၂၀၂၄ ခုနှစ်ရဲ့ နှစ်လယ်လောက်မှာ စာရေးဆရာမ မသီတာ (စမ်းချောင်း) ရဲ့ A-Maze စာအုပ် တအုပ် ထွက်ရှိလာခဲ့ပါတယ်။
စာရေးဆရာ၊ အယ်ဒီတာ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေး အကျဉ်းသားဟောင်း၊ PEN International ၏ Writers in Prison Committee ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ မသီတာ (စမ်းချောင်း) အနေနဲ့ သုတ၊ ရသ စာအုပ်ပေါင်းများစွာ ရေးသားခဲ့သလို ၂၀၁၂ ခုနှစ်က ထုတ်ဝေခဲ့တဲ့ နိုင်ငံရေးဖြတ်သန်းမှု၊ ထောင်တွင်းဖြတ်သန်းမှုတွေအပြင် ဝိပဿနာအားထုတ်မှု အတွေ့ အကြုံတွေအကြောင်းပါ ထည့်သွင်းရေးသားထားတဲ့ “စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်” ကလည်း လူသိများထင်ရှားလှပါတယ်။
A-Maze စာအုပ်မှာတော့ နွေဦးတော်လှန်ရေးကာလအတွင်း ဖြတ်သန်းခဲ့ရတဲ့ ဖြစ်စဉ်တွေကို ရေးသားထားပြီး စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် မီးမောင်းထိုးပြခဲ့သလို နိုင်ငံတကာစာဖတ်ပရိတ်သတ်အနေနဲ့လည်း မြန်မာ့အရေးကို အသေးစိတ် ဖတ်ရှုလေ့လာသိရှိနိုင်တဲ့ စာအုပ်တအုပ် ဖြစ်ပါတယ်။ A-Maze စာအုပ်ဖြစ်လာဖို့ ဘယ်လို ခံယူချက်တွေနဲ့ ရေးသားခဲ့သလဲ၊ စာအုပ်မှာ ဘယ်လိုအကြောင်းအရာတွေ ပါဝင်သလဲ၊ လက်ရှိကာလ မြန်မာ့အရေးကို စာအုပ်မှာ ဘယ်လို ပုံဖော်ထားလဲဆိုတာတွေ သိရှိနိုင်ဖို့ ဧရာဝတီ အယ်ဒီတာ ရဲနည်က ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ယာယီနေထိုင်နေတဲ့ မသီတာ (စမ်းချောင်း) ကို မေးမြန်းထားပါတယ်။
မေး။ ။ ဆရာမ နောက်ဆုံး အင်္ဂလိပ်ဘာသာနဲ့ ထွက်ထားတဲ့ A-Maze၊ မြန်မာလိုကတော့ “အံ့စရာဝင်္ကပါ” ဆိုပြီး ဆရာမ နာမည်ပေးထားတာပေါ့။ ဘာကြောင့် အဲဒီလိုမျိုး နာမည်ပေးဖြစ်တာလဲ၊ နောက်ပြီးတော့ ဒီစာအုပ်က အင်္ဂလိပ်လို ထွက်ထားတာဆိုတော့ မြန်မာစာဖတ်ပရိတ်သတ်အတွက် ထုတ်ဖို့ရှိပါသလားခင်ဗျ။
ဖြေ။ ။ ကျမက Brown တက္ကသိုလ်မှာနေတုန်းက The Road Map ဆိုတဲ့နာမည်နဲ့ အင်္ဂလိပ်လို စာအုပ်တအုပ် ရေးခဲ့တယ် ပေါ့နော်။ အခုတလော ဆရာဒေါက်တာ ဇော်မြင့်မောင် ဆုံးပြီး နောက်ပိုင်းတော့ ကျမဘာသာ မြန်မာလိုပြန်ရေးပြီး လမ်းပြမြေပုံဆိုပြီးတော့ ဟိုတလောကမှ မြန်မာလို page ကနေ တင်လိုက်သေးတယ်။ မြန်မာ့နိုင်ငံရေးကို ၁၉၈၈ ခုနှစ်ကနေ ၂၀၁၀ အပိုင်းတုန်းက The Road Map မှာ ရေးခဲ့တယ်ပေါ့နော်။ သူတို့ 7 Step Road Map လိုမျိုး 7 Chater ရေးခဲ့ပြီးတော့ အဲဒီအခန်းနောက်ဆုံးမှာ ကျမတို့အနေအထားသည် လမ်းခွကို ရောက်နေတယ်၊ လမ်းဆုံဆိုပြီး နှစ်ခုလောက် ရွေးစရာရှိတာ မဟုတ်ဘူး။ လမ်းခွ၊ ခက်ရင်းခွထိပ်မှာလိုပဲ လမ်းမြောင်တွေအများကြီး အမျိုးမျိုးဖြစ် နေတဲ့အနေအထားကို ရောက်နေတယ်ဆိုပြီးရေးခဲ့တော့ အဲဒီ ၂၀၁၀ နောက်ပိုင်းမှာ ကျမက နောက်ထပ် နိုင်ငံတကာပရိတ်သတ်အတွက် မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာအုပ်မရေးဖြစ်ဘူး။
ဂငယ်ကွေ့ ကွေ့ဖို့ နောက်ကြောင်း ပြန်ဖို့ဆိုရင် တနေရာကနေ နောက်ထပ် တနေရာ ရောက်ပြီးသားဖြစ်ပြီးတော့မှ နောက်ကိုပြန်သွားတယ်ပေါ့။ ၂၀၁၀ ကနေ ၂၀၂၁ ကြား ကာလသည် တနေရာရာကိုများ ရောက်ခဲ့သလား။
၂၀၂၁ အာဏာသိမ်းလိုက်တဲ့အချိန်မှာ အားလုံးက ဘာပဲကောက်ချက်ချကြလဲဆိုတော့ ဂငယ်ကွေ့ ကွေ့တယ်ပေါ့၊ နောက် ကြောင်းပြန်သွားတယ်။ အဲဒီလိုဖြစ်တဲ့အခါ ကျမသေချာပြန်စဉ်းစားတယ်။ ဂငယ်ကွေ့ ကွေ့ဖို့ နောက်ကြောင်း ပြန်ဖို့ဆိုရင် တနေရာကနေ နောက်ထပ် တနေရာ ရောက်ပြီးသားဖြစ်ပြီးတော့မှ နောက်ကိုပြန်သွားတယ်ပေါ့။ ၂၀၁၀ ကနေ ၂၀၂၁ ကြား ကာလသည် တနေရာရာကိုများ ရောက်ခဲ့သလား။ ကျမ အရင်က လမ်းခွမှာပဲရှိသေးတယ်လို့ တောက်လျှောက်ပြောခဲ့တယ်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး အရပ်သားတပိုင်း အစိုးရပေါ်လာတဲ့အချိန်အထိ ကျမအမြဲတမ်း နိုင်ငံတကာ သတင်း ထောက်တွေနဲ့ တခြားလူတွေနဲ့ပြောတိုင်းမှာ still fork in the road လို့ပဲ ပြောတယ်ပေါ့နော်။ လမ်းခွမှာပဲရှိသေးတယ်ဆို တော့ ကျမလည်း ပြန်သုံးသပ်တယ်ပေါ့၊ ဒီမေးခွန်းက ကျိန်းသေပေါက်မေးလာကြမယ်။ အဲခါကျ ကျမ ဘာဖြေမလဲ၊ ဘယ်ရောက်နေတာ မြင်သလဲပေါ့၊
ကျမရဲ့ argument က ဘာလဲဆိုတော့ ဆယ်နှစ်တာ ကာလထဲမှာ တခြားသူတွေထင်နေသလို မြန်မာ့ဒီမိုကရေစီလမ်း ကြောင်းရဲ့ Point တခု နေရာတခုကို ရောက်သွားခဲ့တာမျိုး မဟုတ်ဘဲနဲ့ ဝင်္ကပါထဲကို ရောက်သွားတယ်ပေါ့နော်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် အခြားအခြားသော တံတိုင်းများနဲ့ ဆိုးဝါးတဲ့မျက်လှည့်တခုလိုမျိုး ကျမတို့ ဆယ်နှစ်တာ ကာလသည် ဝင်္ကပါတခုထဲ ရောက်သွားတယ်။ အံဩစရာကောင်းလောက်တဲ့ဟာပေါ့နော်။ ဒါကြောင့် ကျမက A- Maze ဆိုပြီးတော့ A Maze ဆိုတာထက် Amaze အဲဒီလို နှစ်ခုလုံးပြောလို့ရအောင် မြန်မာလို ခေါင်းစဉ်ကို အံ့စရာ ဝင်္ကပါ ဆိုပြီး တော့ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ဝင်္ကပါထဲက ထွက်ဖို့ ထွက်ပေါက်ရှာတာမျိုး မလုပ်ဘဲနဲ့ ဒီ ဝင်္ကပါသည် almost ထွက်ပေါက်မရှိသလောက်ဖြစ်နေတဲ့အတွက်ကြောင့် ဒီတံတိုင်းတွေကို ဖြိုချခြင်းအားဖြင့်သာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တက်လို့ ရမယ်ဆိုတဲ့ ဒီအတွေးအခေါ်ပေါ်မှာ အခြေခံပြီး ဒီစာအုပ်ကိုရေးဖြစ်တာပေါ့နော်။
မူရင်းရေးကတည်းက မြန်မာလိုရေးတယ် သို့သော် နိုင်ငံတကာပရိတ်သတ်အတွက်ကို ရည်ရွယ်ပြီးရေးတာဖြစ်တယ်၊ မြန်မာတွေအတွက်တော့ ဒီထဲမှာပါတဲ့ အချက်အလက်တွေ အကုန် မြန်မာပရိတ်သတ်က သိပြီးသားပါ။ ကျမရဲ့ နိုင်ငံရေး သုံးသပ်ချက်တွေနဲ့ သမိုင်းအချက်အလက်တွေ ဒါတွေကို ပြန်ပြီးတော့ ချိတ်ဆက်ပေးထားသာလျှင် မြန်မာပရိတ်သတ် အတွက် နည်းနည်း အသစ်အဆန်း ဖြစ်မယ်ပေါ့နော်။ သို့သော်လည်း ဒါဟာ မှတ်တမ်းတခုလိုဖြစ်တဲ့အခါကျတော့ ထုတ်မယ်လို့ စဉ်းစားတယ်။ သို့သော် အင်္ဂလိပ်လို စာအုပ်ကို ဦးစားပေးပြီး လုပ်တဲ့အခါကျတော့ နောက်ဆက်တွဲတွေကို မြန်မာလို မဟုတ်ဘဲ အင်္ဂလိပ်လို တန်းရေးခဲ့တာတို့ရှိတော့ စာအုပ်ကို တအုပ်လုံးမြန်မာလိုပြန်ဖြစ်အောင် စီစဉ်နေတော့ မကြာခင် စာအုပ်အဖြစ်နဲ့ ထွက်ဖို့ ကြိုးစားနေပါတယ်။
မေး။ ။ ဆရာမပြောတဲ့ထဲမှာ ဝင်္ကပါရဲ့တံတိုင်းတွေပေါ့လေ၊ အဲဒါတွေဖြိုချဖို့ဆိုတဲ့ဟာလေးပါလာတဲ့အခါမှာ၊ ကျနော် သတိရမိတာ ကျနော် သိပ်ကြိုက်တဲ့ ကမ္ဘာကျော်ဂီတဝိုင်း Pink Floyd ရဲ့ The Wall ဆိုတဲ့သီချင်းခွေပေါ့။ အဲဒီထဲက အယူအဆက တံတိုင်းတွေကို ဆောက်ရာမှာ လူတွေက မသိလိုက်ဘာသာ အုပ်တချပ်အဖြစ် ပါဝင်သွားမိခဲ့ကြတယ်။ ဒါကို သဘောပေါက်နားလည်ပြီးမှ တံတိုင်းတွေကို ဖြိုချဖို့ လုပ်လာကြတယ်ပေါ့။ ဒါက နိုင်ငံခြားမှာဖြစ်ခဲ့တဲ့ဥစ္စာပေါ့။ ဒါပေမယ့် မြန်မာပြည်မှာက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဒီတံတိုင်းတွေကို ဖြိုချမယ်ဆိုပြီးတော့ ပေါ်ပေါက် လာတဲ့ နွေဦးတော်လှန်းရေးဆိုတာ ရှိလာပြီ။ အခုလည်း လူငယ်တွေအသက်တွေ ပေးပြီးတော့ တိုက်ပွဲဝင်နေကြတယ်၊ ဆိုတော့ ဒီတံတိုင်းတွေကိုဖြိုချဖို့ နွေဦးတော်လှန်ရေးက ဘယ်လောက်ထိ ပေါက်ရောက်နေပြီလဲလို့ ဆရာမ သုံးသပ်နိုင်မလဲ ခင်ဗျ။
ကျမရဲ့ argument မှာတော့ တံတိုင်းတွေက ကိုယ့်ရဲ့မသိစိတ်နဲ့ဖြစ်စေ၊ ကိုယ်ကိုယ်ကိုယ်တိုင်က ပြန်ပြီးကျားကန်ပေးမိတယ်။ ကိုယ်က မှီမိတယ်၊ ဒီလိုနဲ့ ကြီးထွားလာတဲ့တံတိုင်းတွေ အများကြီး။ စစ်အာဏာရှင်တခုထဲ ပြုတ်ကျဖို့ မဟုတ်ဘူး။ ဘယ်အာဏာရှင်ကိုမဆို ဖြိုချရမယ်။ အတွေးအခေါ်တွေမှာ ပိတ်မိနေတဲ့ကိစ္စတွေ ရှိတယ်။
ဖြေ။ ။ အကြမ်းဖျင်းပြောရင် တော်တော်များများ တံတိုင်းတွေစပြီးတော့ ပြိုစ ယိုင်စ ပြုပြီပေါ့နော်။ ဆရာခုနက ပြောသလို ပါပဲ။ ကျမရဲ့ argument မှာတော့ တံတိုင်းတွေက ကိုယ့်ရဲ့မသိစိတ်နဲ့ဖြစ်စေ၊ ကိုယ်ကိုယ်ကိုယ်တိုင်က ပြန်ပြီးကျားကန်ပေးမိတယ်။ ကိုယ်က မှီမိတယ်၊ ဒီလိုနဲ့ ကြီးထွားလာတဲ့တံတိုင်းတွေ အများကြီး။ စစ်အာဏာရှင်တခုထဲ ပြုတ်ကျဖို့ မဟုတ်ဘူး။ ဘယ်အာဏာရှင်ကိုမဆို ဖြိုချရမယ်။ အတွေးအခေါ်တွေမှာ ပိတ်မိနေတဲ့ကိစ္စတွေ ရှိတယ်။ နောက်တခုက ဘယ်လိုခေါ် မလဲ နွေဦးတော်လှန်ရေးကာလအတွင်း ဖြစ်ပေါ်တိုးတက်မှုတွေမှာ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေက ဒီလောက် အား မကောင်းဘဲနဲ့ စစ်ရေးဖြစ်ပေါ်တိုးတက်မှု ပိုပြီးတော့ အားကောင်းနေတယ်၊ ဒါကလည်း တံတိုင်းဖြိုတယ်ပြောလို့ ရပေမယ့် တစိတ်တပိုင်းတော့ တံတိုင်းကိုပြန်ပြီး ကျားကန်သလိုဖြစ်နေတယ်ပေါ့နော်။ အင်အားသုံးပြီးတော့ ခွန်အား သုံးပြီးတော့ ပြဿနာ ဖြေရှင်းတဲ့ကိစ္စကို ကျမတို့က ပြန်သုံးနေရတဲ့ဟာမျိုးဖြစ်နေတာ ဆိုတော့လေ။
ဒီစာအုပ်ကတော့ တံတိုင်းကို တတ်နိုင်သလောက် identified လုပ်ကြည့်တာပေါ့။ ဘာတွေလဲဆိုတော့ ဥပမာ မီဒီယာအခန်းကဏ္ဍ၊ ဘာသာရေးအတွေးအခေါ်များရဲ့ အခန်းကဏ္ဍ၊ လူထုရဲ့ အခန်းကဏ္ဍ။ အဲဒီလို အဘက်ဘက်က ခြုံကြည့်မယ်ဆိုရင် လက်ရှိ လတ်တလော နွေဦးတော်လှန်းရေးသည် သမိုင်းတလျှောက်မှာ မရှိခဲ့တဲ့ အရွေ့တခုကို ရောက်သွားတယ်ပေါ့နော်။ အဲဒါတော့ ငြင်းလို့မရဘူး။ တချို့ကိစ္စတွေမှာ နောက်ကြောင်းပြန်လို့ မရတော့တဲ့ အရွေ့တွေတောင်မှ ရောက်သွားပြီလို့ပြောလို့ရတယ်။ လူထုရဲ့နိုင်ငံရေးရေချိန်တွေ မြင့်သွားတယ်၊နောက်တခုက အကြီးဆုံး သိသာနိုင်တာက ဘယ်တုန်းကမှ ထိလို့ ကိုင်လို့ မရလောက်အောင် သူ့ဘာသာသူ တထီးတနန်းရှိခဲ့တဲ့ တပ်ရဲ့ အပြိုပြိုအလဲလဲဖြစ်မှုက သိသာလာတယ်။ သူ့ရဲ့လူသားရင်းမြစ်ပိုင်းဆိုင်ရာ မရှိတော့တာ၊ morality လို့ခေါ်တဲ့ စာရိတ္တပိုင်း စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ပျက်စီးလာတာ၊ အရင်ကထင်ထားတဲ့ စစ်လက်နက်ပစ္စည်းကြွယ်ဝတာအပြင် နိုင်ငံချစ်စိတ်လေးတော့ ရှိသေးတယ်လို့ တခြားသူတွေ ထင်ထားကြတဲ့ဟာတွေ အကုန်လုံး မျက်နှာဖုံးခွာချလိုက်သလို ဖြစ်တော့ အဲဒီအရွေ့မှာ သိပ်သိသာတယ်။ တပ်သည် ရေရှည်တည်တံ့နိုင်အောင် သူ့ဘာသာသူ စောင့်ရှောက်နိုင်တဲ့ institution မျိုး မဟုတ်ဘူးဆိုတာကတော့ တော်တော်ရွေ့တဲ့အရွေ့ပေါ့နော်။ အဲဒီတံတိုင်းကတော့ တော်တော်လေး ပြိုသွားတယ်လို့ ပြောလို့ရပါတယ်။
မေး။ ။ နောက်တခုကတော့ ဒီစာအုပ်မှာ ဖတ်ပြီးရသလောက် သတင်းအချက်အလက်တွေ၊ သုတဆိုင်ရာ အချက်အလက် တွေအများကြီး ထည့်သုံးပြီးတော့ရေးထားတာ တွေ့ရတယ်။ ဆရာမက အစကဆိုရင် များသောအားဖြင့် ရသဆိုင်ရာ fiction ပိုင်းတွေ ရေးတယ်၊ သုတဆိုင်ရာ ဆောင်းပါးတွေလည်း ရေးတယ်။ ဒီစာအုပ်က ရသဘက်ပေးချင်တာလား၊ သုတကို ပေးချင်တာလား ဒါမှမဟုတ် သုတရော ရသရော နှစ်ခုလုံးပေါင်းတဲ့ အမျိုးအစားလား ခင်ဗျ။
ဖြေ။ ။ နှစ်ခုလုံးပေါင်းတယ်လိုပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Data တွေကြီးပဲဆိုရင် လူတွေ တအား စိတ်ပင်ပန်းတယ်၊ အမှန်အတိုင်းပြောရရင် ဒီစာအုပ်က ကျမကိုယ်တိုင် မျက်ရည်မျက်ခွက်နဲ့ ရေးခဲ့ရတယ်။ ဖြစ်ရပ်တွေက မခံစားနိုင် လောက်အောင် မျက်ရည်မကျဘဲ မနေနိုင်လောက်အောင် ဆိုးရွားတဲ့ဖြစ်ရပ်တွေ မှတ်တမ်းတင်ရသလို ဖြစ်တယ်။ အဲဒီအခါ ကျတော့ အထူးသဖြင့် နိုင်ငံတကာ ပရိတ်သတ်ကို ရည်ရွယ်ပြီးရေးခဲ့တာပါ၊ သူတို့ကို အခြေအနေအကြောင်းအရင်းကို အသေးစိတ် သိစေချင်တယ်။ ဒါကြောင့်မို့ အချက်အလက်တွေကို တော်တော်တောင်မှ overload ဖြစ်တယ်တောင်မှ ပြောလို့ရတယ်။ အသေးစိတ်တွေ အများကြီးပဲ။ သေသေချာချာလေး ဂရုစိုက်ဖြစ်အောင် ထည့်ရေးတယ်။
အထူးသဖြင့် သတင်းထောက်တွေက ပြန်ပြီးတော့ သူများနားလည်အောင် ပြန်ပြောဖို့လွယ်အောင် ဆိုပြီးတော့ အင်မတန် ရိုးစင်းအောင်လို့ ပြန်ပြန်ပြီး ဖြည်ထုတ်လိုက်ကြတယ်။ အဲဒီဟာအတွက်ဖြစ်လာတဲ့ နောက်ဆက်တွဲပြသနာသည် အကြောင်းအရာကို ထဲထဲဝင်ဝင် ခြေခြေမြစ်မြစ် သဘောမပေါက်တော့ဘူး။
သို့သော် တဖက်မှာလည်း မြန်မာ့နိုင်ငံရေးက သိပ်ရှုပ်ထွေးလွန်းတဲ့အတွက်ကြောင့် နိုင်ငံခြားသား တော်တော်များများက over simplified လုပ်ကြတာပေါ့။ အထူးသဖြင့် သတင်းထောက်တွေက ပြန်ပြီးတော့ သူများနားလည်အောင် ပြန်ပြောဖို့လွယ်အောင် ဆိုပြီးတော့ အင်မတန် ရိုးစင်းအောင်လို့ ပြန်ပြန်ပြီး ဖြည်ထုတ်လိုက်ကြတယ်။ အဲဒီဟာအတွက်ဖြစ်လာတဲ့ နောက်ဆက်တွဲပြသနာသည် အကြောင်းအရာကို ထဲထဲဝင်ဝင် ခြေခြေမြစ်မြစ် သဘောမပေါက်တော့ဘူး။ အဲဒီအတွက် အချက်အလက်တွေ သုံးတယ်။ သို့သော် သူတို့ကို ခံစားစေချင်တယ်၊ ကျမတို့ လူထုရဲ့ ဖြတ်သန်းမှုကို ဘယ်လို ခံစားရတယ်ဆိုတာ သူတို့ကိုယ်တိုင်က စာနာတဲ့စိတ် ဖြစ်စေချင်တဲ့အတွက် တချို့အခန်းတွေကို ရသဆန်တဲ့ တင်ဆက်မှုကို သွားတယ်။ ဒါမှ နှစ်ဖက်မျှမျှတတလေးနဲ့ လိုက်ပါ စီးမျောနိုင်မယ်ပေါ့။ ဘာလို့ဆို အကြောင်းအရာတွေက မထင်မှတ်လောက်အောင် ခါးသီးပြင်းထန်တဲ့အခါကျတော့ အချက်အလက်တွေနဲ့ ပင်ပန်းသွားပြီးတော့ ဆက်မဖတ်နိုင်လောက်အောင် ဖြစ်မှာစိုးတဲ့အခါကျတော့ နှစ်ခုလုံးပေါင်းထားတယ်လို့ ပြောလို့ရပါတယ်။
မေး။ ။ ပထမ ဆရာမ ကိုယ်တိုင်ဖြတ်သန်းတဲ့ စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်နဲ့ အခု အံ့စရာ ဝင်္ကပါ နှစ်ခုဆိုရင် ဟိုမှာကတော့ ဆရာမကိုယ်တိုင်ဖြတ်သန်းတဲ့ဟာကို ရေးရတာ၊ အခုဒီမှာကျတော့ တနိုင်ငံလုံးဖြတ်သန်းမှုကို ရေးရတဲ့အခါကျတော့ နှစ်ခု ဖန်တီးတာ ဘယ်လိုများစိတ်ခံစားမှု ကွာခြားချက်ရှိလဲ။ ခက်ခက်ခဲခဲ ပိုပြီးတော့ရေးရတာမျိုးလား။
ဖြေ။ ။ နှစ်ခုလုံး ခက်ပါတယ်။ ကိုယ့်အကြောင်းကိုယ် ရေးတုန်းကတော့ ကျမ လျှော့တွက်တယ်ပေါ့နော်၊ ငါ့အကြောင်း ငါရေးတာပဲ ဘာမှ အခက်အခဲမရှိဘူးဆိုပြီးတော့။ အခက်အခဲရှိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အင်းစိန်ထောင် ဖြတ်သန်းမှုတွေကို အစအဆုံး ပြန်ဖြတ်သန်းလိုက်ရတာပေါ့နော်။ ထင်သလောက် မလွယ်ခဲ့ဘူး။ နောက်တခုက အဲဒီအချိန်မှာ တချို့ သောသူတွေရဲ့ အကြောင်းအရာတွေကို ရေးတဲ့ကိစ္စ ထောင်တွင်းအခြေအနေကို ရေးတဲ့ကိစ္စတွေက နိုင်ငံရဲ့ အခြေအနေက အဲဒီတုန်းက ဒီလောက်ကြီး မကောင်းနိုင်တဲ့အခြေအနေမျိုးမှာရေးဖြစ်ခဲ့တာပေါ့နော်။ ငဲ့မိတာတွေရှိတာပေါ့နော်၊ တချို့ကိစ္စ တွေ ထုတ်ဖော်ရေးလိုက်ခြင်းအားဖြင့် ထောင်ထဲမှာကျန်ခဲ့တဲ့သူတွေအပေါ် သွားပြီး သက်ရောက်မှုရှိလေမလား၊ ဒါတွေရှိ တယ်ပေါ့။
အခုကျတော့ မငဲ့ရဘူးလား မေးရင်တော့ ငဲ့စရာ ဘာမှမရှိတော့သလို ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်ရပ်တွေက တအားခါးသီးပြင်းထန်တဲ့ဟာတွေကို မချန်ဖို့ လိုတယ်ဆိုတဲ့အသိက ပိုကြီးတယ်။ ဒါက ကျမအပြင်မှာ လွတ်နေလို့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အရင်တုန်းက အခုလိုမျိုး ဟိုငဲ့ဒီငဲ့နဲ့ နိုင်ငံတကာကို အကုန် မပြောတဲ့အတွက် နိုင်ငံတကာဟာ ကျမတို့ကို လုံလုံလောက်လောက် မသိနေခဲ့ဘူး၊ သဘောမပေါက်ဘူး၊ နားမလည်ခဲ့ဘူးလို့ ခံစားရတယ်။ အဲဒီအခါ အိတ်သွန်ဖာမှောက်ရေးမယ်၊ အသေးစိတ်ရေးမယ်လို့ ဆုံးဖြတ်တယ်။ အဲဒီလို ဆုံးဖြတ်တဲ့အခါမှာ ပင်ပန်းတယ်ပေါ့နော်။ တချို့ ကိစ္စတွေ ကလေးလေးဘုန်းတေဇ အဖြစ်အပျက်မျိုးတွေ နောက် ကျမနဲ့ လူကိုယ်တိုင် သိတဲ့ ဥပမာ ဂျင်မီတို့ execution လုပ်ခံရတဲ့ကိစ္စမျိုးတွေဆိုရင် အမှန်အတိုင်းပြောရင် ကျမ ဒီစာအုပ်ကို အစဉ်လိုက်ရေး ထားတာ မဟုတ်ဘူး။ ကျမနိုင်သလောက်၊ ခံစားနိုင်သလောက်နဲ့ရေးပြီးတော့ အစအဆုံး ပြန်ပြီးတော့ နေရာချရတာပေါ့နော်။
မြန်မာပြည်ကို လွမ်းနေတဲ့စိတ်က သည်းသည်းထန်ထန် ဖြစ်နေတဲ့အခါကျတော့ ကျမရဲ့ စိတ်မျက်စိထဲမှာရှိနေတဲ့ ကျန်ခဲ့တဲ့မြန်မာ့ပုံရိပ်တွေနဲ့ ကျမရေးရမယ့်ဟာတွေမှာ တချို့ကိစ္စတွေ ကို ရသဘက်နွယ်တဲ့ ဒီအခင်းအကျင်းပိုင်းဆိုင်ရာ အဖွဲ့အနွဲ့တွေကိုပါ ကျမပြန်ပြီးတော့ လွမ်းတဲ့စိတ်၊ သောကစိတ် အဲဒီနှစ်ခုကိုရောပြီး ပြန်ရေးဖြစ်တယ်။
နောက်ဆုံး ရေးခဲ့တဲ့အခန်းက ဂျင်မီအခန်းပဲ။ ဘာလို့လဲဆို စိတ်ခံစားရမှုအရ ကျမ မခံနိုင်ဆုံးဖြစ်တဲ့အတွက် နောက်ဆုံးမှာ ရေးခဲ့တာ။ အဲဒီကျမှ ရေးလို့ရမယ်၊ ရှောင်နေတာပေါ့လေ။ မရေးလို့မဖြစ်မှန်းသိပေမယ့် အဲဒီလိုပေါ့။ ကျမကိုယ်တိုင်က တကယ်ကို မျက်ရည်နဲ့မျက်ခွက် အဲဒီအချိန်မှာလဲ ကျမ life ရဲ့ crisis ပေါ့နော် တခုကလည်း ဖြစ်နေတဲ့အခါကျတော့၊ ကျမ မှာ ဝမ်းနည်းစရာအကြောင်း လုံလုံလောက်လောက်ရှိနေတယ်။ မြန်မာပြည်ကို လွမ်းနေတဲ့စိတ်က သည်းသည်းထန်ထန် ဖြစ်နေတဲ့အခါကျတော့ ကျမရဲ့ စိတ်မျက်စိထဲမှာရှိနေတဲ့ ကျန်ခဲ့တဲ့မြန်မာ့ပုံရိပ်တွေနဲ့ ကျမရေးရမယ့်ဟာတွေမှာ တချို့ကိစ္စတွေ ကို ရသဘက်နွယ်တဲ့ ဒီအခင်းအကျင်းပိုင်းဆိုင်ရာ အဖွဲ့အနွဲ့တွေကိုပါ ကျမပြန်ပြီးတော့ လွမ်းတဲ့စိတ်၊ သောကစိတ် အဲဒီနှစ်ခုကိုရောပြီး ပြန်ရေးဖြစ်တယ်လို့ ပြောလို့ရပါတယ်။
မေး။ ။ မြန်မာပြည်ကို ပြင်းပြင်းထန်ထန်လွမ်းတယ် ဆိုတော့ ဒါပေမယ့် ကျနော် VOA အင်တာဗျူးတခုမှာ ဖတ်လိုက်ရတယ်။ ဆရာမအနေနဲ့ exile လို့ တခါမှ ကိုယ့်ကိုယ်ကိုယ် မစဉ်းစားဘူး မခံယူဘူးဆိုတာပါ။ အဲဒါကို ဘယ်လိုယူဆချက် ခံယူချက်နဲ့ ပြောလိုက်တာလဲ။ အဲဒီ ၂ ခုက contradict မဖြစ်ဘူးလား။
ဖြေ။ ။ အမှန်အတိုင်းပြောရရင် ကျမက ဒီ writer in prison committee အကျဉ်းကျစာရေးဆရာကော်မတီ PEN International ရဲ့ ဥက္ကဋ္ဌ နေရာအတွက် ဝင်အရွေးခံဖို့လို့ ကျမကိုယ်တိုင်ထောင်ထဲ မရောက်နေဖို့လိုတယ် ဆိုတဲ့ စိတ်နဲ့ ထွက်လာခဲ့တာပေါ့နော်။ ဆိုတော့ exile life ကို ကျမ မရွေးချယ်ခဲ့ပါဘူး။ ကျမ ဒီတာဝန်ကိုထမ်းဖို့အတွက် အထဲမှာ ကျမ အကြောင်းကြောင်းကြောင့်ပေါ့နော် ကျမမှ ထောင်ကျဖို့ potential ရှိတာမဟုတ်ဘူးလေ။ မြန်မာပြည်ထဲမှာရှိတဲ့ ဘယ်သူ မဆို အချိန်မရွေး အဖမ်းခံရနိုင်တယ်။ အဲဒီတော့ တခြားအကျဉ်းကျ စာရေးဆရာတွေကို ကူညီဖို့အတွက် ကိုယ်ကိုယ်တိုင် အကျဉ်းကျနေလို့ မဖြစ်ဘူးလို့ ဝိုင်းပြီးပြောကြတဲ့အတွက် ထွက်ခဲ့ထွက်ခဲ့ဆိုလို့ ထွက်ခဲ့တယ်။ ကျမရဲ့ ရည်ရွယ်ချက်က ကျမ တာဝန်ထမ်းစရာရှိတာ ထမ်းမယ်။ ပြီးရင် အခြေအနေတွေ သည်းသည်းထန်ထန် မဟုတ်တော့ဘူးဆိုရင် ကျမပြန်မယ်လို့ စဉ်းစားခဲ့တာ။ ဒါပေမယ့် မထင်မှတ်ဘဲအခြေအနေတခု ရောက်သွားတယ်ဆိုတဲ့ အနေအထားပေါ့နော်။ ဒါပေမယ့် ကျမ စိတ်မလျှော့သေးပါဘူး။ အခုချိန်ထိ ဘယ်နိုင်ငံမှာမှ နိုင်ငံရေးခိုလှုံခွင့် မယူသေးဘူး။
မြန်မာအချိန်နဲ့ မနေတာပဲရှိတယ်။ မြန်မာ့သတင်းတွေနဲ့ မြန်မာပြည် အကြောင်းကိုပဲ မျက်ခြည်မပြတ် ကြည့်ရင်းနဲ့ပဲ ရှင်သန်ခဲ့တယ်။ ဒီစာအုပ်ရဲ့ တကယ့်ရေးချိန် ကြာချိန်သည် တိုတိုလေးပေမယ့် ဒီစာအုပ်အတွက် စုဆောင်းခဲ့တာသည် ကျမမြန်မာပြည်က ထွက်ခဲ့တဲ့နေ့ကစပြီး ဒီစာအုပ် စရေးတဲ့နေ့အထိ နေ့စဉ်မပြတ် အသေးစိတ် မျက်ခြည်မပြတ် ကြည့်ခဲ့တယ်ဆိုတာ ဒီစာအုပ်က သက်သေပြတယ်လို့ ယူဆနိုင်ပါတယ်။
ကျမ ပတ်စပို့စ်သက်တမ်းတိုးဖို့၊ ပြန်ရဖို့အတွက် ဆက်ကြိုးစားနေသေးတယ်။ အခုထိတော့ တိုးလို့မရသေးဘူး၊ သက်တမ်း တိုးဖို့အတွက် ထပ်ကြိုးစားဦးမှာပါ။ အဲဒီလိုအနေအထားဖြစ်သွားတဲ့အတွက်ကြောင့်မို့ ကျမကိုယ်ကျမ exile လို့ စိတ်နှလုံး ဒုန်းဒုန်း မချသေးသ၍ exile မဖြစ်ဘူး။ ကျမသည် မြန်မာအချိန်နဲ့ မနေတာပဲရှိတယ်။ မြန်မာ့သတင်းတွေနဲ့ မြန်မာပြည် အကြောင်းကိုပဲ မျက်ခြည်မပြတ် ကြည့်ရင်းနဲ့ပဲ ရှင်သန်ခဲ့တယ်။ ဒီစာအုပ်ရဲ့ တကယ့်ရေးချိန် ကြာချိန်သည် တိုတိုလေးပေမယ့် ဒီစာအုပ်အတွက် စုဆောင်းခဲ့တာသည် ကျမမြန်မာပြည်က ထွက်ခဲ့တဲ့နေ့ကစပြီး ဒီစာအုပ် စရေးတဲ့နေ့အထိ နေ့စဉ်မပြတ် အသေးစိတ် မျက်ခြည်မပြတ် ကြည့်ခဲ့တယ်ဆိုတာ ဒီစာအုပ်က သက်သေပြတယ်လို့ ယူဆနိုင်ပါတယ်။
ဒီစာအုပ်ကို ရေးပြီးနောက်ပိုင်းမှာတော့ အဲဒီလောက် မကြည့်နိုင်တော့ဘူး။ စိတ်မဝင်စားတော့လို့ မဟုတ်ဘူး၊ တော်တော် တော့ ပန်းသွားတယ်။ အဲဒီတုန်းကတော့ ကျမကြည့်တယ်ဆိုတာက တကယ်ကိုသုတေသနလုပ်သူတယောက်လို data တွေကအစ collect လုပ်ပြီး ကြည့်တယ်ပေါ့နော်။ အခု data collect မလုပ်နိုင်တော့လောက်အောင် ရှုပ်ထွေးများပြားလာတာ တပိုင်း၊ ကျမ စိတ်ခံစားချက်အရ ပန်းတယ်။ ကျမရဲ့ တကိုယ်ရည်ဘဝ ရင်ဆိုင်မှုကြီးကိုလည်း အခုချိန်ထိ ရင်ဆိုင်နေရတယ်။ စိတ်မလျှော့ဘူး ကြိုးစားမယ်လို့ပဲ ဆုံးဖြတ်ထားတယ်။ ဒါဟာ ကျမရဲ့ နိုင်ငံသားဖြစ်မှုက ဘယ်နည်းနဲ့မှ လွယ်လွယ်နဲ့ လက် လျှော့စရာ အကြောင်းမရှိဘူးဆိုတဲ့ ခံယူချက်နဲ့သွားတယ်။ ဒါကြောင့်မို့ မြန်မာပြည်လွမ်းရခြင်းသည် exile ကို ရွေးချယ်ခဲ့လို့ လွမ်းရတာ မဟုတ်ဘူးဆိုတာကိုတော့ ပြောချင်တယ်ပေါ့နော်။
မေး။ ။ ဆရာမ ၁၉၈၈ခုနှစ် နောက်ပိုင်းမှာ ထောင်ကျခဲ့ပေမယ့် နိုင်ငံကို စွန့်ခွာဖို့ မဆုံးဖြတ်ခဲ့ဘူး၊ အခုကျတော့ စစ်အာဏာသိမ်းပြီးတဲ့အခါမှာ နိုင်ငံကို စွန့်ခွာခဲ့တာပေါ့။ ဒီဆုံးဖြတ်ချက်ကို ဘယ်လောက်ထိ စဉ်းစား ဆုံးဖြတ်ပြီးတော့မှ ရွေးချယ်ခဲ့တာလဲ။
ဖြေ။ ။ ခုနက ပြောသလိုပါပဲ။ ကျမ အခုအချိန်ထိ စွန့်ခွာဖို့ မဆုံးဖြတ်သေးဘူးပေါ့နော်။ ဒီနိုင်ငံကနေ အဝေးမှာ ခဏ အလုပ်သွားလုပ်မယ်ဆိုတဲ့ ကျမထမ်းရမယ့်တာဝန်ကို ထမ်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ ထွက်ခဲ့တာပဲရှိတယ်။ ဝေးရာမှာ ခဏနေမယ်။ ပြည်တွင်းမှာဖြစ်နေတဲ့ အဖြစ်အပျက်တွေက ထောင်ကျတယ်ဆိုတဲ့ အနေအထားနဲ့ မပြီးနေတဲ့ ဖြစ်ရပ်တွေ အများကြီး တွေ့ရတယ်။ ထောင်ထဲရောက်သွားပြီးရင်လည်း အသက်အန္တရာယ်ရှိနိုင်တယ်။ အစစအရာရာ ပါပဲ။ တနည်းအားဖြင့် ကျမ အလုပ် လုပ်ချင်တဲ့သူပေါ့လေ။ အခုလုပ်နေတဲ့ အလုပ်တွေလုပ်ဖို့လို့ အခွင့်အရေးမရနိုင်ဘူးလို့ ယူဆတဲ့အတွက် ကျမရဲ့အသက်ရှင်သန်ဖို့ နေရပ်ကို ရွှေ့လိုက်တဲ့သဘောပဲ ရှိတယ်။ မြန်မာပြည်ကို စွန့်ခွာဖို့ဆိုတဲ့စိတ်ကူးက အခုချိန်ထိလဲ မရှိဘူး။ နောင်လည်း ရှိမှာ မဟုတ်ဘူး။ ဒါကတော့ ကျမ အခိုင်အမာပြောတယ်။
ကျမနိုင်ငံသားဖြစ်မှုကို အခုထိ လက်မလျှော့ဘူး။ ဘယ်မှာမှလည်း နိုင်ငံသားဖြစ်ခွင့် လျှောက်ထားတာ မရှိဘူး။ ဒီအတိုင်းပဲ ရသလောက် ကမ္ဘာ့နိုင်ငံတွေရဲ့ ခွင့်ပြုတဲ့ ဥပဒေအရ ကျမရဲ့လွတ်လပ်စွာ ရွေ့လျားသွားလာမှု ရပိုင်ခွင့်ကို အကောင်အထည်ဖော်နိုင်ဖို့ မီးကုန်ယမ်းကုန် လုပ်နိုင်သလောက်လုပ်ပြီး ရွေ့နေတဲ့အဆင့်ပဲ ရှိတယ်။
ဒါကြောင့်လည်း ကျမနိုင်ငံသားဖြစ်မှုကို အခုထိ လက်မလျှော့ဘူး။ ဘယ်မှာမှလည်း နိုင်ငံသားဖြစ်ခွင့် လျှောက်ထားတာ မရှိဘူး။ ဒီအတိုင်းပဲ ရသလောက် ကမ္ဘာ့နိုင်ငံတွေရဲ့ ခွင့်ပြုတဲ့ ဥပဒေအရ ကျမရဲ့လွတ်လပ်စွာ ရွေ့လျားသွားလာမှု ရပိုင်ခွင့်ကို အကောင်အထည်ဖော်နိုင်ဖို့ မီးကုန်ယမ်းကုန် လုပ်နိုင်သလောက်လုပ်ပြီး ရွေ့နေတဲ့အဆင့်ပဲ ရှိတယ်။ ဘယ်ဟာကိုမှ ကျမ မစွန့်လွှတ်သေးဘူး။ အဲဒီအတွက်ကြောင့်မို့ တနေ့နေ့တချိန်ချိန်မှာ ကျမဆုံးဖြတ်တဲ့ဟာကိုပဲ ဖြစ်ချင်တဲ့အတိုင်းပဲ ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ်တော့ရှိတယ်။ ကျမပြောချင်တာက ထောင်ကျခဲ့တယ်ဆိုတဲ့ လမ်းကြောင်းကလည်း ကျမရွေးချယ်ခဲ့တဲ့ လမ်းကြောင်းပဲ၊ အခုလမ်းကြောင်းကလည်း ကျမရွေးထားတဲ့လမ်းကြောင်းပေါ့နော်။ ဘဝအာမခံချက် မရှိဘူး သိတယ်၊ မရေရာဘူး၊ နိုင်ငံမဲ့သဘောမျိုးဖြစ်နေတဲ့ အနေအထားမှာ ရှိတယ်။ သို့သော် ကျမရဲ့ မိခင်နိုင်ငံရဲ့ နိုင်ငံသားဖြစ်မှုကို စွန့်လွှတ်ဖို့အတွက် အစီအစဉ် လုံးဝမရှိနေဘူး။
မေး။ ။ အရင်က ဝိပဿနာ အားထုတ်မှုအကြောင်းကို ဟောပြောပို့ချမှုတင်မကဘူး သရုပ်ပြမှုတွေပါ လုပ်ခဲ့တာတွေ ရှိခဲ့တယ်၊ အင်းစိန်ထောင်ထဲမှာနေခဲ့တုန်းကလဲ ဝိပဿနာအားထုတ်မှုတွေလုပ်ခဲ့ဖူးတယ်ဆိုတာ ဝထ္ထုထဲကတဆင့် ဖတ်ရတာ ပေါ့။ အခုရော လုပ်ဖြစ်သေးလား၊ ဝိပဿနာအားထုတ်မှုက ဆရာမရဲ့ဘဝအတွက် ဘယ်လောက်ထိ အရေးပါလဲ။
ဖြေ။ ။ တိုတိုပြောရရင် game changer ပါပဲ။ ကျမဘဝကို လုံးဝပြောင်းစေခဲ့တာ ဝိပဿနာတရားအားထုတ်မှုပေါ့နော်၊ အခုဆိုရင် အင်မတန် မရေရာ မသေချာတဲ့ဘဝကြီးတခုကို ဖြတ်သန်းနေတယ်။ အင်မတန်ခေါင်းမာစွာနဲ့ ဖြတ်တယ်။ သို့သော် ရင်ဆိုင်ရတဲ့အခက်အခဲတွေ အများကြီးကို ဖြတ်သန်းနိုင်တာဟာ ဒီဝိပဿနာကြောင့်ပဲလို့ ပြောလို့ ရတယ်။ ကျမဘဝ အင်မတန် ခက်ခဲကြမ်းတမ်းလာပြီး မခံနိုင်လောက်ဘူးဆိုရင် တရားပြေးထိုင်ရတော့တာပဲ။ ပုံမှန်အားဖြင့် မှတ်လေ့ရှိတယ်။ သို့သော် သတ်သတ်မှတ်မှတ်ကို အချိန်ပေးပြီးတော့ မှတ်လိုက်တယ်ဆိုရင် ဒါကသာလျှင် ကျမကို အားကုန်သွားတဲ့ ဘတ္ထရီ တခုကို ပြန်ပြီးတော့ အားသွင်းလိုက်သလိုပဲ၊ ပြန်ပြီး ကြည်လင်အေးချမ်းလာတယ်။ ပစ္စုပ္ပန်ကို ရှုနိုင်လာတယ်။
ပိုပြီးတော့ ဘယ်လောက်ပဲဆိုးတာဖြစ်ဖြစ် အထူးသဖြင့် အရေးအကြီးဆုံးကတော့ ဝိပဿနာကြောင့် ကျမသည် လောကဓံရဲ့ အကောင်းနဲ့ အဆိုးအပေါ်မှာ သာတူညီမျှ ရှုမြင်မှုက ပိုလွယ်ကူလာတယ်။ ကောင်းတာဖြတ်သန်းရတဲ့အချိန်မှာ ကျမကိုယ် ကျမ သတိပေးလေ့ရှိတယ်။ ဒါကလည်း လောကဓံပဲ မမေ့နဲ့ဆိုတာမျိုး၊ မသာယာမိစေနဲ့၊ ဆိုးတဲ့လောကဓံနဲ့ ကြုံတဲ့အခါမှာလည်း ဒီလောကဓံက ကြာကြာခံမယ့်ဟာ မဟုတ်ဘူး၊ အနိစ္စပဲဆိုတာမျိုးနဲ့ လောကဓံပေါ်မှာ ကောင်းကောင်းဆိုးဆိုး နှစ်ခုလုံးကို သာတူညီမျှသ ဘောထားနိုင်ဖို့အတွက်ကတော့ ဝိပဿနာကလွဲရင် တခြားဆေး မရှိပါဘူး။
မေး။ ။ နောက်တခု မေးချင်တာကတော့ နိုင်ငံရေးနဲ့ စာပေရဲ့ ဩဇာပေါ့။ ကျနော်တို့ ငယ်ငယ်တုန်းက ဗန်းမော်တင်အောင်၊ သိန်းဖေမြင့်၊ ဒဂုန်တာရာ တို့ အစရှိတဲ့ နိုင်ငံရေးစာပေဖတ်ပြီးတော့ ကြီးပြင်းလာရတာကိုး။ ဒီဟာတွေကလည်း နိုင်ငံရေး လုပ်တဲ့အခါမှာ အင်မတန်မှ ဩဇာသက်ရောက်မှုရှိခဲ့တာ။ အခုဟာကတော့ ဆရာမကိုယ်တိုင်လည်း နိုင်ငံရေးစာပေတွေ ရေးနေပြီဆိုတော့ ဆရာမရဲ့ ယူဆချက်ကို ကြားချင်ပါတယ်။ အခုခေတ်က နိုင်ငံရေးသတင်းတွေ တောင်လိုပုံနေတဲ့ခေတ်ကြီးပေါ့၊ အဲဒီထဲမှာ နိုင်ငံရေးစာအုပ်တွေကရော ဖတ်စရာ လုံလောက်ရဲ့လား။
ဖြေ။ ။ မလုံလောက်ဘူးလို့ ပြောလို့ရတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးဖြတ်သန်းမှုဆိုတာက လူသိထင်ရှားရှိသူ တွေမှ ဖြတ်သန်းရတာ မဟုတ်ဘူး၊ သာမန်လူထုမှာလည်း သူ့ဒေသအလိုက် သူ့လူမှုပတ်ဝန်းကျင်အလိုက် ဖြတ်သန်းမှုတွေရှိတယ်။ အဲဒီဖြတ်သန်းမှု အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ ရေးထားတဲ့ သူတို့ရဲ့ နိုင်ငံရေး တွေးပုံမြင်ပုံတွေနဲ့ ပတ်သက်လို့ ရေးထားတဲ့စာအုပ်မျိုးဆို လုံလုံလောက်လောက် ရှိမနေဘူးပေါ့။ ကျမတို့ဆီမှာ နိုင်ငံရေးစာပေဆိုတာ ထောင်ထွက်တွေပဲ ရေးမယ်တို့၊ နိုင်ငံရေးပါတီတို့၊ လက်နက်ကိုင်နိုင်ငံရေးခေါင်းဆောင်တို့ စသဖြင့်ပေါ့ အဲဒီလိုလူတွေက ရေးတဲ့ဟာတွေကိုပဲ လိုက်ရှာဖတ်ကြသလို ဖြစ်ကြတယ်။ ဒါကြောင့်မို့ တကယ့် တကယ် နိုင်ငံရေးစာပေလို့ပြောရင်တော့ အခုလို နိုင်ငံရေး အကြောင်းရေးမှ မဟုတ်ဘူးပေါ့နော်။ နိုင်ငံတနံတလျားက သာမန်လူတွေရဲ့ နိစ္စဓူဝ ဖြတ်သန်းမှုတွေကို မှတ်တမ်းတင်ပေးတဲ့ စာပေတွေကလည်း ဒီနိုင်ငံရေးအတွေးအခေါ် အသိအမြင်တွေကို လမ်းဖွင့်ပေးတယ်ဆိုတော့လေ။ အဲဒါမျိုးတွေကလည်း ဒီထက်ပိုပြီးတော့ နိုင်ငံနဲ့ချိတ်ဆက်ပြီးတော့ ဖြစ်စေချင်တယ်။
ယူကရိန်းကို ပိုပြီး ထောက်ခံကြတယ်၊ ကျန်တဲ့နိုင်ငံတွေကို ပိုထောက်ခံတယ်၊ ငါတို့မြန်မာပြည်ကိုတော့ လျစ်လျူရှုထားတယ်ပေါ့။ မြန်မာတွေကရော သူတို့ကိစ္စ regional ကိစ္စ၊ ကမ္ဘာကြီးကိစ္စကိုရော ဘယ်လောက်သိသလဲ၊ ဘယ်လောက် စိတ်ဝင်စားသလဲ၊ ဘယ်လောက် ပူးပေါင်းပါဝင်သလဲဆိုတဲ့ မေးခွန်းရှိတယ်ပေါ့နော်။ အဲဒီမေးခွန်းတွေကို ဖြေရမယ့်သူတွေထဲမှာ စာရေးဆရာတွေပါတယ်။
နောက်တခါ ဘာဖြစ်ခဲ့တာလဲဆိုတော့ စာပေစိစစ်ရေး နှစ်ပေါင်းငါးဆယ် ဖြတ်ပစ်လိုက်တဲ့အခါရယ်၊ ဝါဒဖြန့်ချိရေး သိပ် ပြင်းထန်လွန်းတဲ့အခါမှာ ဘယ်လောက်ပဲ ဘယ်သူတွေရေးရေး elite တွေကပဲ ရေးရေး၊ သာမန်ပြည်သူတွေကပဲ ရေးရေး ကျမတို့သည် သိပ် localize ဖြစ်တဲ့ပြဿနာလည်း ရှိတယ်လို့မြင်တယ်။ ကျမတို့ရဲ့ အတွင်းထဲကပဲ အချင်းချင်း အဆင်မပြေတာတွေ၊ တဦးနဲ့ တဦး၊ တဖွဲ့နဲ့ တဖွဲ့ကြား နိုင်ငံရေးတွေကိုပဲ အာရုံစိုက်ပြီးတော့ regional issue တို့ global issue တို့ ရေးတဲ့စာအုပ်က ပိုပြီးနည်းသွားတယ်ပေါ့။ ကိုယ့်နိုင်ငံရေးကို ကိုယ့်အချင်းချင်းကြားထဲက အကြောင်းပဲ ရေးနေတာ ပိုများတဲ့အတွက်ကြောင့် ကျမတို့ လူထုက အခုဖြစ်နေတဲ့ပြဿနာက အဲဒီလိုမြင်တာပေါ့နော်။ ယူကရိန်းကို ပိုပြီး ထောက်ခံကြတယ်၊ ကျန်တဲ့နိုင်ငံတွေကို ပိုထောက်ခံတယ်၊ ငါတို့မြန်မာပြည်ကိုတော့ လျစ်လျူရှုထားတယ်ပေါ့။ မြန်မာတွေကရော သူတို့ကိစ္စ regional ကိစ္စ၊ ကမ္ဘာကြီးကိစ္စကိုရော ဘယ်လောက်သိသလဲ၊ ဘယ်လောက် စိတ်ဝင်စားသလဲ၊ ဘယ်လောက် ပူးပေါင်းပါဝင်သလဲဆိုတဲ့ မေးခွန်းရှိတယ်ပေါ့နော်။ အဲဒီမေးခွန်းတွေကို ဖြေရမယ့်သူတွေထဲမှာ စာရေးဆရာတွေပါတယ်။ စာရေးဆရာတွေက ဒါကို ရေးခဲ့သင့်တယ်။
ဘယ်လိုခေါ်မလဲ local နဲ့ regional နဲ့ global နဲ့ချိတ်ပြီးရေးတဲ့ နိုင်ငံရေးစာပေက ပိုပိုပြီးတော့ အားနည်းတယ်၊ အဲဒီအတွက်ကြောင့် မလုံလောက်ဘူးလို့ ပြောလို့ရတယ်။ သတင်းတွေသည်ပင် နိုင်ငံတကာသတင်းတွေကသပ်သပ် ပြည်တွင်းသတင်းက သပ်သပ်ပဲ။ အခုတော်လှန်ရေး နောက်ပိုင်းမှာဆို လူတွေကပိုပြီးတော့ ပြည်တွင်းသတင်းကိုပဲ ဖတ်တာဖြစ်သွားပြီ။ နိုင်ငံတကာသတင်းတောင် လုံလုံလောက်လောက် မဖတ်တော့ဘူး။ ဒေသတွင်း သတင်းဆိုပိုဆိုးတယ်။ ကျမတို့က ကိုယ့်ကိစ္စသာပြောနေတဲ့ ကိုယ့်အနီးအနားကဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်သတင်းတွေဆို အပေါ်ယံဆန်တဲ့ သတင်းတွေလောက်ပဲ လူထုထဲကို တိုးပေါက်ပြီးတော့ တကယ့် deep down လတ်တလောဖြစ်သွားတဲ့ ဆိုးဆိုးဝါးဝါး စဉ်းစားစရာတွေ ချိတ်ဆက်ပြီးစဉ်းစားစရာတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို မျက်စိလျှမ်းကြတယ်။ အဲဒါနဲ့ ပတ်သက်ပြီးရေးတဲ့သူလည်းမရှိကြဘူး၊ မဖတ်ကြဘူး။ သတင်းလောက်ပဲ ဖတ်လို့တော့ မလုံလောက်ဘူး။ ဒါကြောင့် ဆရာပြောတာ သိပ်မှန်တယ် စာပေလုံလောက်မှ ရမယ်၊ စာအုပ်တွေဖတ်မှ ကျယ်ကျယ်ပြန့်ပြန့်နဲ့ နက်နက်ရှိုင်းရှိုင်း နားလည်မှာပေါ့နော်။ အဲဒီသဘောပါပဲ။
မေး။ ။ ဟုတ်ကဲ့ နောက်ဆုံးမေးခွန်းကတော့ လူငယ်တွေအကြောင်းပါပဲ။ ဆရာမက လူငယ်တွေအတွက် ဆောင်းပါးတွေရော စာအုပ်တွေရော ရေးသားထုတ်ဝေခဲ့သူ ဖြစ်နေတဲ့အခါကျတော့ ဒီနေ့ခေတ်လူငယ်တွေအတွက် အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းစကား ဘာများ ပါးချင်ပါသလဲခင်ဗျ။
ဖြေ။ ။ ခုနက ပြောတဲ့ဟာကိုပဲ ဆက်ပြီးပြောချင်ပါတယ်။ အခုခေတ်လူငယ်တွေက ကျမတို့နိုင်ငံမှာမှ မဟုတ်ဘူးပေါ့နော် တကမ္ဘာလုံးအတိုင်းအတာနဲ့ Information Outbreak ကို ခံစားနေရတာပေါ့။ ကိုဗစ်ပြန့်သလိုမျိုး အချက်အလက်တွေက ပလူပျံနေပြီး ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ လေ့လာသုံးသပ်မှုတွေ မလုပ်နိုင်ဘူးဆိုရင် အစာမကြေ ဖြစ်မယ်။ Information တွေက မကျေလည်ဘူး၊ မကျေလည်တဲ့အခါ ဘာဖြစ်လာလဲဆိုတော့ လူငယ်အများစုက သိထားတဲ့ သတင်းအချက်အလက်ကို ပြန်ပြီး ရွတ်ပြတဲ့ အဲဒီလိုပဲဖြစ်သွားပြီးတော့ အနှစ်သာရ သဘောတရားကို နားမလည်တဲ့အတွက်ကြောင့်မို့ သူ့ရဲ့လက်တွေ့ဘဝနဲ့ မပေါင်းစပ်နိုင်ဘူး။ အဲဒီပြဿနာရှိတယ်၊ အဲဒါက နိုင်ငံတကာမှာ ရှိနေတဲ့ လူငယ်တွေမှာပါ ဖြစ်နေတဲ့ပြဿနာလို့ မြင်တယ်။ အဲဒါကို ပြန်ပြီးလုပ်ယူရမယ်။ မြန်မာလူငယ်တွေအတွက် အဆိုးထဲက အကောင်းလို့ ပြောရမယ်ဆိုရင် နွေဦးတော်လှန်ရေးကိုဖြတ်လိုက်တဲ့အခါ တော်လှန်ရေးထဲမှာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ Society ထဲမှာရှိတဲ့ လူငယ်တွေအတွက် စာသိ မဟုတ်တော့ဘဲ ငါသိ အများကြီး အကြီးကြီး ရလိုက်တယ်။
ကိုယ့်ဘဝရဲ့ ဖြတ်သန်းမှုတွေကို ဘယ်တော့မှ လျှော့မတွက်စေချင်ဘူး။ မျက်ခြည်မပြတ် ကိုယ်ကိုယ်တိုင် ပြန်စောင့်ကြည့် လေ့လာသုံးသပ်စေချင်တယ်။ တဖက်မှာလည်း စာသိ ဝမ်းစာကို ဖြည့်စေချင်တယ်။ ဒီစာသိ ဝမ်းစာကို ဘဝထဲကို ဆွဲယူလာပြီးတော့ ငါသိနဲ့ပေါင်းပြီးတော့မှ ဗဟုသုတကို ထူထောင်စေချင်တယ်၊ ဗဟုသုတတွေက နောက်တဆင့် သွားမယ့် Wisdom လို့ခေါ်တဲ့ ပညာကို အထောက်အကူပြုလိမ့်မယ်။
ထူးခြားတဲ့ ဖြတ်သန်းမှုတွေကို သူတို့ကိုယ်တိုင် သူတို့ဘဝ အတွေ့အကြုံတွေအဖြစ်နဲ့ ရလိုက်တယ်။ ကိုယ့်ဘဝရဲ့ ဖြတ်သန်းမှုတွေကို ဘယ်တော့မှ လျှော့မတွက်စေချင်ဘူး။ မျက်ခြည်မပြတ် ကိုယ်ကိုယ်တိုင် ပြန်စောင့်ကြည့် လေ့လာသုံးသပ်စေချင်တယ်။ တဖက်မှာလည်း စာသိ ဝမ်းစာကို ဖြည့်စေချင်တယ်။ ဒီစာသိ ဝမ်းစာကို ဘဝထဲကို ဆွဲယူလာပြီးတော့ ငါသိနဲ့ပေါင်းပြီးတော့မှ ဗဟုသုတကို ထူထောင်စေချင်တယ်၊ ဗဟုသုတတွေက နောက်တဆင့် သွားမယ့် Wisdom လို့ခေါ်တဲ့ ပညာကို အထောက်အကူပြုလိမ့်မယ်။ အဲဒီလိုမဟုတ်ရင် ကြက်တူရွေး စာအံသလို စာအံတတ်တဲ့သူ တွေဖြစ်လာပြီးတော့ နိုင်ငံရေးပဲဖြစ်ဖြစ်၊ စီးပွားရေးပဲဖြစ်ဖြစ် အကြောင်းအရာတွေကို နိုင်ငံတကာ စံချိန်စံညွှန်းဆိုလည်း ကရား ရေလွှတ်ရွတ်တတ်တယ်။ ဒါပေမယ့် သူ့ရဲ့ မိသားစုဘဝဖြစ်စေ၊ သူ့ရဲ့လူ့အဖွဲ့အစည်း ဖြစ်စေ၊ သေးသေးလေး အဖွဲ့အစည်းတခုပဲ ဖြစ်ဖြစ် ပြည်နယ်တို့ တစုတနေရာအတွက်ဖြစ်ဖြစ် ပြန်ပြီးတော့ အသုံးမချနိုင်တဲ့ အနေအထားဖြစ်မယ်ဆိုရင်လဲ အဆင်မပြေဘူး။
နောက်တခုက အခုချိန်မှာ အရေးကြီးဆုံးအချက်တခုကို ထောက်ပြချင်တာ ဘာလဲဆိုတော့ လူထုနဲ့ မကင်းကွာစေချင်ဘူး။ များသောအားဖြင့် တဖြည်းဖြည်းနဲ့တော်လှန်ရေးကာလတလျှောက် ခါးသီးမှုတွေဖြစ်လာတဲ့အခါမှာ လူတချို့က Bubble ပူဖောင်းတွေထဲမှာနေတဲ့ အဆင့်ကို ရောက်လာတယ်။ ကိုယ်နဲ့ ဉာဏ်ရည်တူတယ် အတွေးအခေါ်တူတယ်ဆိုတဲ့သူတွေနဲ့ပဲ ဆက်ဆံတယ် ထိတွေ့တယ်၊ သူတို့ဆီက ချီးကျူးမှု ဝေဖန်မှုတွေနဲ့ ကိုယ့်ဘဝမှာ ကျေနပ်သာယာတာမျိုး၊ ဒါမှမဟုတ် ပြုပြင်ယူတာမျိုးလုပ်ပြီး ပူဖောင်းထဲက မထွက်နိုင်ကြတော့ဘဲ သီးခြား ဖြစ်သွားကြတယ်ပေါ့။ အဲဒါကို ကျမက စိုးရိမ်တယ်။ ရေရှည်နိုင်ငံကို ပြန်လည်ထူထောင်မယ်ဆိုရင်ပေါ့။ တနိုင်ငံဖြစ်ချင်ဖြစ်၊ နိုင်ငံတွေအများကြီး ဖြစ်ချင်ဖြစ်သွား ပါလိမ့်စေ။ ဘာပဲဖြစ်နေဖြစ်နေ ဒီဆိုးရွားတဲ့အနေအထားတခုကနေ ကောင်းတဲ့လူ့အဖွဲ့အစည်းတခုကို ပြန်သွားမယ်ဆိုရင် အဲဒီ ပူဖောင်းတွေနဲ့ ရှင်သန်လို့ မရဘူး။ လူထုရဲ့ ခံစားချက်၊ လူထုအများရဲ့ တကယ်လိုချင်နေတဲ့ ဆန္ဒသဘောထားပေါ့ နော် သူတို့ဘယ်လို တွေးနေကြံနေ ရင်ခုန်နေတယ်ဆိုတာကို သိအောင်လုပ်ပြီး ကိုယ်သိတာနဲ့ သူတို့သိတာနဲ့ ခံစားတာနဲ့ကို ချိတ်နိုင်အောင် လုပ်နိုင်တော့မှပဲ လူ့ဘောင်မှာ အရွေ့ကောင်းတွေကိုပဲ ရမယ်ဆိုတာ မမေ့ကြစေချင်ဘူး။ အဲဒီလိုမှမဟုတ်ရင် ကျမတို့က တဖြည်းဖြည်းနဲ့ အချင်းချင်း ကြက်ဖခွပ်သလို ခွပ်လာပြပြီးတော့ Bubble ပူဖောင်း ပေါက်ကွဲသွားတာပဲ အဖတ်တင်တယ်။ လူမှုဘောင်ကြီးက မတိုးတက်ဘဲနဲ့ ကျန်ခဲ့မယ်ဆိုတာကို စိုးရိမ်တယ်။ ဒါပေမယ့် ဒါကို လူငယ်တွေ လုပ်နိုင်မယ်လို့ ယုံကြည်တယ်၊ အဲဒါလေးကို တိုက်တွန်းချင်ပါတယ်၊ အားလည်း ကိုးပါတယ်။
You may also like these stories:
မျက်ရည်နဲ့ ရင်းပြီး စာရေးခဲ့တဲ့ မသီတာနဲ့ စကားစမြည် (Podcast)
“စမ်းချောင်း အင်းစိန် ဟားဗတ်” (သို့မဟုတ်) တကိုယ်တော် လွတ်မြောက်ရေး မှတ်တမ်းဝတ္ထုရှည်
စာပေနိုဘယ်ဆုရတဲ့ “အသား လုံးဝ မစားချင်တဲ့ မိန်းမတယောက်အကြောင်း”
စိတ်ဝင်စားစရာ ကြွယ်ဝသော မြန်မာရုပ်ရှင် ခေတ်သစ်သမိုင်း
နေရီရီ၊ ကျောက်ဖြုံး ကျော်ကြီး နဲ့ အင်္ဂလန်သူ ဒေါ်ခင်ခင်ချော