မကြာသေးမီက IPCM (လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ) နှင့် KNU (ကရင်အမျိုးသားအစည်းအရုံး) တို့မှ ကိုယ်စားလှယ်များ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် တွေ့ဆုံခဲ့ကြပြီး နှစ်ဘက်ပူးတွဲ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ကရင်သတင်းစဉ် (KIC) အယ်ဒီတာချုပ်လည်း ဖြစ်၊ IPCM (လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ) ဥက္ကဋ္ဌလည်း ဖြစ်သူ နန်းဖော့ဂေကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
ပြည်တွင်းပြည်ပရှိ လွတ်လပ်သော သတင်းမီဒီယာများအပါအဝင် တသီးပုဂ္ဂလ သတင်းမီဒီယာများ၊ တိုင်းရင်းသားမီဒီယာများနှင့် ဒေသအခြေပြုမီဒီယာများ စုစည်းပြီး လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (Independent Press Council Myanmar -IPCM) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်မှ (၂၂)ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ဖွဲ့စည်းခဲ့သည်။
ဧရာဝတီ ။ ။ အခု IPCM (လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ) နဲ့ KNU (ကရင်အမျိုးသားအစည်းအရုံး) နဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပြီးတော့ Statement တွေ ထုတ်တာလည်း တွေ့ရပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲကနေပြီးတော့ ဘာတွေ ထူးထူးခြားခြားရလဒ် ထွက်တယ်လို့ သုံးသပ်နိုင်မလဲခင်ဗျ။
နန်းဖော့ဂေ ။ ။ ပထမတချက်ကတော့ ဒီ IPCM ဖြစ်ပေါ်လာတဲ့ အနေအထား၊ ဘာကြောင့် ဖြစ်ပေါ်လာရတာလဲဆိုတဲ့ အကြောင်းအရင်းလေးတွေ ဆိုတာကို ရှင်းပြရတာမျိုးအပေါ်မှာ စစချင်း အရမ်းကြီး သိမနေတဲ့အခါကျတော့ KNU ဘက်ကလည်း မီဒီယာဆိုရင် အားလုံးကို တပြေးတည်းမျိုး နားလည်တာလည်း ဖြစ်ကောင်းဖြစ်မယ်ပေါ့လေ။ သို့သော်လည်းပဲ မီဒီယာကောင်စီဆိုတဲ့ ဥစ္စာမျိုးကျတော့ မီဒီယာတဖွဲ့တည်း မဟုတ်ဘူးဆိုတာကို နားလည်မှု ရှိတယ်။ ဒါပေမယ့် IPCM က အဲဒီလို အသိအမှတ်ပြုမှုနဲ့ ဘယ်လို ဖြစ်တည်လာသလဲ ဆိုတာမျိုးကို ကောင်းကောင်း နားလည်သွားတာပေါ့နော်။ အဲဒါတခုလည်း ရှိတယ်။
ဒုတိယတခုကတော့ KNU လို အဖွဲ့အစည်း အပါအဝင် သူတို့ရဲ့ structure အလိုက်ပေါ့နော်၊ သူ့အဖွဲ့အစည်းရဲ့ အဖွဲ့အစည်းအလိုက် နယ်ပယ်၊ နယ်မြေထဲမှာ ဆိုလို့ရှိရင်လည်း ဒီမီယာနဲ့ ပတ်သက်ပြီးတော့ သိနားလည်မှု အပိုင်းလေးတွေကျတော့ အကုန်လုံး မသိနေကြဘူးပေါ့နော်၊ အသေအချာချည်းက။ မီဒီယာဆိုတာ ဘာလဲ၊ မီဒီယာကျင့်ဝတ်ဆိုတာဘာလဲဆိုတဲ့ ဥစ္စာမျိုးကို ဒါက သူတို့မှာလည်း လိုအပ်ချက်ချက်တွေ ရှိတယ် ဆိုတာမျိုးကိုတော့ ဆွေးနွေးလာတာ ရှိတယ်ပေါ့နော်။
အဲဒီအပိုင်းမှာဆိုရင်တော့ ရေရှည်အားဖြင့် ရလဒ်တခုက ဘာရသွားလဲဆိုလို့ရှိရင် သက်ဆိုင်ရာ KNU နဲ့ ပတ်သက်တဲ့ နယ်မြေပိုင်းမှာ ဖြစ်စေ၊ သူ့ဌာနဆိုင်ရာပိုင်းမှာ ဖြစ်စေ Media literacy အပိုင်းကိုလည်း ရေရှည်အပိုင်းမှာ IPCM နဲ့ လုပ်ဆောင်သွားဖို့အတွက်ကို ဒါမျိုးလေးတွေကိုတော့ သဘောထား ရရှိတယ်ပေါ့နော်။
အဲဒီအပိုင်းမှာဆိုရင်တော့ ရေရှည်အားဖြင့် ရလဒ်တခုက ဘာရသွားလဲဆိုလို့ရှိရင် သက်ဆိုင်ရာ KNU နဲ့ ပတ်သက်တဲ့ နယ်မြေပိုင်းမှာ ဖြစ်စေ၊ သူ့ဌာနဆိုင်ရာပိုင်းမှာ ဖြစ်စေ Media literacy အပိုင်းကိုလည်း ရေရှည်အပိုင်းမှာ IPCM နဲ့ လုပ်ဆောင်သွားဖို့အတွက်ကို ဒါမျိုးလေးတွေကိုတော့ သဘောထား ရရှိတယ်ပေါ့နော်။
ဒါရလဒ်လို့ပြောရင်တော့ ၁ အချက်ကတော့ IPCM က ဘယ်လိုဖြစ်တည်လာလဲ ဆိုတာကို နားလည်သွားပြီးတော့ တစုံတရာယုံကြည်မှု ရသွားတယ်ပေါ့နော်။ နောက်တခုကလည်း သူတို့ဘက်က စိန်ခေါ်မှုလေးတွေက ဘာလဲဆိုလို့ရှိရင် တခုခု အင်ဖော်မေးရှင်း security ပေါ့လေ၊ သတင်းအချက်အလက် လုံခြုံရေးအပိုင်းမှာလည်း KNU ဘက်ကလည်း စိုးရိမ်ချက် ရှိတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းအချက်တွေက အရမ်းကြီး လွတ်လပ်လွန်းအားကြီးသွားလို့ရှိရင် တဖက်က အဓိက ပစ်မှတ်တခုဖြစ်နေတဲ့ စစ်ကောင်စီကို အလိုလိုနေရင်း ရရှိစေသလို ဖြစ်တဲ့ဟာမျိုးကိုလည်း သူတို့ဘက်က စိုးရိမ်ချက် ရှိတယ်ပေါ့နော်။
အထူးသဖြင့်ကတော့ ဒုဥက္ကဋ္ဌဆီက ပြောလာတဲ့ဟာပေါ့၊ သူကလည်း အဖွဲ့အစည်းတခုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးအနေနဲ့ သူ့ရဲ့ concern (စိုးရိမ်မှု) ကို ICPM ကို ရှင်းပြတာ ရှိတယ်ပေါ့နော်။
ဆိုတော့ ရလဒ်လို့ ပြောမယ်ဆိုရင်တော့ နှစ်ခုပေါ့။ အပြန်အလှန်နားလည်မှုတွေ ရရှိသွားကြတယ်။ ရှေ့ဆက် ပူးပေါင်းလုပ်ဆောင်မှုပေါ့နော်။ လိုင်းမတူပေမယ့်လည်း တူတဲ့အပိုင်းလေးတွေမှာ မီဒီယာမူဝါဒနဲ့ပတ်သက်လို့ ပူးပေါင်းလုပ်ဆောင်သွားမယ့် အပိုင်းလေးတွေ၊ အဖြေရှာသွားနိုင်တဲ့ ပူးပေါင်းလုပ်ဆောင်မှုလေးတွေကို တခုရမယ်။
တတိယတခုကတော့ ရေရှည်အတွက်ဆိုလို့ရှိရင် Media literacy ပိုင်းကိုလည်း လုပ်ဆောင်သွားဖို့အတွက် အပြန်အလှန်ဆွေးနွေး သဘောထားတွေ ရှိခဲ့ကြတယ်။
မေး ။ ။ အခုလိုမျိုး KNU နဲ့ တွေ့ဆုံဆွေးနွေးမှု နောက်ပိုင်းမှာ ဘယ်အဖွဲ့တွေနဲ့ရော ဆက်ပြီးတော့ ထပ်တွေ့ဖို့ ရှိလဲဗျ။ ဘယ်လိုမျှော်လင့်ထားလဲ။ နောက် ဒီလိုတွေ့ဆုံဆွေးနွေးပွဲတွေ ဘာကြောင့်လိုအပ်တာလဲ။
ဖြေ ။ ။ ဟုတ်ကဲ့၊ IPCM အနေနဲ့က ဒီကာလမှာ ကိုယ့်နိုင်ငံရဲ့ အခင်းအကျင်း ပြီးလို့ရှိရင် အများစု လွတ်လပ်တဲ့မီဒီယာ အားလုံးနီးပါးလောက်ကလည်း ERO (တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း) နယ်မှာပဲ ရောက်ရှိနေကြတာလည်း ရှိတာပေါ့နော်။ ရှိနေတဲ့အခါကျတော့ တခါတလေလည်း နားလည်မှုတွေ လွဲပြီးတော့ သတင်းရယူတဲ့အခါမှာ မလုံခြုံမှုတွေ၊ သတင်းရယူတဲ့အခါမှာ စိန်ခေါ်မှုတွေ ဖြစ်လာမှာ စိုးတဲ့အတွက်ကြောင့်လည်း တဖက်မှာ IPCM အနေနဲ့ကတော့ stakeholder အနေနဲ့ လက်ရှိမှာ မှတ်ယူထားတဲ့ ERO တွေနဲ့ တွေ့ဆုံသွားဖို့ဆိုတာကတော့ လုပ်ငန်းစဉ်ထဲမှာ ပါပြီးသားပေါ့။
အထူးသဖြင့်ကတော့ ၂၀၂၄ ရဲ့ ဒုတိယ ခြောက်လပတ်ထဲမှာ ကနဦးအနေနဲ့ကတော့ ပထမဆုံး တွေ့ဆုံရတဲ့အဖွဲ့ကတော့ KNU (ကရင်အမျိုးသားအစည်းအရုံး) ဖြစ်တယ်။ နောက်ထပ် ထပ်ပြီးတော့ နယ်ပယ်သုံးခုမှာ IPCM နဲ့ stakeholder meeting မျိုး ဆက်လက်တွေ့ဆုံဖို့ ရှိတာက ကရင်နီ၊ မွန်နဲ့ ရှမ်းတွေမှာလည်း ဆက်ပြီးတော့ တွေ့ဆုံသွားဖို့တော့ ရှိတယ်ပေါ့နော်။
အထူးသဖြင့်ကတော့ ၂၀၂၄ ရဲ့ ဒုတိယ ခြောက်လပတ်ထဲမှာ ကနဦးအနေနဲ့ကတော့ ပထမဆုံး တွေ့ဆုံရတဲ့အဖွဲ့ကတော့ KNU (ကရင်အမျိုးသားအစည်းအရုံး) ဖြစ်တယ်။ နောက်ထပ် ထပ်ပြီးတော့ နယ်ပယ်သုံးခုမှာ IPCM နဲ့ stakeholder meeting မျိုး ဆက်လက်တွေ့ဆုံဖို့ ရှိတာက ကရင်နီ၊ မွန်နဲ့ ရှမ်းတွေမှာလည်း ဆက်ပြီးတော့ တွေ့ဆုံသွားဖို့တော့ ရှိတယ်ပေါ့နော်။
မေး ။ ။ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ့နော်၊ အခုဟာကတော့ တဖြည်းဖြည်းနဲ့ စစ်ကောင်စီက ရှုံးလာပြီးတော့ လွတ်မြောက်နယ်မြေတွေ ဖြစ်လာတဲ့အခါမှာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို လမ်းစပေါ်နေပြီလို့ ပြောရမှာပေါ့။ ဒီအနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာ သတင်းစာလွတ်လပ်ခွင့်အပေါ် ERO တွေကရော ဘယ်လောက်ထိ ကတိကဝတ် ပေးမယ်လို့ မျှော်လင့်ထားလဲခင်ဗျ။
ဖြေ ။ ။ ကတိကဝတ် အပြည့်အဝတော့ ပေးနိုင်ဦးမယ်လို့တော့ မထင်ဘူးပေါ့နော်၊ ကျမ တယောက်(တည်း) အနေနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးကတော့ အင်ဖော်မေးရှင်းတွေက အသီးသီးကတော့ နိုင်ငံရေးအရရော၊ စစ်ရေးအရရော အင်ဖော်မေးရှင်းကို အသုံးပြုပြီးတော့ သုံးနေကြတာပေါ့နော်။
ပြန်ပြောရမယ် ဆိုလို့ရှိရင်ရင်တော့ လက်ရှိကာလမှာ နိုင်ငံရေးအရရော၊ စစ်ရေးအရရော သတင်း အချက်အလက်တွေကို အသုံးပြုပြီးတော့ အကောင်အထည် ဖော်နေကြတဲ့နေရာမှာ ဒီအပိုင်းမှာကျတော့ လွတ်လပ်တဲ့မီဒီယာရဲ့ အခန်းကဏ္ဍက လောလောဆယ်တော့ အရမ်းကြီး ရာခိုင်နှုန်းပြည့် မဖော်ဆောင်နိုင်ဘူးနော်။
ပြန်လည် ထူထောင်မှုအပိုင်းမှာကျလို့ရှိရင် ချက်ချင်းကြီး ရာနှုန်းပြည့် မသွားနိုင်သည့်တိုင်အောင် တဆင့်တဆင့်ချင်း သွားဖို့အတွက်ကတော့ ဒါ ကနဦး အစပျိုးတဲ့ခြေလှမ်းတခု IPCM က လုပ်ဆောင်နေတယ်လို့ ကျမက နားလည်တယ်။ အဲဒါကြောင့်မို့လည်း တကယ်လို့ ကိုယ့်နိုင်ငံက ပြန်လည်ထူထောင်ရေး ကာလကျလို့ရှိရင် တဆင့်တဆင့်ချင်း သွားတဲ့အခါမှာ ERO တွေပဲ မဟုတ်ဘူးပေါ့နော်။
ပြီးတော့ အရပ်ဘက်အဖွဲ့အစည်းတွေရော ကျန်တဲ့အစုအဖွဲ့တွေပေါ့နော်၊ တချိန်မှာလည်း ပြန်ပြီးတော့ ဖွဲ့စည်းလာမယ့် နိုင်ငံရေးအဖွဲ့အစည်းတွေက အစပေါ့နော်၊ Media literacy ကို နားလည်မှသာ မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ သတင်းရယူခွင့်ဆိုတဲ့ တန်ဖိုးကို၊ ပြီးလို့ရှိရင် လုပ်ဆောင်ချက်တွေကို ပူးပေါင်းလုပ်ဆောင်နိုင်မယ်၊ လက်ခံယုံကြည်ပြီးတော့ အကောင်အထည် ပေါ်လာနိုင်မယ်လို့ ကျမ မြင်တယ်။
ဆိုတဲ့အခါကျတော့ ချက်ချင်းကြီးကတော့ မရဘူး၊ တဆင့်တဆင့်ချင်းကတော့ ကျမတို့က အပြန်အလှန် သူ့အခြေအနေ ကိုယ့်အခြေအနေ၊ မီဒီယာဘက်က စတုတ္ထမဏ္ဍိုင်အခြေအနေနဲ့ သက်ဆိုင်ရာ အစုအဖွဲ့တွေရဲ့ သူတို့ဘက်က အခြေအနေကအစ အပြန်အလှန် assessment လုပ်ရင်းနဲ့ တူညီတဲ့ ပန်းတိုင်တခုကို ဘယ်လို သွားကြမလဲဆိုတာ ဆိုတာကို လုပ်ဆောင်သွားရမယ်လို့ ထင်ပါတယ်။
ဆိုတဲ့အခါကျတော့ ချက်ချင်းကြီးကတော့ မရဘူး၊ တဆင့်တဆင့်ချင်းကတော့ ကျမတို့က အပြန်အလှန် သူ့အခြေအနေ ကိုယ့်အခြေအနေ၊ မီဒီယာဘက်က စတုတ္ထမဏ္ဍိုင်အခြေအနေနဲ့ သက်ဆိုင်ရာအစုအဖွဲ့တွေရဲ့ သူတို့ဘက်က အခြေအနေကအစ အပြန်အလှန် assessment လုပ်ရင်းနဲ့ တူညီတဲ့ ပန်းတိုင်တခုကို ဘယ်လို သွားကြမလဲဆိုတာ ဆိုတာကို လုပ်ဆောင်သွားရမယ်လို့ ထင်ပါတယ်။
မေး ။ ။ ဖြည့်စွက်ပြီး ပြောစရာရှိရင် ပြောပါဦးခင်ဗျ။
ဖြေ ။ ။ ဟုတ်ကဲ့၊ နည်းနည်းလေး ဖြည့်စွက် ပြောချင်တာက ဒီအချိန်မှာကတော့ ပြည်သူ့တော်လှန်ရေး ကာလပေါ့နော်၊ တနိုင်ငံလုံးမှာ မတရားမှုကို၊ မတရား အာဏာသိမ်းထားတဲ့ ဖြစ်စဉ်ကြီးကို တော်လှန်နေကြတဲ့ ကာလတော့ ဖြစ်တယ်ပေါ့နော်။ တချို့ အဲဒီအနေအထားမျိုးဟာ ဆိုလို့ရှိရင် ကျမတို့ကတော့၊ မီဒီယာကတော့ ကျင့်ဝတ်ကို တကယ် အားလုံးနားလည်ပြီးသားပေါ့နော်။
တခါတလေကျလို့ ရှိရင်လည်း ဘယ်လိုအခြေအနေ ဖြစ်နေပါစေ မီဒီယာကျင့်ဝတ်အားဖြင့်ကတော့ ယိုင်မသွားဖို့တော့ လိုတာပေါ့နော်။ Code of conduct မီဒီယာကျင့်ဝတ်ဆိုတာက ကျမတို့အတွက် ဒိုင်းပဲပေါ့နော်။ အဲဒီဟာမှာမှ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းနဲ့ လုပ်ဆောင်ရတာမို့လို့ စစ်ရေးစစ်ရာဆိုးရွားတဲ့ ကာလမှာ ဖြစ်စေ၊ နိုင်ငံရေးအခြေအနေ မတည်ငြိမ်ဘဲ ဆိုးရွားတဲ့ကာလမှာ ဖြစ်စေ ကျမတို့ကတော့ Code of conduct အပေါ်မှာပဲ ရပ်တည်ပြီးတော့ လုပ်ဆောင်သွားရမှာပါပဲပေါ့နော်။
ဒီကြားထဲမှာတော့ ထိရှမှုတော့ ရှိနိုင်တာပဲ။ သို့သော် အဲဒီ ထိရှမှုက ပိုပြီးတော့ ဆိုးရွားစေတဲ့ အထိအခိုက်မျိုး မဖြစ်လာရအောင်လို့ ကျမတို့က ဒီလိုမျိုး ညှိနှိုင်းမှုတွေ၊ အပြန်အလှန် ချိတ်ဆက်မှု၊ ဆက်သွယ်မှုူတွေကို အားကောင်းကောင်း တည်ဆောက်ထားမယ်ဆိုရင်တော့ မီဒီယာလွတ်လပ်ခွင့်ကို အကောင်အထည် ဖော်တဲ့အခါမှာ ဘေးထွက်ဆိုးကျိုးတွေ နည်းမယ်လို့ ကျမအနေနဲ့ အဲလိုမျိုး မြင်ပါတယ်။ အဲဒါလေးတော့ နည်းနည်း ဖြည့်စွက်ပြောချင်ပါတယ်။
You may also like these stories:
သတင်းလွတ်လပ်ခွင့် အောင်ပွဲခံရမည်
အချုပ်အနှောင်ကင်းသော သတင်းမီဒီယာ
အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံရသည့် သတင်းသမား ၂၀၀ ကျော်ရှိ
တော်လှန်ဗီဇနဲ့ ပြည်သူပြည်သား သတင်းသမား
ဦးဝင်းတင်သို့ သတင်း မီဒီယာ သမားများ၏ အမှတ်တရ စကားများ
သတင်းသမားတွေ ငြိမ်းချမ်းရေး နိုဗယ်ဆု ရတဲ့အပေါ် မြန်မာသတင်းစာဆရာများ အမြင်