မြန်မာနဲ့ ထိုင်းကို နှိုင်းယှဉ်ကြည့်ရာဝယ်

ဒေးဗစ် စတိန်းဘတ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံရဲ့ အနာဂတ်ကတော့ တည်ငြိမ်ပြီး ယုံကြည်စိတ်ချရ တယ်လို့ ကာလကြာကြာကပဲ မှတ်ယူ ထားကြပြီး ဖြစ်ပါတယ်။

၁၉၃၂ ခုနှစ်မှာ အကြွင်းမဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို ဖျက်သိမ်းပြီးချိန်ကစလို့ အာဏာသိမ်း ပွဲ ခဏခဏဖြစ်ပြီး မွတ်ဆလင်တွေရှိတဲ့ တောင်ပိုင်း မှာ မငြိမ်သက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပေမယ့် ထိုင်းလူ့အဖွဲ့အစည်းရဲ့ လူမှုရေးနဲ့ရာထူး  ဂုဏ်သိမ် အဆင့်ဆင့် ဝါစဉ်လိုက်စနစ်ကိုတော့ များမကြာမီ ကာလအထိ  ထိန်းသိမ်းလာကြတာပါ။ ပြီးတော့ စီးပွားရေးဖွံ့ဖြိုးမှုကလည်း ထူးထူးခြားခြား တိုးတက်ပြီးသားပါ။

တော်ဝင်ဘုရင့်မိသားစု အနာဂတ်ရေးနဲ့နွယ်တဲ့ ပြဿနာရပ်တွေကိုမှီပြီး ရှပ်နီ၊ ရှပ်ဝါ အုပ်စုတွေနဲ့ စစ်အုပ်စုတွေက ဘယ်လိုပဲဖြစ်ဖြစ်၊ နမူနာယူစရာ ထိုင်းနိုင်ငံမှာ အခုလတ်တလော သက်သေခံနေတဲ့ လက်ရှိ လူမှုရေးနဲ့နိုင်ငံရေး အကြီးအကျယ် ကသောင်းကနင်းဖြစ်မှုဟာ ခုဆို တကယ်ကို စိုးရိမ်မကင်း ဖြစ် စရာပါ။ ဒီမိုကရေစီကို ဘယ်လိုပဲ အဓိပ္ပာယ်ဖွင့်ဖွင့် ထိုင်းရဲ့ နိုင်ငံရေး မျှော်လင့်ချက်တွေဟာ မေးခွန်း ထုတ်စရာပါ။ စစ်ဘက်နဲ့ တော်ဝင်အသိုင်းအဝိုင်းတွေ နဲ့အတူ ပြည်သူလူထုနဲ့ လူလတ်တန်းစား၊ အထက်တန်းစားတွေကြားက ကွာဟချက်တွေဟာ ဆယ်စုနှစ် နီးပါး လမ်းတွေပေါ် မကြာမကြာတက်ပြီး ပွက်လော ရိုက်လာတတ်ပါတယ်။

ထိုင်းနဲ့မတူတဲ့ မြန်မာမှာတော့ နိုင်ငံရေးမျှခြေပဲ ဖြစ်ဖြစ် စီးပွားရေး မျှခြေပဲဖြစ်ဖြစ် အနုတ်လက္ခဏာ ဘက်မှာ ကာလကြာကြာ ရှိနေခဲ့တာပါ။ ရာစုနှစ် တဝက်ကြာ၊ ပြည်တွင်းစီးပွားရေးဖူလုံလိုက်၊ ကျဆင်း လိုက်ဖြစ်မှု၊ စစ်တပ်ကတိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်လို့ ဖြစ်ဖြစ် အာဏာရှင်ဆန်ဆန်အုပ်ချုပ်မှု၊ လူနည်းစုက လက်နက်ကိုင်သောင်းကျန်းမှု၊ စိတ်ထင်ရာစိုင်းပြီး လိုရင်းမရောက်နိုင်တဲ့ အုပ်ချုပ်မှုနဲ့ နိုင်ငံတကာက အဆက်အဆံမလုပ်မှုတွေက အမှီခိုကင်းပြီး ယဉ်ကျေး မှုပေါင်းစုံရှိတဲ့ လူ့အဖွဲ့အစည်းကြီးရဲ့ ဘယ်လိုအင်အား မျိုးကိုပဲဖြစ်ဖြစ် လျော့ပါးသွားစေခဲ့တာပါ။ သူတို့ တနိုင်ငံချင်းစီရဲ့ အနာဂတ်အလားအလာအပေါ် လောင်းကြေး ထပ်ရရင် ထိုင်းဘက်မှာ လုံးဝအလေးသာမှာ ဖြစ်ပါ တယ်။ မြန်မာနဲ့ ဆန့်ကျင်ဘက် အောင်မြင်မှုမျှခြေကတော့ ကိန်းဂဏန်းပိုကြီးမှာပါ။ အဲဒီနှစ်နိုင်ငံဟာ များမကြာမီအထိ ဒီလိုမျိုး ရှိခဲ့ပါတယ်။ သူတို့ရဲ့ဖွံ့ဖြိုး တိုးတက်မှုဟာ အဆပေါင်းများစွာ ပြောင်းလဲသွားပြီ ဖြစ်ပါတယ်။

ထိုင်းနဲ့မြန်မာဖြစ်တဲ့ ဖြစ်ရပ်တွေက ဒီလိုခန့်မှန်း တွက်ဆချက်တွေအပေါ် သတိဝီရိယထားပြီး ပြန်လည်စံကိုက် ချိန်ညှိသင့်တယ်။ အဲဒီလို ပြန်လည်ဆင် ခြင်သုံးသပ်ခြင်းဆိုတာ သမ္မတ ဦးသိန်းစိန် အစိုးရ ၂၀၁၁ ခုနှစ်ကတည်းက အကောင်အထည်ဖော်ဆောင် ရွက်လာတဲ့ အရေးပါပြီး ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်း လဲရေးတွေအပေါ်မှာ အလွယ်တကူ အခြေခံတာမျိုး မဟုတ်ပါဘူး။ အပြောင်းအလဲတွေကို ဆက်ပြီး အကောင်အထည်ဖော်နေတာကြောင့် အပြုသဘော ဆောင်တဲ့ အပြောင်းအလဲတွေက အပျက်အစီးမရှိ ဖြစ်ထွန်းတယ်ဆိုပေမယ့် အခြေခံကျတဲ့ပြဿနာတွေ ကတော့ အထူးဂရုစိုက်ဖို့ လိုနေဆဲပါ။ လူနည်းစုတွေ အမုန်းစိတ်ပွား မွတ်စလင်ဆန့်ကျင်ရေး ဇွတ်တရွတ် သမားတွေနဲ့ နွယ်နေတဲ့ ပြဿနာထုကြီးထည်ကြီးတွေ ရယ်၊ ဒီမိုကရေစီ စိတ်ကူးတွေရယ်က ထိုင်းလူ့မလိုင် အသိုင်းအဝိုင်းကြားမှာတော့ နည်းပါးလှပါသေးတယ်။ မြန်မာ့ဒီမိုကရေစီကတော့ ပြီးပြည့်စုံဖို့ ဝေးနေဆဲပါ။

မြန်မာနဲ့ထိုင်းဟာ ဗုဒ္ဓဘာသာ အမွေခံမှုတွေ ရရှိထားပေမယ့် ဒီနှစ်နိုင်ငံရဲ့ လူမှုရေးခြားနားချက် တွေကသာ ပိုပြီး အခြေခံကျပါတယ်။ ဗမာလူမျိုး အများစုရှိတဲ့ မြန်မာ့လူ့အဖွဲ့အစည်းကြီးဟာ လူသား အားလုံး တန်းတူရည်တူ ဝါဒသမားတွေ အတော်များပါတယ်။ လေ့လာသုံးသပ်သူတွေအနေနဲ့တော့ မြန်မာ့ စစ်ဘက်က ဌာနတိုင်းမှာရှိနေတာကို ထိုင်းနဲ့ယှဉ်ပြီး ဝေဖန်နိုင်ပါတယ်။ ဒါဟာလည်း အဲဒီလူ့အဖွဲ့အစည်း မှာ လူမှုရေးရွှေ့လျားမှု လမ်းအသွယ်သွယ်ပေါ် အတိတ်ကလွှမ်းမိုးထားလို့ပါပဲ။ ဒါဟာ ဒေသတွင်း သမိုင်းမှာ ပြိုင်ဘက်ကင်းတဲ့ အခြေအနေတရပ်ပါ။ နှစ်နိုင်ငံစလုံးက အစိုးရတွေကို စစ်ဘက်က ကွပ်ကဲချိန်မှာ ဝန်ကြီးအဖွဲ့ ခန့်ထားမှုတွေကိုလည်း ဒီလို အချက်က ထင်ဟပ်စေပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို မျိုး ရာထူးရာခံနေရာ ၉၅ ရာခိုင်နှုန်းအတွက် စစ်ဘက်ကိုပေးချိန်မှာ ထိုင်းနိုင်ငံမှာတော့ ၂၅ ရာခိုင်နှုန်း ပဲ စစ်ဘက်အရာရှိကြီးတွေ ရကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်နိုင်ငံရဲ့ ပဓာနကျတဲ့ ခြားနားချက်က တော့ လူမှုရာထူးအဆင့်ဆင့်မှာ တာဝန်ယူမှုပဲဖြစ်ပါ တယ်။ ထိုင်းနိုင်ငံမှာက အဆင့်ဆင့် ရာထူးဌာနချုပ် ကိုင်မှုက ရှိခဲ့ဖူးသလို အရေးတကြီးလည်း ရှိနေဆဲပါ ပဲ။ ဒီလိုစနစ်တကျ အဆောက်အအုံ ဆိုတာမျိုးက နိုင်ငံရေးအရ ပြုပြင်ခါစပဲ ရှိသေးတယ်လို့ အတိတ် ဆယ်စုနှစ်လောက်က ဖြစ်ရပ်တွေက ဖော်ပြထားပြီး ဖြစ်ပါတယ်။

မြန်မာနဲ့တော့ လုံးဝမတူပါဘူး။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဗမာလူမျိုးအများစု နေထိုင်ရာဒေသတွေဟာ ကိုလိုနီလွန်ခေတ် အရှေ့တောင်အာရှ အလှည့်အ ပြောင်း အများဆုံး လူ့အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။  သက်ဦးဆံပိုင် ပဒေသရာဇ် ပြန်လည်အသက်သွင်းဖို့ တော့ လွတ်လပ်ရေးရလာတာနဲ့အမျှ လုံးဝထည့်သွင်း မစဉ်းစားတော့ပါဘူး။ ပြီးတော့ သားစဉ်မြေးဆက် ဆက်ခံမယ့် တော်ဝင်အလွှာကလူတွေ ရှိမနေတော့ တာလည်း ပါမှာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ အရပ်သားနဲ့ နောက်ပိုင်းစစ်ဘက် လူ့မလိုင်တွေကတော့ ပြည်သူ တွေဆီကနေ အသာစီးရယူပြီး ဖြစ်ပါတယ်။ ပြီးတော့ ဗမာလူမျိုးတွေကြားက လူလတ်တန်းစားတွေကလည်း ထိုင်းနိုင်ငံက လူတန်းစားတွေထက် ပိုပြီး ပြောင်းလဲ လွယ်နိုင်ခဲ့ပါတယ်။ အနှစ် ၅၀ ကာလ ကြာချိန်မှာ ဆိုရှယ်လစ် စီးပွားရေးအရ မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကကဏ္ဍကို ရွံ့မုန်းစရာဖြစ်စေခဲ့ပါတယ်။ လေ့ လာလိုက်ရင် အခြေခံလူတန်းစား ကွဲပြားခြားနားမှု တွေက လတ်တလောအချိန်ထိတော့ ပြဿနာတစုံတရာ မရှိခဲ့ပါဘူး။ ဒါပေမယ့် အချိန်ကြာလာရင် တော့ ပိုမိုဆိုးရွားလာဖွယ်ရာ ရှိပါတယ်။

ထိုင်းနိုင်ငံကတော့ လက်ရှိ ပဋိပက္ခကို ဘယ်ပုံ ဖြေရှင်းမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ဒါ့အပြင် ဘုရင်စနစ်ရဲ့ ရှေးအလားအလာဆိုတာ ပြဿနာများစွာတွေထဲက ကိစ္စတရပ်လည်း ဖြစ်ပါ တယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းကတော့ ခုံပေါ်မှာ ထိုင်နေတဲ့ ထိုင်းဘုရင်မင်းမြတ်က အတူတူပူးပေါင်း လုပ်ဆောင်ကြဖို့ ပြောနေချိန်မှာ အငြင်းပွားနေကြတဲ့ ထိုင်းစစ်ဘက် ခေါင်းဆောင်နှစ်ဦးဟာ ကြမ်းပြင်ပေါ် မှာ ထိုင်နေခဲ့ဖူးတာကြောင့် နိုင်ငံရေးအရ တကျက်ကျက်ဖြစ်နေတဲ့ ပြိုင်ဘက်တွေကို ရှေ့တော်မှောက် ခေါ်သွင်းပြီး စစ်ဆေးဆုံးဖြတ်ပေးနိုင်တဲ့ ပဒေသရာဇ် တယောက်နဲ့ဆို မြန်မာနိုင်ငံက ပိုကောင်းမှာပဲလို့ ရေးသားဖော်ပြလို့ ရနိုင်ခဲ့ပါတယ်။ အဲဒီလိုနေ့ရက် တွေက ထိုင်းနိုင်ငံမှာ ပြီးဆုံးသွားပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ မရှိတော့တဲ့ အဆင့်ဆင့် အုပ်ချုပ်မှု ဟာ ရေရှည်အကျိုးအမြတ်တခုလည်း ဖြစ်သွားနိုင်ပါ တယ်။ မြန်မာမှာ စစ်ဘက်၊ အရပ်ဘက် မယုံကြည်မှု က ဗမာလူမျိုးတွေကြားမှာ သက်သေခံ ရှိနေပမယ့် ထိုင်းနဲ့နှိုင်းစာလိုက်ရင် လူတန်းစား ကွာဟမှုဟာ အနည်းဆုံးပဲဖြစ်ပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းရဲ့ စစ်ဘက်၊ အရပ်ဘက် ပြန်လည်ပေါင်းစည်း ညီညွတ်ရေး ကြိုးလွန်းဟာ၊ ထိုင်းနိုင်ငံမှာရှိတဲ့ သာတူညီမျှမှုထက် ပိုပြီး အချိန်ပို  လုပ်ရဖွယ်ရှိပြီး အောင်မြင်မှုလည်း ပိုမိုရလွယ်မှာပါ။ သူတို့ပြောကြသလို မြန်မာ့စစ်တပ်ကို “ဒီတူညီဝတ်စုံ ဟာ ပြည်သူဆီကလာတာ၊ ဒီသေနတ်ဟာ ပြည်သူ ဆီကလာတာပါ” လို့ တချိန်က သင်ပေးခဲ့ကြတာပါ။ လက်ရှိ တပ်မတော်ကြီးက သာမန် ပြည်သူလူထု အများစုနဲ့ ကင်းကွာလာတာကြောင့်ရယ် အာဏာဩ ဇာတိက္ကမနဲ့ အခွင့်ထူး ခံစားရမှုအတွက် သူတို့ဆိုလို ရင်း အဲဒီအဆိုအမိန့်ကို မေ့သွားတာ ဖြစ်ချင်ဖြစ်မှာ ပါ။ ဒါပေမယ့် ပိုမိုတင်းကျပ် မာကျောတဲ့ လူတန်းစား အဖွဲ့အစည်းရှိပြီး လူမှုရေးအရ လုံးဝမတူခြားနားတဲ့  ထိုင်းနိုင်ငံမှာထက် (မြန်မာနိုင်ငံမှာ) အသစ်ပေါ်ပေါက် လာတဲ့ အရပ်သား လူ့မလိုင်တွေအနေနဲ့ ပြန်လည် သင့်မြတ်ရေးဟာ လွယ်လွယ်ကူကူ ပိုဖြစ်လာမှာပါ။

မြန်မာနိုင်ငံကတော့ ယဉ်ကျေးမှုအစွဲ အမှတ်မထားပဲ နိုင်ငံတော် ထူထောင်ရေးထဲ ပေါင်းစည်းသွတ်သွင်းရင်း လူနည်းစုတွေနဲ့ တရားနည်းလမ်းကျကျ အကျိုးရှိရှိ ကိုင်တွယ်ဖြေရှင်းကြရမှာပါ။ နောက်ဆိုရင် မြန်မာ့ လူမှုအနာဂတ်ဟာ အမှန်တကယ် တောက်ပ လာမှာပါ။ လေ့လာအကဲခတ်သူတွေ အနေနဲ့လည်း ထိစပ်နေတဲ့ နှစ်နိုင်ငံရဲ့ အလားအလာတွေကို စိတ် ထဲမှာ ရှင်းရှင်းလင်းလင်း သိရအောင် ပါးပါးနပ်နပ် ချင့်ချိန်ဝေဖန်ရမှာပါ။ ရှေ့အနာဂတ်ကို ကြိုတင် မှန်းဆဖို့ဆိုတာ ကျနော်တို့အနေနဲ့ အတိတ်ခြေရာကို ကောက်ထားပြီးလည်း ဖြစ်ရစမြဲပါ။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလထုတ် The Irrawaddy မဂ္ဂဇင်းပါ ဂျော့ဂျ်တောင်းတက္ကသိုလ် အာရှလေ့လာရေးပါမောက္ခ David I.Steinberg  ၏ Recalculating Myanmar and Thailand ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading