အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော် အင်တာဗျူး တတိယပိုင်းမှာ AA ရဲ့ လက်ရှိ ရခိုင်ပြည် အုပ်ချုပ်ရေး၊ ရခိုင်ပြည်နယ် ပြင်ပမှာ ပူးတွဲစစ်ဆင်ရေး၊ ပြည်ထောင်စုရေး ရှုမြင်ချက်၊ စစ်ကောင်စီ ရွေးကောက်ပွဲအပေါ် အမြင်၊ လက်ရှိ နွေဦးတော်လှန်ရေးအပေါ် အမြင်တွေကို ဆွေးနွေးထားပါတယ်။
မေး ။ ။ ကရင်နီ (ကယား) ပြည်နယ်ကို ကြည့်မယ်ဆိုရင်လည်း လွိုင်ကော်ကလွဲလို့ တခြားနယ်မြေဒေသတွေကို တော်လှန်ရေးတပ်တွေ၊ အတိုက်အခံအုပ်စုတွေက ပိုပြီးထိန်းချုပ်လာနိုင်တာကို ကျနော်တို့ တွေ့ရပါတယ်။ အဲဒီမှာ ဘာကို တွေ့ရသလဲဆိုတော့ Local Governance ဆိုတာကို ကျနော်တို့ စတွေ့ရတယ်။ နောက်ပြီး တရားစီရင်ရေး ကိစ္စတွေ၊ လူထုရဲ့ ကျန်းမာရေး၊ ပညာရေး ကိစ္စတွေကို စတင်ဆောင်ရွက်လာတာကို တွေ့ရပါတယ်။ အဲဒီအဖွဲ့တွေကိုလည်း အပြင်ကနေ ကူညီမှုတွေ၊ စိတ်ဝင်စားမှုတွေ အများကြီးရှိတာကို တွေ့ရတယ်။ ဒီလိုပဲ ရခိုင်ပြည်နယ်မှာဆိုရင် အခုဆို AA က သူ့ရဲ့ Territory Control တွေ၊ သူရဲ့ Population Control သူ့အောက်မှာ Population ပိုများလာတာကို ကျနော်တို့ သုံးသပ်လို့ရပါတယ်။ အဲဒီအခါမှာ ခုန Local Governance တို့၊ Judiciary တရားစီရင်ရေးကိစ္စတို့၊ ကျန်းမာရေးနဲ့ ပညာရေးကိစ္စတို့ အထူးသဖြင့် အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ဘာတွေဆောင်ရွက်နေလဲဆိုတာ ကျနော်တို့ သိလို့ရမလား။
ဖြေ ။ ။ ဟုတ်ကဲ့။ ကျနော်တို့ ၂၀၂၃ တိုက်ပွဲတွေမစခင် အပစ်ရပ်ထားတဲ့ကာလမှာ အထွေထွေအုပ်ချုပ်ရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီးမှ Arakan Authority ဆိုပြီး ကျနော်တို့ လုပ်ခဲ့တာရှိတယ်။ အဲဒီမှာ တရားစီရင်ရေး၊ ရဲလုပ်ငန်းတို့၊ ကျန်းမာရေးဆိုင်ရာ Government Service Providing ပေါ့။ အဲဒီ Government Service Delivery တွေကို ကျနော်တို့လုပ်ခဲ့တယ်။ ပြီးမှ Arakan Public Policy and Public Administration ကျောင်းကို ဖွင့်ပြီးမှ ကျနော်တို့လူငယ်တွေကို လေ့ကျင့်ပျိုးထောင်တဲ့ဟာတွေ လုပ်နေတယ်။ ဆိုတော့ တဖြည်းဖြည်းနဲ့ ဒီထက်ပိုပြီး စနစ်တကျတော့ ပေါ်လာပါပြီ။ ဒီနောက်ပိုင်း တိုက်ပွဲတွေလည်း တအားများ၊ မြို့ပေါ်တွေကိုလည်း သိမ်းလိုက်တော့ အရင်အစိုးရလက်ထက်မှာရှိနေတဲ့ အုပ်ချုပ်ရေးယန္တရားတို့ နောက် တခြားပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းနဲ့ ဘဏ်စနစ်တွေကအစ အကုန်လုံး ပြိုကျနေတဲ့ကာလဆိုတော့ ဒီကိစ္စတွေကို ယာယီကြားကာလ အခက်အခဲအနေနဲ့တော့ ရှိနေပါတယ်။ ဒီဟာတွေ ပြန်ပြီးစနစ်တကျဖြစ်လာဖို့အတွက် နည်းလမ်းတွေ အမျိုးမျိုးရှာပြီးမှ ရုန်းကန်နေရတဲ့ အနေအထားရှိတယ်။ ကျောင်းတွေတော့ မဖွင့်နိုင်ဘူး။ ဆရာလည်းရှိတယ်၊ ကျောင်းလည်းရှိတယ်။ ကျောင်းသားတွေ၊ မိဘတွေကလည်း ကျောင်းထားချင်ကြတယ်။ ကျောင်းမဖွင့်နိုင်တာကတော့ လုံခြုံရေးစိန်ခေါ်မှုကြောင့်ပါပဲ။
အခုက ကျနော်တို့ သိမ်းထားတဲ့မြို့တွေကို စစ်ကောင်စီလေတပ်ကနေ အရပ်သားပစ်မှတ်တွေကိုရော အကုန်လုံး သိမ်းကျုံးရောပြီးမှ ညတွေ ဗုံးကြဲတာရှိတယ်။ လူစုလူဝေးမြင်ရင် သူက ဗုံးချပြီဆိုတော့ ကျောင်းသားကျောင်းသူတွေရဲ့ လုံခြုံရေးအတွက် ကျနော်တို့ရဲ့ ကျောင်းတွေကို ရပ်ဆိုင်းထားပါသေးတယ်။ ကျန်းမာရေးကဏ္ဍတော့ ဆေးဝါးတွေလည်း တအားရှားပါးတယ်။ သို့သော် ကျနော်တို့ နည်းလမ်းအမျိုးမျိုးနဲ့ တချို့အဖွဲ့အစည်းကလည်း ကူညီကြတာရှိပါတယ်။ အဖွဲ့အစည်းနာမည်ပြောဖို့ မသင့်တော်လို့ပေါ့။ ရတဲ့နေရာအကုန်လုံးက လမ်းစတွေရှာပြီးမှ ဆေးတွေနဲ့ ကုသကူညီပေးနေကြတာပေါ့။
မေး ။ ။ ခုန ကျနော့်ကိုပြောသွားတဲ့အထဲမှာ ရခိုင်ပြည်တခုတည်းမဟုတ်ဘဲနဲ့ နေရာအနှံ့မှာ AA က ဝင်ပြီးတော့ လှုပ်ရှားတယ်ဆိုတာ ပါတာ ကျနော်တို့တွေ့ရတယ်။ ကရင်ပြည်နယ်ကိုလည်း Mention လုပ်သွားတာ တွေ့လိုက်တယ်။ ချင်းပြည်တောင်ပိုင်းမှာဆိုရင်လည်း စစ်ရေးအရလှုပ်ရှားမှုတွေ ကျနော်တို့ တွေ့ရတယ်။ ဆိုတော့ AA ရဲ့ Ultimate Aim ပေါ့နော် သူ့ရဲ့ အမြင်က ဘယ်လိုရှိသလဲ။ သူ့ရဲ့ Vision က ဘယ်လိုရှိတာလဲပေါ့နော်။ စစ်ရေးအရ ဝင်တိုက်ပေးနေတာ တွေ ရှိတယ်။ KIA မှာရော၊ KNU နယ်မြေတွေမှာရော၊ ရှမ်းမြောက်မှာရော၊ ဒါ့ပြင် ရခိုင်ကတော့ သူ့ရဲ့ အဓိကပေါ့နော်။ ဆိုတော့ သူ့ရဲ့ မျှော်မှန်းချက်က ဘာလဲဆိုတာလည်း ကျနော်တို့ကို Share လုပ်ပါအုံး။
မြန်မာနိုင်ငံမှာတော့ အဖွဲ့အစည်းအများစုက လူမျိုးရေးအထိုင်ကနေလုပ်ကြတာပဲ။ ဒါမျိုး ကိုယ်ရဲ့လူမျိုးစု တခုတည်းကိုပဲ ကြည့်ပြီးလုပ်မယ်ဆိုရင် ဘယ်ခရီးကိုမှ မရောက်ဘူးဆိုတာကို ကျနော်တို့ နှစ် ၇၀ ပြည်တွင်းစစ် လူမျိုးစုကိုပဲ အခြေခံတွေးခေါ်တဲ့ အတွေးခေါ်က အလုပ်မဖြစ်ဘူးဆိုတာကို သမိုင်းက သက်သေပြပြီးဖြစ်တယ်။
ဖြေ ။ ။ မြန်မာနိုင်ငံမှာတော့ အဖွဲ့အစည်းအများစုက လူမျိုးရေးအထိုင်ကနေလုပ်ကြတာပဲ။ ဒါမျိုး ကိုယ်ရဲ့လူမျိုးစု တခုတည်းကိုပဲ ကြည့်ပြီးလုပ်မယ်ဆိုရင် ဘယ်ခရီးကိုမှ မရောက်ဘူးဆိုတာကို ကျနော်တို့ နှစ် ၇၀ ပြည်တွင်းစစ် လူမျိုးစုကိုပဲ အခြေခံတွေးခေါ်တဲ့ အတွေးခေါ်က အလုပ်မဖြစ်ဘူးဆိုတာကို သမိုင်းက သက်သေပြပြီးဖြစ်တယ်။ ဆိုတော့ ကျနော်တို့က စောစောက မေးခွန်းတွေမှာလည်း ပြောဖြစ်ပါတယ်။ ရခိုင်ဒေသကနေ ရန်သူတွေကို မောင်းထုတ်လိုက်ပြီဆိုတော့ ကိုယ်က အောင်မြင်ပြီလားဆိုတော့ အဲဒီလိုမျိုး ပုံသေကားချပ်မရဘူး။ သူက အခိုက်အတန့်ပဲ သူက အားလျော့နေတဲ့အချိန်မှာ ထွက်နေတာ။ နိုင်ငံရေးအရ သူ့ရဲ့ အာမခံချက်မရှိဘူး။ စစ်ရေးအရလည်း ဒီထက်ပိုပြီးမှ အာမခံချက်ရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးဖို့ လိုသေးတယ်။ ဒါကြောင့် ကျနော်တို့က ရခိုင်ဒေသ၊ ရခိုင်အမျိုးသားအကျိုးစီးပွားကို ဗဟိုပြုထားတဲ့ အထိုင်နဲ့ စတင်ခဲ့တာဆိုပေမယ့် မြန်မာတနံတလျားမှာရှိတဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်လာရင်း ကျနော်တို့က ပကတိအခြေအနေတွေနဲ့ အရေးကြီးတဲ့ လက်တွေ့သဘာဝကို ပိုပြီးသဘောပေါက်လာတယ်။
ဆိုတော့ ကျနော်တို့ လူမျိုးစုတခုတည်း ဒုက္ခရောက်နေတာမဟုတ်ဘဲနဲ့ လူမျိုးစုအသီးသီးရဲ့ လုပ်မျိုးပေါင်းစုံ လွတ်မြောက်ရေးဆိုတဲ့ဟာကို ကျနော်တို့ ရက္ခိတလမ်းစဉ်နဲ့တွဲပြီးမှ ဒီကိစ္စကိုလည်း ပုံဖော်လာခဲ့တယ်။ ဆိုတော့ မဟာမိတ်ဒေသတွေမှာ ဒီမဟာမိတ်တွေကိုလည်း ကူညီတယ်၊ ကိုယ်ရဲ့ လုပ်စရာရှိတဲ့အလုပ်တွေကိုလည်း လုပ်ဆောင်တယ်။ ဘုံရန်သူကိုလည်း တိုက်ပွဲဝင်တယ်ဆိုတဲ့ အလုပ်တွေကို ကျနော်တို့ လုပ်လာခဲ့တာဖြစ်တယ်။ မြန်မာပြည်သူတွေ မြန်မာတိုင်းရင်းသား ပြည်သူတွေကြားမှာ နယ်နမိတ်ဆိုင်ရာအငြင်းပွားမှု၊ လူမျိုးရေးဆိုင်ရာ မကျေနပ်မှုတွေတော့ ရှိတာပဲ။ ဒါပေမယ့် လူမျိုးအားလုံးရဲ့ အခုအချိန်မှာ တူညီမှုကဘာလဲဆိုတော့ ဒီဖက်ဆစ် စစ်ကောင်စီက အားလုံးရဲ့ ဘုံရန်သူဖြစ်တယ်ဆိုတဲ့ တူညီမှုတခုကတော့ ရှိကြတယ်။ ဒီဟာက United Force တခုလို ဖြစ်နေတာပေါ့။ ဒါကိုလည်း ကောင်းကောင်းအသုံးချပြီးမှ ကောင်းမွန်တဲ့ အပြောင်းအလဲတခုအဖြစ် ကျနော်တို့ ကြိုးစားရမှာပဲ။ ချင်းတောင်မှာလည်း ကျနော်တို့ ဒါ တချို့အငြင်းပွားစရာ ပဋိပက္ခတွေတော့ ရှိတာပေါ့။ ဒါပေမယ့် ဒီဟာတွေကိုလည်း သေချာရှင်းပြပြီးမှ ဖြေရှင်းသွားဖို့ စဉ်းစားထားပါတယ်။
မေး ။ ။ ဟုတ်ကဲ့။ ဆိုတော့ AA ရဲ့ မျှော်မှန်းချက်၊ ရည်ရွယ်ချက်က ကြီးတယ်လို့ ကျနော်တို့ ပြောလို့ရတယ်ပေါ့နော်။ အဲဒီတော့ ရခိုင်တခုလုံး ကြည့်တာမဟုတ်ဘဲနဲ့ မြန်မာပြည်တခုလုံး Comprehensive ဖြစ်ဖြစ်နဲ့ ကြည့်တယ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့။ ဒါပေမယ့် AA ကတော့ အမြဲတမ်းပြောခဲ့တာက Confederation ဆိုတာကို အမြဲတမ်းပြောခဲ့တာ ကျနော်တို့ တွေ့ရတယ်။ ဟုတ်တယ်မှတ်လား။ ဗိုလ်ချုပ်။
ဖြေ ။ ။ ဟုတ်ကဲ့။ ကျနော်တို့ ဒီ Local Level စဉ်းစားချက်ရှိသလို။ ပြည်ထောင်စုတခုလုံးပေါ့။ အဲဒီလိုမျိုး စဉ်းစားချက်လည်း ရှိတယ်။ Local တခုထဲကို စဉ်းစားပြီးမှ တခြားဟာတွေ မစဉ်းစားဘူးဆိုရင် ကျနော်တို့ရဲ့ ဒေသအဆင့် Strategy နဲ့ မျှော်မှန်းချက်က မအောင်မြင်နိုင်ဘူး။ အလုပ်မဖြစ်ဘူး။ ပြည်ထောင်စုတခုလုံးကို သေချာစဉ်းစားဖို့လိုတယ်။ ပတ်ဝန်းကျင်ကို စဉ်းစားဖို့လိုတယ်။ ဒီဟာတွေကို အချိုးညီညီစဉ်းစားပြီးမှ အချိန်ကိုက် အလုပ်လုပ်ရမယ်။ ပါတနာတွေ ဖွဲ့ရမယ်။ မဟာမိတ်တွေ ရှိရမယ်။ ဆိုတော့ ကျနော်တို့လိုမျိုး ဘဝတူတွေ တိုင်းရင်းသားတခုတည်းကို တခြားသောပေါ့လေ Ethnic Minority တခုတည်းကို ပြောတာမဟုတ်ဘဲနဲ့ Majority Burmese တွေကိုလည်း ကျနော်တို့က အသေအချာစဉ်းစားဖို့လိုတယ်။ သူက အဓိကပြောင်းလဲမှုရဲ့ အခြေခံအင်အားပဲ။ သူ့ပြည်သူတွေရဲ့ လိုအပ်ချက်တွေက ဘာလဲ။ သူက ဘာကို လိုချင်သလဲဆိုတာတွေကို ကူညီပြီးမှ ကျနော်တို့ အချင်းချင်းကြားမှာ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်နိုင်ခဲ့ပြီဆိုရင် ကျနော်တို့အကုန်လုံး လိုအပ်နေတဲ့ ဒီဟာပေါ့ အပြောင်းအလဲတွေ။ ပြီးတော့ တရာမှာ တရာ ပျော်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ပြဿနာတွေကို ဖြေရှင်းပြီးမှ အလုပ်ဖြစ်တဲ့စနစ်တွေကို ကျနော်တို့ စတင်နိုင်မှာဖြစ်တယ်။
ဗမာလူမျိုးတွေ အတွက်လည်း နောင်တချိန် ဖက်ဆစ်အာဏာရှင်အောက်ကို မရောက်သွားဖို့ ဘယ်လိုလုပ်ရမှာလဲ။ နောက် တခြားလူမျိုးစုတွေမှာလည်း ဘယ်လိုလုပ်ရမလဲဆိုတာ အခုတော့ ချက်ချင်း ကျနော်တို့မှာ ဖော်ပြီးသားဆေးတော့ မရှိသေးဘူး။ ဒါပေမယ့် ဒီဟာကို ကျနော်တို့ တဖြည်းဖြည်းချင်းနဲ့တော့ အပြုသဘောဆောင်ခြင်း၊ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ တယောက်နဲ့တယောက် နားလည်ခြင်းတွေနဲ့ ဖော်ဆောင်ရမှာပဲ။ စိန်ခေါ်မှုတော့ ရှိမှာပဲ။
ရခိုင်တွေပြောနေတဲ့ Confederate ဆိုတာကလည်း ဒါ တကယ်ပြောတာ ဖြစ်ပါတယ်။ ကျနော်တို့က ဒီဟာကိုပြောလို့ ဟိုဟာလုပ်လို့ ဒီဟာကိုလည်း ပြောနေတယ်။ ပြည်မတွေမှာ တခြားဒေသတွေမှာလည်း ဝင်တိုက်နေလို့ ပြောတာနဲ့ လုပ်တာ Consistent မဖြစ်ဘူးဆိုတဲ့ ဝေဝါးမှုမျိုး ဖြစ်စရာမလိုဘူး။ ကျနော်တို့ လုပ်နေတဲ့အလုပ်များသည် ကျနော်တို့ရဲ့ နိုင်ငံရေးအခြေခံ အတွေးအခေါ်တွေနဲ့ ထပ်တူကျအောင်ကို လုပ်နေတာဖြစ်တယ်။ ဒီမှာ ခုနပြောသလိုမျိုး အထိုင်ကတော့ ဒီလိုမျိုးအထိုင်ကနေ စပြီးစဉ်းစားတာဆိုပေမယ့် လူမျိုးပေါင်းစုံလွတ်မြောက်ရေးက အရေးကြီးတယ်။ ဒီဟာ အရေးကြီးတဲ့ Strategy ကို အကောင်အထည်ဖော်ရင်းနဲ့ ဒီဟာကို Parallel အကောင်အထည်ဖော်ရမယ်။ ပြီးတော့ Post-revolution အခြေအနေမှာလည်းပဲ ကျနော်တို့ရဲ့ Common Interest တွေပေါ့။ ဒီ ဗမာလူမျိုးတွေ အတွက်လည်း နောင်တချိန် ဖက်ဆစ်အာဏာရှင်အောက်ကို မရောက်သွားဖို့ ဘယ်လိုလုပ်ရမှာလဲ။ နောက် တခြားလူမျိုးစုတွေမှာလည်း ဘယ်လိုလုပ်ရမလဲဆိုတာ အခုတော့ ချက်ချင်း ကျနော်တို့မှာ ဖော်ပြီးသားဆေးတော့ မရှိသေးဘူး။ ဒါပေမယ့် ဒီဟာကို ကျနော်တို့ တဖြည်းဖြည်းချင်းနဲ့တော့ အပြုသဘောဆောင်ခြင်း၊ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ တယောက်နဲ့တယောက် နားလည်ခြင်းတွေနဲ့ ဖော်ဆောင်ရမှာပဲ။ စိန်ခေါ်မှုတော့ ရှိမှာပဲ။
မေး ။ ။ ဟုတ်ကဲ့။ အဲဒီတော့ ၂၀၂၅ ကို ဒီဘက်က တော်လှန်ရေးအုပ်စုတွေမြင်တာကတမျိုး၊ ၂၀၂၅ ကို ဗိုလ်ချုပ် ထွန်းမြတ်နိုင်က မြင်တာကတမျိုး။ ဒါပေမယ့် ၂၀၂၅ မှာ ရွေးကောက်ပွဲကို ထပ်ပြီးလုပ်မယ်လို့ ကြုံးဝါးတာကတော့ စစ်ကောင်စီ။ ခုန ဗိုလ်ချုပ်ပြောသွားတဲ့ စစ်ကောင်စီက ဗိုလ်ချုပ်တွေကို ပြောတာပေါ့နော်။ အဲဒီတော့ ရွေးကောက်ပွဲက သူတို့အတွက် ထွက်ပေါက်။ တကယ်ရောဖြစ်နိုင်မလား။
ဖြေ ။ ။ သူကတော့ မဖြစ်ဖြစ်အောင် ဖောက်ထွက်ရမှာပဲ။ ကျနော်လည်း သူ့နေရာမှာဆိုရင်တော့ အိမ်နီးချင်းက ဘယ်သူထောက်ခံတယ်။ ဒါတွေကို အကုန်လုံး Mobilize လုပ်ပြီးမှ မရရအောင် ဖောက်ထွက်မှာပဲ။ သို့သော် သူ ဖောက်ထွက်လို့ ရ၊ မရ။ ဖောက်ထွက်ရင်းနဲ့ လမ်းတဝက်မှာပဲ ငြိမ်သွားမလားပေါ့နော်။ ဒါကတော့ ကျနော် တပ်အပ်မဟောနိုင်ပါဘူး။ လက်တွေ့လည်း လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကြည့်ရတာတော့ ဒီရွေးကောက်ပွဲ လုပ်ဖို့ တော်တော်လေးခက်ခဲမယ့် အခင်းအကျင်းကိုတော့ မြင်နေရတယ်။ ဒီကြားထဲမှာ တချို့ပေါ့ သူ့ကို ကူညီချင်တဲ့ ပတ်ဝန်းကျင်က လုပ်နေတဲ့ Strategy တွေ အောင်မြင်ရင်တော့ ပုံစံတမျိုးမျိုးနဲ့ သူလည်း Proportional Democracy တခြားရွေးကောက်ပွဲတွေကို ဟန်ပြလုပ်ပြီးမှလည်း နည်းလမ်းအမျိုးမျိုးနဲ့ အသက်ဆက်ဖို့ ကြိုးစားကောင်း ကြိုးစားမှာပဲလေ။ အခုလည်း ကာလုံနဲ့ အစည်းအဝေးခေါ်ပြီးမှ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ အစိုးရသက်တမ်းတွေထက် တောင် ကျော်လွန်ပြီးမှ သူလည်း လုပ်နေတာပဲလေ။ ဒါကတော့ သေနတ်ကိုင်ထားပြီးရင် ဥပဒေကို စာနဲ့ရေးစရာမလိုပါ ဘူး။ သူက ပိုကျွမ်းတာပေါ့။ ဆိုတော့ နည်းလမ်းတမျိုးမျိုးနဲ့တော့ သူလည်း အသက်မသေဖို့အတွက် ရုန်းကန်နေမှာပါပဲ။
မေး ။ ။ အဲဒီတော့ နိုင်ငံတကာကနေ ပြန်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ၃ နှစ်နဲ့ ၄ နှစ်အတွင်းမှာ အာဏာသိမ်းတဲ့ အချိန်ကနေစပြီးတော့ တိုင်းရင်းသားတပ်ဖွဲ့တွေကရော ERO တွေရော ဒါ့ပြင် အသစ်ပေါ်လာတဲ့ Armed Resistance အုပ်စုတွေ၊ PDF လိုအုပ်စုတွေက သူတို့ရဲ့ Performance ပေါ့နော်၊ တော်လှန်ရေးကြီးကို ၄ နှစ်အထိ သယ်လာခဲ့တာ ကျနော်တို့ တွေ့ရတယ်။ ဒါပေမယ့် အပြင်ကနေပြီးတော့ ဒါတွေကိုကြည့်ပြီး သုံးသပ်တဲ့သူတွေရော၊ Report ထုတ်ပြီး ရေးနေတဲ့သူတွေရော၊ အဖွဲ့အစည်းတွေကရော မြန်မာပြည် Organization ကြီး ဖြစ်သွားနိုင်တယ်။ စစ်တပ်ကြီး ပြိုသွားရင် အပြိုခံလို့မရဘူး။ မင်းမဲ့စရိုက်တွေပေါ်လာမယ်။ မင်းမဲ့တိုင်းပြည် ဖြစ်သွားလိမ့်မယ်ဆိုပြီးတော့ အမျိုးမျိုးပြောလာခဲ့တာ ကျနော်တို့ တွေ့ရပါတယ်။ ဒါပေမယ့် တော်လှန်ရေးဘက်က ပြန်ကြည့်တော့လည်း သူ့အရှိန် အဟုန်နဲ့ဆက်ပြီးတော့ သွားနေတာ ကျနော်တို့ တွေ့ရတယ်။ တဖက်က လေ့လာတဲ့သူတွေကလည်း ခုန ဗိုလ်ချုပ် ပြောသွားတဲ့ သူ့ကူညီချင်တဲ့ အပေါင်းအသင်းရောင်းရင်းတွေကလည်း ဒီတော်လှန်ရေးကြီးက Too Complex ဖြစ်လွန်းအားကြီးတယ်။ အဲဒီတော့ တော်လှန်ရေးအောင်သွားရင် မဖြစ်ဘူး။ တော်လှန်ရေးကျသွားအောင် လုပ်ရမယ် ဆိုတဲ့ အမြင်ရှိတဲ့သူတွေရှိသလို၊ Goal Post လို့ခေါ်တဲ့ ဂိုးတိုင်ကို နှစ်ပတ်တခါ၊ သုံးလတခါလောက် ရွှေ့နေတယ် ဆိုတာတွေကို ကျနော်တို့ တွေ့ရတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး Comment ဘာပေးချင်လဲ။
ဖြေ ။ ။ မြန်မာစစ်တပ်ပြိုသွားရင် နိုင်ငံတစစီပြိုကွဲသွားမလားဆိုတဲ့ အတွေးအခေါ်ကို တဖက်က ပြန်ပြီးလှည့်ပြီးမှ ဒီဘက်က မြင်တဲ့အမြင်ကို သူ့ရဲ့ Perception ဆိုတာက သူဘယ်လိုမြင်လဲဆိုတာက သူဘယ်လို ဘယ်နားကနေ ကြည့်သလဲဆိုတာပေါ်မှာ မူတည်တာပေါ့။ ကျနော်တို့ အဲဒီမြင်ကွင်းကို ဒီဘက်ကနေ လှမ်းပြီးပြန်ကြည့်ရင် ဒီစစ်တပ် ပြိုသွားရင် နိုင်ငံတစစီပြိုကွဲသွားမှာလားဆိုတာထက် ဒီစစ်တပ်ရှိနေရင် အခုဘာဖြစ်နေသလဲဆိုတဲ့ လက်ရှိအခြေအနေ အရင်မြင်အောင် ကျနော်က မီးမောင်းထိုးပြချင်တယ်။ ပြိုရင်ဘာဖြစ်နိုင်သလဲဆိုတာထက် ဒီဟာရှိနေတဲ့အတွက် အခုဘာဖြစ်နေသလဲ။ တိုင်းရင်းသားတွေလည်း မအေးချမ်းဘူး။ ဗမာတွေလည်း အေးချမ်းသလားဆိုတော့ ဗမာလည်း ပြည်တွင်းစစ် တိုက်နေရတာပဲ။ ဆိုတော့ ဒီဟာရှိနေခြင်းရဲ့ လက်ငင်းအကျိုးကျေးဇူးက ဒီဟာဖြစ်နေတယ်။
နောက် ပြည်ထောင်စုဆိုတဲ့ ကိစ္စပေါ့လေနော်။ တချို့ကတော့ မြန်မာနိုင်ငံဆိုပြီး ဒီလိုမျိုးပြောလိုက်တယ်။ မြန်မာနိုင်ငံဆိုပြီး ပြောလိုက်ပြီဆိုရင်တော့ ဒါတပြည်ထောင် မြန်မာနိုင်ငံလို့ ပြောတာနဲ့တူတယ်။ ပြည်ထောင်စုလို့ ပြောလိုက်ရင်တော့ ပိုပြီးမှ နားလည်ရလွယ်တယ်။ ဒါ အရှိတရားနဲ့လည်း Visualize ဖြစ်အောင် ကျနော် မြန်မာပြည်ထောင်စုလို့ ပြောတာ ဖြစ်တယ်။ ဆိုတော့ ဒီပြည်ထောင်စုကို အမည်ခံသက်သက်ထားပြီးမှ တည်တံ့နေတာ ဖြစ်တယ်။ ဆိုတော့ သူက ပြည်ထောင်စုလို့ပြောပြီးမှ သူ့ရဲ့ စစ်တပ်ကလည်း ပြည်ထောင်စု စစ်တပ်ရဲ့လုပ်ရပ်ကို မလုပ်ဘဲနဲ့ အမျိုးသားအစွန်းရောက် လက်နက်နိုင်ငံပေါ့ဗျာ။ အရင်တုန်းက ဗမာပဒေသရာဇ်တွေခေတ်က လက်နက်နိုင်ငံ တည်ထောင်သလိုမျိုး ပြည်ထောင်စုတပ်မတော်တခုရဲ့ ကြန်အင်လက္ခဏာတို့၊ အခြေခံ Ideology တွေကို မလုပ်ဘဲနဲ့ ပဒေသရာဇ်ဆန်တဲ့ လူမျိုးစုရဲ့ အတွေးအခေါ်ကို အခြေခံပြီးလုပ်လာတဲ့ စစ်တပ်ဆိုတော့ လက်ရှိရှိနေတဲ့ ပြည်ထောင်စုတခုကို ကာကွယ်ဖို့ လုံလောက်တဲ့အတွေးအခေါ်လည်း မရှိဘူး။ ဖွဲ့စည်းပုံကလည်း သူ့ရဲ့ Ideology ကို ပြောမလား။ အဲဒီကနေ Doctrine ကို ပြောမလား။ အဲဒီ Ideology တို့ Doctrine တို့ကို အခြေခံပြီးမှ ဖြစ်လာတဲ့ သူ့ရဲ့ Performance တွေပေါ့နော် Action တွေက ဒါလိုအပ်ချက်တွေနဲ့ လွဲချော်နေတယ်။ ဆိုတော့ ပြောမယ်ဆိုရင်ဗျာ ဒီပြည်ထောင်စုဆိုတာပဲလည်း ကျနော်တို့က လိုရာဆွဲပြောကြရရင်တော့ ဗမာပြည်ခေတ်ကပဲ အင်ပါယာတွေက စုစည်းခဲ့သလိုမျိုးပေါ့။ ဒါပေမယ့် အဲဒီခေတ်တုန်းက လက်နက်နိုင်ငံတည်ထောင်တဲ့အချိန်မှာ ဘုရင်တပါး ဘုန်းလက်ရုံးအားကောင်းတဲ့အချိန်မှာ တိုက်တယ်၊ တိုက်ပြီးမှ ကောင်းတဲ့ဟာတွေကို ယူလာခဲ့တယ်။ ပြီးရင် သူသေရင် ဒီဟာက မရှိတော့ဘူး။
အကုန်လုံးပါဝင်ပြီးမှ ပြည်ထောင်စုစစ်တပ်ကိုလည်း ပြည်ထောင်စုကို ကာကွယ်ဖို့။ လိုအပ်တဲ့ အခြေခံ ဒီ Ideology တွေရော၊ Doctrine တွေရော၊ နောက်ပြီး ဖွဲ့စည်းပုံတွေ၊ ဦးဆောင်မှုပုံစံတွေ၊ ဒါတွေကို အချိုးကျ အောင်လုပ်ပြီးမှ ပြည်ထောင်စု စစ်မှန်တဲ့ဟာ ဖြစ်လာမှာ။ အခုက ဒီစစ်တပ်က ပြည်ထောင်စုဆိုတာကို အမည်ခံအရပဲ ပြောပြီးမှ သူလုပ်တာက လူမျိုးစုစစ်တပ်လိုမျိုး၊ ဖက်ဆစ်စစ်တပ်လိုမျိုး သွားတယ်။ ဆိုတော့ တခြားလူမျိုးစုတွေကလည်း မလွတ်လပ်ဘူး။
လက်ရှိ ကျနော်တို့ရှိနေတဲ့ Modern Burma ဆိုတာကတော့ ဒါ Colonial Legacy ပဲ။ ဒါက အရှိတရားပဲ။ ကျနော်တို့ ဒီဟာကိုရတဲ့အချိန်မှာ အကုန်လုံးပါဝင်ပြီးမှ ပြည်ထောင်စုစစ်တပ်ကိုလည်း ပြည်ထောင်စုကို ကာကွယ်ဖို့။ လိုအပ်တဲ့ အခြေခံ ဒီ Ideology တွေရော၊ Doctrine တွေရော၊ နောက်ပြီး ဖွဲ့စည်းပုံတွေ၊ ဦးဆောင်မှုပုံစံတွေ၊ ဒါတွေကို အချိုးကျ အောင်လုပ်ပြီးမှ ပြည်ထောင်စု စစ်မှန်တဲ့ဟာ ဖြစ်လာမှာ။ အခုက ဒီစစ်တပ်က ပြည်ထောင်စုဆိုတာကို အမည်ခံအရပဲ ပြောပြီးမှ သူလုပ်တာက လူမျိုးစုစစ်တပ်လိုမျိုး၊ ဖက်ဆစ်စစ်တပ်လိုမျိုး သွားတယ်။ ဆိုတော့ တခြားလူမျိုးစုတွေကလည်း မလွတ်လပ်ဘူး။ နောက်ဆုံး အဲဒီသူ့ရဲ့ အတွေးအခေါ် အရမ်းအဆင့်မြင့်လာတာပေါ့။ ပြောရမယ်ဆိုရင် ကျနော်တို့ သရဲကားတွေကိုကြည့်ရင် အဲဒီသရဲက သွေးတွေသောက်၊ လူတွေသတ်ပြီးမှ ပိုပြီးအားကောင်းလာတဲ့ အချိန်မှာ ကိုယ့်အိမ်သားကို ကိုယ်စားလိုက်ပြီလေ။ ဆိုတော့ ခင်ဗျားတို့လည်း အဲဒီသွေးစုပ်ဖုတ်ကောင်ရဲ့ဒဏ်ကို ကြောက်ပြီးမှ အိမ်တွေပြာကျကုန်ပြီပေါ့။ ဆိုတော့ ဒီဟာကို ကျနော်တို့က ပြောင်းလဲဖို့လိုတယ်။ ဒါကြောင့် ဒီစစ်တပ်ရှိရင် စစ်တပ်ပြိုရင် ပြည်ထောင်စုပြိုမလားဆိုတာကတော့ လက်ရှိအခြေအနေကိုပဲ အရင်မြင်အောင်ကြည့်ရင်တော့ ဘာလုပ်သင့်တယ်ဆိုတာကို လူတိုင်းစဉ်းစားတတ်မှာလို့ ကျနော် မျှော်လင့်ပါတယ်။
မေး ။ ။ ဟုတ်ကဲ့။ ဗိုလ်ချုပ်။ ဖြေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော်တို့ အချိန်လည်း ကုန်တော့မှာ ဆိုတော့ ကျနော်ထပ်ပြီး မေးချင်တာကတော့ အခုလွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်အတွင်းမှာ AA ကနေပြီးတော့ နဖူးတွေ့ဒူးတွေ့ တိုက်ရတဲ့ မြန်မာတပ်၊ ၁၉၆၀-၇၀ မှာ ကျနော်တို့ သိခဲ့ရတဲ့ မြန်မာတပ်၊ အဲဒီက ဘာကွာလဲ။ အခု ကျနော်တို့ ကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်မှာပဲ ရေချုပ်တွေ နှစ်ခါလဲတာ ကျနော်တို့တွေ့ရတယ်။ ဆိုတော့ အဲဒီမြန်မာတပ်က ကျနော်တို့မြင်တာက ကျနော်တို့ရဲ့ Editorial Talk တွေမှာ ပြောနေတာက စစ်တပ်ပျက်နေပြီ တပ်ကပြိုတော့မှာ တပ်ပျက်နေပြီ ဆိုတဲ့ဟာမျိုးတွေ သုံးနှုန်းကြတာ ကျနော်တို့တွေ့ရတယ်။ တော်လှန်ရေးအုပ်စုတွေကလည်း သုံးတာတွေ့ရတယ်။ ဆိုတော့ နဖူးတွေ့ ဒူးတွေ့ မြေပြင်မှာတိုက်ရတဲ့သူတွေက ဗိုလ်ချုပ်တို့လို လူမျိုးတွေကနေပြီးတော့ ဘယ်လိုအမြင်နဲ့ ပြောချင်လဲ။ အဲဒီဟာကို ကျနော်တို့ ပြောနေတာတွေကို။
ဖြေ ။ ။ ကျနော်ကတော့ ကျနော်တို့ဆီမှာ မြေပြင်အခြေအနေကို သေချာစစ်ရေးသုံးသပ်ထားတဲ့ဟာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒီတိုက်ပွဲက မပြီးသေးဘူးဆိုတော့ စစ်ရေးသုံးသပ်ချက်ကို ကျနော်က အရမ်းမဖော်ထုတ်ပါဘူး။ ဒါပေမယ့် ပြောနိုင်သလောက် ပြောရမယ်ဆိုရင်တော့ ရှမ်းမြောက်ဘက်နဲ့ ကချင်ဘက်တွေမှာဆိုရင် သူက လေတပ်ရဲ့ ပစ်ကူကိုယူပြီးမှ တိုက်တယ်။ ဒါပေမယ့် သူရဲ့ Morale ပိုင်းက တအားနိမ့်တယ်။ လက်ရှိ မြန်မာစစ်တပ် စကစ တပ်ပေါ့ဗျာ။ မြန်မာစစ်တပ်လို့ ပြောတာထက်။ လက်ရှိ စကစတပ်ကို ၁၉၆၀ လောက်က မြန်မာ့တပ်မတော်နဲ့ အရာရာမှာ ထပ်တူခိုင်းနှိုင်းလို့တော့ မရပါဘူး။ အားသာချက်က ကိုယ်စီမတူပါဘူး။ အဲဒီခေတ်တုန်းကဆိုရင် ပြည်သူရဲ့ ထောက်ခံမှုတွေရှိမယ်။ စစ်တပ်က ခြမစားသေးဘူးပေါ့။ သူရဲ့ စိတ်ပိုင်းဆိုင်ရာက မြင့်တယ်။ ဒါပေမယ့် နည်းပညာနဲ့ လက်နက်ခဲယမ်းတွေကျတော့ ဒီခေတ်က အများကြီးမြင့်ပါတယ်။ သူရဲ့ လေတပ်ကို ပြောမလား။ ရေတပ်ကို ပြောမလား။ ဘဏ္ဍာငွေကို ပြောမလား။ လူအင်အားကို လူ့အရင်းအမြစ်ကို ပြောမလား။ လက်နက်ခဲယမ်း အကုန်လုံးပဲ။ ကျနော်တို့ ဒီတိုက်ပွဲကြီးတွေ မဖြစ်ခင် မြန်မာစစ်တပ်မှာ ဒီလောက်အထိ များပြားတဲ့လက်နက်ခဲယမ်းတွေ ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမယ့် တကယ်ကြည့်တဲ့အချိန်မှာ တကယ်များတာပဲ။ သူဟာ တကယ်အများကြီး ထုတ်လုပ်ထား တာပဲ။ ပြီးတော့ နည်းပညာအရလည်း အရင်ခေတ်ထက် အများကြီးသာပါတယ်။ ဆိုတော့ အကုန်လုံးကို ခိုင်းနှိုင်းလို့ တော့ မရဘူး။
စစ်တပ်ရဲ့ခေါင်းဆောင်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ စည်းကမ်းကျင့်ဝတ်၊ အဲဒါတွေက အဲဒီဘက်မှာမြင့်တယ်။ ဒီဘက်ခေတ်မှာ ဆိုတော့ စစ်တက္ကသိုလ်တွေက ဆင်းလာတဲ့ အရာရှိတွေရဲ့ အရပ်သားဆန်တဲ့ လောဘတွေပေါ့။ ဥပမာ စစ်သား တယောက်မှာ ရှိသင့်တဲ့၊ နိုင်ငံနဲ့လူမျိုးအပေါ်မှာ ရှိသင့်တဲ့ အမြင်တွေ၊ ပြီးမှ စစ်သည်တယောက်ရဲ့ ခံယူချက်နဲ့ လုပ်ဆောင်ချက်တွေကကျတော့ စစ်တက္ကသိုလ်ကဆင်းလာရင် ဒီကောင်က တကယ့်စစ်သားကြီး ဖြစ်ပြီလားလို့ ကြည့်လိုက်တော့ သူ သုံးပွင့်ဖြစ်ရင် ဘာစီးပွားရေးလုပ်တော့မယ်ဆိုတဲ့ ပေါက်ကရတွေ ကျနော်တို့ ကြားရတယ်။ ဒါကတော့ တကယ့် အနုတ်လက္ခဏာဘက်တွေ မြင်ရတာပေါ့။ ဒါကြောင့် စစ်မြေပြင်မှာလည်းပဲ ရှမ်းမြောက်တို့မှာ ဆိုရင် ပိုက်ဆံတွေ ပိုပေါတာပေါ့။ ရခိုင်တို့၊ ချင်းတို့နဲ့စာရင်။ ဒီဘက်တွေက လူတွေက ပိုင်ဆိုင်မှုတွေကို ရွှေ့ပြောင်း နေရတာနဲ့ သူရဲ့မိသားစုဆိုင်ရာ နောက်ဆံတင်းတဲ့ ကိစ္စတွေနဲ့ အဲ့ဒါတွေတော့ အများကြီးတွေ့ရတယ်။ တနေရာနဲ့တနေရာနဲ့ မတူဘူး။ ရခိုင်ဘက်မှာဆိုရင်တော့ သူက ရေတပ်က ပစ်ကူကို ရတယ်။ အဲဒီလိုဆိုတော့ တကယ့်ကျားကုတ်ကျားခဲတိုက်ပြီးမှ လူပါအသေခံသွားတဲ့ တပ်မှူးတွေတော့ ကျနော်တို့ တွေ့ရပါတယ်။ ကျနော်တို့ကတော့ အဲဒီလိုလူတွေကို ရန်သူဆိုပေမယ့် ကျနော်တို့ စိတ်ထဲမှာတော့ ဒီကောင် တကယ့်စစ်သားပဲ။ သူနဲ့ တိုက်ရတာတော့ မဆိုးဘူးပေါ့ဆိုတဲ့ ခံစားချက်တော့ ရှိကြပါတယ်။ နောက်ဆုံးတော့ သူရှုံးသွားမှာ။ အခုကတော့ သူ ဘယ်လောက်ပဲ နည်းပညာမြင့် သုံးသုံး၊ နောက်ပိုင်း စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးမှ ခေါ်လာတဲ့ စစ်သား အသစ်တွေကတော့ အများကြီး ထိုးသွင်းလာတယ်။ ဒီလူတွေပဲ အခုနောက်ပိုင်း တိုက်ပွဲထဲမှာ အကျအရှုံး အများကြီးပဲ။ နေရာတိုင်းပဲ သူတို့ပဲ။ အလဲလဲအကွဲကွဲ ကျဆုံးနေရတာတွေရှိတယ်။
မေး ။ ။ ဗိုလ်ချုပ်တို့ တခါတုန်းက ကျနော်တို့နဲ့ ပြောတုန်းက စစ်ကောင်စီဘက်ကနေပြီး ဒီ ကပစကနေပြီးတော့ Donation တွေပေါ့နော်။ အလှူတွေရတာများတယ်လို့ ကျနော် တခါပြောဖူးတယ်။ RPG တွေ ရတာတွေ၊ လက်နက်တွေ ရတာတွေ။
ကျနော်တို့ကို မေးတယ်။ မင်းတို့ ဒီလောက်တိုက်နေတာ ခဲယမ်းတွေ ဘယ်ကရသလဲပေါ့။ လက်နက်တွေပိုကောင်းနေပြီ၊ လက်နက်ကြီးတွေ အင်အားအရမ်းကြီးလာတယ်ဆိုတော့ ဘယ်ဟုတ်မလဲ။ ငါတို့ကို အဲ့ဒီ စစ်ကောင်စီပဲ အင်အားကြီးအောင် ကူညီပေးခဲ့တာပဲ။ တခြားတပ်တွေလည်း တော်တော်ကောင်းလာပြီ ဆိုပြီးမှ ကျနော်တို့ ပြောတာရှိပါတယ်။ မှန်ပါတယ်။ သူတို့အလှူတွေ တော်တော်များတယ်။
ဖြေ ။ ။ ဟုတ်တယ်။ သူက ကျနော်တို့ကို အိမ်နီးချင်းနိုင်ငံတွေဆီမှာ ယုံကြည်မှုတည်ဆောက်လို့မရအောင် တရုတ်ကို ဖြစ်ဖြစ်၊ အိန္ဒိယဖြစ်ဖြစ်၊ အဲဒီလိုမျိုးနိုင်ငံအလိုက် လိုက်ပြီးမှ သိက္ခာချပြီးမှ မပေါင်းသင်းအောင် ကုန်းချောတာပေါ့။ တရုတ်ဘက်ကိုသွားပြီးမှ AA ဆိုလို့ရှိခဲ့ရင် အမေရိကန်တွေဆီက လက်နက်တွေရတယ်။ ပြီးမှ အိန္ဒိယကို ရောက်သွားပြီ ဆိုရင် ကျနော်တို့ကို အိမ်နီးချင်းနိုင်ငံတွေက ရန်သူလိုမြင်လာအောင်၊ သံသယတွေရှိလာအောင် အမျိုးမျိုးလျှောက်ပြော တယ်လေ။ တရုတ်ကို သွားပြီဆိုရင် ဒါက အမေရိကန်ရဲ့ မွေးထားတဲ့လူဖြစ်တယ်။ ထိုင်းနယ်စပ်ကနေ လက်နက် အကောင်းတွေရပြီးမှ ဒီကောင်တွေ တိုက်နေတဲ့ကောင်ဖြစ်တယ်။ ပြီးမှ ဒီထိုင်းကိုသွားပြီးမှ အမေရိကန်သံရုံးတို့ပေါ့ သံတမန်တွေ ဗီယက်နမ်နဲ့ တွေ့ပြီဆိုရင်လည်းပဲ ဒီကောင်တွေက တရုတ်က မွေးထားတဲ့လူ ဖြစ်တယ်။ တရုတ်ရဲ့ လွှမ်းမိုးမှုကို ကာကွယ်ဖို့အတွက် ခင်ဗျားရဲ့ အကူအညီယူရမယ်။ ပြီးမှ ဒါ DEA တို့ မူးယစ်ကလူတွေကို တွေ့ပြီးမှ ဒီမူးယစ်ငွေတွေနဲ့ စစ်တိုက်နေတာဖြစ်တယ်။ ခင်ဗျားတို့ဆီက နည်းပညာနဲ့ ရန်ပုံငွေတွေကူညီပါ။ ဆိုပြီးမှ သူက အဲဒီလိုမျိုးပြောတယ်။ ပြီးမှ ခနနေ အိန္ဒိယကိုသွားပြီး ဒါ တရုတ်က မွေးထားတဲ့အဖွဲ့တွေ မင်းတို့နယ်စပ်ကိုရောက်နေပြီ ဒီကောင်တွေရောက်ရင် အန္တရာယ်ရှိတယ်။ သူတို့ကိုရှင်းဖို့အတွက် ကူညီပါ ဆိုတဲ့ဟာမျိုး သူက သွားပြောတဲ့အချိန်မှာ ကျနော်တို့လည်း အဲဒီနိုင်ငံတွေနဲ့ ချဉ်းကပ်ဖို့ကြိုးစားတာပေါ့။ သူတို့နိုင်ငံတွေက ကျနော်တို့ကို မေးတယ်။ မင်းတို့ ဒီလောက်တိုက်နေတာ ခဲယမ်းတွေ ဘယ်ကရသလဲပေါ့။ လက်နက်တွေပိုကောင်းနေပြီ၊ လက်နက်ကြီးတွေ အင်အားအရမ်းကြီးလာတယ်ဆိုတော့ ဘယ်ဟုတ်မလဲ။ ငါတို့ကို အဲ့ဒီ စစ်ကောင်စီပဲ အင်အားကြီးအောင် ကူညီပေးခဲ့တာပဲ။ တခြားတပ်တွေလည်း တော်တော်ကောင်းလာပြီ ဆိုပြီးမှ ကျနော်တို့ ပြောတာရှိပါတယ်။ မှန်ပါတယ်။ သူတို့အလှူတွေ တော်တော်များတယ်။
မေး ။ ။ ဘယ်လိုမျိုး ကူညီတယ်ပြောတာလဲ။ ကြည့်တဲ့သူတွေ နားလည်သွားအောင်။
ဖြေ ။ ။ စစ်ကောင်စီရဲ့အကူအညီလား။ ရန်ဘက်ဆိုတိုင်း အကုန်လုံး နေရာတကာ ရန်ဘက်မဟုတ်ပါဘူး။ သူမြန်မြန်ထွက်ပြေးသွားပြီဆိုရင် ကျည်ဆန်တွေ အပုံလိုက်ထားခဲ့တယ်။ မဟာမိတ်ပုံစံမျိုးလည်း ဖြစ်သွားတာပေါ့။ ဒါကြောင့် သူရဲ့ လက်နက်တွေပေါ့။ အခု တော်လှန်ရေးအသိုင်းအဝိုင်းမှာဆိုရင် ကျနော် ကရင်နီဘက်က မဟာမိတ်တွေ ပြောတဲ့ဟာ ကြားဖူးတယ်။ ခင်ဗျားတို့ ကျည်တွေတော်တော်များတယ်ဆိုတော့ မဟုတ်ဘူး ဗိုလ်ချုပ် ကျနော်တို့ ခွေးကျည်နဲ့ ပစ်နေတယ်ဆိုတဲ့ဟာမျိုးပေါ့။ ကျည်တောင် နာမည်လှလှလေး ပေးထားသေးတယ်။ ကိုအောင်ဇော်လည်း ခွေးချစ်တယ်လို့ ကြားဖူးတယ်။ ကျနော်လည်း ခွေးတအားမွေးတယ်။ ခွေးကို တအားတော့ နှိမ်ပြီးဆက်ဆံတဲ့ထဲမှာတော့ မပါဘူး။
မေး ။ ။ ကျနော်ကတော့ ခွေးကိုတော့ မစော်ကားစေချင်ဘူး။ အဲဒီလိုသဘောပါ။ ကျနော်ပြောချင်တာက ခွေးကို မစော်ကားဖို့ပြောတာ။ ကျနော်တို့က တကယ်ခွေးချစ်တဲ့သူတွေဆိုတော့။ ဗိုလ်ချုပ်လိုပါပဲ။ အဲဒီတော့ မေးခွန်းတခု နှစ်ခုပဲကျန်တော့တယ်။ အဲဒီတော့ ဒီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ခေါင်းဆောင်မှုအောက်မှာနေခဲ့တဲ့ မြန်မာပြည်၊ သူက တိုင်းပြည်ကို ရောင်းစားခဲ့တယ်။ ကျွန်လုပ်ခဲ့တယ်လို့ ပြောခဲ့ဖူးတာ ကျနော်တို့ ကြားဖူးတယ်။ အဲဒီတော့ အခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ဒေါ်စိန်အေးဆင်းပဲ၊ DSA ဆင်းပဲ။ ဆိုတော့ သူ့လက်ထက်နဲ့ အဲဒီလက်ထက်ကို ဗိုလ်ချုပ်က ဘယ်လိုမြင်လဲ။ ဘယ်လိုခွဲခြားပြီးမြင်လဲ။ ဘာပြောချင်လဲ။
ဖြေ ။ ။ ကျနော်ကတော့ ဒီနိုင်ငံကို အုပ်ချုပ်တဲ့သူတွေပေါ့။ အဲဒါမှာ ကောင်းတာလုပ်တဲ့ဟာလည်းရှိတာပဲ။ အခုလက်ရှိ အာဏာကိုင်ထားတဲ့ ဦးမင်းလှိုင်အောင်လည်း အာဏာရူးလို့ အာဏာရှင်ဖြစ်လာတာပေါ့။ ဒါပေမယ့် သူလည်း သူအုပ်ချုပ်တဲ့အချိန်မှာ နိုင်ငံကို အောင်မြင်ချင်တဲ့ စေတနာတော့ရှိမှာပဲ။ လက်တွေ့လုပ်တာမလုပ်တာ စနစ်အမှားတွေနဲ့ ဆုံးဖြတ်ချက်အမှားတွေ ချတာတော့ တပိုင်းပေါ့ဗျာ။ ဦးသန်းရွှေလက်ထက်မှာလည်း သူလည်း ရန်သူကိုရန်သူကို ဆက်ဆံတာပေါ့။ ကိုယ့်ပြည်သူထဲက။ သူ့အာဏာထိန်းဖို့အတွက်။ သူလုပ်ခဲ့တဲ့ဟာတွေလည်း ကောင်းတာတွေလည်း ရှိတော့ရှိခဲ့တာပါပဲ။ သို့သော် ဒီတော်လှန်ရေး လုပ်လို့ရတယ် မရဘူးဆိုတာကတော့ သူညံ့လို့ ဘယ်သူတော်လို့ဆိုတာကို ကျနော်တော့ မပြောလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ကို စစ်အာဏာကို ကိုင်ပြီးမှ လက်နက်မိုးပြီးမှ တိုင်းပြည်အုပ်ချုပ်တဲ့သူက ညံ့တယ်လို့တော့ ပြောလို့မရဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆိုတဲ့ ပုဂ္ဂိုလ်လည်း ဘယ်လောက်ထိ ရက်စက်လဲပေါ့နော်။ သူ့လက်ထက်မှာ တက္ကသိုလ်က ကလေးတွေကို လမ်းမပေါ်မှာ ခေါင်းကိုသေနတ်နဲ့ပစ်ဖို့ အမိန့်ပေးတာတွေကအစ ကြည့်ရင်တော့ အပြောအဆို ဖြည်းဖြည်းအေးအေး ပြောတတ်တိုင်း ဒါ ပျော့ညံ့တယ်လို့တော့ ပြောလို့မရပါဘူး။ ဆိုတော့ ဒါ မတူညီချက်က ဘာဖြစ်နိုင်လဲဆိုတော့ Generation မတူဘူး။ နောက်ပြီးမှ နည်းပညာတွေ မတူဘူး။
ဦးသန်းရွှေလက်ထက်က ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေ သင်ခန်းစာတွေကို အကုန်လုံးထောက်ပြီးမှ ဒီခေတ်မှာ ဒီခေတ်သားသမီးတွေပေါ့ နည်းပညာခေတ်ဖြစ်တယ်၊ Mobilize လုပ်ရတာလွယ်တယ်။ ပြီးတော့ ဒီမိုကရေစီကာလကို ၁၀ နှစ်လောက် ဖြတ်သန်းထားတယ်။ ဒီကြားထဲမှာ သူတို့ ဒီမိုကရေစီ ဖြတ်သန်းနေတဲ့ကာလမှာလည်းပဲ ကျနော်တို့ ညီနောင် ၃ ဖွဲ့ရဲ့ တော်လှန်သော တိုက်ပွဲတွေကို သူတို့ မျက်ဝါးထင်ထင် မြင်နေရတယ်ပေါ့။ မီဒီယာခေတ်ဆိုတော့ သူတို့ကို အာဏာသိမ်းတဲ့အချိန်မှာ တော်လှန်ရေးဆိုတာ ဒီလိုချရတယ်ဆိုပြီးမှ သူတို့အမြင်တွေအများကြီးရှိတယ်။ Mobilize လုပ်ဖို့ Communication နည်းပညာရှိတယ်။ ပြီးတော့ သူတို့တွေလာခဲ့တဲ့အချိန်မှာ ကျနော်တို့ တော်လှန်ရေး အဖွဲ့အစည်းတွေ အများကြီးပေါ့၊ KIO အပါအဝင် အားလုံးအဖွဲ့တိုင်းက ကောင်းကောင်းလေး ဒါကို အဆိုးတွေ ဖြစ်ခဲ့တာတော့ အများကြီး။ ဒါပေမယ့် အဆိုးထဲက အကောင်းဆုံးဖြစ်အောင် ဖေးမခဲ့တယ်။
ကျနော်တို့ ၁၉၈၈ မှာ ဗမာပြည်မက ကျောင်းသားလူငယ်တွေ ထွက်ပြေးလာတဲ့အချိန်မှာ မှားခဲ့တဲ့ သင်ခန်းစာတွေကို ကျနော်တို့က သိခဲ့တယ်။ ဒါကြောင့် အဲဒီလိုမျိုး မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေမဖြစ်အောင် ပြီးတော့ စီမံခန့်ခွဲမှုဆိုင်ရာ အမှားတွေမဖြစ်အောင် အကောင်းဆုံးတော့ ကျနော်တို့ ပဲ့ကိုင်ပေးခဲ့ကြတယ်။ ဒါကြောင့်လည်းပဲ ဒီဟာရဲ့သက်ရောက်မှုတွေ အကျိုးတွေတော့ ဒီနေ့ ဖြစ်လာတဲ့ အသီးအပွင့်တွေပေါ့။
ပြီးတော့ ကျနော်တို့ ၁၉၈၈ မှာ ဗမာပြည်မက ကျောင်းသားလူငယ်တွေ ထွက်ပြေးလာတဲ့အချိန်မှာ မှားခဲ့တဲ့ သင်ခန်းစာတွေကို ကျနော်တို့က သိခဲ့တယ်။ ဒါကြောင့် အဲဒီလိုမျိုး မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေမဖြစ်အောင် ပြီးတော့ စီမံခန့်ခွဲမှုဆိုင်ရာ အမှားတွေမဖြစ်အောင် အကောင်းဆုံးတော့ ကျနော်တို့ ပဲ့ကိုင်ပေးခဲ့ကြတယ်။ ဒါကြောင့်လည်းပဲ ဒီဟာရဲ့သက်ရောက်မှုတွေ အကျိုးတွေတော့ ဒီနေ့ ဖြစ်လာတဲ့ အသီးအပွင့်တွေပေါ့။ ပြောလို့ရမယ်ထင်တယ်။ မကြာခင်လည်းပဲ မြန်မာပြည်အလယ်ပိုင်းမှာ တော်လှန်ရေးတွေ အရင်ထက်ပိုပြီးမှ မြင်လာရမယ်လို့တော့ ကျနော် ယုံကြည်ထားတယ်။ မကြာခင်ဆိုတာ သိပ်မကြာခင်ကို ပြောတာပါ။
မေး ။ ။ အဲဒီတော့ ကျနော်နောက်ထပ်မေးခွန်းတခုနှစ်ခု ကျန်တယ်။ အဲဒါကတော့ ဗိုလ်ချုပ်ကနေပြီးတော့ တခါတုန်းက တကယ့်ကို အားလုံးသဘောကျတဲ့ Comment တခု ပေးခဲ့တာရှိပါတယ်။ အဲဒါကတော့ တော်လှန်ရေးကို တိုင်းရင်းသားအုပ်စုတွေကို ပြောခဲ့တာပါ။ တော်လှန်ရေးကို နှစ်ပေါင်း ၇၀ လုပ်ခဲ့တယ်။ ဝိုင်သောက်ခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတခုပြောခဲ့တာ ကျနော်တို့ တွေ့ဖူးပါတယ်။ အဲဒီတော့ ဒီနေ့ ဒီအချိန်မှာ AA ရဲ့ ခေါင်းဆောင်တယောက်အနေနဲ့၊ ဗိုလ်ချုပ်တယောက်အနေနဲ့၊ အင်အားအလွန်ကြီးမားတဲ့ တပ်တခုကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တယောက်အနေနဲ့ အဲဒီပြောခဲ့တဲ့ Comment ပေါ်မှာ ဘယ်လိုမြင်လဲဆိုတာ သိချင်ပါတယ်။ ဘယ်လိုပြန်သုံးသပ်လဲဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ အဲဒီတုန်းက ကျနော်ပြောခဲ့တယ်ဆိုတာကတော့ မှားတော့မမှားဘူး။ ဒါပေမယ့် ဝါးလုံးအရှည်နဲ့ ရမ်းပြီးမှ ပြောလိုက်တော့ တချို့ခင်မင်မှုတွေလည်း ပျက်စီးသွားတဲ့ ရိုက်ခတ်မှုတွေ ကျနော်ခံစားရပါတယ်။ သူက ဟို Provocative ဖြစ်တယ်။ အမှန်လည်းအမှန်ပဲ အခုအချိန်မှာတော့ တော်လှန်ရေးကို တနိုင်ငံလုံးအတိုင်းအတာ စည်းစည်းလုံးလုံးတော့ ပြောလို့မရဘူးပေါ့။ သူနိုင်တဲ့ အခန်းကဏ္ဍကနေ ဆင်နွှဲနေကြတဲ့အချိန်မှာကျတော့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲက အရင်ထက်တော့ မျှော်လင့်ချက်တွေအများကြီးရှိတယ်လို့တော့ ကျနော် ပြောလိုပါတယ်။
မေး ။ ။ ဟုတ်ကဲ့။ ဗိုလ်ချုပ်။ ကျေးဇူးလည်းတင်ပါတယ်။ ကျနော် နောက်ဆုံးမေးခွန်းတခုပဲကျန်ပါတယ်။ အဲဒါကတော့ Very Simple ဖြစ်ပါတယ်။ အဲဒီမေးခွန်းကိုလည်း တခြားသူတွေကိုလည်း ကျနော် ခဏခဏမေးလေ့ရှိပါတယ်။ ဒီတော်လှန်ရေးကြီးက နိုင်မှာလား။
ဖြေ ။ ။ နိုင်မှာလားဆိုတာက လူတိုင်းအတွက် ပျော်ရွှင်စရာ နိဂုံးတော့ ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် အခုကတည်းကတော့ အောင်မြင်မှုတွေက တော်တော်ရှိနေပါပြီ။ အရင်တုန်းက တခါမှ မာနမလျှော့ခဲ့တဲ့ မြန်မာစစ်တပ်ကို ကျနော်တို့ နေရာတကာမှာ ခွေးပြေးဝက်ပြေးဖြစ်အောင် တိုက်နိုင်တဲ့အနေအထားပေါ့။ ပြီးတော့ သူရဲ့ ပြိုလဲမှုတွေကလည်း သူအစပိုင်းမှာ အိန္ဒြေရအောင်ထိန်းထားတယ်။ စခန်းတခုကနေ တခုကနေ တခုပြီးရင်တခု ခံစစ်တွေကို တဆင့်ချင်းဆင်ပြီးမှ ဆုတ်ခွာနေပေမယ့် ဒီထက်ပိုပြီးမှ အရှိန်အဟုန်ရလာတဲ့အချိန်မှာ ဒိုမိနိုပြိုလဲသလိုမျိုး လည်း ပြိုလဲသွားနိုင်တဲ့အနေအထားတွေတော့ ရှိပါတယ်။ ဒီဟာတွေကို ကျနော်တို့က နောက်ပိုင်းမှာ ဘယ်လို Manage လုပ်မလဲဆိုတဲ့အပိုင်းတွေကလည်းပဲ တော်တော်အရေးကြီးပါတယ်။ ဒါကြောင့် လူတိုင်းပျော်ချင်မှတော့ ပျော်မယ်။ ဒါပေမယ့် တော်လှန်ရေးကိုတော့ တော်တော်လေး အောင်မြင်မှုတွေ ရရှိလာမှာတော့ ကျနော် မြင်နေတယ်။
မေး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်။ အခုလို ဧရာဝတီကို စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးတဲ့အတွက်ကြောင့် ကျနော်တို့ကနေ ကျေးဇူးအထူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်။
ဖြေ ။ ။ ဧရာဝတီကိုလည်း ကျေးဇူးတင်ပါတယ်။
You may also like these stories:
စစ်တပ်ရှိတဲ့နေရာမှာပဲ လူမျိုးရေး ဘာသာရေး ပဋိပက္ခ မီးတောက်နေတယ်
ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး
ရခိုင်စစ်မျက်နှာ အောင်ပွဲနှင့် ရခိုင်ရိုးမ အရှေ့ဘက် စစ်မျက်နှာ
အာဏာရူး စစ်ဘီလူးများနဲ့ ခိုင်းနှိုင်းခြင်းဖြင့် ခွေးများကို မစော်ကားပါနဲ့…