• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ကမ္ဘာ့ ကျောက်စိမ်းဈေးကွက်ကို မြန်မာတို့ လက်ဝါးကြီးအုပ်နိုင်ဖို့ ဘာတွေ ပြင်ဆင်ရမလဲ

by ယော်ဘောမ် မန်ရှန်
6 March 2018
in သူ့အတွေး သူ့အမြင်
A A
လက်ရှိ ပြည်တွင်း ကျောက်မျက် အရောင်းပြခန်း များသည် နေပြည်တော်နှင့် မန္တလေး မြို့တို့တွင်သာ ရှိသည် / Reuters

လက်ရှိ ပြည်တွင်း ကျောက်မျက် အရောင်းပြခန်း များသည် နေပြည်တော်နှင့် မန္တလေး မြို့တို့တွင်သာ ရှိသည် / Reuters

5.3k
VIEWS
Share on FacebookShare on Twitter

လက်ရှိ မြန်မာ့ကျောက်စိမ်း ထုတ်လုပ်မှုနှင့် ဈေးကွက်ကို စနစ်တကျ ကိုင်တွယ်ကွပ်ကဲ ထိန်းညှိနိုင်ပါက မြန်မာနိုင်ငံသည် ကမ္ဘာ့ ကျောက်စိမ်း ဈေးကွက်ကို လက်ဝါးကြီးအုပ် လွှမ်းမိုးချုပ်ကိုင်နိုင်မည့် အခြေအနေရှိနေပါသည်။

မည်သည့် နယ်ပယ်တွင် မဆို လက်ဝါးကြီးအုပ်နိုင်ခြင်းကို အောင်မြင်မှု၏ အညွှန်းကိန်းတခု အဖြစ်ဖော်ပြကြပါသည်။ လက်ဝါးကြီး အုပ်နိုင်ခြင်းနှင့် အကျိုးအမြတ်များ တိုက်ရိုက် ဆက်စပ် နေသောကြောင့် ဖြစ်သည်။ ဥပမာ စီးပွားရေး နယ်ပယ်တွင် ဈေးကွက်ကို လက်ဝါးကြီးအုပ်နိုင်ရန် နည်းဗျူဟာ မျိုးစုံသုံး၍ နိုင်ငံအလိုက်၊ ကုမ္ဗဏီ အလိုက် သူ့ထက်ငါ ယှဉ်ပြိုင်ကြသည်။

RelatedPosts

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

18 July 2025
2.6k
ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
791
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

17 July 2025
3.5k

မြန်မာနိုင်ငံသည် ကမ္ဘာ့ကျောက်စိမ်း ဈေးကွက်ကို ယှဉ်ပြိုင်စရာပင် မလိုဘဲ လက်ဝါးကြီး အုပ်နိုင်မည့် အခွင့်အရေးကြီး တခုကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ မြန်မာကို ကျောက်စိမ်း အများဆုံး နှင့် အရည်အသွေး အကောင်းဆုံး ထွက်ရှိသည့် နိုင်ငံအဖြစ် ကမ္ဘာက အသိအမှတ် ပြုထားသောကြောင့် ဖြစ်သည်။ သို့သော် လက်တွေ့တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ ကျောက်စိမ်း ဈေးကွက်ကို လက်ဝါးကြီး အုပ်နိုင်ခြင်း မရှိပေ။

စီးပွားရေးတွင် ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုတို့၏ တန်ဖိုးကို ရောင်းလိုအား (supply)နှင့် ဝယ်လိုအား (demand) သီအိုရီ ပေါ်တွင် အခြေခံပြီး ဆုံးဖြတ်သည်မှာ အထူး ပြောစရာ မလိုတော့ပါ။ မြန်မာ့ကျောက်စိမ်း ဈေးကွက်ကို တည်ပြီး ပြောရလျှင် တူးဖေါ်ထုတ်ယူမှု (ရောင်းလိုအား) ပမာဏကို ချင့်ချိန် ကန့်သတ်ပါက ဈေးကောင်းပိုမို ရရှိနိုင်သည်။

သို့သော် မြန်မာ့ကျောက်စိမ်း တူးဖော်မှုသည် နောင်လာနောက်သားများ အတွက်ပင် မကျန် စက်ယန္တရား ကြီးများ အသုံးပြုကာ နေ့/ည မပြတ် တူးဖော်နေကြသည်မှာ အားလုံး အသိပင်။ ထို့ကြောင့် ရောင်းလိုအား အလွန်အမင်း (over supply) များနေသဖြင့် ဈေးကောင်း ရသင့်သလောက်မရ ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် ကျောက်စိမ်းကို လမ်းခင်းကျောက် သဖွယ် ထုတ်ယူနေသည်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ် ၇၊ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် လွှတ်တော်၌ ဆွေးနွေး တင်ပြခဲ့သည်။ ထို့အပြင် ဖားကန့် ရတနာမြေသည်လည်း ၃၀ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း၊ ယခုကဲ့သို့ စက်ယန္တရား အင်အားဖြင့် ဆက်လက် တူးဖော်လျှင် နှစ်အနည်းငယ် အတွင်း ဖားကန့်ရတနာမြေ ပျောက်ကွယ်သွားမည် ဟု ၎င်းက တင်ပြခဲ့သည်။

ပမာဏ ကန့်သတ်တူးဖော်ပြီး ဈေးနှုန်းမြှင့်

အကြောင်းသင့်၍ ရေနံထွက်ရှိသော နိုင်ငံများ၏ ရေနံထုတ်လုပ်မှု မူဝါဒ နှင့် ကမ္ဘာ့ စိန်ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားသော Dee Beers ကုမ္ဗဏီ၏ စိန်တန်ဖိုး ထိန်းချုပ်မှု နည်းဗျူဟာကို အနည်းငယ် တင်ပြလိုပါသည်။

ရေနံထွက်ရှိသည့် နိုင်ငံအများစုသည် (Organization of the Petroleum Exporting Countries – OPEC) ခေါ် ရေနံ တင်ပို့သော နိုင်ငံများအသင်း အဖြစ် ၁၉၆၀ ခုနှစ်တွင် စုစည်းတည်ထောင်ကာ ကမ္ဘာ့ ရေနံဈေးကွက်ကို ထိန်းကြသည်။ ရောင်းလိုအားနှင့် ဝယ်လိုအား သီအိုရီကို အခြေခံပြီး ရေနံထုတ်လုပ်မှု ပမာဏကို ထိန်းညှိလျှက် ဈေးကွက်ကို ထိန်းညှိခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့က ကျောက်မျက်ရတနာ အချောထည် ရောင်းဝယ်ရေး စင်တာ/ယော်ဘောမ်မန်ရှန်

ဈေးကွက်တွင် ရောင်းလိုအား ပိုလျှံနေခြင်း (over supply) မဖြစ်အောင် အဖွဲ့ဝင် နိုင်ငံများသည် ၎င်းတို့၏ မူဝါဒအတိုင်း အလွန်အကျွံ ထုတ်လုပ်မှုကို ရှောင်ရှားကြသည်။ လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၄ နိုင်ငံရှိသည် ဟု သိရသည်။ နိုင်ငံပေါင်း အများအပြားနှင့် ညှိနိုင်း ဆောင်ရွက် ရသဖြင့် ထုတ်လုပ်မှု ပမာဏကို စဉ်းစားသည့် အခါ အခက်အခဲများစွာ ရှိနိုင်ပါသည်။

အလားတူ De Beers ကုမ္ဗဏီကြီး၏ ကမ္ဘာ့ စိန်ဈေးကွက် ထိန်းချုပ်မှု နည်းဗျူဟာကို အနည်းငယ် တင်ပြလို ပါသည်။

