည်း ရှိတယ်။ ဒီအလှူငွေတွေနဲ့ပဲ အရေးပေါ် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးကိစ္စတွေကို ကျနော်တို့ တတ်နိုင်သမျှ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
မေး ။ ။ လက်ရှိ AA က ဘယ်မြို့နယ်တွေမှာ ကူညီကယ်ဆယ်ရေးလုပ်နေတာလဲ၊ လူဦးရေ ဘယ်လောက်ကို ကူညီ ထောက်ပံ့ပေးထားနိုင်သလဲ။
ဖြေ ။ ။ အခုအဓိက ကူညီကယ်ဆယ်ရေးလုပ်နေရတဲ့ မြို့နယ်တွေက မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောပေါ့နော်။ အဲဒီမြို့နယ်တွေ လုပ်ဆောင် နေတာပေါ့နော်။ လက်ရှိ ကောက်ခံရရှိထားတဲ့ ပျက်စီးသွားတဲ့ အိုးအိမ်၊ အဆောက်အဦးတွေက နှစ်သိန်းအထက်ကို ရှိတယ်ဗျ။ အဲဒီမှာ မုန်တိုင်းဒဏ်ခံစားရတဲ့လူဦးရေက တသိန်းခွဲ အထက်ကို ရှိတယ်။ ပြောမယ်ဆိုရင် ရခိုင်ရဲ့ မြောက်ပိုင်းဒေသတခုလုံးက ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးတယ်လို့ ပြောလို့ရတယ်။ ဆိုးဆိုးဝါးဝါး ပျက်စီးတဲ့နေရာ တွေကတော့ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်ပေါ့။ ဒီမြို့နယ်တွေကတော့ အများဆုံး ထိခိုက်တဲ့မြို့နယ်တွေလို့ ပြောလို့ရတာပေါ့။
မေး ။ ။ ဒီလို AA က ထိန်းချုပ်မှုရှိတဲ့နေရာတွေမှာ ကူညီကယ်ဆယ်ရေးတွေကို စစ်တပ်နဲ့ပေါင်းလုပ်ရတာ တွေရှိလား။
ဖြေ ။ ။ အခုချိန်ထိတော့ မြန်မာစစ်တပ်ဘက်က ကျနော်တို့ ထိန်းချုပ်ထားတဲ့နေရာတွေမှာ ကူညီကယ်ဆယ်ရေး လာလုပ်တာတော့ မရှိသေးဘူးခင်ဗျ။
မေး ။ ။ ကူညီကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ စစ်တပ်က AA ကိုကမ်းလှမ်းညှိနှိုင်းလာတာမျိုး ရှိလား။ ဆက်သွယ်လာရင် AA က ဘယ်လို သဘောထားမလဲ။
ဖြေ ။ ။ ကူညီကယ်ဆယ်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့ ခုချိန်ထိတော့ ကျနော်တို့ဘက်ကို ကျနော် သိသလောက်တော့ ညှိနှိုင်းလာတာတော့ မရှိသေးဘူး၊ ကျနော်တို့ ULA/AA မူဝါဒကတော့ မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ကျနော်တို့ ပြည်သူတွေအတွက်ဆိုရင်တော့ နိုင်ငံတကာအဖွဲ့အစည်းနဲ့ဖြစ်ဖြစ်၊ ပြည်တွင်းက အဖွဲ့အစည်းနဲ့ဖြစ်ဖြစ် အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။ အခု SAC(စစ်ကောင်စီ)နဲ့ လည်း ကျနော်တို့ မုန်တိုင်းဒဏ်သင့်ပြည်သူတွေ အတွက် အကူအညီပေးရေးကိစ္စတွေမှာ လိုအပ်လာရင် ပူးပေါင်း ဆောင်ရွက်ဖို့တော့ အဆင်သင့်ရှိပါတယ်။ ဒါပေမယ့်လို့ ဒီနေရာမှာ တခြား ပယောဂတွေ မပါဖို့တော့ အရေးကြီးတာပေါ့နော်။
မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ကျနော်တို့ ပြည်သူတွေအတွက်ဆိုရင်တော့ နိုင်ငံတကာအဖွဲ့အစည်းနဲ့ဖြစ်ဖြစ်၊ ပြည်တွင်းက အဖွဲ့အစည်းနဲ့ဖြစ်ဖြစ် အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။ အခု SAC(စစ်ကောင်စီ)နဲ့ လည်း ကျနော်တို့ မုန်တိုင်းဒဏ်သင့်ပြည်သူတွေ အတွက် အကူအညီပေးရေးကိစ္စတွေမှာ လိုအပ်လာရင် ပူးပေါင်း ဆောင်ရွက်ဖို့တော့ အဆင်သင့်ရှိပါတယ်။
မေး ။ ။ တချို့နေရာတွေမှာတော့ AA ဘက်က ပိတ်ဆို့တားဆီးတာ၊ ခွင့်မပြုတာကြောင့် စစ်ကောင်စီဘက်က ကူညီကယ်ဆယ်ရေး ဝင်လို့ မရဘူးလို့ ပြောသံတွေလည်း ကြားရပါတယ်၊ ဒါနဲ့ ပတ်သက်လို့ AA က ဘယ်လိုမူဝါဒနဲ့ ညွှန်ကြားချက်တွေ ရှိထားပါသလဲ။
ဖြေ ။ ။ ဒါကတော့ သတင်းအမှားလို့ပဲ ပြောလို့ရပါတယ်။ ကျနော်တို့ဘက်ကနေပြီးတော့ ကူညီကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီးတော့ ဘာမှ အဟန့်အတား၊ အဲဒီလို ပိတ်ဆို့ထားတာ၊ တားဆီးထားတာ မရှိဘူးခင်ဗျ။ ကျနော်တို့ကနေပြီးတော့ ကူညီကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီးတော့မှ ပြည်ပအဖွဲ့အစည်းပဲ ဖြစ်ဖြစ်၊ ပြည်တွင်းအဖွဲ့အစည်းပဲဖြစ်ဖြစ် အားလုံးကို ဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။ ကျနော်အထက်က ပြောခဲ့သလိုမျိုး စစ်ကောင်စီဘက်ကနေပြီးတော့ ကျနော်တို့နဲ့ ညှိနှိုင်းပြီးတော့ လုပ်လာမယ်ဆိုရင်တော့ ကျနော်တို့ဘက်ကလည်း အသင့် ရှိပါတယ်။
မေး ။ ။ UN အေဂျင်စီတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဘက်ကရော ကူညီကယ်ဆယ်ရေးအတွက် AA ထံ ဆက်သွယ်လာတာတွေ ရှိလား။
ဖြေ ။ ။ ကျနော်တို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)ကတဆင့် တခြားအဖွဲ့ အစည်းတွေနဲ့ ဆက်သွယ်လုပ်ဆောင်နေတာတွေတော့ ရှိပါတယ်။
မေး ။ ။ ဒီလို နိုင်ငံတကာရဲ့ကယ်ဆယ်ရေး အကူညီတွေကို လက်ခံတာ၊ ဖြန့်ဝေတာတွေနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကိုလည်း ပြောပြပေးပါဦးခင်ဗျ။
ဖြေ ။ ။ ကျနော်တို့ဘက်ကတော့ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြည်လည်ထူထောင်ရေးကော်မတီ ဖွဲ့စည်းထားတာ ရှိပါတယ်။ ကျနော်တို့ဘက်က နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်သွားဖို့တော့ အသင့် ပြင်ထားပါတယ်။ ဒါပေမယ့် အခုချိန်ထိကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ အကူအညီပေးရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ရောက်လာတာတော့ နည်းနည်းပါးပါးပဲ ရှိသေးတယ် ခင်ဗျ။ အများကြီး ရောက်လာတာတော့ မရှိဘူး။ ဒီနေ့မှာတော့ WFP လိုအဖွဲ့အစည်းတွေက တချို့နေရာတွေကို အကူအညီပေးဖို့ ပြင်ဆင်နေတာတွေ၊ ရောက်လာတာတွေ ရှိတယ်လို့တော့ သိရတယ်။ အသေးစိတ်ကတော့ ကျနော့်ဆီ ရောက်လာတာတော့ မရှိသေးဘူး။
ကျနော်တို့ဘက်က နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်သွားဖို့တော့ အသင့် ပြင်ထားပါတယ်။ ဒါပေမယ့် အခုချိန်ထိကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ အကူအညီပေးရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ရောက်လာတာတော့ နည်းနည်းပါးပါးပဲ ရှိသေးတယ် ခင်ဗျ။ အများကြီး ရောက်လာတာတော့ မရှိဘူး။
မေး ။ ။ မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် လက်ရှိမှာ အရေးပေါ် လိုအပ်ချက်တွေက ဘာတွေဖြစ်မလဲ။
ဖြေ ။ ။ အဓိကလိုအပ်နေတာကတော့ အမိုးအကာပစ္စည်းတွေပဲ၊ ပြည်သူတွေမှာ မုန်တိုင်းတိုက်ပြီးတဲ့ နောက်ပိုင်းမှာ ရခိုင်မြောက်ပိုင်းတခုလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်က ခေါင်းမိုးတွေ ပြုတ်ထွက်သွားတာ။ ဒါကြောင့် အဓိကလိုအပ်တာက ခေါင်မိုးတဲ့ပစ္စည်းတွေ၊ တချို့အိမ်တွေအတွက် သံဖြူတွေ လိုအပ်မယ်၊ တာပေါ်လင်တွေ ယာယီနေလို့ရအောင် မိုးလို့ရမယ့်ဟာတွေ လိုအပ်တယ်။ တချို့ဆိုရင်တော့ ဒေသခံအိမ်တွေက ဓနိနဲ့ မိုးထားတာတွေ ရှိတယ်။ ဓနိတွေလည်းပဲ ရနိုင်ရင်တော့ အကောင်းဆုံးပေါ့။
နောက်တချက်ကတော့ သန့်ရှင်းတဲ့သောက်သုံးရေ ရရှိဖို့က အထူး အရေးကြီးနေတယ်၊ တကယ်လို့ သန့်ရှင်းတဲ့ သောက်သုံးရေ မရဘူးဆိုရင် ကျန်းမာရေး ထိခိုက်ပြီးတော့ ဝမ်းပျက်ဝမ်းလျောတွေ၊ နောက်ဆက်တွဲရောဂါတွေ အများကြီး ဖြစ်လာနိုင်တဲ့ အနေအထားရှိတယ်။ နောက်ပြီး အစားအသောက်တွေက ပြတ်ခါနီး ဖြစ်နေတယ်။ ဒါကြောင့် အစားအသောက်ကလည်းပဲ အတော်လေး အရေးကြီးနေတယ်။
နောက်ပြီး ဆေးဝါးပစ္စည်းတွေလည်း အရေးတကြီး လိုအပ်နေတယ်။ ကျနော်တို့က တရွာဝင်တရွာထွက် သွားပြီးတော့ ရှိသမျှ အရင်းအမြစ်တွေ၊ ရှိသမျှဆေးတွေကို ယူပြီးတော့မှ ပြည်သူတွေကို ကုသပေးနေတယ်ဆိုတော့ ဆေးဝါးပစ္စည်းတွေက အများကြီးလိုအပ်နေတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ကျနော်ပြောခဲ့တဲ့ အကူအညီ လိုအပ်နေတာတွေကို အဓိကထားပြီးတော့မှ ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီကို အမြန်ပို့ပေးကြဖို့ ကျနော်တို့အနေနဲ့ မေတ္တာရပ်ခံ ပန်ကြားလိုပါတယ်။
မေး ။ ။ မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေကို ဖြည့်စွက်ပြောချင်တာများ ရှိပါသေးလား။
ဖြေ ။ ။ ပြောချင်တာကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လွတ်လွတ်လပ်လပ်နဲ့ သူတို့ရဲ့ အကူအညီတွေကို ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီကို အမြန်ဆုံး ရောက်သင့်တယ်ပေါ့နော်၊ အဲဒီလိုရောက်အောင်လည်း သက်ဆိုင်ရာ ပိတ်ဆို့ ကန့်သတ် တားဆီးထားတဲ့အဖွဲ့အစည်းအနေနဲ့ကလည်း ဒီဟာကို အမြန်ဆုံး ဖွင့်ပေးသင့်တာပေါ့နော်။
နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ကလည်း ဒီလို အရေးပေါ်ကူညီကယ်ဆယ်ရေးကာလမှာ ဒီလိုမျိုး အတားအဆီးတွေ ရှိလာခဲ့ရင် အဲဒီဘက်ကိုပဲ စောင့်နေတာမျိုး မဟုတ်ဘဲနဲ့ တခြားနည်းလမ်းတွေနဲ့လည်း သူတို့အနေနဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီကို ကူညီကယ်ဆယ်ရေးတွေ အမြန်ဆုံး ရောက်ရှိနိုင်ဖို့အတွက် ဆောင်ရွက်သင့်တယ်
လွန်ခဲ့တဲ့ရက်တွေက ဆိုရင် SAC( စစ်ကောင်စီ)ဘက်ကနေပြီးတော့မှ နိုင်ငံတကာအဖွဲ့အစည်းတွေကို ခရီးသွားခွင့် ကန့်သတ်ထားတာတွေ ရှိတယ်လို့ သိရတယ်။ ဒီလိုဟာမျိုးတွေကိုလည်း SAC ဘက်ကနေပြီးတော့ ဒီလိုမျိုးပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ နှောင့်နှေးမှု မရှိဘဲနဲ့ အမြန်ဆုံး ဖွင့်ပေးသင့်တယ်လို့ မြင်ပါတယ်။
နောက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ကလည်း ဒီလို အရေးပေါ်ကူညီကယ်ဆယ်ရေးကာလမှာ ဒီလိုမျိုး အတားအဆီးတွေ ရှိလာခဲ့ရင် အဲဒီဘက်ကိုပဲ စောင့်နေတာမျိုး မဟုတ်ဘဲနဲ့ တခြားနည်းလမ်းတွေနဲ့လည်း သူတို့အနေနဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီကို ကူညီကယ်ဆယ်ရေးတွေ အမြန်ဆုံး ရောက်ရှိနိုင်ဖို့အတွက် ဆောင်ရွက်သင့်တယ်လို့ အကြံပြု တင်ပြလိုပါတယ်။
You may also like these stories:
စာရေးဆရာဝေဟင်အောင်နှင့်အဖွဲ့အား ဖမ်းဆီးမှု၊ ကူညီကယ်ဆယ်ရေးကို ခြိမ်းခြောက်ရာ ရောက်
မုန်တိုင်းဒဏ်သင့် မြောက်ဦး၌ ရေသန့်နှင့်အမိုးအကာများ အရေးပေါ်လို
ရခိုင်ဒေသသို့ နိုင်ငံတကာ အကူအညီ စစ်ကောင်စီ ခွင့်မပြု
မြန်မာတွင် မုန်တိုင်း ကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂက ဒေါ်လာ ၃၃၃ သန်း တောင်းထား
ဆိုင်ကလုန်းမိုခါကြောင့် ရခိုင်ပြည်နယ်မှ ကျွဲနွား အများအပြား သေဆုံး