• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ရွှေ့ပြောင်းအလုပ်သမားတွေ အိမ်ပြန်လာကြတဲ့အခါ

by ထူးချစ်
24 March 2020
in သူ့အတွေး သူ့အမြင်
A A
မဲဆောက်ဘက်ကမ်းမှ မြဝတီဘက်ကမ်း ကူးကြမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ / ကျော်‌ခ

မဲဆောက်ဘက်ကမ်းမှ မြဝတီဘက်ကမ်း ကူးကြမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ / ကျော်‌ခ

10k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ (Pandemic) ဖြစ်ကြောင်း ကြေညာခဲ့သည့် ကိုရိုနာဗိုင်းရပ် (COVID -19) ဟု လူသိများသော၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ ဖြစ်စေသော ဗိုင်းရပ်သည် လူဦးရေ ၁၁ သန်းကျော်ရှိသော တရုတ်နိုင်ငံ ဘေဂျင်းမြို့ တောင်ဘက် မိုင် ၆၅၀ အကွာရှိ ဝူပာန်မြို့ (Wuhan) တွင် စတင်ဖြစ်ပွားလာခဲ့သည်။

မတ်လ ၂၄ ရက်နေ့အထိ WHO က နောက်ဆုံးထုတ်ပြန်ထားသည့် စာရင်းများအရ နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိ လူဦးရေ လေးသိန်းနီးပါးမျှ ကူးဆက်ခံနေရပြီး တသောင်းခြောက်ထောင်ကျော် သေဆုံးခဲ့ပါသည်။ မိမိတို့မြန်မာရွှေ့ပြောင်း အလုပ်သမားများ အများဆုံးနေထိုင်ရာ ထိုင်းနိုင်ငံတွင်လည်း လူဦးရေ ၇၀၀ ကျော် ကူးစက်ခံခဲ့ရပြီး လူ ၁ ဦး သေဆုံးခဲ့ပါသည်။ အဆိုပါ ကူးစက်ခံခဲ့ရသူများထဲတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦး ပါဝင်ခဲ့သည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြောဆိုထားပါသည်။

RelatedPosts

ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

15 May 2025
1.7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
8.2k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
2.2k

လူနာ တိုးတက်နေသည့်နှုန်းမှာ နေ့စဉ် ၃၃ ရာခိုင်နှုန်း ရှိနေပါသည်။ ထိုနှုန်းအတိုင်းသာ ဆက်တက်နေမည် ဆိုလျှင် ဧပြီ ၁၅ ရက်ခန့်တွင် လူနာ ၃၅၀၀၀၀ ဖြစ်သွားမည်ဖြစ်ပြီး သေဆုံးသူ ၇၀၀၀ ခန့် ရှိသွားမည်ဟု မဟီဒေါတက္ကသိုလ်၊ ဆီရီရာ့ချ် ဆေးရုံက ပါမောက္ခချုပ် ဒေါက်တာပရာဆစ် ဝတ္တနာပါ (Dr Prasit Watanapa) က ပြောပါသည်။ မိမိတို့၏ နေအိမ်များတွင်သာ နေကြဖို့ ထိုင်းပြည်သူများကို တိုက်တွန်းထားပါသည်။

ဖျားနာသူ လူနာပေါင်း ၁၇၀၀၀ ကျော်ခဲ့ပါက ထိုင်းနိုင်ငံအနေနှင့် ဝန်ဆောင်မှု (ကုသပေးနိုင်မှု) မရှိ ဟုလည်း ပြောဆိုလိုက်ပါသည်။

“အီတလီလို အခြေအနေ ဖြစ်သွားမယ်။ ဒါဆိုရင် ဘယ်သူ့ကို ဆေးကုရပါ့ဆိုတာမျိုး ဆုံးဖြတ်နေရလိမ့်မယ်။ ဒီလို အခြေအနေ မဖြစ်စေချင်ပါဘူး” ဟု ဒေါက်တာ ပရာဆစ်က ပြောပါသည်။

ကိုရိုနာဗိုင်းရပ်နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ပိုး အများဆုံးတွေ့ရှိခဲ့သည့် ကူးစက်မှုခံခဲ့ရသော လူနာများမှာ အဓိကအားဖြင့် လူအများစုဝေးခဲ့ကြသည့် လက်ဝှေ့ပွဲ သွားရောက်ကြည့်ရှုခဲ့သူများ၊ လက်ဝှေ့သမားများနှင့် ထိစပ်သူများ (ဒိုင်လူကြီးများ၊ လက်ဝှေ့သမားများအား ကူညီသူများ၊ စားသောက်ဆိုင်များနှင့် ဖျော်ဖြေရေး လုပ်ငန်းများတွင် လုပ်ကိုင်သူများ၊ ဘာသာရေး အခမ်းအနား တက်ရောက်ခဲ့သူများနှင့် နိုင်ငံခြား တိုင်းပြည်များမှ ပြန်လာခဲ့သူများ ဖြစ်သည်ဟု ထိုင်းအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြု ပြောဆိုထားပါသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများနှင့် စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်လျှက်ရှိရာ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေနှင့် ကူးစက်ခံရနိုင်မှုရှိသည့် နေရာများတွင် လုပ်ကိုင်နေကြရပါသည်။ ရောဂါပိုး ကူးစက်ခံနေရသူ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးအနက်တဦးမှာ ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းတွင် လုပ်ကိုင်နေသူ အမျိုးသမီးဖြစ်သည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါသည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် နောက်ဆက်တွဲပြဿနာများ

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ပိုး စတင်တွေ့ခဲ့သည့် အချိန်ကတည်းက တရုတ်နိုင်ငံ၏ ကုန်ကြမ်းပစ္စည်းများကို မှီခိုလုပ်ကိုင်နေရသည့် ထိုင်းနိုင်ငံအတွင်းရှိ စက်ရုံအလုပ်ရုံများ အနေဖြင့် ၎င်းတို့၏ အလုပ်သမားများအား အလုပ်ချိန်လျှော့ခြင်းနှင့် အလုပ်မှ ထုတ်ပစ်ခြင်းများကို စတင်လုပ်ဆောင်နေ၏။ တချို့အလုပ်သမားများမှာ ထိုက်သင့်သည့် လျှော်ကြေးငွေမရဘဲ၊ အလုပ်ဖြုတ်ခံနေရတာတွေလည်း ရှိနေ၏။

“ကျနော်တို့ကို သူဌေးက အလုပ်ထုတ်လိုက်ပြီ၊ ကျနော်တို့က MOU (နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ) နဲ့ လာကြတာပါ။ အလုပ်ပြန်ဖွင့်ရင် ပြန်ပြီး အကြောင်းကြားပါမယ်လို့ ပြောပါတယ်” ဟု ဘန်ကောက်မြို့ ကြွေပြားစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော ကိုမျိုးအောင်က ပြောပြပါသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ ခေါင်လတ်ကမ်းခြေ ဟိုတယ်တွင် အလုပ်လုပ်ကိုင်နေသည့် ကိုစုကမ်းကလည်း “ကျနော်တို့ကို သူဌေးက ပုံမှန်လစာပေးပြီး အလုပ်က နားခိုင်းပါတယ်။ ကျနော်တို့ကို ပုံမှန် ပေးနေကျ၊ ဝန်ဆောင်ခ မပေးဘူး’’ ဟု ပြောသည်။ တချိန်တည်းမှာပဲ ၎င်းတို့အနေနှင့် လူမှုဖူလုံရေးအာမခံမှ မည်သည့် အကျိုးကျေးဇူး၊ အခွင့်အရေးများ ရှိနိုင်မလဲဟု ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကို ဆက်သွယ်မေးမြန်းလာသည်။

ယခုဆိုလျှင် တချို့ အလုပ်သမားများ အဖြုတ်ခံနေရပါသည်။ တချို့လုပ်ငန်းများတွင် အလုပ်များ လျှော့နေပြီ ဖြစ်သည်။ ဥပမာ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ပုံမှန် ရက်သတ္တပတ်တွင် ၆ ရက်ခန့် လုပ်ကိုင်နေရသော်လည်း ယခုအချိန်တွင် ၃-၄ ရက်ခန့်သာ လုပ်ကိုင်နေရကာ တချို့စားသောက်ဆိုင်များ၊ တည်းခိုခန်းများကိုလည်း ယခင်နှစ်များက ပိတ်သည့်အချိန် မဟုတ်ဘဲ၊ ပိတ်လိုက်သည်ကို တွေ့ရှိနေရပါသည်။

တချို့ အလုပ်သမားများ အနေဖြင့် ထိုက်သင့်သည့် လျှော်ကြေးငွေမရဘဲ၊ အလုပ်ဖြုတ်ခံရခြင်း၊ အလုပ်မှ ခေတ္တခဏနားနေရခြင်းများနှင့် ကြုံတွေ့ နေကြရသည့်အပြင် ထိုင်းအစိုးရက ကြေငြာထားသည့် မတ်လ ၃၀ ရက်နေ့နောက်ဆုံး လုပ်ရမည့် နိုင်ငံကူးလက်မှတ်များ ပြန်လည်သက်တမ်းတိုးရမည့် ကိစ္စများကြောင့်လည်း ငွေကြေး လိုအပ်လျက် ရှိပါသည်။

မတ်လ ၂၃ ရက်နေ့က၊ နိုင်ငံခြားတိုင်းပြည်များ (အမေရိကန်နှင့် ဗြိတိန်) နိုင်ငံတို့မှ ပြန်ဝင်လာသူ မြန်မာနိုင်ငံသား အမျိုူးသား ၂ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပထမဦးဆုံးအနေဖြင့် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ထိုင်းအစိုးရ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေး ဌာနခွဲမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Taweesil Witsanuayotin က ၎င်းတို့၏ နိုင်ငံသားများကို အရေးပေါ် မလိုအပ်ပါက၊ အိမ်ပြင်သို့ မထွက်ကြရန် နှိုးဆော်ထားပါသည်။ တချိန်တည်းမှာပင် ထိုင်းနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများကိုလည်း နေရင်းနိုင်ငံများသို့ မပြန်ကြသေးရန် မေတ္တာရပ်ခံထားပါသည်။

ထိုင်း-မြန်နယ်စပ်ဂိတ်များ မတ်လ ၂၂ ရက်နေ့တွင် တရားဝင်ပိတ်လိုက်သည့်အတွက်၊ မြန်မာပြည်တွင်းသို့ ပြန်လိုသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများသည် တရားမဝင်လမ်းကြောင်းများမှ နည်းမျိုးစုံဖြင့် ဝင်ရောက်နေသည်ကိုလည်း တွေ့နေရပါသည်။

မတ်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် ကလေး ၂ ဦးအပါအဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၈ ဦး တရားမဝင်ဖြတ်ကူးသည်ကို ကြားသိခဲ့ ရသည့်အတွက် မြန်မာဘက်ခြမ်း၊ ကော့သောင်းမြို့မှ တာဝန်ရှိသူများက လိုအပ်သည်များကို စစ်ဆေးပေးခဲ့ရပါသည်။

ထို့အပြင် မဲဆောက်မြို့မှ မြဝတီ (မြန်မာ) ဘက်ခြင်းသို့ တရားမဝင် ဖြတ်ကူးနေကြသည်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ ရသည့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများ ပညာရေး လုပ်ငန်းများကို ဆောင်ရွက်နေသူ BEAM Education Foundation မှ ဒါရိုက်တာ ဦးကျော်ကျော်မင်းထွတ်က “ကိုရိုနာဗိုင်းရပ်ကြောင့် နယ်စပ်တွေအပိတ်မှာ အိမ်ပြန်ကြတဲ့ မြန်မာလုပ်သားတွေ အများကြီး ရှိပါတယ်။ နေရပ်ပြန်ရာမှာ အများအတွက်ကော၊ မိမိအတွက်ပါ လုံခြုံစိတ်ချရမှုရှိဖို့ သတိများစွာထားပြီး စောင့်ထိန်းဖို့လိုပါတယ်။ ဒီနေ့ညနေ မဲဆောက်-မြဝတီ အကြား နယ်စပ်မြစ်ကို ကျန်းမာရေးထိန်းချုပ် စောင့်ရှောက်မှုမရှိ ဖြတ်ကူးနေကြတာ တွေ့ရပါတယ်။ အိမ်ပြန်ချင်သူတွေ အတွက် ပြန်နိုင်ခွင့်ရှိရမှာဖြစ်သလို၊ နေရပ်ပြန်သူတွေလည်း ကျန်းမာရေးအတွက် စိတ်ချလုံခြုံဖို့လိုပါတယ်။ နယ်စပ်တလျှောက် ကျန်းမာရေး စောင့်ရှောက်ကွပ်ကဲ ကူညီဖို့ အင်အားများစွာ ဖြည့်တင်းဖို့ လိုအပ်နေပါတယ်” ဟု ပြောပါသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရများ အနေဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို မိမိတို့ နေရပ်တိုင်းပြည်သို့ မပြန်ဖို့ မေတ္တာရပ်ခံနေပါသည်။ သို့သော်လည်း အလုပ်ပြုတ်ပြီး ထိုင်းတွင် ဆက်နေမည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ဘာတွေကူညီပေးမည်၊ ထိုင်းအစိုးရထံတွင် လူမှုဖူလုံရေးကတ်ပြား လုပ်ထားသည့် အလုပ်သမားများအတွက် ရသင့်ရထိုက်သည့် အခွင့်အရေးများကို ရရှိအောင် စီစဉ်ပေးမည် စသည့် စနစ်တကျ ပြင်ဆင်ထားခြင်းများကိုမူ မတွေ့ရသေးပါ။

ရွှေ့ပြောင်း အလုပ်သမားများ လုပ်စာနှင့် အသက်ဆက်နေရသည့် မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ ကိုရိုနာဗိုင်းရပ် ရောဂါ၊ အရေးပေါ်အခြေအနေတွင် ၎င်းအလုပ်သမားများကို မည်သို့ စနစ်တကျ ကူညီပေးမည်ဟု တိတိကျကျ ကြေညာသင့်ပါသည်။ သက်ဆိုင်ရာအစိုးရများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိင်ငံတကာအဖွဲ့အစည်းများနှင့်လည်း စနစ်တကျ တိုင်ပင်ညှိနှိုင်းသင့်ပါသည်။ သက်ဆိုင်ရာ လုပ်ငန်းသဘာဝအရ တာဝန်ခွဲဝေမှုများ လုပ်ထားသင့်ပါပြီ။

ပိုပြီး အရေးကြီးသည်က တချို့သော မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် တရားမဝင် လမ်းကြောင်းများမှ ခိုးဝင်နေခြင်းကိုလည်း စနစ်တကျ စောင့်ကြည့် စစ်ဆေးဖို့ လိုပါသည်။ လိုအပ်ပါက ထိုင်းအစိုးရနှင့် စနစ်တကျညှှိနှိုင်းပြီး နယ်စပ်ဂိတ်များကို စနစ်တကျဖွင့်ကာ လက်ခံဖို့ (သို့တည်းမဟုတ်) မြန်မာရွှေ့ပြောင်း အလုပ်သမားများ မပြန်ကြဖို့ စည်းရုံး ပြောဆိုသင့်ပါသည်။

ကိုရိုနာဗိုင်းရပ်ရောဂါကို တရားလွန် အကြောက်မလွန်သင့်သလို၊ လုံးဝပေါ့၍လည်း မဖြစ်ပါ။ ရွှေ့ပြောင်း အလုပ်သမားများ ဆိုသည်မှာ လူစုလူဝေးနှင့် နေရသူများဖြစ်ပြီး ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများတွင်လည်း လုပ်ကိုင်နေရသလို၊ ကျန်းမာရေး ဗဟုသုတလည်း နည်းကြပါသည်။ ၎င်းတို့ အနေဖြင့် ကူးစက်ခံရဖို့ လွယ်ကူနိုင်ပါသည်။

တချို့ နိုင်ငံခေါင်းဆောင်များ၊ မိသားစုဝင်များနှင့် ဆေးပညာရှင်များပါ ကူးစက်ခံနေရသည့် ရောဂါဖြစ်ပါသည်။ ကူးစက်ခံထားရသည့် အလုပ်သမားများ (သို့မဟုတ်) အကြောင်း အမျိုးမျိုးကြောင့် မြန်မာပြည်ပြန်လာမည့် အလုပ်သမားများကို အစိုးရအနေဖြင့် နွေးနွေးထွေးထွေး ကြိုဆိုသင့်ပြီး လိုအပ်သည်များကို ကူညီပေးဖို့ စနစ်တကျ ပြင်ဆင်ထားသင့်ပါသည်။ ပိုပြီးအရေးကြီးသည်က အကြောင်းအမျိုးမျိုးကြောင့် ပြည်တော်ပြန်လာသည့် အလုပ်သမားများကို ခွဲခြားဆက်ဆံမှုများ မလုပ်မိဖို့လည်း အရေးကြီးပါသည်။

တချိန်တည်းတွင် နိုင်ငံတကာရောက်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် မိမိတို့ ရောက်နေသည့် နိုင်ငံတွင်သာ ခေတ္တခဏ စောင့်ကြည့်နေထိုင်သင့်ပါသည်။ အကယ်၍ မဖြစ်မနေပြန်လာချင်သော အလုပ်သမားများသည်လည်း တရားဝင်နည်းလမ်းများနှင့်သာ ပြန်လာသင့်ပါသည် (တချို့သော ထိုင်းက အလုပ်သမားများမှာ တရားမဝင်နည်းလမ်းဖြင့် ပြန်နေကြပါသည်)။

မြန်မာပြည်ပြန်ရောက်သည့်အခါ သက်ဆိုင်ရာက သတ်မှတ်ထားသည့်အတိုင်း လမ်းညွှန်မှု ခံယူသင့်ပါသည်။ မိမိတယောက်အတွက် မိမိ မိသားစု၊ မိမိလူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်အောင် မလုပ်မိကြဖို့လည်း လိုအပ်မည်ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါသည်။

မြန်မာနိုင်ငံသားတိုင်း “ကိုရိုနာဗိုင်းရပ် (COVID-19) မှ ကင်းဝေးကြပါစေ။

(ထူးချစ်သည် ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသော ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ) အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်)

You may also like these stories:

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းလူမူဖူလုံရေး အကျိုးခံစားရနိုင်သည်

နယ်စပ်ဖြတ် ပြန်လာသူများ အိမ်ပြန်ပို့ပြီး ၁၄ ရက် စောင့်ကြည့်မည်

ရပ်ရွာတွေမှာ လူထုအားကိုယူပြီး စောင့်ကြည့် သတင်းပေးတဲ့စနစ် လုပ်နေတယ်

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်ထိုင်းနိုင်ငံမြန်မာရွှေ့ပြောင်း အလုပ်သမားအခြေအနေ
ထူးချစ်

ထူးချစ်

Contributor

Similar Picks:

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
13.6k

အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေ ကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

by ဧရာဝတီ
18 July 2023
6.5k

လူသတ်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သူမှာ အသက် ၄၄ နှစ်အရွယ် ထိုင်းနိုင်ငံသား ဖြစ်ပြီး ရာဘာခြံချင်း နီးစပ်သူဖြစ်ကြောင်း သိရသည်။

ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ

ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ

by ဧရာဝတီ
17 July 2023
4.1k

"Move Forward ပါတီက ကိုယ်စားလှယ်အားလုံးဟာ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်လောင်းတွေကို ထောက်ခံဖို့ အသင့်ရှိတယ်"

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

by ဧရာဝတီ
14 September 2023
3.3k

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာလုပ်သားအား ဆေး မကုပေးဘဲ လမ်းဘေးရေမြောင်းအတွင်း စွန့်ပစ်ခဲ့ရာ သေဆုံးသွားသဖြင့် အလုပ်ရှင်ကို ဖမ်းဆီး၍ လူသတ်မှုဖြင့် အမှုဖွင့်

ထိုင်း၌ ကန့်သတ်လုပ်ငန်း လုပ်ကိုင်၍ မြန်မာ ၃၀၀ ကျော် ဖမ်းဆီးခံရ

ထိုင်း၌ ကန့်သတ်လုပ်ငန်း လုပ်ကိုင်၍ မြန်မာ ၃၀၀ ကျော် ဖမ်းဆီးခံရ

by ဧရာဝတီ
23 March 2024
3.1k

ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းအစိုးရ ကန့်သတ်ထားသည့် အလုပ်များကို ဘန်ကောက်နှင့် အနီးတဝိုက်နေရာများ၊ ဖူးခက်၊ ကော့စမွေ၊ ပတ္တရားနှင့် ချင်းမိုင်ကဲ့သို့ ခရီးသွားလုပ်ငန်းနေရာများ၌ အများဆုံး လုပ်ကိုင်နေသည်ကို တွေ့ရကြောင်း

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ  တောင်းဆို

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

by ဧရာဝတီ
8 August 2023
2.8k

ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌသစ်ထံသို့ ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၇ ခုက စာပို့ တောင်းဆိုလိုက်သည်။

Next Post
မြန်မာနိုင်ငံ ဗဟိုဘဏ် / ဧရာဝတီ

ဗဟိုဘဏ် အတိုးနှုန်း ဒုတိယအကြိမ် ထပ်မံ လျှော့ချ

ကျန်းမာရေး ဂရုစိုက်

ကျန်းမာရေး ဂရုစိုက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate