COVID-19 ကူးစက် ကပ်ရောဂါ၏ လူမှုစီးပွား အကျိုးဆက်များကို ဖြေရှင်းရန် မြန်မာအစိုးရက ချက်ချင်း အကူအညီ ဖြစ်စေမည့် ရည်မှန်းချက်ကြီးသော COVID-19 စီးပွားရေးပြန်လည်ကုစားမှုအစီအစဉ် (CERP) တခုကို ဖော်ဆောင်ခဲ့ပြီး ဘဏ္ဍာရေးပြန်လည်နာလန်ထူရန် လမ်းကြောင်းတခု တည်ထောင်ခဲ့သည်။ ဖော်ပြထားသည့် လုပ်ဆောင်ချက်များ၏ တစိတ်တပိုင်းအနေဖြင့် CERP က quarantine၊ နေထိုင်မကောင်းခြင်းနှင့် စက်ရုံများ ယာယီပိတ်ထားခြင်းကြောင့် အလုပ်မလုပ်နိုင်သူများအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို တိုးချဲ့ ခြင်း အားဖြင့် အလုပ်သမားများအပေါ် ဖိအားသက်ရောက်မှုကို လျှော့ချရန် ကြိုးပမ်းခဲ့သည်။ အလုပ်အကိုင် ဆုံးရှုံးသွားခဲ့သောသူများ အတွက်လည်း အလုပ်အကိုင်နှင့် ဝင်ငွေ ရရှိရေးအတွက် အခြေခံ အဆောက်အဦး တည်ဆောက်ရေး ဆောင်ရွက်မှုများ အစပြုရန် ကတိပေးခဲ့သည်။
COVID-19 ကာလအတွင်း အလုပ်သမားများကို ကူညီရန် CERP တွင် ဖော်ပြထားသော အားထုတ်မှုများက အကျိုးရှိသော်လည်း ၎င်းတို့သည် သူတို့ကြုံတွေ့နေရသော ပြဿနာများ၏ ပြင်းထန်မှုကို ကိုင်တွယ်ဖြေရှင်းရန် များစွာ လုံလောက်ခြင်း မရှိပါ။ အထူးသဖြင့် အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရသူများအတွက် လူမှုကာကွယ်စောင့်ရှောက်မှုပေးရန် ပိုမို ထိရောက်သော အရေးယူဆောင်ရွက်မှု ဆိုင်ရာတွင် သဘောတူညီချက် အနည်းငယ်မျှသာ ရှိခဲ့သည်။ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ခန့်မှန်းတွက်ချက်မှု အရ COVID-19 အကျပ်အတည်းအတွင်းတွင် အလုပ်သမား ၂ သိန်းခွဲခန့် သူတို့၏ အလုပ်များ ဆုံးရှုံးခဲ့ရသည်။ (ပြည်တွင်း) ပုံမှန်လုပ်ငန်း ကဏ္ဍများအတွင်း သို့မဟုတ် နိုင်ငံခြားရောက် ရွှေ့ပြောင်းလုပ်သားများအတွင်းတွင် ဖြစ်သည်။
သို့သော်လည်း မြန်မာနိုင်ငံမှ လုပ်သားအင်အား၏ ၈၃ ရာခိုင်နှုန်းက ပုံမှန်မဟုတ်သော အလုပ် လုပ်ကိုင်နေကြသည် ဆိုသည့် အချက်ကို ထည့်သွင်းစဉ်းစားကြည့်လျှင် အလုပ်အကိုင် ဆုံးရှုံးရမှု၏ အမှန်တကယ် ပမာဏက ပိုမိုမြင့်မားပြီး ပြင်းထန်ဖွယ်ရာ ရှိသည်ဟု ယုံကြည်ရန် အကြောင်းများ ရှိနေသည်။
မြန်မာနိုင်ငံ၏ နိုင်ငံတကာရောက် ရွှေ့ပြောင်းနေထိုင်သူ ၄.၂၅ သန်းအတွက် COVID-19 ကူးစက်ရောဂါသည် အလုပ်သမား အမြတ်ထုတ် ခေါင်းပုံဖြတ်မှုနှင့်အတူ နက်ရှိုင်းစွာ အမြစ်တွယ်နေသော ပြဿနာများကို ပိုမိုဆိုးရွားစေခဲ့သည်။
ပုံမှန်မဟုတ်သော အလုပ်လုပ်ကိုင်သူများသည် လုပ်သားအင်အားစုထဲတွင် ဝင်ငွေအနိမ့်ဆုံးနှင့် အကာအကွယ် ရရှိမှု အနည်းဆုံးသော အစိတ်အပိုင်းများ အနက်မှ တခုဖြစ်ပြီး ၎င်းတို့ကို လူမှုဖူလုံရေး လွှမ်းခြုံမှု တိုးချဲ့ခြင်းမှ တဆင့် အပါအဝင် အကူအညီများ ပိုမို ပေးအပ်နိုင်ရေး ဆောင်ရွက်ရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံတကာရောက် ရွှေ့ပြောင်းနေထိုင်သူ ၄.၂၅ သန်းအတွက် COVID-19 ကူးစက်ရောဂါသည် အလုပ်သမား အမြတ်ထုတ် ခေါင်းပုံဖြတ်မှုနှင့်အတူ နက်ရှိုင်းစွာ အမြစ်တွယ်နေသော ပြဿနာများကို ပိုမိုဆိုးရွားစေခဲ့သည်။
နိုင်ငံရပ်ခြား အလုပ်အကိုင်နှင့် ဆိုင်သောဥပဒေကို ပိုမို၍ တရားဝင်ဖြစ်သည့် (နိုင်ငံခြားသို့) ရွှေ့ပြောင်းလုပ်ကိုင်မှုများ မပေါ်ပေါက်မီ ၁၉၉၉ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ပြီး ထိုဥပဒေများမှာ ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကို ပိုမို ကာကွယ် ပေးနိုင်ရန်အတွက် အရေးတကြီး ပြင်ဆင်ရန် လိုအပ်နေသည်။ ပုံမှန် အခြေအနေများတွင်ပင် ရွှေ့ပြောင်းလုပ်သားများမှာ အလုပ်ရရှိရေး တရားမဝင် ပွဲစားခ ကောက်ခံခြင်း၊ စာချုပ်အစားထိုးခြင်း၊ ရသင့်သည့် လုပ်ခလစာ မရရှိခြင်းနှင့် အခြားသော အနိုင်ကျင့်ခံရမှုများ ကြုံတွေ့ရခြင်းက ပုံမှန်လို ဖြစ်နေသည်။
COVID-19 ကာလအတွင်း ပြင်းထန်စွာ ကန့်သတ်ထားခြင်းကြောင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ရသည့် အခြေအနေများမှာ ပိုမိုဆိုးရွားလာပြီး အခွင့်အရေး ချိုးဖောက်ခံရမှုများက ပိုမို များပြားလာခဲ့သည်။ ထိုင်းနိုင်ငံတွင် တွေ့ဆုံ မေးမြန်းခဲ့သော မြန်မာ ရေလုပ်သားတဦးက “ပုံမှန်ဆိုရင် ကျနော်တို့ ၃လ တကြိမ် လစာ ရပေမယ့် အခုတော့ ကျနော်တို့ အလုပ်ရှင်က ကျနော်တို့ လစာတွေ ဘယ်အချိန်ရမလဲ ဆိုတာ မပြောဘူး။ သူတို့က ကျနော်တို့ရဲ့ မှတ်ပုံတင်နဲ့ အထောက်အထား စာရွက်စာတမ်းတွေ အားလုံးကို သိမ်းထားတယ်။ ဘယ်သူမှ အာဏာပိုင်တွေဆီမှာ အကူအညီမတောင်းရဲဘူး” ဟု ပြောသည်။
မကြာသေးမီနှစ်များအတွင်းက ရရှိခဲ့သော တိုးတက်မှု အများအပြားမှာ COVID-19 ကာလအတွင်း အမေရိကန်ဒေါ်လာ ၄.၆ ဘီလီယံ (၆.၁ ထရီလီယံ ကျပ်) တန်ဘိုးရှိသော အထည်ချုပ်လုပ်ငန်း ကဏ္ဍ သိသိသာသာ နှေးကွေးသွားရမှုကြောင့် ယခုအခါ နောက်ပြန်ဆုတ်သွားရပြီ ဖြစ်သည်။
COVID-19 ရောဂါကာလအတွင်း မြန်မာနိုင်ငံတွင်းမှ အလုပ်သမားများအတွက် အခြေခံ အခွင့်အရေးများမှာလည်း ထိခိုက်နေရသည်။ အထူးသဖြင့် လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခြင်းနှင့် ပတ်သတ်၍ ဖြစ်သည်။ ကပ်ရောဂါ မပေါ်ပေါက်မီက လက်တွေ့ကျသည့် လုပ်ငန်းဆိုင်ရာ ဆက်ဆံရေး တည်ထောင်ရေးနှင့် လူမှုရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများမှ တိုးတက်မှုများမှာလည်း စတင် အခြေတည်စ အခြေအနေတွင်သာ ရှိနေဆဲဖြစ်သည်။
မကြာသေးမီနှစ်များအတွင်းက ရရှိခဲ့သော တိုးတက်မှု အများအပြားမှာ COVID-19 ကာလအတွင်း အမေရိကန်ဒေါ်လာ ၄.၆ ဘီလီယံ (၆.၁ ထရီလီယံ ကျပ်) တန်ဘိုးရှိသော အထည်ချုပ်လုပ်ငန်း ကဏ္ဍ သိသိသာသာ နှေးကွေးသွားရမှုကြောင့် ယခုအခါ နောက်ပြန်ဆုတ်သွားရပြီ ဖြစ်သည်။
အသက်မွေးဝမ်းကျောင်းမှု ဆုံးရှုံးရခြင်းက (အထည်ချုပ်လုပ်ငန်း၏) အမျိုးသမီးနှင့် ပို၍ ဆီလျော်သည့် သဘောသဘာဝကြောင့် ရောက်လာခဲ့သော ဆင်းရဲနွမ်းပါးသည့် ကျေးလက်ဒေသမှ ရွှေ့ ပြောင်း အခြေချလာသူ အမျိုးသမီးများကို အချိုးအစား မမျှတစွာ ထိခိုက်စေခဲ့သည်။
အထည်ချုပ်ကဏ္ဍ၏ ကျဆင်းလာသော ကံကြမ္မာက အလွန် မီးလောင်ကျွမ်းလွယ် နေခဲ့ပြီး ဖြစ်သော အလုပ်ရှင်-အလုပ်သမား ဆက်ဆံရေးအတွက် မီးထပ်ထိုး ပေးခဲ့သည်။ စက်ရုံပိုင်ရှင် အရေအတွက် အများအပြားက သူတို့အလုပ်မှ လူလျှော့လိုက်သည့် အလုပ်သမားများအား နစ်နာကြေး ပေးရခြင်းကို ရှောင်ရှားရန် ထွက်ပြေးသွားကြပြီး စက်ရုံ အများအပြားက ကူးစက်ရောဂါကို အလုပ်သမားသမဂ္ဂများအား ဟန့်တားရန် အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့ကြသည်။ ကော်ပိုရိတ် လူမှုရေး ဝတ္တရားများနှင့် ပတ်သက်၍ လူသိရှင်ကြား ကတိပြုထားသော်လည်း ဖက်ရှင်အမှတ်တံဆိပ်များသည် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများအတွက် အဖြေအစား ပြဿနာ၏ အစိတ်အပိုင်းတခု အဖြစ်သာ ယခုထိ ဖြစ်နေခဲ့သည်။
ထုတ်လုပ်မှု ကာလအတွင်း ကုန်ပစ္စည်း အမှာစာများ ပယ်ဖျက်ခြင်း၊ လျှော့ဈေး တောင်းခြင်းနှင့် ကုန်ပစ္စည်း ပေးသွင်းသူများအား မည်သည့်အချိန်တွင် ငွေပေးချေမည် ဆိုသည်ကို သေချာစွာ သတ်မှတ် မထားခြင်း တို့ကဲ့သို့သော ကျင့်ဝတ်နှင့် မညီသည့် စီးပွားရေး အလေ့အထများက မြန်မာနိုင်ငံတွင် ပိုမို၍ အဆင်ပြေ အောင်မြင်သည့် ယခင်ကာလများအတွင်း အဆိုပါ ကုမ္ပဏီများ ရရှိခဲ့သည့် ကြီးမားသော အကျိုးအမြတ်များနှင့် ရှေ့သွားနောက်လိုက် မညီပေ။
အလုပ်ရှင်နှင့် တရားဝင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် လမ်းကြောင်းများ မရှိခြင်း သို့မဟုတ် ၎င်းတို့က အလုပ်မဖြစ်သောကြောင့် အလုပ်သမားများအနေဖြင့် သူတို့၏ အလုပ်သမား အခွင့်အရေးကို ခိုင်မာစေရန် သပိတ်မှောက်မှုများ ပြုလုပ်နေရသည်။
အလုပ်သမားသမဂ္ဂများက ရန်ကုန်ရှိ အထည်ချုပ်စက်ရုံ အများအပြားတွင် ဆန္ဒပြပွဲများကို စည်းရုံးပြုလုပ်ခြင်းအားဖြင့် ထိုချိုးဖောက်မှုများကို ပြင်းထန်စွာ တုန့်ပြန်ခဲ့ ကြသည်။ လုပ်ငန်းအတွင်းမှ ထိုလုပ်ရပ်များက အလုပ်သမားများအတွက် သူတို့၏ အခွင့်အရေးများကို သေချာစေရန်၊ အခွင့်အရေး ချိုးဖောက်မှုများအပေါ် မီးမောင်း ထိုးပြရန်နှင့် လုပ်ငန်းကဏ္ဍတွင် ရေရှည် ပြုပြင်ပြောင်းလဲမှုများ တောင်းဆိုရေးတွင် အလုပ်သမား အဖွဲ့အစည်းများ၏ အရေးပါမှုကို ဖော်ပြနေသည်။ သို့သော်လည်း ၎င်းတို့သည် မြန်မာနိုင်ငံတွင် အလုပ်သမားသမဂ္ဂများကို ခွင့်ပြုထားသည့် နေရာ အကန့်အသတ် ရှိကြောင်းကိုလည်း ထင်ရှားစွာ ပြသနေသည်။
အလုပ်ရှင်နှင့် တရားဝင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် လမ်းကြောင်းများ မရှိခြင်း သို့မဟုတ် ၎င်းတို့က အလုပ်မဖြစ်သောကြောင့် အလုပ်သမားများအနေဖြင့် သူတို့၏ အလုပ်သမား အခွင့်အရေးကို ခိုင်မာစေရန် သပိတ်မှောက်မှုများ ပြုလုပ်နေရသည်။
၂၀၁၂ ခုနှစ်တွင် ပြဌာန်းခဲ့သော အလုပ်သမား အဖွဲ့အစည်း ဥပဒေ ပိုမိုကောင်းမွန်အောင် ပြုပြင်ရေးက အလွန်လိုအပ်နေသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်တွင် အလုပ်သမားသမဂ္ဂ အများအပြား ဖွဲ့စည်းခြင်းနှင့် မှတ်ပုံတင်ခြင်းကို ထိုဥပဒေက ကန့်သတ်ထားသလို သဘောတူညီချက်များ ရရှိရေး အလျှော့အတင်း လုပ်ရာတွင်လည်း အကန့်အသတ် ရှိနေသောကြောင့် ဖြစ်သည်။
အလုပ်သမားများအတွက် အနိမ့်ဆုံး လုပ်ခလစာ အကာအကွယ်ပေးမှုများ တည်ထောင်ရေး အတွက် ခက်ခက်ခဲခဲ ရရှိခဲ့သော အောင်မြင်မှုများမှာလည်း COVID-19 ကပ်ရောဂါဖြစ်ပွားစဉ် အကျပ်အတည်းထဲ ကျရောက်သွားခဲ့သည်။ မြန်မာနိုင်ငံတွင် ၎င်း၏ ပထမဆုံးသော အနိမ့်ဆုံး လုပ်ခ လိုအပ်ချက်များကို ၂၀၁၅ ခုနှစ်တွင် စတင် မိတ်ဆက်ပေးခဲ့ပြီး၊ ၂ နှစ်လျှင် တကြိမ် နှုန်းထားအသစ် သတ်မှတ်ရန် သဘောတူထားခဲ့သည်။ နောက်ဆုံး တိုးမြှင့်ခဲ့သည့် အခြေခံလုပ်ခ လစာမှာ ၄၈၀၀ ကျပ် ဖြစ်ပြီး ၂၀၁၈ ခုနှစ်မေလတွင် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အနည်းဆုံး လုပ်ခသတ်မှတ်ရေး နိုင်ငံတော်အဆင့် ၃ ပွင့်ဆိုင် ကော်မတီက COVID-19 ကာလအတွင်း တိုးမြှင့်ရေးကို စဉ်းစားရန် တွေ့ဆုံခြင်း မရှိသေးပါ။ ထိုသို့ နှောင့်နှေးနေခြင်းက ဝင်ငွေနည်းပါးသော အလုပ်သမားများ၏ အိတ်ထဲမှ ပိုက်ဆံများကို ကုန်ခမ်းစေခဲ့ပြီး လက်ရှိအနိမ့်ဆုံးလုပ်ခနှုန်းက မြို့ပြမှ ပုံမှန်လုပ်ခနှုန်းထား၏ အောက်တွင် များစွာ ရောက်နေသည် ဆိုသော စိုးရိမ်မှုများကို လျစ်လျူရှုထားသည်။
ရန်ကုန်မြို့မှ အထိခိုက်လွယ်ဆုံး လူမှုအသိုင်းအဝိုင်းများအပေါ် အလျှင်အမြန် အကဲဖြတ် ကြည့်မှုများအရ မိသားစုများစွာသည် COVID-19 အတွင်းတွင် ဝင်ငွေမလုံလောက်မှုကို ဖြေရှင်းရန်အတွက် ပြန်ဆပ်ရန် မဖြစ်နိုင်လောက်သည့် အဆင့်အထိ ချေးငွေများကို ရယူခြင်းကဲ့သို့သော အနုတ်သဘောဆောင်သည့် နည်းလမ်းများကို ကျင့်သုံးနေရကြောင်း ဖော်ပြနေသည်။ ဘဏ္ဍာရေးဖိအားက အိမ်ထောင်စုများကို မရေရာဘဲ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုပုံစံများ ရှိသော အလုပ်သို့ ဦးတည်သွားစေနိုင်ပြီး လိင်ကွဲပြားမှုကို အခြေခံသည့် အကြမ်းဖက်မှုများ တိုးမြင့်လာကြောင်းကို လူမှုရေး ဝန်ဆောင်မှုပေးသူ အချို့က သတင်းပို့ခဲ့ကြသည်။
အလုပ်သမား အခွင့်အရေးကို ကာကွယ်ရန် အလားတူ ကတိကဝတ် အဆင့်အတန်းတခုက ယခုကဲ့သို့ စိန်ခေါ်များသော ကာလမှ ပိုမို တန်းတူမျှတမှုရှိသော လူ့အဖွဲ့အစည်းတခုနှင့်အတူ မြန်မာနိုင်ငံ ထွက်ပေါ်လာရေး အတွက် လိုအပ်ပါသည်။
COVID-19 ဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံသည် ၎င်း၏ ပြည်သူလူထု၏ ကျန်းမာရေးကို ကာကွယ်ရန် အလွန်ထိရောက်သော တုန့်ပြန်မှုတခုကို ပြုလုပ်ခဲ့သည်။ အားကောင်း၍ ပူးပေါင်းဆောင်ရွက်မှု ရှိသော အားထုတ်မှုများက အကြီးစား ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေတခု ဖြစ်ပွားခြင်းမှ ယခုအချိန်အထိ ကာကွယ်ပေးနိုင်ခဲ့ပြီး မြန်မာ နိုင်ငံကို ကမာ္ဘတဝှမ်းရှိ နိုင်ငံများစွာတွင် ကြုံတွေ့နေရသော စီးပွားရေးမတည်ငြိမ်မှုမှ မြန်မြန်ဆန်ဆန် ပြန်လည်ထူထောင်ရန် ခိုင်မာသည့် နေရာတခုသို့ ရောက်ရှိစေခဲ့သည်။
အလုပ်သမား အခွင့်အရေးကို ကာကွယ်ရန် အလားတူ ကတိကဝတ် အဆင့်အတန်းတခုက ယခုကဲ့သို့ စိန်ခေါ်များသော ကာလမှ ပိုမို တန်းတူမျှတမှုရှိသော လူ့အဖွဲ့အစည်းတခုနှင့်အတူ မြန်မာနိုင်ငံ ထွက်ပေါ်လာရေး အတွက် လိုအပ်ပါသည်။
သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ အိုင်ယာလန်၊ နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ အင်္ဂလန်နှင့် အမေရိကန် ပြည်ထောင်စုတို့၏ ထောက်ပံ့မှု နှင့် အတူ Livelihoods and Food Security Fund (LIFT) က ရွှေ့ ပြောင်းလုပ်သားများနှင့် အခြား ထိခိုက်လွယ်သော အလုပ်သမားများအတွက် အခြေခံ အလုပ်သမား အခွင့်အရေးများ အကာအကွယ်ပေးခြင်းကို ချဲ့ထွင်ခြင်းအားဖြင့် အဆိုပါ ပန်းတိုင်သို့ ရောက်ရှိနိုင်ရေး သက်ဆိုင်ရာ ပုဂ္ဂိုလ် အဖွဲ့အစည်းများနှင့် အတူ အနီးကပ် ပူးပေါင်း ဆောင်ရွက်နေပါသည်။
COVID-19 ကာလ အတွင်းတွင်ရော နောက်ပိုင်းတွင်ပါ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံး ပါဝင်သော စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ရရှိရန် လမ်းကြောင်းသည် သင့်တင့်လျှောက်ပတ်သော အလုပ်အကိုင် အခွင့်အလမ်း နှင့် ပြည်သူအားလုံးအတွက် လူမှု အကာအကွယ် လွှမ်းခြုံမှုကို ပေးသော အလုပ်သမားဈေးကွက်တွင် အခိုင်အမာ အမြစ်တွယ်နေရမည် ဖြစ်ပါသည်။
(Benjamin Harkins သည် မြန်မာပြည်ရှိ LIFT Fund ၏ အကြီးတန်း ပရိုဂရမ် မန်နေဂျာဖြစ်သည်။ ၎င်း၏ Better Protection of Myanmar Workers’ Rights Needed Amid COVID-19ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ရုံးချိန်း ပျက်ကွက်မှုဖြင့် အလုပ်သမား ၇၁ ဦးကို ဖမ်းဝရမ်းထုတ်
ကိုဗစ်ကာလ ထိုင်းရောက် အလုပ်လက်မဲ့ မြန်မာလုပ်သားများ
အစိုးရ လယ်ယာဖွံ့ဖြိုးရေး ဆောင်ရွက်ချက် တောင်သူအတွက် ထိရောက်ရန်လို
အသေးစားငွေချေးလုပ်ငန်းက လူထု အသက်ရှူချောင်ဖို့လား၊ အသက်ရှူကျပ်ဖို့လား၊