• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ရက်စက်ယုတ်မာစွာ သတ်ဖြတ်မှုက စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်

by ဧရာဝတီ
8 February 2024
in အင်တာဗျူး
A A
ရက်စက်ယုတ်မာစွာ သတ်ဖြတ်မှုက စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်

စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများ သတ်ဖြတ်ခဲ့သည့် ယော PDF တပ်ဖွဲ့ဝင် ၂ ဦး

6.1k
VIEWS
Share on FacebookShare on Twitter

အရပ်သားတွေအပေါ် သတ်ဖြတ်မှု ဆက်တိုက် ကျူးလွန်နေတဲ့ အာဏာသိမ်း စစ်တပ်ဟာ ဖေဖော်ဝါရီ ၅ ရက်က ကရင်နီ ပြည် (ကယားပြည်နယ်)၊ ဒီးမော့ ဆိုမြို့နယ်၊ ဒေါဆီးအီ ရွာ စာသင်ကျောင်းကို ဗုံးကြဲခဲ့တာကြောင့် ကျောင်းသား ကလေး ငယ် ၄ ဦး သေဆုံးခဲ့ရပြီး ၁၀ ဦး ထက်မနည်းလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ဒါ့ပြင် ဖေဖော်ဝါရီ ၄ ရက်ကလည်း ရှားတောမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ အမှတ် ၂၄၉ ခြေလျင်တပ်ရင်းက လမ်းမှာ တွေ့တဲ့ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်တဦး အပါအဝင် အမျိုးသမီး ၃ ဦးနဲ့ ၁၀ နှစ်အောက် ကလေး ငယ် ၃ ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) က ပြောပါတယ်။

RelatedPosts

လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

18 July 2025
1.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

18 July 2025
1.5k
ညောင်ဦးဒေသခံနှစ်သောင်းကျော် စစ်ကြောင်းမီးရှို့၍ ထွက်ပြေးရ

ညောင်ဦးဒေသခံနှစ်သောင်းကျော် စစ်ကြောင်းမီးရှို့၍ ထွက်ပြေးရ

17 July 2025
493

အာဏာသိမ်းထားတဲ့ ၃ နှစ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုတွေက စာသင်ကျောင်း ၅၂ ကျောင်း ပျက်စီးခဲ့ပြီး စစ်ကောင်စီရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်ဦးရေ ၆၃၀ ကျော် သေဆုံးခဲ့ရပြီဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန် ကြေညာထားပါ တယ်။

တပြိုင်တည်းမှာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင် ရန်းကျေးရွာမှာ အရှင်ဖမ်းဆီးခံရတဲ့ ယောဒေသ ကာကွယ်ရေး တပ် (YDF) တပ်ဖွဲ့ဝင် နှစ်ဦးကို စစ်တပ်လက်အောက်ခံ ပြည် သူ့စစ် (ခေါ်) ပျူစောထီးတွေက နှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတခုလည်း သတင်း မီဒီယာတွေကတဆင့် ထွက်ပေါ်လာခဲ့ပါတယ်။

စစ်ကောင်စီနဲ့ သူတို့ရဲ့ ပြည်သူ့စစ်တွေ ဒီလို ဆိုးဝါးရက်စက်တဲ့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာ၊ ကလေးငယ်တွေနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက် သတ်ဖြတ်နေတာတွေနဲ့ ပတ်သက်ပြီး တာဝန်ယူ၊ တာဝန်ခံစေဖို့ NUG အနေနဲ့ရော ဘယ်လိုမျိုး စီစဉ်ဆောင်ရွက်ပေးဖို့ရှိလဲဆိုတာ လူ့အခွင့်အရေးဝန်ကြီးဌာနက ဝန်ကြီး ဦးအောင်မျိုးမင်း ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဝန်ကြီး ဦးအောင်မျိုးမင်း

မေး။ ။ စစ်ကောင်စီတပ်နဲ့ သူ့ရဲ့လက်အောက်ခံ ပြည်သူ့စစ်တွေရဲ့ ဆိုးဝါးရက်စက်တဲ့ သတ်ဖြတ်မှု၊ ဗုံးကြဲတိုက်ခိုက်မှုတွေ ဒီရက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်နေပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဝန်ကြီးအနေနဲ့ ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ အကြမ်းဖက်စစ်အုပ်စုကတော့ လူတွေကို သတ်ဖြတ်နေတာပါပဲ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဂန့်ဂေါ နဲ့ ရှားတောကိစ္စကို ကြည့်မယ်ဆိုရင် ရက်ရက်စက်စက်နဲ့ သွေးအေးအေးနဲ့ အရှင်လတ်လတ် မီးရှို့သတ်တဲ့ဟာမျိုး၊ ကိုယ်ဝန် ဆောင်အမျိုးသမီးတွေ ကလေးငယ်တွေကိုပါ သတ်ဖြတ်တဲ့ဟာမျိုးက ပိုပြီးတော့ တွေ့လာရတယ်။ ဒီအချက်တွေကိုကြည့် မယ်ဆိုရင် သူတို့တွေက လူမဟုတ်တော့ပါဘူး။ တကယ့်ကို မိစာ္ဆစိတ်တွေ ဖုံးလွှမ်းနေတဲ့ စစ်မိစာ္ဆကောင်တွေ ဖြစ်တယ်၊ ရာဇဝတ်မှုကို သာမန်တင်မကတော့ဘဲနဲ့ ကြီးမားဆိုးဝါးတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ သွေးဆာနေတဲ့သူတွေ ဖြစ်နေပါပြီ။

မေး။ ။ ဒီလုပ်ရပ်တွေဟာ စစ်သုံ့ပန်း စည်းမျဉ်းတွေအပါအဝင် စစ်ရာဇဝတ်မှုတွေကို ဘယ်လိုအတိုင်းအတာအထိ ချိုး ဖောက်နေပါသလဲ။

ဖြေ။ ။ ဂန့်ဂေါကိစ္စကတော့ PDF ရဲဘော် လူငယ်နှစ်ဦးပေါ့။ စစ်ပွဲသဘာဝအရ ဖမ်းဆီးမှုတွေက ရှိကြပါတယ်။ ဒါပေမယ့် စစ်ပွဲရာဇဝတ်ဆိုင်ရာ ဥပဒေတွေကို ကြည့်မယ်ဆိုရင်တော့ ဖမ်းဆီးလို့ရပေမယ့် ဖမ်းဆီးထားသူတွေကို နှိပ်စက်ညှဉ်းပန်းမှု၊ သတ်ဖြတ်တာတွေ မလုပ်ရဘူးဆိုတာ သတ်မှတ်ထားတဲ့ ဂျီနီဗာသဘောတူစာချုပ်ဖြစ်တယ်။ အခုတော့ ဖမ်းဆီးရုံ တင်မက ဘူး၊ နှိပ်စက်တယ်၊ သတ်ဖြတ်တာမှ တကယ့်ကို လူမဆန်စွာ ကြည့်လို့မြင်လို့တောင် မကောင်းလောက်အောင် ရက်စက် ယုတ်မာစွာ သတ်ဖြတ်မှုကတော့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကို အတိအလင်း ကျူးလွန်တာဖြစ်ပါတယ်။

အဲဒီနေရာမှာ စစ်တပ်က မဟုတ်သည့်တိုင်အောင် အဲဒီလူတွေက လက်နက်ကိုင်ပြီးတော့ စစ်တပ်ဘက်ကို ပါဝင်နေတဲ့ အင်အားစုတွေ ဖြစ်တယ်။ အဲဒီတော့ တပ်ရင်းတပ်ဖွဲ့ မဟုတ်တဲ့အတွက် ရာဇဝတ်မှု မကျူးလွန်ဘူးလို့ ပြောလို့မရပါဘူး။ ဒါကျူးလွန်မှုပဲ ဖြစ်တယ်၊ ကာကွယ်ပြီးတော့ လူသားဆန်စွာ ဆက်ဆံရမယ့် စစ်သုံ့ပန်းတွေကို ဒါမျိုးဆိုးဝါးတဲ့ အဖြစ် အပျက်မျိုး ကျနော်တို့ မြင်ကြည့်လို့တောင် မရပါဘူး။

မေး။ ။ ဒီကျူးလွန်မှုတွေကို တာဝန်ယူ၊ တာဝန်ခံစေဖို့ ဘယ်လိုဆောင်ရွက်နေသလဲ။

ဖြေ။ ။ ကျနော်တို့ တာဝန်ယူမှု၊ တာဝန်ခံမှုကို ရှာကြမယ်၊ ရှာတဲ့အခါမှာ ပထမဆုံးမြင်တဲ့အရာကတော့ ဒါကိုကျူးလွန်တဲ့ သူပေါ့နော်၊ ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်တယ်၊ တခြားသူတွေကို ဒါတွေကြည့်ဖို့အတွက် အမိန့်ပေးတယ်။ ဒါမျိုးလူက ပထမဆုံး ကျူးလွန်တဲ့သူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလို ကျူးလွန်ဖို့အတွက် စစ်ဗျူဟာတရပ်အနေနဲ့ ဒါမှ မဟုတ် ဒါမျိုး လုပ်ဆောင်ဖို့အတွက် အထက်ကနေ အမိန့်ပေးထားတဲ့နေရာမျိုးရှိရင်တော့ သူ့ထက်ပိုမိုပြီး တာဝန်ရှိတဲ့သူက အမိန့်ပေးတဲ့သူ ဖြစ်ပါတယ်။ ဒီအချိန်အမိန့်က ဘယ်ကနေ စီးဆင်းလဲ၊ စီးဆင်းတဲ့သူက ဘယ်လိုမျိုးအမိန့်ပေးလဲဆိုတဲ့ အချက်တွေအပေါ်မှာ မူတည်ပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုအဆင့်ဆင့်က အထက်အမိန့်ပေးတဲ့လူဆီကို ရောက်ရှိ သွားမှာ ဖြစ်ပါတယ်။

မေး။ ။ ဒါတွေကို တရားမျှတမှု ပြန်လည်ရရှိဖို့ NUG အနေနဲ့ ဘယ်လို လုပ်ဆောင်ပေးသွားမလဲ။

ဖြေ။ ။ တရားမျှတမှုဆိုတာတော့ ပြည်တွင်းမှာ ရှာဖို့ခက်ပါတယ်။ သာမန်အခြေအနေမျိုးဆိုရင်တော့ ဒါက ရာဇဝတ်မှု ဥပဒေ လူသတ်မှုဖြစ်တဲ့အတွက် ရာဇဝတ်မှု ဥပဒေအရ အရေးယူနိုင်မယ်။ ပြင်းထန်စွာနာကျင်စေမှုနဲ့လည်း တရားစွဲဆိုနိုင် တာမျိုးရှိတယ်။ တကယ်လို့ ကျင့်ဝတ်သိက္ခာပြည့်တဲ့ စစ်တပ်ဆိုရင်တော့ ဒီလိုမျိုးအရာတွေကို စစ်စည်းကမ်းဖောက်ဖျက်မှု၊ စစ်ရာဇဝတ်မှုကျူးလွန်မှုနဲ့ အရေးယူနိုင်တာရှိတယ်။

လေကြောင်း တိုက်ခိုက်မှုအပြီး မြင်တွေ့ရသည့် ဒေါဆီးအီ စာသင်ကျောင်း/ CJ

ဒါပေမယ့် ပြည်တွင်းမှာလည်း ကျနော်တို့ အရေးယူနိုင်ဖို့အတွက် မလွယ်ဘူး။ သူတို့တပ်ကလည်း ပြန်ပြီးတော့ အရေးယူမှာ မဟုတ်ဘူး။ ဒါကို မြှောက်တောင်မြှောက်ပေးဦးမယ့် အခြေအနေဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ဒါကိုအရေးယူနိုင်ဖို့အတွက် လက်ရှိဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကို သေချာသိမ်းဆည်းထားတယ်။ ကျူးလွန်တဲ့သူတွေ တာဝန်ရှိမှုကို ကျနော်တို့ ဖော် ထုတ်တယ်၊ တချိန်ချိန် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်တာပဲဖြစ်ဖြစ်၊ ကျူးလွန်တဲ့သူတွေကို နိုင်ငံ တကာ ရာဇဝတ်မှုဥပဒေအရ အရေးယူတဲ့အခါမျိုးမှာဖြစ်ဖြစ် ဒါမျိုး စေခိုင်းတဲ့သူတွေ၊ ကျူးလွန်သူကို အပြစ်မပေး၊ အရေး မယူတဲ့သူတွေကိုလည်း ပိုမိုပြီး တရားဥပဒေအရ အရေးယူနိုင်ဖို့အတွက် ပြင်ဆင်ပြီးတော့ လုပ်ဆောင်နေပါတယ်။

မေး။ ။ ဒီလို ဆိုးရွားတဲ့ သတ်ဖြတ်မှုတွေ၊ စာသင်ကျောင်းတွေကို ဗုံးကြဲမှုဟာ အရင်ကလည်း အကြိမ်ကြိမ် ကျူးလွန်ခဲ့ သလို အခုထိ ဆက်လက်ကျူးလွန်နေတဲ့ စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှု အနေအထားအပေါ် ကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ နိုင်ငံတကာရဲ့ အရေးယူ ဆောင်ရွက်မှု နှောင့်နှေးလေလေ အခုလိုမျိုး ဖြစ်ရပ်တွေ ပိုဖြစ်ဖို့အတွက် အခွင့်အလမ်းပေး သလို ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ အမြဲတမ်း တောင်းဆိုနေတာပါ။ စစ်တပ်ကို လက်နက်တင်ပို့ ရောင်းချတာ တွေ မလုပ်ဖို့၊ လေယာဉ်ဆီ တင်ပို့ရောင်းချတာတွေ မလုပ်ဖို့၊ ဒီလက်နက်တွေ ဝယ်နိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ငွေကြေး တွေ မထောက်ပံ့ဖို့ ဒါတွေကို ကျနော်တို့ တောင်းဆိုနေတာဖြစ်တယ်။ ဒါတွေကို အရေးယူဆောင်ရွက်မှုအပိုင်းမှာ ပိတ်ဆို့မှု တွေ ရှိလာတယ်။

ဒါပေမယ့် တကမာ္ဘလုံး ဟန်ချက်ညီညီ မဖြစ်သေးဘူး၊ လက်နက် တင်ပို့ရောင်းချမှု အထူးသဖြင့် လေယာဉ်ဆီတင်ပို့ ရောင်း ချမှုနဲ့ ပတ်သက်ပြီးတော့ အရေးယူဆောင်ရွက်နိုင်ဖို့အတွက် နှောင့်နှေးနေတုန်းပဲ၊ ကြန့်ကြာနေတုန်းပဲ။ အဲဒီတော့ ကမာ္ဘကို ကျနော်ပြောချင်တယ်။ နောက်ထပ် ဘယ်လောက်စောင့်ပြီးတော့ လူတွေ သေပေးရဦးမှာလဲ၊ ဘယ်လောက် အိမ်တွေ၊ လူတွေ မီးရှို့ခံထိရဦးမှာလဲ၊ ဒါက နိုင်ငံတကာကို တင်ပြချင်တဲ့အချက်ဖြစ်တယ်။

မေး။ ။ စစ်ကောင်စီအနေနဲ့ အခုလို ဆိုးရွားတဲ့ကျူးလွန်မှုတွေ ဆက်လက်ပြုလုပ်နေတဲ့အပေါ် ဘာများဖြည့်စွက် ပြောချင် ပါသေးလဲ။

ဖြေ။ ။ အကြမ်းဖက်စစ်အုပ်က သွေးရူးသွေးတန်း ဖြစ်နေပါပြီ။ တခါမှ မခံစားဖူးတဲ့ ဆုံးရှုံးမှုဒဏ်၊ ကျဆုံးမှုဒဏ်တွေ မခံနိုင် တဲ့အတွက် အခုလိုမျိုး တွေ့သမျှလူကို ခွေးရူးကိုက်သလို ရက်ရက်စက်စက်လုပ်နေတာ။ ခွေးရူးက ကိုက်ပဲ ကိုက်တတ်တာ။ သူတို့က သေနတ်ရှိတဲ့အတွက် ရက်စက်မှုပိုပြီးတော့ ပြင်းထန်တာပေါ့ဗျာ။

အဲဒီတော့ စစ်ကောင်စီရဲ့ နောက်ဆုံး နေဝင်ချိန်ကို တရားဥပဒေအရ ဖြေရှင်းနိုင်ဖို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် နေတယ်။ နောက်ဆုံး နေဝင်ချိန်ကို ပြည်သူဘက်ကို အမြန်ဆုံးပူးပေါင်းပြီး လုပ်ဆောင်ဖို့အတွက် တိုက်တွန်းလိုတယ်။ နောက်ဆုံးနေဝင်ချိန်မှာ အများပြည်သူက တရားစီရင်တဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ အဆုံးမသတ်စေချင်ပါဘူး။ ဒါကြောင့် အမြန် ဆုံး ကျနော်တို့ဘက် ပူးပေါင်းဆောင်ရွက်ဖို့၊ တာဝန်ရှိတဲ့သူတွေကို ဖော်ထုတ်အရေးယူဖို့အတွက် လက်တွဲ လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။

You may also like these stories:

မျက်မြင်သက်သေတွေ ပြောတဲ့ ဒေါဆီးအီ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု

ဇရပ်ကြီး တိုက်ပွဲပြင်းထန်၊ မြို့ခံအများအပြား ပိတ်မိနေ

မြန်မာကို လူသားချင်းစာနာမှု ထောက်ပံ့ရေး ထိုင်း အရှိန်မြှင့်မည်

Your Thoughts …
Tags: NUGဒီးမော့ဆိုဒေါဆီးအီကျေးရွာစာသင်ကျောင်းလေကြောင်းဗုံးကြဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.3k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.4k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
လေကြောင်းတိုက်ခိုက်မှုကြောင့်  ဇရပ်ကြီးမြို့ခံ ၁၅ ဦးထက်မနည်း သေဆုံး

လေကြောင်းတိုက်ခိုက်မှုကြောင့် ဇရပ်ကြီးမြို့ခံ ၁၅ ဦးထက်မနည်း သေဆုံး

ဂန့်ဂေါ အရှင်လတ်လတ် မီးရှို့သတ်မှု ဂယက်ရိုက်

ဂန့်ဂေါ အရှင်လတ်လတ် မီးရှို့သတ်မှု ဂယက်ရိုက်

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.4k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.4k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate