ညှဉ်းပန်းနှိပ်စက်မူဆန့်ကျင်ရေး နိုင်ငံတကာသဘောတူညီချက် မြန်မာ လက်မှတ်ထိုးဖို့ လိုနေသည်

ဘိုကြည်
ညှဉ်းပန်းနှိပ်စက်မူနှင့် အခြားရက်စက်၍ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာ ကျဆင်းစေသော ဆက်ဆံမူ သို့မဟုတ် ပြစ်ဒဏ်ပေးမူဆန့်ကျင်ရေး နိုင်ငံတကာသဘောတူစာချုပ်ကို မြန်မာက လက်မှတ်ထိုးရန် လိုအပ်လာပြီ 
Want create site? Find Free WordPress Themes and plugins.

သင်္ဘောတစီးပေါ်တွင် တပ်မတော်သားများက အရပ်ဝတ်ဖြင့် ရခိုင်အမျိုးသား ၅ ဦးကို ကြိုးတုပ် ရိုက်နှက်နေသည့် ရုပ်သံမှတ်တမ်းတခု လူမှုကွန်ရက်တွင် ပျံ့ နှံ့ခဲ့ပြီးနောက် တပ်မတော်က စိစစ်ခဲ့ရာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ပါဝင်ခဲ့သူများကို အရေးယူမည် ဖြစ်ကြောင်း ဖတ်ရှုလိုက်ရသည့်အခါ ညှဉ်းပန်းနှိပ်စက်မူနှင့် အခြားရက်စက်၍ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာ ကျဆင်းစေသော ဆက်ဆံမူ သို့မဟုတ် ပြစ်ဒဏ်ပေးမူဆန့်ကျင်ရေး နိုင်ငံတကာသဘောတူစာချုပ် United Nations Convention against Torture-UNCAT ကို မြန်မာက လက်မှတ်ထိုးရန် လိုအပ်လာပြီဟု ဆိုချင်သည်။

ညှဉ်းပန်းနှိပ်စက်မူများသည် မြန်မာနိုင်ငံတွင်သာမက ပဋိပက္ခဖြစ်ပွားရာ အခြားနိုင်ငံများတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်။ ထိုသို့ ညှဉ်းပန်းနှိပ်စက်မူများကို ကျူးလွန်သူများမှာလည်း ယေဘူယျအားဖြင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များ၊ နိုင်ငံ့တပ်မတော်များ နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ အခြားသော အာဏာရှိသူများဖြစ်လေ့ရှိပါသည်။ ထို့ကြောင့်လည်း ကုလသမဂ္ဂမှ ပြည်သူများကို အကာအကွယ်ပေးရန်နှင့် အစိုးရများလိုက်နာကျင့်သုံးသင့်သည့် စာချုပ်စာတမ်းများ ကို ထုတ်ပြန်ပြီး အစိုးရများလိုက်နာ ကျင့်သုံးရန် စဉ်ဆက်မပြတ်တိုက်တွန်းမူများပြုလုပ်လေ့ရှိပါသည်။

ထိုစာချုပ်အား အစိုးရမှ လက်မှတ်ရေးထိုးရန်အတွက် ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရလွှတ်တော်သက်တမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို (လက်ရှိမကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်) က အဆိုတင်သွင်းရာ လွှတ်တော်မှ ထောက်ခံအတည်ပြုပေးခဲ့ပြီး အစိုးရကလည်း လက်မှတ်ရေးထိုးမည်ဟု ထုတ်ပြန်ပြောဆိုခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ဦးသိန်းစိန်အစိုးရ အနေဖြင့် သူ့အစိုးရသက်တမ်းကုန်သည်အထိ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ သက်တမ်း ၄ နှစ်ကျော်သည် အထိလည်း လက်မှတ်ရေးထိုးခြင်း မရှိသေးပါ။

ထိုစာချုပ်ကို အစိုးရက ကုလသမဂ္ဂ တွင် လက်မှတ်ရေးထိုး၍ ညှဉ်းပန်းနှိပ်စက်မူကို လျှော့ချပြီး ရေရှည်တွင်ပပျောက်စေရေး အေအေပီပီ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းများမှ အစိုးရ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ နှင့် တပ်မတော်သားကိုယ်စားလှယ်များအား တိုက်တွန်းနေသည်မှာ နှစ်အတော်ကြာနေပေပြီ။ သို့သော်လည်း ယနေ့ထက်တိုင် ထိုစာချုပ်ကို လက်မှတ်မထိုးသေးသည့်အပြင် ညှဉ်းပန်းနှိပ်စက်မူများမှာလည်း ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ ထိုစာချုပ်မှ အချက်များသည် ပြည်သူတဦိးချင်းကို ကာကွယ်ရာရောက်ပြီး တရားဥပဒေစိုးမိုးရေးအဖွဲ့များ အတွက် သံသယဖြင့်ဖမ်းပြီး ညှဉ်းပန်းနှိပ်စက်မူများ ပြုလုပ်ခြင်းများကို လျော့ပါးသွားအောင် ပြုနိုင်ပေမည်။ ထိုစာချုပ်ထဲမှအချက်များသည် ပြည်သူများအတွက် ကောင်းမကောင်းနှင့် ပြည်သူများကို ကာကွယ်ရာ ရောက်မရောက်ချင့်ချိန်နိုင်ရန် အောက်တွင် အချက်အချို့ကို ဖော်ပြထားပေးပါသည်။

အပိုဒ် ၂။

၁။ စာချုပ်အဖွဲ့ဝင်နိုင်ငံတိုင်းသည် ၎င်း၏စီရင်ပိုင်ခွင့်အောက်ရှိ မည်သည့်နေရာဒေသတွင်မဆို ညှဉ်းပန်းနှိပ်စက်ခြင်းကို ကာကွယ်တားဆီးရန် ထိရောက်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး သို့မဟုတ် အခြားသော အစီအမံများ ထားရှိဆောင်ရွက်ရမည်။

၂။ စစ်မက်ဖြစ်ပွားနေမူကြောင့် ဖြစ်စေ သို့မဟုတ် စစ်မက်ဖြစ်နိုင်သည့် ခြိမ်းခြောက်မူကြောင့်ဖြစ်စေ သို့မဟုတ် ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မူကြောင့် ဖြစ်စေ သို့မဟုတ် အခြားအရေးပေါ်အခြေအနေ တရပ်ရပ်တွင်ဖြစ်စေ မည်သည့်အခြေအနေမျိုးတွင်မှ ညှဉ်းပန်းနှိပ်စက်မူကို မကျင့်သုံးရ။

၃။ အထက်အမိန့်အရ သို့မဟုတ် တာဝန်ရှိသူတဦး၏ ညွှန်ကြားချက်ဟု အကြောင်းပြ၍ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုရ။

အပိုဒ် ၁၄။

စာချုပ်အဖွဲ့ဝင်နိုင်ငံတိုင်းသည် ညှဉ်းပန်းနှိပ်စက်ခံရသူအတွက် တရားမျှတမူ ရရှိစေရန်နှင့် ဖြစ်နိုင်သမျှ ပြည့်ဝစွာပြန်လည်ထူထောင်နိုင်ရေး နည်းလမ်းများအပါအဝင် မျှတ၍ လုံလောက်သော လျော်ကြေးငွေ ရရှိခံစားနိုင်ရေးတို့အတွက် ၎င်း၏ တရားရေးစနစ်တွင် မဖြစ်မနေ ထည့်သွင်းရေးဆွဲထားရမည်။ ညှဉ်းပန်းနှိပ်စက်မူကြောင့် ထိုသူသေဆုံးခဲ့လျှင် ၎င်း၏ မိသားစုဝင်များအား လျော်ကြေးခံစားခွင့်ပေးရမည်။

ထိုသို့ ကုလသမဂ္ဂမှ တရားဝင်စာချုပ်များကို လက်မှတ်ရေးထိုးခြင်းဖြင့် နိုင်ငံတကာစွက်ဖက်မူ ပိုကြီးလာမည်ကို စိုးရိမ်မူများလည်း ရှိနေသည် ဆိုသည့် မလိုလားအပ်သော စိုးရိမ်မူ ရှိနေကြောင်းလည်း ကြားသိရပါသည်။ ထို့အပြင် ညှင်းပန်းနှိပ်စက်မူ မပြုလုပ်ပါက တရားခံမပေါ်ဟူသော အယူအဆကလည်း ယခုဖော်ပြပါ စာချုပ်ကို လက်မှတ်ရေးထိုးရန် တွန့်ဆုတ့်နေခြင်းလည်း ဖြစ်နိုင်ပါသည်။ ထိုသို့နှစ်ပေါင်းများစွာပြုလုပ်နေခြင်းများကြောင့် ယနေ့အချိန်ထိလည်း မြန်မာနိုင်ငံအား လူ့အခွင့်အရေးချိုးဖောက်မူ ကြီးမားစွာချိုးဖောက်သော နိုင်ငံအဖြစ်သတ်မှတ်ပြီး နိုင်ငံတကာမှ စောင့်ကြည့်နေချိန်လည်း ဖြစ်သည်။ ဤသဘောတူစာချုပ်တွင် ပါရှိသော နူန်းစံများကို လက်ခံခြင်းသည် အစိုးရအနေဖြင့် လူ့အခွင့်အရေးကို အထူးအလေးထားကြောင်း ယုံကြည်မူ ရရှိစေခြင်းအပြင် ပြည်သူများ၏ပူးပေါင်းဆောင်ရွက်မူကိုလည်း ရရှိနိုင်မည် ဖြစ်သည်။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ရန်အတွက် များစွာအထောက်အကူဖြစ်မည်ဖြစ်ပြီး ဒီမိုကရေစီရေး၊ လုံခြုံရေးကိုလည်းကောင်းစွာဖြစ်ထွန်းစေမည်ဖြစ်သည်။

UNCAT သည် ကျူးလွန်သူများအား ဟန့်တားနိုင်ရေးအတွက် ဥပဒေကြောင်းအရ အထောက်အကူများ ပြင်ဆင်ပံ့ပိုးမူပါဝင်ပါသည်။ ထို့အပြင် ကျူးလွန်ခံရသူများအတွက် လုံလောက်မျှတသည့် အစားထိုးပြင်ဆင်မူများ၊ ကုစားမူများ ရရှိလာရန်လည်း အထောက်အကူပြုထားပါသည်။ အချုပ်အားဖြင့် UNCAT ကို လက်မှတ်ထိုး၊ လိုက်နာခြင်းအားဖြင့် ညှဉ်းပန်းနှိပ်စက်မူနှင့် အခြားရက်စက်၍ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာ ကျဆင်းစေသော ဆက်ဆံပြုမူများ ဟန့်တားနိုင်ရေးအတွက် ထိရောက်၍ အရေးပါသော လမ်းညွှန်ချက်များကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ပေသည်။

ယနေ့အချိန်ကာလသည် အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးအတွက် အဖက်ဖက်မှ အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေသော အချိန်ကာလပင်ဖြစ်သည်။ ထိုသို့သော အခြေအနေတွင် ညှင်းပန်းနှိပ်စက်မူများအား ဟန့်တားနိုင်ရန်၊ ကာကွယ်နိုင်ရန် အထူးအားထုတ်ရန် အရေးတကြီး လိုအပ်နေပေသည်။ သို့မှသာ ကျူးလွန်ခံရသူများ၏ဝေဒနာများ၊ အမုန်းများ၊ အငြိုးများကို ကုစားပေးနိုင်မည်သာ ဖြစ်သည်။ ထိုသို့သော ညှင်းပန်းနှိပ်စက်မူများကို ကာကွယ်၊ ကုစားနိုင်ရန် ကုလသမဂ္ဂ ညှင်းပန်းနှိပ်စက်မူဆန့်ကျင်ရေး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးရန် အတွက် မဖြစ်မနေလိုအပ်နေသော ကာလပင်ဖြစ်သည်ဟု တိုက်တွန်းလိုက်ရပါသည်။

(ဘိုကြည်သည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့(AAPP) ၏ တွဲဖက် အတွင်းရေးမှူး ဖြစ်ပါသည်။)

ဆက်စပ်လင့်

တပ်မတော်က ရိုက်နှက်နေသည့် ရုပ်သံထဲမှ လူ ၅ ဦးမှာ ပုဏ္ဏားကျွန်း ဒေသခံများဟုဆို

၁၄ ရက် ကွာရန်တင်းသမားများအတွက် နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ရဲ့ အိတ်ဖွင့်ပေးစာ

နိုင်ငံရေးအကျဉ်းသားဟောင်းများ ထူထောင်ခဲ့တဲ့ AAPP ရဲ့ မပြီးသေးသော ခရီးရှည်

Did you find apk for android? You can find new Free Android Games and apps.
Loading