• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပုဒ်မ ၆၆ (ဃ)

by သန်းနိုင်ဦး
17 November 2016
in သူ့အတွေး သူ့အမြင်
A A
ဆဲဆိုပုတ်ခတ်ခြင်းလို အသေးအဖွဲတွေမှာ အချိန်ကုန် လူပန်း မဖြစ်စေလိုပါ / Reuters

ဆဲဆိုပုတ်ခတ်ခြင်းလို အသေးအဖွဲတွေမှာ အချိန်ကုန် လူပန်း မဖြစ်စေလိုပါ / Reuters

16.6k
VIEWS
Share on FacebookShare on Twitter

လူမှုကွန်ရက်မှာ ဆဲဆို စော်ကားသူတွေကို ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆို အရေးယူ အပြစ်ပေးတဲ့ ဖြစ်စဉ်တွေ ခပ်စိပ်စိပ် တွေ့လာရတယ်။ ကြက်ဖကြီး၊ ဦးဖာ၊ ချစ်သမီး၊ မောင်ဆောင်းခ တို့ တို့ကအစ နေပြည်တော်က ကိုနေလင်းအောင်၊ ဦးမျိုးရန်နောင်သိမ်း၊ ဒေါက်တာ သန်းထွဋ်အောင်၊ ဦးဝေဖြိုးတို့အဆုံး အားလုံး ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆို ခံခဲ့ရသူတွေ ဖြစ်တယ်။ ဒီဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း အရင်အစိုးရ လက်ထက်မှာလည်း တရားစွဲဆို အရေးယူခံခဲ့ကြရသူတွေ ရှိသလို လက်ရှိအစိုးရ လက်ထက်မှာလည်း တရားစွဲဆိုခံ ထားကြရ သူတွေ ရှိတယ်။

သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို “စော်ကား”ရေးသားတယ်ဆိုပြီး ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆို ခဲ့တာ ဖြစ်ပါတယ်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
1.3k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

10 May 2025
4.8k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

10 May 2025
6k

ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုကြတဲ့ အခါ (ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းက လွဲ) နစ်နာသူ ကိုယ်တိုင်က တရားစွဲဆိုတာ မဟုတ်ပဲ အခြားသူက တရားစွဲဆိုကြပါတယ်။ ပြစ်မှုထင်ရှားတယ် လို့ တရားရုံးက ဆုံးဖြတ်ခဲ့ရင် ၃ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ ငွေဒဏ် ဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖွင့်ဆိုထားတယ်။ ဒီပုဒ်မက ရဲအရေးပိုင်တဲ့ အမှုဖြစ်ပြီး အာမခံမရပါဘူး။

ဥပဒေရဲ့ ရည်ရွယ်ချက် က နိုင်ငံဖွံ့ဖြိုး တိုးတက်စေဖို့ ဆက်သွယ်ရေး နည်းပညာတွေကို ထိရောက်စွာ အသုံးပြုရေး အတွက် ပြဋ္ဌာန်းခဲ့တာပါ။ ဒါပေမယ့် လူမှုကွန်ရက်မှာ မိမိခံစားချက်ကို ရေးသားဖြန့်ဝေကြရာက ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆို အရေးယူတဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့ရတာပါ။ အလဲဗင်းမီဒီယာကတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် လဒ်စားတယ်လို့ စွပ်စွဲချက်ကြောင့် ဖြစ်ပါတယ်။

ပုဒ်မ ၆၆ (ဃ) က လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ကန့်သတ်ထားသလားလို့ မေးခွန်း ထုတ်ကြသူတွေ ရှိပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာ “လူတိုင်းသည် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် လွတ်လပ်စွာ ရေးသားခွင့် ထုတ်ဖော်ပြောဆိုခွင့် ရှိသည်” လို့ ရေးသားထားပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့် ရှိပေမယ့် လွတ်လပ်စွာ ဆဲရေးတိုင်းထွာ စော်ကားခွင့် မရှိလို့ ပုဒ်မ ၆၆ (ဃ) ရှိဖို့ လိုအပ်တယ် လို့ ဆိုကြသူ တွေလည်း ရှိပါတယ်။ တဖက်ကလည်း ဝေဖန်ပြောဆိုမှုတွေကို စော်ကားတယ်ဆိုပြီး ၆၆ (ဃ) နဲ့ လိုသလို သုံးနိုင်တယ်လို့လည်း ပြောကြတယ်။

ဒီဥပဒေက ရဲအရေးပိုင်ခွင့် ရှိတဲ့ ဥပဒေဖြစ်ပြီး အာမခံ မရနိုင်တာကြောင့် တရားစွဲဆို ခံရသူအနေနဲ့ ဖြေရှင်းခွင့် မရနိုင်ဘဲ လတ်တလော အချုပ်ကျခံရမှာ ဖြစ်တယ်။ ဒီနေရာမှာ ဥပဒေက ရှိသင့်သော်လည်း အာမခံ ပေးနိုင်တဲ့ ဥပဒေဖြစ်ဖို့ လိုတယ်လို့ တောင်းဆိုကြသူတွေရှိသလို အလဲဗင်းကိစ္စမှာဆို အသရေဖျက်မှုနဲ့ တရားစွဲနိုင်ပေမယ့် အာဏာပိုင်တွေက အာမခံ မပေးချင်လို့ ဒီ ၆၆ (ဃ)နဲ့ပဲ စွဲတာလို့ ဆိုနေကြသူတွေလည်း ရှိပါတယ်။

နိုင်ငံတကာမှာလည်း ဆက်သွယ်ရေး ဥပဒေ ပုဒ်မ Cybercrime Law တွေ ရှိပါတယ်။ ဒါပေမယ့် နိုင်ငံတော်ရဲ့ အင်စတီကျူးရှင်းတွေနဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေရဲ့ နည်းပညာဆိုင်ရာ လုံခြုံရေးကို ချိုးဖောက်ဝင်ရောက်မှ ဒါမှမဟုတ် လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်အောင် လှုံ့ဆော်ရေးသားမှ ဒါမှမဟုတ် လိင်အမြတ်ထုတ်မှု အထူးသဖြင့် ကလေးသူငယ်တွေအပေါ် ကျူးလွန်သူတွေကို ပစ်မှတ်ထား ဖော်ထုတ် အရေးယူပါတယ်။

အခု လူပြောများတဲ့ ၆၆ (ဃ) နဲ့ ပတ်သက်လို့ကတော့ ဒီဗီဘီမှာ အိပ်ဖွင့်ပေးစာ ရေးခဲ့တဲ့ သင့်ဘဝ စာရေးဆရာ တင်မောင်သန်းရဲ့ ကောက်ချက်လေး သဘောကျမိသဗျ။ သူက “နိုင်ငံတနိုင်ငံအနေနဲ့ နယ်ပယ်အသစ်ထဲကို ဝင်ရတဲ့အခါ မိမိကိုယ်ကိုယ် နှိမ့်ချ၊ လေ့လာသင်ယူ၊ နားလည် သည်းခံ ခွင့်လွှတ်၊ အပြန်အလှန်ထိန်းသိမ်းပေးဆိုတဲ့ စိတ်ဓာတ်တွေက အရေးကြီးလှပါတယ်။ စနစ်ဟောင်းကို စနစ်အသစ်နဲ့ အစားထိုးတဲ့အခါ၊ အဟောင်းနဲ့ဲ မလွှဲမရှောင်သာ စရမှာဖြစ်ပေမယ့် အနှစ်နှစ်အလလက ခိုင်ခံ့ခဲ့တဲ့ အဲဒီစနစ်ဟောင်းကြီးထဲ အစိုးရအသစ်က ခေါင်း စ ဝင်မိသွားမှာကိုတော့ အစိုးရိမ်ကြီး စိုးရိမ်မိလေရဲ့” တဲ့။

ကျနော်ကတော့ အစိုးရအနေနဲ့ နိုင်ငံတည်ဆောက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးတွေမှာ အာရုံစိုက်ပြီး အချိန်နဲ့ ပြည်သူ့ဘဏ္ဍာကို အသုံးချစေချင်တာပါပဲ။ ဆဲဆိုပုတ်ခတ်ခြင်းလို အသေးအဖွဲတွေကို အာရုံမစိုက်စေချင်ပါ။

တဘက်မှာလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ ဆဲရေးတိုင်းထွာ စော်ကားခွင့် မတူဘူးလို့ ယုံကြည်ပါတယ်။ မည်သူ့ကို မဆို အပြုသဘောနဲ့ ဝေဖန်ခွင့် ရှိသော်ငြား လူမျိုး တမျိုးနဲ့ တမျိုး၊ ဘာသာတရားတခုနဲ့ တခု အပေါ်မှာ စွပ်စွဲပြစ်တင် ပုတ်ခတ်တာ မလုပ်သင့်ပါဘူး။ အဖွဲ့အစည်း အသင်းအပင်း တခုခု အပေါ်မှာလည်း မဟုတ်မမှန် လုပ်ကြံစွပ်စွဲတာတွေ မလုပ်ကြဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် လူမှုကွန်ရက်ကို အသုံးပြုကြသူတွေ အနေနဲ့ အမုန်းစကားတွေ ရုန့်ရင်းကြမ်းတမ်း တာတွေ မဖြန့်ဝေမိဖို့ လိုပါ တယ်။ ရုန့်ရင်းကြမ်းတမ်း ရိုင်းစိုင်းသူတွေကို လူရာမသွင်းမိဖို့ အရေးကြီးပါတယ်။ အဲဒီလိုလူတွေ မိတ်ဆွေစာရင်းမှာ ပါနေရင် အမြန်ပယ်ဖျက် ပစ်ကြပါ။ ရိုင်းစိုင်းတာကို လက်မခံကြောင်း ပြပါ။

(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာဖြစ်သည်)

Your Thoughts …
Tags: ပုဒ်မ ၆၆ (ဃ)
သန်းနိုင်ဦး

သန်းနိုင်ဦး

Contributor

Similar Picks:

Mi Htaw Mon အကောင့်တွင် တင်ထားသော ပိုစ့်

အသရေဖျက်မှုဖြင့် Mi Htaw Mon အကောင့်ပိုင်ရှင် အမှုဖွင့်ခံရ

by ဇူးဇူး
5 October 2020
29.9k

Mi Htaw Mon အကောင့်ပိုင်ရှင်အား အောက်တိုဘာ ၃ ရက်၊ ည ၈ နာရီခန့်က ချောင်းဆုံ မြို့မရဲစခန်းတွင် အမှုဖွင့် တိုင် ကြားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၄ ရက်တွင် အမှုဖွင့်ခံရသူအား ရဲစခန်းက...

၆၆ (ဃ) ပြင်ဆင်ရေး လှုပ်ရှားမှု ပြုလုပ်ရန် ကြိုးစားမှုကြောင့် တားဆီးခံနေရသည့် မောင်ဆောင်းခ(လုံချည် ခရမ်းရောင်) နှင့် အဖွဲ့ကို နေပြည်တော် ကောင်စီဝင်းအတွင်း တွေ့ရစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းပေးရန် တောင်းဆိုမှုများရှိနေ

by ထက်နိုင်ဇော်
4 November 2016
14.6k

မက်ဆေ့ချ် ကနေ တယောက်နဲ့တယောက် လှမ်းပြောနေတာတွေလည်း ဒီဥပဒေနဲ့ ဆွဲလို့ရတယ်။ ဒီအမှု ဖြစ်လာခဲ့ရင် နိုင်ငံရေးနဲ့ မပတ်သက်ရင်တောင် ၂ ပတ်ကနေ ၁ လ၊ ၂ လအထိ ကြာသွားနိုင်တယ်”ဟု ဦးရောဘတ် စန်းအောင် က...

"သတင်းမီဒီယာအလုပ်သည် ရာဇဝတ်မှု မဟုတ်"ဟု စာတမ်းပါ တီရှပ်ကို ဝတ်ဆင်ထားသော သတင်းသမားတဦး / မျိုးမင်းစိုး

ရခိုင်ပဋိပက္ခ ပိုကြီးလာမည်ကို စိုးရိမ်၍ မီဒီယာတချို့ ကို အရေးယူရဟု တပ်မတော် ပြော

by ထက်နိုင်ဇော်
21 April 2019
19.9k

လူမျိုးရေး ပဋိပက္ခများ ပိုမိုကြီးထွားလာမည်ကို တပ်မတော်က စိုးရိမ်သဖြင့် သတင်း မီဒီယာတချို့ကို အရေးယူရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောသည်

ပုဒ်မ ၆၆ (ဃ) ကို ပြန်လည် သုံးသပ်ရန် အစိုးရကို တိုက်တွန်းလိုက်သည် / ဇော်ဇော် / ဧရာဝတီ

ပုဒ်မ ၆၆ (ဃ) ကို ပြန်လည် သုံးသပ်ရန် အစိုးရကို တိုက်တွန်း

by ငြိမ်းငြိမ်း
28 June 2017
3.4k

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အတည်ပြု အသက်ဝင်လာသည့် နောက်ပိုင်းမှ စတင်ကာ ၎င်းပုဒ်ဖြင့် တရားစွဲခြင်း၊ အရေးယူခံရသည့် သူ ဦးရေမှာ ၆၀ ထက် မနည်း ရှိနေပြီ ဖြစ်သည်။

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး တွေ့ရသည့် လွှတ်တော် ကိုယ်စားလှယ်များ / ထက်နိုင်ဇော် / ဧရာဝတီ

ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး ပြည်သူ့လွှတ်တော်တွင် ရှုံးနိမ့်

by ထက်နိုင်ဇော်
18 August 2017
10.1k

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတခု ဆွေးနွေးစဉ် အမတ် တဦးက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ကို ဖျက်သိမ်းရန် ကြိုးပမ်းခဲ့သော်လည်း မဲခွဲဆုံးဖြတ် ချက်ဖြင့် ၆၆(ဃ) ဖျက်...

ထိန်းသိမ်းခံထားရသည့် The Voice အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ / ချမ်းစွန်း / ဧရာဝတီ

The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ ၅ ကြိမ်မြောက် အာမခံပယ်ချခံရ

by ထွန်းထွန်း
7 July 2017
8.5k

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲခံထားရသည့် The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ အာမခံ လျှောက်ထားမှုကို အထောက်အထား မပြည့်စုံဟုဆိုကာ ၅ ကြိမ်မြောက်အဖြစ် ယနေ့ရုံးချိန်းတွင် ဗဟန်းမြို့နယ်တရားရုံးက ထပ်မံ ပယ်ချလိုက်ကြောင်း

Next Post
စက်တင်ဘာ ၁၀ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် NLD ကိုယ်စားလှယ် ဦးအောင်မျိုးဦး ရှင်းပြ နေစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

ရမည်းသင်း ရွေးကောက်ပွဲ ကန့်ကွက်လွှာ အပြီးသတ် အမိန့် NLD အနိုင်ရ

ဒီတခါ စိန်ခေါ်သူကတော့

ဒီတခါ စိန်ခေါ်သူကတော့

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.3k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
4.8k

Most Read

  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate