• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ဓာတ်လိုက်သေဆုံးမှုတွေ ထပ်မဖြစ်စေချင်

by သွေး (စစ်ကိုင်း)
1 September 2018
in သူ့အတွေး သူ့အမြင်
A A
မောင်မျိုးမင်းထွန်း ဓာတ်လိုက် သေဆုံးခဲ့ရပုံကို ပန်းချီပြန်ဆွဲထားပုံ / Ur potential pumpkin / Facebook

မောင်မျိုးမင်းထွန်း ဓာတ်လိုက် သေဆုံးခဲ့ရပုံကို ပန်းချီပြန်ဆွဲထားပုံ / Ur potential pumpkin / Facebook

12.6k
VIEWS
Share on FacebookShare on Twitter

မိုးရာသီ ရောက်ပြီဆိုတိုင်း ရန်ကုန်အပါအဝင် မြို့နယ် အတော်များများက ပြည်သူတွေ စိုးရိမ်ပူပန်ကြတာက “ရေကြီး ရေလျှံမှု” နဲ့ “လျှပ်စစ်အန္တရာယ်” ပါပဲ။ အထူးသဖြင့် လျှပ်စစ် အန္တရာယ်ကြောင့် ဓာတ်လိုက်သေဆုံးမှုတွေဟာ တနှစ်ထက် တနှစ် များပြားလာနေတာပါ။ ဒါကြောင့် လျှပ်စစ်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အစိုးရရဲ့ တာဝန်ယူ၊ တာဝန်ခံမှုကို မေးခွန်းထုတ်စရာ ဖြစ်လာရပါတယ်။

အခုနှစ် ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ရေကြီးရေလျှံမှုတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ ဖြစ်ပွားခဲ့သလို ဇူလိုင်လ တလတည်းမှာပဲ ကျောင်းသား၊ ကျောင်းသူ ၃ ဦး ဓာတ်လိုက်သေဆုံးခဲ့ရပါတယ်။ ပထမ ဖြစ်ရပ်က ဇူလိုင် ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မိုးရေပြည့်လျှံနေတဲ့ လမ်းမပေါ် ပြတ်ကျနေတဲ့ ဓာတ်ကြိုးပေါ် တက်နင်းမိလို့ အသက် ၁၃ နှစ် အရွယ် အဋ္ဌမတန်း ကျောင်းသား “မောင်မျိုးမင်းထွန်း” ဓာတ်လိုက် သေဆုံးခဲ့ရခြင်းပါ။

RelatedPosts

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

14 June 2025
1.3k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

14 June 2025
3k
မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

14 June 2025
1k

သူဟာ တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူဖြစ်သလို ပညာရေးမှာလည်း ထူးချွန်သူ ဖြစ်ပါတယ်။ မောင်မျိုးမင်းထွန်းရဲ့ ဖြစ်စဉ်က – ညနေ ၃ နာရီခွဲလောက်ကတည်းက ဓာတ်ကြိုးပြတ်ကျနေတာကို တွေ့ရတဲ့ ပြည်သူတချို့က တောင်ဥက္ကလာပ EPC ရုံးကို ဖုန်းဆက် အကြောင်းကြားခဲ့ပေမယ့် အချိန်မီ ရောက်မလာခဲ့လို့ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရတာလို့ သိရှိရပါတယ်။

တခါ၊ ဇူလိုင် ၂၆ ရက်နေ့မှာတော့ ဆေးတက္ကသိုလ် ၂ က နောက်ဆုံးနှစ် ကျောင်းသား “မောင်ထွဋ်မျိုးလွင်” ဟာ ဗဟန်း ဖူဆန် ဘုံကျောင်းဝင်းအတွင်းက ဘတ်စကက်ဘော ကစားကွင်းမှာ ဘတ်စကက်ဘော ကစားရင်း ခြံစည်းရိုး သံပန်းကို ကိုင်မိပြီး ဓာတ်လိုက်ခဲ့ပါတယ်။ သူ့ကို ရန်ကင်းကလေးဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် အသက် ဆုံးရှုံးခဲ့ရတာ တော်တော်နှမျောဖို့ ကောင်းပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၆ ရက်နေ့ တရက်တည်းမှာပဲ မွန်ပြည်နယ် သထုံမြို့နယ်မှာ သတ္တမတန်းကျောင်းသူလေး တယောက်ဟာ စာကျက်ဝိုင်းက အပြန် ဓာတ်ကြိုးပြတ်ကျနေတဲ့ အပေါ် နင်းမိပြီး ဓာတ်လိုက်ကာ အသက်ဆုံးရှုံးခဲ့ပြန်ပါတယ်။

တဖက်က စဉ်းစားကြည့်ရင် တိုင်းပြည် အနာဂတ်အတွက် အရေံးံးကြီးတဲ့ လူငယ်တွေ အသက်ဆုံးရှုံးခဲ့ရတာပါ။ မောင်မျိုးမင်းထွန်း သေဆုံးရမှု အပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ကျန်ရစ်သူ မိသားစုကို တောင်းပန်ခဲ့သလို၊ လိုအပ်တဲ့ ကူညီမှုတွေလည်း ပြုလုပ်ပေးခဲ့ပါတယ်။

အဲဒီလို တစုံတရာ တာဝန်ယူ တာဝန်ခံ ကူညီဆောင်ရွက် ပေးတာဟာ လူထုရွေးချယ်တဲ့ အစိုးရ တရပ်ရဲ့ ဆောင်ရွက်ချက်ပါ။ ဒါပေမယ့် ဓာတ်လိုက်သေဆုံးမှုတွေ မဖြစ်ပွားရအောင် မဖြစ်ခင်ကတည်းက ကြိုတင် မကာကွယ် နိုင်ဘူးလားလို့ ပြည်သူတွေဘက်က ဝေဖန်တာတွေ ရှိခဲ့ပါတယ်။

BBC သတင်းဌာနနဲ့ သီးသန့် အင်တာဗျူးတခုမှာတော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်ကြိုးတွေ ပြတ်ကျနေမှုဟာ နှစ်ပေါင်း ၅၀ ကျော်ကြာ တပ်ဆင်ထားတဲ့ ဝါယာကြိုးတွေရဲ့ အရည်အသွေး မပြည့်ဝမှုကြောင့်လို့ ဖြေကြားထားတာလည်း တွေ့ရပါတယ်။

ဒါတွေကို တဖြည်းဖြည်းချင်း ပြင်ဆင်သွားမှာ ဖြစ်သလို ဓာတ်ကြိုးတွေ အားလုံးကို လဲလှယ်ဖို့ ကျပ်ဘီလီယံချီ ကုန်ကျနိုင်တယ် လို့လည်း ဆိုပါတယ်။ ဓာတ်လိုက် သေဆုံးမှုတွေဟာ အရင့်အရင် အစိုးရများ လက်ထက်တုန်း ကတည်းက ဖြစ်ပွားခဲ့ပေမယ့် အခုထိ ဆက်ဖြစ်နေတာကို ပြည်သူတွေက မချင့်မရဲ ဖြစ်နေကြတာပါ။

နိုင်ငံရဲ့ မြို့နယ် အတော်တော်များများမှာ ရှိတဲ့ ဓာတ်တိုင်တွေမှာ တပ်ဆင်ထားတဲ့ ဓာတ်ကြိုးတွေဟာ ကျီးကန်းသိုက်လို ရှုပ်ထွေးနေသလို တချို့ ဓာတ်ကြိုးတွေမျာ ကာဗာပါပေမယ့် အများစုမှာ မပါပါဘူး။ ကာဗာပါတဲ့ ဓာတ်ကြိုးတွေကိုတောင် အစိုးရသစ် လက်ထက်မှာမှ ပြောင်းလဲ တပ်ဆင်လာတာပါ။ ၂၀၁၇ ခုနှစ် အတွင်းမှာ ရန်ကုန်အပါအဝင် တခြား မြို့တွေမှာလည်း ဓာတ်လိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်၊ ဇွန်လထဲမှာ လှိုင်သာယာမြို့နယ်က ကျောင်းသားလေး “မောင်မြတ်ကိုကို” ဟာ လျှပ်စစ်စီးဝင်နေတဲ့ ဓာတ်တိုင်ကို ကိုင်မိပြီး ဓာတ်လိုက်သေဆုံးခဲ့ရပါတယ်။ အလားတူ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် အတွင်း ၄ နှစ်တာ ကာလမှာ ဓာတ်လိုက်သေဆုံးရသူ ရာဂဏန်း အထိ ရှိခဲ့ပါတယ်။

မှတ်တမ်းတွေ အရ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁ လတည်းမှာပဲ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ၊ လှိုင်သာယာနဲ့ ကမာရွတ် လှည်းတန်း အပါအဝင် နေရာတွေမှာ ဓာတ်လိုက်သေဆုံးမှု ၂၀ အထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ပြောခဲ့သလို၊ နှစ်ပေါင်း ၅၀ ကျော်ကြာ အရည်အသွေး မပြည့်မီတဲ့ ဓာတ်ကြိုး တွေကြောင့် အခုလို ဖြစ်ရတာ မှန်တယ်လို့ ယူဆနိုင်ပေမယ့် ဒီထက်ပိုအရေးကြီးတာက နောင်ထပ်မဖြစ်အောင် ဘာတွေ လုပ်သင့်သလဲ ဆိုတာကို အလေးအနက်ထား စဉ်းစားဖို့ လိုအပ်နေပါပြီ။

လျှပ်စစ်အန္တရာယ် ကင်းဝေးဖို့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို ပြည်သူတွေ သတိပြုမိ သိရှိလာအောင် ပညာပေး တာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ နယ်တွေကို မဆိုထားနဲ့ ရန်ကုန်မြို့တွင်းက မြို့နယ်တွေနဲ့ ဆင်ခြေဖုံး မြို့နယ်တွေမှာတောင် လျှပ်စစ်ဓာတ်ကြိုး သွယ်တန်းမှု စနစ်မကျတာတွေ အများအပြား ရှိနေသေးသလို လျှပ်စစ်အန္တရာယ်နဲ့ ပတ်သက်တဲ့ အသိပညာပေးတာတွေလည်း များများစားစား မတွေ့ရသလောက်ပါ။

အဆိုးဆုံးက ဟောင်းနွမ်းနေတဲ့ ဓာတ်ကြိုးနဲ့ ယိုင်နဲ့နေတဲ့ ဓာတ်တိုင်တွေပါပဲ။ တချို့ ဓာတ်တိုင်တွေမှာ လျှပ်စစ်အန္တရာယ် ရှိလာရင် လျှပ်စစ်ကို မြေကြီးထဲ စီးဝင်သွားအောင် စီမံထားတဲ့ မြေစိုက်ကြိုးကြေးကွင်း (Earth Ring) ထည့်ပေးထားပေမယ့် ဓာတ်တိုင်အများစုမှာတော့ မရှိကြပါဘူး။ ဒါကြောင့်လည်း ဗို့အားမြင့်မားတဲ့ ဓာတ်ကြိုးတချောင်း ပြတ်ကျရင် ထိမိကိုင်မိတဲ့ လူ့ခန္ဓာကိုယ်ထဲကို လျှပ်စစ်က တိုက်ရိုက်စီးဝင်သွားတာ ဖြစ်ပါတယ်။

တချို့မြို့နယ်တွေမှာ ဓာတ်တိုင်တွေမှာပဲ အိမ်သုံးမီတာတွေ တပ်ဆင်ထားတာရှိပါတယ်။ ခပ်မြင့်မြင့် အနေအထားအထိ တပ်ဆင်ရမှာ ဖြစ်ပေမယ့် တချို့ဓာတ်တိုင်တွေမှာ ကလေးငယ် တဦးတောင် လက်လှမ်းရင် မီနိုင်တဲ့အထိ နိမ့်နိမ့်လေးမှာ တပ်ဆင်ထားတာတွေလည်း တွေ့ရပါတယ်။ မတော်တဆ ထိမိကိုင်မိရင် အန္တရာယ်များပါတယ်။

ကျမ လက်ရှိနေထိုင်တဲ့ ဒေါပုံမြို့နယ်မှာလည်း အဲဒီလို ခပ်နိမ့်နိမ့်လေး တပ်ဆင်ထားတဲ့ ဓာတ်တိုင်တွေ ရှိနေသလို၊ တခြားသော မြို့နယ်တွေက ဓာတ်တိုင်တွေမှာလည်း တွေ့မြင်နေရတာကြောင့် လျှပ်စစ်ဌာန အနေနဲ့ ဒီလို အန္တရာယ် ဖြစ်စေနိုင်တာမျိုးကို သေသေချာချာ စစ်ဆေးသင့်ပါတယ်။

နောက်ပြီး ကန်ထရိုက် တိုက်ခန်းတွေ ဆောက်လုပ်ပြီးစီးလို့ လူနေထိုင်ခွင့် လက်မှတ် (BCC) ထုတ်မပေးခင် ဓာတ်တိုင်ကနေ တိုက်ခန်းကို သွယ်တန်းထားတဲ့ မီးကြိုးတွေဟာ စနစ်တကျ ရှိမရှိ၊ အရည်အသွေး မီမမီ၊ နေထိုင်မယ့် သူတွေအတွက် အန္တရာယ် ကင်းမကင်း၊ သွယ်တန်းရာမှာ လူနဲ့ ယာဉ်တွေ သွားလာတဲ့ လမ်းအထက် သတ်မှတ်ထားတဲ့ အမြင့် ရှိမရှိ စတဲ့ အချက်တွေကို စစ်ဆေးပြီးမှ လူနေထိုင်ခွင့်ပြုသင့်ပါတယ်။

တကယ်လို့ အရည်အသွေး မပြည့်မီတဲ့ မီးကြိုးတွေ သွယ်တန်းထားတာ စစ်ဆေးတွေ့ရှိရင်လည်း ဆောက်လုပ်တဲ့ ကုမ္ပဏီကို ပြန်လည် လဲလှယ်ခိုင်းတာမျိုး၊ စနစ်တကျ မရှိတဲ့ လျှပ်စစ်မီး သွယ်တန်းမှုမျိုး တွေ့ရှိရင်လည်း စနစ်တကျ ပြန်လည် သွယ်တန်းဖို့ ညွှန်ကြားထိန်းသိမ်းရမှာ ဖြစ်ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံရဲ့ နေရာအတော် များများမှာ ရေကြီးရေလျှံမှု ဖြစ်ခဲ့ပြီး ရေပြန်ကျနေပြီလို့ ဆိုပေမယ့် ရေပြန် တက်နေတဲ့ နေရာဒေသတွေ ရှိနေပါသေးတယ်။ ရေကြီးမှုနဲ့ အတူတွဲပြီး လျှပ်စစ်အန္တရာယ် မဖြစ်အောင် လိုအပ်ရင် လိုအပ်သလို လျှပ်စစ်မီး ဖြတ်တောက်ထားရပါမယ်။

ဒါ့အပြင် ရေတိုက်စားလို့ လဲကျနေတဲ့ ဓာတ်တိုင်တွေ ရှိရင် အမြန်ဆုံး ပြုပြင်ရပါမယ်။ သက်ဆိုင်ရာ လျှပ်စစ်စွမ်းအားဌာန အနေနဲ့လည်း ပြည်သူတွေက တခုခု ဖြစ်လို့ ဖုန်းဆက် သတင်းပေးတာ၊ လိုအပ်တဲ့ အကြံဉာဏ်တောင်းခံတာတွေ ရှိလာရင်လည်း ၂၄ နာရီ ဖုန်းဖြေဆိုဖို့ တာဝန်ရှိပါတယ်။

လျှပ်စစ်ဥပဒေ အခန်း ၆ မှာ “လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာများ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုမိန့်ရသူများသည် ဤဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများတွင် ပါရှိသည့် လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာများ၏ အရည်အသွေးနှင့် စံချိန် စံညွှန်းဆိုင်ရာ သတ်မှတ်ချက်တို့ကို လိုက်နာရမည်” လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရောင်းချနေသူတွေကိုပါ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အနေနဲ့ အရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီး စစ်ဆေးကျပ်မတ် သွားရမှာ ဖြစ်ပါတယ်။

တန်ဖိုးရှိလှတဲ့ လူ့အသက်တွေ နောက်ထပ် မဆုံးရှုံးစေဖို့၊ ဓာတ်လိုက်သေဆုံးမှုတွေ ထပ်မဖြစ်စေဖို့ အစိုးရအနေနဲ့ တာဝန်ယူ တာဝန်ခံမှု ရှိရမှာပါ။ အသက်သေဆုံးတဲ့ အထိ ဖြစ်ရတဲ့ ကိစ္စတွေမှာ ထိရောက်တဲ့ အရေးယူမှုတွေပါ ပြုလုပ်မှသာ ပြည်သူ့ဘ၀ လုံခြုံစိတ်ချရမှုဆီ ဦးတည်နိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

(စာရေးသူသည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်။)

Your Thoughts …
Tags: တာဝန်ခံဓာတ်လိုက်သေဆုံးမှုလျှပ်စစ်အန္တရာယ်
သွေး (စစ်ကိုင်း)

သွေး (စစ်ကိုင်း)

Contributor

Similar Picks:

ရဟန္တာပင့်ဆောင်ရာမှ ဓာတ်လိုက်သဖြင့်လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် ပုသိမ်မြို့က အလှူမဏ္ဍပ်  / ဧရာဝတီ

ပုသိမ်ဘုရားပွဲတွင် ရဟန္တာပင့်ဆောင်ရာမှ လူတဦး ဓာတ်လိုက် သေဆုံး

by ဆလိုင်းသန့်စင်
22 November 2018
18.4k

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ နှစ်စဉ်ကျင်းပလေ့ရှိသည့် ကုသိနာရုံ ဗျာဒိတ်ပေးဘုရားကြီး ပင့်ဆောင်ပူဇော်ပွဲတွင် ပေါက်မဲကျသည့် ရဟန္တာရုပ်ပွားတော်အား ပင့်ဆောင်ပူဇော်စဉ် လျှပ်စစ်မီးကြိုးနှင့် ချိတ်မိသဖြင့် ဓာတ်လိုက်သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

လေဆင်နှာမောင်းကြောင့် အပျက်အစီးများကို ရှင်းလင်းနေစဉ် / ဒေါ်ခိုင်ခိုင်လဲ့

လေဆင်နှာမောင်းကြောင့် ဓာတ်ကြိုးပြတ်ကျကာ မိန်းကလေးတဦး သေဆုံး

by ဧရာဝတီ
22 July 2018
10.6k

လိပ်အင်းရပ်ကွက်ရှိ အမက (စိန်ကုန်း) ကျောင်းလည်း ပျက်စီးသွား၍ ကျောင်းသုံး ပရိဘောဂနှင့် စာသင်ခုံများကို လိပ်အင်းရပ်ကွက်ရှိ အဘယသုခဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေရာ ချထားပေးကြောင်း သိရသည်။

Next Post
လူသတ်မှု၌ သံသယရှိသူများကို ရဲမှ ပြန်လည်သရုပ်ပြခိုင်းစဉ် / Bangkok Post

အလုပ်ရှင်ကို သတ်ဖြတ်သူ မြန်မာနှစ်ဦး အပါအဝင် ၅ ဦးကို ထိုင်းရဲက ဖမ်းဆီး

Dateline Irrawaddy:ရက်ရွှေ့ဆိုင်းလိုက်တဲ့ ရိုက်တာသတင်းထောက်များအမှု

Dateline Irrawaddy:ရက်ရွှေ့ဆိုင်းလိုက်တဲ့ ရိုက်တာသတင်းထောက်များအမှု

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.6k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
5.2k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate