• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ရခိုင်စစ်မြေပြင်တွင် တပ်မတော် ရေ အရေးပါလာ

by မောင်မောင်စိုး
5 March 2020
in သူ့အတွေး သူ့အမြင်
A A
ရခိုင်ပြည်နယ်၏ မြေမျက်နှာသွင်ပြင် ထူးခြားချက်အရ တပ်မတော်ရေ၏ ရေကြောင်းစစ်ဆင်ရေးက တိုးမြှင့်လာဖွယ်ရှိသည် / ဧရာဝတီ

ရခိုင်ပြည်နယ်၏ မြေမျက်နှာသွင်ပြင် ထူးခြားချက်အရ တပ်မတော်ရေ၏ ရေကြောင်းစစ်ဆင်ရေးက တိုးမြှင့်လာဖွယ်ရှိသည် / ဧရာဝတီ

35.8k
VIEWS
Share on FacebookShare on Twitter

၂၀၁၅ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ရခိုင်စစ်မြေပြင် အစပြုခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ်များအတွင်း တပ်မတော်နှင့် AA အကြား ဖြစ်ပွားသော တိုက်ပွဲအရေအတွက် နည်းပါးခဲ့သကဲ့သို့ ပြင်းထန်မှုလည်း မရှိခဲ့ပေ။ ထို့အပြင် ရခိုင်ပြည်နယ်တလွှားကို သက်ရောက်မှုလည်း မရှိသေးပေ။ နောက်ပိုင်းဖြစ်ပွားလာသော တိုက်ပွဲများကို ကြည့်ခြင်းအားဖြင့် ၂၀၁၅ မှ ၂၀၁၈ ခုနှစ်အကြား ၄ နှစ်ကာလသည် AA တပ်ဖွဲ့အနေဖြင့် ရခိုင်စစ်မျက်နှာအတွက် လူသူ လက်နက်ခဲယမ်း၊ ရိက္ခာ စုဆောင်းသည့်ကာလ ဖြစ်ပုံရပေသည်။

တပ်မတော်က အကြမ်းဖက်အဖွဲ့အစည်းဟု ခေါ်ဝေါ်သမုတ်ခြင်းခံရသည့် AA ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့သည် ၎င်း၏တပ်ဖွဲ့ဝင်အားများကို ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဆက်စပ်နေသည့် ပလက်ဝမြို့နယ်ထဲတွင် အခြေပြုခဲ့သည်ကို တွေ့ရသည်။ တောတောင်ထူထပ်ပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်တို့နှင့်ပါ ဆက်စပ်နေသည့်အပြင် ရခိုင်ရိုးမနှင့်ပါ တဆက်စပ်တည်း ဖြစ်နေသည့် ပလက်ဝဒေသသည် အစိုးရအား ပုန်ကန်တိုက်ခိုက်သည့် လက်နက်ကိုင် ပုန်ကန်သူများအတွက် အခြေချရန် နေရာကောင်း ဖြစ်ခဲ့ပုံရပါသည်။

RelatedPosts

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
3.4k
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
468
မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
896

မြေပြင် အရပ်သားသတင်းများအရ ၂၀၁၈ ခုနှစ် နိုဝင်ဘာလခန့်တွင် AA တပ်ဖွဲ့ဝင် အင်အား ၃၀၀၀ ခန့်သည် ပလက်ဝ အနောက်မြောက်ဖက် အိန္ဒိယ နယ်စပ်တလျှောက်တွင် စုစည်းသည်ဟု ဆိုပါသည်။ ထို့နောက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစ၍ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ တိုးဝင်လှုပ်ရှားလာပြီး တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားမှုများကို ကြားသိတွေ့မြင်ရပေတော့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို ထိုးဖောက်လာသော AA တပ်ဖွဲ့ဝင်များသည် ပလက်ဝဒေသတွင် စစ်မျက်နှာတခု ဖွင့်လှစ်၍လည်းကောင်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းဒေသတို့တွင် စစ်မျက်နှာ ဖွင့်လှစ်၍လည်းကောင်း၊ ပလက်ဝ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းဒေသများတွင် စစ်မျက်နှာ ဖွင့်လှစ်၍လည်းကောင်း၊ လေးမြို့မြစ်အရှေ့ဘက်ခြမ်း ရခိုင်ရိုးမကို အခြေပြု၍ မြောက်ဦး၊ မင်းပြား၊ မြေပုံဒေသတို့တွင် စစ်မျက်နှာဖွင့်လှစ်၍လည်းကောင်း အကြမ်းဖျဉ်းအားဖြင့် စစ်မျက်နှာ ၄ ခု ဖွင့်လှစ်ထိုးဖောက်လာသည်ကို တွေ့ရသည်။

ထိုသို့ထိုးဖောက်လာသည့် AA တပ်ဖွဲ့များအား တပ်မတော်ကလည်း ဒေသခံ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များအပြင် ကကကြည်း လက်အောက်ခံ တပ်မတချို့ကိုပါ စေလွှတ်၍ ပြင်းပြင်းထန်ထန် ပြန်လည်တုန့်ပြန်ခဲ့သည်ကို တွေ့ရသည်။ သို့နှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစ၍ ရခိုင်မြောက်ပိုင်းတွင် တိုက်ပွဲများ တစထက်တစ ပြင်းထန်လာသည်မှာ လက်ရှိ ၂၀၂၀ မတ်လဆန်းအထိပင် ဖြစ်သည်။

နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားရာမှ တရက်လျှင် တိုက်ပွဲ သုံးလေးပွဲဖြစ်ပွားလာသည်။ နေရာဒေသတခုတွင် တိုက်ပွဲဖြစ်ပွားရာမှ နေရာဒေသ သုံးလေးနေရာတွင်ပါ တိုက်ပွဲဖြစ်ပွားလာသည်ကို တွေ့ရသည်။

တိုက်ပွဲများတွင် တပ်မတော်ဘက်ကလည်း ခြေလျင်/ခြေမြန်တပ်ဖွဲ့များအား ထောက်ကူပေးရန် မြေပြင်တွင် အကူပစ်လက်နက်ကြီး တပ်ဖွဲ့များကို အသုုံးပြုလာသကဲ့သို့ ဝေဟင်မှလည်း တိုက်ခိုက်ရေး ရဟတ်ယဉ်များ၊ လေယာဉ်များ အသုံးပြု စစ်ဆင်လာသည်ကို တွေ့ရသည်။ မြန်မာပြည်စစ်ပွဲများအတွင်း တပ်မတော်က မြေပြင်မှ အကူပစ်လက်နက်ကြီးများ၊ ဝေဟင်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် စစ်ဆင်ရေးများတွင် အသုံးပြုခဲ့သည်ကို ကြုံခဲ့ပြီးဖြစ်သည်။

သို့သော် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်စသည့် တောင်တန်းဒေသ စစ်ဆင်ရေးများနှင့်မတူဘဲ၊ ရခိုင်ပြည်နယ်စစ်ဆင်ရေးတွင် ထူးခြားစွာ တွေ့ရသည်မှာ တပ်မတော်ရေ၏ ရေကြောင်းစစ်ဆင်ရေး ဖြစ်ပေသည်။ ရခိုင်ပြည်နယ် တိုက်ပွဲသတင်းများအရ မယူမြစ်နှင့် လေးမြို့မြစ်အတွင်း တပ်မတော်ရေ၏ စစ်ဆင်ရေးသတင်းများကို ကြားသိနေရရာ တပ်မတော်ရေ၏ ရေကြောင်းစစ်ဆင်ရေးသည် ရခိုင်ပြည်နယ် စစ်မျက်နှာထူးခြားချက်တရပ် ဖြစ်လာသည်ဟု ဆိုရမည်။ ဤသည်မှာလည်း ရခိုင်ပြည်နယ် မြေမျက်နှာသွင်ပြင်၏ ထူးခြားမှုကြောင့်ဟု ဆိုရမည်။

ရခိုင်ပြည်နယ်၏ မြေမျက်နှာသွင်ပြင်

ရခိုင်မြောက်ပိုင်းရှိ မြစ်များနှင့် ကားလမ်းများပြ မြေပုံ

ရခိုင်ပြည်နယ်သည် ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်းတလျှောက် တည်ရှိသည့် ပြည်နယ်ဖြစ်သည့်အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းသည် မြစ်ကြီး ၄ ခု၏ မြစ်ဝှမ်းပေါ်တွင် တည်ရှိသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မောင်တောခရိုင်အတွင်း ပါဝင်သော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ စစ်တွေစသည့် မြို့နယ် ၁၀ ခုသည် နတ်မြစ်၊ မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်ဝှမ်းပေါ်တွင်တည်ရှိပြီး အဆိုပါမြစ်ဝှမ်းတို့အား ရခိုင်ရိုးမ တောင်တန်းတို့ ဝန်းရံထားသည်။

နတ်မြစ်သည် ရခိုင်ပြည်နယ် အနောက်မြောက်ဖက်တွင်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်မျဉ်းလည်း ဖြစ်သည်။ နတ်မြစ်သည် ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်း တောတောင်များကို အခြေခံပြီး တောင်ပြိုလက်ဝဲ၊ မောင်တောမြို့အတိုင်း စီးဆင်းပြီး မောင်တောနှင့် အလယ်သံကျော်ကြားတွင် ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်သည်။ နတ်မြစ်အရှေ့ဖက်တွင် မောင်တောမြစ်ဝှမ်းရှိပြီး ၎င်းမြစ်ဝှမ်းကို မယူတောင်တန်းက အနားသတ်ထားကာ ၎င်းမယူတောင်တန်းက မြောက်မှတောင်သို့ စီးဆင်းသည်။

မယူတောင်တန်း၏အရှေ့ဖက်တွင် မြောက်မှတောင်သို့ စီးဆင်းနေသော မယူမြစ်ရှိသည်။ ရခိုင်မြောက်ပိုင်း စိုင်းတင်တောင်တန်းအပါ တောင်ကြောများမှ မြစ်ဖျားခံလာသည့် မယူမြစ်သည် ဘူးသီးတောင်၊ ရသေ့တောင်တို့ကို ဖြစ်သန်းစီးဆင်း၍ စစ်တွေမြောက်ဖက် အငူမော်နှင့် ရေချမ်းပြင်အကြားအား ဖြတ်သန်း၍ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်သည်။

ကုလားတန်မြစ်သည် မယူမြစ်၏ အရှေ့ဖက်တွင်ရှိပြီး ရခိုင်ပြည်နယ်တွင် အရှည်လျားဆုံး မြစ်တစင်းဖြစ်သည်။ မြောက်ဖက် ပလက်ဝမှ တောင်ဖက် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ စသည့် မြို့များကို ဖြစ်သန်း၍ ဘင်္ဂလားပင်လယ်အော်အတွင်း စီးဝင်သည်။

လေးမြို့မြစ်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အရှေ့ဖက်အကျဆုံးဖြစ်ပြီး ရခိုင်ရိုးမ အနောက်ဖက်အခြေမှ မြောက်မှတောင်သို့ စီးဆင်းသည်။ မင်းပြားမြို့ကို ဖြတ်၍ မြေပုံအနီးတွင် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်သည်။

အဆိုပါ မြစ်လေးစင်းသည် ရခိုင်ရိုးမမှ ဘင်္ဂလားဒေ့ရှ်နယ်စပ်အထိ အရှေ့မှ အနောက်သို့ အစီအရီ တည်ရှိပြီး မြောက်မှတောင်သို့ စီးဆင်းကြသည်။ မြစ်တစင်းနှင့်တစင်းကြားတွင် လူသူအခြေချ နေထိုင်သော မြစ်ဝှမ်းများနှင့် မြင့်မားမတ်စောက်သော တောင်တန်းများ ပိုင်းခြားထားသည်။

မြေမျက်နှာသွင်ပြင်နှင့် စစ်ရေးလှုပ်ရှားမှုများ

လက်ရှိ AA ၏ စစ်ရေးလှုပ်ရှားမှုများတွင် ပလက်ဝစစ်မျက်နှာတွင် တောတောင်ထူထပ်မှုနှင့် နယ်စပ်ဒေသများကို အခြေခံ၍ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည်ဟု ဆိုရမည်။ ဒုတိယစစ်မျက်နှာဖြစ်သော ဘူးသီးတောင်၊ ရသေ့တောင်ဒေသတွင် မယူမြစ်ဝဲယာရှိ တောတောင်များကို အခြေပြု၍ မယူမြစ်ဝှမ်းအား ထိမ်းချုပ်နိုင်ရန် လှုပ်ရှားနေသည်ဟု ဆိုရမည်။ တတိယစစ်မျက်နှာဖြစ်သော ပလက်ဝ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းဒေသတွင် ကုလားတန်မြစ်ဝဲယာရှိ တောင်တန်းဒေသများနှင့် မြစ်ဝှမ်းဒေသများ ထိုးဖောက်လှုပ်ရှား နေသည်ဟု ဆိုရမည်။ စတုတ္ထစစ်မျက်နှာဖြစ်သော မြောက်ဦး၊ မင်းပြား၊ မြေပုံ ဒေသတွင် လေးမြို့မြစ်အရှေ့ဖက် ရခိုင်ရိုးမနှင့် လေးမြို့မြစ်ဝှမ်းအား ထိုးဖောက်လှုပ်ရှား နေသည်ဟု ဆိုရမည်။

ပလက်ဝမြို့နယ် ကျေးရွာတွေမှာ AA လက်နက်ကိုင်တွေကို တွေ့နိုင်သည်/အောင်ကျော်ထက်/ဧရာဝတီ

ဘင်္ဂလားပင်လယ်အော်အနီး မယူမြစ်နှင့် ကုလားတန်မြစ်အကြားရှိ စစ်တွေမြို့နယ်နှင့် ကုလားတန် မြစ်နှင့် လေးမြို့မြစ်အကြားရှိ ပေါက်တောမြို့နယ်တို့တွင်သာ AA လှုပ်ရှားမှု မရှိသေးသည်ကို တွေ့ရသည်။

ထို့အပြင် ရခိုင်မြောက်ပိုင်းတွင် ကားလမ်းဆက်သွယ်မှုမှာ အကန့်အသတ်ရှိသည်။ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်းအထိ ကားလမ်းဆက်သွယ်မှု ရှိပြီး ကျောက်တော်မှ ပလက်ဝအထိ ကားလမ်းဆက်သွယ်မှု ရှိသည်။ လက်ရှိ ရခိုင်စစ်မျက်နှာ စစ်ဆင်ရေးများတွင် တပ်မတော်အနေဖြင့် စစ်ဆင်ရေးများဆင်နွှဲခြင်း၊ စစ်ချီခြင်း၊ လက်နက်ခဲယမ်း ထောက်ပံ့ခြင်းတို့အတွက် အဆိုပါ ကုန်းလမ်းဆက်သွယ်ရေး လမ်းကြောင်းကို အဓိက အသုံးပြုလျှက် ရှိသည်။

လေကြောင်းဖြင့် စစ်ချီခြင်း၊ ထောက်ပို့ခြင်းတို့ ပြုလုပ်သော်လည်း အကန့်အသတ် ရှိသည်ကို တွေ့ရသည်။ သို့သော် ကုန်းလမ်းစစ်ဆင်ရေးများတွင် AA တပ်ဖွဲ့မှ မိုင်းထောင်တိုက်ခိုက်ခြင်း၊ လမ်းဖြတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျှက် ရှိရာ တပ်မတော်အနေဖြင့် ရေကြောင်းစစ်ဆင်ရေးများ စတင်ပြုလုပ်လာသည်ကို တွေ့ရပြီး ဆက်လက်လည်း တိုးမြှင့်လုပ်ဆောင်သွားဖွယ် ရှိသည်ဟု သုံးသပ်ရပေသည်။

ရခိုင်ပြည်နယ်နှင့် တပ်မတော်ရေ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် တပ်မတော်ရေက ဓညဝတီရေတပ် စခန်းဌာနချုပ် ဖွင့်လှစ်ထားရှိပြီး စစ်တွေတွင်လည်း ရေတပ် တပ်ဖွဲ့တချို့ ထားရှိသည်။ ဤသို့ ရခိုင်ပြည်နယ်တွင် ဖြန့်ကျက်ထားရှိသော တပ်မတော်ရေမှ စစ်သင်္ဘောများသည် ရေကြောင်း စစ်ဆင်ရေးများတွင် ပါဝင်ရန် လွယ်ကူ၍ အသင့်အနေအထားတွင် ရှိသည်။

လက်ရှိ AA ၏ စစ်ရေးလှုပ်ရှားမှုသည် နတ်မြစ်တကြောတွင် မရှိဘဲ တပ်မတော်ရေအနေဖြင့် မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်တို့တွင် ရေကြောင်းစစ်ဆင်ရေး ဆင်နွှဲနိုင်သည့် အနေအထားတွင်ရှိသည်။ လက်ရှိတွင်လည်း မယူမြစ်နှင့် လေးမြို့မြစ်အတွင်း၌ တပ်မတော်ရေ၏ လှုပ်ရှားမှုများကို စတင်တွေ့နေရပြီ ဖြစ်သည်။

တပ်မတော်ရေ၏ စစ်သင်္ဘောများအနေဖြင့် မယူမြစ်အတိုင်း စစ်တွေမှ ရသေ့တောင်၊ ဘူးသီးတောင်မြို့များအထိ လှုပ်ရှားနိုင်သည်။ ကုလားတန်မြစ်အတိုင်း ဆိုလျှင် စစ်တွေမှ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပလက်ဝအထိ လှုပ်ရှားနိုင်သည်။ လေးမြို့မြစ်အတိုင်းဆိုလျှင် မြေပုံမှ မင်းပြားအထိ ကောင်းစွာလှုပ်ရှားနိုင်သည်။ မင်းပြားအထက် ၄ မိုင်ခန့်အကွာ လေးမြို့မြစ်ပေါ်တွင် ရာမောင်တံတားအား ဖြတ်သန်း ဆောက်လုပ်ထားရာ တံတားအမြင့်ကြောင့် စစ်ရေယာဉ် အကြီးများ ဖြတ်သန်းခုတ်မောင်းရန် အကန့်အသတ်ရှိသော်လည်း စစ်ရေယာဉ်ငယ်များ ဖြတ်သန်းခုတ်မောင်းနိုင်ဖွယ် ရှိသည်။

၂၀၁၅ ခုနှစ် တပ်မတော် ရေ အခမ်းအနားတခု/The Global New Light of Myanmar

သို့ဖြစ်ရာ တပ်မတော်ရေ အနေဖြင့် မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ် စသည့် မြစ်သုံးစင်းအတွင်း စစ်သင်္ဘောများ စေလွှတ်ပြီး လက်နက်ကြီး ပစ်ကူပေးခြင်း၊ စစ်ကြောင်းများ သယ်ယူပို့ဆောင်ပေးခြင်း၊ လက်နက်ခဲယမ်း ရိက္ခာများ သယ်ယူပို့ဆောင်ပေးခြင်း စသည့် စစ်ဆင်ရေးတာဝန်များ ဆောင်ရွက်နိုင်ဖွယ် ရှိပေသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်၏ မြေမျက်နှာသွင်ပြင် ထူးခြားချက်အရ အခြားပြည်နယ်များတွင် မတွေ့ရသည့် တပ်မတော်ရေ၏ ရေကြောင်းစစ်ဆင်ရေးက ရခိုင်ပြည်နယ်တွင် တိုးမြှင့်လာဖွယ်ရှိပေသည်။

ထို့ကြောင့် AA အနေဖြင့်လည်း အခြားတိုင်းရင်းသား လက်နက်ကိုင်များနည်းတူ တပ်မတော်၏ ကြည်းကြောင်း၊ လေကြောင်း စစ်ဆင်ရေးများအပြင် ရေကြောင်း စစ်ဆင်ရေးပါ ရင်ဆိုင်ရနိုင်ပြီး တပ်မတော်၏ ကြည်းရေလေ ပူးပေါင်းစစ်ဆင်ရေးများကို ကြုံတွေ့ရဖွယ်သည်။

ထို့ကြောင့် မြောက်ပိုင်း လေးဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့၏ ဆွေးနွေးမှုများ မအောင်မြင်ပါက ရခိုင်စစ်မြေပြင်တွင် ရေကြောင်း စစ်ဆင်ရေး တိုးမြှင့်လာပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာဖွယ်ရှိသည်ဟု သုံးသပ်ရပေသည်။

(မောင်မောင်စိုးသည် နယ်စပ်ဒေသများနှင့် တိုင်းရင်းသားရေးရာများကို လေ့လာနေသော သုတေသီတဦးဖြစ်သည်။သူ၏ “မြောက်ဦး စစ်တမ်း ”စာအုပ်သည် ၂၀၁၇ ခုနှစ် အမျိုးသားစာပေဆု (နိုင်ငံရေးစာပေဆု) ရရှိခဲ့သည်။)

You may also like these stories:

တပ်မတော်နှင့် အပစ်ရပ် အဖွဲ့များအကြား တပ်ပိုင်းဆိုင်ရာ အခက်အခဲရှိနေ

“ပလက်ဝကို သိမ်းဖို့ ညွှန်ကြားချက် မရှိသေးပါဘူး”

“ဝ” ဒေသသို့ ဒေါ်အောင်ဆန်းစုကြည် လာလည်ရန် UWSP ထပ်မံဖိတ်ခေါ်

Your Thoughts …
Tags: ရခိုင်စစ်မြေပြင်နှင့် ရေကြောင်းစစ်ဆင်ရေး
မောင်မောင်စိုး

မောင်မောင်စိုး

Contributor

Similar Picks:

No Content Available
Next Post
Toilet Timer ကိုသဲနာရီပုံစံအတိုင်း နမူနာယူ ထုတ်လုပ်ထားတာဖြစ်ပြီး ၅ မိနစ်တခါ အချိန်မှတ်ပေးသွားမှာပါ

အိမ်သာကြာကြာတက်သူတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Toilet Timer

ပေါက်ကွဲမှုက စွမ်းအင်ကြီးမားပြီးတော့ အလွန်အမင်းကို နှေးကွေးပါတယ်

မဟာပေါက်ကွဲမှုပြီးနောက် အကြီးမားဆုံးပေါက်ကွဲမှုကြီးအား ထောက်လှမ်းမိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate