၂၀၂၃ ခုနှစ် ဩဂုတ်လမှ စတင်ပြီး အာဏာသိမ်းစစ်ကောင်စီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထပ်မံချိုးဖောက်ပြီး ၄ ကြိမ်မြောက် သက်တမ်း ၆ လ ထပ်တိုးခဲ့သလို ကျပ်ငွေ ၂ သောင်းတန် ငွေစက္ကူသစ်ကို စတင် ရိုက်နှိပ် သုံးစွဲပြီ ဖြစ်သည်။ ယင်းအကျိုးဆက်ကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာသည်။ ငွေကြေးဖောင်းပွမှု မဖြစ်ပါဟု ဆိုသော စစ်ကောင်စီသည် ကုန်ဈေးနှုန်းကျဆင်းရေးကော်မတီပင် ဖွဲ့ရသည်။
ထိုသို့ ကမောက်ကမဖြစ်လာနေသော မြန်မာ့စီးပွားရေးအခြေအနေနှင့် ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မြို့တော် စခရက်မန်တိုရှိ ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ်တွင် ဘောဂဗေဒနှင့် စီးပွားရေးဆိုင်ရာ ပညာရပ်များကို သင်ကြားပို့ချပေးနေသော ပါမောက္ခ ဒေါက်တာ မင်းမင်းသော်နှင့် ဧရာဝတီက မေးမြန်းပြောဆိုထားပါသည်။
မေး ။ ။ ငွေကျပ် ၂သောင်းကိစ္စပေါ့။ စစ်ကောင်စီက တရားဝင်ကြေညာတာတော့ စီးပွားရေးကိစ္စ မဟုတ်ဘူး။ နေပြည်တော်က ဘုရားကြီးဖွင့်ပွဲနဲ့ ဆင်ဖြူတော်လေးတနှစ်ပြည့် ထုတ်တာဆိုပြီး ပြောတယ်။ ဘယ်လိုပဲထုတ်ထုတ် ချက်ချင်းဆိုသလို ဈေးကွက်က ပြန်တုန့်ပြန်တာက ဒေါ်လာနဲ့ဈေးကွက်က လုံးဝကို ဖွင့်လို့မရဘဲနဲ့ ဈေးတွေ ကမောက်ကမဖြစ်ပြီး ဆန်ဈေး ဆီဈေးတွေ လိုက်တက်လာတယ်။ စစ်ကောင်စီဘက်က ငွေကြေးဖောင်းပွမှု မဖြစ်ပါဘူးဆိုပြီး (ကုန်ဈေးနှုန်းကျဆင်းရေးကော်မတီပါ ဖွဲ့) လာတယ်။ ဒီဖြစ်စဉ်တခုလုံးပေါ်မှာ စီးပွားရေးပညာရှင်တယောက်အနေနဲ့ ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ ။ ။ တခြားတိုင်းပြည်တွေမှာလည်း လက်ရှိ Currency Denomination (ငွေကြေးသတ်မှတ်ချက်တန်ဖိုး) ကနေပြီးတော့ ဒီထက် ပိုများပြီး ထုတ်လုပ်တာပေါ့။ ကျမတို့ မြန်မာပြည်မှာဆိုရင် အများဆုံးပမာဏက ကျပ် ၁ သောင်း၊ အဲဒီကနေ ၂ သောင်းကို ထပ်ထုတ်မယ်ဆိုတော့ တခြားတိုင်းပြည်တွေရဲ့ သမိုင်းကို ပြန်ကြည့်ရင် အချက် ၄ ချက်ရှိပါတယ်။ ပထမအချက်က Hyperinflation ပေါ့။ ငွေကြေးဖောင်းပွမှု အရမ်းမြင့်တက်လာရင် ရှိနေတဲ့ Denomination တွေက အရမ်းသေးသွားတဲ့အတွက် ငွေကြေး amount ပိုများတာကို စပြီးထုတ်တယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်ပြည်တို့၊ ဂျာမဏီတို့မှာ စပြီး လုပ်ခဲ့တယ်။ မြန်မာပြည်က စစ်ကောင်စီဟာ ဒီငွေကို ငွေကြေးဖောင်းပွမှုမြင့်တက်မှုကြောင့် ထုတ်တာလားလို့ ပြန်တွေးလိုက်ရင် အဲဒါက မဟုတ်ဘူး။ မြန်မာပြည်မှာ အာဏာသိမ်းပြီးကတည်းက ငွေကြေးဖောင်းပွမှုက ကြီးတယ်။ ၁၈ ရာခိုင်နှုန်းနဲ့ ၂၂ ရာခိုင်နှုန်းကြားမှာ ရှိတယ်။ ဒါပေမယ့် Hyperinflation ထဲမှာ မဝင်ဘူး။ ဒါကြောင့် နံပတ်တစ်အချက်ကြောင့် ထုတ်တာမဟုတ်ဘူး။
ငွေကြေးဖောင်းပွမှု အရမ်းမြင့်တက်လာရင် ရှိနေတဲ့ Denomination တွေက အရမ်းသေးသွားတဲ့အတွက် ငွေကြေး amount ပိုများတာကို စပြီးထုတ်တယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်ပြည်တို့၊ ဂျာမဏီတို့မှာ စပြီး လုပ်ခဲ့တယ်။
ဒုတိယအချက်က Exchange rates ပေါ့။ သမိုင်းမှာကြည့်လိုက်မယ်ဆို တခြားတိုင်းပြည်တွေမှာ အစိုးရရဲ့ ဗဟိုဘဏ်ကနေပြီးတော့ ထုတ်ထားတဲ့ ငွေကြေးလဲလှယ်နှုန်း Official rate နဲ့ ပြင်ပဈေးကွက်မှာရှိတဲ့ လဲလှယ်နှုန်း Market rate က အရမ်းကွာသွားတယ်။ တကယ်ကို ရာခိုင်နှုန်းက သောင်းနဲ့ချီပြီးတော့ ကွာသွားရတယ်။ ဒီအခြေအနေမှာ ငွေကြေးစနစ်အသစ်လိုအပ်တယ်ဆိုပြီး ငွေကြေးသတ်မှတ်ချက် ပိုကြီးတာ Higher denomination ကို ထုတ်ကြတယ်။ မြန်မာပြည်ကိုကြည့်ရင်လည်း နံပါတ် ၂အချက်ရဲ့ ဘောင်ထဲကို မဝင်ဘူး။ ကျမတို့ တိုင်းပြည်မှာ သူတို့တက်လာကတည်းက ပြင်ပဈေးကွက်က နှုန်းတွေနဲ့ ဗဟိုဘဏ်က ထုတ်ထားတဲ့နှုန်းထားတွေက မတူဘူး။ ဒါပေမယ့် ရာခိုင်နှုန်းအရကြည့်ရင် သောင်းနဲ့ချီပြီးတော့ မကွာဘူး။ ဒါကြောင့်မို့ နံပါတ် ၂ အချက်နဲ့လည်း မဝင်ဘူး။
နံပါတ် ၃ အချက် အကြောင်းပြချက်က ရှိရင်းစွဲပိုက်ဆံတွေမှာ အတုတွေက အရမ်းများတယ်။ အဲဒါကြောင့်မို့လို့ ရှိတာတွေကို ပြန်သိမ်းပြီးတော့ အသစ်တွေကို ထုတ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အသစ်တွေကို အကြီးကြီးတွေ ထုတ်ကြတယ်။ မြန်မာပြည်ကိုကြည့်ရင် ဒါမျိုးက လုံးဝ မဖြစ်နိုင်ဘူး။ ကျမတို့ တိုင်းပြည်မှာ အတုတွေရှိနေပြီး လူတွေ ဒုက္ခရောက်နေတာမှ မဟုတ်တာ။
နံပါတ် ၄ အချက်က တိုင်းပြည်တပြည်က စစ်ဖြစ်ရင် ပိုက်ဆံအရမ်းလိုအပ်လာပြီ။ အဲဒါကြောင့် ငွေကြေးသတ်မှတ်ချက် ပိုကြီးတာ ထုတ်တယ်ဆိုတော့ မြန်မာပြည်ကို ပြန်ကြည့်လိုက်ရင် ဟိုတုန်းကတော့ သူတို့တွေရဲ့ ပိုက်ဆံတွေက MOGE ကနေ ဝင်နေတယ်။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် MICB ဘဏ်ကနေ ပိုက်ဆံတွေကို ကစားလို့ရတယ်။ ဒါတွေကို ပိတ်ဆို့ပြီးတဲ့နောက်ပိုင်းမှာ သူတို့မှာ ဒေါ်လာကို ဝယ်ဖို့အတွက် ကျပ်တွေက ပိုပိုပြီးတော့ လိုလာတယ်လို့ ထင်တယ်။ ဒါကြောင့်မို့လို့ Higher Denomination ကို ထုတ်တာလို့ ထင်တယ်။
ပိုက်ဆံလည်း လိုအပ်တယ်။ ယတြာချေတာလည်းဖြစ်နိုင်တာပဲဆိုတော့ အင်္ဂလိပ်လို ပြောမယ်ဆိုရင်တော့ ကျောက်ခဲတလုံးနဲ့ ငှက်၂ ကောင်ကို သတ်လို့ရသလို ဖြစ်သွားတာပေါ့။
အဲဒါအပြင် အစိုးရလခစားတွေအတွက် လစာပေးဖို့အတွက်ကလည်း ငွေမှ မဝင်တော့တာ။ ငွေမဝင်ဘူးဆိုတာကလည်း မြန်မာပြည်ရဲ့ စီးပွားရေးက တော်တော်လေးကို ဆိုးနေတာ အားလုံးလည်း သိတဲ့အတိုင်းပဲ။ အလုပ်တွေကလည်း မရှိဘူး။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကလည်း မရှိဘူး။ ခရီးသွားတွေကလည်း မရှိဘူးဆိုတော့ ဒါတွေအားလုံးကို ပေါင်းပြီးတော့ ဖြစ်သွားတာပေါ့။ အဲဒါကြောင့် ဒီ ငွေကြေးပမာဏ ၂သောင်းတန်ကြီးကို လိုအပ်လာတယ်လို့ မြင်တာပေါ့။ သူတို့ပြောတာတော့ ဆင်ဖြူတော်လေးရဲ့ တနှစ်ပြည့်မွေးနေ့နဲ့ ဘုရားကြောင့် ဆိုတော့ ၁၉၆၂ ခုနှစ် ကတည်းက သူတို့တွေက ဗေဒင်ယတြာချေလာတာ။ ပိုက်ဆံလည်း လိုအပ်တယ်။ ယတြာချေတာလည်းဖြစ်နိုင်တာပဲဆိုတော့ အင်္ဂလိပ်လို ပြောမယ်ဆိုရင်တော့ ကျောက်ခဲတလုံးနဲ့ ငှက်၂ ကောင်ကို သတ်လို့ရသလို ဖြစ်သွားတာပေါ့။
မေး။ ။ ဆရာမ ပြောသွားတဲ့အထဲမှာ Hyperinflation မြန်မာပြည်မှာ မဖြစ်သေးဘူးဆိုတော့ ဖြစ်လာမလား။
ဖြေ။ ။ Hyperinflation က အများကြီးဖြစ်ဖို့ကို ဦးတည်နေပါတယ်။ ဘာကြောင့်လဲဆိုရင် တခြားတိုင်းပြည်တွေမှာ ငွေကြေးနှုန်းထားအသစ်ကို ထုတ်ရင် ငွေကြေးဖောင်းပွမှု မဖြစ်အောင်ဆိုပြီး IMF( International Monetary Fund) ရဲ့ နည်းပညာကို ယူကြတယ်။ IMF ကနေပြီးတော့ အသစ်ထုတ်တဲ့ပိုက်ဆံက ဘယ်လောက်ထိ ထုတ်မှာလဲဆိုပြီး သတ်မှတ်ပေးထားတယ်။ မြန်မာငွေနဲ့ဆို သိန်းဘယ်လောက်ဆိုပြီး သတ်မှတ်ချက် ရှိရတယ်။ ပြီးရင် သက်တမ်းလည်း ရှိရတယ်။ အသစ်ထုတ်တာက တလအတွင်းမှာပဲ ထုတ်မယ်တို့၊ တပတ်အတွင်းမှာပဲ ထုတ်မယ်တို့၊ ၃ လအတွင်း ထုတ်မယ်တို့ ရှိရတယ်။
စစ်ကောင်စီရဲ့ဟာကို ဖတ်ကြည့်ရတာတော့ လာလဲတဲ့သူတွေကို တယောက် ၃ ရွက်ခန့်လို့ ပြောထားတာပေါ့။ ဘယ်လိုဆိုတာကို ဘာကိုမှ တိတိကျကျ မပြောထားတဲ့အတွက်ကြောင့် သတ်မှတ်ချက်မရှိဘဲ Unlimited amount ကို အချိန်အကြာကြီး လုပ်သွားခဲ့ရင် Hyperinflation ဆိုတာ ဖြစ်လာနိုင်တာပေါ့။ Hyperinflation ဆိုတာ ဘာလဲဆိုရင် တလမှာငွေကြေးဖောင်းပွမှုနှုန်းဟာ ၅၀ ရာခိုင်နှုန်းထက် ပိုကြီးရတယ်။ ပိုများရတယ်။ တကယ်ကိုများတဲ့ ငွေကြေးဖောင်းပွမှု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းလို့ ရတာပေါ့။ အဲဒီဘက်ကို ဦးတည်ပြီးတော့ သွားနေတာပေါ့။
IMF ရဲ့ နည်းပညာကိုလည်း မယူဘူး။ ဘာအတိုင်းအတာမှလည်း မရှိဘူး။ ဘယ်နေ့ ဘယ်အချိန်မှာ စမယ်ဆိုတာပဲ သိတယ်။ ဘယ်တော့မှာဆုံးမယ်ဆိုတာ မသိဘူး။ ဘယ်လောက်ထုတ်သွားမယ်ဆိုတာလည်း မသိတဲ့အတွက် စီးပွားရေးအသိုင်းအဝိုင်းကနေ တုန့်ပြန်နေတာပေါ့။ ပြည်သူတွေရော စီးပွားရေးအသိုင်းအဝိုင်းကရော တုန့်ပြန်နေတာက အရမ်းတုန့်ပြန်တာမဟုတ်ဘူး။ မြန်မာပြည်ရဲ့ ဗဟိုဘဏ်က မသဲမကွဲ ပြောတတ်တော့ သူတို့ပြောစကားကို ဘယ်လိုစဉ်းစားရမယ်တောင် မသိဘူး။
၁၉၆၂ ခုနှစ်ကစပြီး စစ်တပ်အောက်မှာ အမြဲရှိခဲ့တဲ့အတိုင်း လုပ်ချင်တာတွေလုပ် ပြောချင်တာတွေ ပြော ပညာတတ်တွေကို လိမ်တာ အရမ်းများတော့ ပြည်သူတွေက ဘယ်ယုံတော့မလဲ။
မြန်မာပြည်ရဲ့ သမိုင်းကို ကြည့်ရင် ၁၉၆၂ ခုနှစ်ကစပြီး စစ်တပ်အောက်မှာ အမြဲရှိခဲ့တဲ့အတိုင်း လုပ်ချင်တာတွေလုပ် ပြောချင်တာတွေ ပြော ပညာတတ်တွေကို လိမ်တာ အရမ်းများတော့ ပြည်သူတွေက ဘယ်ယုံတော့မလဲ။ အဲဒါကြောင့်မို့လို့လည်း ကုန်ဈေးနှုန်းတွေက ၄၈ နာရီအတွင်း ထိုးပြီး တက်သွားတာ။ မြန်မာ ကျပ်ကလည်း ချက်ချင်းကို ကျသွားတာပေါ့။
မေး ။ ။ Hyperinflation တကယ်လို့များ ဖြစ်လာခဲ့ရင် တိုင်းပြည်ဘာဖြစ်မလဲ။
ဖြေ ။ ။ တကယ်လို့များသာ Hyperinflation ဖြစ်လာခဲ့ရင်တော့ တိုင်းပြည်ရဲ့ စီးပွားရေးလည်း အရမ်းဒုက္ခရောက်မယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေးလည်း အရမ်းကို ဒုက္ခရောက်သွားမှာပေါ့။ အလုပ်ရှိတဲ့သူတွေတောင်မှ ထမင်းငတ်မယ့်ဘဝကို ရောက်သွားမယ်။ ငွေကြေးဖောင်းပွမှု အရမ်းမြင့်တက်လာခဲ့ရင် ချမ်းသာတဲ့သူတွေက အရမ်းချမ်းသာမယ်။ မြန်မာငွေ သိန်းကို သန်းချီပြီး ချမ်းသာမယ်။ ချမ်းသာတဲ့သူတွေက ဒေါ်လာတွေကို ကိုင်ထားတယ်။ အိမ်တွေကို ကိုင်ထားတယ်။ ရွှေတွေကို ကိုင်ထားတယ်ဆိုတော့ Hyperinflation ဖြစ်ခဲ့ရင်တောင် တအားကြီး သူတို့ရဲ့ Net wealth က ကျမသွားဘူး။
ဒါပေမယ့်လို့ အလယ်တန်းစားနဲ့ အရမ်းဆင်းရဲတဲ့သူတွေကျတော့ ပိုင်ဆိုင်မှုဆိုတာ မရှိတော့
Hyperinflation ဖြစ်သွားရင် အရမ်းရှိတဲ့သူတွေနဲ့ လူလတ်တန်းစားတွေ၊ အရမ်းဆင်းရဲသူတွေနဲ့ ကွာခြားမှုက အရမ်းကို များသွားမှာပေါ့။ စစ်အာဏာသိမ်းပြီးတော့ ၂၀၂၁ မှာပဲ ကမ္ဘာ့ဘဏ်ကနေ report တွေ ထွက်တယ်။ မြန်မာပြည်မှာ ထမင်းငတ်နေတဲ့သူ ရာခိုင်နှုန်း၊
Poverty line ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်နေတဲ့သူက အရမ်းကို များသွားတယ်။ ၂၀၂၂ မှာဆိုရင် ကျမတို့ကြားရသလောက် ဆင်းရဲတဲ့သူတွေ၊ ထမင်းငတ်တဲ့သူတွေ ပိုများလာတယ်။
Hyperinflation သာဖြစ်ခဲ့ရင် ကျမတို့မြန်မာလူမျိုးတွေရဲ့ ထမင်းစားနိုင်မှုနှုန်းက ပိုပြီးတော့ နည်းသွားမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း လာတော့မှာ မဟုတ်ဘူး။
Hyperinflation သာဖြစ်ခဲ့ရင် ကျမတို့မြန်မာလူမျိုးတွေရဲ့ ထမင်းစားနိုင်မှုနှုန်းက ပိုပြီးတော့ နည်းသွားမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း လာတော့မှာ မဟုတ်ဘူး။ ဟိုတုန်းထဲကပဲ အာဏာသိမ်းပြီးနောက်ပိုင်း အနောက်တိုင်းနိုင်ငံတွေရဲ့ ရင်းနှီးမှုကတော့ လုံးဝကို မလာတာ။ ၂၀၂၂ မှာတော့ အာဆီယံတိုင်းပြည်ထဲက စီးပွားရေးလုပ်ငန်းတွေ ဝင်တာကို တွေ့တယ်။ ကျပ် ၂ သောင်းတန်ကြီးကို အတိုင်းအတာမရှိဘဲ ထုတ်လိုက်လို့ Hyperinflation သာဖြစ်ခဲ့ရင် ဒါမှမဟုတ် အဲဒီနားသာ ရောက်သွားရင် အာဆီယံရင်းနှီးမြှုပ်နှံမှုတောင်မှ အရမ်းကို ရှားပါးသွားနိုင်တယ်။ ကျမတို့လူမျိုးတွေရဲ့စားဝတ်နေရေးရော၊ လူနေမှုအဆင့်အတန်းရော အရမ်းကို ကျသွားမှာပေါ့။
မေး ။ ။ စီးပွားရေး ဘောဂဗေဒပညာရှင်တဦးအနေနဲ့ စစ်ကောင်စီရဲ့ လုပ်ပုံကိုင်ပုံနဲ့ ပတ်သက်ပြီး ဘာထပ်မှတ်ချက်ပေးချင်သေးလဲ။
ဖြေ ။ ။ တိုင်းပြည်တပြည်တိုးတက်ဖို့ ပထမဦးဆုံး လိုအပ်တာက နိုင်ငံရေးနဲ့ပတ်သက်ပြီး တည်ငြိမ်ရမယ်။ ဒုတိယအချက်က ငွေလဲနှုန်းနဲ့ပတ်သက်ပြီး တည်ငြိမ်ရမယ်။ တတိယအချက်က အခြေခံအဆောက်အအုံရှိရမယ်။ နောက်ဆုံးအချက်က Low Skill Labor အပြင် ပညာတတ်လူငယ်တွေ ရှိရမယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာ လူငယ်ပိုင်းပညာတတ်တွေ တိုင်းပြည်မှာ မနေနိုင်တော့ဘူး။ အခွင့်အလမ်းမရှိတော့လို့ ဘာအလုပ်ပဲရရဆိုပြီး မိဘတွေက နိုင်ငံခြားပို့ကြတယ်။ မပို့ခဲ့ရင်လည်း ဒီနိုင်ငံထဲမှာ ဆက်နေရင် အသက်ပါဆုံးရှုံးနိုင်တဲ့အတွက် ကိုယ့်သားသမီး နိုင်ငံခြားကိုရောက်သွားရင် အသက်ကတော့ ရှင်နေဦးမှာပဲဆိုတာနဲ့ အတွေးက ရှိသွားတယ်။ မြန်မာပြည်မှာ ဦးနှောက်ယိုစီးမှုက ရှိသွားတယ်။
တည်ငြိမ်မှုကလည်း သူတို့ရှိနေသ၍ မဖြစ်နိုင်ဘူး။ နိုင်ငံရေးအရတည်ငြိမ်မှုလည်း မရှိဘူး။ နောက်တခုက ဗဟိုဘဏ်မှာ တာဝန်ခံနေတဲ့သူတွေကလည်း အရည်အချင်းရှိတဲ့ တတ်ကျွမ်းသူတွေ မဟုတ်ဘူး။ ပြည်သူတွေလည်း သိတယ်။ နိုင်ငံတကာကလည်း သိတယ်။ ဒီလို ဘယ်သူကမှ မယုံကြတော့ ငွေကြေးလဲလှယ်နှုန်းက ဘယ်လိုမှ တည်ငြိမ်နိုင်မှာ မဟုတ်ဘူး။
ကျမတို့တိုင်းပြည် တိုးတက်ဖို့၊ လူငယ်တွေကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးဖို့ဆိုတာ စစ်ကောင်စီ ရှိနေသ၍ ကာလပတ်လုံး မဖြစ်နိုင်တာကြီးတခုကို အိပ်မက်မက်နေသလိုပဲ။ စစ်တပ်က စစ်တပ်နေရာရောက်သွားပြီးတော့ အရည်အချင်းပြည့်မှီတဲ့သူတွေက တိုင်းပြည်ကို ခေါင်းဆောင်မှပဲ ပြည်သူတွေရော၊ စီးပွားရေးအသိုင်းအဝိုင်း၊ နိုင်ငံတကာကရော အစိုးရကို ယုံကြည်မယ်။
ကျမတို့တိုင်းပြည် တိုးတက်ဖို့၊ လူငယ်တွေကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးဖို့ဆိုတာ စစ်ကောင်စီ ရှိနေသ၍ ကာလပတ်လုံး မဖြစ်နိုင်တာကြီးတခုကို အိပ်မက်မက်နေသလိုပဲ။
စစ်ကောင်စီကို ကျမတို့ ပြည်သူတွေ စီးပွားရေးအသိုင်းအဝိုင်းတွေက ယုံကြည်လာနိုင်မလား။ သူတို့က ပြောတာတမျိုး လုပ်တာတမျိုး အရည်အချင်းရှိတဲ့သူတွေကိုလည်း ဘယ်တော့မှ ဂရုမစိုက်ဘူး။ ဘယ်သူ့ကိုမှလည်း မမေးဘူး။ အခုက အကောင်းဆုံးဥပမာပဲ။ ဒီငွေကျပ် ၂ သောင်းထုတ်တာက လုံးဝကို သက်သက်ကြီး မစဉ်းစား မဆင်ခြင်ဘဲ လုပ်တာ။ သူတို့ရှိနေသမျှ ကာလကြီးဟာ ဒုက္ခရောက်ဦးမှာပဲ။
ပါမောက္ခ ဒေါ်မင်းမင်းသော်နဲ့ အင်တာဗျူးပါဝင်တဲ့ စနေသတင်းစကားဝိုင်းကို အောက်ကလင့်တွေမှာ အစအဆုံး နားဆင်နိုင်ပါတယ်။
Google Podcasts : https://shorturl.asia/oe6WG
Apple Podcasts : https://shorturl.asia/jx9mK
Spotify : https://shorturl.asia/5Z9fO
Buzzsprout : https://shorturl.asia/G3aXY
You may also like these stories:
ကျပ်နှစ်သောင်းတန်ထုတ်၍ ဘဏ္ဍာငွေအကျပ်အတည်း ထွက်ပေါက်ရှာဟု NUG ဆို
ကျပ်နှစ်သောင်းတန်ကြောင့် အခြေခံစားသောက်ကုန်များ အတက်ကြမ်း
ကျပ် နှစ်သောင်းတန်ဂယက် ဒေါ်လာနှင့် ရွှေဈေးကွက် ကမောက်ကမဖြစ်