• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

NLD ပြောခွင့်ရ ဦးဝင်းထိန် ဆေးရုံတက်ရခြင်းအကြောင်းအရင်း

by ဧရာဝတီ
2 August 2017
in သူ့အတွေး သူ့အမြင်
A A
NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းထိန်အား နေပြည်တော်တွင် ဇွန်လက တွေ့ရစဉ် / မျိုးမင်းစိုး / ဧရာဝတီ

NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းထိန်အား နေပြည်တော်တွင် ဇွန်လက တွေ့ရစဉ် / မျိုးမင်းစိုး / ဧရာဝတီ

32.6k
VIEWS
Share on FacebookShare on Twitter

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဝင်းထိန်သည် ဇဗ္ဗူသီရိ အထူးကုဆေးရုံတွင် ရောက်ရှိနေပြီး သတင်းထောက် များမှာလည်း သူ့ထံသွားခွင့်မရကြကြောင်း သူနှင့်နီးစပ်သော သတင်းရင်းမြစ်များကပြောသည်။

သူ့ကို ဆေးရုံတင်ထားရသည်မှာ ၂ ပတ်ကျော်ကြာပြီဖြစ်သော်လည်း သူ၏အခြေအနေနှင့်ပတ်သက်၍ အများပြည်သူ သို့ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သူ့ကို ကျန်းမာရေးစစ်ဆေးခိုင်းပြီး ဆေးရုံတက်လိုက်ရသည့် အခြေအနေရောက်သွားသည်ဟု NLD သတင်းရင်းမြစ်များက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

RelatedPosts

တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

17 June 2025
1.3k
ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

16 June 2025
636
၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

16 June 2025
645

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လက်ရုံးသည် ဆေးရုံတွင် ၂ လနေရမည်ဟု မျှော်လင့်ရကြောင်း သတင်းများက ဆိုသော်လည်း ဇူလိုင်လ ၂၂ ရက်နေ့က နေပြည်တော်တွင်ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးသို့ ကျန်းကျန်းမာမာ ရောက်လာသည်ကိုတွေ့ရသည်။

ကျန်းမာရေးစစ်ဆေးစဉ်အတွင်း ဆရာဝန်များက သူ့ကိုအနားယူရန်ပြောပြီး ကေဘယ်တီဗွီတပ်ဆင်ထားသောအခန်းတွင် ရက်ရှည်အနားယူနေစေသည်ဟု အမည်မဖော်လိုသော NLD သတင်းရင်းမြစ်က ဧရာဝတီသို့ပြောသည်။

သတင်းထောက်များက သူ့ကိုတွေ့ဆုံရန်ကြိုးစားသောအခါလည်း ဦးဝင်းထိန်က အတွေ့မခံပဲ ရှောင်နေသည်ဟု သူနှင့်ရင်းနှီးသော သတင်းထောက်များကပြောသည်။
အသက် ၇၅ နှစ်အရွယ်ရှိ ဦးဝင်းထိန်သည် နှိုင်းယှဉ်ချက်အားဖြင့် ကျန်းမာရေးကောင်းသည်ဟုယူဆရသည်။ လွန်ခဲ့သောလ အနည်းငယ်အတွင်း သူ၏ ထူးခြားသောပြဿနာများမှာ တပ်မတော်၊ မီဒီယာများနှင့် အခြေအတင်ဖြစ်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လက်ရုံး NLD က ခန့်အပ်သော သမ္မတ ဦးထင်ကျော် နှုတ်ထွက်မည်ဟူသော ကောလာ ဟလများ လူမှုကွန်ရက်တွင် ယခုနှစ်နှစ်ဦးကထွက်ပေါ်လာခဲ့သော်လည်း ထိုသတင်းမှားယွင်းကြောင်း နောက်ပိုင်းတွင် သိရသည်။

ထိုကောလာဟလကို ဖြေရှင်းရာတွင် ဦးဝင်းထိန်က “ဒီသတင်းကို ဘယ်သူဖြန့်လဲ မှန်းရခက်တယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီကပဲ ဖြန့်လား။ တပ်မတော်ကပဲဖြန့်လား။ ကျနော်တို့ကိုမုန်းတဲ့ အိုင်တီသမားတွေကပဲဖြန့်လားမသိဘူး” ဟုပြောခဲ့သည်။ တပ်မတော်က ၎င်းတို့ ပါဝင်ပတ်သက်သလိုပြောဆိုမှုကို အပြင်းအထန် ရှုတ်ချသည်။

ထိုအခြေအမြစ်မဲ့ သံသယဖြင့်ဖြေကြားခြင်းသည် တပ်မတော်၏ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေသည်ဟု တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့၏ ဦးဝင်းထိန်နှင့်ပတ်သက်သော ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုလုပ်ရပ်သည် အထူးသဖြင့် အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဆောင်ချိန်တွင် ညီညွတ်ရေးကိုထိခိုက်စေပြီး လိုအပ်သလိုတုံ့ပြန်မည်ဟုလည်းဖော်ပြထားသည်။
ဦးဝင်းထိန်အပါအဝင် NLD ခေါင်းဆောင်များသည် ထိုပြဿနာကို မည်သို့ဖြေရှင်းလိုက်သည် မသိရသော်လည်း မေလကကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ဦးဝင်းထိန်က တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အပြေးအလွှား ပြုံးပြုံးရွှင်ရွှင် သွားရောက်နှုတ်ဆက်သည်ကိုတွေ့ရသည်။

တပ်မတော်အရာရှိဟောင်းဖြစ်သူ ဦးဝင်းထိန်သည် ၁၉၈၈ ခုနှစ်တွင် NLD သို့ဝင်ရောက်ပြီးနောက် ထောင်ထဲတွင် နှစ်အတန်ကြာနေခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာခံကာ NLD ၏ အဓိကခေါင်းဆောင်တဦးလည်းဖြစ်သည်။ သူ ယခုဆေးရုံတက်ချိန်သည် ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့်တပ်မတော်အကြား ဆက်ဆံရေးတင်းမာချိန်နှင့် တိုက်ဆိုင် နေသည်။

ဇူလိုင်လ အစောပိုင်းကလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် တပ်မတော်နှင့် အရပ်သားအစိုးရ အကြားပြဿနာဖြစ်စေခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်သည် ညွှန်ကြားရေးမှူးချုပ် အဆင့်သာရှိပြီး သူ့ကို ထိပ်တန်းခေါင်းဆောင်အဖြစ်ဆက်ဆံရခြင်းသည် ဒီမိုကရေစီမဟုတ်ဟု သူပြောသည်။

တပ်မတော်က ချက်ချင်း NLD အစိုးရထံတိုင်ကြားပြီး ဦးဖြိုးမင်းသိန်းကိုလိုအပ်သလို အရေးယူခိုင်းသည်။ ဦးဖြိုးမင်းသိန်းကလည်း တပ်မတော်သို့ အလျင်အမြန် တောင်းပန်စာပေးပို့သည်။ သူ့ကို NLD ခေါင်းဆောင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပြစ်တင်ဆုံးမခဲ့သည်။

တနှစ်သက်တမ်းရှိ NLD အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တပ်မတော်နှင့် ဆက်ဆံရေး ကောင်းမွန် အောင် လုပ်ဆောင်နေချိန်တွင် အထက်ပါ အငြင်းပွားမှုများဖြစ်ခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်အကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ယုံကြည်မှု တည်ဆောက်ရန်ကြိုးစားခဲ့သည်ဟု ယူဆရသည်။

တပ်မတော်ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယုံကြည်မှု တည်ဆောက်နေချိန်တွင် ဦးဝင်းထိန်နှင့် ဦးဖြိုးမင်းသိန်းတို့၏ စကားများမှာ အထောက်အကူ မပြုကြောင်း ထောင်အတွင်း နှစ်ပေါင်းများစွာနေထိုင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ထိပ်တန်းအမျိုးသမီးအဖွဲ့ဝင်တဦးက ဧရာဝတီ သို့ပြောသည်။

ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Behind NLD Spokesperson’s Hospitalization ကို ဆီလျော်အောင် ဘာသာပြန်သည်။

ဆက်စပ် ဖတ်ရှုရန်-

Analysis: Behind NLD Spokesperson’s Hospitalization

ကျီးကန်းတွေဟု မီဒီယာကို ခေါ်ဆိုခြင်းသည် စော်ကားမှုဖြစ်သည်

Your Thoughts …
Tags: NLDဦးဝင်းထိန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
32.3k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.3k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

Next Post
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ / မျိုးမင်းစိုး / ဧရာဝတီ

ဒေါ်ထုမေ ၏ ANP ပါတီမှ နုတ်ထွက်စာ ပယ်ချခံရ

နေပြည်တော်တွင် ကျင်းပခဲ့သည့် ၃၄ ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများ အစည်းအဝေးတွင် တွေ့ရသည့် ဦးဖေဇင်ထွန်း / ဧရာဝတီ

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးဖေဇင်ထွန်း နုတ်ထွက်မှု မရှင်းလင်း

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.6k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate