• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ လိုအပ်ချက်ကို အမြန်ဖြည့်ပါ

by ခိုင်ဝင်း
20 July 2017
in သူ့အတွေး သူ့အမြင်
A A
လမ်းဖောက်ရာတွင် ကျောက်ခဲ ထမ်းပိုးသယ်ဆောင်နေသော နေ့စား အလုပ်လုပ်နေသူတဦး / Reuters

လမ်းဖောက်ရာတွင် ကျောက်ခဲ ထမ်းပိုးသယ်ဆောင်နေသော နေ့စား အလုပ်လုပ်နေသူတဦး / Reuters

4.8k
VIEWS
Share on FacebookShare on Twitter

လတ်တလော ကြားနေရသည့် နိုင်ငံစီးပွားရေးနှင့်ဆိုင်သည့် သတင်းများက မကောင်းလှ။ ငွေကျပ်နေသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ ကုန်သည်စီးပွားရေးသမားများမှ စ တက္ကစီသမားများ၊ ဆေးသုတ် ပန်းရံနေ့စားလုပ်သားများထိ ပြောဆိုနေသည်ကို ကြားနေရသည်။ ငွေကြေး စီးဆင်းလည်ပတ်မှု နည်းသွားသဖြင့် ငွေကြပ်သွားရခြင်းဖြစ်သည်။

တနည်းအားဖြင့်ဆိုလျှင် စုစုပေါင်း ဝယ်လိုအား (aggregate demand) ကျဆင်းသွားခြင်းဖြစ်သည်။ အိမ်ခြံမြေ ဝယ်လိုအား ကျဆင်းသွားခြင်းကြောင့် အိမ်ခြံမြေဈေးများ ကျဆင်းသွားသည်။ အကျိုးရလာဒ်အားဖြင့် အိမ်ပိုင်ရှင်ခြံပိုင်ရှင်များ ယခင်က မှန်းထားသည့် အိမ်ခြံမြေဈေးနှုန်း မရနိုင်ဖြစ်သွားသည်။ မရတော့သဖြင့်လည်း ၎င်းတို့၏ ချမ်းသာကြွယ်ဝမှု ကျဆင်းသွားသည်။ Negative wealth affect ဟုလည်း ခေါ်ဆိုနိုင်သည်။ ဆက်လက်ပြီး ၎င်းတို့၏ ချမ်းသာကြွယ်ဝမှု ကျဆင်းသွားသဖြင့် ၎င်းတို့၏ ဝယ်လိုအားလည်း ကျဆင်းသွား ရသည်။ အရပ်စကားဖြင့်ပြောလျှင် ဝိတ်လျှော့ရတော့သည်။ အခြားကဏ္ဍများတွင်လည်း ထိုနည်း၎င်းပင်။ ထိုအခါ မေးခွန်းထုတ်စရာမှာ နိုင်ငံ တနိုင်ငံလုံး၏ စုစုပေါင်း ဝယ်လိုအား အဘယ်ကြောင့် ကျဆင်းသွားရသနည်း။

RelatedPosts

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
172
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
3.7k
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

10 July 2025
5k

မြန်မာ့စီးပွားရေး ဘာကြောင့် ကျဆင်းနေသနည်းအား သီအိုရီ အမျိုးမျိုးထုတ်နေကြသည်။ ယင်းတို့အထဲမှ အပြောများသည်များကို တင်ပြရလျှင်
၁) တရားဝင်နှင့် တရားမဝင် သယံဇာတထုတ်လုပ်မှုများ လျှော့နည်းသွားခြင်း။
၂) ဘိန်း၊ မူးယစ်ဆေးဝါးနှင့် အဂတိလိုက်စားမှုများမှ ငွေကြေးစီးဆင်းမှုများ ကျဆင်းသွားခြင်း။
၃) တရုတ်ပြည်မှ မြန်မာနိုင်ငံ၏ ပို့ကုန်များကို ပိတ်ပင်လိုက်ခြင်း။
၄) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျှော့ကျသွားခြင်း။
၅) အစိုးရသစ်၏ မူဝါဒများကို ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများက စောင့်ကြည့်နေခြင်းနှင့်
၆) အစိုးရသစ်အနေဖြင့် တိကျရှင်းလင်းသည့် စီးပွားရေးမူဝါဒများကို အစိုးရဖြစ်ပြီး တနှစ်ကျော်သည့်တိုင် မချမှတ်နိုင်ခြင်းနှင့် အစိုးရသစ်သည် ငြိမ်းချမ်းရေးကိုသာ ဦးစားပေးနေပြီး နိုင်ငံစီးပွားရေးကို အလေးမထား မျက်ကွယ်ပြုထားခြင်း (Reuters, July 6 2017) တို့ ဖြစ်ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့် အစိုးရသစ်အနေဖြင့်လည်း ငြိမ်းချမ်းရေးမှာလိုပင် စီးပွားရေးဘက်မှာလည်း ကြီးမားသည့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရသည်။ နိုင်ငံ၏ ပကတိ အခြေအနေများ (structural conditions)သည် အစိုးရသစ်အတွက် ကျော်လွှားရမည့် စိန်ခေါ်မှုများ ဖြစ်သည်။ အရှုံးပေါ်နေသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးများ ဆက်လက်လုပ်ကိုင်နေခြင်း၊ သယံဇာတမှ ရရှိသည့် ဝင်ငွေအပေါ်တွင်သာ အားကိုးအားထားပြုနေရခြင်း၊ စက်မှုလက်မှုကဏ္ဍ မဖွံ့ဖြိုးခြင်းနှင့် ၇၀ ရာနှုန်းခန့်သော ပြည်သူများသည် ကျေးလက်တွင် နေထိုင်ကြပြီး လယ်ယာကဏ္ဍတခုတည်းအပေါ် မှီခိုအားထားနေရခြင်းတို့သည် ကြီးမားသည့်စိန်ခေါ်မှုများ ဖြစ်သည်။ ထပ်လောင်းပြီးလည်း လူ့စွမ်းအားအရင်းအမြစ် နည်းပါးခြင်း၊ အခြေခံအဆောက်အအုံများ (အထူးသဖြင့် လျှပ်စစ်) မဖွံ့ဖြိုးခြင်း၊ ပဋိပက္ခများ မြန်မာပြည် အရှေ့မြောက်တိုင်းရင်းသားဒေသများတွင် ဆက်လက်ဖြစ်ပွားနေခြင်းတို့သည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျော်လွှားရမည့် စိန်ခေါ်မှုများပင် ဖြစ်သည်။

ဘဏ္ဍာငွေရှာဖွေမှုတွင်လည်း နိုင်ငံတော်သည် သယံဇာတမှ ရရှိသည့် ဝင်ငွေကိုသာ မှီခိုနေသဖြင့် သစ်အပါအဝင် သယံဇာတထုတ်လုပ်မှုများ လျှော့ချလိုက်သည့်အခါ အစိုးရ၏ ဘဏ္ဍာငွေ အရအသုံးကို ထိခိုက်သွားလေသည်။ ပို၍ဆိုးသည်က ပို့ကုန်စုစုပေါင်း၏ အများဆုံး အချိုးအစားတွင်ပါဝင်သည့် ရေနံ နှင့်သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ကမ္ဘာ့ဈေးကွက်၌ ကျဆင်းသွားခြင်းသည် အစိုးရ၏ ဘဏ္ဍာငွေ အရအသုံးကို အကျပ်အတည်းဖြစ်စေသည်။ အစိုးရ၏ ဘဏ္ဍာငွေ အရအသုံးပြုလုပ်နိုင်မှု (fiscal space)သည် ကျဉ်းသွားသလို ဖြစ်နေသည်။ အခွန်ဘဏ္ဍာ ရရှိမှု နည်းသွားသဖြင့် မြင့်တက်လာသည့် လိုငွေပြမှုကို လျှော့ချရန် ကြိုးပမ်းနေရသလို တဘက်တွင်လည်း ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်များကို ဖြည့်ဆည်းရန် လုံးပမ်းနေရသည်။

ထိုကဲ့သို့ အခက်အခဲများ၊ စိန်ခေါ်မှုများ အစိုးရသစ်အနေဖြင့် ရင်ဆိုင်နေရသည်ကို ကောင်းစွာသိရှိ နားလည်သော်လည်း တနေ့တခြား ကြီးထွားလာနေသည့် မြန်မာ့စီးပွားရေး အခြေအနေမကောင်း ဆိုသည့် အမြင် (perception) ကိုမူ ပြောင်းလဲရမည်ဖြစ်သည်။ သံတမန်အသိုင်းအဝိုင်း၊ စီးပွားရေး အသိုင်းအဝိုင်း၊ ပညာတတ် အသိုင်းအဝိုင်း၊ အလယ်အလတ် လူတန်းစားနှင့် သာမန်လက်လုပ်လက်စားများကြားတွင် လုပ်ရကိုင်ရမကောင်းဆိုသည့် ပြောဆိုမှုများ ဆူညံလာခြင်းအား သတိမူရန် လိုအပ်သည်။

စီးပွားရေးတွင် အမြင် (perception)သည် အင်မတန် အရေးပါသည်။ ပြည်သူအများ၏ စီးပွားရေးအပေါ် ရှုမြင်သုံးသပ်ပုံကြောင့်ပင် ဘဏ်များပြိုလဲသွားနိုင်သည်။ စီးပွားရေး ကသောင်း ကနင်း ဖြစ်သွားနိုင်သည်။ မည်သည့်လုပ်ငန်းမှ လုပ်ကိုင်၍ မကောင်းဟု ယူဆလျှင် ပြည်သူအများစုသည် အသုံးအစွဲလျှော့ပြီး အလွယ်တကူ လိုအပ်လျှင် ငွေပေါ်အောင် ပြုနိုင်သည့် ရွှေငွေများကို စုဆောင်းကြတော့မည်။ ထိုအခါ ရွှေဈေးငွေဈေး တက်မည်။ ဘဏ်များတွင် စုဆောင်းထားသည့် ငွေများ ထုတ်ပြီး ရွှေစုငွေစုလုပ်လျှင် ရွှေဈေးငွေဈေးတက်မည်ဖြစ်ပြီး တကယ့်စီးပွားရေးလုပ်ငန်းများအတွက် ငွေပိုမို ကျပ်သွားမည်ဖြစ်သလို ဘဏ်များအတွက်လည်း မကောင်းချေ။ ထို့အတွက်ကြောင့် အစိုးရအနေဖြင့် ယင်းအမြင်ကို ပြောင်းလဲအောင် အရေးကြီး ကိစ္စအနေဖြင့် သဘောထား လုပ်ဆောင်ရတော့မည်။

အထက်တွင် ဖော်ပြခဲ့သည့် သီအိုရီများထဲတွင် ၄ မှ ၆ အား အစိုးရအနေဖြင့် အမြန်ဆုံး တုန့်ပြန်သင့်သည်ဟု ယူဆသည်။ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်အပါအဝင် နိုင်ငံတကာဖွံ့ဖြိုးမှု အဖွဲ့အစည်းများထံမှ ကြားသိနေရသည့် စိုးရိမ်ပူပန်မှုမှာ နံပတ် ၆ ရှင်းလင်းပြတ်သားသည့် မူဝါဒများ မရှိခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်သည့် Myanmar Economic Monitor အစီရင်ခံစာတွင် အဆိုပါအချက်ကို အောက်ပါအတိုင်း ထည့်သွင်းတင်ပြထားသည်။

“Going forward, an overarching priority for the new administration could be to further strengthen the clarity, communication and credibility of economic policies. One option could be to release an economic vision, the foundations of which have been set out in the NLD’s election manifesto and 12 policy objectives. Complementing this vision with regular reporting on near term economic policies and conditions could help anchor economic expectations and sustain investor confidence.”

“ရှေ့ဆက်လုပ်ဆောင်ရာတွင် အစိုးရသစ်အတွက် လွန်စွာအရေးပါသော ဦးစားပေးတခုမှာ စီးပွားရေးမူဝါဒများ၏ ရှင်းလင်းမှု၊ ဆက်သွယ်ရေးကောင်းမွန်မှုနှင့် အယုံအကြည်ရရှိမှု ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်းဖြစ်နိုင်သည်။ နည်းလမ်းတခုမှာ NLD ၏ရွေးကောက်ပွဲကြေညာစာတန်းနှင့် မူဝါဒဦးတည်ချက် ၁၂ ရပ်တို့တွင် ဖော်ပြထားမှုအပေါ် အုတ်မြစ်ချထားသော စီးပွားရေးဆိုင်ရာ အန္တိမ ရည်မှန်းချက်ကို ထုတ်ပြန်ရန်ဖြစ်သည်။ ထို အန္တိမ ရည်မှန်းချက်ကို ရေတိုစီးပွားရေးမူဝါဒနှင့် အခြေအနေများအပေါ် ပုံမှန် အစီရင်ခံခြင်းနှင့် ပေါင်းစပ်လျှင် စီးပွားရေးဆိုင်ရာ မျှော်မှန်းချက်များကို တည်ငြိမ်စေပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ထိန်းသိမ်းထားနိုင်သည်”

အမြင် (perception)နှင့် ဆက်စပ်ပြီးအရေးကြီးသည့်အချက်မှာ အစိုးရ၏ အချက်ပြမှု (signaling) ဖြစ်သည်။ ရင်းနှီးမြှုပ်နှံံသူများ၊ လုပ်ငန်းရှင်များစောင့်ကြပ်ကြည့်ရှုနေသည်မှာ အစိုးရ၏ စီးပွားရေးနှင့် ပတ်သက်ပြီး မည်သို့လုပ်ဆောင်မည်ကို အချက်ပြမှုများဖြစ်သည်။ လောလောဆယ် ဝေဖန်မှု များရှိသော်လည်း အစိုးရအနေဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားကြောင်းကို ပုံမှန် ဒုသမ္မတဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ အစည်းအဝေးတို့က ကောင်းသည့်အချက်ပြမှု ဖြစ်သည်။ သို့သော် ထိုထက်မက ပိုမိုကောင်းမွန်သည့် အချက်ပေးမှုများ လိုအပ်သည်။ ထိုအချက်ပေးမှုများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာရေးဆွဲချမှတ်ခြင်းသည် အရေးကြီးဆုံးဟု ယူဆသည်။

ပီကင်းတက္ကသိုလ်မှ Justin Yifu Lin နှင့် စင်ကာပူအမျိုးသားတက္ကသိုလ် လီကွမ်ယု ပြည်သူ့ရေးရာမူဝါဒကျောင်းမှ Khoung Minh Vu တို့ရေးသားသည့် “The Practice of Industrial Policy: Lessons for Africa: Co-ordination Through an Asian Lens” စာတမ်းတွင် မဟာဗျူဟာအား အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုထားသည်။

“An economic development strategy can be seen as a set of tactical choices and guiding principles in pursuit of such goals. At the core of this strategy are the strategic directions, critical economic sectors, major thrusts, and priorities that the country should identify and articulate in order to fully exploit its comparative advantage, fostering structural change and economic growth.”

“စီးပွားရေးဖွံ့ဖြိုးမှု သေနင်္ဂဗျူဟာတခုအား ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်အောင် လုပ်ဆောင်ရေး နည်းပရိယာယ်ပိုင်း ရွေးချယ်မှုများ နှင့် လမ်းညွှန်သဘောတရားများ ပေါင်းစပ်မှုတခုအဖြစ် ယူဆနိုင်သည်။ ထိုသေနင်္ဂဗျူဟာ၏ အနှစ်သာရမှာ စီးပွားရေးဖွံ့ဖြိုးမှုနှင့် တည်ဆောက်ပုံ အပြောင်းအလဲကို အားပေးပြီး နှိုင်းရအားသာချက်များကို အပြည့်အဝ အသုံးချနိုင်ရန် နိုင်ငံက ရှာဖွေဖော်ထုတ် ဆက်စပ်ဆောင်ရွက်သင့်သည့် သေနင်္ဂဗျူဟာ ဦးတည်ချက်များ၊ အရေးပါသော စီးပွားရေးကဏ္ဍများ၊ အဓိကမောင်းနှင်အားများ နှင့် ဦးစားပေးများ ဖြစ်သည်”

အထက်ပါ ကမ္ဘာ့ဘဏ် အစီရင်ခံစာ၏ အကြံပြုချက်မှာလည်း အစိုးရ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာချမှတ်ရန် တိုက်တွန်းခြင်းပင်ဖြစ်သည်။ စိန်ခေါ်မှုများကို ကျော်လွှားရန်နှင့် နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် မည်သို့သော မဟာဗျူဟာ၊ နည်းဗျူဟာများ ရှိသနည်း။ မည်သည့် မဟာဗျူဟာ ဦးတည်ချက်လမ်းကြောင်းများအတိုင်း သွားမည်နည်း။ မည်သည့် လမ်းညွှန်အခြေခံမူများကို ချမှတ်ထားသနည်း။ နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ ဦးစားပေး အစီအစဉ်များက မည်သည်နည်း အစရှိသည်တို့ကို ရင်းနှီးမြှုပ်နှံသူများက သိလိုသည်။ သိရှိလေ့လာနိုင်မှလည်း ယင်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ယုံကြည်ချက် ပိုမိုရှိလာမည်ဖြစ်သည်။

အာရှ၏ ကျားလေးကောင် တောင်ကိုရီးယား၊ ဟောင်ကောင်၊ စင်ကာပူ၊ တိုင်ဝမ်တို့သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် စနစ်တကျ မဟာဗျူဟာများ ချမှတ်ခဲ့သည်ဟု ဆိုသည်။ ဖွံ့ဖြိုးရေးဘောဂဗေဒပညာရှင်များက ကျားလေးကောင် အစိုးရများသည် နိုင်ငံ၏ နှိုင်းယှဉ် အားသာချက်များအပေါ် အခြေခံ၍ မဟာဗျူဟာများချမှတ်ခဲ့သည်ဟု ဆိုသည်။

စင်ကာပူအစိုးရ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာသည်လည်း အခြေခံမူ ၃ ချက်အပေါ် အခြေခံသည်။ ယင်းအခြေခံမူ ၃ ချက်မှာလည်း ကမ္ဘာ့စီးပွားရေးတခုလုံးဖြင့် ပေါင်းစပ်ရန် ရည်ရွယ်ချက်ကို အလေးအနက် ထားခြင်းဖြစ်သည်။ ယင်းတို့မှာ

၁) အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့သည် အပြန်အလှန် အမှီသဟဲပြုနေကြသည်။ အစိုးရသည် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ကောင်းမွန်သည့် မူဝါဒများအပါအဝင် အခြေအနေကောင်းများ ဖန်တီးပေးမည် (providing soft infrastructure)။ အလားတူ အစိုးရသည် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများ (hard infrastructure)လည်း ဖန်တီးပေးမည်။ သို့သော် ဈေးကွက် စီးပွားရေးလုပ်ငန်းများ၌ အစိုးရအနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်းမပြု။ တနည်းအားဖြင့်ကြည့်လျှင် စင်ကာပူအစိုးရသည် ပီပြင်သည့်ဈေးကွက် စီးပွားရေးစနစ်ပေါ်ထွန်းရန် ပံ့ပိုးသူနေရာတွင်သာနေမည်ဟု အတိအလင်း မူချမှတ်ခဲ့ခြင်းဖြစ်သည်။ ယှဉ်ပြိုင်ခြင်းကို အားပေးမည်။ သို့သော် အရှုံးပေါ်နေသည့် လုပ်ငန်းများကိုတော့ ဘဏ္ဍာငွေထောက်ပံ့မှုမျိုး ပြုလုပ်မည်မဟုတ်။

၂) နိုင်ငံတကာမှ နည်းပညာ အကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်မည်။ တံခါးဖွင့်ဝါဒ ကျင့်သုံးပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်မည်။

၃) စင်ကာပူနိုင်ငံသည် ရင်းနှီးမြှုပ်နှံရန် အိမ်နီးချင်းနိုင်ငံများဖြင့်ယှဉ်လျှင် အကောင်းဆုံးနေရာ ဖြစ်လာရန်ဆောင်ရွက်မည် (strategic positioning)။

လီကွမ်ယုသည် စင်ကာပူနိုင်ငံအား first-world oasis in third world region အနေဖြင့် တည်ထောင်မည်ဟုကြွေးကြော်ခဲ့သည်။ ဖြစ်အောင်လည်း ဆောင်ရွက်နိုင်ခဲ့သည်။ အစိုးရဋ္ဌာနများ ထိရောက်မြန်ဆန်သည့် ထိပ်တန်းဝန်ဆောင်မှုပေးနိုင်ရန်၊ အဂတိလိုက်စားမှု ကင်းရန်၊ အခြေခံအဆောက်အအုံများ ကောင်းမွန်ရန် လုပ်ဆောင်ခဲ့သည်။

လီကွမ်ယုအစိုးရသည် မိမိနိုင်ငံ၏ နှိုင်းယှဉ်အားသာချက် (comparative advantage) ကို သေချာစိစစ်လေ့လာပြီး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ ချမှတ်ခဲ့သည်။ ဥပမာ ရေနံဓာတုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့အဆင့်မီရေကြောင်းနှင့် သက်ဆိုင်သည့်စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရေးတို့ ဖြစ်သည်။ လီကွမ်ယုအစိုးရသည် ၁၉၆၀ ခုနှစ်များက မိမိနိုင်ငံ၏ နှိုင်းယှဉ်အားသာချက်များကို ပညာရှင်များ၊ ကျွမ်းကျင်သူများဖြင့် ဆွေးနွေးတိုင်ပင်၍ ဖော်ထုတ်ခဲ့သည်။

စင်ကာပူနိုင်ငံသည် ဆိပ်ကမ်းမြို့၊ ကုန်သွယ်ရေးလမ်းကြောင်းပေါ်၌ ရှိသည့်မြို့တမြို့ဖြစ်သည့် အတွက် ပင်လယ်ကူးသဘောင်္များ ဆီဖြည့်ရာနေရာလည်း ဖြစ်သလို၊ ကုန်တင်သဘောင်္များ လွန်းတင်ရာ နေရာလည်း ဖြစ်သည်။ ထိုအတွက်ကြောင့် ရေနံချက်လုပ်သည့်လုပ်ငန်းများနှင့် သဘောင်္တည်ဆောက် ပြုပြင်သည့်လုပ်ငန်းများသည် နိုင်ငံ၏ နှိုင်းယှဉ်အားသာချက်ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ပြီး ယင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထက်ဖော်ပြပါ မဟာဗျူဟာဆိုင်ရာ အခြေခံမူ ၃ ချက်ကို အခြေခံ၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည်။ ယခုတိုင်အောင်လည်း စင်ကာပူအစိုးရသည် နိုင်ငံ၏ စီးပွားရေးအခြေအနေများ၊ ကမ္ဘာ့စီးပွားရေးအခြေအနေများကို သုံးသပ်ပြီး မဟာဗျူဟာများ ချမှတ်လုပ်ဆောင်လျက် ရှိသည်။

မြန်မာအစိုးရအနေဖြင့်လည်း နိုင်ငံ၏ ပကတိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများဖြင့် ကိုက်ညီသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာကို အမြန်ဆုံး ချမှတ်ရန် တိုက်တွန်းလိုက်ရပါသည်။ နောက်ဆုံးအရေးကြီးဆုံးအချက်ကို တင်ပြရလျှင် စင်ကာပူနိုင်ငံအပါအဝင် အာရှကျားများတွင် စီးပွားရေးမဟာဗျူဟာ အစီအစဉ်များရေးဆွဲသည့် အဖွဲ့အစည်း၏ အခန်းကဏ္ဍဖြစ်သည်။

စင်ကာပူ နိုင်ငံတွင် Economic Development Board (EDB)၊ တောင်ကိုရီးယားနိုင်ငံတွင် Economic Planning Board (EPB)၊ ဂျပန်နိုင်ငံတွင် Ministry of Trade and Industry (MITI) အစရှိသည့် အဖွဲ့အစည်းများသည် နိုင်ငံစီးပွားရေး မဟာဗျူဟာများကို ရေးဆွဲချမှတ်ခဲ့သလို အကောင်အထည် ဖော်ဆောင်မှုအပိုင်းတွင်လည်း လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရှိသည့် အဖွဲ့အစည်းများဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့ လုပ်ပိုင်ခွင့် အာဏာ အပြည့်အဝရရှိထားသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းမှ နိုင်ငံ၏ စီးပွားရေးမဟာဗျူဟာနှင့် မူဝါဒများကို ရေးဆွဲချမှတ်၍ သက်ဆိုင်ရာ အကောင်အထည် ဖော်ဆောင်သည့် ဝန်ကြီးဋ္ဌာနများကို စောင့်ကြပ်ကြည့်ရှု အကဲဖြတ်ခြင်းများပြုလုပ်သင့်သည်။ ထိုပြည်ထောင်စုအဆင့် အဖွဲ့အစည်းကို ဦးဆောင်မည့်သူကိုလည်း စနစ်တကျ ရွေးချယ်သင့်သည်။ အကျင့်သိက္ခာ ဉာဏ်ပညာနှင့် စီမံခန့်ခွဲမှု အတွေ့အကြုံ ရင့်ကျက်သူကို ရွေးချယ်ခန့်ထားသင့်သည်ဟု Lin & Vu တို့၏ စာတမ်းတွင် ဖော်ပြထားသည်။ စီးပွားရေးမဟာဗျူဟာကို အကောင်အထည် ဖော်ဆောင်မည့် အဖွဲ့အစည်းသည် အတော်ဆုံး အထက်ဆုံးများကို ရွေးချယ်ခန့်ထားရမည်ဟုလည်း ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးအပေါ် လတ်တလော ရှုမြင်သုံးသပ်နေသည့် အမြင်များကို ပြောင်းလဲရန်နှင့် နိုင်ငံ စီးပွားရေး ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိရန် နိုင်ငံ၏ နှိုင်းယှဉ်အားသာချက်များကို စနစ်တကျ လေ့လာသုံးသပ်ပြီး ရေးဆွဲချမှတ်ထားသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ အစီအစဉ် များမကြာမီပေါ်ထွက်လာမည်ဟု မျှော်လင့်မိပါသည်။

(ခိုင်ဝင်းသည် ရန်ကုန်အခြေစိုက် Sandhi Governance Institute ၏ ဒါရိုက်တာဖြစ်သည်)

Your Thoughts …
Tags: စီးပွားရေးမဟာဗျူဟာ
ခိုင်ဝင်း

ခိုင်ဝင်း

Contributor

Similar Picks:

No Content Available
Next Post
အင်္ဂလန် ပရီးမီးယားလိဂ်ကို ယခုနှစ် နောက်ထပ် တန်းတက်လာတဲ့ ဘရိုက်တန် အသင်း

ယခုနှစ် တန်းတက် ဘရိုက်တန်းအသင်းအကြောင်း တစေ့တစောင်း

၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း မောင်တောမြို့နယ်မှ ထွက်ပြေးလာသော ရခိုင်အမျိုးသမီးတဦးနှင့် ကလေးငယ်အား စစ်တွေမြို့ ဘုန်းကြီးကျောင်း တကျောင်းတွင် မြင်တွေ့ရစဉ် / Reuters

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း - ၃

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate