• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းလူမူဖူလုံရေး အကျိုးခံစားရနိုင်သည်

by ထူးချစ်
29 November 2019
in သူ့အတွေး သူ့အမြင်
A A
၂၀၁၈ ခုနှစ် ထိုင်းနိုင်ငံမြောက်ပိုင်း ကျောက်ဂူအတွင်း ပိတ်မိနေသော တောဝက်ဘောလုံးအသင်းဝင် ကလေးများအား ကယ်ဆယ်အပြီး ဆေးရုံတင် ကုသမှုပေးခဲ့စဉ် / REUTERS

၂၀၁၈ ခုနှစ် ထိုင်းနိုင်ငံမြောက်ပိုင်း ကျောက်ဂူအတွင်း ပိတ်မိနေသော တောဝက်ဘောလုံးအသင်းဝင် ကလေးများအား ကယ်ဆယ်အပြီး ဆေးရုံတင် ကုသမှုပေးခဲ့စဉ် / REUTERS

6.5k
VIEWS
Share on FacebookShare on Twitter

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်မြို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုတွင် မတော်တဆ ထိခိုက် ဒဏ်ရာရ၊ သေဆုံးခဲ့သည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုဖူလုံရေး ရန်ပုံငွေကို ၈ လစာမသွင်းခဲ့သည့်အတွက် လူမှုဖူလုံရေးဌာနမှ လုပ်ငန်းရှင်အား ၈ လစာပြန်လည်သွင်းခိုင်းပြီး အလုပ်သမားများလျော်ကြေးငွေ အပြည့်အဝ ရရှိစေရန် ဆောင်ရွက်ပေးခဲ့ရပါသည်။

ဤသတင်းက မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းလူမူဖူလုံရေး အကျိုးခံစားရနိုင်ကြောင်းကို ပြသနေသည်။

RelatedPosts

အာဇာနည်တွေ နေတဲ့တိုင်းပြည်

အာဇာနည်တွေ နေတဲ့တိုင်းပြည်

19 July 2025
339
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

19 July 2025
3.6k
အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

18 July 2025
3k

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ လာရောက်လုပ်ကိုင်စားသောက်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်စာရင်းဇယားများအရ ၂ သန်းကျော်ရှိသည်ဟု ထိုင်းအစိုးရမှ တရားဝင်ထုတ်ပြန်ထားသည်။

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအနေနှင့် ညစ်ပတ်ပေရေ၊ အန္တရာယ်ရှိပြီး ကြမ်းတမ်းသည့် လုပ်ငန်များကို လုပ်ကိုင် နေကြရသဖြင့် နေ့စဉ်နှင့်အမျှဆိုသလို မတော်တဆ၊ ထိခိုက် ဒဏ်ရာရရှိမှုနှင့် သေကျေမှုများ ရှိနေခဲ့၏။ ထို့အပြင် မတော်တဆ ယာဉ်တိုက်မှု၊၊ သတ်ဖြတ်ခံနေရမှုများရှိနေခဲ့ပြီး အထွေထွေ ကျန်းမာရေး ဆေးကုသခံ နေရမှုများလည်း ရှိနေပါသည်။

ပြောရလျှင် တချို့ ထိုင်းဆေးရုံများတွင် ရွှေ့ပြောင်းအလုပ်သမားလူနာများသည် ထိုင်းလူမျိုးများထက်ပင် များပြားနေသည်ကို တွေ့ နေရသည်။

ရွှေ့ပြောင်းအလုပ်သမားများအတွက် ကျန်းမာရေးနှင့်ပတ်သက်သည့် ပြဿနာများနှင့် ရသင့်ရထိုက်သည့် လျော်ကြေးငွေများ ရရှိနိုင်ရန် ထိုင်းအစိုးရအနေနှင့် လူမှုဖူလုံရေးရန်ပုံငွေ တရပ်ကို တည်ထောင်ပေးထား၏။ ထိုင်းအစိုးရမှ တည်ထောင်ပေးထားသည့် လူမှုဖူလုံရေး ရန်ပုံငွေနှင့် ပတ်သက်ပြီး အကျိုးခံစားခွင့်များကို မြန်မာအလုပ်သမားများအနေဖြင့် တိတိကျကျ ရှင်းရှင်းလင်းလင်း မသိရှိကြသည့်အတွက် လူမှုဖူလုံရေးရန်ပုံငွေ ထည့်ဝင်ရန် ငြင်းဆန်မှုများရှိခဲ့သလို လုပ်ငန်းရှင်များအနေနှင့်လည်း အလုပ်သမားများနည်းတူ၊ အလုပ်သမားများ၏ တလဝင်ငွေ၏ ၅ ရာခိုင်နှန်းကို ထည့်ဝင်ပေးရမည်ဖြစ်သည့်အတွက် ငြင်းဆန်မှုများ ရှိခဲ့ပါသည်။

ပကန်စန်ခုမ် ဟု ထိုင်းလိုခေါ်သော လူမှုဖူလုံရေး အာမခံ ရန်ပုံငွေ ပြုလုပ်ထားသူများအနေဖြင့် လုပ်ငန်းခွင်ပြင်ပတွင် အကြောင်းအမျိုးမျိုးကြောင့် ဖျားနာခြင်း၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရခြင်း၊ ကိုယ်လက်အအင်္ဂါချို့တဲ့ခြင်း ( ဒုက္ခိတဖြစ်ခြင်း)၊ သေဆုံးခြင်းများအတွက် ခံစားခွင့်များရရှိနိုင်မည့်အပြင် ကလေးမီးဖွားစရိတ်၊ ကလေးစရိတ်ရရှိခြင်း၊ ပင်စင်စရိတ်ရရှိခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် အလုပ်၊လုပ်မဲ့ဖြစ်ခြင်း စသည့် ကိစ္စများ၌ အကျိုးခံစားခွင့်များ ရရှိစေရန် ထိုင်းအစိုးရက ဆောင်ရွက်ပေးပါသည်။

ထိုင်းနိုင်ငံတွင်း တရားဝင် နေထိုင်လုပ်ကိုင်နေသည့် မည်သည့်လူမျိူး၊နိုင်ငံသားမဆို ထိုင်းအစိုးရမှ သတ်မှတ်ပြဌာန်းထားသည့် လူမှုဖူလုံရေးရန်ပုံငွေပုံ အကျိုးခံစားခွင့်ကို လျှောက်ထားနိုင်ပါသည်။

ထိုင်းအစိုးရမှ ထုတ်ပေးသည့် လူမှုဖူလုံရေးကတ်

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအနေနှင့် အလုပ်စတင်ဝင်ရောက်ချိန်မှ စပြီး ရက် ပေါင်း ၃၀ အတွင်း အလုပ်ရှင်မှ ရန်ပုံငွေ လျှောက်ထားပေးရမည်ဖြစ်သည်။ လူမှုဖူလုံရေးရန်ပုံငွေ ထည့်ဝင်မှုသည် အလုပ်သမား၊ အလုပ်ရှင်နှင့် အစိုးရတို့ သုံးပွင့်ဆိုင် ထည့်ဝင်ထားသည့် ရန်ပုံငွေဖြစ်ပါသည်။

အလုပ်သမားများက မိမိတို့ လစဉ်ဝင်ငွေ၏ ၅ ရာခိုင်နှုန်း ( ဥပမာ- အလုပ်သမားများအနေနှင့် တလလျှင် ဘတ်ငွေ တစ်သောင်း ဝင်ငွေရှိပါက ဘတ်ငွေ ၅၀၀ လစဉ် ထည့်ဝင်ရမည်)၊ လုပ်ငန်းရှင်အနေနှင့်လည်း ၅ ရာခိုင်နှုန်း လစဉ် ထည့်ဝင်ရမည်ဖြစ်ပါသည်။ အစိုးရအနေနှင့် အလုပ်သမားများ လစဉ်ဝင်ငွေ၏ ၂.၇၅ ရာခိုင်နှုန်း ထည့်ဝင်ပေးမည်ဖြစ်ပါသည်။ သို့သော် အလုပ်သမားများ၏ တလဝင်ငွေ ဘတ်ငွေ ၁၅၀၀၀ ကျော်ပါကလည်း ဘတ်ငွေ ၁၅၀၀၀ အထိသာ တွက်ချက်ပြီး ထည့်ဝင်ကြရမည်ဖြစ်ပါသည်။

အလုပ်သမားများအနေနှင့် မှတ်ပုံတင်ပြီး လစဉ်ကြေး ၃ လပေးသွင်းပြီးပါက လူမှုဖူလုံရေး အာမခံကတ်ပြား ရရှိမည်ဖြစ်ပြီး သတ်မှတ်ထားသည့် အစိုးရဆေးရုံများတွင် ဆေးကုသခံယူခွင့် နှင့် အခြား သတ်မှတ်ထားသည့် လူမှုဖူလုံရေး ရန်ပုံငွေ၏ အကျိုးခံစားခွင့်များကို ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အလုပ်သမားများအနေနှင့် အခြားအပိုကုန်ကျစရိတ်များကို ခေတ္တစိုက်ထုတ်ထားပြီး ပြန်လည်တောင်းခံနိုင်မည်ဖြစ်ပါသည်။

ဆေးကုသခံယူစဉ်အတွင်း အလုပ်ပျက်ရက်များအတွက် လူမှုဖူလုံရေး ရန်ပုံငွေမှ ကျခံမည်ဖြစ်ပြီး မျက်ကြည်လွာ ခွဲစိတ်လဲလှယ်ခြင်း၊ ကျောက်ကပ်အစားထိုးခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်း အတုတပ်ဆင်ခြင်း၊ ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းစသည့် ရောဂါကြီးများပင် ကုသနိုင်ခွင့်ရှိပြီး သွားနှုတ်ခြင်း၊ သွားဖာခြင်း၊သွားအတုတတ်ခြင်းကိစ္စများကိုလည်း ဆောင်ရွက်နိင်မည်ဖြစ်ပါသည်။

ယခင်က ထိုင်းနိုင်ငံ၏ လူမှုဖူလုံရေး ရန်ပုံငွေ သုံးစွဲမှုများအတွက် အလုပ်သမများအနေနှင့် ကလေးနှစ်ဦးသာမွေးဖွားခွင့် ပြုထားသော်လည်း၊ ယနေ့အချိန်တွင် ကလေး ၃ ဦးထိ ခွင့်ပြုကြောင်း ပြဌာန်းခဲ့ပါသည်။ ၅ လထက် မနည်းသည့် အာမခံငွေ ထည့်ဝင်ထားသူ အမျိုးသမီးများအနေနှင့် ၎င်းတို့ ရရှိသည့် ဝင်ငွေ၏ ၅၀ ရာခိုင်နှန်းကို မွေးဖွားခွင့် ယူထားစဉ် အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။

အမျိုးသမီးများအနေနှင့် ကိုယ်ဝန်စစ်ဆေးခြင်း၊ ဗိုက်အပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မီးဖွားစရိတ် ၁၃၀၀၀ ဘတ် ခံစားခွင့် ရရှိမည်ဖြစ်ပါသည်။ သားဖွားချိန် အလုပ်နားရက်အတွက် ၄၅ ရက်စာ လုပ်အားခ အကျိုးခံစားခွင့် ရှိမည်ဖြစ်ပါသည်။ ထို့အပြင် ကလေးတယောက်အတွက် တလလျှင် ဘတ်ငွေ ၆၀၀ ကို ၆ နှစ် အကျိုးခံစားခွင့် ရရှိမည်လည်းဖြစ်ပါသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်သမားများ၏ အလုပ်လုပ်နိုင်ခွင့် သတ်မှတ်ထားသည့် သက်တမ်းမှာ ၅၅ နှစ် ဖြစ်ပါသည်၊ လူမူဖူလုံရေးရန်ပုံငွေ ထည့်ဝင်ထားသည့် ရွှေ့ပြောင်းအလုပ်သမားများအနေနှင့် အသက် ၅၅ နှစ်ပြည့်ပြီး မြန်မာနိုင်ငံသို့ ပြန်မည်ဆိုပါက ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် ထိုင်းနိုင်ငံသံရုံးတွင် မိမိတို့၏ ပင်စင်အကျိုးခံစားခွင့်ကို တောင်းဆိုနိုင်ပါသည်။

လုပ်ငန်းရှင်များ၏ အရန်ငွေကြေး ထည့်ဝင်မှု

ထိုင်းအစိုးရအနေနှင့် လုပ်ငန်းခွင်ထိခိုက် ဒါဏ်ရာသူများ၊ မသန်စွမ်းဖြစ်သွားသူများနှင့် လုပ်ငန်းခွင်အတွင်း အသက်ဆုံးရှုံးသွားသူများအား လျော်ကြေးပေးနိုင်ရန် လုပ်ငန်းရှင်များအား အလုပ်သမားများ၏ လစာ၏ ၁၅ ရာခိုင်နှုန်းကို အရန်ငွေကြေးရန်ပုံငွေအတွက် (စပေါ်တင် အပ်နှံထားရှိငွေ) အပ်နှံထားရှိရန် ဥပဒေပြဌာန်းပေးထားပါသည်။

အလုပ်သမားများ ဆေးကုသခံရပါက ဘတ်ငွေ ၅ သောင်းမှ ၂ သန်းအထိ ဆေးကုသခံယူနိုင်ပြီး အလုပ်လက်မဲ့ ဖြစ်သွားပါက မိမိရရှိသည့် လုပ်အားခ၏ ၇၀ ရာခိုင်နှန်းကို တနှစ်အထိ တောင်းခံနိုင်မည်ဖြစ်သည်။ ထို့အပြင် ချို့ယွင်းသွားသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများပေါ်မူတည်ပြီး ၁၀ နှစ်ထက် မပိုသည့် လုပ်အားခလျော်ကြေးကို ပြန်လည်တောင်းခံနိုင်ပါသည်။

အကယ်၍ မသန်စွမ်းသည်အထိ ဒုက္ခိတဖြစ်သွားပါက လုပ်အားခ၏ ၇၀ ရာခိုင်နှန်းကို ရာသက်ပန် တောင်းဆိုခံစားခွင့် ရှိပါသည်။

လူမှုဖူလုံရေး ရန်ပုံငွေ ထည့်ဝင်ထားသော အလုပ်သမား ကွယ်လွန်သွားပါက အသုဘစရိတ် အနည်းဆုံး ၃၃၀၀၀ ဘတ်မှ ၄၇၀၀၀ ဘတ်အထိ ရရှိနိုင်ပါသည်။ အကျိုးခံစားခွင့်နှင့် လျောက်ကြေးငွေများ ရရှိခံစားနိုင်မှုများသည် အလုပ်သမားတဦးနှင့် တဦး မတူညီပါ၊ အလုပ်သမားများ၏ လူမှုဖူလုံရေးကတ် လုပ်ထားသည့် ကာလ၊ ၎င်းတို့၏ ထည့်ဝင်ငွေနှင့် အဆိုပါ လူမှုဖူလုံရေး အကျိုးခံစားမူများကို သုံးစွဲထားခဲ့သည့် အပေါ်တွင် မှီတည်မည်ဖြစ်ပါသည်။

မြန်မာအစိုးရနှင့် ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများလုပ်ဆောင်သင့်သည်များ

မြန်မာအစိုးရနှင့် နိုင်ငံခြားအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအနေနှင့် မြန်မာအလုပ်သမားများ ပြည်ပနိုင်ငံများသို့ မထွက်ခွာမှီကပင် လူမှုဖူလုံရေးရန်ပုံငွေများ ထည့်ဝင်ပါရန် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးသင့်ပါသည်။ တချိန်တည်းတွင် လူမှုဖူလုံရေးရန်ပုံငွေ ထည့်ဝင်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုုးခံစားခွင့်များကို စနစ်တကျ အသိပေး ရှင်းလင်းပြောပြသင့်သည်။

ထို့အပြင် ထိုင်းလုပ်ငန်းရှင်များနှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ စာချုပ်ချုပ်ဆိုသည့်အချိန်တိုင်းတွင် လူမှုဖူလုံရေးကတ်များပြုလုပ်ရန် တရားဝင်စာချုပ်ထဲတွင် လက်မှတ်ရေးထိုးထားသင့်သည့်အပြင် အစိုးရကလည်း ကြပ်မတ်သင့်သည်။

တချို့လုပ်ငန်းရှင်များအနေနှင့် မိမိတို့ ပေးသွင်းရမည့် လူမှုဖူလုံရေး ရန်ပုံငွေကို အစိုးရထံသို့ မသွင်းဘဲ ထားသည်များကို တွေ့ရှိခဲ့ရသည့်အတွက် ရွှေ့ပြောင်းအလုပ်သမားများအနေနှင့် လူမှုဖူလုံရေး ရန်ပုံငွေ သွင်းထားသည် (သို့မဟုတ်) မသွင်းထားသည်ကို ကိုယ်တိုင်စစ်ဆေးနိုင်ရန် ထိုင်းအစိုးမှ ၂၀၂၀ ခုနှစ် နှစ်စပိုင်းတွင် အွန်လိုင်းမှတဆင့် စစ်ဆေးနိုင်မည့် နည်းလမ်းကောင်းများ ပြင်ဆင်လျက်ရှိသည်။

ထို့ကြောင့် အလုပ်သမားများအနေဖြင့် မိမိတို့ ပုံမှန်ပေးသွင်းရမည့် ငွေကြေးကို မျက်စေ့စပါးမွှေးတဆုံးသာ မကြည့်ဘဲ မိမိတို့ အခွင့်အရေးနှင့် ကျန်းမာရေး ကိစ္စများဖြစ်ပေါ်လာပါက ထိရောက်သည့် ကူညီမှုများ အလွယ်တကူ ရရှိနိုင်ရန် ထိုင်းအစိုးရက ပြဌာန်း ဆောင်ရွက်ပေးထားသည့် လူမှုဖူလုံရေး ရန်ပုံငွေအား ထည့်ဝင်ပေးသွင်းသင့်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။

(ထူးချစ်သည် ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသော ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ) အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်)

You may also like these stories:

ထိုင်းဆောက်လုပ်ရေး လုပ်ငန်းခွင် မတော်တဆမှု မြန်မာအလုပ်သမား သုံးဦးသေဆုံး

နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို ရွှေ့ပြောင်းအလုပ်သမားများလည်း ရသင့်သည်

အာဆီယံ အဖွဲ့နဲ့ လူ့အခွင့်အရေး

Your Thoughts …
Tags: ရွှေ့ပြောင်းအလုပ်သမားလုပ်ငန်းရှင်လူမှုဖူလုံရေးအာမခံကတ်ပြား
ထူးချစ်

ထူးချစ်

Contributor

Similar Picks:

အသက် ၄၄နှစ်အရွယ်ရောက်နေသည့် ဦးဇော်ဝင်းရှိန်သည် မြန်မာခရိုနီများထဲတွင် အသက်အငယ်ဆုံးလည်း ဖြစ်သည်။

ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

by ဧရာဝတီ
5 October 2022
19.9k

ဦးဇော်ဝင်းရှိန်လို့ ဆိုလိုက်သည်နှင့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များကြား "ရှစ်လုံးကြီး၏လူ" ဟု မှတ်ချက်ပြု ပြောဆိုလေ့ ရှိသည်။

ငွေလိုနေသည့် စစ်ကောင်စီ MoU လုပ်သားများ ပြန်လွှဲငွေကိစ္စ ထပ်မံဖိအားပေး

ငွေလိုနေသည့် စစ်ကောင်စီ MoU လုပ်သားများ ပြန်လွှဲငွေကိစ္စ ထပ်မံဖိအားပေး

by ဧရာဝတီ
12 July 2024
4.3k

စေလွှတ်လိုက်သည့် လုပ်သားဦးရေအလိုက် ၃ လအတွင်း မိသားစုလွှဲပို့ငွေ ပေးပို့ခြင်း ရှိ/မရှိ စာရင်း တင်ပြရမည်ဖြစ် ကြောင်းနှင့် တရားဝင်ဘဏ်များမှတဆင့် ငွေပြန်လွှဲကြရန် အလုပ်သမားများရှိရာသို့ သွားရောက် စည်းရုံးရေးတို့ကို

AA နှင့် ပတ်သက်သည်ဆိုကာ ဖမ်းသွားသည့် တောင်ကုတ်မှ လုပ်ငန်းရှင်များ ပြန်မလွတ်သေး

AA နှင့် ပတ်သက်သည်ဆိုကာ ဖမ်းသွားသည့် တောင်ကုတ်မှ လုပ်ငန်းရှင်များ ပြန်မလွတ်သေး

by ဧရာဝတီ
23 November 2023
2.5k

လုပ်ငန်းရှင် ၁၁ ဦးကို စစ်ကောင်စီတပ်က ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက် ဆက်နွယ်မှုရှိသည် ဟုဆိုကာ နိုဝင်ဘာ ၁၄ ရက်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ချိန်ထိ ပြန်မလွှတ်ပေးသေးက

တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

by ဧရာဝတီ
2 December 2023
2.2k

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား လက်ရှိဖြစ်ပွားနေသည့် တကျော့ပြန်တိုက်ပွဲကာလ နှစ်ပတ်အတွင်း မြို့နယ်အသီးသီးရှိ ရခိုင်အရပ်သား ၇၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်မီးတောက်များကြားက ရွှေ့ပြောင်းဘဝများ

စစ်မီးတောက်များကြားက ရွှေ့ပြောင်းဘဝများ

by နွေနေ
18 June 2024
1.6k

အာဏာရှင်ဟာ ကတုတ်ကျင်းနား ကျည်လာမကျခင်အထိ သာယာနေတုန်းပဲ။

ဆုံးရှုံးနယ်မြေများသို့ လောင်စာဆီမရောက်ရေး စစ်ကောင်စီ ပိတ်ဆို့

ကချင်နှင့် ရှမ်းမြောက်သို့ စက်သုံးဆီရောင်း၍ လုပ်ငန်းရှင်တချို့ ဖမ်းခံရ

by ဧရာဝတီ
4 January 2025
791

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ထိန်းချုပ်ရာ ကချင်ပြည်နယ်၊ ရှမ်းပြည် မြောက်ပိုင်းရှိ ဒေသအချို့ကို စက်သုံးဆီ တရားမဝင် သိုလှောင်ဖြန့်ဖြူးရောင်းချနေသည်ဟုဆိုကာ လုပ်ငန်းရှင်များ အပါအဝင် ရောင်းဝယ်သူ ၁၇ ဦးကို ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီက ဇန်နဝါရီ...

Next Post
ဝန်ကြီးများ ရုံးတွင် ပြုလုပ်မည့် အနုသုတေသန ပြပွဲ

ဒီမိုကရေစီနှင့် နေ့စဉ်ဘ၀ ပေါင်းစပ်ခြင်း ပွဲတော် ရန်ကုန်တွင် ကျင်းပမည်

ကိုရီးယား မင်းသမီး Jun Ji Hyun

“Kingdom” Season 2 မှာ ပါဝင်လာတော့မယ့် မင်းသမီး Jun Ji Hyun

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
3.8k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

1 day ago
3.6k

Most Read

  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate