• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

လုပ်သားတိုင်း လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေရမည်

by Tomoko Nishimoto
27 April 2018
in သူ့အတွေး သူ့အမြင်
A A
၂၀၁၃ ခုနှစ် ရန်ကုန်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင် မြင်ရသော ကလေးလုပ်သားတဦး / Reuters

၂၀၁၃ ခုနှစ် ရန်ကုန်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင် မြင်ရသော ကလေးလုပ်သားတဦး / Reuters

4k
VIEWS
Share on FacebookShare on Twitter

အာရှ-ပစိဖိတ်ဒေသတွင် အခြားနေရာဒေသများထက် အသက်ငယ်ရွယ်သည့်အချိန်မှ စတင်ပြီး အလုပ်လုပ်ကိုင်သောသူများ ပိုမိုများပြားလှသည်။ ငယ်ရွယ်သူများဖြစ်သည့်အားလျော်စွာ မိသားစုဝင်ငွေရရှိဖို့အတွက် ဘေးအန္တရာယ်ရှိပြီး ခေါင်းပုံဖြတ်ခံရသည့် အလုပ်အကိုင်များတွင် လုပ်ကိုင်ကြရလေ့ရှိပါသည်။ ဤအလုပ်အကိုင်များအနက် အချို့မှာ ကလေးလုပ်သားခိုင်းစေသည့် အလုပ်အကိုင်များ ဖြစ်သည်။

ဧပြီလ ၂၈ ရက်နေ့တွင် ကျရောက်သော ယခုနှစ် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့အတွက် အိုင်အယ်(လ်)အိုအနေဖြင့် လူငယ်အလုပ်သမားများ၏ အလုပ်အကိုင် အခြေအနေများ တိုးတက်ကောင်းမွန်ရေးနှင့် ကလေးလုပ်သားခိုင်းစေမှု အဆုံးသတ်ရေးကို အလေးထား အာရုံစိုက်လျက် ရှိသည်။

RelatedPosts

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
8k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
1.9k
အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
1.9k

အာရှ-ပစိဖိတ်ဒေသရှိ လူငယ် အလုပ်သမားများ

အာရှ-ပစိဖိတ်ဒေသတွင် အသက် ၁၅ နှစ်နှင့် အသက် ၂၄ နှစ်ကြားရှိ အလုပ်သမားအရေအတွက်သည် သန်း ၃၀ဝ ခန့်ရှိပါသည်။ ဤအလုပ်သမားအရေအတွက်သည် ရေဒသကြီးတခုလုံးရှိ လုပ်သားထု၏ ၂၀% ဖြစ်ပါသည်။ လူငယ်များအား အစောပိုင်း အသက်အရွယ်အချိန်မှ စတင်ပြီး အလုပ်လုပ်ကိုင်ရန် တွန်းအားပေးသည့်အရာမှာ ဆင်းရဲနွမ်းပါးမှုပင်ဖြစ်သည်။ အလုပ်သမားဘဝသို့ ဝင်ရောက်ကြသော်လည်း လုပ်ငန်းခွင်ဘေးအန္တရာယ်များနှင့် အန္တရာယ် ဖြစ်နိုင်သည့်အနေအထားများနှင့်ပတ်သက်ပြီး အသိပညာ ဗဟုသုတ မရှိသလို၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးနှင့် သက်ဆိုင်သည့် ၎င်းတို့၏အခွင့်အရေးများကိုလည်း သိရှိနားလည်ခြင်း မရှိသလောက်ပင်။

တချို့သော လူငယ်များသည် အစောပိုင်း အသက်အရွယ်အချိန်ကပင်လျှင် အလုပ်စတင် လုပ်ကိုင်ကြသည်။ အသက် ၅ နှစ်နှင့် အသက် ၁၇ နှစ်ကြားရှိ အလုပ်သမားအရေအတွက်မှာ သန်း ၆၀ ခန့်ရှိပြီး၊ ကလေးလုပ်သားများ အနေဖြင့်ဝင်ရောက်လုပ်ကိုင်ကြလျက်ရှိပါသည်။ ၎င်းတို့အနက် ကလေးအလုပ်သမား ၂၈ သန်းသည် ဘေးအန္တရာယ်ရှိသော အလုပ်များတွင် လုပ်ကိုင်နေကြရပါသည်။ ဤကလေးအလုပ်သမားများအဖို့ လုပ်အားခေါင်းပုံဖြတ်ခြင်းသည် ၎င်းတို့၏ ကျန်းမာရေးနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ဆိုးရွားစွာခြိမ်းခြောက်လျက် ရှိနေသည်။

အာရှ-ပစိဖိတ်ဒေသရှိ လူငယ်အလုပ်သမားများစွာသည် ပုံမှန်မဟုတ်သည့် တနိုင်တပိုင် စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိနေကြပြီး လယ်ယာစိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့် လက်မှုပညာ အလုပ်အကိုင်များတွင် လုပ်ကိုင်ကြလျက် ရှိပါသည်။ ဤလုပ်ငန်းခွင်များသည် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေများနှင့် အလှမ်းကွာဝေးလေ့ရှိပြီး ဝင်ရောက်စစ်ဆေးရန်လည် းခက်ခဲသည့်အနေအထားတွင် ရှိနေပါသည်။ ထို့အပြင် အလုပ်သမားများအနေဖြင့်လည်း လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၏ အရေးပါမှုနှင့်စပ်လျဉ်း၍ သိရှိနားလည်ခြင်း မရှိကြပေ။

ညံ့ဖျင်းလှသည့် အလုပ်အကိုင် အခြေအနေများနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ ကင်းမဲ့ခြင်းကြောင့် အလုပ်သမားများအကြား ထိခိုက်ဒဏ်ရာရရှိမှုနှုန်း မြင့်မားသည့် အနေအထားကို ဖြစ်ပေါ်စေပါသည်။ ထိုသို့ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါက ယင်းအလုပ်သမားများအနေဖြင့် အလုပ်ကို အချိန်ကြာမြှင့်စွာ ဆက်လက်လုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။ အလုပ်သမားများသည် ရေရှည် ထိခိုက်နစ်နာစေနိုင်သည့် လုပ်ငန်းခွင်ရောဂါဘယများ ကူးစက်နိုင်သည့် အခြေအနေများနှင့်လည်း ကြုံတွေ့နေကြသည်။ ဥပမာ ကျောက်ဂွမ်းမှုန့်များ၊ ပိုးသတ်ဆေးများနှင့် အခြားဓာတုပစ္စည်းများကဲ့သို့ ဘေးအန္တရာယ်ရှိသော ပစ္စည်းများကို ထိတွေ့ရခြင်းသည် ပြင်းထန် ဆိုးရွားသည့်ရောဂါများကို ဖြစ်ပေါ်စေနိုင်ပြီး သေဆုံးနိုင်သည့် အလားအလာ ရှိသည်။

သုံးပွင့်ဆိုင် စုပေါင်းကြိုးပမ်း အားထုတ်ဆောင်ရွက်မှု

လူငယ်အလုပ်သမားများအား သင့်လျော်ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖြည့်ဆည်းပံ့ပိုးပေးခြင်းသည် အနာဂတ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်သောအရာပင် ဖြစ်ပါသည်။ အစိုးရများ၊ အလုပ်ရှင်များနှင့် အလုပ်သမားများအနေဖြင့် ကြိုတင်ကာကွယ်သည့် ယဉ်ကျေးမှုတရပ်ကို ချမှတ်တည်ဆောက်ပြီး အကောင်းအထည်ဖော်ဆောင်ရွက်ကာ စဉ်ဆက်မပြတ် အားကောင်းအောင် လုပ်ဆောင်ရန် လိုအပ်ပါသည်။ လက်ရှိအချိန်တွင် အစိုးရများအနေဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စံချိန်စံညွှန်းများကို ချမှတ်ရန်နှင့် အမျိုးသားအဆင့် မူဝါဒများရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် သုံးပွင့်ဆိုင် အပြန်အလှန်ဆွေးနွေးပြောဆိုမှုများကို ပုံမှန်လုပ်ဆောင်လျက်ရှိနေကြသည်မှာ အမှန်ပင်ဖြစ်ပါသည်။

ဤအမျိုးသားအဆင့်မူဝါဒများသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီရန် အရေး ကြီးပါသည်။ အထူးသဖြင့် ဤအမျိုးသားအဆင့် မူဝါဒများသည် အိုင်အယ်(လ်)အို၏ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်း ရှင်းရေးနှင့် ကျန်းမာရေးမြှင့်တင်ဆောင်ရွက်ရေး မူဘောင်ဆိုင်ရာပြဋ္ဌာန်းချက်၊ ၂၀ဝ၆ ခုနှစ် (ပြဋ္ဌာန်းချက်အမှတ် – ၁၈၇) ကို အပြည့်အဝ လေးစားလိုက်နာမှုရှိရပါမည်။ ဒေသတွင်းရှိနိုင်ငံများက ဤပြဋ္ဌာန်းချက်ကို အားတက်သရော အတည်ပြုလက်မှတ်ရေးထိုးမှုသည် ပိုမိုများပြားလာပြီ ဖြစ်သည်။

အနာဂတ်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အသိပညာပေးခြင်း

လက်ရှိလုပ်ငန်းခွင်အနေအထားများ တိုးတက်ကောင်းမွန်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများသည် စဉ်းစားသုံးသပ်ရမည့်အရာများ ဖြစ်သော်လည်း လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးနှင့် ပတ်သက်ပြီး အနာဂတ်မျိုးဆက်သစ်များကို အသိပညာပေးရန်လည်း ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကလေးသူငယ်များ၏ ၆၅% သည် လက်ရှိအချိန်တွင် မရှိသေးသည့် အလုပ်အကိုင်များတွင် လုပ်ကိုင်ကြမည်ဟု ခန့်မှန်းချက်တခုက ဖော်ပြထားသည်။

ဤအလုပ်အကိုင်များသည် အနာဂတ်မျိုးဆက်သစ်များ၏ ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးကို ထိခိုက်မှု မရှိစေရန် သေချာစေဖို့အတွက် ကလေးသူငယ်များကို ငယ်ရွယ်စဉ်အချိန်မှစပြီး အသိပညာ ပေးရန်မှာ အရေးကြီးလှပါသည်။

လူငယ်များအား လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၏ အရေးပါမှုနှင့်ပတ်သက်ပြီး အသိပညာပေးခြင်းသည် အနာဂတ်တွင် အလုပ်အကိုင်ကို ဘေးအန္တရာယ် ကင်းရှင်းစွာ လုပ်ကိုင်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်ပါသည်။လူငယ်များအနေဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ မူသဘောတရားများ နှင့်ပတ်သက်ပြီး ကောင်းစွာသိရှိနားလည်ရန်နှင့် ယင်းမူသဘောတရားများ၏ အကာအကွယ်ပေးမှု ရရှိခံစားနိုင်ရန်အတွက် ကျွနု်ပ်တို့အနေဖြင့် မိမိတို့ တတ်စွမ်းသမျှ အရာအားလုံးကို လုပ်ဆောင်ကြရမည်ဖြစ်သည်။ သို့မှသာ လူငယ်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နိုင်မည့် အခွင့်အရေးရရှိကြမည်ဖြစ်ပါသည်။

(ရေးသားတင်ပြသူ Ms Tomoko Nishimoto သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ လက်ထောက်အထွေထွေ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်၊ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးလည်းဖြစ်သည်။)

Your Thoughts …
Tags: ILOလုပ်ငန်းခွင် ဘေးအန္တရာယ်အလုပ်သမား အခွင့်အရေး
Tomoko Nishimoto

Tomoko Nishimoto

Contributor

Similar Picks:

မြန်မာအလုပ်သမား လှုပ်ရှားမှု ရက်စက်ကြမ်းကြုတ်စွာ လက်စားချေခံနေရ

မြန်မာအလုပ်သမား လှုပ်ရှားမှု ရက်စက်ကြမ်းကြုတ်စွာ လက်စားချေခံနေရ

by ခိုင်ဇာအောင်
17 October 2024
4.2k

အာမခံကုမ္ပဏီတွေနဲ့ ဖက်ရှင်ကုန်အမှတ်တံဆိပ်တွေ အပါအဝင် နိုင်ငံစုံကုမ္ပဏီတွေ မြန်မာကနေ တာဝန်သိစွာ ထွက်ခွာဖို့ တောင်းဆိုတယ်။

စစ်ကောင်စီ ဖယ်ရှားရေး အရမ်း အရေးပါတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်

စစ်ကောင်စီ ဖယ်ရှားရေး အရမ်း အရေးပါတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်

by ဧရာဝတီ
16 November 2024
2.2k

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဦးဆောင် အဖွဲ့ဝင်ဖြစ်သူ မခိုင်ဇာအောင်နှင့် ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။

အလုပ်သမားများအပေါ် စစ်ကောင်စီ ဖိနှိပ်မှု ရပ်ဆိုင်းရန် ILO တောင်းဆို

အလုပ်သမားများအပေါ် စစ်ကောင်စီ ဖိနှိပ်မှု ရပ်ဆိုင်းရန် ILO တောင်းဆို

by ဧရာဝတီ
7 October 2023
1.1k

"မြန်မာစစ်အာဏာပိုင်များ အနေဖြင့်အလုပ်သမား သမဂ္ဂဝင်များကို အကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အခြားလူမဆန်သည့် လုပ်ရပ်များနှင့် အတင်းအကျပ် လုပ်အားခိုင်းစေမှု ပုံစံအားလုံး ချက်ချင်း ရပ်ဆိုင်းရန် တိုက်တွန်းသည်" ဟုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

by ဧရာဝတီ
8 December 2023
1k

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းရှိ အလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်မှုများအတွက် စစ်ကောင်စီအား အရေးယူဆောင်ရွက်နိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အလုပ်သမားအရေးဆောင်ရွက်သူများက ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ILO ရဲ့ အရေးယူမှုကြောင့် နိုင်ငံရေးပြောင်းလဲမှု မြန်ဆန်လာမယ် (ရုပ်/သံ)

ILO ရဲ့ အရေးယူမှုကြောင့် နိုင်ငံရေးပြောင်းလဲမှု မြန်ဆန်လာမယ် (ရုပ်/သံ)

by ဧရာဝတီ
20 November 2024
735

အလုပ်သမား၊ အလုပ်ရှင်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းတာတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီကို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ပုဒ်မ ၃၃နဲ့ အရေးယူနိုင်ဖို့ အုပ်ချုပ်မှု ကော်မတီက အတည်ပြုထားပြီး ၂၀၂၅ ဇွန်လမှာ လုပ်မယ့် ILO ညီလာခံမှာ အပြီးသတ်...

စစ်တပ်ကို ILO အနေနဲ့ ဒဏ်ခတ်အရေးယူဖို့ တိုက်တွန်းသွားမယ် (ရုပ်/သံ)

စစ်တပ်ကို ILO အနေနဲ့ ဒဏ်ခတ်အရေးယူဖို့ တိုက်တွန်းသွားမယ် (ရုပ်/သံ)

by ဧရာဝတီ
16 June 2024
254

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) က အလုပ်သမားကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ်(ILO) က အုပ်ချုပ်ရေး အဖွဲ့ဝင် အဖြစ် အနေနဲ့ ဇွန်လ ၁၀ ရက်နေ့မှာ ရွေးချယ်လိုက်ပါတယ်။

Next Post
မြစ်ကြီးနားကျောက်မျက်ပြပွဲတွင် တွေ့ရသည့် ကျောက်စိမ်းအရိုင်းတုံးများ /  မြတ်ပြည့် ဖြိုး / ဧရာဝတီ

မြစ်ကြီးနား ကျောက်မျက်ပွဲများ၌ အဆင့်စုံ ကျောက်များ ရောင်းချခွင့်ရန် တင်ပြမည်

ဆိုရှယ်မီဒီယာ ဆိုတာ တကယ်တမ်းပြောရရင် မင်းမဲ့ကမ္ဘာတခုပဲ (ရုပ်/သံ)

ဆိုရှယ်မီဒီယာ ဆိုတာ တကယ်တမ်းပြောရရင် မင်းမဲ့ကမ္ဘာတခုပဲ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate