အမျိုးသားညီညွှတ်ရေးအစိုးရ NUG သည် အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ပုန်ကန်ရာတွင် လိုအပ်သော ရန်ပုံငွေများအား အဝေးရောက်မြန်မာများက တိုက်ရိုက်လှူဒါန်းမှုများ၊ အများပြည်သူ ဝိုင်းဝန်းရန်ပုံငွေရှာပေးသည့် လှုပ်ရှားမှုများအပြင် NUG ၏ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ငွေတိုက်စာချုပ်များ ရောင်းချခြင်း၊ အိမ်ခြံမြေ လေလံတင် ရောင်းချခြင်းနှင့် သတ္တုတူးဖော်ခွင့်များမှလည်း ရန်ပုံငွေ အမျိုးမျိုး ရှာဖွေနိုင်သည်။
ယခုတွင်လည်း NUG က တော်လှန်ရေးရန်ပုံငွေ ပိုရှာနိုင်ရန် နှင့် အများပြည်သူများ အတွက် လုံခြုံစိတ်ချရသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ဒစ်ဂျစ်တယ်ဘဏ် တခုဖြစ်သော နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank) ကို ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့၌ စတင်မိတ်ဆက်လာခဲ့သည်။
နွေဦးဖွံ့ဖြိုးရေးဘဏ်အကြောင်းကို ဘဏ်၏ အကြီးတန်းအရာရှိနှင့် ပြောရေးဆိုခွင့်ရှိသူ ကိုကယ်ဗင်ကို ဧရာဝတီသတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ခရစ်တိုငွေကြေး နဲ့ ဘလော့ချိန်းနည်းပညာပေါ် အခြေခံထားတဲ့ ဒီနွေဦးဖွံ့ဖြိုးရေးဘဏ် ဆိုတာ ဘယ်လိုဘဏ်မျိုးလဲ၊ ဘယ်လိုရည်မှန်းချက်တွေ ထူထောင်ထားတာလဲ။
ဖြေ။ ။ ကျနော် အရင်ဆုံး ကျနော်တို့ ရည်မှန်းချက်ကို နည်းနည်းရှင်းပြရမယ်ဆိုရင် ၃ ခုရှိပါတယ်၊ ပထမတချက်ကတော့ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ငွေရေးကြေးရေးစနစ်ကို ချန်ထားခဲ့ပြီး တော်လှန်ရေးအစိုးရဘက်က တည်ထောင်ထားတဲ့ ငွေရေးကြေးရေးစနစ်ဘက်ကို နိုင်ငံသားတွေကို ခေါ်ယူပြီး နိုင်ငံသားတွေအတွက် အဆင်ပြေပြေ၊ ပိုမိုလုံခြုံစိတ်ချရတဲ့ ငွေရေးကြေးရေး စနစ်တခုကိုထူထောင်ပေးဖို့ပါ။ နံပတ် ၂ အချက်ကတော့ ကျနော်တို့ဘက်ကနေပြီးတော့ တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်မယ့် ငွေရေးကြေးရေးစနစ်၊ Banking စနစ်ကို ထူထောင်ထားပေးတာ ဖြစ်ပါတယ်။ နံပါတ် ၃ တချက်ကတော့ တော်လှန်ရေးအလွန်ကာလရောက်ရင် နိုင်ငံပြန်လည်တည်ထောင်ဖို့အတွက် အထောက်အကူဖြစ်ဖို့ဆိုပြီးတော့ ရည်ရွယ်ထားတာပါ။
ဘလော့ချိန်းပေါ်မှာ တည်ဆောက်ထားတဲ့ ဘဏ်လည်းဖြစ်ပါတယ်။ Neo ဘဏ်လို့ ခေါ်ပါတယ် ဒါမှမဟုတ် ဒစ်ဂျစ်တယ်ဘဏ်လို့ ခေါ်ပါတယ်။ ကျနော်တို့မှာ Physical ဘဏ်တွေမရှိပေမဲ့ အွန်လိုင်းစနစ်နဲ့ သွားမယ့် ဘဏ်တခုဖြစ်ပါတယ်။
ပြီးတော့ ကျနော်တို့ ပုံမှန် Co-Banking စနစ်ကို မသုံးဘဲနဲ့ ကျနော်တို့ပိုပြီး efficient ဖြစ်တယ်၊ ပိုပြီးတော့ အားသားချက်ရှိမယ့် ဘလော့ချိန်းပေါ်မှာ တည်ဆောက်ထားတဲ့ ဘဏ်လည်းဖြစ်ပါတယ်။ Neo ဘဏ်လို့ ခေါ်ပါတယ် ဒါမှမဟုတ် ဒစ်ဂျစ်တယ်ဘဏ်လို့ ခေါ်ပါတယ်။ ကျနော်တို့မှာ Physical ဘဏ်တွေမရှိပေမဲ့ အွန်လိုင်းစနစ်နဲ့ သွားမယ့် ဘဏ်တခုဖြစ်ပါတယ်။
မေး။ ။ နောက်ထပ်မေးချင်တာက ခရစ်တိုငွေကြေးဆိုတာက ဘာလဲ။ သူ့ကို ငွေသားဘယ်လို လဲလှယ်ယူလို့ရနိုင်မှာလဲ။ အများပြည်သူတွေကို ဘယ်လိုဝန်ဆောင်မှုတွေ ပေးသွားမှာလဲ။ NUG က ရောင်းချထားတဲ့ ငွေတိုက်စာချုပ်တွေကိုရော ဘဏ်ထဲမှာ သိမ်းထားလို့ရမှာလား။
ဖြေ။ ။ ကျနော်တို့ NUG အစိုးရက ရောင်းချထားတဲ့ ငွေတိုက်စာချုပ်တွေ ပြီးတော့ ကွန်ဒို၊ အဆင့်မြင့်အိမ်ရာတွေ မြေကွက်ပိုင်ဆိုင်မှုတွေကို ကျနော်တို့ မကြာခင်မှာပဲ ဘဏ်ထဲမှာ အကောင့်တွေထဲမှာ သိမ်းထားခွင့်ရနိုင်အောင် စီစဉ်နေပါတယ်။
ဒီအစီအစဉ်က ဘာကြောင့် ဖြစ်လာနိုင်လဲဆိုရင် ကျနော်တို့ ဒီဘလော့ချိန်းပေါ်မှာ တည်ဆောက်ထားတဲ့ နည်းပညာအရ NFT(non-fungible tokens) ရယ် ပြီးတော့ စမတ်စာချုပ် (Smart Contract) တွေကြောင့် ဒီလိုမျိုးတွေ လုပ်နိုင်အောင် ကျနော်တို့ ဖန်တီးပေးမှာပါ။
နောက်တခုက ခရစ်တိုငွေကြေးတွေဆိုတာကတော့ ကမ္ဘာမှာ ပထမဆုံးဖြစ်တဲ့ ခရစ်တိုငွေကြေးကတော့ Bitcoin ပေါ့၊ နောက် BNB, Ethereum တို့ဆိုတာတွေလည်း အများကြီးမျိုးစုံရှိပါတယ်၊ အမျိုးအစားပေါင်း ထောင်နဲ့ချီကို ရှိပါတယ်။ ကျနော်တို့ဘဏ်အနေနဲ့ကတော့ ကိုယ့်ဘဏ်ကနေ ခရစ်တိုငွေကြေးတခုခုကို သက်သက်ထုတ်ဖို့ မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ကျနော်တို့အစိုးရရဲ့ ငွေကြေးက မြန်မာကျပ်ကို သုံးထားပြီးသား ဖြစ်လို့ပါ။ ပြီးတော့ တခြားနိုင်ငံရဲ့ ငွေကြေးတွေဖြစ်တဲ့ USD (အမေရိကန်ဒေါ်လာ)၊ စင်ကာပူဒေါ်လာ (SGD)၊ နောက်တော့ ထိုင်းဘတ် (THB) တို့နဲ့လည်း ကျနော်တို့ ဝန်ဆောင်မှုတွေ ပေးမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကျနော်တို့အနေနဲ့ ဘဏ်ရဲ့ အစုရှယ်ယာကိုတော့ မကြာခင်မှာ ဘဏ်အကောင့် ဖွင့်လှစ်ထားသူတွေအတွက် ရောင်းချသွားဖို့ အစီအစဉ်ရှိပါတယ်။ ပြီးတော့ ကျနော်တို့ စုငွေကလည်း ကျနော်တို့ခေါ်တာတော့ Fixed Deposit ပေါ့၊ ၁ လ စုမလား၊ ၃ လ စုမလား၊ ဒါမှဟုတ် ၆ လ စုမလား၊ ၁ နှစ် စုမလားပေါ့လေ။ အဲဒီစုတဲ့ အချိန်ကာလပေါ် မူတည်ပြီးတော့လည်း ကျနော်တို့ဘက်က အတိုးနှုန်း ပေးသွားမယ့် ဝန်ဆောင်မှုတွေကိုလည်း ပေးသွားမှာဖြစ်ပါတယ်။ ဥပမာ- မြန်မာကျပ်ငွေ ဆိုရင် ၁၂ လစုမယ်ဆိုရင် ကျနော်တို့ဘက်က အတိုးနှုန်းကို ၁၁ ရာခိုင်နှုန်းအထက်ကို ပေးသွားဖို့ ရှိပါတယ်။
ရွှေစုတဲ့ စနစ်ကိုလည်း ကျနော်တို့ဘဏ်မှာ ရှိပါမယ်။ ရွှေကို ဈေးကွက်ပေါက်ဈေးအတိုင်း ကမ္ဘာပေါက်ဈေးအတိုင်း ဝယ်လို့ရအောင် ဝန်ဆောင်မှုပေးမယ်။
နောက်ထပ် မြန်မာပြည်သူတွေအတွက် အထူးဝန်ဆောင်မှုတခုအနေနဲ့က အဲဒါကတော့ ရွှေစုတဲ့ စနစ်ကိုလည်း ကျနော်တို့ဘဏ်မှာ ရှိပါမယ်။ ရွှေကို ဈေးကွက်ပေါက်ဈေးအတိုင်း ကမ္ဘာပေါက်ဈေးအတိုင်း ဝယ်လို့ရအောင် ဝန်ဆောင်မှုပေးမယ်။ ပြီးတော့ ကမ္ဘာ့ရွှေဈေးကွက်က ဈေးတက်သွားမယ်ဆိုရင်လည်း ရွှေစုထားတဲ့ ဘဏ်ထဲက အကောင့်ရဲ့ တန်ဖိုးက အလိုလိုတက် သွားမှာဖြစ်ပါတယ်။
မေး ။ ။ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို သုံးစွဲသူတွေက ဘယ်လိုမျိုးသုံးရမလဲ။ ပြီးတော့ သုံးစွဲသူတွေရဲ့ လုံခြုံရေးအတွက်ကိုရော ဘယ်လိုမျိုးတွေ ဆောင်ရွက်ထားပါသလဲ။
ဖြေ။ ။ ကျနော် ပထမဆုံးဦးဆုံးပြောပြချင်တာက ငွေသားကို ဘယ်လို အပ်ငွေလို့ရမလားပေါ့၊ ပြီးတော့ ငွေကို ဘယ်လိုပြန်ထုတ်ရမလဲပေါ့။ ငွေသွင်းတဲ့အပိုင်းမှာ ၃ မျိုး လုပ်လို့ရပါမယ်၊ ပထမဆုံးက အေဂျင်စီ၊ အေးဂျင့်နက်ဝက်ဘ် ကျနော်တို့ခေါ်တာတော့ Relationship Manager တွေကတဆင့် ငွေသွင်းလို့ရပါမယ်၊ တကမ္ဘာ့လုံးမှာရှိမှာတဲ့ ကြိုက်တဲ့ ခရစ်တိုငွေကြေး USTD Wallet ကနေ ငွေသွင်းလို့ ရပါမယ်။ နောက်တဆင့်ကတော့ Visa ၊ Master ကတ်တွေကနေတဆင့်လည်း ငွေသွင်းလို့ ရပါမယ်။
နောက် ကျနော်တို့ ဘဏ်အကောင့်ပိုင်ရှင်တွေအနေနဲ့ ငွေပြန်ထုတ်ချင်တယ်ဆိုရင် USDT wallet ကနေရယ်၊ အေဂျင်စီနက်ဝက်ဘ်တွေက ထုတ်လို့ရမယ်။ ဒါတွေက ကျနော်တို့ ပထမအဆင့်အတွက် ဖြစ်ပါတယ်။
ကျနော်တို့ တော်လှန်ရေးကာလဟာ ၂ နှစ်ခွဲရှိပြီ၊ ၃ နှစ်နီးပါးကပ်လာပြီ၊ အဲဒီအတွင်းမှာ တနိုင်ငံလုံးက တော်လှန်ရေးအင်အားစုတွေအနေနဲ့ကလည်း ဒစ်ဂျစ်တယ်လုံခြုံရေးပိုင်းဆိုင်ရာကို တော်တော်လေးကို သတ္တိထားမိနေတဲ့ အခြေအနေရှိပါပြီ။
Email အကောင့်ရှိမယ်။ ပြီးတော့ မွေးတဲ့ရက်နဲ့ မွေးလ ဂဏန်း ၄ လုံးလိုအပ်မယ်။ နောက် IC(မှတ်ပုံတင်) နံပတ်ရဲ့ နောက်ဆုံး နံပတ် ၄ လုံး ပဲ လိုအပ်ပါတယ်။
အဲဒီအပြင် ကျနော်တို့ ဘဏ်အကောင့်ဖွင့်လှစ်ဖို့ဆိုရင် နွေဦးဖွံ့ဖြိုးရေးဘဏ်အကောင့် ဖွင့်လှစ်ဖို့ဆိုရင် နာမည်တမျိုး ဥပမာ မောင်ဖြူ၊ မောင်မဲ၊ ကိုနီ ကြိုက်တဲ့ နာမည်တမျိုးနဲ့ လာရမယ်။ ပြီးတော့ Email အကောင့်ရှိမယ်။ ပြီးတော့ မွေးတဲ့ရက်နဲ့ မွေးလ ဂဏန်း ၄ လုံးလိုအပ်မယ်။ နောက် IC(မှတ်ပုံတင်) နံပတ်ရဲ့ နောက်ဆုံး နံပတ် ၄ လုံး ပဲ လိုအပ်ပါတယ်။
အဲဒါကလွဲလို့ နာမည်အရင်းတွေ ၊ လိပ်စာတွေ၊ ကျနော်တို့ မတောင်းပါဘူး။ မိဘအမည်တွေဘာတွေ မတောင်းပါဘူး။
မေး။ ။ NUG Pay နဲ့ ချိတ်ဆက်သုံးလို့ ရမယ်လို့ သိထားရတယ်၊ ဘယ်လို ချိတ်ဆက်သုံးလို့ရမှာလား။ နောက်တခုက NUG Pay က ဒစ်ဂျစ်တယ်မြန်မာကျပ်ငွေ DMMK ကို အခြေခံထားပြီးတော့ တခြားခရစ်တိုငွေကြေးတွေနဲ့ လဲလှယ်ဖို့ အကန့်အသတ်ရှိတာ၊ ငွေသွင်းငွေထုတ်ဖို့ကို ကိုယ်စားလှယ်အေးဂျင့်တွေ ကျယ်ကျယ်ပြန့်ပြန့်မရှိလို့ အခက်အခဲတွေရှိနေတော့ ဒီအခက်အခဲတွေရော နွေဦးဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ဘယ်လို ကျော်ဖြတ်လုပ်ဆောင်သွားမလဲ။
ဖြေ။ ။ NUG Pay နဲ့ ချိတ်ဆက်ဖို့ကိုတော့ ကျနော်တို့ဘဏ်ရဲ့ ပထမဆုံး Phrase 1 မှာတော့ ကျနော်တို့ နွေဦးဖွံ့ဖြိုးရေးဘဏ် အကောင့်က NUG Pay ထဲမှာရှိမယ်။ NUG Pay ရဲ့ Corresponding acoount ကလည်း ကျနော်တို့ နွေဦးဖွံ့ဖြိုးရေးဘဏ်ထဲမှာရှိမယ်။ အဲဒီအကောင့်တွေနဲ့ ကျနော်တို့ ချိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဥပမာ ကျနော့် နွေဦးဘဏ်အကောင့်ကနေ NUG Pay အကောင့်ကို လွဲချင်တယ်ဆိုရင် ချက်ချင်းငွေလွှဲရောက်နိုင်မယ့်အဆင့်တော့ မရောက်သေးဘူး၊ နာရီအပိုင်းအတွင်း ရရှိအောင်တော့ ကျနော်တို့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ နောက်တဆင့် Phrase 2 ကျရင်တော့ တိုက်ရိုက်စနစ် ပုံစံမျိုးဖြစ်အောင် ချိတ်ဆက်သွားဖို့ အစီအစဉ်ရှိပါတယ်။
NUG Pay က စထောင်က ၁ နှစ်ပဲ ရှိပါသေးတယ်။ ဒစ်ဂျစ်တယ်ငွေပေးချေမှု Wallet တခုအနေနဲ့ ပြောရမယ်ဆိုရင် အင်မတန်မှ သက်တမ်းနု ငယ်ပါသေးတယ်။ အဲဒီကာလတိုတိုလေးအတော အတွင်း မှာ NUG Pay ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ တော်လှန်ရေးအင်အားစုတွေ အတော့်ကို တနိုင်ငံလုံး သုံးလို့ရအောင်၊ တကမ္ဘာလုံးက သုံးလို့ရအောင် ကြိုးစားအားထုတ်ထားရတာပါ။ အားလုံးပြည့်စုံကောင်းမွန်တဲ့ စနစ်တခုမျိုးတော့ မရသေးပါဘူး၊ ရှိနေတဲ့ အခက်အခဲတွေ အားလုံးကို အဆင်ပြေသွားဖို့အတွက် သူတို့လည်း ဆက်ကြိုးစားနေပါတယ်။
မေး။ ။ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ဘယ်လောက်ရင်းနှီးမတည်ထားပါသလဲ။
ဖြေ။ ။ ကျနော်တို့ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို စစချင်း အခုရင်းနှီးမတည်ငွေက အမေရိကန်ဒေါ်လာ ၅ သိန်းဖြစ်ပါတယ်။ ပြီးတော့ လိုသလောက်သလို ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကြားကာလဗဟိုဘဏ်ရဲ့ ညှိနှိုင်းပြီးတော့ ထပ်မံတိုးချဲ့သွားနိုင်မှာဖြစ်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ဘဏ်မှာ အပ်နှံထားတဲ့ ငွေတွေကို ကြားကာလဗဟိုဘဏ်က ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ အာမခံပေးထားမှာဖြစ်ပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာက ဘဏ္ဍာရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီကို နွေဦးဖွံ့ဖြိုးရေးဘဏ်က ဘယ်လောက်အထိ စိန်ခေါ်ခြိမ်းခြောက်နိုင်မယ်လို့ ယုံကြည်ပါသလဲခင်ဗျ။
မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ၊ တော်လှန်ရေးအင်အားစုအဖွဲ့အစည်းတွေက ဘယ်လောက်အထိ နွေဦးဖွံ့ဖြိုးရေးဘဏ်အပေါ်မှာ ယုံကြည်ပြီးတော့ ဝန်းရံပေးမလဲဆိုတဲ့အပေါ်မှာ မူတည်သွားပါလိမ့်မယ်။
ဖြေ။ ။ ဘယ်လောက်အထိ ခြိမ်းခြောက်စိန်ခေါ်နိုင်မလဲဆိုတာက နွေဦးဖွံ့ဖြိုးရေးဘဏ်ဘက်နဲ့ အရမ်းမသက်ဆိုင်ပေမဲ့ ဘာနဲ့သက်ဆိုင်မလဲဆိုတော့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ၊ တော်လှန်ရေးအင်အားစုအဖွဲ့အစည်းတွေက ဘယ်လောက်အထိ နွေဦးဖွံ့ဖြိုးရေးဘဏ်အပေါ်မှာ ယုံကြည်ပြီးတော့ ဝန်းရံပေးမလဲဆိုတဲ့အပေါ်မှာ မူတည်သွားပါလိမ့်မယ်။
ဥပမာ ပြောရမယ်ဆိုရင် ကျနော်ငွေ မြန်မာပြည်တွင်းမှာ ရှိတဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ငွေရေးကြေးရေးစနစ်မှာ ကျနော် ကျပ် ၁ သိန်းရှိတယ်ထား၊ အဲဒီ ၁သိန်းက စစ်ကောင်စီက ကျနော်ငွေကို သုံးပြီးတော့၊ ဘဏ်တွေက တဆင့် ငွေတိုက်စာချုပ်ရောင်းပြီးတော့၊ ဝင်လာတဲ့ ပိုက်ဆံကို သူတို့က လက်နက်တွေပြန်ဝယ်ပြီးတော့ နိုင်ငံသူနိုင်ငံသားတွေကို ပြန်သတ်နေတာ ဒါရှင်းရှင်းလေးပြောပြာတာ။ အဲဒီလို လုပ်မယ့်အစား ကျနော့် ၁ သိန်းကို ကျနော် နွေဦးဖွံ့ဖြိုးရေး ဘဏ်မှာ အပ်မယ်ဆိုရင် နွေဦးဖွံ့ဖြိုးရေးဘဏ်က ပိုအောင်မြင်သွားမယ်။ အဲဒီတော့ တော်လှန်ရေးအတွက်လည်း ငွေရေးကြေရေးထောက်ပံ့မှုရော စိတ်ဓာတ်ခွန်အားတွေကိုရော အများကြီး ထောက်ပံ့ကူညီနိုင်မှာဖြစ်ပါတယ်။
အဲဒီအပြင် စစ်ကောင်စီရဲ့ ငွေရေးကြေးရေးအပိုင်းမှာ အင်အားလျော့သွားပါလိမ့်မယ်။ အဲဒါကြောင့် ကျနော်တို့ နွေဦးဖွံ့ဖြိုးရေးဘဏ် ဘယ်လောက်အောင်မြင်မယ် ဘယ်လောက်အထိ ကူညီထောက်ပံ့နိုင်မလဲဆိုတာက ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေ အပေါ်မှာပဲ မူတည်ပါတယ်။
You may also like these stories:
ထီ၊ ငွေတိုက်စာချုပ်နှင့် ခရစ်ပတိုငွေကြေး သို့မဟုတ် နွေဦးတော်လှန်ရေး ရန်ပုံငွေ
အွန်လိုင်း နွေဦးဖွံ့ဖြိုးရေးဘဏ် NUG ထူထောင်ဖွင့်လှစ်
ကျောက်ဖြူရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံထားသည့် ဓာတ်အားပေးစက်ရုံများ ရပ်ဆိုင်း
ဗိုလ်ချုပ်တွေ အပိုင်သိမ်းထားတဲ့ ပဲခူးရိုးမက နိုင်ငံပိုင်သစ်တောမြေများ
“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး