• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

နိုင်ငံရေးတွင် အသက်က စကားပြောသည်

by ကျော်စွာမိုး
22 June 2017
in သူ့အတွေး သူ့အမြင်
A A
၁၉၉၀ ကာလများနှင့် ၂၀၁၀ ကာလများတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသန်းရွှေတို့ နှိုင်းယှဉ် ဓာတ်ပုံများ

၁၉၉၀ ကာလများနှင့် ၂၀၁၀ ကာလများတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသန်းရွှေတို့ နှိုင်းယှဉ် ဓာတ်ပုံများ

46k
VIEWS
Share on FacebookShare on Twitter

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က ရွှေတိဂုံစေတီတော် ခြေရင်းတွင် သိန်းနှင့်ချီသော လူအုပ်ကြီးကို သူ၏ပထမဆုံး မိန့်ခွန်းပြောကြားသောအခါ အသက် ၄၃ နှစ်အရွယ်ဖြစ်သည်။ ထိုနေ့သည် သူ၏ နိုင်ငံရေးခရီးရှည်ကြီးကို တရားဝင် စတင်လိုက်သောနေ့ဟု ဆိုနိုင်မည်။

သူမ၏ ၂၉ နှစ်ကြာ နိုင်ငံရေးဖြတ်သန်းမှုအတွင်း သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟူသည့် မြန်မာနိုင်ငံ၏အဓိကနှင့် လူထုထောက်ခံမှုအရဆုံး နိုင်ငံရေးပါတီကို ထူထောင်ခဲ့သည်။ ကမ္ဘာ့အကျော်ကြားဆုံး နိုင်ငံရေးအကျဉ်းသားများ အနက်တဦးဖြစ်ခဲ့သည်။ နိုင်ငံတကာ ဒီမိုကရေစီ သူရဲကောင်းလည်း ဖြစ်ခဲ့သည်။

RelatedPosts

တော်လှန်ရေးဗွက်ထခြင်း

တော်လှန်ရေးဗွက်ထခြင်း

20 July 2025
513
အာဇာနည်တွေ နေတဲ့တိုင်းပြည်

အာဇာနည်တွေ နေတဲ့တိုင်းပြည်

19 July 2025
687
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

19 July 2025
5.2k

ယနေ့တွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် နိုင်ငံ၏ ခေါင်းဆောင်ဖြစ်လာပြီး အသက် ၇၂ နှစ်ပြည့်ခဲ့ပြီဖြစ် သည်။ ယေဘုယျ ပြောရလျှင် နိုင်ငံရေးတွင် အသက်အရွယ်သည် စကားပြောသည်။ သို့သော ၎င်းသည် မြန်မာနိုင်ငံတွင် မည်သို့မည်ပုံဖြစ်ပျက်မည် အတိအကျကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်များက အုပ်ချုပ်ခဲ့ကြသော ဗိုလ်ချုပ်ကြီးများက ၎င်းတို့အကြားတွင် ဒေါ်အောင်ဆန်းစုကြည်ကို ကောင်မလေးဟု ခပ်နှိမ်နှိမ် ရည်ညွန်းပြောဆိုခဲ့ကြသည်။ သူတို့သည် သူတို့၏အာဏာအပေါ် လက်ဝါးကြီးအုပ်ထားခြင်းကို အမျိုးသမီးတဦးက သို့မဟုတ် ၎င်းတို့ထက်များစွာ ပိုမိုငယ်ရွယ်သူတဦးက စိန်ခေါ်လိုက်သည်ကို ယခင်က မကြုံဘူးခဲ့ကြ ပေ။

ယခင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် သူ့ယခင် အာဏာရှင် ဗိုလ်ချုပ်မှူးကြီးစောမောင်ထံမှ ၁၉၉၂ တွင် အာဏာရယူစဉ်က အသက် ၅၇ နှစ်သာရှိသေးသည်။ သို့ဆိုလျှင် ဦးသန်းရွှေသည် မြန်မာနိုင်ငံကို ချုပ်ကိုင်ထားသည့် သူ၏သံလက်သီးကို ဖြေလျှော့ပြီး သူ၏စိတ်ကြိုက်လက်ရွေးစဉ် ဗိုလ်ချုပ်ကြီး ဦးသိန်းစိန်ကို မည်သည့်အကြောင်းကြောင့် အာဏာ လွှဲပြောင်းပေးခဲ့ပါသနည်း။

အသက်အရွယ် စကားပြောလာသောကြောင့်ဖြစ်ပြီး သူသည် စစ်အစိုးရသက်တမ်းရှည်ရေးကို ထည့်သွင်းတွက်ချက်ခဲ့သော ကြောင့် ဖြစ်သည်ဟု လူ အများအပြားက ခန့်မှန်းကြသည်။ ထိုစဉ်က ဦးသန်းရွှေအသက်မှာ ၇၆ နှစ်ဖြစ်သည်။

အသက်အရွယ်သည် နိုင်ငံရေးတွင် ယခင်ကရော ယခုရောပါ အရေးပါကောင်းပါခဲ့နိုင်ပေသည်။ ၂၀၁၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြစ်ရွေးကောက် ပွဲဝင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည်။ ထိုစဉ်က သူမသည်လည်း ၆၇ နှစ် အရွယ်ဖြစ်သည်။

ဦးသန်းရွှေနှင့် သူ၏လက်ထောက် ဗိုလ်ချုပ်ကြီးများက သူတို့ကာလကြာရှည်စွာ လှောင်ပြောင်ခဲ့သော ကောင်မလေးသည် လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုအတွင်း စုစုပေါင်း ၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ် ၃ ကြိမ်အပြီး နိုင်ငံရေးအရ ရင့်ကျက်လာပြီဟု ယူဆကောင်းယူဆခဲ့ကြမည်ဖြစ်သည်။

၂၀၁၆ ခုနှစ် မတ်လကုန်တွင် အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်အာဏာရလာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာသောအခါ သူမ၏အသက်မှာ ၇၁ နှစ်ဖြစ်သည်။ ထိုသို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံကို ပြောင်းလဲပစ်ရန်နှင့် သူမ၏ ရည်မှန်းချက်များ အောင်မြင်အောင်လုပ် ဆောင်ရေးအတွက် အချိန်အများအပြား မကျန်ရှိတော့ဟု ခံစားမိကောင်းခံစားမိနိုင်သည်။

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် နိုင်ငံရေးအရ ပြောင်းလဲရန် အရေး အကြီးဆုံးဟု ဒေါ်အောင်ဆန်းစုကြည်ယူဆသော ကိစ္စများကို ဦးစားပေးရွေးချယ်ရာ၌ အချိန်ကိစ္စသည် အဓိက အကြောင်းများအနက် တခုဖြစ်မည်။ အခြားဖိအားမှာ သူ့ကိုယ်တိုင်ဖြစ်ပြီး ကျန်းမာရေးကောင်းနေဆဲကာလအတွင်း သူ၏ ရည်မှန်းချက် များ အောင်မြင်အောင် တွန်းအားပေးလိုခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ် နောက်တကြိမ် ရွေးကောက်ပွဲ မတိုင်မီ ယခုအစိုးရ၏ သက်တမ်းအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်၏ အဓိကပြဿနာများကို ဖြေရှင်းနိုင်ပါမည်လား။ ထိုအချိန်တွင် သူမ၏ အသက်မှာ ၇၅ နှစ်ရှိမည်ဖြစ်သည်။

လက်ရှိအချိန်အထိ ပြဿနာများ ဖြေရှင်းနိုင်မည့် အလားအလာကို မတွေ့ရသေးပေ။ သို့သော် အသက် ၇၅ ကျော်နှစ်များတွင်လည်း ကျန်းမာရေး ကောင်းနေလျှင် သန်းပေါင်းများစွာသော ထောက်ခံသူများက နိုင်ငံအတွက် ၎င်းတို့၏ ရည်မှန်းချက်များကို အောင်မြင်အောင် လုပ်ဆောင်ပေးမည့်သူအဖြစ်သာ ဆက်လက်ရှုမြင်နေကြဖွယ်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် အသက်ကြီးလာသည်နှင့်အမျှ ကျနော်တို့သည် နောက်အစိုးရများအတွက် မျိုးဆက်သစ်ခေါင်းဆောင်များကို စတင်လှမ်းမျှော် ကြည့်ရှုရတော့မည်ဖြစ်သည်။ မပြီးဆုံးသေးသော တိုင်းပြည်တည်ဆောက်ရေးကို ဆက်လက်တာဝန်ထမ်းဆောင်မည့် အလားအလာရှိသော လူငယ်ခေါင်းဆောင်များ ဘယ်ဆီဘယ်ဝယ်မှာပါနည်း။

(ကျော်စွာမိုးသည် ဧရာဝတီ English Edition မှ အယ်ဒီတာ ဖြစ်သည်။ သူ၏ Age Matters in Politics ကို ဘာသာပြန်ဆိုသည်)

Your Thoughts …
Tags: ဒေါ်အောင်ဆန်းစုကြည်
ကျော်စွာမိုး

ကျော်စွာမိုး

ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ အကြီးတန်းအယ်ဒီတာ ဖြစ်သည်။

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.3k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.5k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.6k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
ထိုင်းဘုရင် ဂျာမနီ၌ အရုပ်သေနတ်ဖြင့် ပစ်ခံရ

ထိုင်းဘုရင် ဂျာမနီ၌ အရုပ်သေနတ်ဖြင့် ပစ်ခံရ

အသစ်ဖွင့်လှစ်လိုက်တဲ့ Samsung Iconic Customer Service Plaza / သီဟတိုး / ဧရာဝတီ

အရှေ့တောင်အာရှရဲ့အကြီးဆုံး Samsung Customer Service Plaza

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.2k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
5k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate