ပညာ လူ့အဖွဲ့အစည်းများတွင် ပြည်သူများအနေဖြင့် နေ့စဉ်ဘဝများအတွင်း ကိုယ်ပိုင်ကိုယ်တိုင် ရှေ့ဆောင် ဦးရွက်ပြုပြီး မျှမျှတတရှိစွာ ပြုမူကျင့်ဆောင်၍ ဘဝကို နေပျော် ကြီးပွားစေနိုင်ကြသည်။ လူတွေအနေဖြင့် တင်းကျပ်ဖိစီးသော၊ ဘုရားသခင် ပေးအပ်သော အာဏာရှိနေပုံ ဖမ်းထားသည့် အာဏာပိုင်များ ဆိုသည့်အပေါ် ပို၍ မေးခွန်း ထုတ်ဖွယ် ရှိလာသော အဖြေကို ရရှိလာကြသည်။
ဒီမိုကရေစီ အိုင်ဒီယာကို မရခဲ့သေးဟုဆိုလျှင်လည်း ကိုယ်တိုင် ထုတ်ဖော်မှု စံတန်ဖိုးများ ပိုကျယ်ပြန့် ထွက်ပေါ်လာစေဖို့ ဖန်တီးလာကြရန် ရှိလာပါသည်။ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်၊ ကိုယ်တိုင်အစိုးရရ နေပိုင်ခွင့်များသည် တကမ္ဘာလုံးဆောင် ရည်မှန်းချက်ဖြစ်သောကြောင့်ဟု ဆိုရမည်ပင်ဖြစ်သည်။ ရှင်သန်ရန် လိုအပ်ချိန်၌ လိုအပ်ချက်ကို တွဲယှက်ဖြည့်စွမ်းနိုင်ခြေ ရှိကောင်းရှိနိုင်ငြား ပိုလုံခြုံရှင်သန်ရေး ပိုလိုအပ်လာချိန်တွင်တော့ ဦးစားပေးလည်း ပိုမြင့်လာမည်မှာ အမှန်ပင်။
ဒီမိုကရေစီကို အင်စတီကျူးရှင်း သဘောမှ သတ်မှတ်ထုတ်ဖော်ရာ၌ လွန်ခဲ့သော နှစ်၂၀၀ အတွင်း အနောက်တိုင်း နိုင်ငံရေး သမိုင်းထွက်ကုန် တရပ်အဖြစ် ပေါ်ထွန်းလာခြင်းဟု ယူဆကြသည်။ သို့သော် (ဤသို့သော်သည် အရေးကြီးလှ၏) လွတ်လပ်စွာ ရွေးချယ်လိုကြသော လူသား၏ဆန္ဒ။ ဒါသည်ပင် ဒီမိုကရေစီအတွက် လှုံ့ဆော်သည့် အဟုန်ကြီးတရပ်၊ အခြေခံကျကျ ဖြစ်လိုစိတ်တရပ် ဖြစ်ပါ၏။ ဒါသည်ပင် ကိုယ်တိုင်ကိုယ်ပိုင် ဖော်ထုတ်မှု စံတန်ဖိုးများ မြင့်တက်လာစေရန် လှုပ်ရှား မှုရင်းမြစ်တို့ ချဲ့ထွင်သည့် ပတ်ဝန်းကျင် (လူ့ဝန်းကျင်) ၏ သဘာဝ ထွက်ကုန်တရပ်ပင် ဖြစ်ပါ၏။
အီလစ်တို့အနေဖြင့် ပါဝါကို တတ်အားသရွေ့ ထိန်းသိမ်းကြရေး အများအားဖြင့် နှစ်ခြိုက်ရွေးချယ်ကြသည်။ လူတွေလိုချင် ရုန်းကြွ၍ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ တဖြည်းဖြည်း မှန်မှန်ပေါ်ထွန်းလာနေခဲ့ကြသည်။ ၁၈ ရာစု လစ်ဘရယ် တော်လှန်ရေးများမှသည် ၂၀ ရာစုနှောင်းပိုင်း ဒီမိုကရက်တစ် တော်လှန်ရေးများအထိ ဖြစ်သည်။ ယခင်လူတွေ၏ ခံစားမှုလှုံ့ ဆော်အားပေးချက်များနှင့် စံတန်ဖိုးတို့က အရေးကြီး အခန်းကဏ္ဍ တရပ်ဖြစ်ခဲ့ပြီး ယနေ့မှာတော့ ပိုမို အရေးကြီးကဏ္ဍ ဖြစ်လာသည်။
ကမ္ဘာ့ဒေသ အစိတ်အပိုင်းအများစု၌ တန်ဖိုးစံ အခြေခံ ကိုယ်တိုင်ဖော်ထုတ်မှုအပေါ် အခြေခံစံတန်ဖိုးများ မြင့်မြင့်မားမား တက်လာကတည်းကဟု ဆိုရမည်။ ဤဖြစ်ရပ်က အာဏာပိုင်စနစ်တွေ မမျှော်လင့်ဘဲ တစစီပြိုကျသွားမည်ဟု ဆိုလိုသလား။ မဟုတ်ပါ၊ လိုအပ်ချက်အရကို မဟုတ်ပါ။
အာဏာပိုင်စနစ်များ၏ တရားဝင်ဖြစ်တည်နေမှုကို ကိုယ်တိုင်ဖော်ထုတ်မှု တန်ဖိုးများက ပြိုကျသွားစေအောင် ဦးတည်လိုက်ချိန်နှင့် စစ်တပ်၊ ရဲတို့ကို ထိန်းချုပ်ထားနိုင်သော ဖော်ပြပါ အီလစ်တို့က ဒီမိုကရက်တစ် အင်အားစုများအား နှိပ်ကွပ်ပေတော့မည်။ နှိပ်ကွပ်နိုင်ခြေလည်း ရှိကောင်းရှိမည်၊ ရှိသည်။ ကံကောင်းသည်က လူတွေအနေဖြင့် ဒီမိုကရေစီရေး ရုန်းကြွကြသည်ဆိုရာ၌ ကိရိယာ တန်ဆာပလာ ဆင်ခြေများ သက်သက်အတွက် မဟုတ်ခြင်းပင်ဖြစ်သည်။ လုပ်ခဲ့ကြသည် ဆိုလျှင်တောင် ဒီမိုကရက်တစ် လှုပ်ရှားမှုခေါင်းဆောင်များကို အလွယ်တကူ ဝယ်လိုက်နိုင်ဖွယ် ရှိနေ၍ ဖြစ်သည်။ ရုန်းကြွမှု အတွင်း ဂုဏ်ယူသိမှတ်ပြုဖွယ် အကောင်းဆုံး တက်ကြွလှုပ်ရှားသူများမှာ လွတ်လပ်မှုကို အနှစ်သာရရှိရှိ တန်ဖိုးထားသူများသာ ဖြစ်ကြသည်။
ခေတ်မီ တိုးတက်ရေးသည် သိမှတ်ပြုလောက်စရာ ရွေ့လျားလှုပ်ရှား ပါဝင်ခြင်းရော၊ ကိုယ်တိုင်ဖော်ထုတ်မှု တန်ဖိုးများအပေါ် စူးစိုက်မှုကြီးထွားလာခြင်းကိုပါ တပါတည်း တိမ်းညွတ် ယူဆောင်လာ၏။ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများကို လိုလားတောင်းဆိုသူ ပိုများလာအောင် တဖန် လှုံ့ဆော်ပေး၏။
အီလစ်တို့က ဖိနှိပ်ရေး တွက်ချက်နေသကဲ့သို့ လိုလားသူများက အင်စတီကျူးရှင်းများကို ပိုထိရောက် သက်ဝင်စေပြန်၏။ နောက်ဆုံး၌ အတွင်းကျကျ မျိုးဆက်ပိုင်းဆိုင်ရာ ဝင်ရောက် နေရာယူလာနိုင်ခြင်းတို့ဖြင့် အီလစ်တို့ကိုယ်တိုင် ၎င်းတို့ ဘာသာ အာဏာရှင်ဆန်မှုနှင့် ဖိနှိပ်မှုကို လျှော့ချလျော့ပါးစေလာကြရသည်။ ပိုငယ်ရွယ်သော ဦးတည်ချက် ကောင်းမွန်ကြီးမားသည့် လူ့အဖွဲ့အစည်း (များ) ထဲမှ ပေါ်ထွက်လာသူတို့ ကိုယ်တိုင် ဖော်ထုတ်မှုတန်ဖိုးများကို အလေး ပိုထားလာကြ၍ ဖြစ်သည်။ လူမှုအပြောင်းအလဲဟူသည် တိုင်းတာပြ၍ မရသော်လည်း ခေတ်မီတိုးတက်ရေးက ဒီမိုကရက်တစ် အင်စတီကျူးရှင်းတို့ ပေါ်ထွန်းလာလိမ့်မည်ဟူသော ဖြစ်နိုင်ခြေကို ပိုမိုတိုးမြှင့်ပေးစေပါ၏။
ဒီမိုကရေစီနှင့် ဓန ပြန်လည်ခွဲဝေ ဖြန့်ကျက်စေခြင်း
ဒီမိုကရေစီသည် ကြွယ်ဝလှသော အီလစ်များနှင့် ဆင်းရဲတွင်းနက်နေသော လူအုပ်စုကြီးများအကြား ရုန်းကန်ထိုးကြွခြင်း ရလဒ်ဟု အနက်ပြန်ဆို ပြထားသော ကားလ်စ်ဘွိုက်ခ်စ်၊ ဒါရွန်အက်စီမိုဂလူးနှင့် ပူးတွဲရေးသားသူများ၏ “ဒီမိုကရေစီနှင့် ပြန်လည်ခွဲဝေ ဖြန့်ကျက်ပျံ့နှံ့စေခြင်း” စာအုပ်က အလွန်သြဇာကြီးလှပါသည်။
ထိုအုပ်စုနှစ်စုလုံး စီးပွားရေး ဖြန့်ကျက်ခွဲဝေမှုဆိုင်ရာ အကျိုးစီးပွားတို့အတွက် ထိပ်တိုက်တွေ့ခံနေကြရကြောင်း၊ ပဋိပက္ခ အသွင် ဆောင်နေကြောင်း ယင်းစာအုပ်၌ပင် ဖွင့်ဆိုဖော်ပြထားသည်။ လူအုပ်စုကြီးတွေက စီးပွားရေး ပြန်လည်ခွဲဝေ ဖြန့်ကျက်ရန် အားလုံးအကုန်အစင် မဲပေး၊ ဆန္ဒပြုလိုကြ၏။ အီလစ်တို့က ထွက်လာမည့် ရလဒ်ကို ကြောက်ပြီး ယင်းကိစ္စကို အသေးစိတ်ပါမချန် အတိုက်အခံပြု၏။ ဘာတွေ အကျိုးဆက်ဖြစ်လာသည်လဲ။
အီလစ်များက ပြန်လည်ခွဲဝေ ဖြန့်ကျက်စေမှုကို ၎င်းတို့ ယုံကြည်နိုင်လောက်သည် အထိပဲ ပေးလိုခြင်း၊ ကျယ်ပြန့် ကြီးထွားသွားဖို့ ဆိုလျှင် ဆန္ဒမရှိ၊ ကာကွယ်ခြင်းတို့ ဖြစ်လာသည်။ ဤခွဲခြမ်းစိတ်ဖြာ သုံးသပ်မှုများကို ဒီမိုကရေစီ ခပ်ကျဉ်းကျဉ်း အဖွင့်တွေအတွက် အသုံးချကြသည်။ ၎င်းတို့ သုံးသပ်သည်များက ထိရောက်အားကောင်း ဒီမိုကရေစီ ဘယ်လိုဖြစ်ထွန်းမည်လဲ ဆိုခြင်းမဟုတ်၊ ရွေးကောက်ပွဲတွေ ဘယ်လို ဘယ်လောက်လုပ်မလဲ ဖြစ်မလဲဆိုခြင်းသာ ဖြစ်နေ၏။
ရှေ့ပိုင်း၌ တင်ပြ ချေပခဲ့ပြီးသလို ရွေးကောက်ပွဲများနှင့် ထိရောက်အားကောင်း ဒီမိုကရေစီသည် တူညီသောအရာ မဟုတ်ပါ။ တူညီရာ မဟုတ်ဆိုသည်ထက် ထပ်တူမကျ၊ တခုတည်း မဟုတ်ဆိုခြင်း သဘောလည်းရှိကြောင်း ထပ်ဆင့် သိမြင်ကြရန် ဖြစ် ပါသည်။
ဤပုံစံမိုဒယ်တွင် ဘွိုက်ခ်စ်၏ အယူက ဘယ်လိုရှိသည်လဲ။ ဝင်ငွေခွဲဝေခြင်း ပိုမျှတလာလျှင် သူတို့အိတ်ကပ်ထဲက ဓနတွေ ပါသွားမှာ အီလစ်တို့၏ အကြောက်တရားဟု ဆိုလိုချင်သည့်ပုံဖြစ်၏။ ပုံစံဟောင်း ပြန်လည်ခွဲဝေမှုဖြင့် သေချာညှိနှိုင်း အပေးအယူလုပ် ရပ်တည်ပြလာနိုင်သောလူတွေ ပမာဏတခု ရောက်လာလျှင် ဤကိစ္စ ဖြစ်မြောက်လာဖို့ ရှိသည်။
ထိုနည်းတူ အရင်းရွေ့လျားနိုင်စွမ်း မြင့်မားလာသည်နှင့်အမျှ အီလစ်တို့၏ အကြောက်တရား လျော့ပါးလာမှုကလည်း တခါသုံးပစ္စည်းလို ခဏခဏ ဖြစ်နေတတ်သည်မှာ ၎င်းတို့ အရင်းအနှီးကို လူတွေ လက်လှမ်း မမီသည့်နေရာ ပြောင်းရွှေ့ ထားလိုက်နိုင်ခဲ့စဉ် ကတည်းက ဖြစ်ခဲ့ပြန်ပါ၏။ ဤမိုဒယ်အရ ထုထည်လိုက် လူစုလူထုများသည် ဒီမိုကရေစီကို အမြဲ မျက်နှာသာပေးကြောင်း သိမြင်လာရ၏။
ထို့အပြင် ဒီမိုကရေစီဦးတည်ချက် သေချာကျနဆောင်တာ တခုလည်း ဖြစ်လာနေပါ၏။ လူထုလိုအင်ဆန္ဒများက ဒီမိုကရေစီရေးအတွက် ဖြစ်လာပြီး ဒီမိုကရက်တိုက်ဇေးရှင်းအပေါ် သက်ရောက်ရိုက်ခတ်မှု မရှိစေသော ဒီမိုကရေစီ ဖြစ်လာသည်မျိုးပင်။ ဤမိုဒယ်ကပင် ဖြစ်နိုင်ခြေ နည်းစဉ်များတရပ်ကို အလားတူ ဥပေက္ခာ ပြုထား၏။ လူမှု စုပေါင်းရွေ့လျားမှုတို့က အထွေထွေ လူဦးရေတရပ်လုံး၏ နိုင်ငံရေးတွင် ထိထိရောက်ရောက် ပါဝင်လာနိုင်မှု စွမ်းရည်ကို ဖယ်ချန်ထားခြင်းမျိုး ဖြစ်သည်။
ဤကိစ္စကလည်းပဲ တကယ်တမ်း ရိုးရှင်းထင်ရှားလှသောအချက် ဖြစ်နေသည်။ ဒီမိုကရေစီရေး လူထုလိုအင်များ ဘာလဲ၊ ဘယ်လဲဆိုသည့်အပေါ် နှိပ်ကွပ်ဖို့ ဆုံးဖြတ်ချက်က အီလစ်တွေလက်ထဲ ရောက်နေသည်။ ဒီမိုကရေစီနှင့် ဆက်နွယ်ချက်များကို ချဲ့ထွင်ရာ၌လည်း ထိုကဲ့သို့ပင် ဖြစ်နေသည်။ ခေတ်မီတိုးတက်ရေးက ဒီမိုကရေစီကဲ့သို့ တူသယောင် ကိစ္စများကို သြဇာလွှမ်းမိုး၏။ ဝင်ငွေမျှတမှု မြင့်တက်ခြင်းနှင့် အရင်းရွေ့လျားနိုင်စွမ်းကဲ့သို့ ကိစ္စရပ်များဖြစ်ပြီး လူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် ဆိုသည်မျိုးကို အီလစ်တို့က ပိုလက်ခံနိုင်စွမ်း ရှိနေပါသည်။
ယခုဖော်ပြပါ ယူဆတင်ပြချက်တို့ကို ခပ်မြင့်မြင့်ပဲ မေးခွန်းထုတ်ရတော့မည်။ လက်တွေ့ ဖြတ်သန်းမှုအရ လူထု(များ)သည် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများအပေါ် အသေအချာ ထိန်းကျောင်းနိုင်ပြီး လိုအပ်လျှင် ဖြုတ်ချနိုင်သည်အထိ စွမ်းရည် ရှိကြောင်း ရေချိန်ဒီဂရီများစွာ၊ သင်ခန်းစာများစွာဖြင့် ကျနော်တို့ တွေ့မြင်ခဲ့ကြရပြီးဖြစ်၏။ ဘယ်ကတည်းက ဒီလိုစတွေ့ခဲ့ ကြရသလဲ။ လှုပ်ရှားဆောင်ရွက်မှု ရင်းမြစ်များ၊ ကိုယ်ပိုင်ကိုယ်တိုင် ဖော်ထုတ်မှု တန်ဖိုးများအပေါ် လူထု ဂရုဓမ္မ အလေးပြုလာခြင်း နှစ်ရပ်လုံးဖြင့် လူ့အဖွဲ့အစည်းကို တနေရာမှ တနေရာဆီ နောက်ထပ် ရွေ့သွားစေကြောင်း ပုံစံကားချပ်မျိုးစုံ ကောင်းစွာ ပေါ်ပေါက်လာခဲ့စဉ်ကတည်းက တွေ့ခဲ့ကြရခြင်း ဖြစ်ပါသည်။
နိုင်ငံရေးအခွင့်အရေးများ ချဲ့ထွင်ရန် ဆုံးဖြတ်ချက်က အီလစ်တို့ရွေးချယ်မှု တရပ်တည်း သီးသန့်ဆန် ကျန်ရှိနေတတ်သည်။ လူတဦးချင်း၏ လှုပ်ရှားဆောင်ရွက်မှု ရင်းမြစ်များ ချို့တဲ့နေချိန်ကာလကို ဆိုလိုပါ၏။ သို့ငြား စီးပွားဖွံ့ဖြိုးမှုက ပြဇာတ် ဆန်ဆန် ပြောင်းလဲပစ်နိုင်စေ၏။ ရုပ်ဝတ္ထုနှင့် အားကောင်းရင်းမြစ်များ ပိုကြီးမားလာခြင်းက လူတွေကို လှုပ်ရှားမှုများ ရွေး ချယ်ရာ၌ ပိုပါဝါကြီးလာစေနိုင်သလို အီလစ်တို့အပေါ် ထိထိရောက်ရောက် ဖိအားပေးလာနိုင်စေပါ၏။
(ဆက်လက်ဖော်ပြပါမည်)
(ခရစ္စတီယန် ဝယ်လ်ဇယ် (Christian Welzel) သည် ဂျာမနီနိုင်ငံ၊ ဘရီမင်းမြို့၊ ဂျက်ကော့ဘ်စ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခဖြစ်ပြီး ကမ္ဘာ့တန်ဖိုးစံများ စစ်တမ်းကောက်ယူရေး အမှုဆောင်ကော်မတီဝင် တဦးလည်းဖြစ်သည်။ ရော်နယ်အင်း ဂဲဟာ့တ် (Ronald Inglehart) သည် မီချီဂန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခဖြစ်ပြီး ကမ္ဘာ့တန်ဖိုးစံများ စစ်တမ်း ကောက်ယူရေး ဒါရိုက်တာလည်းဖြစ်သည်။ ၂၀၀၅ ခုနှစ်ထုတ် “ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှု အပြောင်းအလဲနှင့် ဒီမိုကရေစီ” စာအုပ်ကို ခရစ္စတီယန်ဝယ်လ် ဇယ်နှင့် ရော်နယ် အင်ဂဲဟာ့တ်တို့ ပူးတွဲရေးသားခဲ့ပြီး တခြားထင်ရှားသော စာအုပ်များကိုလည်း ပြုစုခဲ့သည်။ ယခု ဆောင်းပါးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုခဲ့ခြင်း ဖြစ်သည်။ Educational Initiatives (www. eduinitiatives.org) အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)