• English
Thursday, November 30, 2023
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

    သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

    ရခိုင်တွင် လက်နက်ကြီးကြောင့် မြို့လူထု ထွက်ပြေးနေရ

    ရခိုင်တွင် လက်နက်ကြီးကြောင့် မြို့လူထု ထွက်ပြေးနေရ

    ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ  တတိယနိုင်ငံ ထွက်ခွါမှု များလာ

    ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ တတိယနိုင်ငံ ထွက်ခွါမှု များလာ

    စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

    စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

    စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

    စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

    ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

    ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

    လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

    လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

    တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

    တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

    နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

    နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      တနှစ်တခါ …

      တနှစ်တခါ …

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

        သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

        ရခိုင်တွင် လက်နက်ကြီးကြောင့် မြို့လူထု ထွက်ပြေးနေရ

        ရခိုင်တွင် လက်နက်ကြီးကြောင့် မြို့လူထု ထွက်ပြေးနေရ

        ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ  တတိယနိုင်ငံ ထွက်ခွါမှု များလာ

        ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ တတိယနိုင်ငံ ထွက်ခွါမှု များလာ

        စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

        စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

        စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

        စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

        ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

        ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

        လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

        လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

        တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

        တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

        နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

        နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          ခေတ် နှင့် မိန်းမ

          ခေတ် နှင့် မိန်းမ

          တနှစ်တခါ …

          တနှစ်တခါ …

          ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

          ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home အာဘော် သူ့အတွေး သူ့အမြင်

          ထိရောက်တဲ့ စွမ်းဆောင်မှု မပြနိုင်သေးတဲ့ JMC

          by ချစ်မင်းထွန်း
          13 May 2018
          in သူ့အတွေး သူ့အမြင်
          Reading Time: 1 min read
          A A
          JMC ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး  / မျိုးမင်းစိုး / ဧရာဝတီ

          JMC ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး / မျိုးမင်းစိုး / ဧရာဝတီ

          8.3k
          VIEWS
          Share on FacebookShare on Twitter

          မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရေးနှင့် စေ့စပ် ညှိနှိုင်းခြင်း ယဉ်ကျေးမှုများ ပေါ်ထွန်းလာရေးအတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေး နေကြသည်။

          ထိုသို့ ငြိမ်းချမ်းရေး ဆွေးနွေးနေရာမှ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အကောင်အထည် ဖော်ခဲ့ကြပြီးနောက် စေ့စပ်ညှိနှိုင်း ဆွေးနွေးခြင်း ယဉ်ကျေးမှုကို ဖော်ဆောင်လာခဲ့ကြသည်။

          RelatedPosts

          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          30 November 2023
          7k
          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

          29 November 2023
          4.9k
          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          28 November 2023
          11.7k

          သို့သော်လည်း နှစ်ပေါင်း ၇၀ နီးပါး ဖြစ်ပွားလာခဲ့သော ပြည်တွင်းစစ်သည် မယုံကြည်မှုများ၊ သံသယစိတ်များ တဖက်နှင့် တဖက်အကြား ဖြစ်တည်နေခြင်းကြောင့် လွယ်လွယ်ဖြင့် စစ်မီးကို ငြှိမ်းသတ်၍ မရဘဲ ဖြစ်နေသည်။

          JMC ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

          ထို့ကြောင့် NCA ကို ဖော်ဆောင်ပြီး NCA ပါ လုပ်ငန်းစဉ်များမှ တဆင့် လက်နက်ကိုင် ပဋိပက္ခများ လျှော့ချ ရပ်စဲစေရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထောက်အကူ ပြုစေရန် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ကို ဖွဲ့စည်းခဲ့ကြသည်။

