• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

စူပါပါဝါ နိုင်ငံကြီးက အားနည်းသူအပေါ် အခြေအမြစ်မရှိ စွပ်စွဲတာ ရှက်စရာ

by ဧရာဝတီ
6 May 2025
in အင်တာဗျူး
A A
စူပါပါဝါ နိုင်ငံကြီးက အားနည်းသူအပေါ် အခြေအမြစ်မရှိ စွပ်စွဲတာ ရှက်စရာ
4.3k
VIEWS
Share on FacebookShare on Twitter

အမေရိကန်နိုင်ငံသားများအား အွန်လိုင်းငွေလိမ်မှု ပြုလုပ်နေသဖြင့် နယ်ခြားစောင့်တပ်( BGF)မှ ဗိုလ်မှူးကြီး စောချစ်သူ (ယခု ကရင်အမျိုးသားတပ်မတော် – KNA) နှင့် သားနှစ်ဦးဖြစ်သည့် စောထူးအယ်မူး ၊ စောချစ်ချစ်တို့ကို အမေရိကန် ဘဏ္ဍာရေးဌာန နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က ပိတ်ဆို့အရေးယူလိုက်ကြောင်း မေလ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

BGF ထိန်းချုပ်ရာ မြဝတီမြို့နယ်အတွင်း ဆိုက်ဘာလိမ်လည်မှုလုပ်ငန်း အများအပြား ရှိနေသလို ရာဇဝတ်မှုများနှင့် အကျိုးအမြတ်များစွာကို မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟုလည်း ဆိုထားသည်။

RelatedPosts

နိုင်ငံတကာက ရှုတ်ချတာကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူးလား (ရုပ်/သံ)

နိုင်ငံတကာက ရှုတ်ချတာကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူးလား (ရုပ်/သံ)

16 May 2025
19
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
901
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
1.9k

တရုတ်မင်းသား လူကုန်ကူးခံရသည့် ဖြစ်စဉ်အပြီး ရွှေကုက္ကိုလ်၊ မြဝတီ၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင် စသည့် ဒေသ တို့ရှိ ကျားဖြန့်များကို ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ကျားဖြန့် အထူးနှိမ်နင်းရေးအဖွဲ့ဖွဲ့ကာ နိုင်ငံခြားသား ၈၅၀၀ ကျော် ရှာဖွေဖော်ထုတ်ပြီး နေရပ်ပြန်ပို့ရေးလုပ်ဆောင်နေသည့်ကာလ ယခုလို အရေးယူ ပိတ်ဆို့မှုနှင့် ထပ်မံ ကြုံလာရခြင်းဖြစ် သည်။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ် BGF ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့ သား ၂ ယောက်ကို အမေရိကန်အစိုးရက အရေးယူ ပိတ်ဆို့မှုအပေါ် ဘာပြောချင်ပါသလဲ။

ဖြေ ။ ။ သိပ်ပြီးတော့ မဆန်းတော့သလိုပဲ။ ဘာကြောင့်ဆိုတော့ သူတို့ စိတ်အခန့်မသင့်ရင် ဟိုဟာပိတ်မယ် ၊ ဒီဟာ ပိတ်မယ် လုပ်နေကျလေ၊ ကျနော်တို့ အထက်အကြီးအကဲရယ် သားနှစ်ယောက်ရယ် ဒီ ၃ ယောက်ထဲပဲ ရွေးပြီး Sanction လုပ်တာတော့ အံ့သြစရာပဲ။

နောက်ပြီးတော့ ဒီဆိုက်ဘာနဲ့ပတ်သက်လို့ ကမ္ဘာပေါ်မှာရော ဒီမှာပါ ဒီတနေရာထဲပဲ လုပ်နေတာလား မမြင်တာလား၊ မမြင်ချင်ယောင်ဆောင်နေတာလား အများကြီး မေးခွန်းထုတ်စရာ ရှိတာပေါ့၊ အလုပ်တခုလုပ်တာက ရှင်းရှင်းပြောရရင် အကုန်လုံးကို မြင်တတ်ဖို့လိုတာပေါ့။ ပုဂ္ဂိုလ်ရေးအရ ဖိအားပေးထိုးနှက်ချက်လို့ပဲ သုံးသပ်ပါတယ်။

မေး ။ ။ အခု အရေးယူ ပိတ်ဆို့ရာမှာ လူမှောင်ခိုကိစ္စတွေပါ ပြောဆိုထားတာရော ဘာများ ပြောချင်လဲ။

ဖြေ ။ ။ အဲဒါကတော့ ရှင်းရှင်းပြောရရင် ဒုတိယမြောက် အခြေအမြစ်မရှိ စွပ်စွဲချက်ကို တုံ့ပြန်ချင်တယ်။ လူမှောင်ခို ကုန်ကူးရလောက်တဲ့အထိ ကျနော်တို့တပ်ဖွဲ့တွေက မငတ်နေပါဘူးနော်။ အရင်တခေါက်လည်း ပြောဖူးတယ်။ လူမှောင်ခို ကုန်ကူးရလောက်တဲ့ အနေအထားထိ ကျနော်တို့ မနိမ့်ကျသေးပါဘူး။ ရှင်းရှင်းပြောရရင် စူပါပါဝါ နိုင်ငံကြီးတနိုင်ငံ ဖြစ်ပြီး တော့ အားနည်းတဲ့သူတွေအပေါ် အခြေအမြစ်မရှိ စွပ်စွဲတာကတော့ ရှက်စရာကောင်းပါတယ်။ ဒါလည်း သူတို့ပြန် သုံးသပ်သင့်တာပေါ့။

ကရင်နယ်ခြားစောင့်တပ် BGF ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်/ The Nation

မေး ။ ။ ဒီကျားဖြန့်ကနေ BGF က ဒေါ်လာ ဘီလီယံချီ အကျိုးအမြတ်ရနေတယ်လို့ ပြောထားတာရှိတယ်၊ ဒါနဲ့ ပတ်သက်လို့ ဘယ်လိုဖြေရှင်းချင်ပါလဲ။

ဖြေ ။ ။ ဒီ စွပ်စွဲချက်ကို ပြန်သုံးသပ်ရမယ်ဆိုရင် ဒီကျားဖြန့် လုပ်ငန်းမှာ ကျနော်တို့က ရှယ်ယာထည့်ဝင်ထား ခြင်းမရှိ သလို ဘယ်လောက်ရာခိုင်နှုန်းပေးပါဆိုပြီးလည်း မတောင်းဘူး။ ကျနော်တို့ဒေသကို နံပါတ် ၁ ဘယ်နိုင်ငံကမှ ဘယ်သူ တဦးတယောက်ကမှ စေတနာရှိရှိနဲ့ ဖွံ့ဖြိုးတိုးတက်အောင် လာမလုပ်ပေးခဲ့ဘူး။ ဒေသတိုးတက်စေချင်တဲ့ဆန္ဒနဲ့ မြေငှား စနစ်နဲ့ လုပ်ခဲ့တာပဲရှိတယ်။ သူတို့စွပ်စွဲထားတဲ့ အကျိုးအမြတ် အများကြီးရတဲ့ဟာက လုံးဝမဟုတ်ပါဘူး။

မေး ။ ။ BGF အနေနဲ့ စွပ်စွဲမှုတွေကို ငြင်းဆန်ပေမယ့်လည်း မကြာခဏ အရေးယူပိတ်ဆို့မှုတွေကြုံနေရတာကရော ဘယ်လိုကြောင့်လို့ ထင်လဲ။

ဖြေ ။ ။ ဒါကတော့ ရှင်းရှင်းပြောရရင် လုပ်ရလို့ လုပ်တာ။ လူတယောက်ကို မုန်းတာနဲ့ ဒီလူတယောက် ကောင်း ကောင်းမွန်မွန် နေထိုင်လုပ်ကိုင်နေပါလျက် ဒီလူတယောက်ကို ဘာတွေလုပ်ကိုင်နေလဲဆိုတာ မြင်အောင် မကြည်ဘူး။

အမှန်တရားအတိုင်း ရှာဖွေဖော်ထုတ်တတ်ဖို့ လိုတယ်။ ဒီလူတယောက်သည် ဒီဒေသအတွက် ဘယ်လောက်ထိ အပင်ပန်းခံလုပ်တာကို မမြင်ဘဲနဲ့ စွပ်စွဲချင်ရာ စွပ်စွဲပြောဆိုနေတာက စိတ်သဘောထား သေးသိမ်လွန်းရာ ကျတယ်ဗျာ။ အင်အားကြီးနိုင်ငံတွေက ဒီလိုမျိုးပြောလာတဲ့အခါ ကျနော်တို့ကလည်း ရင်ထဲရှိတဲ့စကားလေးပဲ ပြောခွင့်ပဲရှိမှာလေ။ ကျနော်တို့က ဒီလိုရှိပါတယ်ဆိုပြီး ရှင်းပြခွင့်မှ မရှိတာကိုး။

မေး ။ ။ BGF က ကျားဖြန့် အထူးနှိမ်နင်းရေးအဖွဲ့ ဖွဲ့ပြီး နိုင်ငံခြားသားတွေ နေရပ်ပြန်ပို့နေတဲ့ ကာလအတွင်းမှာပဲ အခုဆို အရေးယူမှု ထပ်ကြုံလာရပြန်တော့ ဘယ်လို ရှေ့ဆက်လုပ်ဆောင်သွားဖို့ရှိပါသလဲ။

ဖြေ ။ ။ ပြီးခဲ့တဲ့လက ကိန်းဂဏန်းနဲ့ အခုလ ကိန်းဂဏန်းကို ကြည့်လိုက်ရင် သိပါတယ်။ ပြီးခဲ့တဲ့လက ၇၁၄၁ ဦး ရှိတယ်။ အခု လက်ရှိအခြေအနေမှာ ၈၅၇၅ ဦး ဒါက ရှေ့ကိုလည်း အဲဒီလို တက်လာဦးမှာ။ နေရပ်ပြန်ပို့နေတာ တောက် လျောက်လုပ်နေတယ်။ ရပ်သွားခြင်း လုံးဝမရှိဘူး။ ဆက်လုပ်သွားမှာပဲ။

ဒီနေ့မှာဆိုရင် ထိုင်ဝမ်၊ သီရိလင်္ကာ၊ နီပေါ၊ အီသီယိုးပီးယား နိုင်ငံသား ၁၁၂ ဦး လွှဲပြောင်းပေးလိုက်တယ် ။ ၁၃ ရက်နေ့မှာ လည်း လွှဲဦးမှာ။ တောက်လျောက်အလုပ်တွေ လုပ်နေပေမယ့်လည်း ဘယ်လိုပြောမလဲ၊ ဖြစ်ပေါ်လာတဲ့အရာတွေက စိတ်မကောင်းစရာ။ ဒါပေမယ့် ပြဿနာ မရှိပါဘူး။ ကျနော်တို့ကတော့ လုပ်စရာရှိတာ လုပ်မှာပဲလေ။

ဗိုလ်မှူးကြီး စောချစ်သူ၏ သားနှစ်ဦးဖြစ်သည့် စောချစ်ချစ် (ဝဲ)နှင့် စောထူးအယ်မူး(ယာ)

တခုတော့ ရှိတယ်၊ ဒီကျားဖြန့်လုပ်ငန်းသည် ဒီနေရာတခုတည်း မဟုတ်ဘူး။ တကမာ္ဘလုံး နေရာအတော်များများမှာ ရှိ တယ်။ ဘာကြောင့် ဒီနေရာတခုတည်းကိုပဲ ဘာအငြိုးတရားနဲ့ လာ လက်ညိုးထိုးနေရတာလဲလို့။ နောက်ပြီး ဒီလိုမျိုး တိုက်ဖျက်ရေးပုံစံမျိုးရော ဘယ်သူက လုပ်နေလဲ။ ဘယ်သူမှ မလုပ်ဘူးဗျာ ကျနော်ပြောတာ ။ ကျနော်တို့က လုပ်ပြနေ တယ်။ ဟန်ဆောင်ပြီး လုပ်ပြတာလည်း မရှိဘူး ။ တကယ်စိတ်ရော ကိုယ်ရော လုပ်ပြတာ။ အဲဒီအပေါ်မှာ မှ အပြုသဘော ဆောင်တဲ့ အသိအမှတ်ပြုမှုမျိုး မဟုတ်ဘဲနဲ့ ဖိအားကြီးပဲ တောက်လျောက်လာနေတော့ ကျနော်တို့က မတတ်နိုင်ဘူး ပေါ့လေ၊ ခံရမှာပဲ။

မေး ။ ။ နောက်ပိုင်းပြောဆိုစွပ်စွဲမှုတွေမှာ BGF အနေနဲ့မဟုတ်တော့ဘဲ ပြောင်းလဲဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့ KNA ( Karen National Army ) အမည်နဲ့ပါ ပါလာတယ်။ ဒီအပေါ်ကိုရော ဘယ်လိုခံစားရပါသလဲ။

ဖြေ ။ ။ ခံစားချက်အရပြောရမယ်ဆိုရင်တော့ မကောင်းဘူးပေါ့ ။ BGF ကနေပြီးတော့မှ KNA အဖြစ် တရားဝင်ကူး ပြောင်းဖို့ကတော့ အချိန်တခုရှိတယ်။ ဒီ KNA သည် ကရင်အမျိုးသားရေးကဏ္ဍတွေမှာ ဦးဆောင်ပြီး နံပါတ် ၁ ကတော့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို အခြေပြု အရင်းခံပြီးတော့မှ ရှေ့ဆက် ကရင်ပြည်နယ် လူနေမှု ဘဝတွေ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ဖို့ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဖွဲ့စည်းဖို့ ပြင်ဆင်နေတာ။

လက်ရှိတော့ အဲဒီအခြေအနေထိ မရောက်သေးဘူး၊ ဒါပေမယ့် ဒီလိုမျိုးသွားနေတဲ့အဖွဲ့ကို KNA ကနေပြီးတော့ ကမာ္ဘက ထင်ယောင်ထင်မှားဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ထိုးချလိုက်တဲ့ပုံလို့ မြင်တယ်။ လက်ရှိကတော့ အမေရိကန်အစိုးရ အနေနဲ့ ဒါကိုတော့ သေချာသိချင်မှ သိမယ်။

သို့သော် ကျနော်တို့ ဒီလိုသွားနေတဲ့အပေါ်မှာ ကြားခံအဖွဲ့တခုခုအနေနဲ့ တဖက်က အလုပ်အရမ်းရှုပ်နေတဲ့ စူပါ ပါဝါနိုင်ငံကြီးက လူကြီးတွေကို ထင်ယောင် ထင်မှားဖြစ်အောင် ကျနော်တို့တပ်ဖွဲ့ ပုံရိပ်ကျစေအောင် ကြားခံဆောင် ရွက်နေပြီး သတင်းမှားပေးပို့နေတယ်လို့ ယူဆတယ်။အပြောနဲ့ စကားနဲ့ချေပနေလို့ ရတဲ့အရာမဟုတ်တဲ့အတွက် အလုပ်နဲ့ပဲသက်သေပြသွားမှာပါ။

You may also like these stories:

ထိုင်းနဲ့ တရုတ်ဖိအားကြားက မြဝတီ ကျားဖြန့်လုပ်ငန်း

ကျားဖြန့်တိုက်ဖျက်ရေး BGF အပူတပြင်း လုပ်ဆောင်

စောချစ်သူကို လမ်းပြခဲ့သူ

ကျားဖြန့်၊ အကျင့်ပျက် စစ်ကောင်စီနဲ့ တရုတ် ဖိအား

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

Your Thoughts …
Tags: BGFကျားဖြန့်အမေရိကန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.9k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

by ဧရာဝတီ
14 October 2023
25.6k

အိုက်ဟောက်ကို ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ကောင်းကောင်းမှတ်မိနေကြဦးမှာပါ။

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

by ကိုဦး
18 April 2024
23.1k

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့၏ နောက်ကွယ်တွင် UWSA ကူညီနေသည်ကို သိသော်လည်း စစ်တပ် ထုတ်မပြောရဲပေ။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.7k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.3k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

Next Post
စောချစ်သူနဲ့ သားနှစ်ယောက်ကို အမေရိကန် ဒဏ်ခတ်အရေးယူ (ရုပ်/သံ)

စောချစ်သူနဲ့ သားနှစ်ယောက်ကို အမေရိကန် ဒဏ်ခတ်အရေးယူ (ရုပ်/သံ)

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ SNLD ကို တရုတ်တိုက်တွန်းခဲ့ (ရုပ်/သံ)

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ SNLD ကို တရုတ်တိုက်တွန်းခဲ့ (ရုပ်/သံ)

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate