သို့
ဧရာဝတီသတင်းဌာန
၁) ဧရာဝတီ သတင်းဌာနမှ ၉ ရက်၊ ၃ လ၊ ၂၀၂၀ ခုနှစ့်နေ့စွဲဖြင့်ရေးသားခဲ့သော Facebook နှင့် webpages များတွင် မြန်မာဘာသာခေါင်းစဉ်ဖြင့် “ရဟတ်ယာဉ်ဝယ်ပြီး UWSA ဘယ်ခြေလှမ်းကို ဆက်လှမ်းမလဲ” ဟူသော သတင်းရှည်ကြီးတွင် မိမိတို့ “ဝ”လူမျိုးများ၏ စည်းလုံးညီညွတ်စွာဖြင့်ဖွဲ့စည်းထားသော “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA အား မမှန်ကန်သည့်အမည်ဖြစ်သော “ဝ သူပုန်” ဟုရေးသား ထားခြင်းအား မိမိတို့မှ ယနေ့နံက်တွင် ကန့်ကွက်သဖြင့် “ဝ သူပုန်”ဟူသော အသုံးအနုန်းအား ပထမစာပိုဒ်များတွင် ပြင်ဆင်ပြီး ဖြစ်သော်လည်းအောက်ဆုံးစာပိုဒ်တွင် ပြင်ဆင်ခြင်း မရှိသေးသည်ကို တွေ့ရှိရသည်။
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် နိုင်ငံရေး စစ်ရေးအင်အားအလွန်ကြီးမားသည့် ဗမာပြည် ကွန်မြူနစ်ပါတီ CPB အား ၁၉၈၉ ခုနှစ်တွင် ငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ်ချက်ဖြင့် “ဝ” နယ်မြေပေါ်မှထွက်ခွာစေခဲ့ပြီးနောက် ၁၉၉၄-၁၉၉၅ တွင် ဘိန်းဘုရင်ခွန်ဆာ ခေါင်းဆောင်သည့် MTA ဘိန်းမှောင်ခို ရှမ်းတပ်ဖွဲအား မြန်မာ့တပ်မတော်နှင့်လက်တွဲပြီး တွန်းလှန်တိုက်ခိုက်ကာ နိုင်ငံတော်အစိုးရထံအပြီးတိုင်လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ကာလက်နက်ချစေရန် စွမ်းဆောင်ခဲ့သော သာဓကများ အထင်အရှားရှိပါသည်။
ငြိမ်းချမ်းရေးအလံအား ကိုင်စွဲကာ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တိုင်းရင်းသားလူမျိုးအားလုံးအား ချစ်ကြည်စွာ ဆက်ဆံနေသော လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပါသည်။
မိမိတို့ “ဝ” လူမျိုးများသည် နှစ်ပေါင်း ၃၀ ကျော်ငြိမ်းချမ်းရေး ခရီးစဉ်တလျှောက်အတွင်းတွင် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ၏ ပေါ်လစီ ချမှတ်မှု မူဘောင်များအရ ဝပြည်နယ် အခြေခံဥပဒေ စမ်းသပ်ချက်- ၂၀၀၃ နှင့် “ဝ”ပြည်နယ် ပြည်သူ့အစိုးရအဖွဲ့၏ လမ်းညွှန်မှုအောက်တွင် “ဝ”လူမျိုးများနှင့် “ဝ”ပြည်နယ်အား ကာကွယ်နိုင်ရန်အတွက် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အား ခေတ်မှီပြီး စစ်စည်းကမ်းပြည့်ဝစွာဖြင့် စံနစ် တကျ ဖွဲ့စည်းထားသော Standard Army တပ်မတော် ဖြစ်ပါသည်။ ဝ သူပုန် တပ်ဖွဲ့မဟုတ်ပါ။
(၂) ထို့အတူ ယနေ့ ၉ ရက်၊ ၃ လ၊ ၂၀၂၀ ခုနှစ်နေ့စွဲဖြင့် ဧရာဝတီသတင်းဌာန အင်္ဂလိပ်ဘာသာ “Shadowy Drug Lord Wei Hsueh-kang’s Influence Still Felt in Myanmar’s Wa Region and Beyond ” “ဘိန်းဘုရင် ဝေရှောက်ကန်း၏ အရိပ်ကျရောက်နေဆဲ “ဝ” ပြည်နယ်” ဟူသောခေါင်းစဉ်ဖြင့် “ဝ”ပြည်နယ်အား မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသဖွယ် အများပြည်သူထင်မှားစေရန် ရေးသားထားသည်ကိုလည်း စိတ်မချမ်းမြေ့ဘွယ်ရာဖတ်ရှုရပါသည်။
အလားတူ UWSA အနေဖြင့် အရပ်ဘက်သုံးရဟတ်ယာဉ်ဝယ်ယူခြင်း နှင့်ပတ်သက်၍လည်း ဝေဖန်မှုများရေးသားခြင်းနှင့်အတူ စစ်ဘက်ဆိုင်ရာသုံး ရဟတ်ယာဉ်များ ဝယ်ယူထားရှိသည်ဟုလည်း ဧရာဝတီသတင်းဌာန၏ မမှန်သတင်းရေးသားမှုများသည် ရိုးသားသော စာဖတ်သူများအား အဆိပ်အတောက်ဖြစ်စေပါသည်။
၂၀၁၉-၂၀၂၀ နှစ်များအတွင်း အလွန်ပမာဏကြီးမားသော ဘိန်းနှင့် အခြားဆက်စပ် မူးယစ်ဆေးဝါးများ ချက်လုပ်ရောင်းမှုများအားလုံး၏ ဗဟိုချက်သည် “ဝ”ပြည်နယ်အတွင်း လုံးဝမရှိဘဲ ပြည်သူ့စစ်နှင့် အခြားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာဒေသများမှ ဖမ်းဆီးရမိမှုများကသက်သေပြနေခြင်းအားဖြင့် “ဝ”ပြည်နယ်သည် လုံးဝ မူးယစ်ဆေးဝါးကင်းစင်ကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ကမ္ဘာမှ လက်ခံလာသည် အထိ ကြိုးပမ်းဆောင်ရွက်နေကြောင်း အလွန်ထင်ရှားလှပါသည်။
“ဝ”ပြည်နယ် ပြည်သူ့အစိုးရသည် ၂၀၀၅ ခုနှစ်မှစ၍ ဘိန်း စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် အခြားဆက်စပ်မူးယစ်ဆေးဝါး
ထုတ်လုပ်မှုများအား အပြီးတိုင် ဖျက်သိမ်းပြီးကြောင်း ကမ္ဘာသိကြေငြာကာ လက်တွေ့ပြသနိုင်ခဲ့ပြီးဖြစ်ပါသည်။
မိမိတို့ “ဝ”ပြည်နယ်သည် ဒေသခံပြည်သူလူထုစားနပ်ရိက္ခာ ဖူလုံရေးနှင့် ဝင်ငွေရရှိရေးအတွက် ဘိန်းအစားထိုးသီးနှံများအနေဖြင့် စပါး၊ ပြောင်း၊ လက်ဘက်၊ ဝါဂွမ်း၊ ကျောက်ထင်းရှူးပင်၊ ရော်ဘာပင်နှင့် အခြားသစ်သီးဝလံမျိုးစုံများစိုက်ပျိုးခြင်း ကျွဲ၊နွား၊ ဝက်၊ဆိတ်အစရှိသည့် တိရိစ္ဆာန်မွေးမြူခြင်းတို့အပြင် “ဝ”ပြည်တွင် ရွှေ၊ ငွေ၊ ဝူဖရမ်၊ တန်စတင်၊ သဲမဲ၊ မြေရှား rare earth နှင့် ခဲ အစရှိသော တန်ဖိုးကြီးမြေအောက် သဘာဝ သယံဇာတသတ္တုများစွာ ထွက်ရှိပြီး သတ္တုသန့်စင်ကုန်ချောပြုလုပ်နိုင်သော စက်ရုံများစွာ လည်ပတ်လျက် ရှိပါသည်။
(၃) “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ခေတ်မှီလက်နက်တပ်ဆင်မှုများအား ဧရာဝတီ သတင်း ဌာန မှအကဲဖြတိ ဝေဖန်ရေးသားခြင်းသည် လုံးဝ လက်တွေ့ မကျပါ။ “ဝ” ပြည်နယ်သည် မိမိလူမျိုးနှင့် မိမိပိုင်နက်အား လုံခြုံငြိမ်းချမ်းစေရန်အတွက် ရည်ရွယ်ပြီး ခေတ်မှီလက်နက် များတပ်ဆင်နေခြင်းဖြစ်ပါသည်။ မည်သူ့ကိုမှကျူးကျော်လိုစိတ်မရှိပါ။
ထို့အတူ အခြား လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့တွင် သုံးစွဲနေသော လက်နက်ခဲယမ်းများသည် (FN-6 မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်) အပါအဝင် လက်နက်မျိုးစုံတို့သည် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်များမှ လက်နက်မှောင်ခို ဈေးကွက်နှင့် အခြားသောနည်းလမ်းမျိုးစုံဖြင့်ဝယ်ယူတိုက်ခိုက်ကြခြင်း ဖြစ်ပါသည်။ အဆိုပါကိစ္စများသည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP အဖွဲ့တို့နှင့် လုံးဝမသက်ဆိုင်ပါ။
(၄) ဧရာဝတီသတင်းဌာန အပါအဝင် အခြားပြည်တွင်း ပြည်ပသတင်းဌာနများမှ “ဝ”ပြည်အကြောင်းသေချာစွာလေ့လာခြင်းမပြုဘဲ မီဒီယာကျင့်ဝတ်နှင့် မလျော်ညီစွာ မမှန်ကန် သော သတင်းများ ရေးသားနေခြင်းအား ဆက်လက် မပြုလုပ် ရန် အသိပေးလိုက်သည့်အပြင် “ဝ” ပြည် “ဝ” လူမျိုးတို့နှင့် သက်ဆိုင်သော “ဝ” အမျိုးသားရေး၊ ပုဂ္ဂိုလ်ရေးများစစ်ဘက်၊ နယ်ဘက်ဆိုင်ရာ သတင်းများရေးသားလိုလျင် သက်ဆိုင်ရာ “ဝ” ပြည်နယ် ပြင်ပဆက်ဆံရေးရုံးများသို့ ဆက်သွယ်သတင်း ရယူပြီးမှသာရေးသားကြပါရန် အကြံပြုအပ်ပါသည်။
ယုံကြည်သောရဲဘော်စိတ်ဓာတ်ဖြင့်
You may also like these stories:
ရဟတ်ယာဉ်ဝယ်ပြီး UWSA ဘယ်ခြေလှမ်းကို ဆက်လှမ်းမလဲ