De Beers ကို ၁၉ ရာစုတွင် တည်ထောင်ခဲ့ပြီး ၎င်း၏ ရည်မှန်းချက်သည် ထုတ်လုပ်မှု (supply) နှင့် ဈေးကွက် တင်ရောင်းချမှု (marketing) နှစ်ရပ်စလုံးကို ထိန်းချုပ်ပြီး ကမ္ဘာ့ စိန်ဈေးကွက်ကို လက်ဝါးကြီး အုပ်နိုင်ရေးပင် ဖြစ်သည်။

ထို့ကြောင့် စိန် တူးဖော်ခြင်းနှင့် ဝယ်ယူရောင်းချခြင်း လုပ်ငန်းကို တပြိုင်တည်း လုပ်ဆောင်သည်။အခြားသော စိန် စီးပွားရေး လုပ်ငန်း/ ကုမ္ဗဏီငယ်များကိုလည်း ဝယ်ယူစုစည်းကာ Central Selling Organization (CSO) ခေါ် ဗဟိုရောင်းချမှု အဖွဲ့အစည်း အဖြစ် ပေါင်းစပ်ဖန်တီးပြီး စိန်ရောင်းချမှုကို မျက်မှောက်ခေတ်ထိ ထိန်းချုပ်ထားသည် ကို လေ့လာရသည်။

စိန်သည် အလွန်ရှားပါး၍ ကမ္ဘာတွင် ဈေးအကြီးဆုံး သယံဇာတ အဖြစ် ယူဆသတ်မှတ် ကြသည်။ အမှန်မှာ စိန်သည် ပေါများသည်။ အာဖရိကတိုက်တွင် အရည်သွေးကောင်းစိန် အထွက်များသည့် နိုင်ငံပေါင်း ၁၁ နိုင်ငံ ရှိပြီး ရုရှား၊ ကနေဒါ၊ သြစတေးလျနိုင်ငံ တို့သည်လည်း စိန် ထွက်ရှိသည့် နိုင်ငံများ အဖြစ် သိကြသည်။

ဤကဲ့သို့ ထင်သလောက် မရှားပါးသည့် စိန် တန်ဖိုး ဆက်လက် ကြီးနေခြင်းသည် Dee Beers ၏ (marketing) ခေါ် ဈေးကွက်တင် ရောင်းချမှု နည်းဗျူဟာ ကြောင့်သာ ဖြစ်သည်ကို လေ့လာရသည်။ Dee Beers သည် ကမ္ဘာ့စိန် အဝယ်ဒိုင် အဖြစ် ထွက်ရှိသမျှသော စိန်တွေကို လိုအပ်လျှင် ဈေးမြင့်မြင့် ပေးဝယ်ယူ စုဆောင်းသည်။ တချိန်တည်းမှာ စိန် ဝယ်လိုအား (demand) ကို လှုံ့ဆော်ဖန်တီးသည်။ သို့သော် ရောင်းလိုအားကို ထိန်းညှိပြီး ဈေးကွက်တင် ပြန်လည် ရောင်းချခြင်းဖြင့် စိန်တန်ဖိုးကို ဆက်လက် ထိန်းထားနိုင်ကြောင်း လေ့လာရသည်။

အချုပ်အားဖြင့် OPEC နှင့် Dee Beers တို့သည် နိုင်ငံပေါင်းများစွာ ညှိနှိုင်းဆောင်ရွက်ရသဖြင့် ၎င်းတို့၏ မူဝါဒ၊ နည်းဗျူဟာ တို့ကို ချမှတ် အကောင်အထည် ဖော်ရာတွင် အခက်အခဲများ ရှိနိုင်ပါသည်။ သို့သော် မြန်မာနိုင်ငံသည် အခြားမည့်သည့် နိုင်ငံနှင့်မှ ဆွေးနွေး တိုင်ပင်ရန် မလိုဘဲ ကျောက်စိမ်းတူးဖော်မှု ပမာဏ နှင့် ဈေးကွက်တင် ရောင်းချမှုကို မိမိ တို့၏ မူဝါဒ အတိုင်း လုပ်ဆောင်နိုင်ပေသည်။ ထို့ကြောင့် တူးဖော်မှု ပမာဏကို လျှော့ချပြီး ဈေးကွက်တင်ရောင်းချမှုကို ထိန်းချုပ်ခြင်း ဖြင့် ကမ္ဘာ့ကျောက်စိမ်း ဈေးကွက်ကို လက်ဝါးကြီးအုပ်နိုင်မည် ဖြစ်သည်။

ကချင်ပြည်နယ်တွင် ကျောက်စိမ်း ရောင်းဝယ်ခွင့် မပြု

ကမ္ဘာ့အကောင်းဆုံးနှင့် အများဆုံး ကျောက်စိမ်းသည် ကချင်ပြည်နယ် ဖားကန့်ဒေသမှ ထွက်ရှိသည်။ သို့သော် ကျောက်စိမ်း ရောင်းဝယ်ခွင့်သည် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့တွင်ပင် မရှိပေ။ ဖားကန့်ဒေသတွင် တန်ဖိုးနည်း ကျောက်စိမ်းများ ကို ပေါ်ပေါ်ထင်ထင် ရောင်းဝယ် နေကြသော်လည်း တိကျသော ဥပဒေဖြင့် ပြဌာန်း ခွင့်ပြုထားခြင်း မဟုတ်သောကြောင့် အချိန် မရွေး ပိတ်ပင်နိုင်ပေသည်။

ဤကဲ့သို့ ရှင်းရှင်းလင်းလင်း မရှိသော ပတ်ဝန်းကျင်တွင် လုပ်ကိုင်ရသောကြောင့် အာဏာပိုင်များ၏ အာဏာအလွဲသုံးစားမှု၊ လာဘ်ပေး လာဘ်ယူမှုတို့ကို ရှင်သန်အားကောင်းဖို့ တွန်းအားပေးနေသည့် သဖွယ် ဖြစ်နေကြောင်း ၂၀၁၅ ခုနှစ်ထုတ် Global Witness အစီရင်ခံစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ကချင်ပြည်နယ် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းက မြစ်ကြီးနားမြို့တွင် ကျောက်မျက်ရတနာ အချောထည် ရောင်းဝယ်ရေး စင်တာ တခုကို ၂၀၁၃ ခုနှစ်က တည်ဆောက်ထားသည်။ စာရေးသူသည် ၎င်းစင်တာသို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ၄ နာရီခန့်ကြာ သွားရောက် လေ့လာခဲ့သည်။

တန်ဖိုးနည်း ပယင်းအချောထည်များသာ ရောင်းဝယ်နေသည့် မြစ်ကြီးနားမြို့က ကျောက်မျက်ရတနာ အချောထည် ရောင်းဝယ်ရေး စင်တာ/ယော်ဘောမ်မန်ရှန်

စင်တာ ဖွင့်လှစ်ပြီး ၄ နှစ် ကြာသည့်တိုင် ၎င်းစင်တာတွင် ကျောက်စိမ်း ရောင်းဝယ်ရေး ခွင့်မပြုသေးကြောင်း သိရသည်။ တန်ဖိုးနည်း ပယင်း အချောထည် ရောင်းဝယ်သူ စုစုပေါင်း အယောက် ၇၀ ခန့် ကိုသာ တွေ့ခဲ့ရသည်။ ကချင်ပြည်နယ်တွင် ကျောက်စိမ်း ရောင်းဝယ်ခွင့် မပေးခြင်းသည် ပြည်နယ် ဖွံ့ဖြိုး တိုးတက် လာမည်ကို စိုးရိမ်သောကြောင့်လားဟု တွေးစရာ ဖြစ်လာသည်။

အချုပ်အားဖြင့် ကချင်ပြည်နယ်သည် ကျောက်စိမ်းတွင်း ဖြစ်သည် သာမက ကျောက်စိမ်း၏ အဓိကဈေးကွက် ဖြစ်သော တရုတ်ပြည်နှင့် လည်း ခရီးအကွာအဝေး အားဖြင့် အတိုဆုံး ဖြစ်သည်။ တနည်းအားဖြင့် တင်ပို့စရိတ် အနည်းဆုံး လမ်းကြောင်း ဖြစ်သည်။

ထို့ကြောင့် တရုတ်ပြည်သို့ တင်ပို့လိုသော ကုန်သည်များကို ထိုက်သင့်သည့် အခွန်ငွေ ကောက်ခံပြီး ကချင်ပြည်နယ်မှ တရားဝင် တိုက်ရိုက် တင်ပို့ ခွင့်ပြုသင့်ပေသည်။ သို့မှသာ ပြည်နယ်၏ စီးပွားရေးကို အားပေး အားမြောက် ပြုရာ ရောက်ပေမည်။

ပြည်တွင်းကျောက်စိမ်းဈေးကွက် တိုးတက်ရန် လို

Global Witness အဖွဲ့၏ ၂၀၁၅ ခုနှစ် အစီရင်ခံစာအရ မြန်မာ့ ကျောက်စိမ်း ဈေးကွက်တန်ဖိုးသည် ၂၀၁၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၃၁ ဘီလီယံ ထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ လက်ရှိ ပြည်တွင်း ကျောက်မျက် အရောင်းပြခန်း များသည် နေပြည်တော်နှင့် မန္တလေး မြို့တို့တွင်သာ ရှိသည်။ ၎င်း ပြခန်းများသည် ကျောက်မျက် အရောင်းပြခန်းများ ဖွင့်လှစ်ချိန်တွင်သာ စည်ကား ကြောင်း သိရသည်။

သို့သော် တရုတ်ပြည် ရွှေလီ (Ruili) နှင့် ဂျေဂေါ် (Jie Gao) မြို့များ သည် ရန်ကုန်မြို့မှ ဗိုလ်ချုပ်ဈေးထက်ပင် ကျောက်စိမ်းသည်နှင့် ကုန်သည်များဖြင့် နေ့စဉ် စည်ကားနေသည်ကို လေ့လာသုံးသပ်သူ Brendon Hong ၏ ၂၀၁၅ ခုနှစ် မတ်လ ထုတ် ဆောင်းပါး တွင်ဖတ်ရသည်။

ဤသို့ ဖြစ်ရခြင်းမှာ အာဏာပိုင်များက ကျောက်စိမ်းကို တူးဖော်ပြီး အကြမ်းထည် အဖြစ်သာ တင်ပို့ ရောင်းချနေခြင်း ကြောင့် ဖြစ်သည်။ အချောထည်များ ဖြစ်အောင် တန်ဖိုးမြှင့်တင်နိုင်မည့် လိုအပ်သော နည်းပညာ တိုးတက်အောင် နည်းဗျူဟာ ချမှတ်ပြီး လုပ်ဆောင်မှု မရှိခြင်း၊ လိုအပ်သော နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြန်လည် ရင်းနှီးမြှုပ်နှံမှု မရှိခြင်း တို့ကြောင့် ဖြစ်သည်။

စာရေးသူလည်း ရွှေလီနှင့် ဂျေဂေါ် မြို့များသို့ အကြိမ် ပေါင်းများစွာ ရောက်ဖူးသည်။ ကျောက်စိမ်းကို ပုံစံ အမျိုးမျိုးဖြင့် ပန်းပု ထု၊ ထွင်းကာ တန်ဖိုးမြှင့်တင် ရောင်းချနေကြသည်ကို တွေ့ခဲ့ရသည်။ မြန်မာနိုင်ငံသည်လည်း ပန်းပု ပညာ ထွန်းကားသော နိုင်ငံ ဖြစ်သည့်အလျောက် ကျောက်စိမ်း ပန်းပု ရေး၊ ဆွဲ၊ ထု၊ ထွင်း နိုင်သော နည်းပညာများ ထွန်းကားရန် အစိုးရ အာဏာပိုင်များက တာဝန်ယူ ပံ့ပိုးပေးသင့်သည်။ ကောင်းမွန်သော မူဝါဒ နှင့် ဥပဒေတွေကို ချမှတ်ပြီး ထိထိ ရောက်ရောက် လုပ်ဆောင်နိုင်မှသာ အဆိုပါနည်းပညာမျိုး ပြည်တွင်း၌ ထွန်းကား လာမည် ဖြစ်သည်။

ပြည်တွင်း ကျောက်စိမ်းဈေးကွက်ကို မှီခိုလုပ်ကိုင်နေသူ အရေအတွက်သည် ၉၅၀ ၀၀၀ (၉ သိန်းခွဲ) ခန့်ရှိကြောင်း၊ (ဥပမာ – မန္တလေးမြို့မှာ ၂ သိန်းကျော်၊ စစ်ကိုင်းမြို့မှာ ၅ သောင်းခန့်နှင့် ဖားကန့်ဒေသမှာ ၇ သိန်းကျော် အထိ) ရှိသည် ဟု မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်းအဆင့်မြှင့်တင်ရေး ကော်မတီ ပြန်ကြားရေး တာဝန်ခံ ဦးကျော်ကျော်ဦးက ခန့်မှန်းသည်။
၎င်း ကိန်းဂဏန်းသည် နေရာသုံးခုမှ ခန့်မှန်းခြေမျှ ဖြစ်သောကြောင့် အမှန်တကယ် ပြည်တွင်း ကျောက်စိမ်းဈေးကွက်ကို မှီခိုအားပြုပြီး လုပ်ကိုင်နေသူ ဦးရေသည် ဒီထက် ပိုမိုမြင့်နိုင်သည်။ အကြမ်းဖျင်း ခန့်မှန်းကြည့်လျှင် နိုင်ငံ့လုပ်သား အင်အား စုစုပေါင်း၏ ၂ ဒသမ ၆ ရာခိုင်နှုန်း သည် ပြည်တွင်းကျောက်စိမ်း ဈေးကွက်ကို အားထားနေရကြောင်း သိသာပါသည်။

ကျောက်စိမ်း ကုမ္ဗဏီအများစုသည် ၎င်းတို့ တူးဖော်ရရှိသည့် ကျောက်စိမ်း (၅၀ မှ ၈၀ ရာခိုင်နှုန်း) ထိကို တရုတ်ပြည်သို့ မှောင်ခို တင်ပို့ကြကြောင်းကို ကျောက်စိမ်းလုပ်ငန်းရှင် တဦးအား ကိုးကားပြီး ဗြိတိန်အခြေစိုက် Global Witness အဖွဲ့၏ ၂၀၁၅ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

သို့သော် မှောင်ခိုတင်ပို့တိုင်းလည်း အမြတ်အစွန်း များမည် ဟု မယူဆနိုင်ပါ။ တရုတ်ကုန်သည်များ၏ ဈေးနှိမ်မှု၊ ကုန်ပစ္စည်း ရောင်းပြီးပါကလည်း ငွေအားလုံး တပြိုင်တည်း လက်ငင်း မရရှိမှု၊ ကျန်ငွေ ရရှိရန် စောင့်နေစဉ် နေထိုင်စရိတ် (ဟိုတယ်၊ စားသုံးစရိတ်၊ ဆက်သွယ် သွားလာရေး) အစရှိသဖြင့် အကုန်အကျ များကြောင်း ကုန်သည် အချို့ထံမှ သိရသည်။

အဆိုပါ ကုန်ကျစရိတ်သည် တခါတရံတွင် ကုန်ပစ္စည်း ရောင်းရငွေ၏ ၁၀ မှ ၂၀ ရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။ တနည်းအားဖြင့် ပြောရလျှင် အဆိုပါ ၁၀ ကနေ ၂၀ ရာခိုင်နှုန်းသော ငွေကြေးသည် တရုတ်ပြည်သူလူထု၏ စီးပွားရေးထဲ စီးဝင်သွားသော ငွေကြေးတွေ ဖြစ်သည်။

နိဂုုံးချုပ် တင်ပြရလျှင် ကျောက်စိမ်းကဏ္ဍကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည် ဆိုပါက အထက်ဖော်ပြပါ ၁၀ ကနေ ၂၀ ရာခိုင်နှုန်းသော ငွေကြေးပမာဏသည် ပြည်တွင်း စီးပွားရေးလည်ပတ်ငွေထဲ စီးဝင်မည် ဖြစ်သည်။ ထို့ပြင် ကျောက်စိမ်း ဈေးကွက်နှင့် ဆက်စပ်ပြီး အလုပ်အကိုင်များ ပိုမို ဖန်တီးနိုင်မည် ဖြစ်သလို၊ ကန်ဒေါ်လာ ၃၁ ဘီလီယံမျှ ကြီးမားသော စီးပွားရေး ဈေးကွက် တခုကိုလည်း လက်ဝါးကြီးအုပ်နိုင်မည် ဖြစ်သည်။

(ယော်ဘောမ်မန်ရှန်သည် ရန်ကုန်အခြေစိုက် နိုင်ငံရေးနှင့် ဥပဒေရေးရာ လေ့လာသုံးသပ်ရေးသား နေသူ တဦး ဖြစ်သည်။ ၎င်းသည် The Fletcher School, Tufts University, USA မှ Law and Diplomacy မဟာဝိဇ္ဇာ ဘွဲ့ရရှိခဲ့သည်။)

Your Thoughts …
Tags: ကျောက်စိမ်းဈေးကွက်
ယော်ဘောမ် မန်ရှန်

ယော်ဘောမ် မန်ရှန်

Contributor

Similar Picks:

ကျပ် နှစ်သောင်းတန်ဂယက် ဒေါ်လာနှင့် ရွှေဈေးကွက် ကမောက်ကမဖြစ်

ကျပ် နှစ်သောင်းတန်ဂယက် ဒေါ်လာနှင့် ရွှေဈေးကွက် ကမောက်ကမဖြစ်

by ဧရာဝတီ
24 July 2023
4.6k

ယခုကဲ့သို့ ကျပ်နှစ်သောင်းတန် ထပ်မံရိုက်နှိပ်မှုကြောင့် ဈေးကွက်များ ပျက်သွားနိုင်သလို ပုံမှန်မဟုတ်သော ဈေးကွက်များ ဖြစ်သွားနိုင်သဖြင့် စီးပွားရေးလုပ်ကိုင်ရ ခက်ခဲသွားနိုင်သည့် အခြေအနေများ ရှိလာနိုင်ကြောင်း

ဒေါ်လာနှင့် ရွှေဈေး ထပ် တက်လာ

ဒေါ်လာနှင့် ရွှေဈေး ထပ် တက်လာ

by ဧရာဝတီ
27 March 2024
2.4k

အမေရိကန် တဒေါ်လာလျှင် ၃,၈၀၀ ကျပ်အထိ မြင့်တက်လာသလို အကယ်ဒမီအခေါက်ရွှေဈေးမှာလည်း တကျပ်သားလျှင် ၄၃ သိန်းကျော်အထိ မြင့်တက်လာကြောင်း

ရက်ရှည်လာသည့် ဖားကန့်တိုက်ပွဲ ကျောက်လုပ်ငန်းများ ရပ်ထားရ

ရက်ရှည်လာသည့် ဖားကန့်တိုက်ပွဲ ကျောက်လုပ်ငန်းများ ရပ်ထားရ

by ဧရာဝတီ
26 September 2024
1.4k

ဖားကန့်သို့ဝင်ရောက်ရာ မြေပြင်လမ်းကြောင်းများအား KIA တပ်ပေါင်းစုက ထိန်းချုပ်နိုင်ခဲ့ပြီး ဖားကန့်မြို့ပေါ်ရှိ ဗျူဟာစခန်းကုန်းကြီးနှင့် စခန်းအချို့သာ ကျန်ရှိတော့ကြောင်း

ဖားကန့်မြေပြိုမှု အလောင်း ၂၅ လောင်း ပြန်တွေ့ထား

ဖားကန့်မြေပြိုမှု အလောင်း ၂၅ လောင်း ပြန်တွေ့ထား

by ဧရာဝတီ
15 August 2023
1.1k

ပြိုကျသည့် မြေစာပုံမှာ အမြင့် ၄၉၂ ပေခန့်ရှိသဖြင့် ယခုတိုင် အသက်ရှင်ဖို့ မလွယ်ကူကြောင်း လူမှုကယ်ဆယ်ရေး အဖွဲ့များက သုံးသပ်ထားပြီး၊ မြေစာပုံပြိုစဉ်က လွတ်မြောက်လာသူများရှိရာ ၈ ဦးမှာ ဒဏ်ရာများ ရထားကြောင်သိရသည်။

ဆန်လက်လီရောင်းသူများ ၅ ရာခိုင်နှုန်းသာ အမြတ်တင်ရန် သတ်မှတ်

ဆန်လက်လီရောင်းသူများ ၅ ရာခိုင်နှုန်းသာ အမြတ်တင်ရန် သတ်မှတ်

by ဧရာဝတီ
26 June 2024
934

လက်ရှိတွင် ဈေးနှုန်းကွာဟချက် ကြီးနေသဖြင့် ကုန်သည်များအနေဖြင့် ရောင်းချရန် မကိုက်သော်လည်း စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ကြောက်သဖြင့် သတ်မှတ်ဈေးဖြင့် ရောင်းချပေးနေရပြီး နောက်ကွယ်တွင် ဆန်ကောင်းစားချင်သည့် ရင်းနှီးသောစားသုံးသူများကို အမှန်တကယ်ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချပေးခြင်းများလည်းရှိကြောင်း

အာဏာရှင်စီးပွားဖက် လက်နက်ကိုင်ခရိုနီ (ရုပ်/သံ)

အာဏာရှင်စီးပွားဖက် လက်နက်ကိုင်ခရိုနီ (ရုပ်/သံ)

by ဧရာဝတီ
6 September 2024
489

ဦးနေဝင်းထွန်းက ၂၀၀၀ ပြည့်နှစ်တွင် ပတ္တမြားနှင့် ကျောက်စိမ်း အချောထည်စက်ရုံကို နေပြည်တော်၌ တည်ဆောက်ခဲ့သကဲ့သို့ တဖက်တွင်လည်း ၎င်း၏ ပထမဆုံး ရွှေတူးဖော်ရေး လုပ်ကွက်ကို ဧက ၃၅၀ ကျော်ဖြင့် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ကျောက်ပါးစပ် ဒေသတွင်...

Next Post
အကြိမ် ၉၀ မြောက် အော်စကာ ဆုပေးပွဲ / Reuters

အကောင်းဆုံး ရုပ်ရှင်၊ ဒါရိုက်တာဆု အပါအဝင် ဆု ၄ ဆု သိမ်းပိုက်ခဲ့တဲ့ “The Shape of Water” ရဲ့ အော်စကာည

သင် ဘာကြောင့် ရာထူး မတိုးသေးတာလဲ

သင် ဘာကြောင့် ရာထူး မတိုးသေးတာလဲ

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.4k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate