မြန်မာပြည်အပေါ် ဗြိတိသျှတို့ သဘောထား ကိုလိုနီအစွဲ မပြုတ်သေး

ကျော်ဖြိုးသာ
ရွှေတိဂုံကို ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင် လာရောက်လည်ပတ်ခဲ့စဉ်/Reuters
Want create site? Find Free WordPress Themes and plugins.

ကိုယ်ကြိုက်တဲ့ ကဗျာထဲက စာကြောင်းများ သို့မဟုတ် စာပိုဒ်များကို ရွတ်ဆိုခြင်းက ပုံမှန်အားဖြင့် ထိခိုက်မှု မရှိပါ။ သို့ သော်လည်း ရွတ်သည့်ကဗျာ၊ ရွတ်သည့်နေရာနှင့် ရွတ်သည့်သူတို့ကို မူတည်၍ အကြောင်းကိစ္စ ရှိလာနိုင်ပါသည်။

အကယ်၍ သင်က ဂရုမပြုမိခဲ့လျှင် ပတ်ဝန်းကျင်မှာ ရှိနေသည့်သူများကို နှောင့်ယှက်မှု သို့မဟုတ် စော်ကားမှုတခုကို ပြု လုပ်သလို ဖြစ်သွားနိုင်ပါသည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆန် Boris Johnson ကို ဥပမာပြရမည် ဖြစ်သည်။

ယခုနှစ်အစောပိုင်းက မြန်မာနိုင်ငံသို့ လာရောက်သည့် တရားဝင်ခရီးစဉ်အတွင်းတွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ရွှေတိဂုံ စေတီသို့ သွားရောက်ခဲ့စဉ် အသက် ၅၃ နှစ်အရွယ် ကွန်ဆာဗေးတစ်ပါတီဝင်တဦးလည်း ဖြစ်သည့် ဘောရစ်ဂျွန်ဆန်က ဘုရားပေါ်က အထင်ကရ ခေါင်းလောင်းကြီးတခုကို ထိုးပြီးတဲ့နောက် ဗြိတိသျှစာဆို ရုဒ်ယာ့ကစ်ပလင် Rudyard Kipling ၏ Mandalay ကဗျာမှ “စေတီဆည်းလည်းတွေက စကားဆို/ ပြန်လာခဲ့ အင်္ဂလိပ်စစ်သားရယ်(The temple-bells they say/ Come you back, you English soldier)” ဆိုသည့် စာသားအချို့ကို ရွတ်ဆိုခဲ့သည်။ (အမှန်စင်စစ်အားဖြင့် Boris Johnson မှားဆိုမိခဲ့ပါသည်။ မူရင်းကဗျာတွင် အင်္ဂလိပ်စစ်သား မဟုတ်ဘဲ ဗြိတိသျှစစ်သား ဖြစ်သည်။)

သူ၏ လက်တန်းရွတ်ဆိုမှုက ကင်မရာဖြင့် မှတ်တမ်းတင်ခြင်းခံခဲ့ရပြီး ဗြိတိန်နိုင်ငံမှ Channel 4 ၏ မှတ်တမ်းတင် ရုပ်ရှင် တခုတွင် ပါ ဝင်လာခဲ့သည်။ ဗီဒီယိုထဲတွင် ဘောရစ်ဂျွန်ဆန်ကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက ထိုသို့ရွတ် ဆိုခြင်းသည် လျော်ကန်သင့်တော်ခြင်း မရှိကြောင်း တားမြစ်ခဲ့သည်ကို တွေ့ရသည်။

မှန်ပါသည်။ ဗြိတိသျှတို့က ၁၈၂၄ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ ကိုလိုနီပြုခဲ့သော နိုင်ငံတခုတွင် အဆိုပါ စာကြောင်းများကို ရွတ်ဆိုခြင်းသည် ဘောရစ်ဂျွန်ဆန်အတွက် မလုပ်သင့်သည့်အရာဖြစ်သလို သူ ရောက်ရှိနေသည့်နေရာနှင့် နိုင်ငံကို အရေး မစိုက်သည့်သဘောဖြစ်နေသည်။

ပို၍ ဆိုးရွားစေသည်မှာ ပြန်လာခဲ့ပါ အင်္ဂလိပ်စစ်သားရယ်ဟု ရွတ်ဆိုနေသူမှာ သာမန်နိုင်ငံသားတယောက်မဟုတ်ဘဲ မြန်မာနိုင်ငံကို ကြမ်းတမ်းရက်စက်သည့်စစ်ပွဲ သုံးကြိမ်တိုက်ခိုက်ခဲ့သော၊ မြန်မာပြည်သူတို့၏ ခုခံတော်လှန်မှုများကို ဖိနှိပ်ဖြိုခွဲခဲ့သောနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဖြစ်နေခြင်းကြောင့် ဖြစ်ပါသည်။

အကယ်၍ ဗြိတိန်သံအမတ်ကြီး အင်ဒရူးပက်ထရစ် Andrew Patrick ၏ တားဆီးခြင်းမပြုခဲ့လျှင် နိုင်ငံခြားရေးဝန်ကြီးက “ရွှံ့နဲ့ လုပ်ထားတဲ့ ရုပ်ပွား/ ဘုရား ဗုဒ္ဓမဟာ (Great Gawd Budd) ခေါ်ကြသား /ရုပ်တုတွေ အရမ်းကြည်ညို သူရပ်တုန်း ငါ နမ်းခဲ့တာကလား” ဆိုသည့် စာသားများကိုလည်း ဆက်၍ ရွတ်ကောင်း ရွတ်နိုင်ပါသည်။

ထို့ပြင် တိုင်းပြည်မှ ဗုဒ္ဒဘာသာ၏ အလေးအမြတ်ပြုရာနေရာများထဲမှ တခုဖြစ်သည့် ရွှေတိဂုံဘုရားပေါ်တွင် ဗုဒ္ဓကို “Great Gawd Budd” ဟု ရည်ညွှန်းသုံးနှုံးပါက ဗုဒ္ဒဘာသာကို စော်ကားရာရောက်ပါလိမ့်မည်။ (Gawd က God ကို အသံထွက် အတိုင်းပေါင်းထားတာ၊ Budd က Buddha ကို အတိုကောက်သုံးတာ ဖြစ်သည်။)

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆန်က မည်သည့်အတွက်ကြောင့် ကိုလိုနီခေတ်ကဗျာတပုဒ်မှ စာကြောင်းများကို ရွက်ဆိုရသနည်း ဆိုသည်ကို ကာယကံရှင်သာ သိပါလိမ့်မည်။ သူက ရုဒ်ယာ့ကစ်ပလင်၏ အမာခံပရိသတ်တဦး သို့မဟုတ် ဗြိတိသျှ ကိုလိုနီခေတ်ကာလကို ပြန်လည်တသမိသည့် ခံစားချက်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတဦးက သူတို့ တချိန်က ကိုလိုနီပြုခဲ့သည့်နိုင်ငံတခုတွင် ထိုကိုလိုနီခေတ် က ဗျာကို ရွတ်ဆိုခြင်းက နိုင်ငံကို စော်ကားခြင်းဖြစ်ပြီး ပြည်သူများကို စော်ကားရာရောက်ပါသည်။

မြန်မာပြည်သူတို့အတွက် ထပ်မံ၍ စိတ်ပျက်စရာ ဖြစ်ရသည်မှာ ထိုဗီဒီယို ထွက်ပေါ်လာသည့်အချိန်သည် ဗြိတိန်နိုင်ငံက အခြားနိုင်ငံအများအပြားနှင့်အတူ ဘင်္ဂါလီများအပေါ် မြန်မာနိုင်ငံမှ ပြုမှုဆက်ဆံပုံနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် မြန်မာ နိုင်ငံ၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြင်းအထန် ဝေဖန်ပြစ်တင်နေချိန်နှင့် တိုက်ဆိုင်နေခြင်းဖြစ်သည်။

ဘင်္ဂါလီပြဿနာသည် ဗြိတိသျှတို့က မြန်မာပြည်သူများအတွက် ထားရစ်ခဲ့သော ကိုလိုနီခေတ် အမွေဆိုးတခု ဖြစ်သည်။

အကယ်၍ ဗြိတိသျှတို့ကသာ ၁၈၀၀ နှစ်များအတွင်းတွင် အိန္ဒိယနိုင်ငံ ဘင်္ဂလား Bengal ပြည်နယ် (ယခု ဘင်္ဂလားဒေ့ရှ် ဖြစ်လာသည့်နေရာ) မှ ဘင်္ဂါလီများ လူဦးရေကျဲပါးပြီး မြေသြဇာကောင်းသည့် ရခိုင်ပြည်နယ်မှ တောင်ကြားဒေသများသို့ ရွှေ့ ပြောင်း အခြေချလာခြင်းကို အားမပေးခဲ့လျှင် မြန်မာနိုင်ငံ၏ လက်ရှိအနေအထားက ယခု အငြင်းပွားဖွယ်ရာ ဘင်္ဂါလီကိစ္စ တွင် တမျိုးတဖုံဖြစ်နေမည် ဖြစ်သည်။

ဘင်္ဂါလီများအပေါ် လုံလောက်စွာ ကာကွယ်မပေးနိုင်ခဲ့ခြင်းနှင့် ထိုကိစ္စအတွက် နှုတ်ဆိတ်နေခဲ့ခြင်းတို့အတွက် ဗြိတိန် အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ထပ်ခါတလဲလဲ ဝေဖန်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ၁၉၆၄ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ နိုင်ငံရေး၊ ဒဿနိကဗေဒနှင့် စီးပွားရေးပညာများ သင်ယူခဲ့သည့် အောက်စ်ဖို့ဒ် Oxford တက္ကသိုလ်၊ စိန့်ဟျူး St Hugh ကောလိပ်က ၎င်းတို့ကျောင်းအဝင်ဝတွင် ထားရှိသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားကို ဖယ်ရှားခဲ့သည်။ နောက်ထပ် ပန်းချီကားတချပ် လက်ဆောင်ရခဲ့သောကြောင့်ဟု အကြောင်းပြခဲ့သည်။

ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုများ ပြင်းထန်နေချိန်၌ ပုံတူပန်းချီကားကို ဖယ်ရှား လိုက်ခြင်းက မေးခွန်းထုတ်ဖွယ်ရာ ဖြစ်စေသည်။

တဖန် ဘင်္ဂါလီများအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်မှုများ သင့်တော်ခြင်း မရှိတော့ဆိုသည့်အကြောင်းပြချက်ဖြင့် အောက်တိုဘာလ ၃ ရက်နေ့တွင် အောက်စ်ဖို့ဒ် မြို့တော်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားသည့် Freedom of Oxford ဆုကို ပြန်လည်ရုပ်သိမ်းခဲ့ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် ဗြိတိန်နိုင်ငံ၏ ထိုကဲ့သို့သော တုံ့ပြန်မှုမျိုးကို မြင်ရသည်မှာ စိတ်ပျက်စရာ ဖြစ်ပါလိမ့်မည်။ ဗြိတိန်နိုင်ငံသည် တနည်းအားဖြင့် သူ၏ ဒုတိယနေအိမ်သဖွယ် ဖြစ်ခဲ့ပြီး ဆယ်စုနှစ် ၂ ခုနီးပါးမျှ နေထိုင်ပညာသင်ကြားခဲ့ ကာ သူ၏ ကွယ်လွန်သူ ဗြိတိန်နိုင်ငံသား ခင်ပွန်းသည်နှင့်အတူ မိသားစုဘဝကို တည်ဆောက်ခဲ့သည်။

မြန်မာနိုင်ငံသားအများစုအတွက်မူ အောက်စ်ဖို့ဒ် မြို့တော်ကောင်စီနှင့် အောက်စ်ဖို့ဒ် တက္ကသိုလ်တို့၏လုပ်ရပ်က သူတို့၏ ခေါင်းဆောင်အဖြစ် သူတို့ကိုယ်တိုင် ရွေးချယ်တင်မြှောက်ထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ချက်ရှိရှိ အရှက်ခွဲ လိုက်ခြင်း ဖြစ်ပါသည်။

အမေရိကန်အပါအဝင် အခြား အနောက်တိုင်းနိုင်ငံများကဲ့သို့ မဟုတ်ဘဲ ဗြိတိန်အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများက မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ၏ ခေါင်းဆောင်ကို ပြစ်တင်နှိမ့်ချရရန် မည်သည့်အတွက်ကြောင့် စည်းလုံးညီညွတ်စွာ ဆောင် ရွက်နေသနည်း ဆိုသည်က စိတ်ဝင်စားစရာ မေးခွန်းတခု ဖြစ်သည်။

လက်ရှိ ဘင်္ဂါလီအရေးတွင် အမေရိကန် နိုင်ငံက မြန်မာပြည်ကို ပိုမို၍ ကူညီထောက်ခံမှုရှိသည့် အနေအထားတွင် ရှိနေပြီး ဗြိတိသျှကိုလိုနီ အုပ်စိုးမှုမှ ပေါက်ဖွားလာသည့် ဘင်္ဂါလီပြသနာ ဖြေရှင်းရေးတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မ ရှင်၏အကြံပြုချက်များကို အကောင်အထည်ဖော်ရာတွင် ကူညီရန်လည်း အမေရိကန်က ကမ်းလှမ်းထားသည်။

တချိန်က သူတို့ ကိုလိုနီပြုခဲ့သော နိုင်ငံဖြစ်နေသောကြောင့် မြန်မာနိုင်ငံကို အနိုင်ကျင့်ရန် သူတို့တွင် အခွင့်အရေးရှိသည် ဟု ဗြိတိန်နိုင်ငံက မှားယွင်းစွာ ယူဆနေခြင်းများလားဟု မေးစရာဖြစ်နေပါသည်။

မြန်မာနိုင်ငံသို့ လက်ညှိုးထိုးအပြစ်တင်နေမည့်အစား ဘင်္ဂါလီပြဿနာသည် ဈေးပေါသော လယ်ယာလုပ်သားများ ရရှိရေး အတွက် အိန္ဒိယတိုက်ငယ်မှ လူများကို မြန်မာနိုင်ငံသို့ အကြီးအကျယ် ပြောင်းရွှေ့လာအောင် အားပေးခဲ့သော သူတို့၏ ဘိုးဘေးများကြောင့် ဖြစ်လာရသည်ဆိုသောအချက်ကို ဗြိတိန်နိုင်ငံအနေဖြင့် သတိပြုသင့်ပါသည်။

အထူးသဖြင့် ၁၈၆၉ ခုနှစ်တွင် စူးအက်တူးမြောင်း ဖွင့်လှစ်ခဲ့ပြီးနောက် ဥရောပတွင် ဆန်ဝယ်လိုအား မြင့်တက်လာသည့် အ ချိန်တွင် သူတို့ ဗြိတိသျှအင်ပါယာ၏ အကျိုးစီးပွားအတွက် ဘင်္ဂါလီများကို ရခိုင်ပြည်နယ်အတွင်း ခေါ်သွင်းခဲ့သည်ကို မမေ့ သင့်ပါ။

မြန်မာနိုင်ငံအနေဖြင့် ဗြိတိသျှတို့၏ အားပေးမှုကြောင့် ဖြစ်လာရသည့် ဘင်္ဂါလီရွှေ့ပြောင်းဝင်ရောက်မှု ပြဿနာကို စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် ၁၉၆၂ မှ ၂၀၁၀ ခု နှစ်အတွင်းတွင် ထိထိရောက်ရောက် ဖြေရှင်းရန် အခွင့်အရေးမရှိခဲ့ပါ။ ၂၀၁၂ ခု နှစ်နောက်ပိုင်းတွင် ဦးသိန်းစိန်အစိုးရက ဖြေရှင်းရန် အားထုတ်ခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ပါ။

ယခုအခါ မြန်မာနိုင်ငံ၏ (၁၉၆၀ နောက်ပိုင်းတွင်) ပထမဆုံးအဖြစ် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံရသည့် ဒေါ် အောင်ဆန်းစုကြည်၏အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိရေးကဲ့သို့သော တိုင်းပြည်တွင် ရင်ဆိုင်နေရသည့် အခြားသော ပြဿနာများနှင့်အတူ ဘင်္ဂါလီကိစ္စကို ဖြေရှင်းရန် ကြိုးစားနေပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသက်တမ်းက ၁၈ လသာ ရှိသေးသည်ကို ကျေးဇူးပြု၍ သတိရစေလိုပါသည်။

လွန်ခဲ့သော ရာစုနှစ်တခုကျော်က မြန်မာနိုင်ငံတွင် သူတို့လုပ်ခဲ့သည့် အမှားအယွင်းများကို တာဝန်ခံရမည့်သူများက သူ တို့လုပ်ရပ်ကို ဥပေက္ခာပြုနေရုံသာမက သူတို့ ချန်ရစ်ခဲ့သည့် ပြဿနာများကို ဖြေရှင်းရန် ကြိုးစားရုန်းကန်နေရသည့်သူ များကို ဝေဖန်အပြစ်တင်နေခြင်းက အလွန်ပင် မျှတမှုမရှိပါ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ကျော်ဖြိုးသာ၏ “Britain is Still Being Beastly to its Former Colony Myanmar”  ကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading