• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
in အင်တာဗျူး
A A
မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

ထိုင်းနိုင်ငံတွင် ရောက်နေသည့် မြန်မာရွှေ့ပြောင်းများနှင့် ပတ်သက်၍ ကန့်သတ်မှုများလုပ်ရန် မကြာသေးမီက ထိုင်းအမျိုးသားရေးအဖွဲ့များက အစိုးရကို တောင်းဆိုခဲ့သည်

13.6k
VIEWS
Share on FacebookShare on Twitter

ထိုင်းအမျိုးသားရေး အဖွဲ့ ၃ဖွဲ့က ရွှေ့ပြောင်းလုပ်သားများ အပေါ် ကန့်သတ်မှုများ လုပ်ရန် အစိုးရအား တောင်းဆိုသည့် အချက် ၈ချက်ပါ စာတစောင် ထိုင်းသတင်းတချို့နှင့် လူမှုကွန်ရက်တွင် မကြာသေးမီက ထွက်ပေါ်လာခဲ့သည်။

အဆိုပါ တောင်းဆိုစာထဲတွင် ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်လုပ်ခွင့် ပါမစ် ကန့်သတ်ရန်နှင့် နိုင်ငံရေး မတည် ငြိမ် ခြင်းကြောင့် ရွှေ့ပြောင်းလာသူများကို သတ်မှတ်စခန်းများတွင်သာထားရှိရန် ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်လုပ် ခွင့် ပါမစ်ကို ရက် ၉၀ သာ ခွင့်ပြုပေးပြီး ရက် ၉၀ ပြည့်ပါက မိခင်နိုင်ငံကို ပြန်လည်ပို့ဆောင်ကာ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင် ရောက် အလုပ်လုပ်ကိုင်လိုလျှင် ရက် ၃၀ စောင့်ဆိုင်းစေပြီးမှ အလုပ်လုပ်ခွင့်ပါမစ် ပြန်လည်ထုတ်ပေးရန်လည်း တောင်းဆို ထားသည်။

RelatedPosts

ပျက်ကျပြီး သေတဲ့ ပိုင်းလော့တိုင်း F 7 နဲ့ချည်းပဲ (ရုပ်/သံ)

ပျက်ကျပြီး သေတဲ့ ပိုင်းလော့တိုင်း F 7 နဲ့ချည်းပဲ (ရုပ်/သံ)

16 June 2025
52
မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

14 June 2025
1.1k
စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

12 June 2025
4.5k

ထို့အပြင် နိုင်ငံ‌ရေးမတည်ငြိမ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးများကိုလည်း ကိုယ်ဝန်ဆောင်ခွင့် မပြုရန်၊ ကိုယ်ဝန်ရရှိခဲ့မည်ဆိုက မိခင်နိုင်ငံကို ပြန်လည်ပို့‌ဆောင်ရန်၊ ထိုင်းနိုင်ငံသားခံယူခွင့် အစီအစဉ် ကို ပြန်လည် သုံးသပ်ပေးရန်ဆိုသည့် အချက်များလည်းပါဝင်ပြီး အဆိုပါ တောင်းဆိုတင်ပြမှုများကို နိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန်၏ လက်ထောက်က လက်ခံရယူပြီး ရက်ပိုင်းအတွင်း ဝန်ကြီးထံ တင်ပြပေးအပ်သွားမည်ဟု ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် ၂၀၂၄ ခု ဇန်နဝါရီအထိ တရားဝင်မှတ်ပုံထားသည့် မြန်မာအလုပ်သမား စုစုပေါင်း ၂သန်း ၃သိန်းကျော်ရှိပြီး၊ တရားမဝင်ရောက်ရှိနေသူ မြန်မာများမှာလည်း ၂သန်းကျော်ရှိကြောင်း အလုပ်သမားရေး လှုပ်ရှားဆောင်ရွက်သူများက ခန့်မှန်းထားသည်။

လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ၂၀၀၀ ခုနှစ်ကတည်းက ရွှေပြောင်းအလုပ်သမား အရေး ကိစ္စ များနှင့် ပညာရေးကို ဆောင်ရွက်ပေးနေပြီး ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်း (FED)၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်အား ဧရာဝတီက ဆက်သွယ်မေးမြန်း ထားသည်။

FED ဘန်ကောက်ရုံးခွဲ ဖွင့်လှစ်သည့် အခမ်းအနားတွင် တွေ့ရသော ဦးထူးချစ်/ Htoo Chit’s Facebook

မေး ။ ။ ရွှေ့ပြောင်းမြန်မာတွေများလာချိန်မှာ ဒီလို စာပို့တောင်းဆိုမှုရဲ့ အကြောင်းရင်းခံက ဘာများဖြစ်မလဲ။ အခုမှ ဖြစ်လာတာက ဘာကြောင့်ပါလဲ။

ဖြေ ။ ။ ထိုင်းလူမှုကွန်ရက်တွေမှာ အခုလပိုင်းအတွင်း မြန်မာရွေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ မကောင်းမြင် တာတွေ ရေးထားတာ အများကြီးတွေ့နေရပါတယ်။ မကြာခင်ကပဲ ထိုင်းအစိုးရဝန်ကြီးဌာနကို ကန့်ကွက်လွှာပို့လာတဲ့အထိ လုပ်လာတာတွေ တွေ့နေရပါတယ်။

တချို့မြန်မာရွှေ့ပြောင်းတွေအနေနဲ့ကလည်း ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ မလိုက်နာတဲ့အပြင် လူမှုကွန်ရက်တွေကနေ တဆင့်လည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာအထိ တွေ့နေရ တယ်။ အဓိကအားဖြင့်တော့ ဒေသခံ ထိုင်းလူမျိုးတွေရဲ့ လုပ်ငန်းတွေကို တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတာတွေအပြင် ကျနော်တို့တွေအနေနဲ့ ဒေသခံထိုင်းလူမျိုးတွေ၊ အာဏာပိုင်တွေနဲ့ သဟဇာတဖြစ်အောင် မနေနိုင်တဲ့ပေါ်မှာ အခြေခံတာလို့ ပြောချင်ပါတယ်။

မေး ။ ။ တောင်းဆိုမှုတွေအပေါ် ဘယ်လိုထင်ပါသလဲ။ နောက်တခုက FED လို ဝါရင့် ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်နေသူတွေအနေနဲ့ ဘာတွေ တိုက်တွန်းချင်ပါသလဲ။

ဖြေ ။ ။ အခု ထိုင်းအစွန်းရောက်တွေ တောင်းဆိုတဲ့ အချက်အလက်တိုင်းကိုတော့ ထိုင်းအစိုးရအနေနဲ့ လိုက်နာ ဆောင် ရွက်ဖို့ ခက်မှာဖြစ်သလို တချို့ သူတို့ တောင်းဆိုချက်တွေက လက်တွေ့မကျ မဖြစ်နိုင်တာတွေလည်း တွေ့နေရပါတယ်။

ဥပမာ- ဒီထဲက နံပါတ် ၃ အချက်ထဲက အလုပ်လာလုပ်ခိုင်းပြီး မြန်မာပြည်ကို ၁ လပြန်ရမယ်။ နောက်မှ ပြန်ဝင်ရမယ်ဆိုတဲ့ ကိစ္စများကတော့ ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့လည်း လက်ခံလို့ ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သေချာတာ တခုက တော့ ထိုင်းအစိုးရအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ အခုထက်ပိုပြီး တင်းကျပ်လာနိုင်မယ်လို့ ပြောလို့ရပါတယ်။ မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့တော့ ထိုင်းအစိုးရက ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ အညီနေထိုင်သင့် သလို ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့် အထောက်အထားတွေရအောင် ဆောင်ရွက်ထားသင့်ပါတယ်။

မေး ။ ။ ဒီကိစ္စက ရွှေ့ပြောင်းတွေတင်ပဲ ရိုက်ခတ်မှာလား။ တခြားသော ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်နေသူတွေအတွက်ရော ဘယ်လိုသက်ရောက်မှု ရှိလာနိုင်မလဲ။

ဖြေ ။ ။ အခု ကိစ္စက ထိုင်းနိုင်ငံကို အကြောင်းအမျိူးမျိုးကြောင့် ရောက်ရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အားလုံးအတွက် အကျုံးဝင်တယ်လို့ နားလည်ပါတယ်။ သူတို့ အနေနဲ့ကတော့ အဓိကအားဖြင့် ၃ နိုင်ငံ လာအို၊ ကမော္ဘဒီးယား၊ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကို အဓိက ဆိုလိုထားပါတယ်။

အရင်ကဆို ဈေးရောင်းတာတွေလည်း ရွှေ့ပြောင်းမြန်မာတွေ လုပ်နေတာတွေရှိတယ်။ တခြားနိုင်ငံခြားသားတွေလည်း ကိုယ်ပိုင်စီးပွားရေးလုပ်တာတွေရှိတယ်။ ကျနော်တို့ မြန်မာတွေရဲ့ ပြဿနာက လူမှုကွန်ရက်စာမျက်နှာမှာ ပေါ်ပေါ်ထင်ထင် ရောင်းဝယ်ဖောက်ကားနေတာတွေ တွေ့ရတယ်။ နှစ်ပေါင်းများစွာ ထိုင်းတွေနဲ့ နားလည်မှုယူပြီးတော့ ဈေးရောင်းနေ တာလည်းရှိတာပဲ။ မထီမဲ့မြင်နဲ့ ပေါ်ပေါ်ထင်ထင်လုပ်ပြတာတွေကျတော့ အစိုးရအနေနဲ့ သူတို့ရဲ့ အမျိုးသားစီးပွားကို ထိခိုက်မယ်ထင်ရင်တောင် လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတင်းကျပ်မှုတွေ ဖြစ်လာနိုင်တယ်။

ကျနော့်အနေနဲ့ စိုးရိမ်တာက နောက်ပိုင်းဆိုရင် ဒီထက်တင်းကျပ်တဲ့ ဥပဒေတွေ ထွက်လာနိုင်တယ်။ တကယ်လို့ အရေးယူမှုတစုံတရာ လုပ်ခြင်း မလုပ်ခြင်းဆိုတာထက် ကျနော်တို့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ နေရထိုင်ရတာ ပိုပြီးကျပ်တည်းလာမယ့်ပုံစံမျိုး ဖြစ်လာနိုင်တယ်။

ဒီထဲမှာ ပိုပြီးတော့ လူ့အဖွဲ့အစည်းမှာပါ ကျနော်တို့ အချင်းချင်း သဘောထားကွဲလွဲမှုတွေ ဖြစ်နေတယ်။ အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေကြားမှာတောင် စိတ်ဝမ်း ကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေ ရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ။

ပြီးခဲ့သည့်ရက်က ထိုင်းတောင်ပိုင်း ဖန်ငါပြည်နယ် အလုပ်အကိုင်ရှာဖွေရေးရုံးမှ ထုတ်ပြန်သည့် ရွှေပြောင်းအလုပ်သမားများ နှင့် ပတ်သက်သည့် စည်းကမ်းချက် (FED)

ဒါကြောင့်မို့ အမြဲတမ်းပြောတယ်။ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဥပဒေနဲ့အညီ အတတ်နိုင်ဆုံး နေထိုင်ဖို့ သူတို့ရဲ့ ကျင့်သုံးနေတဲ့ လေးစားနေတဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေကို လေးစားလိုက်နာဖို့တော့ လိုမယ်။ မဟုတ်ရင်တော့ လူ့အဖွဲ့အစည်း ၂ခုကြားမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာ ကျနော်တို့အနေနဲ့ စိုးရိမ်ပါတယ်။ အဲဒီပြဿနာတွေဖြစ်လာမယ်ဆိုရင် တကယ်လက်တွေ့ခံရမှာက ထိုင်းနိုင်ငံမှာရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေပဲ ဖြစ်ပါတယ်။

မေး ။ ။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ဦးထူးချစ်တို့လို အဖွဲ့အစည်းတွေအနေနဲ့ ဘာတွေလုပ်ဆောင်ပေးသွားဖို့ ရှိပါသလဲ။

ဖြေ ။ ။ ကျနော်တို့အနေနဲ့ကတော့ တပိုင်းကတော့ ပညာပေးတဲ့အလုပ်တွေလုပ်ရမှာပဲ။ တချို့ကတော့လည်း ပညာပေးပေမယ့်လည်း ထိုင်းဥပဒေကို သိတယ်။ သိသိကြီးနဲ့ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာတွေရှိတယ်။ ကျနော်တို့အနေနဲ့က အဆင့်တိုင်းမှာ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆုံးဖြတ်ထားပါတယ်။

မေး ။ ။ ထိုင်းနိုင်ငံရောက် မြန်မာတွေကို ဘယ်လိုမျိုး အသိပေး၊ သတိပေးစကား ပြောချင်ပါသလဲ။

ဖြေ ။ ။ ၂ပိုင်းပေါ့။ တပိုင်းကတော့ သာမန်ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ကတော့ အတတ်နိုင်ဆုံး ထိုင်းနိုင်ငံက ထုတ်ပေးတဲ့ ပန်းရောင်ကတ် တရားဝင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်တွေကို ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် တရားဝင် အောင် လုပ်ထားဖို့ လိုပါတယ်။ နောက်ပိုင်းကျရင် ဒီထက်ပြင်းထန်တဲ့ တင်းကျပ်မှုတွေ စိစစ်မှုတွေ ဖမ်းဆီးအရေးယူမှုတွေ ဆောင်ရွက်လာမှာဖြစ်လို့ အဲဒါလေးတွေကို စနစ်တကျပြင်ဆင်ထားပါ။

နောက်တခုကတော့ ရောထွေးနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ကတော့ သူတို့စီးပွားရေးပဲလုပ်လုပ် လက်ရှိ တတ်ကျွမ်းထားတဲ့ ပညာတွေနဲ့ အသုံးချတာပဲဖြစ်ဖြစ် အဲဒါတွေလည်း သတိထားရမယ့်ကိစ္စ။ ထိုင်းအစိုးရအနေနဲ့က ဘယ်လုပ်ငန်းတွေကို မြန်မာရွှေ့ပြောင်းတွေအနေနဲ့ လုပ်ရမယ်။ ဘယ်လုပ်ငန်းတွေကိုမလုပ်ရဘူးဆိုတာ တိတိကျကျရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားပြီးသားဖြစ်တယ်။ လေ့လာပါ။ ထိုင်းမှာလည်း ဥပဒေအကြံပေးတဲ့ အဖွဲ့တွေရှိပါတယ်။ စီးပွားရေးပဲလုပ်လုပ် လုပ်ငန်းဆောင်တာပဲ ဆောင်ရွက် ဆောင်ရွက် ထိုင်းရှေ့နေတွေနဲ့ စနစ်တကျ ညှိနှိုင်းပြီးမှ ဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။

You may also like these stories:

လစာအပြည့်ပေးရန် တောင်းဆိုသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၄ ဦး အလုပ်ထုတ်ခံရ

ရွှေ့ပြောင်းလုပ်သားများအပေါ် စစ်ကောင်စီထိန်းချုပ်မှု ထိုင်း အဆုံးသတ်သင့်ကြောင်း NUG ပြော

မြန်မာလုပ်သားတို့ ဘဏ်အကောင့်သုံး၍ အွန်လိုင်းလိမ်လည်မှုများ ထိုင်းရဲဖော်ထုတ်

မြန်မာရွှေ့ပြောင်းများ ပန်းရောင်ကတ်ဖြင့် နေခွင့်ပြုရန် ထိုင်းလွှတ်တော်သို့ တောင်းဆို

ထိုင်းရောက် MoU လုပ်သား ၁၀၀ကျော် လစာ မရ၍ စားဝတ်နေရေးခက်ခဲ

Your Thoughts …
Tags: ဈေးရောင်းထိုင်းနိုင်ငံရွှေ့ပြောင်းလုပ်သားလူမှုကွန်ရက်အမျိုးသားစီးပွား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

by ဧရာဝတီ
18 July 2023
6.5k

လူသတ်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သူမှာ အသက် ၄၄ နှစ်အရွယ် ထိုင်းနိုင်ငံသား ဖြစ်ပြီး ရာဘာခြံချင်း နီးစပ်သူဖြစ်ကြောင်း သိရသည်။

ထိုင်း ငါးဖမ်းလှေများကို ပစ်ခတ်မှုက စစ်ကောင်စီ၏ သရုပ်မှန်ကို ဖော်ပြနေသည်

ထိုင်း ငါးဖမ်းလှေများကို ပစ်ခတ်မှုက စစ်ကောင်စီ၏ သရုပ်မှန်ကို ဖော်ပြနေသည်

by စွယ်တော်
4 December 2024
6.2k

ငါးဖမ်းလှေသည် အမှန်တကယ် နယ်မြေကျော်လွန်ပါက အဝေးမှ အသံချဲ့စက်ဖြင့် သတိပေးပြီး ထွက်ခွာသွားရန် ဆောင်ရွက်နိုင်သော်လည်း မလိုအပ်ဘဲ အင်အားသုံး၍ အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးခဲ့သည်။

မြန်မာ့ငလျင်ကပ်ဆိုးကို ခုတုံးလုပ်၍ ငွေရှာမှုတွေ ရှိနေ

မြန်မာ့ငလျင်ကပ်ဆိုးကို ခုတုံးလုပ်၍ ငွေရှာမှုတွေ ရှိနေ

by ဧရာဝတီ
19 April 2025
4.9k

"မြန်မာက လက်ရှိအခြေအနေမှာ အင်မတန်များပြားတဲ့ သတင်းတုတွေကို ငွေကြေးရလို့ ဖြန့်ချိနေကြတယ်"

မြန်မာ ဆိုက်ဘာကျေးကျွန် ငရဲစခန်းရောက် အတွေ့အကြုံ

မြန်မာ ဆိုက်ဘာကျေးကျွန် ငရဲစခန်းရောက် အတွေ့အကြုံ

by Suneth Perera နှင့် Issariya Praithongyaem
25 April 2024
4.4k

"ကျနော်တို့ ကြောက်နေကြတယ်။ သီရိလင်္ကာ၊ ပါကစ္စတန်၊ အိန္ဒိယနဲ့ အာဖရိက နိုင်ငံတွေက အမျိုးသား၊ အမျိုးသမီး ၄၀ လောက်ကို အဲဒီစခန်းတွေမှာ အတင်းအကျပ် ချုပ်နှောင်ထားတယ်"

ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ

ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ

by ဧရာဝတီ
17 July 2023
4.1k

"Move Forward ပါတီက ကိုယ်စားလှယ်အားလုံးဟာ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်လောင်းတွေကို ထောက်ခံဖို့ အသင့်ရှိတယ်"

မြန်မာ စစ်မှုထမ်းဥပဒေနှင့် ထိုင်းသို့ ဝင်လာမည့် လူသားလှိုင်းလုံး

မြန်မာ စစ်မှုထမ်းဥပဒေနှင့် ထိုင်းသို့ ဝင်လာမည့် လူသားလှိုင်းလုံး

by Surachanee Sriyai
22 February 2024
3.8k

စစ်ကောင်စီ ထုတ်ပြန်လိုက်သည့် အတင်းအကျပ် စစ်သားစုဆောင်းရေး ဥပဒေ၏ ဖြစ်နိုင်ခြေရှိသော အကျိုးဆက်များကို ထိုင်းအစိုးရအနေဖြင့် သတိထားသင့်သည်။

Next Post
စစ်ကောင်စီ သက်ဆိုးရှည်အောင် လုပ်နေရင် အိမ်နီးချင်းကောင်း ဖြစ်စရာမရှိတော့ဘူး (ရုပ်/သံ)

စစ်ကောင်စီ သက်ဆိုးရှည်အောင် လုပ်နေရင် အိမ်နီးချင်းကောင်း ဖြစ်စရာမရှိတော့ဘူး (ရုပ်/သံ)

ကုလမှာ ဦးကျော်မိုးထွန်း ဆက်ရှိရေး တောင်းဆို (ရုပ်/သံ)

ကုလမှာ ဦးကျော်မိုးထွန်း ဆက်ရှိရေး တောင်းဆို (ရုပ်/သံ)

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate