မြန်မာနိုင်ငံရှိ ဥပဒေဆိုင်ရာ သတင်းအချက်အလက် အထောက်အကူပြု စင်တာများမှ တဆင့် ဥပဒေ ကျောင်းသားများသည် လူ့အဖွဲ့အစည်း ဝင်အချင်းချင်းကြား ဖြစ်ပေါ်သည့် အငြင်းပွားမှုဆိုင်ရာကိစ္စရပ်များ နှင့် ပတ်သတ်၍ လိုအပ်သော ဉပဒေဆိုင်ရာ သတင်းအချက် အလက်များနှင့် ဥပဒေဆိုင်ရာလွှဲပြောင်းပေးခြင်းများကို ကူညီပံ့ပိုး ပေးလျက်ရှိသည်။
အိမ်တွင်းအကြမ်းဖက်မှုမှ အစ အလုပ်သမားအခွင့်အရေး အထိ ကိစ္စရပ်မျိုးစုံအတွက် ဥပဒေဆိုင်ရာ ရွေးချယ်ခွင့်များ၊ အခြား ပံ့ပိုးမှုများနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များကို နွမ်းပါးသူများနှင့် ထိခိုက်လွယ်သူများ အပါအဝင် မည်သူမဆို အား အခမဲ့ ပေးလျက်ရှိပါသည်။
နှစ်ပေါင်း ၅၀ကျော်ကြာ စစ်အုပ်ချုပ်ရေး ကာလအတွင်း တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားသည့် လူ့အခွင့်အရေးဆိုင်ရာ ပညာရပ်အား ပထမဆုံး သင်ကြားခွင့်ရ ခြင်း ဖြစ်သည်။
တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒိန်းမတ်-မြန်မာ အစီအစဉ်၏ အကူအညီဖြင့် ရန်ကုန် အရှေ့ပိုင်းနှင့် ဒဂုံတက္ကသိုလ်တို့ ရှိ ဥပဒေကျောင်းသားများသည် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေဘာသာရပ်အား ၂၀၁၆ ခုနှစ်မှ စတင်သင်ကြားလေ့လာလျက်ရှိသည်။
နှစ်ပေါင်း ၅၀ကျော်ကြာ စစ်အုပ်ချုပ်ရေး ကာလအတွင်း တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားသည့် လူ့အခွင့်အရေးဆိုင်ရာ ပညာရပ်အား ပထမဆုံး သင်ကြားခွင့်ရ ခြင်း ဖြစ်သည်။
ဤအစီအစဉ်၏ အထောက်အပံ့ဖြင့် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၏ ဥပဒေ ဌာနများတွင် ကျောင်းသားများသည် လူ့အခွင့်အရေးပညာရပ်ကို သင်ကြားခွင့် ရရှိလာခဲ့သည်။ တက္ကသိုလ်မှ ဘွဲ့ရကာ ဉပဒေဖြင့် အသက်မွေးဝမ်းကြောင်းပြုသည့် မျိုးဆက်သစ်များ ထွက်ပေါ်လာသည်နှင့်အမျှ လူ့အခွင့်အရေးကို ထည့်သွင်းစဉ်းစားခြင်းသည် အရှိန်ရလာနေပြီ ဖြစ်ပါသည်။ ၎င်းတို့သည် ပိုမိုကျယ်ပြန့်သည့် ဥပဒေရေးရာ အသိုင်းအဝိုင်းနှင့် လူ့အဖွဲ့အစည်းကြား ယင်းအသိပညာကို သယ်ဆောင် လာကြပါသည်။
ယနေ့ထိ ကျောင်းသားများသည် အခြားသူများသို့လည်း ထပ်မံ လက်ဆင့်ကမ်းဝေငှပေးနေဆဲဖြစ်သည်။ ဒဂုံနှင့် ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် တို့ရှိ ကျောင်းသားများဉီးဆောင်သည့် ဥပဒေရေးရာ သတင်းအချက်အလက် အထောက်အကူပြု စင်တာများ(LIC) တွင် ကျောင်းသားအများစုသည် ပါဝင်လုပ်အားပေးလျက်ရှိသည်။ ယင်းတို့မှ ဥပဒေ သတင်းအချက်အလက်များပေးခြင်း၊ အငြင်းပွားသူများအကြား စေ့စပ်ညှိနှိုင်းရာတွင် စနစ်တကျ ပံ့ပိုးပေးခြင်း၊ ဝန်ဆောင်မှု အခမဲ့ ပေးသည့် ရှေ့နေထံ လွှဲပြောင်းပေးခြင်းနှင့် အခြား ဝန်ဆောင်မှုများ (ဥပမာ ကျန်းမာရေးဆေးခန်း၊ လူမှုစိတ်ပိုင်း ဆိုင်ရာ ဝန်ဆောင်မှုများ စသည်ဖြင့်) ကို ပေးလျက် ရှိသည်။
ဒဂုံတက္ကသိုလ်မှ ကျောင်းသားတဦးဖြစ်ပြီး LIC မှ စေတနာ့ဝန်ထမ်း တဦးဖြစ်သူ ကိုဘုန်းသစ်မင်းက ၎င်းတို့အနေဖြင့် တရားရင်ဆိုင်ရာတွင် လိုအပ်သော အချက်အလက်များ၊ တရားစွဲဆိုမှုဆိုင်ရာ အဆင့်ဆင့်များနှင့်လုပ်ငန်းစဉ်များ စသည်တို့ကို ဆောင်ရွက် ပေးလျက်ရှိ ကြောင်း၊ ကျောင်းသို့ လာသည်မှာ စာသင်ရုံသာမက လူမှုအဖွဲ့အစည်းသို့ တခုခု ပြန်ပေးရန် ဖြစ်ကြောင်း ပြောသည်။
လူမှုအဖွဲ့အစည်းတွင် တရားမျှတမှု လိုအပ်ချက်ကို ဖြည့်ဆည်း
၎င်းစင်တာများသည် ဥပဒေဆိုင်ရာ ပြဿနာများနှင့် အငြင်းပွားမှုများအား ဖြေရှင်း ပေးရာတွင် စာနာထောက်ထားသင့်သူများနှင့် ဆင်းရဲချမ်းသာ မရွေး လိုအပ်သူများကို တန်းတူ အကူအညီပေးလျက်ရှိသည်။
အကူအညီတောင်းခံသူ အများစုမှာ တက္ကသိုလ်အနီး တဝိုက်နေထိုင်သူများဖြစ်ပြီး စင်တာသို့ လွယ်ကူစွာ လာရောက်နိုင်သူများ ဖြစ်ကြသည်။ စင်တာနှင့် မနီးစပ်သူများအတွက်လည်း လူမှုကွန်ယက်မှတဆင့် အကူအညီ ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ဆိုင်ရာ စိန်ခေါ်မှုများကို ဖြန့်ကျက်ကြည့်ပါက များစွာ ကျယ်ပြန့်ကြောင်း တွေ့ရသည်။
အိမ်တွင်းအကြမ်းဖက်မှုများနှင့် အလုပ်သမား အခွင့်အရေးကိစ္စရပ်များအတွက် စင်တာသို့ လာရောက် အကူအညီတောင်းခံသူ အများစုမှာ ပြည်တွင်း ဥပဒေနှင့် မိမိ၏အခွင့်အရေးများကို မသိသူများမှာ အများစုဖြစ်နေပြီး၊ အချို့မှာ တရားရင်ဆိုင်ရန် စိုးရွံ့သူများ ဖြစ်ကြသည်။
အကူအညီတောင်းခံသူ အများစုမှာ တက္ကသိုလ်အနီး တဝိုက်နေထိုင်သူများဖြစ်ပြီး စင်တာသို့ လွယ်ကူစွာ လာရောက်နိုင်သူများ ဖြစ်ကြသည်။ စင်တာနှင့် မနီးစပ်သူများအတွက်လည်း လူမှုကွန်ယက်မှတဆင့် အကူအညီ ပေးလျက်ရှိပါသည်။
စင်တာသို့ လာရောက်ကြသူ အမှုသည် အများစုသည် အမျိုးသမီးများ ဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်မှုများနှင့် လုပ်ငန်းခွင်တွင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု တို့ကြောင့် ဖြစ်သည်ဟု ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှ ဉပဒေကျောင်းသား တစ်ဉီးဖြစ်သူ စေတနာ့ဝန်ထမ်း ကိုကျော် လွင်က ပြောသည်။ သို့သော် အချို့မှာ ရန်ကုန်မြို့ပြင် ဆင်ခြေဖုံးရပ်ကွက်တို့မှ လာရောက်ကြသူများ ဖြစ်ပြီး မြေယာအငြင်းပွားမှု ဆိုင်ရာ ကိစ္စကဲ့သို့ ပြဿနာများလည်း လက်ခံရရှိကြောင်း ကို ကျော်လွင်က ပြောသည်။
စင်တာတွင် လမ်းစပျောက်ဆုံးနေသူများအတွက် တရားမျှတမှု လက်လှမ်းမီရေးကို လည်း ကူညီ ဆောင်ရွက်ပေးနေကြောင်း အခြား ကျောင်းသား တဦးကလည်း ပြောသည်။
အမှုသည်အများစုသည် ဆင်းရဲမွဲတေမှု၊ ကြွေးမြီ ပြဿနာ တို့ဖြင့် ရင်ဆိုင်နေကြရပြီး အခမဲ့ရသော ဤနေရာမှ လွဲ၍ တခြားသွားစရာမရှိကြောင်း၊ တချို့မှာ ရှေ့နေ ငှားရမ်းခြင်း မပြုမီ လမ်းညွှန်မှုခံယူရန် လာကြကြောင်း ဒဂုံတက္ကသိုလ်မှ ဥပဒေကျောင်းသူ စေတနာ့ ဝန်ထမ်း မသင်းရွှေစင်မင်းက ဆိုသည်။
အတွင်းက စပြောင်းရန် ဖန်တီး
သတင်းအချက်အလက်ထောက်ပံ့ရေး စင်တာ၏ ရည်ရွယ်ချက်မှာ ပြည်သူများ၏ နေ့စဉ်ဘဝ တွင် ဉပဒေများကို လက်တွေ့ ဆက်စပ်နှိင်မှုနှင့် အသုံးချမှု ကို ကျောင်းသားများ နားလည် စေရန်၊ ဉပဒေဆိုင်ရာ သီအိုရီများကို လက်တွေ့ဗဟုသုတနှင့် ပေါင်းစပ်ပြီး ဉပဒေနှင့် သက်မွေးဝမ်းကြောင်း ပြုသည့် အခါ အသင့်ဖြစ်စေရန် နှင့် အမှုသည်၏ တရားမျှတမှု လက်လှမ်းမီရေးအတွက် အကူအညီပေးနိုင်ရန် ဖြစ်ပါသည်။
လူထုထံ အရောက်သွားရန်နှင့် မြန်မာ့လူမှုအဖွဲ့အစည်းကြား လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ မြှင့်တင်ပေးရန်တို့သည် ဒီမိုကရေစီအသွင်ကူးပြောင်း ရေး ကာလအတွက် အဓိကသော့ချက်ဖြစ်သည်။
ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် ပတ်ဝန်းကျင် လူ့အဖွဲ့ အစည်း၏ တရားရေးဆိုင်ရာ လိုအပ်ချက်များကို ချိတ်ဆက်သိရှိကူညီနေခြင်းဖြစ်သည်။ ယင်း ကိစ္စရပ်တွင် လူထုအတွင်း ဆင်းပြီး အသိပညာပေးများ ဆောင်ရွက်ခြင်း နှင့် ဒေသခံ တရားရေးဆိုင်ရာပုဂ္ဂိုလ်များနှင့် ပူးပေါင်းလုပ်ဆောင်တတ်မှု ဖွံ့ဖြိုးတိုးတက်စေရေး တို့လည်း ပါဝင်ပါသည်။
လူထုထံ အရောက်သွားရန်နှင့် မြန်မာ့လူမှုအဖွဲ့အစည်းကြား လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ မြှင့်တင်ပေးရန်တို့သည် ဒီမိုကရေစီအသွင်ကူးပြောင်း ရေး ကာလအတွက် အဓိကသော့ချက်ဖြစ်သည်။
အထူးသဖြင့် တိုင်းရင်းသား လူမျိုးပေါင်းစုံရှိသော မြန်မာနိုင်ငံအတွက် လူတိုင်းတွင် တူညီသော အခွင့်အရေးများရှိသည်ကို နားလည်ကြရန် အရေးကြီးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး မစ္စတာ ဂျွန်နေလ်ဆင်က ပြောသည်။
လူ့အခွင့်အရေးဆိုင်ရာ ပညာရေးနှင့် ဥပဒေသတင်းအချက်အလက် အထောက်အကူပြု စင်တာတို့သည် လူ့အခွင့်အရေးကို မြှင့်တင်ရန် ဆောင်ရွက်သည့် မဟာဗျူဟာ တစိတ်တဒေသ ဖြစ်ကြောင်း ဒိန်းမတ် လူ့အခွင့်အရေးဆိုင်ရာ အင်စတီကျု၏ နိုင်ငံတကာရေးရာဌာနအကြီးအကဲ မစ္စ အီဗာ ဂန်ဘိုင်းက
ပြောကြားသည်။
“ကျမတို့က ကမ္ဘာတဝန်းက မိတ်ဖက်တွေနဲ့ လက်တွဲ ဆောင်ရွက်လျက်ရှိပြီး သူတို့ရဲ့ လူ့အခွင့်အရေး မြှင့်တင်မှု လုပ်ငန်းတွေကို ပံ့ပိုးလျက်ရှိပါတယ်။ မြန်မာလူငယ်တွေ လူ့အခွင့်အရေး ဆိုင်ရာ ပညာရပ်ကို ကိုယ်တိုင်ကိုယ်ကျ သင်ယူရင်း တဦးကို တဦး ထပ်ဆင့်မျှေ၀ ပေးနေတာတွေ၊ ကိုယ့်ရဲ့ နိုင်ငံသားတွေကို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဘယ်လို ဖြည့်ဆည်းရမလဲဆိုတာ အကြံပေး ကူညီနေတာတွေ တွေ့ရတော့ ကျမ အားရ ကျေနပ်မိပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို ပိုပြီး လေးစားတဲ့ အနာဂတ်ဆီကို ဦးတည်တဲ့ ပထမခြေလှမ်း ဖြစ်ဖို့ မျှော်လင့်ပါတယ်” ဟု မစ္စ အီဗာ ဂန်ဘိုင်းက ပြောကြားခဲ့ပါသည်။
မှတ်ချက်
မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးသည် နိုင်ငံတကာဥပဒေပညာရှင်များ ကော်မရှင် နှင့် ဒိန်းမတ်လူ့အခွင့်အရေး ဆိုင်ရာ အင်စတီကျု (DIHR) တို့နှင့် ဖက်စပ်စာချုပ် ချုပ်ဆိုထားပြီး စီမံကိန်းအတွင်းရှိ မိတ်ဖက်အဖွဲ့အစည်းများအား နည်းပညာနှင့် စွမ်းရည်တိုးတက်စေရန် ပံ့ပိုးလျက် ရှိပါသည်။
ဥပဒေ အထောက်အကူပြု စင်တာများကို ဒိန်းမတ်-မြန်မာ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး အစီအစဉ်အောက်ရှိ DIHR အဖွဲ့၏ ပံ့ပိုးမှုဖြင့် ထူထောင်ထားခြင်းဖြစ်သည်။
You may also like these stories:
စစ်ပွဲကြား အပြစ်မဲ့ကလေးများ သေဆုံးနေသည်
ရခိုင်ပြည်နယ်က ရပ်ရွာအသိုက်အဝန်းကို ဆက်ကူညီဖို့ ICRC က သန္နိဋ္ဌာန် ချထားပါတယ်
ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ ပညာရေးမူဝါဒ ဖြစ်သင့်တယ်