ဖေ့စ်ဘုတ်ဆိုတာ ဆိတ်ကွယ်ရာမဟုတ်

K ငြိမ်းချမ်း
ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)
Want create site? Find Free WordPress Themes and plugins.

အမေရိကန်နိုင်ငံသားလေး ဇူကာဘတ်ရဲ့ကျေးဇူးနဲ့ တကမ္ဘာလုံးအပါအဝင် ကျနော်တို့ မြန်မာနိုင်ငံသားများလည်း လူမှုကွန် ရက်ပေါ်က ဖေ့စ်ဘုတ်ကို သုံးစွဲခွင့်ရနေကြပြီဖြစ်ပါတယ်။ သုံးစွဲခွင့်ရဆို မြန်မာနိုင်ငံရဲ့အရွယ်ရောက်ပြီး လူဦးရေရဲ့တဝက်မက သုံးနေကြတာလည်း ဖြစ်ပါတယ်။

တချို့များတွင်ဆို ဖေ့စ်ဘုတ်အကောက်ကို အမည်ရင်းဖြင့် ဖွင့်ဆိုထားတဲ့အကောင့်တခုအပြင် နောက်အမည်ကွဲများနဲ့ ၂ခု အ ထက်ရှိနေကြပါတယ်။

Gmail တခုရှိရင်ကို ဖေ့စ်ဘုတ်အကောင့်တခု ရနိုင်နေပြီး ဖြစ်တာကြောင့်လည်း မိမိကိုယ်ပိုင်အကောင့်ကို တင်ချင်ရာတင်၊ ရေးချင်ရာရေးနေသူများလည်း ထုနဲ့ထေး တွေ့လာနေရပြီဖြစ်ပါတယ်။

ဖေ့စ်ဘုတ်ရဲ့နောက်ဆက်တွဲဆိုကျိုးကတော့ အစိုးရ၊ တပ်မတော်တို့ဘက်က ဆက်သွယ်ရေးနည်းပညာ ဥပဒေ ၆၆(ဃ)နဲ့ တ ရားစွဲဆိုတဲ့အမှုတွေလည်း ထင်ထင်ရှားရှား ရှိခဲ့ ဖြစ်ခဲ့ကြပါတယ်။ အမှန်၊ မှားကို ပြောလိုရင်းထက် မလိုလားအပ်တဲ့ ပြဿ နာဂယက်တွေ အလွယ်ပြုလုပ်ရေးသားနေကြတာကို ဆိုလိုခြင်းဖြစ်ပါတယ်။

လူပုဂ္ဂိုလ်ဆိုင်ရာများလည်း တဦးနဲ့တဦး ပို့စ်ရေးတင်ကြရာမှ စကားများ၊ ရန်ဖြစ် တရားရုံးရောက်တဲ့ဖြစ်စဉ်များလည်း အ များအပြားရှိခဲ့ ရှိနေဆဲပါပဲ။

ဒါဆို ဖေ့စ်ဘုတ်သုံးစွဲတာ လူမှုကွန်ရက်ပေါ်တက်တာ မကောင်းဘူးလား၊ ပြဿနာဇုန်ဖြစ်နေပြီလားဆိုတော့လည်း မဟုတ်ပါ ဘူး။ တိုးတက်လာတဲ့ နည်းပညာတွေနဲ့ အကျိုးရှိစွာ ခံစားခွင့်တွေလည်း အများအပြားကို ရှိနေပါတယ်။

တချို့က ဖေ့စ်ဘုတ်ကနေပဲ Page လေးတွေထောင်ပြီး ဈေးရောင်းတာ၊ ခရီးသွားလုပ်ငန်း၊ လေယာဉ်၊ ကားလက်မှတ် အစရှိ သဖြင့် ဖုန်းနံပါတ်တွေနဲ့ ချိတ်ဆက်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေအပြင် ကွဲကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းဆွေမျိုးနဲ့ Group တခုဖွင့် ဆက်သွယ်စုစည်းကြတာ စသဖြင့် နည်းပညာအကူအညီကို ကောင်းစွာ အသုံးချကြတာဖြစ်ပါတယ်။

အဲဒီလိုတွေ တည်ရှိရာကနေ ပြဿနာပေါင်းစုံ အမုန်းစကားပေါင်းစုံကို ၂၀၁၂နောက်ပိုင်းမှာ အုံနဲ့ကျင်းနဲ့ကို တွေ့လာရပါ တော့တယ်။

ဘယ်လောက်တောင် လူသိရှင်ကြား အမုန်းစကားဖြန့်ဝေမှုများမှာ ကျော်ကြားခဲ့သလဲဆို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်က သတင်းတပုဒ်ကို ကြည့်ရင် သိနိုင်ပါလိမ့်မယ်။
အမုန်းစကားဖြန့်ဝေမှုတွေ တားမြစ်ဖို့ Googleနဲ့ Facebook ကူညီမည်ဟု ကတိပေး Monday, July 21, 2014

“ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ အွန်လိုင်းပေါ်က အမုန်းစကားဖြန့်ဝေမှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် Google နဲ့ Facebook မှ အကူအညီပေးသွားမယ်လို့ အဲဒီကုမ္ပဏီတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ လူမှုမီဒီယာကွန်ရက်သုံးစွဲမှုတွေနဲ့ ပတ်သက်လို့ Google နဲ့ Facebook ကုမ္ပဏီတွေက တာဝန်ရှိသူတွေ အပါအဝင် ပြည်တွင်းက နည်းပညာရှင်တွေနဲ့ အစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံပြီး ဇူလိုင်၂၀ရက်မှာ တွေ့ဆုံဆွေးနွေးစဉ် Google နဲ့Facebook ကုမ္ပဏီ တာဝန်ရှိသူတွေက ကတိ ပေးစကား ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လာမယ့်(၂)နှစ်အတွင်းမှာလည်း ဖုန်းသုံးစွဲသူအရေအတွက်ဟာ ပိုမိုများပြားလာနိုင်ပြီး အင်တာနက်သုံးစွဲ မှုတွေလည်း ယခုထက်ပိုမိုမှာဖြစ်တဲ့အတွက် ထိန်းချုပ်နိုင်ဖို့ ပိုပြီး ခက်ခဲလာနိုင်ဖွယ် ရှိတယ်လို့ ပါဝင်ဆွေးနွေးခဲ့သူ ပညာရှင် တဦးကလည်း သုံးသပ်ပြောဆိုထားပါတယ်။

ပြည်တွင်းက အင်တာနက်သုံးစွဲသူ အများစုဟာ လူမှုကွန်ရက်ဖေ့စ်ဘုတ်ကို အများဆုံးသုံးစွဲနေတာဖြစ်ပြီး ဖေ့ဘုတ်သုံးစွဲမှု တွေများလာတဲ့အမျှ မလိုလားအပ်တဲ့ အမုန်းပွားစေတဲ့ ရေးသားမှုတွေ ပိုမိုများပြားလာတယ်လို့ နည်းပညာဆိုင်ရာ ကျွမ်း ကျင်သူတွေက သုံးသပ်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဖေ့စ်ဘုတ်သုံးစွဲသူပေါင်း ၂ သန်းကျော် ရှိနေပြီး ပြည်ထဲရေး ဝန်ကြီး ဌာနအနေနဲ့ အွန်လိုင်းအခြေပြုပြီး လူမျိုးရေးနဲ့ဘာသာရေး လှုံ့ဆော်မှုတွေကို ရှာဖွေဖော်ထုတ်အရေးယူမှုတွေ ပြုလုပ်ဖို့စီစဉ် ထားပြီလို့ သိရပါတယ်။” ဆိုတဲ့ သတင်းဟာ ယနေ့မြန်မာနိုင်ငံ ဖြစ်ပျက်နေတဲ့ လူမှုကွန်ရက်စာမျက်နှာကို တလွဲဆံပင် ကောင်းအသုံးချ ဆောင်ရွက်မှုတွေရဲ့အကျိုးဆက်များပဲဖြစ်ပါတယ်။

ကျနော်ကတော့ ဒီနေရာမှာ လူမှုကွန်ရက်ကို ဓားတချောင်းနဲ့တင်စားလိုပါတယ်။ ဓားဆိုတာ ထင်းခုတ်ဖို့ ပေါင်းမြက်ရှင်းဖို့၊ မီးဖိုချောင်သုံးဆိုရင်လည်း ကြက်သွန်၊ အာလူးလှီးဖို့ အသားငါးလှီးဖြတ်ဖို့သက်သက်သာ သုံးမယ်ဆိုရင် ဓားတချောင်းဟာ လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းပါတယ်။

ဒီလိုမဟုတ်ဘဲ တဖက်သားကို ထိခိုက်နာကျင်စေဖို့ ရည်ရွယ်ရင်းနဲ့ မကောင်းဘက်ကို ဦးတည်လုပ်ဆောင်မယ်ဆိုရင်တော့ ဥပဒေအရ တားမြစ်မှုနဲ့ လူ့အဖွဲ့အစည်းအတွက် မလိုလားအပ်တဲ့ အန္တရာယ်ဖြစ်နေမှာ ဖြစ်ပါတယ်။

ဒီနေရာ မြန်မာဖေ့စ်ဘုတ်သုံးစွဲသူများမှာ အတွေ့ရ အဖတ်ရများတဲ့ အုပ်စုတွေကတော့ ဘာသာရေး၊ စစ်ရေး၊ ဒီမိုကရေစီ အ ရေးတွေမှာ အများဆုံးဖြစ်ပါတယ်။ တချို့ဆို မိမိကိုးကွယ်တဲ့ ဗုဒ္ဓပုံတော်ကို ပရိုဖိုင်ဓာတ်ပုံအဖြစ်တင်ထားပြီး ရေးတင်တဲ့ ပို့စ်၊ ကောမက်တွေက ဆဲဆိုရန်လိုမုန်းတီးမှုတွေနဲ့ ဖြစ်နေပါတယ်။

တဖန် ဒီမိုကရေစီအမည်ကို အကောင့်မှာ ထည့်ထားပြီး တပါးသူတယောက်ရဲ့အခွင့်အရေးကို ဝင်ရောက်စွက်ဖက် ရန်လို ဆဲဆိုမှုများကိုလည်း စိတ်ပျက်ခြင်းကြီးစွာ မြင်ရဖတ်ရပါတယ်။

ဒါဆို သူတို့အားလုံးရဲ့တဖက်က သူတွေကတော့ မှန်ကန်နေတယ်၊ မမှားယွင်းဘူးလားဆိုတော့ မဟုတ်ပါဘူး။ ဖေ့ဘုတ် မှာပဲဖြစ်ဖြစ် လူမှုဝန်းကျင်မှာပဲဖြစ်ဖြစ် အပြန်အလှန်ရှိလို့သာ လောင်မီးအဖြစ် ကြီးထွားလာခြင်းဖြစ်ပါတယ်။ မြန်မာစကား တခွန်းလို လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်သလို ဘက်မရှိရင်လည်း ရန်ဆိုတာမရှိပါဘူး။

လူမျိုးတမျိုးလို့ဆိုလိုက်တာနဲ့ ကိုးကွယ်ရာဘာသာ၊ စံပြုတဲ့ ပုဂ္ဂိုလ်ဆိုတာ အလိုလို ရှိလာပါတယ်။ ဒါကြောင့် ဘယ်ဘာသာ ကိုပဲ ကိုးကွယ်ကိုးကွယ်၊ မည်သူ့ကိုပဲ စံပြုထားထား ကိုယ့်လုပ်ရပ် ကိုယ့်ကောမက်ကြောင့် ထိုသူတို့ရဲ့ဂုဏ်ပုဒ်တွေကို ထိ ခိုက်ရမယ်ဆိုရင်တော့ ပြန်လည်စဉ်းစားဆင်ခြင်သင့်ပါတယ်။

နည်းပညာဆိုတာလည်း ကောင်းခြင်းဆိုးခြင်းတွေ ဒွန်တွဲပါလာတတ်ပါတယ်။ ဖေ့စ်ဘုတ်ဟာ ဆိတ်ကွယ်ရာမဟုတ်ပါ။ ဒါ ကြောင့် ငါဆဲတာဆိုတာကို ငါ့နာမည်ရင်းမဟုတ်လို့ လူတွေမသိနိုင်ပါဘူး ဆိုပေမယ့်လည်း တကမ္ဘာလုံးက သင့်ကိုလည်း မြန်မာလူမျိုးတယောက်အနေနဲ့ ကြည့်ရှုနေမယ်ဆိုတာ သိထားသင့်ပါတယ်။

အမုန်းတွေကို ငါ့ရင်ထဲက ထုတ်လိုက်ရလို့ ပျော်နေမယ့်အစား သင့်အတွက်၊ သင့်လူမှုအဖွဲ့အစည်းအတွက် အကျိုးရှိမယ့် အရာတခုအတွက်သာ နည်းပညာကို အသုံးချလိုက်မယ်ဆိုရင် တိုင်းပြည်ဟာ ခုလို ပြဿနာပေါင်းစုံ အမုန်းတရားပေါင်းစုံ ဖြစ်လာ၊ ရှိလာစရာ မမြင်မိပါ။

မြန်မာစကားပုံတခုမှာတော့ အမိယုတ်တော့ နှုတ်ကြမ်း၊ အဖယုတ်တော့ ကိုယ်ကြမ်းဆိုတာရှိပါတယ်။ ကိုယ့်မိဘများကို ကိုယ် လုပ်ရပ်ကြောင့် အမည်ပျက်စာရင်းမဝင်စေဖို့ ကိုယ်၊ နှုတ်အမူအယာအပြင် လူ့ကျင့်ဝတ်များကို မိမိဘာသာထိန်းကျောင်း လိုက်ရင်ဖြင့် ကမ္ဘာမှာ စိတ်ရင်းလှတဲ့ကူညီချင်စိတ်များတဲ့ မြန်မာ့စိတ်ဓာတ်ကို ပြန်လည်မီးမောင်းထိုးပြနိုင်မယ်လို့ ယူဆမိ ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading