• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မူးယစ်သားကောင်တွေကို ဖမ်းဆီးထောင်ချခြင်းက တခုတည်းသော အဖြေလား

by ချစ်ဆွေ (ဆေး ၁)
31 August 2018
in သူ့အတွေး သူ့အမြင်
A A
ဆေးစွဲသူကို ထောင်ချလိုက်ရုံနဲ့ ရာဇဝတ်မှုကျူးလွန်ခြင်းကို ဦးတည်စေတဲ့ စွဲလန်းခြင်းရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်စွမ်း မရှိပါ / Reuters

ဆေးစွဲသူကို ထောင်ချလိုက်ရုံနဲ့ ရာဇဝတ်မှုကျူးလွန်ခြင်းကို ဦးတည်စေတဲ့ စွဲလန်းခြင်းရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်စွမ်း မရှိပါ / Reuters

8.5k
VIEWS
Share on FacebookShare on Twitter

ဒီရက်ထဲ မြန်မာ့သတင်းစာမျက်နှာတွေကို ကိုင်လှုပ်လျက်ရှိတဲ့ သတင်းတွေထဲမှာ မူးယစ်ဆေးဝါးအမှုတွေလည်း အပါအဝင်ဖြစ်ပါတယ်။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း အနုပညာသမားတွေဖြစ်တဲ့ ရွှေထိုက်၊ ရသ၊ ဒါရိုက်တာမိုက်တီး အစရှိသူတွေဖမ်းခံလိုက်ရချိန်မှာ မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးတဲ့သတင်းတွေကို ကျနော်လည်း အာရုံစိုက်မိလာပါတယ်။

နောက်ထပ်သတိထားမိတာတစ်ခုက မူးယစ်ဆေးဝါးအမှုတွေ ဖမ်းဆီးတဲ့သတင်းတွေနဲ့အတူ တပြိုင်နက်ထဲ များလာတာက ရာဇဝတ်မှုတွေပါပဲ။ နောက်ဆုံးတက်လာတဲ့သတင်းအရ ကျောက်ဆည် GTI နောက်ဆုံးနှစ် MP တက်နေတဲ့ကျောင်းသားတဦး လုယက်တိုက်ခိုက်ခံလိုက်ရလို့ သေဆုံးသွားခဲ့တဲ့ သတင်းပါ။ ဒီသတင်းဟာ မူးယစ်သားကောင်တွေ ငွေလိုလို့လုပ်တယ်ဆိုပြီး တိုက်ရိုက်ဆက်စပ်ကြည့်လို့ ရ၊ မရ မသိရသေးပေမယ့် မနေ့က ဘီဘီစီရဲ့သတင်းတပုဒ်မှာတော့ သြဂုတ် ၂၇ နဲ့ ၂၈ ရက်အတွင်း ကျောက်ဆည်မှာ နှစ်ရက်အတွင်း မူးယစ်မှုနဲ့ ဖမ်းမိသူပေါင်း ၈၀ ရှိနေတယ်ဆိုတာ ဖတ်လိုက်ရပါတယ်။

RelatedPosts

အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

21 June 2025
1.9k
တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

21 June 2025
1.1k
ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ယဉ်ကျေးမှု အမွေအနှစ်များ (၁)

ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ယဉ်ကျေးမှု အမွေအနှစ်များ (၁)

20 June 2025
552

မူးယစ်ဆေးဝါးစွဲလန်းခြင်းဟာ ရောဂါဝေဒနာတခုဖြစ်ပါတယ်။ မူးယစ်ဆေးစွဲနေတဲ့ရောဂါရှိရုံနဲ့ ထောင်ကျချင်မှ ကျမှာဖြစ်ပေမယ့် ထောင်ထဲမှာ မူးယစ်ဆေးစွဲလန်းမှုကို ကျားကန် ရုန်းထွက်နေရပြီး ကုသမှုခံယူဖို့ လိုအပ်နေတဲ့ အကျဉ်းသား အများအပြားရှိနေမှာ အသေအချာပါပဲ။

မူးယစ်ဆေးစွဲလန်းသူထောင်ကျရင် ကာယကံရှင်ရဲ့စွဲလန်းခြင်းရောဂါဟာ စနစ်တကျ မကုသဘဲ လျစ်လျူရှုခံထားရတတ်ပါတယ်။ ထောင်ထဲမှာလည်း တနေ့တနေ့ မူးယစ်စွဲလန်းရောဂါသည်တွေ ပိုများလာပါတယ်။ အချက်အလက်အရ ပြောရမယ်ဆိုရင် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်အထိ အကျဉ်းသား ၇၆၉၃၁ ရှိပြီး အဲဒီထဲက ၃၉၃၀၁ ယောက်ဟာ မူးယစ်မှုနဲ့ ထောင်ချခံထားရသူတွေဖြစ်တယ်လို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ကို ကိုးကားပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။ အဲဒီအရေအတွက်ထဲမှာ သုံးစွဲသူ အရေအတွက်ဟာလည်း နည်းမယ် မထင်ပါဘူး။ အဲဒီသုံးစွဲသူတွေထဲကမှ ဘယ်နှစ်ယောက်လောက်မှာ မူးယစ်ဆေးစွဲလန်းတဲ့ရောဂါကို ရင်ဆိုင်ရုန်းကန်နေရသလဲဆိုတာ မေးခွန်းတခုဖြစ်လာပါတယ်။

မူးယစ်ဆေးစွဲလန်းရင် အမူအကျင့်ဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပါတယ်။ အဲဒီပြောင်းလဲမှုတွေဟာ စွဲလန်းမှုရောဂါ ရင့်လာတာနဲ့အမျှ လျစ်လျူရှုထားဖို့ မဖြစ်နိုင်လောက်တဲ့အနေအထားကို ရောက်ရှိလာမှာပါ။ အစောပိုင်းမှာတော့ လူကမူမမှန်တာလောက်ပဲဖြစ်ပါလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ ကိုယ်နှုတ်အမူအရာ အကုန်ပြောင်းလဲလာပြီး အဆိုးဆုံးအနေအထားကိုရောက်တဲ့အခါ ရာဇဝတ်မှု ကျူးလွန်နိုင်ခြေ များလာမှာဖြစ်ပါတယ်။

မူးယစ်ဆေးကြောင့် နိုင်ငံရဲ့ရာဇဝတ်မှု ကိန်းဂဏန်းတွေ မြင့်တက်လာနိုင်ပါတယ်။ အထက်မှာလည်း ကိန်းဂဏန်းတွေ ဖော်ပြခဲ့ပြီးပါပြီ။ ဆိုတော့ မူးယစ်သားကောင်ဘဝရောက်ပြီး စွဲလန်းမှုရောဂါကြောင့် ရာဇဝတ်မှုကျူးလွန်သူတွေ ဘာကြောင့် များလာရသလဲ။ အဲဒီရာဇဝတ်မှုတွေက ဘယ်လိုဟာတွေလဲ။ ကျူးလွန်ရတဲ့ အကြောင်းအရင်းက ဘာလဲ။ ဆေးစွဲသူတွေကို ထောင်ချခြင်းက အဖြေလား အစရှိတဲ့မေးခွန်းတွေ ထပ်ရှိလာပြန်ပါတယ်။

လေ့လာမှုတခုအရ မူးယစ်ဆေးစွဲလန်းသူတွေ ရာဇဝတ်မှုကျူးလွန်ဖို့ တွန်းအားပေးတဲ့နောက်ကွယ်က အကြောင်းအရင်းတွေကို အပိုင်း ၃ ပိုင်းခွဲပြီး သတ်မှတ်လို့ရကြောင်း သိရပါတယ်။

(၁) သုံးစွဲခြင်းနဲ့ ဆက်စပ်ပြီး ကျူးလွန်ခြင်း။ ။ ဒီလိုကျူးလွန်ခြင်းကို မူးယစ်ဆေးလွန် (ဆေးကြောင်)ပြီး ကျူးလွန်တတ်ကြပါတယ်။ ဆေးလွန်၊ ဆေးကြောင်နေသူတွေဟာ ပြန်အသိဝင်လာချိန်မှာ ရာဇဝတ်မှုကျူးလွန်ပြီးသား ဖြစ်နေတတ်ပါတယ်။ ပြီးတော့ လုပ်လိုက်တဲ့ကိစ္စကို မမှတ်မိတတ်ကြတဲ့အဖြစ်မျိုးတွေ ရှိပါတယ်။

(၂) ငွေးကြေးနဲ့ ဆက်စပ်ပြီး ကျူးလွန်ခြင်း။ ။ ဒီလိုကျူးလွန်ခြင်းကတော့ ဆေးဝယ်ဖို့ပို က်ဆံရှာရင်း ရာဇဝတ်မှုကျူးလွန်မိလျက်သား ဖြစ်သွားတာပါ။ ဥပမာအနေနဲ့ပြောရရင် ဆေးဝယ်ဖို့ ငွေလိုတာကြောင့် လုယက်မှု၊ ပြည့်တန်ဆာမှု အစရှိတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခြင်းတို့ဖြစ်ပါတယ်။

(၃) စနစ်။ ။ ခြစားနေတဲ့စနစ်နဲ့ ဆက်စပ်နေပါတယ်။ ထုတ်လုပ်သူ၊ သယ်ယူပို့ဆောင်သူ၊ ရောင်းချသူတွေကို အသေအချာ ကိုင်တွယ်မယ့် စနစ် အားနည်းနေခြင်းကို ဆိုလိုပါတယ်။ ဥပဒေတွေရှိပေမယ့် ထိရောက်စွာ အသုံးပြုရဲ့လား၊ အသက်ဝင်ရဲ့လား၊ ဥပဒေက ကွက်ပြီး သက်ရောက်နေတာလားဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

မူးယစ်ဆေးစွဲသူတွေ ဘာကြောင့် ရာဇဝတ်မှုကျူးလွန်သလဲဆိုတဲ့အချက်တွေကို အသေအချာ သဘောပေါက် နားလည်ခြင်းက သူတို့ကို ထောင်ပဲချသင့်လား သို့မဟုတ် ဘယ်လိုကိုင်တွယ်သင့်သလဲဆိုတာကို ဆုံးဖြတ်ဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ရာဇဝတ်မှု ကျူးလွန်သူတွေကို ဥပဒေအလိုက် ပြစ်ဒဏ်ချမှတ်ဖို့ ဥပဒေက အသင့်ရှိပြီးသားပါ။ ဒါကြောင့်လည်း လက်ရှိစနစ်မှာ မူးယစ်ဆေးစွဲသူဖြစ်စေ၊ သာမန်လူဖြစ်စေ ရာဇဝတ်မှုကျူးလွန်တာနဲ့ တရားစွဲပြီး ထောင်တန်းချနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဆေးစွဲသူတွေ ဘာကြောင့် ရာဇဝတ်မှုကျူးလွန်သလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာ သိရှိခြင်းအားဖြင့် ထောင်ချခြင်းအပြင် ဆိုခဲ့သလို ပိုမိုထိရောက်မယ့် နည်းလမ်း တစုံတရာ ရှိကောင်းရှိလာနိုင်ပါတယ်။

မူးယစ်ဆေးစွဲလန်းနေတဲ့ သုံးစွဲသူတွေကို ထောင်ချလိုက်ခြင်းဟာ အဖြေမဟုတ်ဘူးလို့ ဆိုရတဲ့ အကြောင်းအရင်းတွေထဲမှာ အဲဒီလူထောင်ကထွက်လာရင် မူးယစ်ဆေးပြတ်ဖို့ မသေချာခြင်းကလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ပြစ်ဒဏ်ကျခံပြီးလို့ ထွက်လာတဲ့ မူးယစ်ဆေးစွဲလန်းသူဟာ သူ့နည်းသူ့ဟန်နဲ့ ဖန်တီးပြီး ဆက်လက်သုံးစွဲဦးမှာပါ။

မြန်မာပြည်မှာ သုတေသနစစ်တမ်း မရှိလို့ မသိရသေးပေမယ့် မူးယစ်ဆေးစွဲလန်းသူ ၉၅ ရာခိုင်နှုန်းဟာ ထောင်ကလွတ်တာနဲ့ ပြန်လည်သုံးစွဲကြကြောင်း အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတခုအရ သိရပါတယ်။ အဲဒီထဲက ၆၀ နဲ့ ၈၀ ဟာ နောက်ထပ် အသစ်အသစ်သော ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်ပါသတဲ့။ ဒါ့အပြင် ထောင်ထဲကိုလည်း မူးယစ်ဆေးတွေ မှောင်ခိုသွင်းလို့ ရသေးတယ် မဟုတ်ပါလား။ ဒါကြောင့် မူးယစ်ဆေးစွဲလန်းသူတွေ ရာဇဝတ်မှုကျူးလွန်လို့ ထောင်ချလိုက်ခြင်းဟာ ဥပဒေအရ သဘာဝကျပေမယ့် အဲဒီရာဇဝတ်မှုကို ကျူးလွန်ရတဲ့ အခြေခံအကြောင်းအရင်းကို ကိုင်တွယ်ဖြေရှင်းလိုက်ခြင်းတော့ လုံးဝ မဟုတ်ပါဘူး။

ဆေးစွဲသူကို ထောင်ချလိုက်ရုံနဲ့ ရာဇဝတ်မှုကျူးလွန်ခြင်းကို ဦးတည်စေတဲ့ စွဲလန်းခြင်းရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်စွမ်းမရှိပါဘူး။ ထောင်ထဲမှာ ဆေးဖြတ်တဲ့အခါ ကာယကံရှင်ရဲ့ကျန်းမာရေးအတွက်လည်း အန္တရာယ်ရှိဦးမှာဖြစ်ပါတယ်။ ဆေးစွဲသူကို ထောင်ချလိုက်ပြီးရင် အဲဒီလူ ဆေးပြတ်လို့ ခံစားရမယ့် “ယင်း”ကို ဘယ်သူမှ ဆက်လက်ပြီး ထည့်သွင်းစဉ်းစားပေးခြင်း မရှိတော့ပါဘူး။ အဖက်ဖက်က ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

မူးယစ်ဆေးစွဲလန်းခြင်းဟာ စိတ်ဆိုး၊ စိတ်ပျက်စရာကောင်းလှပါတယ်။ မူးယစ်ဆေးစွဲသူဟာ သူ့ကိုယ်သူထိခိုက်အောင် လုပ်နိုင်သလို သူ့ပတ်ဝန်းကျင်ကိုလည်း ထိခိုက်နစ်နာမှုဖြစ်စေနိုင်ပါတယ်။ ဒါကိုမငြင်းပါဘူး။ ဒါပေမယ့် အဲဒီထက် ပိုနက်နဲတဲ့ အကြောင်းတရားကို မြင်ဖို့လိုပါတယ်။

အဲဒါကတော့ မူးယစ်ဆေးဟာ ဦးနှောက်ကို အနုကြမ်းစီးလိုက်ပြီး စွဲလန်းတဲ့ရောဂါဖြစ်ပွားတယ် ဆိုတာပါ။ မူးယစ်ဆေးစွဲလန်းမှုကို ကိုင်တွယ်ဖြေရှင်းခြင်းက ရှုပ်ထွေးပြီး သိမ်မွေ့တဲ့ကိစ္စတခုပါ။ မူးယစ်ဆေးစွဲလန်းမှုနဲ့ဆက်စပ်ပြီး ရာဇဝတ်မှုကျူးလွန်သူတွေကို ဖမ်းဆီးထောင်ချခြင်းဆိုတဲ့ ဖြေရှင်းနည်းထက် ပိုကောင်းတဲ့နည်းလမ်းများကို စဉ်းစားကြဖို့ မီးမောင်းထိုးပြလိုခြင်းပါ။

(စာရေးသူသည် မြန်မာဆရာဝန်တဦးဖြစ်ပြီး Population Services International, Myanmar တွင် Digital Media Officer အဖြစ် အလုပ်လုပ်ကိုင်လျက်ရှိသည်။)

Your Thoughts …
Tags: ဆေးစွဲသူမူးယစ်ဆေးဝါးရာဇဝတ်မှုရောဂါဝေဒနာ
ချစ်ဆွေ (ဆေး ၁)

ချစ်ဆွေ (ဆေး ၁)

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.6k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

by ဧရာဝတီ
14 December 2023
23.2k

မြန်မာပြင်ပတွင် ခိုလှုံနေရသော်လည်း ဖုန် ဆွေမျိုးစုသည် ကိုးကန့်ကို ပြန်လည်သိမ်းပိုက်ရန် ရည်မှန်းချက်ကို မစွန့်လွှတ်ပေ။

ရှမ်းမြောက် အပစ်ရပ်ရေးက တရုတ်သြဇာနှင့် အကန့်အသတ်ကို ပြသနေ

ရှမ်းမြောက် အပစ်ရပ်ရေးက တရုတ်သြဇာနှင့် အကန့်အသတ်ကို ပြသနေ

by Thompson Chau
26 December 2023
13.8k

ရက္ခိုင့်တပ်တော် (AA), မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ အပစ်အခတ်ရပ်စဲရေး သဘောတူရန် ဘေဂျင်းက တွန်းအားပေးသည်။

မြန်မာနယ်စပ်က တိုင်းရင်းသားတပ်များ တရုတ်ဩဇာ မညောင်းတော့ဘူးလား

မြန်မာနယ်စပ်က တိုင်းရင်းသားတပ်များ တရုတ်ဩဇာ မညောင်းတော့ဘူးလား

by Bertil Lintner
9 November 2023
10.2k

မြန်မာနိုင်ငံသည် ခိုင်မာ၊ ငြိမ်းချမ်း၊ ဒီမိုကရေစီနည်းကျ ဖက်ဒရယ်နိုင်ငံဖြစ်လာပါက ပထမဆုံး ဆုံးရှုံးမှု ခံစားရမည့်နိုင်ငံမှာ တရုတ်ဖြစ်သည်။

၃၇ မင်းကစတဲ့ ဇာတ်လမ်း

by ဘုန်းမောင်
27 January 2025
9.9k

မြန်မာနိုင်ငံသည် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ၏ အဓိကဇာတ်ဆောင်အဖြစ် ရပ်တည်နေသည့်အပြင် စစ်ဘုရင်များ၊ လက်နက်ရောင်းဝယ်ဖောက်ကားသူများ၊ လူကုန်ကူးသူများ၊ မူးယစ်ဆေးဝါးဂိုဏ်းများနှင့် နိုင်ငံတကာ တရားရုံးများက အလိုရှိနေသော စစ်ဗိုလ်ချုပ်ကြီးများ နေထိုင်ကျက်စားရာ ကစားကွင်းတကွင်းအဖြစ် အသွင် ပြောင်းသွား ခဲ့သည်။

Next Post
မလေးရှားနိုင်ငံပိုင် ဖွံ့ဖြိုးတိုးတက်ရေး ရံပုံငွေဖြစ်သည့် 1MDB ကြော်ငြာတခုကို ကွာလာလမ်ပူတွင် တွေ့ရစဉ် / Reuters

မလေးရှား ငွေကြေး အရှုပ်တော်ပုံကြောင့် ဆွစ်ဇာလန်ဘဏ် ပြိုလဲခဲ့

ဒုက္စသည်

ဒုက္စသည်

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
4k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate