• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“လုံးဝ အားမလျှော့ဘဲနဲ့ ကိုယ်လုပ်စရာရှိတာကို ကိုယ်ဆက်လုပ်သွားပေးကြပါ”

by ဧရာဝတီ
11 August 2023
in အင်တာဗျူး
A A
“လုံးဝ အားမလျှော့ဘဲနဲ့ ကိုယ်လုပ်စရာရှိတာကို ကိုယ်ဆက်လုပ်သွားပေးကြပါ”

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက အမေရိကန်၊ နယူးယောက်တွင် ဆန္ဒထုတ်ဖော်ပွဲ၌ စကားပြောနေသော ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း

1.7k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီး မကြာမီ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် စစ်အုပ်ချုပ်ရေးကို အာခံသည့်မိန့်ခွန်း ပြောကြားပြီး ဖြုတ်ချခံ အရပ်သားအစိုးရအတွက် ရပ်တည်သည်။

သူသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနှောင်းပိုင်းက နယူးယောက်တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူများနှင့်အတူ ရပ်တည်သည့်အနေဖြင့် လက်သုံးချောင်း ထောင်ခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံအား စစ်အာဏာသိမ်းမှုကို ပယ်ဖျက်နိုင်သည့် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုရန် တောင်းဆိုခဲ့သည်။

RelatedPosts

စစ်ကောင်စီ ရွေးကောက်ပွဲက ပြည်တွင်းငြိမ်းချမ်းရေးကို မသယ်ဆောင်လာနိုင်

ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

15 July 2025
1.2k
မြန်မာ့ဖက်ဒရယ်အနာဂတ်ကို စစ်ကောင်စီ၏ အုတ်မြစ်တွင် မတည်ဆောက်နိုင်

မြန်မာ့ဖက်ဒရယ်အနာဂတ်ကို စစ်ကောင်စီ၏ အုတ်မြစ်တွင် မတည်ဆောက်နိုင်

14 July 2025
479
အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

14 July 2025
5.8k

သူ၏ မိန့်ခွန်းကြောင့်ပင် စစ်ကောင်စီက သူ့ကို ရာထူးမှ ဖြုတ်ချပြီး နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲခဲ့သည်။ သို့သော် သူသည် ရာထူးကို စွန့်လွှတ်ရန် ငြင်းဆန်ပြီး ကုလသမဂ္ဂတွင် ဆက်လက် အသိအမှတ်ပြုခံရသည်။ စစ်အာဏာရှင်အုပ်ချုပ်ရေးကို ပြင်းထန်စွာ ဆန့်ကျင်မှုကြောင့်ပင် သူသည် ၂၀၂၁ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုတခု၏ ပစ်မှတ်ဖြစ်ခဲ့ရသည်။

လက်ရှိအချိန်တွင် သူသည် အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကိုယ်စားပြုပြီး စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများ ရပ်ဆိုင်းသွားစေရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းကို ဆက်လက် တောင်းဆိုနေသည်။

ဧရာဝတီသတင်းဌာနက ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် မြန်မာ့အရေး ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာ့အရေးကို ကိုင်တွယ်ရာတွင် နိုင်ငံတကာ၏ အားနည်းချက်များနှင့် မအောင်မြင်မှုများ အပါအဝင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ရပ်တန့်အောင် လုပ်ဆောင်နိုင်သည့်အချက်များကို မကြာသေးမီက မေးမြန်းခဲ့သည်။

မေး ။ ။ ကုလသမဂ္ဂမှာ မြန်မာ့အရေးဆောင်ရွက်နေမှုနဲ့ပတ်သက်ပြီးတော့ လတ်တလော ဘာတွေ ဆောင်ရွက်နေလဲ၊ ဘယ်လောက်ထိ တိုးတက်မှုရှိလဲဆိုတာ ပြောပြပေးပါဦး။

ဖြေ ။ ။ အားလုံးသိတဲ့အတိုင်း ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရှိတယ်ပေါ့နော်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆိုရင်တော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ကျနော်တို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်အဆိုတခု ချထားခဲ့တာရှိတယ်။ အဲ့ဒီဆုံးဖြတ်ချက်အဆိုကတော့ ကျတော်တို့ရဲ့ မြန်မာ့သမိုင်းမှာ ဒါ ပထမဆုံး လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့တော့ အရမ်းကို အရေးပါတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။

ဒါပေမယ့် တဖက်ကလည်း ကျနော်တို့ အခုလိုမျိုး ဒီဆုံးဖြတ်ချက်မှာပါတဲ့ အချက်အလက်တွေကို စစ်တပ်က မလိုက်နာတဲ့ဟာက အရမ်းပေါ်လွင်တယ်။ အဲ့ဒီ မလိုက်နာတဲ့အတွက်ကြောင့် ဘယ်လို အရေးယူ ဆောင်ရွက်ရမလဲဆိုတဲ့ အချက်အလက်တွေတော့ အဲဒီဆုံးဖြတ်ချက်မှာ မပါတဲ့အတွက်ကြောင့် ဒါက ဆုံးဖြတ်ချက်ရဲ့ အားနည်းမှုတခုလိုတော့ ဖြစ်နေတယ်။

အားလုံးသိတဲ့အတိုင်း ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရှိတယ်ပေါ့နော်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆိုရင်တော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ကျနော်တို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်အဆိုတခု ချထားခဲ့တာရှိတယ်။

နောက်ပြီးတော့ အထူးသဖြင့်ပေါ့၊ ဒီဆုံးဖြတ်ချက်ထဲမှာ ဘယ်အချိန်ကာလဆိုရင် မြန်မာကိစ္စနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီက ဆွေးနွေးဖို့လိုတယ်၊ ဒီလိုအချက်တွေ မပါတဲ့အတွက်ကြောင့် ကျနော်တို့ မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်က ပြီးခဲ့တဲ့ မတ်လ ကနဦးပိုင်းမှာ သူ ရှင်းလင်းပြောကြားမှု ပေးတယ်ပေါ့။ သူ ရှင်းလင်းပြောကြားမှု လုပ်ပြီးတဲ့နောက်ပိုင်းမှာ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်ပြီး သီးခြား ဆွေးနွေးပြောကြားခြင်းတော့ မရှိပါဘူး။ ဒါပေမယ့်လည်း ဇူလိုင်လက ဗြိတိန်က လုံခြုံရေးကောင်စီဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်ရတဲ့ကာလ ဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ ဆောင်ရွက်လို့ရတဲ့ လမ်းကြောင်းတွေကနေ ဆောင်ရွက်နေတာလေးတွေတော့ တွေ့ရပါတယ်။

ဒါပေမယ့် ရှေ့ဆက် ဘာဖြစ်လာမလဲ၊ Resolution ထပ်ချနိုင်မလဲ ဆိုတာတော့ ကျနော်တို့ ဆက်စောင့်ကြည့်သွားဖို့ လိုပါမယ်။ ဘာလို့လဲဆိုတော့ သြဂုတ်က အမေရိကန်က ဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်ရမယ့် ကာလဖြစ်တဲ့အတွက်ကြောင့် ဒီလထဲမှာလည်း ဘာတွေ ဆောင်ရွက်နိုင်မလဲဆိုတာတော့ ကျနော်တို့ စောင့်ကြည့်သွားဖို့ လိုပါမယ်။

ဥပမာ လုံခြုံရေးကောင်စီမှာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုတဲ့ ခေါင်းစဉ်အောက်က သူတို့ တံခါးဖွင့်ဆွေးနွေးပွဲ open debate လုပ်ခဲ့တာ ရှိတယ်။ အဲ့ဒီလုပ်ခဲ့တဲ့အခါမှာလည်း ကျနော်တို့ မြန်မာနိုင်ငံက အရပ်ဘက်ကိုယ်စားပြု ကိုယ်စားလှယ်တဦးပေါ့၊ မနော်ဆဲဆဲ၊ သူက Women’s League of Burma က အဖွဲ့ဝင်တယောက်ပါ။ သူက လုံခြုံရေးကောင်စီအခန်းထဲမှာ လာရောက်ရှင်းလင်း ပြောကြားနိုင်ခဲ့တဲ့ အတွက်ကြောင့် တကယ့်မြေပြင်မှာ ဖြစ်ပျက်နေတဲ့အရာတွေ၊ မြန်မာပြည်သူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ ခံစားနေရတဲ့ကိစ္စတွေကို နိုင်ငံတကာက သိအောင်၊ အထူးသဖြင့် လုံခြုံရေးကောင်စီက သိအောင် သူ သေသေချာချာကို ရှင်းလင်း ပြောကြားသွားနိုင်ခဲ့တာတော့ ရှိပါတယ်။

ဒါပေမယ့် ရှေ့ဆက် ဘာဖြစ်လာမလဲ၊ Resolution ထပ်ချနိုင်မလဲ ဆိုတာတော့ ကျနော်တို့ ဆက်စောင့်ကြည့်သွားဖို့ လိုပါမယ်။ ဘာလို့လဲဆိုတော့ သြဂုတ်က အမေရိကန်က ဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်ရမယ့် ကာလဖြစ်တဲ့အတွက်ကြောင့် ဒီလထဲမှာလည်း ဘာတွေ ဆောင်ရွက်နိုင်မလဲဆိုတာတော့ ကျနော်တို့ စောင့်ကြည့်သွားဖို့ လိုပါမယ်။

မေး ။ ။ နောက်လာမယ့် ဆုံးဖြတ်ချက်က ဒီဇင်ဘာလက ချခဲ့တဲ့ ဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲလား။

ဖြေ ။ ။ ဟုတ်ပါတယ် ခင်ဗျ။ Resolution ကတော့ ချပြီးပြီ။ ဒါပေမယ့် နောက် Resolution တခုလိုတယ်။ ကျနော် ရှေ့ကပြောသလို အခုချပြီးတဲ့ Resolution က ဘာမလုပ်ရင် ဘာလုပ်မယ်ဆိုတာ အဲ့ဒီလိုမျိုး အရေးယူနိုင်မယ့် အချက်အလက်တွေ မပါလာဘူး။ ဒါကြောင့် နောက်ချမှတ်နိုင်မယ့် Resolution မှာ ဒီလိုမျိုး အရေးယူနိုင်မယ့် အချက်အလက်တွေပါဖို့ လိုတယ်ဆိုတာကို ပိုပြီးတော့ ထင်ရှားလာတာပေါ့။

ဘာလို့လဲဆိုတော့ ကျနော်တို့အားလုံး သိတဲ့အတိုင်း ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာမှာ အဲဒီ Resolution ချတယ်။ အဲဒါ ချပြီးတဲ့နောက်ပိုင်းမှာလည်း စစ်တပ်က တကယ့် အစုလိုက်အပြုံလိုက် လူသတ်မှုတွေ ဆက်ကျူးလွန်နေတဲ့ဟာတွေ ရှိတယ်။ အထူးမြင်သာထင်သာတာကတော့ ကျနော်တို့ ဧပြီ ၁၁ ရက်နေ့မှာ ပဇီကြီးမှာဖြစ်တဲ့ လေယာဉ်တွေနဲ့လာပြီးတော့ ဗုံးကြဲ ပစ်ခတ်သတ်ဖြတ်တဲ့အတွက်ကြောင့် လူပေါင်း များစွာ ၁၆၀ ကျော် ၂၀၀ နီးပါး အသက်ဆုံးရှုံးရတာမျိုး ဖြစ်တယ်။ ဒါကိုလည်း နိုင်ငံတကာက သိတယ်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လက အမေရိကန်၊ နယူးယောက်ရှိ ကုလသမဂ္ဂရုံးရှေ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို တွေ့ရစဉ်

သူတို့တွေအားလုံး အမြဲထုတ်ပြောတယ်တဲ့ အရာရှိတယ်။ သူတို့ချိုးဖောက်တဲ့ဥစ္စာကို ဘယ်လို အရေးယူမလဲဆိုတာ မပါတဲ့အတွက်ကြောင့် အခုလိုမျိုးပဲ ဇာတ်မျောကြီး ဖြစ်နေတဲ့ဟာမျိုးတော့ ရှိပါတယ်။ ဒါကြောင့် ဒီလိုမျိုး အရေးယူနိုင်တာတွေပါမယ့် Resolution တခုတော့ အမြန်ဆုံး လုံခြုံရေးကောင်စီကနေ ထပ်ချဖို့ လိုပါတယ်။ ဒါမှလည်း ကျနော်တို့ ပြည်သူတွေအပေါ်ကို စစ်တပ်က မတရားညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေတာတွေကို အတိုင်းအတာတခုအထိ လျော့ကျသွားအောင်၊ ရပ်တန့်သွားအောင် လုပ်နိုင်မယ့်အရာတခုလို့တော့ ကျနော်ယုံကြည်တယ်။

ဒါကြောင့် ဒါကိုလည်း နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းပြီးတော့ ဒီလိုမျိုးဆုံးဖြတ်ချက်အဆို နောက်တခု ချနိုင်အောင်လို့ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့လည်း လိုတယ်။ ကျနော်တို့တွေ အနေနဲ့လည်း ဒါကို တစိုက်မတ်မတ်နဲ့ ဆက်လက် တောင်းဆိုသွားနေမှာပဲ ဖြစ်ပါတယ်လို့ ကျနော် အသိပေး တင်ပြလိုပါတယ်။

မေး ။ ။ ကုလသမဂ္ဂရဲ့ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ပြည်သူအများစုက အားမလိုအားမရ ဖြစ်တာတွေ ရှိပါတယ်။ အဲ့ဒီအပေါ်မှာရော ဘာများပြောချင်လဲ မသိဘူးရှင့်။

ဖြေ ။ ။ ပြည်သူတွေ အားမလိုအားမရ ဖြစ်တာတင်မကဘူး၊ ကျနော်တို့လည်း အားမလိုအားမရ ဖြစ်တယ်ပေါ့။ ကျနော်တို့ မျှော်မှန်းထားတဲ့အရာတွေ၊ တောင်းဆိုထားတဲ့အရာတွေ အခုထိဖြစ်လာခြင်း မရှိသေးဘူးပေါ့။ သူတို့ ကြိုးစားဆောင်ရွက်ပေးတဲ့ အရာတွေကိုတော့ တဖက်က ကျေးဇူးတင်သလို ဒါပေမယ့်လည်း တကယ့်လက်တွေ့ ထိထိရောက်ရောက် တားပေးနိုင်တဲ့ ဆောင်ရွက်ချက်တော့ ခုထိ မရှိသေးဘူးဆိုတာတော့ ပြတ်ပြတ်သားသား ပြောလို့ရပါတယ်။

ဒါကြောင့် ကျနော်တို့အနေနဲ့တော့ UN လို့ ပြောလိုက်ရင် သူ့မှာ အဖွဲ့ဝင်နိုင်ငံတွေ ရှိတယ်ပေါ့။ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံရှိတယ်။ အဲ့ဒီလိုပဲ လုံခြုံရေးကောင်စီမှာလည်း အဖွဲ့ဝင် ၁၅ နိုင်ငံရှိတယ်။ ဒီနိုင်ငံတွေ မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်ရင် အမြဲတမ်း အလေးထားဆောင်ရွက်နေဖို့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ဆိုတဲ့ ကိစ္စကိုတော့ ကျနော်တို့ ဆက်လက်ပြီးတော့ တိုက်တွန်းတောင်းဆိုသွားပါမယ်။

ဒီတဖက်ကလည်း ကျတော်တို့ပြည်သူတွေရဲ့ အားမလိုအားမရဖြစ်မှုတွေ၊ စိတ်ပျက်မှုတွေကို ကျနော်တို့ နားလည်ပါတယ်။ တခါတလေမှာ နိုင်ငံတကာအခင်းအကျင်းတွေမှာ တခုခုဖြစ်ဖို့ဆိုတာ အရမ်းအချိန်ယူရတဲ့ အနေအထားမျိုး ဖြစ်တဲ့အတွက်ကြောင့် ဘယ်လို ပုံစံမျိုးဖြစ်နေပါစေ၊ ကျနော်တို့အနေနဲ့ လုံးဝ အားမလျှော့ဘဲနဲ့ ကိုယ်လုပ်စရာရှိတာကို ကိုယ်ဆက်လုပ်သွားပေးကြပါ။

ကျနော်တို့ရဲ့ ရည်မှန်းချက်က စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့၊ ဒီမိုကရေစီ ပြန်လည်ရရှိဖို့၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ထောင်နိုင်ဖို့အတွက် ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီပန်းတိုင်ကို မရောက်မချင်း ကျနော်တို့တွေ ရှေ့မှာပြောခဲ့သလို တကယ့်လက်တွဲညီညီနဲ့၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဆက်လက် ဆောင်ရွက်သွားပေးကြပါ။

မတ်လက ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်နေသည့် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း

ကျနော်တို့ပြည်သူတွေ စည်းလုံးညီညွတ်လေလေ၊ ကျနော်တို့ပြည်သူတွေရဲ့ တောင်းဆိုမှုတွေ ညီညီညွတ်ညွတ်နဲ့ တောင်းဆိုမှုတွေ ကျယ်လောင်လာလေ နိုင်ငံတကာကတော့ ဘယ်လိုမှ ကျနော်တို့ကို လျစ်လျူရှုလို့ မရပါဘူးဆိုတာတော့ ကျနော်တို့ ပြောနိုင်ပါတယ်။

ဒါကြောင့် ကျနော်တို့တွေရဲ့ စည်းလုံးညီညွတ်မှုကို ဒီထက်ပိုတိုးတိုးပြီးတော့ တတ်နိုင်သမျှ အမြန်ဆုံး နိုင်ငံတကာကနေပြီးတော့ ထိရောက်တဲ့အရေးယူမှုတွေ လုပ်နိုင်အောင် ကျနော်တို့ ဆက်ပြီးတော့ တောင်းဆို ပေးကြပါ။ ဆက်ပြီးတော့ ကိုယ်လုပ်နိုင်တဲ့ နေရာအသီးအသီးကနေပြီးတော့ ပါဝင်ဆောင်ရွက်ပေးကြပါလို့လည်း မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။

မေး ။ ။ နိုင်ငံတကာကို မြန်မာပြည်သူတွေကို ကိုယ်စားပြုပြီး ဘာများ တောင်းဆိုချင်တာ ရှိပါသေးလဲ။

ဖြေ ။ ။ နိုင်ငံတကာအနေနဲ့ ကျနော်တို့ ပြည်သူတွေရဲ့အသံကို သေသေချာချာ နားထောင်ပေးဖို့၊ နောက်ပြီးတော့ နိုင်ငံတကာအနေနဲ့ ကျနော်တို့ပြည်သူတွေရဲ့ဆန္ဒကို သေသေချာချာ လေးလေးစားစားနဲ့ လိုက်ပါ အကောင်အထည်ဖော်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလိုမျိုး အသံတွေ နားထောင်ပြီးတော့ ကျနော်တို့ ဆန္ဒကို ဆောင်ရွက်တဲ့အခါမှာလည်း အခု ကျနော်တို့ အမြဲတမ်းတောင်းဆိုနေတဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ ဒီစစ်တပ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းဖို့ဆိုတာမှာ အရမ်းလိုအပ်တဲ့၊ ထိရောက်တဲ့ အရေးယူမှုတွေက လိုပါတယ်။

နိုင်ငံတကာအနေနဲ့ ကျနော်တို့ ပြည်သူတွေရဲ့အသံကို သေသေချာချာ နားထောင်ပေးဖို့၊ နောက်ပြီးတော့ နိုင်ငံတကာအနေနဲ့ ကျနော်တို့ပြည်သူတွေရဲ့ဆန္ဒကို သေသေချာချာ လေးလေးစားစားနဲ့ လိုက်ပါ အကောင်အထည်ဖော်ပေးဖို့ လိုအပ်ပါတယ်။

ဒါကြောင့် အထူးသဖြင့် legally binding ဖြစ်တဲ့ အဆုံးအဖြတ်တွေကို ချမှတ်ပေးနိုင်တဲ့ လုံခြုံရေးကောင်စီအနေနဲ့ စစ်တပ်ကို ငွေရေးကြေးရေး စီးဆင်းမှုအပိုင်းမှာလည်း လုံးဝကို မစီးဆင်းနိုင်အောင်၊ အထူးသဖြင့် ဒီစစ်တပ်အနေနဲ့ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကို အသုံးပြုပြီးတော့ ကျနော်တို့ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတာတွေကို ရပ်တန့်အောင်၊ ဒီလိုမျိုး လေယာဉ်တွေကို မပျံသန်းနိုင်အောင်အတွက်ကို jet fuel အဲ့ဒီအတွက်သုံးတဲ့ လောင်စာဆီတွေကို စစ်တပ်ကို မရောက်ဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ထိထိရောက်ရောက်နဲ့ အားသွန်ခွန်စိုက် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ အဲဒီလို ဆောင်ရွက်ပေးဖို့လည်း လုံခြုံရေးကောင်စီကနေတဆင့် ဆောင်ရွက်ပေးနိုင်အောင် တိုက်တွန်းပါတယ်လို့ ကျနော် ပြောလိုပါတယ်။

နိုင်ငံတကာရဲ့ ဆောင်ရွက်မှုက မြန်လေလေ၊ ကျနော်တို့ မြန်မာပြည်သူတွေရဲ့ အသက်တချောင်းကို ကယ်တင်နိုင်လေလေပဲဖြစ်မှာ ဖြစ်တဲ့အတွက်ကြောင့် ထိရောက်တဲ့အရေးယူမှုကို အမြန်ဆုံးနဲ့ အချိန်တိုတိုအတွင်းမှာ ဆောင်ရွက်ပေးပါလို့ ကျနော်ကတော့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလိုပါတယ်ခင်ဗျ။

You may also like these stories:

ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန် ကြိုးစားမှုနောက်ကွယ်

ကျနော်တို့ဟာ နိုင်ငံတကာအသိုက်အဝန်းထံက အကာအကွယ်ကို လိုအပ်နေပါတယ်

ဦးကျော်မိုးထွန်းအား လုပ်ကြံရန်ကြိုးပမ်းမှု မြန်မာနှင့် မဆိုင်ဟု စစ်ကောင်စီ ကြေညာ

မြန်မာ့အရေးဆုံးဖြတ်ချက် ကုလလုံခြုံရေးကောင်စီ အတည်ပြု

Your Thoughts …
Tags: NUGစစ်ကောင်စီလေယာဉ်ဆီဦးကျော်မိုးထွန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မုံရွာ ဓားပြတိုက် သတ်ဖြတ်မှု ကျူးလွန်သူများ ဖမ်းမိဟုဆို

မုံရွာ ဓားပြတိုက် သတ်ဖြတ်မှု ကျူးလွန်သူများ ဖမ်းမိဟုဆို

အဆက်မပြတ်ရွာသည့် မိုးကြောင့် ပလက်ဝ၌ ရေကြီး မြေပြိုမှုများ ဖြစ်ပေါ်

အဆက်မပြတ်ရွာသည့် မိုးကြောင့် ပလက်ဝ၌ ရေကြီး မြေပြိုမှုများ ဖြစ်ပေါ်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

5 days ago
5.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate