ဥရောပသမဂ္ဂနှင့်တကွ မြန်မာနိုင်ငံတွင် ရောက်ရှိနေကြသည့် အီးယူအဖွဲ့ဝင်နိုင်ငံများသည် ယခုနှစ်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို မြန်မာပြည်သူများနှင့်အတူ ဂုဏ်ပြုကျင်းပသွားလိုပါသည်။
ထို့အပြင် ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာရေးအတွက် လွန်ခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်း ဖော်ဆောင်မှုများအား အီးယူအဖွဲ့ဝင်နိုင်ငံ အသီးသီးမှ အားပေးထောက်ခံလျက်ရှိကြောင်းကိုလည်း ဤနေ့ထူးနေ့မြတ်တွင် ထပ်လောင်းပြောကြား လိုပါသည်။
ဒီမိုကရေစီစံနှုန်းပြည့်ဝသည့် လူ့အဖွဲ့အစည်းတစ်ခု ထူထောင်ရာတွင် ဒီမိုကရေစီဆန်သည့် အဖွဲ့အစည်းများ ခိုင်မာ အားကောင်းရေး၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်၊ တက်ကြွသည့် အရပ်ဘက်လူမှုအဖွဲ့အစည်း၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ သတင်းအချက်အလက်များ ရယူသုံးစွဲခွင့်နှင့် စာနယ်ဇင်းလွတ်လပ်ခွင့် တို့သည် အလွန်အရေးပါသည့် အခြေခံအုတ်မြစ်များပင်ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးအား အန္တရာယ်များစွာကျရောက်စေခဲ့သည့် ကပ်ရောဂါဆိုးကြီးအား ထိန်းချုပ်ဖြေရှင်းနိုင်ရန် ရဲရဲဝံ့ဝံ့ ကြိုးစားနေဆဲမှာပင် ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လည်း ကြိုးပမ်းလျက်ရှိသည့် မြန်မာနိုင်ငံတွင် နိုင်ငံရေးအရပါဝင်ဆောင်ရွက်ခြင်းနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို အထူးဂရုပြု ထိန်းသိမ်း ကာကွယ်ပေးထားရပါမည်။
ဤရွေးကောက်ပွဲလုပ်ငန်းစဉ်သည် လူမှုအသိုင်းအဝိုင်း အသီးသီး၊ တိုင်းရင်းသားလူမျိုး အသီးသီးနှင့် ယုံကြည်ကိုးကွယ်မှု အသီးသီးတို့မှ အမျိုးသမီးများသာမက အမျိုးသားများ၊ သက်ကြီးရွယ်အိုများသာမက လူငယ်လူရွယ်များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို အားပေးပံ့ပိုးသွားသင့်ပါသည်။
ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်တို့သည် အဓိကကျသည့် ရပိုင်ခွင့်များပင်ဖြစ်သည်။
လူတိုင်းလူတိုင်းသည် မိမိတို့၏ ထင်မြင်ယူဆချက် များကို ပုံမှန်နည်းလမ်းများမှဖြစ်စေ သို့မဟုတ် လူမှုကွန်ရက်များမှဖြစ်စေ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် အများပြည်သူသိရှိစေရန် ထုတ်ဖော်ဆွေးနွေးခွင့်တို့ ရရှိနေကြဖို့လိုပါသည်။
လူတိုင်းလူတိုင်းသည် မိမိတို့၏ ထင်မြင်ယူဆချက် များကို ပုံမှန်နည်းလမ်းများမှဖြစ်စေ သို့မဟုတ် လူမှုကွန်ရက်များမှဖြစ်စေ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် အများပြည်သူသိရှိစေရန် ထုတ်ဖော်ဆွေးနွေးခွင့်တို့ ရရှိနေကြဖို့လိုပါသည်။
မတူကွဲပြားသည့် ရှုထောင့် အသီးသီးမှ ဆွေးနွေးချက်များသည် နိုင်ငံအဝှမ်းရှိ သွားလာရခက်ခဲသည့် ဒေသအသီးသီးမှ မတူညီသော လိုအပ်ချက်များနှင့် စိုးရိမ်ပူပန်မှုများကို ထင်ဟပ်နိုင်ကြသည်ဖြစ်ရာ ထိရောက်သော ငြင်းခုံဆွေးနွေးမှုများသည် ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်တိုင်းအတွက် အခရာကျလှပေသည်။
ဥရောပသမဂ္ဂနှင့်တကွ အဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံ၏ မကြာမီကျရောက်လာတော့မည့် ရွေးကောက်ပွဲ တခုတည်းအတွက်သာမကဘဲ ရေရှည်မိတ်ဖက်များအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ဤနေ့ထူးနေ့မြတ်တွင် ထပ်လောင်းပြောကြားလိုပါသည်။
ထို့အပြင် ဒီမိုကရေစီထူထောင်ရေးနှင့် ငြိမ်းချမ်းမှု တည်ဆောက်နိုင်ရေး ခရီးရှည်ကြီးကိုလည်း မြန်မာပြည်သူများနှင့်အတူ လက်တွဲလျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားလိုပါသည်။
(ဤကြေညာချက်အား မြန်မာနိုင်ငံတွင် ရောက်ရှိနေကြသော ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ (ဥရောပသမဂ္ဂ၊ ချက်ရီပတ်ဘလစ်၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်) မှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ခံများမှ စုပေါင်းလက်မှတ်ရေးထိုးထားကြသည်။)
You may also like these stories:
လက်နက်ကိုင်ဝါဒကြားက နုနယ်တဲ့ ဒီမိုကရေစီကို ထိန်းသိမ်းဖို့လို
လာမယ့်ရွေးကောက်ပွဲမှာ မဲ ပေးမလား မပေးဘူးလား
ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ မဲပေးခွင့် လွယ်ကူရေး အားထုတ်ပေးကြပါ