          ဤကဲ့သို့သော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော JMC သည် လက်တွေ့တွင် အလုပ်ဖြစ်လား၊ လက်နက်ကိုင် ပဋိပက္ခများ လျှော့ချသွားလား၊ နိုင်ငံရေးဆွေးနွေးပွဲများ အဆင်ပြေပြေ ကျင်းပနိုင်ရေး ဆောင်ရွက်နိုင်လား စသည်တို့ကို လေ့လာ ကြည့်ရန် လိုအပ်လာခဲ့သည်။

          လက်ရှိ JMC ၏ ဖွဲ့စည်းပုံကို လေ့လာကြည့်လျှင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က စတင် ဖွဲ့စည်းခဲ့ရာ ယနေ့ ၂၀၁၈ ခုနှစ်၊ မေ ၉ ရက်ဆိုလျှင် ၂ နှစ်ခွဲကျော် သက်တမ်းရှိလာခဲ့ပြီ ဖြစ်သည်။

          JMC ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

          JMC တွင် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ကို စတင် ဖွဲ့စည်းခဲ့ပြီး JMC-U ကနေမှ ပြည်နယ်အဆင့် JMC-S များကို ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှာ ဖွဲ့စည်းပေးထားပြီး ဖြစ်သည်။

          အလားတူ ဒေသန္တရအဆင့် JMC-L တို့ကိုလည်း ရှမ်းပြည်နယ်၊လင်းခေးမြို့နှင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့ တို့မှာ ဖွဲ့စည်းပေးထားပြီး ဖြစ်ကြောင်း JMC-U က ထုတ်ဝေထားသော စာအုပ်တွင် ဖော်ပြထားသည်။

          ဤသို့ ဖွဲ့စည်းထားပြီး ဖြစ်သော JMC သည် ၎င်းတို့ ရည်ရွယ် ဖွဲ့စည်းခဲ့သော လက်နက်ကိုင် ပဋိပက္ခများ လျှော့ချ ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးကိုတော့ ဆောင်ရွက် ပေးနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။

          အဘယ်ကြောင့်ဆိုသော် ၂၀၁၈ ခုနှစ်၊ မတ် ၄ ရက်က စတင်၍ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နှင့် မယ်သဝေါ ဟတ်ကြီး ရေကာတာအနီးမှာ NCA ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

          ထို့ပြင် KNLA ၏ တပ်မဟာ ၄ ခုဖြစ်သည့် တပ်မဟာ ၂ (ပဲခူးတိုင်းဒေသကြီး-တောင်ငူခရိုင်)၊ တပ်မဟာ ၅ (ကရင်ပြည်နယ်- ဖာပွန်ခရိုင်)၊ တပ်မဟာ ၆ (ကရင်ပြည်နယ်-ကြာအင်းဆိပ်ကြီးခရိုင်)၊ တပ်မဟာ ၇ (ကရင်ပြည်နယ်- ဘားအံမြို့နယ်၊ ကျုံးဒိုမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်)တို့မှာ တပ်မတော်က အင်အားများ ဖြည့်ဆီးနေခြင်း ကြောင့် စစ်ရေး တင်းမာနေကြောင်း KNLA မှ အကြံပေးအရာရှိ ပဒိုမန်းမန်းက ပြောသည်။

          JMC ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

          အလားတူ NCA ထိုးထားသော မွန်ပြည်သစ်ပါတီ (NMSP)နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ တနင်္သာရီတိုင်း ဒေသကြီး၊ ရေးဖြူမြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးဒေသ၊ မွန်ပြည်နယ် ရေးမြို့နယ် တို့အတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

          အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုများကို JMC-U အပါအဝင် JMC-S တို့သည် ကြားဝင် စေ့စပ် ညှိနှိုင်းပေးနိုင်ခြင်း မရှိဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းများ အကြားမှာသာလျှင် အသီးသီး ဆက်သွယ်ကာ ဆောင်ရွက်နေကြရသည်။

          KNLA အကြံပေးအရာရှိ ပဒိုမန်းမန်းက “JMC အနေနဲ့တော့ ကျနော်တို့ ဘယ်လိုမှ အားထားလို့ မရဘူးဆိုတဲ့ သဘော ဆောင်နေတယ်။ နည်းလမ်းတော့ ပြန်ရှာရမယ်” ဟု ပြောသည်။

          JMC-U ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကတော့ JMC သည် စောင့်ကြည့်ခြင်း၊ စိစစ် အတည်ပြုခြင်းများ ဆောင်ရွက်သည်ဟု ၂၀၁၈ ခုနှစ်၊ မေ ၈ ရက်က JMC-U ၏ ဒုတိယအကြိမ် အစည်းအဝေးတွင် ပြောသည်။

          “JMC ဟာ စောင့်ကြည့်ခြင်း၊ စိစစ် အတည်ပြုခြင်း၊ ပဋိပက္ခဖြေရှင်းခြင်းကို ဆောင်ရွက်နေတာ အားလုံး အသိ ဖြစ်ပါတယ်။ စောင့်ကြည့်ခြင်းနဲ့ ပတ်သက်ပြီးတော့မှ သဘောတူထားတဲ့ စာချုပ်နဲ့ ကြည့်ဖို့လိုမယ်။ လိုက်နာ ဆောင်ရွက်မှု ရှိ၊ မရှိ သက်ဆိုင်ရာ JMC များအလိုက် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ လိုအပ်ရင် စိစစ် အတည်ပြုရေး အဖွဲ့တွေ ဖွဲ့စည်းပြီးတော့မှ စိစစ် အတည်ပြုခြင်းကို ဆောင်ရွက်စေခြင်းရှိပါတယ်” ဟု ဆိုသည်။

          JMC ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

          JMC သည် ကြားနေ အဖွဲ့အစည်း ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် မည်သည့် အဖွဲ့က မှားသည်ဆိုခြင်းကို ဆုံးဖြတ်ချက် ချမှတ်ခွင့် မရှိသကဲ့သို့ အပြစ်ပေး အရေးယူမှုများကို မလုပ်ဆောင်နိုင်သည့် ကော်မတီဖြစ်ကြောင်း ဆိုကြသည်။

          ဤသို့ဆိုလျှင် အပစ်ရပ် စောင့်ကြည့်ကော်မတီ (JMC) သည် လက်နက်ကိုင်အဖွဲ့များ ဖွင့်လှစ်ထားသော ဆက်ဆံရေးရုံးများ လောက်ပင် အလုပ်မဖြစ်သည့်အပေါ် ပြန်လည် သုံးသပ်ရန် လိုအပ်ပေမည်။

          ထို့ပြင် JMC တွင် အစိုးရ ကိုယ်စားလှယ်၊ လက်နက်ကိုင် ကိုယ်စားလှယ်၊ အရပ်သား ကိုယ်စားလှယ် စသည့် အစုအဖွဲ့ ၃ ခုဖြင့် ဖွဲ့စည်းထားသည့် ကော်မတီဖြစ်သည့်တိုင် ကော်မတီ အဆင့်ဆင့်တွင် ဥက္ကဋ္ဌ တာဝန်ကို တပ်မတော်က ရယူထားသဖြင့် စောင့်ကြည့် ခြင်းနှင့် စိစစ် အတည်ပြုခြင်းများက မည်မျှ လွတ်လပ်ပြီး တရားမျှတမှု ရှိသလဲဆိုခြင်းအပေါ် တိုင်းရင်းသား အဖွဲ့များက မေးခွန်းထုတ်နေဆဲဖြစ်သည်။

          အစိုးရ ကိုယ်စားလှယ်ဟု ဆိုရာတွင် လက်ရှိ မြန်မာနိုင်ငံတွင် အစိုးရ ၂ ရပ် ပုံစံမျိုး ဖြစ်နေသည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ဆိုသည်။

          ဤသို့ ဖြစ်တည်နေသော JMC ကို ပိုမို အားကောင်းစေရန်နှင့် လုပ်ငန်းများ ထိထိ ရောက်ရောက် အကောင် အထည်ဖော်နိုင်ရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က အများယုံကြည် လေးစားရသော နှစ်ဖက် သဘောတူ လက်ခံနိုင်မည့် နိုင်ငံတကာမှ အစိုးရ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထား သော ကြီးကြပ် စောင့်ကြည့်ရေးအဖွဲ့နှင့်အတူ ဖွဲ့စည်းသွားရန် တင်ပြခဲ့ဖူးသော်လည်း တပ်မတော်ဘက်က လက်မခံခဲ့ပေ။

          ထိုသို့ အားနည်းမှုများ ရှိနေသည့်တိုင် JMC သည် NCA ထိုးထားသော လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်ကြားက ပစ်ခတ် တိုက်ခိုက်မှုများ အပါအဝင် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြားက ပစ်ခတ် တိုက်ခိုက်မှုများ လျှော့ချသွားရေးနှင့် မရှိလာစေရေး ဖြေရှင်း ဆောင်ရွက် ပေးနိုင်ခြင်း ရလာဒ်က ဆိုးဝါးစွာလွန်းနေသည်။

          အလားတူ NCA ထိုးထားသော ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) တို့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ (လူမျိုးအလိုက်) ကို မကျင်းပနိုင်ဖြစ်နေခြင်း အပေါ်မှာလည်း ကြားဝင် စေ့စပ် ညှိနှိုင်းမှု မလုပ်ပေးနိုင်ဘဲ ဖြစ်နေသကဲ့သို့ လူထုအကြို တွေ့ဆုံပွဲများ ဟန့်တား ပိတ်ပင် ခံရမှုများအပေါ်လည်း JMC က ကြားဝင် စေ့စပ် ညှိနှိုင်းမှု မလုပ်ပေးနိုင်ဘဲ ဖြစ်နေသည်။

          ထိုအခြေအနေသည် JMC ၏ နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး အထောက်အကူပြုစေရန် ဆိုသော ရည်ရွယ်ချက်နှင့် ကွဲပြား ခြားနားနေသည်ကိုလည်း တွေ့မြင်လာရသည်။ JMC တာဝန်ရှိသူများကမူ ထိုအချက်နှင့် ပတ်သက်၍ ၎င်းတို့တွင် လုပ်ပိုင်ခွင့်ပေးမထားသေးဟု ဆိုသည်။

          အဆိုပါ ကိစ္စရပ်များကို ကြည့်ခြင်းအားဖြင့် NCA ထိုးထားသော လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်ကြားက အခြေအနေကို JMC က ဖြေရှင်းမပေးနိုင်ပဲ ဖြစ်နေသည်ကို ဝန်ခံရပေတော့မည်။

          ဤသို့ဆိုလျှင် NCA မထိုးရသေးသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော်(AA) တို့နှင့် တပ်မတော်ကြား ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်နိုင်ရေး၊ စစ်ရှိန် လျှော့ချနိုင်ရေး JMC အနေဖြင့် စေ့စပ် ညှိနှိုင်းပေးနိုင်ရေးမှာ အလွန်ပင် အလှမ်းဝေးလှမည်ဟု ဆိုရမည် ထင်သည်။

          တချို့ကမူ JMC သည် NCA ထိုးထားသော လက်နက်ကိုင် အဖွဲ့များသာ ပါဝင်ခွင့်ရှိပြီး လက်မှတ် မထိုးသည့် အဖွဲ့များ ပါဝင်ခွင့် မရှိကြောင်း ဆိုကြရာ ထိုအချက်ကို စဉ်းစားရန် လိုအပ်လာသည်ဟု မြင်မိသည်။

          အဘယ်ကြောင့်ဆိုသော် NCA မထိုးနိုင်သေးသည့်တိုင် လက်နက်ကိုင် ပဋိပက္ခများ အရှိန် လျှော့ချထားနိုင်ရေးနှင့် အရပ်သားများ လူ့အခွင့်အရေး ချိုးဖောက်မခံရရေးအတွက် NCA မထိုးနိုင်သေးသည့် အဖွဲ့များကိုလည်း လေ့လာသူအနေနှင့် ဖြစ်စေ၊ အဖွဲ့ဝင် အနေနှင့် ဖြစ်စေ ပါဝင်လာနိုင်မည့် လမ်းကြောင်းကို ဖွင့်ပေးထားသင့်သည်။

          ထိုမှသာလျှင် ယခု ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ် (ပလက်ဝမြို့နယ်) တို့တွင် ဖြစ်ပွား နေသော KIA၊ TNLA၊ AA တို့နှင့် တပ်မတော်ကြားက တိုက်ပွဲများ အရှိန်လျှော့ချလာနိုင်မည် ဖြစ်သလို ဒေသခံ များလည်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ လျှော့ချလာနိုင်မည် ဖြစ်ပြီး တိုက်ပွဲရှောင်များ ဘဝသို့ ရောက်မသွားရေးကိုလည်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။

          အလားတူ NCA စာချုပ်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ လှုပ်ရှားနယ်မြေ နှင့် ပတ်သက်ပြီး နယ်မြေ ပိုင်းခြားမှုများကို သတ်မှတ်နိုင်ခြင်း မရှိသေးသည့်အတွက် ထိုအပေါ် အခွင့်အရေးယူကာ နယ်မြေ ချဲ့ထွင်မှုများ ပြုလုပ်ခြင်းက တဆင့် ဖြစ်ပွား လာနိုင်သည့် တိုက်ပွဲများကိုလည်း ဟန့်တား နိုင်မည် ဖြစ်သည်။

          အထက်ပါ ကိစ္စရပ်များသည် JMC တွင် အားနည်းနေသည့် အကြောင်းအရာများကို မီးမောင်း ထိုးပြနေပြီး ပြင်ဆင် ဖြည့်စွက်မှုများ လိုအပ်နေခြင်းကိုလည်း မီးမောင်းထိုးပြနေသည်။

          ထို့ပြင် စစ်မက် ဖြစ်ပွားနေသော အရပ်ဒေသများတွင် နေထိုင်ကြသူ အရပ်သား ပြည်သူလူထုများ၏ အသက်၊ အိုးအိမ်များကို ကာကွယ် စောင့်ရှောက်နိုင်ရေး အတွက်လည်း JMC က အလေးပေး ဆောင်ရွက်ရန် လိုအပ်နေ သေးသည်။

          ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာမှ ရွာသား တဦး ၂၀၁၈ ခုနှစ်၊ မေ ၉ ရက် မနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခံခဲ့ရသလို သီပေါမြို့နယ်အတွင်းတွင်ပင် နွားများကို တင်ဆောင်လာသော ကားမောင်း သမားကို အမည်မသိ လက်နက်ကိုင်ဆောင်သူက ပစ်ခတ် သတ်ဖြတ်သွားခဲ့မှုများ ရှိခဲ့သည်။

          ဤကဲ့သို့သော အရပ်သား ပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို ပြည်ထောင်စု အဆင့် JMC-U အပါအဝင် ပြည်နယ်အဆင့် JMC-S နှင့် ဒေသန္တရအဆင့် JMC-L တို့မှာ တစုံတရာ ကူညီ ဖြေရှင်း ဆောင်ရွက် ပေးနိုင်ခြင်း မရှိသကဲ့သို့ ကူညီဖြေရှင်း ဆောင်ရွက်မှု မလုပ်ပေးသည်ကိုလည်း တွေ့မြင်ရခြင်းကြောင့် အရပ်သား ပြည်သူလူထု လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းကို အကာအကွယ် မပေးနိုင်ဖြစ်နေသည်ကို မျက်ဝါး ထင်ထင် ပြသနေသည်။

          JMC ၏ ဆောင်ရွက်မှုများထဲတွင် အရပ်သားများ အပေါ် ချိုးဖောက်မှုများ ရှိလျှင် ပြည်သူလူထုမှ JMC သို့ တိုင်ကြား နိုင်ပါကြောင်း၊ ထိုသို့ တိုင်ကြားရာမှာ တိုင်းဒေသကြီး/ပြည်နယ်အဆင့် JMC ရုံးများ၊ ရပ်ကွက်၊ ကျေး ရွာအုပ်စု/မြို့နယ်နှင့် ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဆက်ဆံရေးရုံးများသို့ တိုင်ကြားစာများပေးပို့ တိုင်ကြားနိုင်သည်ဟု ဆိုထားသည်။

          သို့သော် ချိုးဖောက်ခံရသော အရပ်သား ပြည်သူလူထုက JMC ရုံးများသို့ မတိုင်ကြား မိခဲ့လျှင်နှင့် တိုင်ကြားရန် မသိရှိခဲ့လျှင် (ဘယ်လို တိုင်ရမလဲ၊ ဘယ်ဒေသမှာ ရှိတဲ့ ရုံးကို တိုင်ရမလဲ၊ မတိုင်ကြားတတ်ခြင်းတို့ ဖြစ်နေလျှင်) ပြည်သူလူထုအပေါ် အနိုင်ကျင့်၍ လူ့အခွင့်အရေး ချိုးဖောက်နေသူများကို စုံစမ်း ဖော်ထုတ် အရေးယူပေးမှုများ JMC က မပြုလုပ်တော့ဘူးလား ဆိုသည့် မေးခွန်းများထုတ်စရာ ဖြစ်လာသည်။

          ရှမ်းပြည်နယ်အဆင့် JMC-S မှ အဖွဲ့ဝင် တဦးက “ပြည်သူတွေ တိုင်ကြားစာ ပေးဖို့ နေနေသာသာ ကျနော်တို့ သူတို့ကို JMC ဆိုတာ ဘာ၊ ဘယ်လို အဖွဲ့အစည်းဆိုတာ မနဲ ရှင်းပြနေရတယ်။ ငြိမ်းချမ်းရေး လုပ်နေတယ်ဆိုပြီး ပြောရင် သူတို့ ဘာတလုံးမှ နားမလည်ကြဘူး။ ဘာလဲလို့ မေးကြတယ်။ ပြီးတော့ ဘာသာစကား အခက်အခဲရှိတယ်”ဟု ပြောသည်။

          JMC-U ဥက္ကဋ္ဌ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကမူ JMC အဆင့်ဆင့်တွင်ယခု အချိန်အထိ တိုင်ကြားစာပေါင်း ၄၁၁ စောင်ရှိရာ ဖြေရှင်းဆောင်ရွက်ပြီးစီးမှု ၃၄၄ စောင်ရှိပြီး တိုင်ကြားစာပေါင်း ၈၁ ရာခိုင်နှုန်း ဖြေရှင်း ဆောင်ရွက်ပြီး ဖြစ်သည်ဟု မေ ၈ ရက်က JMC-U အစည်းအဝေး အဖွင့် အမှာ စကားပြောရာတွင် ဂုဏ်ယူစွာ ပြောဆို သွားသည်။

          “တိုင်ကြား ကန့်ကွက်စာတွေကို အပြန်အလှန် အလေးအနက်ထားပြီး စိစစ် ဆောင်ရွက်ရင် အောင်မြင်လာမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

          JMC-U ဒုဥက္ကဌဋ္ဌ (၂) အရပ်သား ကိုယ်စားလှယ် ဦးပြည့်စုံကမူ JMC အဆင့်ဆင့်တွင် ပါဝင်နေကြသော ပုဂ္ဂိုလ် များအနေဖြင့် ဘက်စွဲမှုကို ရှောင်ရှားရန် လိုအပ်ကြောင်း၊ အားလုံး ညီညီညွတ်ညွတ်နှင့် ဆောင်ရွက်မှသာလျှင် မြန်မာနိုင်ငံ၏ ထာဝရ ငြိမ်းချမ်းရေးအတွက် JMC က အထောက်အကူပြု အဖွဲ့အစည်း ဖြစ်လာမည်ဖြစ်ကြောင်း ဆိုသည်။

          JMC-U ဒုဥက္ကဋ္ဌ (၁) တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ် ဗိုလ်ချုပ် စောအိုက်ဇက်ဖိုးက “လက်ရှိကျနော်တို့ရဲ့ JMC အကောင် အထည်ဖော်မှုတွေမှာ NCA ရဲ့အနှစ်သာရဖြစ်တဲ့ ညှိနှိုင်းအဖြေရှာခြင်းဆိုတာ JMC လုပ်ငန်းရဲ့လက်တွေ့ မြေပြင်မှာ ညှိနှိုင်း အကောင်အထည်ဖော်သွားရမယ့် အပိုင်းတွေဟာ အားနည်းနေတာ တွေ့ရပါတယ်” ဟု ပြောသည်။

          ထို့ပြင် ဗိုလ်ချုပ် စောအိုက်ဇက်ဖိုးက JMC လုပ်ငန်းများ လက်တွေ့ အကောင်အထည်ဖော်လာသည့် ၂ နှစ်ကျော် ကာလ အတွင်းမှာ လက်နက်ကိုင် ပဋိပက္ခများ လျော့ကျ ရပ်စဲရေးကို ဖော်ဆောင်နိုင်မှု ရှိ/မရှိအား မြေပြင်မှာ ဖြစ်ပေါ်နေသည့် ဖြစ်စဉ်များနှင့် တိုင်းတာရမှာ ဖြစ်ကြောင်း ဆိုသည်။

          Your Thoughts …
          Tags: JMC
          ချစ်မင်းထွန်း

          ချစ်မင်းထွန်း

          ဧရာဝတီ

          Similar Picks:

          စစ်ကောင်စီ၏ အယောင်ဆောင် ငြိမ်းချမ်းရေး အားထုတ်မှုကို ဖင်လန်နှင့် ဆွစ်ဇာလန် ကူညီနေ

          စစ်ကောင်စီ၏ အယောင်ဆောင် ငြိမ်းချမ်းရေး အားထုတ်မှုကို ဖင်လန်နှင့် ဆွစ်ဇာလန် ကူညီနေ

          by ဧရာဝတီ
          17 November 2023
          5.1k

          ပျက်ပြယ်သွားပြီဖြစ်သည့် NCA သည် မြန်မာ၏ ဘက်စုံအကျပ်အတည်းကို ဖြေရှင်းရာတွင် အခြေအနေနှင့် ကိုက်ညီခြင်း လုံးဝ မရှိကြောင်းလည်း အထက်ပါစာတွင် ဖော်ပြထားသည်။

          Next Post

          ဦးပိုုင်ကုုမ္ပဏီနှင့် သီလဝါဆိပ်ကမ်း လယ်သမားများ ရုုန်းရင်းဆန်ခတ် ဖြစ်ပွား (ရုပ်/သံ)

          မန္တလေးတွင် ငြိမ်းချမ်းရေးလှုုပ်ရှားမှု ပါဝင်သူများကို ဖမ်းဆီး (ရုပ်/သံ)

          No Result
          View All Result

          Recommended

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          2 days ago
          11.7k
          ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ

          ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ

          5 days ago
          8.1k

          Most Read

          • စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

            စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

            shares
            Share 0 Tweet 0
          • ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

            shares
            Share 0 Tweet 0
          • ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

            shares
            Share 0 Tweet 0
          • မတ္တရာနယ်မှ စစ်စခန်း TNLA နှင့် မန္တလေး PDF သိမ်းပိုက်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved