မြန်မာနိုင်ငံက သူ၏ သမိုင်းတွင် အနာကျင်ဆုံး ကာလများထဲမှ အချို့ကို ဖြတ်သန်းနေသည်။ ကျွန်ုပ်တို့၏ လက်များကို ယှက်၍ အားလုံးကို တောင်းဆိုပါသည်။ ကုစားပေးကြပါ။ ဒဏ်ရာများ မပေးပါနှင့်။
မြန်မာ ပြည်သူများက ပိုမိုမှောင်မိုက်သွားသော နေ့ရက်များသို့ ပြန်လည်ရောက်ရှိသွားသလို နက်ရှိုင်းစွာ ဝမ်းနည်းခံစားခဲ့ ကြရသည်။ ထိရှလွယ်သည့် ဒီမိုကရေစီ ခရီးစဉ် ပိုမိုခိုင်မာရေးအတွက် မြန်မာနိုင်ငံက ကမ္ဘာ၏ အာရုံစူးစိုက်မှု လိုအပ်ပါ သည်။
အဓိက အဖြစ်အပျက် ၃ ခုက မြန်မာပြည်သူတို့ကို စိုးရိမ်စေပါသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကုလသမဂ္ဂ ဒုက္ခသည် များ ဆိုင်ရာ မဟာမင်းကြီးရုံးမှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာက စိတ်နှလုံး ထိခိုက်ကြေကွဲဖွယ်ရာ ဖြစ်သည်။ စိုးရိမ်စရာ ဖြစ်ကြောင်း တွေ့ရသည်။ ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော ဒေသမှ မြန်မာ လုံခြုံရေး တပ်ဖွဲ့များ၏ ရက်စက်မှုများနှင့် အခြားသော အလွန်ဝမ်းနည်းဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို ဖော်ပြထားသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး က ဖော်ပြခဲ့သည့် လူမဆန်မှုများနှင့် ရက်စက်မှုများက ဖတ်ရှုရန် ဝမ်းနည်းစရာဖြစ်သလို ယုံကြည်ရန်လည်း ခက်ခဲပါသည်။
ပြီးခဲ့သည့် ၅ နှစ်အတွင်း မြန်မာနိုင်ငံက အပေါင်းလက္ခဏာဆောင်သည့် အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရပြီး ပိုမို၍ ပွင့် လင်းသည့် နိုင်ငံတခု ဖြစ်လာခဲ့သည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံမှ အမျိုးသား အမျိုးသမီးများက မျှော်လင့်ချက်၏ အရုဏ်ဦး အဖြစ် ယုံကြည်ခဲ့ကြသည်။ စီးပွားရေးနှင့် မီဒီယာ ပွင့်လင်းလာခြင်း၊ ဒီမိုကရေစီ ဖော်ဆောင်ခြင်း၊ ချောမွေ့ညင်သာ သော အာဏာ လွှဲပြောင်းမှု တို့အားလုံးက မျှော်လင့်ချက်များ နှင့် အိပ်မက်များကို မြန်မာနိုင်ငံသစ်တခု ဆီသို့ ညွှန်ပြခဲ့ကြသည်။
ကျဆုံးခြင်းတခု ဖြစ်မလာရေးအတွက် ကျွနု်ပ်တို့ လေးနက်စွာ ဆုတောင်းပါသည်။ အမုန်းတရားကို ဖြန့်ဝေနေသူများက အရှိန်ရနေသည်။ လူမျိုးနှင့် ဘာဘာကွဲပြားသူများကို ဆန့်ကျင်မုန်းတီးမှုက သတိပေးရလောက်အောင် အလွန်စိုးရိမ်စရာ အခြေအနေတခုအထိ ပြင်းထန်နေသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည်များက အားလုံးအတွက် ချက်ချင်း ရပ်တန့် ရန် လိုအပ်နေပါသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ အခြေအနေများကလည်း ကျွန်ုပ်အတွက် ထပ်တူထပ်မျှ စိုးရိမ်ဖွယ်ရာ ဖြစ်ပါ သည်။ အထူးသဖြင့် မုန်းကိုးတွင် ကက်သလစ် ဘုရားကျောင်းတခု ဗုံးကျဲခံခဲ့ရပြီး နောက်ပိုင်းတွင် ကချင် ခရစ်ယန် ဂိုဏ်း ထောက် ဆရာ ၂ ဦးဖြစ်သည့် Nawng Latt နှင့် Gam Seng တို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ သူတို့၏ တရားခွင်တွင် တရားမျှတမှု ရရှိပြီး သူတို့ ပြန်လည်လွတ်မြောက်ရန် ကျွန်ုပ် ဆုတောင်းပါသည်။ မြန်မာနိုင်ငံ မြောက်ပိုင်းမှ စစ်ဆင်ရေးများကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်ရသူ ထောင်ပေါင်းများစွာ အတွက်လည်း ဆုတောင်းပေးပါသည်။
ပြီးခဲ့သည့် တပတ်ကျော်က ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းကလည်း မြန်မာနိုင်ငံအတွက် နောက်ပြန်သွားသည့် ခြေလှမ်းတရပ်ဖြစ်ပြီး ကျွန်ုပ်တို့၏ နိုင်ငံမှ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် ကျွနု်ပ်တို့၏ မျှော်လင့်ချက်များ အတွက် ထိုးနှက်ချက် ဖြစ်ပါသည်။ ဦးကိုနီ၏ မိသားစုနှင့် မိတ်ဆွေများနှင့် ထပ်တူ ကျနော် ဝမ်းနည်းကြေကွဲမိပါသည်။ သူ၏ မိ သားစု၊ သူ၏ လုပ်ဖော်ကိုင်ဖက်များ နှင့် မြန်မာနိုင်ငံ အတွက် အလွန်လိုအပ်နေသည့် အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဦးကိုနီ သတ္တိမြောင်မြောက်စွာ ဆောင်ရွက်ခဲ့သည်များကို ဆက်လက်ဆောင်ရွက်မည့်သူများ အတွက်လည်း ကျွန်ုပ် ဆုတောင်းပေးပါသည်။
ရခိုင်ပြည်နယ်မှ အရပ်သားများအပေါ် စစ်ရေးအရ တိုက်ခိုက်မှုများ အဆုံးသတ်ရေးအတွက် မြန်မာအစိုးရကို ကျွန်ုပ် တောင်းဆိုပါသည်။ တရားမျှတမှု နှင့် ယှဉ်သော ငြိမ်းချမ်းရေး ဆိုသည်မှာ ဖြစ်လာနိုင်ပြီး ထိုနည်းလမ်းတခုသာ ရှိပါသည်။
ကချင်ပြည်နယ် နှင့် မြောက်ပိုင်း ရှမ်းပြည်နယ်မှ စစ်ဆင်ရေးများကို အဆုံးသတ်ရေးအတွက်လည်း မြန်မာအစိုးရကို ကျွန်ုပ် တောင်းဆိုပါသည်။
ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာများ အားလုံး သို့ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ၊ မီဒီယာ များ နှင့် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများ အတားအဆီးမရှိ သွားလာနိုင်ရေးကို ခွင့်ပြုပေး ရန်လည်း မြန်မာ အစိုးရကို ကျွန်ုပ်တောင်းဆိုပါသည်။
ကုလသမဂ္ဂက ဖော်ပြခဲသည့် ရာဇဝတ်မှုများကို နိုင်ငံတကာအသိုင်း အဝိုင်းနှင့် အတူ တရားမမျှတသော ရလဒ်နှင့် တာဝန်ယူမှုရှိသော အမှန်တကယ် လွတ်လပ်သော နည်း လမ်းဖြင့် စုံစမ်းစစ်ဆေးရန် မြန်မာအစိုးရသို့ ကျွန်ုပ်တောင်းဆို ပါသည်။
နိုင်ငံတကာ အသိုင်း အဝိုင်းကလည်း ဂရုစိုက်စောင့်ကြည့်ပေးရန် ကျွန်ုပ်က မေတ္တာရပ်ခံပါသည်။ အပေါင်း လက္ခဏာ ဆောင်သည့် အပြောင်းအလဲများကို သင်တို့ ကြိုဆိုခဲ့ကြသည်။ မြန်မာပြည်သူများက ငြိမ်းချမ်း၍ အပေါင်းလက္ခဏာ ဆောင်သော အပြောင်းအလဲများကို ရှာဖွေနေပါသည်။ ညီနောင် အချင်းချင်းတိုက်ခိုက်ခြင်းမှ စီးဆင်းသည့် သွေးဖြင့် ရှင်သန်ကြသော အမုန်းတရားကို ဖြန့်ဖြူးသူမျာက နောက်တကြိမ်တက်ကြွလှုပ်ရှာနေသည်။ နိုင်ငံ တကာ အသိုင်း အဝိုင်းက မည်သည့် လူ့အဖွဲ့အစည်းကို မဆိုအကြမ်းဖက်ခြင်းက လက်ခံနိုင်စရာမရှိဆိုသည့် ရှင်းလင်းသော နားလည် သဘောပေါက်မှုဖြင့် လက်ရှိ ဒီမိုကရေစီအစိုးရကို ထောက်ခံကူညီမှုများ အားလုံး တိုးမြှင့်ပေးရန် မြန်မာနိုင်ငံအတွက် လိုအပ်ပါသည်။
မြန်မာပြည်သူ အားလုံး ယခုအချိန်တွင် အထူးသဖြင့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပူဆွေးသောက ရောက်နေသော၊ စိုးရိမ်ထိတ်လန့်နေသော၊ ခိုကိုးရာမဲ့သော၊ ဆာလောင်နေသော၊ နာမကျန်း ဖြစ်နေ သော သူများ၊ မိဘမဲ့များ၊ မုဆိုးဖို/မုဆိုးမများ၊ မတရားပြုကျင့်ခံရသူများ နှင့် နှိပ်စက် ညှဉ်းပန်း ခံရသူများ အားလုံး အတွက် ကျွန်ုပ် ဆုတောင်းမေတ္တာပို့သပါသည်။
ကုလသမဂ္ဂ၏ စိတ်ထိခိုက်ဖွယ်ရာ အစီရင်ခံစာက ကျွန်ုပ်တို့အတွက် နိုးထစေမည့် ခေါ်သံဖြစ်ပါစေ။
ကျွန်ုပ်တို့တိုင်းပြည်တွင် အကြမ်းဖက်မှုများ အဆုံးသတ်သွားစေရန် အတူတကွ ဆောင်ကြပါစို့။ မြန်မာ့မြေပေါ်တွင် မွေးဖွား သော လူမျိုးတိုင်း ဘာသာတိုင်းမှ အမျိုးသား၊ အမျိုးသမီး နှင့် ကလေးငယ်တိုင်းသည် ကျွန်ုပ်တို့၏ နိုင်ငံသား ဖြစ်သည်ဟု အသိအမှတ်ပြုသော၊ လူသားချင်း ညီရင်းအကို မောင်ရင်းနှမ သဖွယ်ဖြစ်သော မြန်မာနိုင်ငံကို တည်ဆောက်ကြပါစို့။
မျှော်လင့်ချက်ဆိုသည်မှာ အာရုံထင်မှားမှုတခု မဟုတ်သော၊ ကျွန်ူပ်တို့၏ လက်များကို လူမျိုးဘာသာ မခွဲခြားဘဲ ငြိမ်းချမ်း စွာ စည်းလုံးညီညွတ်စွာ တွဲဆက်ထားနိုင်သည့် မြန်မာနိုင်ငံကို တည်ဆောက်ကြပါစို့။ ကျွန်ုပ်၏ အားထုတ်မှုများကို အသစ် တဖန်ပြန်လည် စတင်ရင် ကတိပြုပါသည်။ မည်သည့် လူမျိုး မည်သည့် ဘာသာဖြစ်စေ ကျွန်ုပ်နှင့် ပူးပေါင်းလာမည့် သူများ ကို ကျွန်ုပ် လက်ကမ်းကြိုဆိုပါသည်။ တရားမျှတမှု နှင့် ယှဉ်သော ငြိမ်းချမ်းရေး ဆိုသည်မှာ ဖြစ်လာနိုင်ပါသည်။ ၂၀၁၇ ခု နှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် ကက်သလစ်ကျောင်းတော်က ကြေညာခဲ့ပြီးလည်း ဖြစ်ပါသည်။
(ကာဒီနယ် ချားလ်စ်ဘိုသည် ရန်ကုန် ကက်သလစ် သာသနာ ဂိုဏ်းချုပ်ဆရာတော်ကြီး ဖြစ်သည်)