မြန်မာနဲ့ မြောက်ကိုရီးယား စစ်ဘက်ဆက်ဆံရေးရှိနေဆဲလား

၂၀၀၈ ခုနှစ်က စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ် စဉ် / Reuters
Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဝါရှင်တန်ခရီးစဉ်အတွင်း ယခင်စစ်အစိုးရ၏ လူ့အခွင့်အရေးချိုး ဖောက်မှုကြောင့် အမေရိကန်က ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ပယ်ဖျက်ပေးရန် အိုဘားမား၏ ဆုံးဖြတ်ချက် က တခြားသောသတင်းများကို လွှမ်းမိုးခဲ့သည်။

နောက်တပတ်ကြာသော် ခေါင်းဆောင် ၂ ဦးသည် မြန်မာနှင့် မြောက်ကိုရီးယားအကြား စစ်တပ်ချင်းဆက်စပ်မှု အခြေ အနေကိုလည်း တိတ်ဆိတ်စွာ ဆွေးနွေးခဲ့ကြကြောင်း ပေါ်ထွက်လာသည်။

မြောက်ကိုရီးယား ကိစ္စမှာ မြန်မာနှင့် အမေရိကန် ၂ နိုင်ငံကြား ကာလရှည်ကြာ အငြင်းပွားခဲ့ရသည့် ပြဿနာတခု ဖြစ်ပြီး ပုံမှန် သံတမန်ဆက်ဆံရေး အပြည့်အ၀ ပြန်လည် ရရှိရေးတွင် အတားအဆီး ဖြစ်နေခဲ့သည်။ မြန်မာနှင့် မြောက်ကိုရီးယား ကြားမှ စစ်တပ်ချင်း လျှို့ဝှက် ဆက်ဆံရေး လုံးဝပြီးဆုံးသွားပြီဟု အမေရိကန် အစိုးရလက်ခံချိန်ရောက်သည်အထိ အကန့် အသတ်ဖြင့် ဆက်ဆံမှု ဗျူဟာဆက်လက်ရှိနေဖွယ်ရှိသည်။

စက်တင်ဘာလ ၂၈ ရက်နေ့က အထက်လွှတ်တော်၏ ကြားနာမှုတခုတွင် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမေရိ ကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel က သမ္မတအိုဘားမားက ယခင်စစ်အစိုးရလက်ထက်မှ ကျန်ရစ်ခဲ့ သော မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်မှုမှန်သမျှကို ဖယ်ရှားရန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ကို ပြောကြားခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း AP သတင်းဌာန၏ အဆိုအရသိရသည်။
မြန်မာစစ်တပ်အတွင်းတွင် မြောက်ကိုရီးယားနှင့် ဆက်သွယ်မှုအနည်းငယ် ရှိနေနိုင်သေးသည်ဟု Daniel Russel က ထွက်ဆိုခဲ့သည်ဟုလည်းသတင်းများက ဆိုသည်။

ပြီးခဲ့သည့်နှစ်များအတွင်း မြောက်ကိုရီးယားနိုင်ငံက အမြောက်များ၊ ဘက်စုံသုံးယာဉ်တင် ဒုံးကျည်စနစ်များ နှင့် အခြား စစ်လက်နက်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်ပို့ခဲ့ပြီး အပြန်အလှန်အားဖြင့် မြန်မာနိုင်ငံမှ ဆန်နှင့် စားနပ် ရိက္ခာများ တင်သွင်းခဲ့သည်ဟု သတင်းများကဆိုသည်။

မြန်မာ့အရေးကျွမ်းကျင်သူ Bertil Lintner က မြောက်ကိုရီးယားမှ ဥမင်လိုဏ်ခေါင်းဆိုင်ရာ ကျွမ်းကျင်သူများ နေပြည်တော် သို့ ရောက်ရှိပြီး မြေအောက်ဘန်ကာများ နှင့် အခြားသောလျှို့ဝှက် အဆောက်အဦးများ တည်ဆောက်ရန် မြန်မာစစ်တပ် ကို ကူညီနေသည်ဟု ၂၀၀၆ခုနှစ်က Asia Times Online တွင် ရေးသားခဲ့သည်။

မြန်မာစစ်တပ်၏ အဆင့်မြှင့်တင်ရေး အစီအစဉ်များ၊ လက်နက်ထောက်ပံ့မှုနှင့် စစ်လက်နက် တိုးတက်ရေး ကိစ္စများတွင် မြောက်ကိုရီးယား၏ ပတ်သက်မှုက မည်သည့်အတိုင်းအတာအထိရှိသည်ဆိုသည်ကို ယခုအချိန်အထိ ကျယ်ကျယ်ပြန့်ပြန့် မသိရှိရသေးပါ။ “ဒါပေမယ့် အစိုးရက စိုးရိမ်လာတာနဲ့ အမျှ၊ စစ်တပ် ခေါင်းဆောင်ပိုင်းက စိုးရိမ်လာတာနဲ့ အမျှ သူတို့က တားဆီးဖို့ ဖယ်ရှားဖို့ အပြည့်အဝလုပ်ဆောင်လာကြမယ်လို့ ကျနော်ထင်ပါ တယ်” ဟု Daniel Russel ကပြောသည်။

မြောက်ကိုရီးယားနှင့် လက်နက်ကုန်သွယ်မှု မပြုရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက တားမြစ်ထားပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် ယခင်စစ်အစိုးရက နိုင်ငံတကာ နှင့် သီးခြားဖြစ်နေသည့် အခြေအနေကို ရှောင်လွှဲရန်နှင့် တရုတ် အပေါ်မှီခို အားထားနေရမှုကို ကန့်သတ်ရန် မြောက်ကိုရီးယားနှင့် ပတ်သက်မှုများ ရှိခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းနှင့် ဒီဇင်ဘာလဆန်းပိုင်းတွင် စစ်အစိုးရတတိယခေါင်းဆောင် ဗိုလ်ချုပ်ကြီးသူရရွှေမန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တဖွဲ့ ကာကွယ်ရေးပစ္စည်း စက်ရုံများ၊ ထုတ်လုပ်မှုများနှင့် မြေပြင်မှ မြေပြင်ပစ် ဒုံးပျံစက်ရုံတရုံသို့ သွားရောက်လေ့လာခဲ့သည့် မှတ်တမ်းဓာတ်ပုံများ အပါအဝင် မြန်မာနိုင်ငံ၏ ဒုံးပျံအစီအစဉ်အတွက် မြောက်ကိုရီးယား၏ အကူအညီများကို Bertil Lintner က မှတ်တမ်းတင်ခဲ့သည်။

ထိုစဉ်က ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် မြောက်ကိုရီးယား စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Kyok-sik တို့က ဥမင်လိုဏ် ခေါင်းများ တည်ဆောက်ရေးနှင့် စစ်လက်နက်ပစ္စည်းများ ခေတ်မီတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာတခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ၂၀၁၁ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံသို့ ဒုံးပျံနည်းပညာ သယ်ဆောင်လာ သည်ဟု သံသယ ရှိသော မြောက်ကိုရီးယား သင်္ဘောတစင်းကို အမေရိကန်ရေတပ်က ကြားဖြတ်တားဆီး၍ လှည့်ပြန်စေ ခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံက အဆိုပါ သဘောတူညီချက်မျိုးများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကြောင်း သံတမန်ရေးရာ နွေးထွေးမှုများဖြင့် အမေရိကန်နိုင်ငံနိုင်ငံကို ယုံကြည်စိတ်ချနိုင်ရန် ကြိုးစားနေသည်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ရေးအတွက် ကျယ်ပြန့်သည့် ဗျူဟာမြောက် ဦးတည်ချက်များ အင်အားကောင်းလာစေမည့် အခြားသောနည်းလမ်းများကို အဓိကထား၍ ရှာဖွေခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို မြောက်ကိုရီးယားမှ စစ်လက်နက်များ တရားမဝင်ဝယ် ယူရာတွင် ပါဝင်ပတ်သက်မှုဖြင့် အမေရိ ကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက လူပုဂ္ဂိုလ်တယောက်ချင်းအလိုက် နာမည်ပျက်စာရင်းသွင်းခဲ့သည်။

၂၀၁၄ ခုနှစ်တွင် အမေရိကန် တာဝန်ရှိသူများက စစ်တပ်နှင့် အဆက်အသွယ်ရှိသော စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ၏ ဘဏ်စာရင်းများကို ပိတ်ပစ်ရန် စင်ကာပူအာဏာ ပိုင်များကို ဖိအားပေးခဲ့သည်။ သူ၏ကုမ္ပဏီက မြောက်ကိုရီးယား နှင့် အဆက်အသွယ်ရှိသော ကုမ္ပဏီများနှင့် ငွေအလွှဲ အပြောင်းများ ပြုလုပ်ခဲ့သည်ဟု သံသယရှိခြင်းကြောင့် ဖြစ်သည်။

မြောက်ကိုရီးယား ပါဝင်ပတ်သက်နေမှုကို ဖုံးကွယ်ထားသည့် မကွေးတိုင်းမှ လျှို့ဝှက် စစ်လက်နက်စက်ရုံတခု အကြောင်း သတင်းရေးသားဖော်ပြခဲ့၍ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့သော ပြည်တွင်းထုတ် ယူနတီဂျာနယ်မှ စာနယ်ဇင်းသမားများ အပေါ် အစိုးရ၏ တုန့်ပြန်မှု ကို လေ့လာဆန်းစစ်သူ အချို့က သံသယ ဖြစ်ခဲ့ကြသည်။

အဆိုပါသတင်းထောက်များက စက်ရုံကို ဓာတုလက်နက်များ ထုတ်လုပ်ရန် အသုံးပြုခြင်းဖြစ်သည်ဟု မှားယွင်းရေး သား မိခြင်း ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း တရုတ်လူမျိုး ပညာရှင်များ ရှိနေသည်ဟုလည်း ဖော်ထုတ်ခဲ့ကြသည်။ လေ့လာ ဆန်းစစ်သူများကမူ မြောက်ကိုရီးယား နိုင်ငံသားများ ပိုဖြစ်နိုင်သည်ဟု ယုံကြည်ကြသည်။

ဒေါ်အောင်ဆန်းကြည် အစိုးရလက်ထက်သို့ရောက်သည့် အခါ အဆိုပါ သတင်းထောက်များ ပြန်လည် လွတ်မြောက်လာ ခဲ့ကြသည်။

အိုဘားမား၏ တောင်းဆိုမှုက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိနေသည့် စစ်တပ်ကို သူ၏ အရပ်ဘက်ထိန်းချုပ်မှုနှင့် ကြီးကြပ်မှု အောက်သို့ ရောက်ရှိလာစေရန် ကြိုးစားနေသော ဒေါ်အောင်ဆန်းစုကြည်၏ အကန့်အသတ်ရှိနေသည့် နည်းလမ်းများ အတွက် စမ်းသပ်ချက်ဖြစ်လာမည် ဖြစ်သည်။

လက်တွေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ရွေးကောက်ခံအစိုးရက တိုင်းပြည် အနှံ့တွင် ရှိနေသော စစ်တပ် ၏လျှို့ဝှက်အဆောက်အဦးများ အကြောင်းကို သိရှိထားခြင်း ရှိမရှိက မသဲကွဲသေးပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က မြန်မာနိုင်ငံမှ လုံခြုံရေးနှင့်ဆိုင်သည့် အဓိက ဝန်ကြီးဌာန ၃ ခုကို တိုက်ရိုက်ထိန်းချုပ်ထားဆဲ ဖြစ်သည်။ အဆိုပါ ဝန်ကြီးဌာန ၃ ခုကို အနောက်တောင်တိုင်း စစ်ဌာန ချုပ် တိုင်းမှူးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ လေကြောင်းရန် ကာကွယ်ရေး အကြီး အကဲဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း နှင့် စစ်ဥပဒေချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့က အသီးသီး ဦးဆောင်ကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွေးချယ်ထားသည့် အဆိုပါ စစ်အရာရှိကြီး ၃ ဦးက ယခင်စစ် အစိုးရလက်ထက်က မြောက်ကိုရီးယားနှင့် ဆက်ဆံမှုများတွင် တိုက်ရိုက်ပါဝင်ခဲ့ခြင်း ရှိမရှိကလည်း မသိရသေးပါ။

မြောက်ကိုရီးယားနှင့် ဆက်ဆံသူ အချို့ရှိနေဆဲဟု အမေရိကန်အစိုးရ၏ သံသယမှာ စစ်တပ်က ခန့်အပ်သည့် ဒု သမ္မတ ဖြစ်သော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ နှင့် သူ၏ စစ်တပ်တွင်းမှ မဟာမိတ်များ၊ လုပ်ဖော်ကိုင်ဘက် များကို ရည်ရွယ်ခြင်း ဖြစ်ဖွယ် ရာ ရှိပါသည်။

သဘောထားတင်းမာသည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကို ဖြိုခွဲရာတွင် တာဝန်ရှိသူတယောက်ဖြစ်ပြီး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပေါ် သစ္စာစောင့်သိ ဆောင်ရွက်ပေးနေဆဲဖြစ် သည်ဟု ယုံကြည်ရသည်။

အရေးယူပိတ်ဆို့မှုများကို သမ္မတအိုဘားမားက ရုပ်သိမ်းပေးလိုက်သည့်အတွက် ဦးမြင့်ဆွေနှင့် ယခင်မြောက်ကိုရီး ယားနှင့် ဆက်ဆံရေးတွင် ပါဝင်ခဲ့သော စစ်အရာရှိများနှင့် ခရိုနီလုပ်ငန်းရှင်များလည်း အမေရိကန် ဘဏ္ဍာရေးဌာန၏ အထူးကန့် သတ်ထား သော နိုင်ငံသားများစာရင်းမှ ပယ်ဖျက်ပေးခြင်း ခံရဖွယ်ရာ ရှိနေသည်။

အရေးယူ ပိတ်ဆို့မှုများကို ဖယ်ရှားခြင်းက အမေရိကန်နှင့် မြန်မာနိုင်ငံတို့၏ ဗျူဟာမြောက် ဆက်ဆံရေးပိုမိုနက်ရှိုင်း လာ စေရေးတွင် နှောက်ယှက်နေသည့် အဓိကအတားအဆီးတခုကို ဖယ်ရှားပေးလိုက်ခြင်း ဖြစ်သော်လည်း လျှို့ဝှက်စစ်ရေး အဆောက်အဦးများကို မြောက်ကိုရီးယား ပညာရှင်များ၏ အကူအညီဖြင့် တည်ဆောက် ထိန်း သိမ်းနေခြင်းများကို သေချာပေါက် ဖြတ်တောက် ပေးနိုင်လိမ့်မည် မဟုတ်ပါ။

လတ်တလောသက်သေအဖြစ် ၂၀၁၅ ခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်က (ထိုစဉ်က) ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တွေ့ဆုံ၍ ၎င်းတို့၏ ခေါင်းဆောင် Kim Jong-un ကို အမေရိကန်တို့က အသရေဖျက်သည်ဟု မြောက်ကိုရီးယား အစိုးရက ယူဆသော ဆိုနီရုပ်ရှင် ကုမ္ပဏီထုတ် “The Interview” ဇာတ်ကား ဖြန့်ဖြူးရောင်းချခြင်းကို ရပ်ဆိုင်းအောင် ကူညီပေးရန် တောင်းဆိုခဲ့ခြင်းကမြင်တွေ့နိုင်ဆဲ ဖြစ်သည်။

အဆိုပါ ရုပ်ရှင်အတွက် လက်တုန့်ပြန်သည့် အနေဖြင့် မြောက်ကိုရီးယားက ဆိုနီ ရုပ်ရှင်ကုမ္ပဏီကို အွန်လိုင်း မှ ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အမေရိကန် သမ္မတ အိုဘားမားက မြောက်ကိုရီးယား အဖွဲ့အစည်း ၃ ခုနှစ် အရာရှိ ၁၀ ဦး အပေါ် အရေးယူပိတ်ဆို့မှု အသစ်များ ချမှတ်ရန် ဖြစ်လာစေခဲ့သည်။ မြောက်ကိုရီးယား သံရုံး၏ တောင်း ဆိုမှုကို တုန့်ပြန်သည့် အနေဖြင့် ဦးမြင့်ဆွေက ရုပ်ရှင်ဇာတ်ကား စီဒီများကို သိမ်းယူခဲ့ပြီး အဆိုပါ ဇာတ်ကားကို ရောင်း ချသည့် ရန်ကုန်အခြေစိုက် ဆိုင်ပိုင်ရှင်များကိုလည်း ဖမ်းဆီးခဲ့ပါသည်။

The Diplomat မဂ္ဂဇင်းမှ Shawn W. Crispin ၏ Is Myanmar Still in Cahoots With North Korea? ကိုဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading