“ငွေဆောင်သဘောတူညီချက်” ဟု သတင်းထွက်ပေါ်လာသည့်နောက် ဂယက်ရိုက်မှုများ ရှိနေသည်။ ငွေဆောင် သဘောတူညီချက်ဟု ၎င်းတို့ခေါ်ဝေါ်သည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်သူများမှာ ၃၉ ဦးအထိ ရှိသည်။ ငွေဆောင်သဘောတူညီချက်အပေါ် မြန်မာ့အရေး ပြည်တွင်း ပြည်ပ ဝေဖန်မှုများလည်း ရှုထောင့်မျိုးစုံမှ ထွက်ပေါ်လာခဲ့သည်။ ငွေဆောင်သဘောတူညီချက်၏ ရည်ရွယ်ချက်၊ အနာဂတ်တွေးခေါ်ချက်၊ ဦးတည်သည့်လမ်းကြောင်းတို့ကို သိရှိနိုင်ရန် ထို ငွေဆောင်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ၈၈ မျိုးဆက် ကိုမြအေးကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
ဧရာဝတီ ။ ။ မင်္ဂလာပါ ကိုမြအေး။ ကိုမြအေးတို့ ပြည်တွင်းနိုင်ငံရေး အင်အားစုတွေ၊ အထူးသဖြင့်တော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ဝါရင့်နိုင်ငံရေးသမားတွေ ငွေဆောင်မှာ စုပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံရေးဘုံသဘောတူညီချက် ရရှိရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး၊ စစ်ပွဲတွေ ရပ်ဆိုင်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲ အချိန်သတ်မှတ်ရေး၊ နိုင်ငံတကာအကူအညီ ရရှိရေးနဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာ ယန္တရားတွေ ဖော်ဆောင်ရေးတွေအတွက်ကို သဘောတူညီချက်တွေ ရခဲ့တဲ့ဟာပေါ့ဗျာ။
အဲဒါက သတင်းမီဒီယာအပေါ် ရောက်လာတဲ့အခါမှာ သတင်းမီဒီယာနဲ့ ဆိုရှယ်မီဒီယာတွေအပေါ်မှာ ဝေဖန်မှုတွေ တော်တော်များများ တွေ့ရတာပေါ့နော်။ ပြည်ပရောက်နေတဲ့သူတွေဆို လို့ရှိရင် စစ်ကောင်စီအကြိုက် လိုက်လုပ်နေတယ်ဆိုပြီး ပြောတာမျိုးတွေရှိသလိုမျိုး စစ်ကောင်စီ ထောက်ခံတဲ့သူတွေကလည်း ကိုမြအေးတို့ကို အသက်ရန်ရှာတဲ့အထိ ခြိမ်းခြောက်တာမျိုးတွေ တွေ့နေရတာပေါ့၊ ဆိုတော့ ဒီထွက်ပေါ်လာတဲ့ သဘောထား အမျိုးမျိုးတွေအပေါ်မှာ ဘယ်လို သဘောထား တုံ့ပြန်ချင်ပါသလဲခင်ဗျ။
ကိုမြအေး ။ ။ မဟုတ်ဘူးဗျ၊ ကျနော်တို့ ညီအကို မောင်နှမတွေ အားလုံး ဝေဖန်မှုကတော့ ကျနော်က ကြိုဆိုတယ်လေ။ ဒါ ဘယ်လိုခေါ်မလဲဆိုတော့ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့မှ၊ ဟုတ်တယ်ဗျ၊ အများကြီးပေါ့။ သဘောထား အမြင်အမျိုးမျိုး ထွက်လာတာပေါ့။ ဒါကကောင်းတယ်၊ ကျနော်မြင်တာ ကောင်းတယ်။
ဘာလို့လဲဆို ဝေဖန်ရေးဆိုတာ ရှိကိုရှိရမယ်လေ။ ဒါကို ကျနော်တို့က လက်ခံရမယ်။ ဝေဖန်တဲ့ဟာကို ကျနော်တို့ နားထောင်နိုင်စွမ်း ရှိရမယ်။ နားထောင်နိုင်စွမ်း ရှိပြီးတော့မှ ကျနော်တို့ ဘာတွေ ပိုပြီးတော့မှ လုပ်ရင်ကောင်းမယ်၊ ဘာတွေ လိုအပ်ချက်ရှိတယ်ဆိုတာ ဝေဖန်မှုဆိုတာ ဒီမိုကရက်တစ် Culture ပဲလေ။ အဲဒီဟာကို ကျနော်တို့ လက်ခံတယ်၊ အဲဒါနဲ့ပတ်သက်ပြီး ဘာမှ တုံ့ပြန်မှုတွေလည်း လုပ်ဖို့မရှိဘူးဗျ။ တုံ့ပြန်စရာမှ မလိုတာ။ အချင်းချင်းတွေဥစ္စာကို ဘာလို့တုံ့ပြန်ရမလဲ။ ကျနော် မြင်တာလေ။
ဟုတ်၊ တခုပဲရှိတာပေါ့ဗျာ၊ အချက်အလက် တွေမခိုင်မာဘဲနဲ့ ပြောတဲ့အခါ လွဲသွားတာမျိုးတော့ မဖြစ်စေချင်ဘူးပေါ့။ ဒီတခုကလွဲလို့ ကြိုက်တာကို ဝေဖန်တဲ့ဟာတွေက ကောင်းတယ်၊ ဝေဖန်တာပဲဖြစ်ဖြစ်၊ တိုက်ခိုက်တာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီနိုင်ငံတခုကို သွားမယ်ဆိုလို့ရှိရင် ဒီမိုကရက်တစ် Culture ဖြစ်တဲ့အတွက် ဒါကို ကျနော်တို့က ကြိုဆိုရမယ်လို့ ကျနော် မြင်တယ်။ အဲဒီဟာပေါ်မှာ ဘာမှ ပြဿနာ မရှိပါဘူးဗျ။
အခက်အခဲတွေ အများကြီးရှိတယ်ဗျ၊ အခက်အခဲတွေ အများကြီးရှိတယ်။ ကျနော်တို့ ဆိုလိုရင်း သဘောမှာကိုက တကယ်တမ်း ပြောမယ်ဆိုရင် တော်တော်များများက ငွေဆောင်သဘောတူညီချက်လို့ သုံးကြတာပေါ့နော်။ ဒီမှာပါတဲ့လူတွေကိုယ်တိုင်မှာ ကိုယ်စီကိုယ်င တယောက်ချင်း ကိုယ့်ဘာသာကိုယ် ကိုင်စွဲထားတဲ့ သဘောထား တွေရှိတယ်။ တူတာတွေလည်း ရှိတယ်၊ မတူတာတွေလည်းရှိတယ်။ ဒီအကုန်လုံးမှာ ညှိုနှိုင်းဆွေးနွေးချက်ဖြစ်တယ်။ အဲဒါကို နံပါတ် ၁ ပြောချင်တယ်။ ဒါက ကနဦးသဘောတူညီချက်ပဲ ဖြစ်တယ်ဗျ။
မေး ။ ။ ဆိုတော့ ငွေဆောင်သဘောတူညီချက်ထဲကလိုမျိုး မဖြစ်လာဘဲနဲ့၊ ပြောရမယ်ဆိုရင် ၂၀၂၅ ဝင်လာတဲ့ အချိန်မှာလည်း စစ်ပွဲက ပိုပြီးကျယ်ပြန့်လာမယ့် သဘောကို တွေ့နေရတဲ့အခါမှာတော့ ကိုမြအေးတို့ ဘယ်လို ရှေ့ဆက်ဖို့ စီစဉ်ထားလဲဗျ။
ဖြေ ။ ။ အခက်အခဲတွေ အများကြီးရှိတယ်ဗျ၊ အခက်အခဲတွေ အများကြီးရှိတယ်။ ကျနော်တို့ ဆိုလိုရင်း သဘောမှာကိုက တကယ်တမ်း ပြောမယ်ဆိုရင် တော်တော်များများက ငွေဆောင်သဘောတူညီချက်လို့ သုံးကြတာပေါ့နော်။ ဒီမှာပါတဲ့လူတွေကိုယ်တိုင်မှာ ကိုယ်စီကိုယ်င တယောက်ချင်း ကိုယ့်ဘာသာကိုယ် ကိုင်စွဲထားတဲ့ သဘောထား တွေရှိတယ်။ တူတာတွေလည်း ရှိတယ်၊ မတူတာတွေလည်းရှိတယ်။ ဒီအကုန်လုံးမှာ ညှိုနှိုင်းဆွေးနွေးချက်ဖြစ်တယ်။ အဲဒါကို နံပါတ် ၁ ပြောချင်တယ်။ ဒါက ကနဦးသဘောတူညီချက်ပဲ ဖြစ်တယ်ဗျ။
ဒီ ခုနစ်ချက်ပေါ်မှာ အနုစိတ်ရမယ့် အဆင့်တွေ၊ အဆင့်တွေ၊ အဆင့်တွေ၊ ဆွေးနွေးရမယ့် အဆင့်တွေက ကျနော်တို့ အများကြီးကျန်သေးတယ်။ နောက်တခုက ဒါက တရားဝင်ထုတ်ပြန်တဲ့ ကြောညာချက်လည်း မဟုတ်ဘူး။
တချို့က နားလည်နေတာက ငွေဆောင်သဘောတူညီချက်ဆိုတာ ကျနော်တို့ သုံးထားတဲ့အထဲမှာ အဲဒါ တခုမှ မပါဘူးဗျ။ နောက်တခုက Declaration Paper မဟုတ်ဘူး။ ဒါကို အရင်ဦးဆုံး ရှင်းရှင်းလင်းလင်းမြင်ဖို့ လိုတယ်ဗျ။ အခုအဲဒီလိုပဲ ဒီမှာပါတဲ့ အချက်တွေမှာ အားလုံးညှိုနှိုင်းတယ်၊ ဆွေးနွေးတယ်၊ ဒီဟာကို အဆင့်ဆင့်၊ အဆင့်ဆင့် လုပ်လာတဲ့အခါမှာ ကျနော့်ကို အချင်းချင်းကြားမှာ ညှိုနှိုင်းမှုတွေ အများကြီး လုပ်ရတယ်၊ အများကြီး လုပ်ရတယ်။
ကျနော့် ကိုယ်ပိုင်သဘောထားလည်း ရှိသလို တခြားတခြားသော ကျနော်တို့ ညီအကို မောင်နှမတွေလည်း ကိုယ်ပိုင်သဘောထားတွေ ရှိတယ်။ ဒီအပေါ်ကနေ ဖြစ်နိုင်တဲ့ အခြေအနေလေးတွေကို အကုန်လုံး တူနိုင်တဲ့ အခြေအနေလေးကို ဆွဲထုတ်ရတဲ့အခါမှာ အားလုံးနဲ့ သဟဇာတဖြစ်တဲ့ အခြေအနေကို ဖန်တီးယူရတဲ့ အခြေအနေမျိုးကို ဆွဲထုတ်ရတာဖြစ်တယ်။
နောက်တခုက ကျနော် ပြောချင်တာကလေ ပြည်သူလူထုကြီးကို ထုတ်ပြန်လိုက်ပြီးတော့ ဒီလိုမျိုးလုပ်လိုက်တဲ့ ကိစ္စမဟုတ်ဘူးဗျ။ အဲဒါက ဦးစိုင်းညွန့်လွင်ကလည်း ပြောသွားပြီးပြီ ထင်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့မှာ လုပ်တယ်။ အောက်တိုဘာလမှာလုပ်တဲ့ ဂျကာတာ အစည်းအဝေးမှာ တက်ရောက်ပြီးတော့မှ ပြည်တွင်းရဲ့ သဘောထားကို ဆွေးနွေးနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ချက်တခု ဖြစ်တယ်။ ဒါရဲ့ အနုစိတ်နဲ့ ပတ်သက်ပြီးတော့မှ တချက်ချင်းအပေါ်မှာ ကျနော်တို့ ပြန်ဆွေးနွေးရမယ့်ကိစ္စတွေ အများကြီး ရှိသေးတယ်။ ပြောချင်တာက မပြီးသေးဘူးပေါ့ဗျာ။ မပြီးသေးဘူးလို့ ပြောချင်တယ်။ အဲဒီဟာတချက် ပြောချင်တယ်။
စစ်ပွဲတွေ ကျယ်ပြန့်လာမယ်ဆိုတဲ့ကိစ္စကတော့ ဒီပင်ကိုယ်ရဲ့သဘောထား အဲဒီသဘောတူညီချက်တွေပေါ်မှာ ပြန်ကြည့်ပါ။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံကိုပဲ ဦးတည်ရမယ်။ တည့်တည့်ပြောရရင် ဖက်ဒရယ်ဒီမိုကရေစီ Constitution ရေးဆွဲရေးကို ပြောနေတာဖြစ်တယ်။
Transitional Period မှာ Transitional Authority ဖွဲ့စည်းရမယ်ဆိုတာတွေ ပါတယ်။ ဘယ်လို ဖွဲ့စည်းမယ် အနုစိတ်ကိစ္စတွေက အများကြီး ကျန်သေးတယ်ပေါ့။ အဲဒီတော့ တိုင်းပြည်ရဲ့အခြေအနေက တကယ့်ကို ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ကို တည်ဆောက်နိုင်မှ ငြိမ်းချမ်းနိုင်မယ်။ ငြိမ်းချမ်းမှသာ ဒီမိုကရေစီ ရှင်သန်နိုင်မယ်လို့ ကျနော်တို့ မြင်တယ်။
ကျနော်တယောက်တည်း သဘောထား ပြောမယ်ဆို မြင်တယ်၊ မြင်တော့ ဒီအခြေအနေကို ရောက်အောင် ကျနော်တို့ ဘယ်လိုသွားကြမလဲဆိုတဲ့ စဉ်းစားတွေးခေါ်ချက်သာလျှင် ဖြစ်ပါတယ်။ ဒီအခြေအနေ မရောက်မချင်းကတော့ စစ်ပွဲတွေက မုန်တိုင်းထန်နေဦးမယ်လို့ ထင်ပါတယ်။
မေး ။ ။ ဖက်ဒရယ်ကိစ္စကို နောက်ပိုင်းမှာ ဆက်ပြီး ဆွေးနွေးမှာပါ။ ဒီကြားထဲမှာ မေးချင်တာကတော့ ဖက်ဒရယ်ကိစ္စ မသွားခင်မှာကို ဒီနှစ်ထဲမှာ ၂၀၂၅ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီက ကတိကဝတ် ပေးထားတာ ရှိတယ်ဗျ။ တဖက်မှာလည်း ရွေးကောက်ပွဲက အတုအယောင်ဆိုပြီးတော့ သပိတ်မှောက်ကြမယ့် အနေအထားပေါ့ဗျာ။ ဆိုတော့ ဒီရွေးကောက်ပွဲက တကယ်ရော ဖြစ်ပါ့မလားဗျ။ ဒီရွေးကောက်ပွဲအပေါ်မှာ ဘယ်လိုသဘောထားလဲ။
ဖြေ ။ ။ ဒီဟာကို ငွေဆောင်နဲ့ပဲ ပြန်ချိတ်ပြီးပြောရမယ်ဗျ။ ငွေဆောင်မှာ ပါတဲ့လူတွေအကုန်လုံးက Marginalized လုပ်ထားတာ ရှိတယ်ဗျ၊ အခြေခံပေါ့။ အခြေခံက ဘာလဲဆိုတော့ အားလုံးက ၂၀၀၈ (ဖွဲ့စည်းပုံအခြေခံဥပဒေ) အတွင်းက သွားပြီးတော့ ဖြေရှင်းမှုမှန်သမျှဟာ ဘယ်လိုမှ တိုင်းပြည်ရေးက ပြေလည်မှာ မဟုတ်ဘူးဆိုတာ အခြေခံ အကုန်သဘော တူထားကြတယ်။ ဒါကို တချက်သိစေချင်တယ်။
ဆိုလိုချင်တာက ၂၀၀၈ အတွင်းကသွားတဲ့ ရွေးကောက်ပွဲတို့၊ ကျနော်တို့ခေါ်တဲ့ NCA (အပစ်အခတ်ရပ်စဲရေး) လမ်းကြောင်းတို့ ကျနော်တို့ တခြားကိစ္စတွေ အကုန်လုံးက ကျနော်တို့အတွက် အဆင်မပြေနိုင်ဘူးဗျ။
အားလုံး တိုင်းပြည် ပြေလည်မှုကို ရမယ်လို့ မထင်ဘူးလေ၊ ရခဲ့ရင် ကြာပြီပေါ့ဗျာ။ ၂၀၀၈ ကနေ ၁၀ နှစ်တာ၊ အခုဆို ၁၄ နှစ်ရှိပြီ။ ထားပါတော့ ၁၀ နှစ်တာ ကျင့်သုံးခဲ့တာ အားလုံးမြင်တဲ့အတိုင်း၊ တိုင်းပြည်က၊ ပြောချင်တာက ၂၀၀၈ အတွင်းက ဖြေရှင်းဖို့ ကြိုးစားတာက ကြာလိမ့်မယ်။ အဆင်မပြေနိုင်ဘူး။
ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ကိစ္စက ရွေးကောက်ပွဲ ဆိုတာက ဒီမိုကရေစီနိုင်ငံတွေမှာ ဖြတ်သန်းရမယ့် မှတ်တိုင်တခုဖြစ်တယ်၊ ဒါကိုတော့ လက်ခံရမှာပဲ။ သို့သော်လည်း ရွေးကောက်ပွဲလုပ်နိုင်တဲ့ အခြေအနေ ရှိ၊ မရှိနဲ့ ရွေးကောက်ပွဲက ဘယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွင်းက သွားတဲ့ ရွေးကောက်ပွဲလည်းဆိုတာ အရေးကြီးတယ်။
ပြည်သူလူထု လိုချင်တာက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးဖြစ်ရမှာ။ ၂၀၀၈ (ဖွဲ့စည်းပုံအခြေခံဥပဒေ) သည် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် Support ပေးသလား၊ အဲဒါကို ကျနော်တို့ ပြန်ကြည့်လိုက်တဲ့အခါမှာကျတော့ အဆင်မပြေနိုင်ဘူးဗျ။
ဥပမာ ကျနော် ခဏခဏ ထောက်ပြတယ်၊ ပြည်နယ်သစ်တွေ ဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်နဲ့ ပတ်သက်ပြီး ဘာပြဋ္ဌာန်းချက်မှ မရှိဘူး။ လတ်တလော နိုင်ငံရေးအခြေအနေက ပြည်နယ်သစ်တွေက မဖြစ်မနေ စဉ်းစားရမယ့်အခြေအနေ၊ ဖွဲ့စည်းမှု စဉ်းစားရမယ့်အခြေအနေအထိ ရောက်သွားပြီ။ ဒါကတချက်။
နောက်တချက်က တကယ့် ဖက်ဒရယ်စနစ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ ဆိုလို့ရှိရင် ဒီတိုင်းရင်းသားတွေ အားလုံးနဲ့ ညှိနှိုင်းဆွေးနွေးမှုကြီးတခုအတွက် ဖက်ဒရယ် Constitution တရပ်ကို မသွားဘဲနဲ့ ဒီလိုလမ်းကြောင်းကြီးကို စွတ်တင်လိုက်လို့ အဆင်ပြေနိုင်မလားဆိုရင် ဒုံရင်းကဒုံရင်း ဖြစ်မယ်၊ အခြေအနေ မကောင်းရင် ပိုဆိုးသွားနိုင်တယ်။
နောက်တချက်က တကယ့် ဖက်ဒရယ်စနစ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ ဆိုလို့ရှိရင် ဒီတိုင်းရင်းသားတွေ အားလုံးနဲ့ ညှိနှိုင်းဆွေးနွေးမှုကြီးတခုအတွက် ဖက်ဒရယ် Constitution တရပ်ကို မသွားဘဲနဲ့ ဒီလိုလမ်းကြောင်းကြီးကို စွတ်တင်လိုက်လို့ အဆင်ပြေနိုင်မလားဆိုရင် ဒုံရင်းကဒုံရင်း ဖြစ်မယ်၊ အခြေအနေ မကောင်းရင် ပိုဆိုးသွားနိုင်တယ်။
ဒါက ကျနော်တယောက်တည်းရဲ့ သုံးသပ်ချက် မဟုတ်ဘူး။ နိုင်ငံတကာပညာရှင်တွေလည် အဲဒီလိုပြောတယ်။ ဒီအပေါ်မှာ ကျနော်တို့အနေနဲ့ကတော့ ရွေးကောက်ပွဲလုပ်ဖို့ အခြေအနေဟာ ဒါက နံပါတ် ၂ အချက်ပေါ့။
နောက်တချက်က ဘာလဲဆိုတော့ ပြည်တွင်းအခြေအနေကို ပြန်ကြည့်ရင် ရွေးကောက်ပွဲလုပ်မယ့် နေရာဒေသ အနေအထားက တော်တော်ကျဉ်းမြောင်းတယ်။ လူထုရဲ့ စိတ်ဝင်စားမှု လျော့နည်းတယ်။ အဲဒီ အခြေအနေကြီးမှာ ရွေးကောက်ပွဲလုပ်လိုက်ရင် ပြဿနာတွေ ပိုဆိုးလာမှာ ကျနော်တို့ စိုးရိမ်လို့ ပြောတယ်။ ကျနော် စိုးရိမ်တယ်။
အဲဒီအခြေအနေမျိုးမှာ လက်တွေ့မြေပြင်အရ လုပ်ဖို့ကတော့ဗျာ တကယ် ယျထာဘူတကျကျ စဉ်းစားရင် အရမ်း ခက်ခဲပါလိမ့်မယ်။ အဆင်မပြေနိုင်ဘူးထင်တယ်။ သို့သော် မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုရင် ကျနော်လည်း မပြောတတ်ဘူး။
မေး ။ ။ ကိုမြအေး၊ ငွေဆောင်သဘောတူညီချက်မှာ တချက်အပါအဝင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးပေါ့နော်၊ အဲဒါကရော ဘယ်လောက်အထိ အရေးပါလဲဗျ။ တော်တော်များများက ကျနော်တို့ ကြည့်ရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိစ္စကို နိုင်ငံတကာ အစိုးရတွေ ကိုယ်တိုင်ကိုက အသံတိတ်နေကြပြီးတော့ အာဆီယံကို ကြည့်မယ်ဆိုလည်း စင်ကာပူနိုင်ငံ တနိုင်ငံတည်းပဲ နာမည်တပ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးပါလို့ ပြောတာကိုတွေ့ရတာဆိုတော့ အဲဒီအပေါ်မှာရော ကိုမြအေး ဘယ်လို သုံးသပ်ချင်လဲဗျ။
ဖြေ ။ ။ အဲဒါ ဟုတ်တယ်ဗျ။ တကယ်တမ်း ပြောရမယ်ဆိုရင် ဒါက Basic Line ပဲဗျ၊ ကျနော် မြင်တာလေ။ ဒါတကယ့် တိုင်းပြည်တခုရဲ့ အနာဂတ် ပြေလည်ရေး ရှေးရှုပြီးသွားမယ်ဆိုရင် အခြေခံကျဆုံး အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့လိုတယ်။
ဒါကြောင့် ကျနော်တို့ အချက်ထဲမှာ လွှတ်ပေးပြီးမှ ကျန်တဲ့ Process ကို ဆက်သွားဖို့ ပြောထားတာရှိတယ်ပေါ့ဗျာ။ အဲဒီတော့ ဒီဟာကြီးက မှန်ပါတယ်၊ နိုင်ငံတကာကရော ပြည်တွင်းကရော တောင်းဆိုမှုမှာ လျော့ပါးလာတာကို ကျနော်မြင်တယ်။
အကြိမ်ကြိမ် ပြောခဲ့ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ သဘောထားတူတာတွေရှိမယ်၊ ကွဲတာတွေရှိမယ်၊ အဲဒါ ပြဿနာမဟုတ်ဘူး၊ နိုင်ငံရေးရဲ့ သဘာဝလေ။ သို့သော်လည်းပဲ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုကြီးက အများစုက လက်ခံထားတယ်ဆိုတဲ့ အချက်က တိုင်းပြည်အတွက် အသုံးပြုမယ်ဆိုရင် ဒါက နိုင်ငံတော်ရဲ့ ပါဝါတခုဖြစ်တယ်ဗျ။
တချို့တချို့ ပြဿနာတွေမှာ ကျနော်တို့ အလုံး ၁ သန်းလောက်ပြော၊ ဒေါ်အောင်ဆန်းစုကြည် ၁ လုံးပြော၊ မတူဘူးဗျ။ လူထုနားလည် လက်ခံနိုင်စွမ်းကလေ။
ဒီအခြေအနေတွေရှိတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်အပေါ်မှာ အသုံးဝင်မှု တန်ဖိုးတွေကို ထည့်သွင်း စဉ်းစားသင့်တယ်လို့ မြင်တယ်၊ ကျနော်တို့နဲ့ သဘောထားတူတာ ရှိမယ်နော်၊ ကွဲတာရှိမယ်နော်၊ ကျနော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဟုတ်ဘူး။
ဒါပေမယ့် အားလုံး အားလုံးဟာ သူ့နေရာနဲ့သူ တန်ဖိုးရှိနေတဲ့ဟာကို ကျနော်တို့က နောက်တချက်က ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ရှိတော့မယ်ဆိုတော့ ရှိနေစဉ်ကာလမှာ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေကနေ လွတ်မြောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ အလွန်အရေးကြီးတယ်လို့ ကျနော်ကတော့ မြင်တယ်။
အဲဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ပြောခြင်းဖြစ်ပါတယ်ခင်ဗျ။ နိုင်ငံတကာကလည်း ကျနော်တို့ တွေ့သလောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး တောင်းဆိုမှုတွေ နည်းပါးတယ်ဆိုပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက်က ဘယ်သူမှ မျက်ခြည်ပြတ် မသွားပါဘူး။
မေး ။ ။ ခုနက ကျနော်ပြောချင်တဲ့ ဖက်ဒရယ်မေးခွန်း ရောက်လာပါပြီဗျ။ အခုဆိုရင် ကျနော်တို့ တွေ့နေရတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်းရေးအဖွဲ့ရဲ့ အနေအထားက ပိုပြီးတော့ အရေးပါပါလာပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုကို Button Up ကနေ အောက်ခြေကနေ စတင်တည်ထောင်မယ်ဆိုပြီးတော့ ပြောလာတာတွေ တွေ့ရတယ်။ တဖက်မှာလည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ဒီမိုကရေစီကို အခြေခံရမယ်ဆိုတဲ့ အမြင်အယူအဆတွေ ရှိနေတဲ့အခါကျတော့ မေးခွန်းက ဖက်ဒရယ်တည်ဆောက်ရေးနဲ့ ဒီမိုကရေစီအရေး ဘယ်ဟာက ပိုအရေးကြီးတယ်လို့ ကိုမြအေး ပြောနိုင်မလဲဗျ။
ဖြေ ။ ။ အဲဒါက State Building, Nation Building ကိစ္စက တကယ်တမ်း ပြောမယ်ဆို ကောင်းတဲ့ Plan, တခုတော့ရှိတာပေါ့ဗျာ၊ ကျနော်တို့ ခပ်ငယ်ငယ်က လေ့လာခဲ့ရတဲ့ အဲဒီကာလ ကမ္ဘာ့သမိုင်းရှိတယ်။ ဥပမာ ဆိုဗီယက်ပြည်ထောင်စုကလည်း ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ဖြစ်တယ်။ ဒါ ကျနော်တို့ စတာလင် မူ၊ လီနင် မူဆိုပြီး ရှိခဲ့ကြတယ်လေ၊ အဲဒီကာလကလေ။
ဒါပေမယ့် အားနဲ့ဖိထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးက နောက်ဆုံးမှာကျတော့ တစစီ ပြိုကွဲသွားရတာ ကမ္ဘာ့သမိုင်းမှာ အထင်အရှားရှိတယ်။ အလားတူပဲ၊ ယူဂိုစလားဗီးယား ပြန်ကြည့်လည်း အဲဒီလို မြင်ရလိမ့်မယ်။
ကျနော်တို့ အခုဒီမှာ အားလုံးပြောနေတဲ့၊ တောင်းဆိုနေတဲ့ဟာက ဖက်ဒရယ်တခုတည်း မဟုတ်ဘူးဗျ။ ဒီမိုကရေစီ နှုန်းစံ တန်ဖိုးတွေ ပြည့်ဝတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ပြောနေကြတာ။ အဲဒီတော့ ဒါကြောင့်မို့ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းပေါ်မှာ ပြောတာ။
အဲဒီတော့ ဘယ်ဟာက ပိုအရေးကြီးတယ် ဆိုတာထက် နှစ်ခုလုံးက တွဲသွားရမှာပဲ၊ နောက်တချက်က နိုင်ငံရဲ့ တည်ရှိမှုအနေအထား ပထဝီနိုင်ငံရေးအခြေအနေအရ တနိုင်ငံလုံးမှာ တဒေသကို စနစ်တမျိုးနဲ့တော့သွားလို့ အဆင်မပြေလောက်ဘူးလို့ မြင်တယ်။
ပြည်ထောင်စုတခုလုံးကို လွှမ်းခြုံနိုင်တဲ့ Democratic Value တွေကတော့ ရှိရမယ်လို့မြင်ပါတယ်။ တခုတော့ သတိပြုရမယ်၊ ဘယ်ဟာမှ ကျနော်တို့ အစွန်းရောက်လို့ မရဘူးလို့ ကျနော်မြင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ဝန်ကြီးချုပ် ဦးနု လက်ထက်ပေါ့လေ၊ ဖဆပလ အစိုးရခေတ်မှာလောက် ဗမာ့နိုင်ငံရေးသမိုင်းမှာ ဒီမိုကရေစီထွန်းကားခဲ့တာ မရှိဘူး။ ဒါပေမယ့် အဲဒီကာလတွေမှာလဲ ဖက်ဒရယ်ရေးဆိုင်ရာ ကြိုးပမ်းချက်တွေ ပေါ်ထွက်လာပြီးတော့ နောက်ဆုံး ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ် ဖြစ်ခဲ့ရတယ်ဆိုတာ အကုန်လုံးအသိပါပဲ။
ပြောချင်တာက ဒီမိုကရေစီချည်းသက်သက် သွားလို့တော့ အဆင်မပြေလောက်ဘူးဗျ။ အဲဒါဆိုရင် တလွဲကောက်ယူမှုတွေက ဘာဖြစ်မလဲဆိုတော့ လူအများစုကြီးက လူနည်းစုအပေါ်မှာ လွှမ်းမိုးတယ်ဆိုတဲ့ အယူအဆတွေက ဖြစ်လိမ့်မယ်။
အရင်ဦးဆုံး ကျနော်တို့က found of State ကို ပြန်စဉ်းစားရတော့မလို ဖြစ်နေပြီ၊ found of State ဆိုတာ ဘယ်လိုပြည်နယ်တွေနဲ့ ပြည်ထောင်စုကို ဖွဲ့စည်းမလဲ၊ ဘယ်လို နှုန်းစံတွေ ထည့်မလဲဆိုတာ ကျနော်တို့ အရေးကြီးတယ်လို့ မြင်ပါတယ်ခင်ဗျ။
ကျနော်တို့ လိုချင်တာကတော့ဗျာ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရမယ်၊ ဒီမိုကရေစီ ရှင်သန်ထွန်းကားတဲ့ ပြည်ထောင်စု ဖြစ်ရမယ်။ ဒါမှ ပြည်သူလူထု သာမန်အရပ်သားတွေရဲ့ အသံကို ထင်ဟပ်တဲ့ ပြည်ထောင်စု ဖြစ်လာမှာပေါ့ဗျာ။ ဒါက ကျနော်တို့ရဲ့ ရည်မှန်းချက်ပဲ။
ကျနော်တို့ လိုချင်တာကတော့ဗျာ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရမယ်၊ ဒီမိုကရေစီ ရှင်သန်ထွန်းကားတဲ့ ပြည်ထောင်စု ဖြစ်ရမယ်။ ဒါမှ ပြည်သူလူထု သာမန်အရပ်သားတွေရဲ့ အသံကို ထင်ဟပ်တဲ့ ပြည်ထောင်စု ဖြစ်လာမှာပေါ့ဗျာ။ ဒါက ကျနော်တို့ရဲ့ ရည်မှန်းချက်ပဲ။
ဒါကြောင့် ကျနော်တို့ ဖက်ဒရယ်ဒီမိုကရေစီလို့ ပြောတာ။ ကျနော်တို့ လုပ်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် အင်အားစုကိုလည်း ကျနော်တို့ လုပ်ခဲ့တဲ့အခါ ရှင်းရှင်းလင်းလင်းပဲ ပြောတယ်။ ဒီနိုင်ငံဟာ ဖက်ဒရယ်သည် အရေးကြီး လိုအပ်ချက်ဖြစ်ပါသည်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှသာလျှင် နိုင်ငံ ငြိမ်းချမ်းမှုရလိမ့်မယ်။
အဲဒါကို ဘာလို့ပြောလဲဆိုတော့ စောစောကပြောတဲ့ ဖဆပလ ခေတ်က သင်ခန်းစာယူပြီး ကျနော်တို့ပြောတာ၊ ဒီလို ငြိမ်းချမ်းမှသာလျှင် ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီစံနှုန်းတွေ၊ လူ့အခွင့်အရေးစံနှုန်းတွေ ရှင်သန်လာလိမ့်လို့ မြင်တယ်။
ဒါကြောင့်မို့ ကျနော်တို့ ဖက်ဒရယ်ဒီမိုကရက်တစ် အင်အားစုဆိုပြီး ခံယူခဲ့တယ်။ ၂၀၁၆ ခုနှစ်က ကျနော်တို့ ပြောခဲ့တယ်။ အခုလည်း အဲဒီအတိုင်းပဲ ရပ်တည်ပါတယ်၊ ဒီနေရာမှာတော့ ဖက်ဒရယ်ပဲ အရေးကြီးတယ်၊ ဒီမိုကရေစီပဲ အရေးကြီးတယ် ဆိုတာတော့ ကျနော်တို့ အငြင်းပွားရမယ့်ကိစ္စ မဟုတ်ဘူးလို့ ထင်တယ်၊ ခေါင်းနဲ့ပန်းပါ။ နောက်တခု ကျနော် အဓိက ပြောချင်တာက ဒီနိုင်ငံမှာ ဒေသဆိုင်ရာမှာ တမျိုးမူနဲ့ တမျိူးမူနဲ့ တမျိုးပုံစံ ဖြစ်မယ်။
အကယ်၍ ကျနော်တို့က အမျိုးသားအင်အားစုကို အားလုံးညီညီမျှမျှနဲ့ သဟဇာတ ဖြစ်အောင် မဖန်တီးနိုင်ဘူးဆိုရင် အိမ်နီးချင်းနိုင်ငံတွေ၊ ထိုင်းနဲ့နီးရင် ထိုင်း မိုဒယ်လ်၊ အိန္ဒိယနဲ့နီးရင် အိန္ဒိယ မိုဒယ်လ်၊ တရုတ်နဲ့ နီးရင် တရုတ် မိုဒယ်လ် ဖြစ်မယ်ဆိုပြီး ပြည်ထောင်စုရဲ့သရုပ်သကန် လက္ခဏာအမှန်က လျော့နည်းသွားလိမ့်မယ်လို့ ကျနော် မြင်ပါတယ်ဗျ။
မေး ။ ။ မေးခွန်းတွေက ကုန်ပါပြီ။ ကိုမြအေးအနေနဲ့ ထပ်ပြီးတော့ ဖြည့်စွက်ပြီးတော့ ပြောစရာရှိတယ်ဆိုရင် ပြောပါဦးခင်ဗျ။
ဖြေ ။ ။ ကျနော် ရီဗျူး လုပ်ပါတယ်။ ပထမမေးခွန်း ကောက်ပြီး ပြန်ပြောရရင် ဝေဖန်မှုတွေ၊ သုံးသပ်မှုတွေ ကျနော် ကြိုဆိုတယ်။ တခါတလေ ကျနော်တို့ ကိုယ့်ဘာသာလုပ်ပြီး ကိုယ့်အမှားတွေကျတော့ ကိုယ့်ဘာသာကိုယ် မမြင်တော့ဘူးဗျ၊ ဒါရှိတာပေါ့။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာကနေပြီး ပြောချင်တာက ကျနော်တို့ တတိုင်းပြည်လုံးမှာရှိတဲ့၊ ပြည်ပနိုင်ငံတွေမှာရှိတဲ့ ကျနော်တို့ ညီအကို မောင်နှမတွေအားလုံး ဘက်တူသည်ဖြစ်စေ၊ ဘက်ကွဲသည်ဖြစ်စေ၊ ဝေဖန်မှုတွေ အကုန်လုံးကိုတော့ ကျနော် Welcome ပါ၊ ကြိုဆိုတယ်။
ကျနော်တို့နဲ့ အမြင်မတူညီမှုတွေ ပြောပါ။ အဲဒါ ပြဿနာ မဟုတ်ပါဘူး၊ ဒါပေမယ့် တခုရှိတာက အားလုံးသည် ရည်မှန်းချက်ပန်းတိုင်တခုတည်း သွားနေတဲ့အခါမှာ ကျနော်တို့ အချင်းချင်းကြားမှာ Debate တွေ ရှိမယ်၊ ဆွေးနွေးမှုတွေ ရှိမယ်၊ ညှိုနှိုင်းမှုတွေ ရှိမယ်၊ ငြင်းဆိုမှုတွေ ရှိမယ်၊ ငြင်းခုံရတာတွေ ရှိလိမ့်မယ်။
ကျနော်တို့နဲ့ အမြင်မတူညီမှုတွေ ပြောပါ။ အဲဒါ ပြဿနာ မဟုတ်ပါဘူး၊ ဒါပေမယ့် တခုရှိတာက အားလုံးသည် ရည်မှန်းချက်ပန်းတိုင်တခုတည်း သွားနေတဲ့အခါမှာ ကျနော်တို့ အချင်းချင်းကြားမှာ Debate တွေ ရှိမယ်၊ ဆွေးနွေးမှုတွေ ရှိမယ်၊ ညှိုနှိုင်းမှုတွေ ရှိမယ်၊ ငြင်းဆိုမှုတွေ ရှိမယ်၊ ငြင်းခုံရတာတွေ ရှိလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် အားလုံးက လမ်းတလမ်းမှာပဲ လျှောက်တဲ့သူတွေဖြစ်တဲ့အတွက် ကျနော်တို့ တချိန် ပြန်ဆုံကြမှာပါ။ အဲဒီတချက် ကျနော်ပြောချင်ပါတယ်။
နောက်တခုက နိုင်ငံရေးမှာ ငါနဲ့မတူဘူးပေါ့ဗျာ၊ ဒီလူ့ကို Isolate လုပ်ပစ်လိုက်မယ်ဆိုတဲ့ အတွေးအခေါ်မျိုး၊ ဒေါ်အောင်ဆန်းစုကြည်ကိုပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် မလုပ်သင့်ဘူးလို့ ကျနော် ထင်တယ်၊ မြင်တယ်။ ကျနော်ရဲ့အမြင်ကို ပြောတာပါ။
အဲဒီတော့ ပြောချင်တာက ဒီနေ့ တိုင်းပြည်ရဲ့ အခြေအနေက ကျနော်တို့ လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင် လျှောက်တဲ့အခါမှာ ကျနော်တို့ လမ်းကြောင်းတွေ အများကြီး ရှိလိမ့်မယ်။ လမ်းကြောင်းတွေ တူတာတွေရှိမယ်၊ လမ်းကြောင်းတွေ မတူနိုင်တာတွေ ရှိမယ်။ မတူညီမှုတဲ့အပေါ်မှာပဲ စုစည်းနိုင်ရင် ကျနော်တို့ အင်အားဖြစ်ပါတယ်လို့ပဲ ပြောချင်ပါတယ်၊ ဒီလောက်ပါပဲ။
You may also like these stories:
ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ
NCA သက်သေထားပြီး ကိုမြအေး ကိုယ်တိုင် ထုချေထွက်ဆို
ဒီနိုင်ငံရေးအခြေအနေကြီးက ပဋိပက္ခတွေ အရမ်းများတယ်
“တဆင့်မြင့်တဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေ ရှိလာတယ်”
နိုင်ငံတကာဖိအား လျော့ကျဖို့ အကျဉ်းသားများ လွှတ်ခြင်းဟု ဝေဖန်မှုများရှိနေ