• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

စစ်အုပ်စု ဆက်ချိုးဖောက်နေလားကြည့်ပြီး ILO ဆက်သွားဖို့ ရှိတယ်

by ဧရာဝတီ
6 June 2025
in အင်တာဗျူး
A A
စစ်အုပ်စု ဆက်ချိုးဖောက်နေလားကြည့်ပြီး ILO ဆက်သွားဖို့ ရှိတယ်

မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင် / ဧရာဝတီ

2.9k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီနဲ့ မြန်မာနိုင်ငံကို ILO Article 33 အရ အရေးယူဖို့ ဇွန်လ ၅ ရက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာလုပ်တဲ့ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမား ညီလာခံ (ILC)မှာ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO)က ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ မဲခွဲစရာမလိုဘဲနဲ့ တညီတညွတ်ထဲ ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။

ILO ရဲ့ မြန်မာအပေါ် အရေးယူဒဏ်ခတ်မှု ချမှတ်တာ ဒုတိယအကြိမ်ဖြစ်ပြီး ခုလို အရေးယူနိုင်ဖို့ ၄ နှစ်ကြာ အောင် တောင်းဆိုခဲ့ရတယ်လို့ အလုပ်သမားရေးဆောင်ရွက်သူတွေက ဆိုကြပါတယ်။

RelatedPosts

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
2.2k
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

10 July 2025
2.2k
Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

10 July 2025
2.4k

ILO သမိုင်းမှာ ပုဒ်မ ၃၃ ကို အသုံးပြုတာ အခုတကြိမ်နဲ့ပါဆိုရင် ၃ ကြိမ်ပဲ ရှိသေးပြီး မြန်မာက ဒုတိယအကြိမ် ထပ်မံ အရေးယူခံရတာ ဖြစ်ပါတယ်။ ပထမအကြိမ်အဖြစ် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် ၂၀၀၀ ပြည့်နှစ်မှာ အဲဒီပုဒ်မနဲ့ အရေးယူဖို့ ILO က ဆုံးဖြတ်ခဲ့ပါတယ်။ ဘယ်လာရုစ် နိုင်ငံလည်း ၂၀၂၃ ခုနှစ်မှာ အဲဒီပုဒ်မ ကျင့်သုံးခံရပါတယ်။

ဇွန် ၂ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ထိုညီလာခံကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်တဲ့ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များလည်း တက်ရောက်နေပါတယ်။

မြန်မာစစ်ကောင်စီကို ILO ပုဒ်မ ၃၃ ချမှတ်ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့တာလဲ။ ဒီဆုံးဖြတ်ချက်က ဘယ်လောက်ထိ အရေးပါ ပါလဲ၊ဒီဆုံးဖြတ်ချက်ကြောင့် စစ်ကောင်စီ ဘယ်လောက် အထိနာနိုင်လဲ။ အလုပ်သမားထုအပေါ်မှာရော သက်ရောက်မှုရှိနိုင် မလား ဆိုတာကို ညီလာခံကိုတက်ရောက်နေတဲ့ မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် CTUM ဥက္ကဋ္ဌ ဦးမောင်မောင်နဲ့ ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံမှာ ဘာတွေဆုံးဖြတ်ခဲ့လဲ။

ဖြေ။ ။ လက်ရှိ မြန်မာနိုင်ငံက စစ်အုပ်စုလက်ထဲမှာဖြစ်တယ်။ စစ်အုပ်စုကို အစိုးရအနေနဲ့ အသိအမှတ် မပြုသော်ငြား စစ်အုပ်စုမှာ တာဝန်ရှိတဲ့အတွက် အဓမ္မခိုင်းစေမှု၊ အခြေခံအလုပ်သမားအခွင့်အရေး ချိုးဖောက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ပြောဆိုလာတာ ၄နှစ်ရှိသွားပြီ။ မလုပ်တဲ့အတွက် ကမာ္ဘ့အလုပ်သမားရေးရာအဖွဲ့ချုပ်က ဥပဒေပုဒ်မ ၃၃ အရ ဆက်လက် ဆောင်ရွက်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်တခု ချလိုက် ပါတယ်။

မေး ။ ။ ဒီဆုံးဖြတ်ချက်ကြောင့် အဓိက ဘယ်ကဏ္ဍတွေက ပိုပြီးတော့ အထိနာသွားမလဲ။

ဖြေ ။ ။ အထူးသဖြင့် လောင်စာကဏ္ဍ အခက်အခဲဖြစ်မယ်။ နောက်တခါ စစ်အုပ်စုရဲ့ ငွေရေးကြေးရေးစီးဆင်းမှု အခက်အခဲဖြစ်မယ်။ ဒီကြေညာချက်ရဲ့ အပိုင်း (၂ )(ဂ) မှာပါတာက စစ်အုပ်စုနဲ့ပတ်သက်ပြီး ဆက်ဆံနေတဲ့သူတွေ အားလုံးကို သုံးသပ်ဖို့ ပြောလိုက်တယ်။

ဆက်ဆံတယ်ဆိုတဲ့နေရာမှာ ILO ရဲ့ အဖွဲ့ဝင်တွေ၊ အစိုးရရှိတယ်၊ အလုပ်ရှင်၊ အလုပ်သမားရှိတယ်။ အဲဒီ ၃ ဖွဲ့စလုံးက နေပြီးတော့ စစ်အုပ်စုနဲ့ ဆက်စပ်မှုတွေရှိခဲ့ရင် ပြန်လည်ပြီးတော့ သုံးသပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့သည် လူသတ်မှု တွေ၊ လူတွေကိုဖမ်းပြီး ထောင်ချမှုတွေကို ကျူးလွန်တဲ့အတွက် သူတို့နဲ့ မဆက်ဆံသင့်ဘူး။ ဆက်ဆံရင် မင်းတို့လည်း သူတို့ရဲ့ အားပေးအားမြှောက်လုပ်တဲ့သူတွေဖြစ်သွားမယ်ဆိုတာ ပါတယ်။

နောက်ဆက်တွဲ ပြန်ပြီး သုံးသပ်တဲ့ထဲမှာ လောင်စာဆီဆိုတာပါ ပါတယ်။ နောက်တခုက စစ်အုပ်စုရဲ့ ငွေရေး ကြေးရေး စီးဆင်းမှုတွေကို ပြန်လည်သုံးသပ်ဖို့ပါ ပါတယ်။ ဘယ်ကဏ္ဍကို ပိတ်မယ်ဆိုတဲ့ Sanction ဆိုတဲ့စကားလုံး တလုံးမှမပါဘူးဆိုတာကို ရှင်းပြချင်ပါတယ်။

မေး ။ ။ ILO ရဲ့အရေးယူမှုက အရင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကလည်း တခါဖြစ်ခဲ့တယ်။ အဲဒီတုန်းက အရေးယူတော့ လူထုကို ထိခိုက်မှုဖြစ်တယ်လို့ တချို့တွေပြောကြတယ်။ အခု အရေးယူမှုကရော လူထုကို ထိခိုက်နိုင်မလား။ စစ်ကောင်စီကိုပဲလား။

ဖြေ ။ ။ အဲဒီတုန်းကလည်း ထိခိုက်တယ်လို့ ဘယ်သူပြောလဲဗျ။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက ကျနော်ပါတယ်။ ကျနော်တို့လိုက်ပိတ်တာ ပိတ်လို့ မရပါဘူး။ စင်ကာပူကလည်း ပိတ်လို့ မရဘူး။ ထိုင်းကလည်း ပိတ်တာ မခံဘူး။ ဘယ်သူမှ ပိတ်လို့ မရဘူး။

စစ်အုပ်စုရဲ့ အုပ်ချုပ်မှုညံ့ဖျင်းလို့ စီးပွားရေး ပျက်တာ။ တော်ကြာဆီသမားတွေကို ဖမ်းပြန်တယ်။ တော်ကြာရွှေသမားတွေကို ဖမ်းလိုက်ပြန်တယ်ဆိုတာတွေကြောင့် ပျက်တာပါလို့။ အဲဒီတုန်းကလည်း ကျနော်က အလုပ်သမားသမဂ္ဂအနေနဲ့ပဲ ILO နဲ့ပတ်သက်တဲ့ ပုဒ်မ ၃၃ ကိုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြန်ရှင်းပြရတာ ဖြစ်တယ်။

ဇွန် ၅ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ILO ညီလာခံ

အခုလည်း ပြည်သူဒုက္ခရောက်မယ်။ အလုပ်သမားတွေ ဒုက္ခရောက်မယ် ပြောကြတယ်။ စက်မှုကုန်ထုတ်က လူ ၃ သိန်း ဒုက္ခရောက်မယ်လို့ ပြောကြတယ်။ ကျနော်က မေးမယ်။ ခင်ဗျားတို့ စက်မှုကုန်ထုတ်တခုထဲ မြန်မာပြည်မှာ ရှိတာ မဟုတ်ဘူး။ နွေဦးတော်လှန်ရေးမှာ CDM လုပ်တဲ့ဝန်ထမ်းတွေ ၃ သိန်းကျော်ပါတယ်။ သူတို့လည်း အလုပ်ပြန်ရဖို့ လိုပါတယ်။

အဲဒီကိစ္စကလည်း အလုပ်သမားသမဂ္ဂအနေနဲ့ ထည့်တွက်ပါတယ်။ ဒါက အရေးကြီးပါတယ်။ ကျနော်တို့ စနစ် အပြောင်း အလဲလုပ်တဲ့နေရာမှာ အသုံးချလို့ရတဲ့ ယန္တရားတခုဖြစ်တဲ့ ILO ရဲ့ ဆုံးဖြတ်ချက်ဟာ လက်နက်မကိုင်သော အကြမ်းမဖက် သောနည်းနဲ့ စစ်အုပ်စုပေါ်မှာ ဖိအားပေးသောနည်းနဲ့ ကျနော်တို့က ဝိုင်းကြိုးစားတာ ဖြစ်တယ်။

လေယာဉ်ဆီကို ဘာလို့ဖြတ်တာလဲ။ နေ့တိုင်းဗုံးကြဲနေတယ်။ တနေ့ကို ၃နေရာလောက်ကြဲတာရှိတယ်။ တနေရာထဲမှာ အကြိမ်ကြိမ်ကြဲတာရှိတယ်။ ရွာတွေကို မီးရှို့တဲ့ကိစ္စရှိတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမှာဆို ရစရာမရှိအောင် လုပ်ထား တာရှိတယ်။ အဲဒါတွေအားလုံးကို ဘာနဲ့လုပ်တာလဲ။ အောက်ခြေမှာ ရဲဘော်တွေ မရှိတော့ဘူး။ စစ်သားတွေ မရှိတော့ဘူး။ လေယာဉ်နဲ့ပဲ ဗုံးကြဲတာဖြစ်တဲ့အတွက် လေယာဉ်ဆီကို ထိထိရောက်ရောက် ပိတ်ဖို့ဆိုတာကို ကျနော်တို့က ကြိုးစားတာဖြစ်တဲ့အတွက် စစ်အုပ်စုကို တိုက်ရိုက် ထိခိုက်သက်ရောက်မှုရှိဖို့ ကြိုးစားနေတယ်။

နောက်တချက်က လွတ်လပ်စွာ ငွေရေးကြေးရေးစီးဆင်းဖို့ဆိုတာကို ပိတ်ပင်ဖို့ ဆိုတာ ပြန်သုံးသပ်မယ်။ ဒီငွေတွေရှိလို့ ဒီလေယာဉ်ဆီတွေဝယ်နိုင်တာလို့ ကျနော်တို့က နားလည်တယ်။ ဒါကြောင့်မို့ စစ်အုပ်ရဲ့ ငွေ ဘယ်ကနေ လာနေလဲ။ ဘယ်ကနေ စီးဆင်းနေလဲ။ ဘဏ်တွေကို မသုံးဘဲနဲ့ သူတို့ရဲ့ သားသမီးတွေနဲ့ သူတို့ရဲ့လက်ခွဲတွေ ထောင်တဲ့ငွေတွေနဲ့ လုပ်နေသလား၊ အဲဒါတွေကို ဆန်းစစ်ပြီးလုပ်မှာ ဖြစ်တဲ့အတွက် ဂျက်လေယာဉ်ဆီရယ်၊ စစ်အုပ်စုရဲ့ သားသမီးတွေရဲ့ ငွေရေးကြေးရေးစီးဆင်းမှု၊ ဦးပိုင်ကုမ္ပဏီရဲ့ ငွေရေးကြေးရေး စီးဆင်းမှုကို ပိတ်ပင်ခြင်းသည် ကျနော်တို့ စက်မှုကုန်ထုတ် မှာရှိတဲ့လူတွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုမှ မရှိဘူးလို့တော့ ပြောချင်တယ်။

သူတို့ရဲ့ ဆိုင်ရာ၊ ဆိုင်ရာတွေက ဦးပိုင်မှာအလုပ်လုပ်နေရင်တော့ မတတ်နိုင်ဘူးပေါ့။ လှိုင်သာယာ၊ ရွှေပြည်သာမှာ ရှိနေ တဲ့သူတွေ အပေါ်မှာတော့ တိုက်ရိုက်သက်ရောက်မှုရှိတယ်ဆိုတာကတော့ ကျနော်တို့ကို သက်သေပြပါ၊ ကျနော်တို့ ပြန် သုံးသပ်ပေးပါမယ်။

မေး ။ ။ နောက်တခုက အခုဆို ရခိုင်တို့ ရှမ်းတို့ ကယားတို့မှာ စစ်ကောင်စီအာဏာစက် မသက်ရောက်တော့ဘူး။ ဒါဆိုရင် ILO ပိတ်ဆို့တာကအဲဒီဒေသတွေ အပေါ် ထိခိုက်မှုတွေ ရှိမနေဘူးလား။

ဖြေ ။ ။ ကျနော်မြင်တာကတော့ ဥပမာ ရခိုင်ဒေသမှာရှိတဲ့ AA က လူကြီးပိုင်းသည် ILO ကိုနားလည်တဲ့သူတွေ ပါပါတယ်။ ထို့အတူ TNLA မှာရှိတဲ့ခေါင်းဆောင်ပိုင်းကလည်း ILO ကိုနားလည်တဲ့သူတွေပါ ပါတယ်။ ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ILO နဲ့ မစိမ်းပါဘူး။ ကလေးအလုပ်သမားနဲ့ ပတ်သက်ရင် မစိမ်းပါဘူး။ KNU မှာဆိုရင် ကြာပါပြီ။ ကလေးအလုပ်သမား ပပျောက်ရေးကို လုပ်တယ်။ တိုက်ပွဲဖြစ်တဲ့ကာလမှာဆိုရင်တော့ တမျိုး၊ မူအားဖြင့်တော့ ရှိထားပြီးသားပါ။

ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေက ILO ဆိုတာနဲ့လည်း အကျွမ်းတဝင် ရှိပါတယ်။ စကားပြောဖူးပါတယ်။ သင်တန်းတွေလည်း လုပ်တာရှိပါတယ်။ ဒါကြောင့်မို့ စစ်အုပ်စု မရှိဖို့သာ အရေးကြီးပါတယ်။ စစ်အုပ်စုရှိတဲ့နေရာ ရန်ကုန်၊ မန္တလေးမှာ ပေါ်တာဆွဲခံရတဲ့ကိစ္စ၊ စက်ရုံထဲမှာ တောင်းဆိုတဲ့အခါမှာ စစ်တပ်ခေါ်ပြီး ခြိမ်းခြောက်တာတွေက တိုင်းရင်းသားဒေသတွေမှာ မရှိပါဘူး။ ဒါကြောင့်မို့လို့ တနိုင်ငံလုံးမှာ ချမှတ်တဲ့ကိစ္စဖြစ်ပါတယ်။ ကျူးလွန်တဲ့သူတွေကို ကျူးလွန်တဲ့အတိုင်းပဲ ILO ယန္တရားမှာ ပြောင်းလဲမှုနဲ့အတူ ခေါ်ဆိုသွားမှာဖြစ်ပါတယ်။

မေး ။ ။ အခုလို စစ်တပ်အပေါ် ဖိအားပေးပြီး မြန်မာပြည်သူများကို ကူညီဖို့ အခြား ဖြည့်စွက်နိုင်သော စီးပွားရေး ဆိုင်ရာ နည်းလမ်းတွေရှိလား။ ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်လို့ရလဲ။ ဘာလို့လဲ ဆိုတော့ စစ်တပ်စီးပွားရေး ဆိုတာ နိုင်ငံ့စီးပွားရေး နဲ့ ရောထားတော့ ပိတ်ဆို့မှုတွေက ကျန်သူတွေကို ထိခိုက်နိုင်တာကို။

ဖြေ ။ ။ ရောယှက်ရင်တော့ ရောယှက်တဲ့သူတွေ ဒုက္ခရောက်မှာပဲ။ မင်းအောင်လှိုင်က ယူနီဖောင်းအစိမ်း မဝတ်ထားရင် ဘယ်သူ့ကိုမှ လက်မခံဘူး။ ဝတ်ထားရင်တောင် သူ့သားသမီးမဟုတ်ရင် အကုန်လုံးကို လုပ်တာပဲ။ အဲဒီတော့ စစ်ကောင်စီ နဲ့ ရောယှက်နေတဲ့သူတွေက သတိထားဖို့လိုတယ်။ သတိရှိဖို့လိုတယ်။ စစ်ကောင်စီက သက်ဆိုးရှည်မှာ မဟုတ်ဘူး။ အပြောင်းအလဲ ရှိနေတယ်။

နွေဦးတော်လှန်ရေးကလည်း အောက်ခြေမှာ ၆၅ ရာခိုင်နှုန်း သိမ်းပိုက်ထားပြီးပြီ။ မြန်မာပြည်အတွင်းမှာ စစ်ကောင်စီ အုပ်စုတယောက်မှ မတွေ့ရတဲ့နေရာတွေ ရှိနေပြီ။ ပြောင်းလဲမှုဆိုတာ ရှိတယ်။ အဲဒီပြောင်းလဲမှုကို နားမလည်ဘူး ဆိုရင်တော့ ခံရမယ် ထင်တယ်။ ကိုယ့်ဘာသာကိုယ် ရိုးရိုးသားသား မိရိုးဖလာလုပ်စားသူတွေ ရှိပါတယ်။

မြဝတီဘဏ်ကို ပိတ်တယ်။ ဦးပိုင်ကုမ္ပဏီလုပ်ငန်းတွေကို ပိတ်တယ်။ မင်းအောင်လှိုင်သားသမီးတွေကို အကြွေးဝယ်သုံးလို့ မရအောင်ပိတ်တယ်။ စိုးဝင်းသားသမီးတွေကို ပိတ်တယ်။ ဒါတွေကို ဘယ်လိုသက်ရောက်မှု ရှိမလဲဆိုတာ မသိဘူး။ ဒီ ပုဒ်မ ၃၃ ကိုမကြိုက်လို့ ဆန္ဒပြမယ်ဆိုရင် ဒီဟာပိတ်ဆို့တာက စစ်တပ်ကိုပိတ်မယ်။ စစ်တပ်အသိုင်းအဝိုင်းကို ပိတ်မှာဖြစ်တယ်။ စက်ရုံနဲ့ ဘယ်လိုဆိုင်လဲ။ ကျနော်ပြောတာ Sanction ဆိုတဲ့စကားလုံး မပါဘူး။ လေယာဉ်ဆီပိတ်မယ်ဆိုတဲ့ကိစ္စ၊ စစ်တပ်အသိုင်းအဝိုင်းကို ငွေရေးကြေးရေးပိတ်မယ်ဆိုတာက ဒါတွေကို ကျေကျေလည်လည် ရှင်းပြပေးဖို့လိုတယ်။

မေး ။ ။ ဒီ ILO Article 33 အတွက် ပြည်သူလူထုက နေရာအသီးသီးကနေ ပုံစံအမျိုးမျိုးနဲ့ တောင်းဆိုခဲ့ကြတယ်။ အဲဒီလိုတောင်းဆိုခဲ့ကြတဲ့ လူထုအတွက်ရော ဘယ်လိုသတင်းစကားပါးချင်လဲ။

ဖြေ ။ ။ ကျနော်တို့ အလုပ်သမားတပ်ပေါင်းစုအနေနဲ့ စာပြင်ပြီးပါပြီ။ ထွက်ပါလိမ့်မယ်။ ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ ရဲဘော်တွေအားလုံးကို ကျေးဇူးတင်တယ်။ ဂုဏ်လည်းယူတယ်။ ILO ဆိုတာ ဘာထူးခြားလဲဆိုတော့ ကုလသမဂ္ဂ အဖွဲ့ဝင် ဆိုတာကို သိဖို့လိုတယ်။

နံပတ် ၂ အချက်ကတော့ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့အတွက် အစိုးရတခုထဲကလာတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ အလုပ်ရှင် အလုပ်သမား အစိုးရ ၃ဘက်စလုံး ဆန္ဒပြလို့ရတယ်ဆိုတဲ့ကိစ္စ၊ ဆန္ဒပြတဲ့ မှတ်တမ်းတွေကို ကျနော်တို့က ILO ထဲကို ထည့် လို့ရတယ်ဆိုတဲ့ကိစ္စကို အားလုံးကို အသိပေးချင်ပါတယ်။ နောက်တခုက အားလုံးကိုကျေးဇူးတင်ပါတယ်။

ကျေးဇူးတင်တယ်ဆိုတာ ပြည်တွင်းမှာ ကိုယ်တိုင်၊ ကိုယ်ကျလုပ်တဲ့ သူတွေရော ဒီလူတွေလုပ်ငန်းလုပ်လို့ရအောင် ပံ့ပိုးတဲ့သူတွေရော အဲဒါတွေက အရမ်းအရေးကြီးပါတယ်။ အဲဒါကြောင့် ကျေးဇူးတင်တယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်။

နောက်တချက်ကတော့ ထိုင်းနိုင်ငံဘက်ကို ရောက်သွားတဲ့ CDM တွေ၊ အဓမ္မစစ်မှုထမ်းမှုကြောင့် ထွက်လာရတဲ့ လူလတ် ပိုင်းတွေ သူတို့ကို အင်တာဗျူးခွင့်ရတာ မင်းအောင်လှိုင်လုပ်လိုက်လို့ ထွက်လာရသူတွေ၊ ဒီလူတွေနဲ့ တွေ့ဖို့ချိတ်ဆက်ပေး သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ထိုက်သူအားလုံးပါ။

အားလုံးကြောင့် ဒီအနေအထားကို ရောက်တာပါ။ ပြန်လျှော့စရာအကြောင်းမရှိဘူး။ အပြောင်းအလဲဖြစ်မှပဲ နိုင်ငံအတွက် အကျိုးရှိတယ်ဆိုမှ ဘယ်လိုရပ်ပေးရမလဲဆိုတာ ပြန်စဉ်းစားမယ့်အနေအထားရှိပါမယ်။ အခုရှေ့ဆက်ပြီးတော့လည်း ၃ပွင့်ဆိုင် Article 33 နဲ့ပတ်သက်ပြီး စစ်အုပ်စုက တုံ့ပြန်မှု ဘယ်လိုရှိလဲ။ ဆက်လက် ချိုးဖောက်နေလားဆိုတာကို စောင့်ကြည့်ပြီးတော့ စုံစမ်းလေ့လာပြီးတော့ ILO ဆက်သွားဖို့ကို လုပ်သွားဖို့ရှိပါတယ်။

You may also like these stories:

ILO ကနေ ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဖို့အတွက် ပိုကြိုးစားသွားပါမယ်

ILO ၏ အုပ်ချုပ်ရေးအဖွဲ့တွင် အလုပ်သမားအစုအဖွဲ့အတွက် မြန်မာနိုင်ငံမှ ရွေးချယ်ခံရ

အလုပ်သမားများအပေါ် စစ်ကောင်စီ ဖိနှိပ်မှု ရပ်ဆိုင်းရန် ILO တောင်းဆို

စစ်အုပ်စုကို ကုလသမဂ္ဂရဲ့ အစည်းအဝေးထဲမှာ ထိုင်ခွင့်မရအောင် လုပ်ထားနိုင်ပါတယ်

Your Thoughts …
Tags: ILOငွေကြေးစီးဆင်းမှုစစ်ကောင်စီပေါ်တာလေယာဉ်ဆီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပုလဲ တကျော့ပြန်တိုက်ပွဲ လေကြောင်းဖြင့် ခုခံနေ

ပုလဲ တကျော့ပြန်တိုက်ပွဲ လေကြောင်းဖြင့် ခုခံနေ

ကြော်ငြာ နှင့် သတ်

ကြော်ငြာ နှင့် သတ်

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 days ago
3.6k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate