၂၀၁၀ ခုနှစ်တွင် စစ်အစိုးရက နှစ် ၅၀ ကြာ အုပ်ချုပ်ရေးကို အဆုံးသတ်ခဲ့ပြီးနောက် ယခု နိုဝင်ဘာလတွင် မြန်မာနိုင်ငံသည် ဒုတိယအကြိမ် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲကို ကျင်းပမည်ဟု မျှော်လင့်ရသည်။ မြန်မာနိုင်ငံမှ မဲအများဆုံးရသည့် အတိုက်အခံပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) နှင့် တိုင်းရင်းသားပါတီအများအပြားသည် ၂၀၁၀ တွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် မပါဝင်ရန် ရွေးချယ်ခဲ့ပြီး မဲဆွယ်ပွဲနှင့် မဲရေတွက်ခြင်းကို စစ်တပ်လက်ဝေခံများက အကြီးအကျယ် ထိန်းချုပ်ထားသောကြောင့် ထိုနှစ်က ရွေးကောက်ပွဲကို စာရင်းထဲ ထည့်သွင်းနိုင်မည်မဟုတ်ပေ။
မကြာသေးမီက ရွေးကောက်ပွဲများကကဲ့သို့ပင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) နှင့် ၎င်း၏ ပြည်နယ် တိုင်း ခရိုင် ကော်မရှင်ခွဲများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများအရ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တခုလုံးကို ကြီးကြပ်သည်။ ထိုဥပဒေများကို ယခင်စစ်အစိုးရနှင့် ၎င်း၏လက်ဝေခံ ၂၀၁၀ မှ ၂၀၁၅ အထိတာဝန်ယူခဲ့သော ပထမအစိုးရက ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုရွေးကောက်ပွဲကိုမူ ၂၀၁၆ ခုနှစ်တွင် ပထမဆုံး လွတ်လပ်မျှတသည့် ရွေးကောက်ပွဲတွင် အာဏာရလာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခန့်အပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကျင်းပမည်ဖြစ်သည်။ အဖွဲ့ဝင် ၁၅ ဦးသည် ဗမာများဖြစ်ပြီး တဦးမှလွဲပြီး ကျန်သူများမှာ ဗုဒ္ဓဘာသာများဖြစ်သကဲ့သို့ အမျိုးသားများသာဖြစ်ပြီး အများစုမှ အသက် ၇၀ ကျော် ၈၀ ကျော်များဖြစ်သည်။
၂၀၁၅ ခုနှစ်ကထက် ပိုမိုညီမျှသော ပုံစံဖြင့် ၂၀၂၀ ရွေးကောက်ပွဲကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကျင်းပမည့် အရိပ်လက္ခဏာများ ရှိနေသည်။ ထိုသို့ဆိုသောကြောင့် အနောက်ဒီမိုကရေစီနိုင်ငံများမှ ကောင်းမွန်သော ရွေးကောက်ပွဲ စံနှုန်းများနှင့် ပြည့်မီမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ သို့သော် အခြေခံအဆောက်အအုံနည်းပါးမှု အကန့်အသတ်၊ (စွမ်းအားကင်းမဲ့ခြင်း မဟုတ်လျှင်) နိမ့်ကျသော တဦးချင်းဝင်ငွေ၊ လွန်ခဲ့သော ရာစုနှစ်ဝက်ခန့် ဗျူရိုကရေစီအားနည်းခြင်း၊ စစ်နှင့် နိုင်ငံအစွန်အဖျားနေရာကို အပေါ်ဗဟိုအစိုးရ အချုပ်အခြာကင်းမဲ့ခြင်း၊ နိုင်ငံ၏ အရွယ်အစား (မဲပေးနိုင်ခြေရှိသူ ၃၅ သန်း )၊ ကိုဗစ်-၁၉ နှင့် စစ်အာဏာသိမ်းမှုဖြစ်နိုင်ခြေတို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒနယ်များတွင် မျှတသော ရလဒ်ကို ဆောင်ယူပေးမည့် ပုံရှိသည်။
ပထမဆုံးအချက်မှာ နိုင်ငံလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာပါတီ ၉၃ ခုတို့သည် ယခုနှစ်တွင် က်ိုယ်စားလှယ်လောင်းပေါင်း ၇၀၂၆ ဦးဖြင့် လွှတ်တော်နှစ်ရပ်နှင့် ပြည်နယ်တိုင်း လွှတ်တော် ၁၄ ခုမှ ကိုယ်စားလှယ်နေရ ၁၁၇၁ နေရာအတွက် ယှဉ်ပြိုင်ကြမည်ဆိုသည့်အချက်ဖြစ်သည်။
ပထမဆုံးအချက်မှာ နိုင်ငံလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာပါတီ ၉၃ ခုတို့သည် ယခုနှစ်တွင် က်ိုယ်စားလှယ်လောင်းပေါင်း ၇၀၂၆ ဦးဖြင့် လွှတ်တော်နှစ်ရပ်နှင့် ပြည်နယ်တိုင်း လွှတ်တော် ၁၄ ခုမှ ကိုယ်စားလှယ်နေရ ၁၁၇၁ နေရာအတွက် ယှဉ်ပြိုင်ကြမည်ဆိုသည့်အချက်ဖြစ်သည်။
ထိုအရေအတွက်သည် ၂၀၁၅ ခုနှစ်ကထက် ၈၃၇ ဦး (၁၃.၅ ရာခိုင်နှုန်း) ပိုမိုများပြားသည်။ ထိုအချက်ကြောင့် ကိုင်တွယ်ရခက်ပြီး အနည်းငယ် ထူးဆန်းပုံပေါက်စေသော်လည်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းသော ကူးပြောင်းမှုအတွက် မျှော်လင့်ချက်တွင် ယုံကြည်မှု အချို့ကို ပြသနေသည်။
ဒုတိယအချက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ထိုကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေလမ်ညွန်များအရ စစ်ဆေးရန်တာဝန်ရှိသည်။ အနောက်တိုင်း ဒီမိုကရေစီ စံနှုန်းများတွင်ကဲ့သို့ အယူခံခွင့်မရှိပေ။ စစ်တပ်တဖြစ်လဲပါတီက ၂၀၁၅ ခုနှစ်တွင် ခန့်အပ်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် အဆိုပြုကိုယ်စားလှယ်လောင်း ၉၉ ဦးခန့်ကို ပယ်ချခဲ့ပြီး ထိုပယ်ချခံရသူများတွင် မွတ်ဆလင်အချိုးအစား မမျှမတ ပါဝင်သည်။ ယခု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကိုယ်စားလှယ်လောင်း လျှောက်ထားသူ ၃၁ ဦး (.၀၀၄ ရာခိုင်နှုန်း) ကို ပယ်ချသည်။ နောက်ထပ် ၂၆ ဦးမှာ ကိုယ်စားလှယ်လောင်းလျှောက်ထားခြင်းကို ပြန်လည်ရုတ်သိမ်းခဲ့သည်။ ၎င်းတို့ယှဉ်ပြိုင်မည့်နေရာအတွက် အရည်အချင်းမပြည်မီသည့် သဘောမျိုးပြသနေသည်။
ထိုသို့ပယ်ချရခြင်း အဓိက အကြောင်းရင်းတခုမှာ ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲမတိုင်မီ ၁၀ နှစ်ဆက်တိုက် မြန်မာနိုင်တွင် နေထိုင်ပြီးသူဖြစ်ရမည်၊ ကိုယ်စားလှယ်လောင်း၏ နိုင်ငံသား မိဘနှစ်ဦးသည် မွေးဖွားချိန် မြန်မာနိုင်ငံသားဖြစ်ရမည် ဆိုသည့်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေဆိုင်ရာ လိုအပ်ချက်ဖြစ်သည်။ ထိုနယ်ပယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။ ၎င်းတို့ကို ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲက ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုကြောင်းနှင့် မဲလည်းပေးခဲ့ရကြောင်း ရခိုင်ပြည်နယ်အခြေစ်ိုက် ပါတီတခုမှ ပယ်ချခံရသော ရိုဟင်ဂျာခေါ် မွတ်ဆလင်ကိုယ်စားလှယ်လောင်း အများအပြားက ပြောသည်။
ထိိုုသို့ဖြစ်ရခြင်းမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ၎င်း၏ ကော်မရှင်ခွဲများသည် မွတ်ဆလင်ဆန့်ကျင်ရေး ဘက်လိုက်မှု ရှိသောကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် မွတ်ဆလင်ကိုယ်စားလှယ်လောင်း အများအပြားမှ ကော်မရှင်တွင် ပြဿနာမရှိဘဲ ကိုယ်စားလှယ်လောင်းဖြစ်ကြသည်။ ဥပမာဆိုရပါက ရခိုင်ပြည်နယ်တွင် ၆ ဦး၊ ရန်ကုန်တိုင်းတွင် ၁၅ ဦးနှင့် မန္တလေးတိုင်းတွင် အနည်းဆုံး ၁ ဦးရှိသည်။ ၎င်းတို့အနက် အချို့ကို ပါတီငယ်များက တင်သွင်းခြင်းဖြစ်သည်။ ယခင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အမှားတခု ကျူးလွန်ခဲ့နိုင်ပြီး ကျင့်သုံးရမည့် ဥပဒေကို မကျင့်သုံးဟူသော အချက်သည် ထိုသို့ ထပ်မဖြစ်အောင် ယခုကော်မရှင်ကို တွန်းအားပေးနိုင်သည်။
ယခုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅ ခုနှစ်က ကော်မရှင်ထက်သာကြောင်း ပြသသည့် ဒုတိယ လက္ခဏာမှာ ကော်မရှင်ခွဲတခုသည် အောက်ခြေကော်မရှင်က ချမှတ်သည့် ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပြီး ပါတီငယ်တခုမှ ကိုယ်စားလှယ်လောင်းကို ပြန်လည် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ ကိုယ်စားလှယ်လောင်း လျှောက်ထားရာတွင် ဖခင်အမည် မှားယွင်းခဲခြင်းဖြစ်သည်။ ထိုကိစ္စသည် ကိုယ်စားလှယ်လောင်းကို အရည်အချင်းမမီသည့် ပြဿနာဖြစ်စေနိုင်သည်။
သို့သော် အရာရာ အားရစရာ ကောင်းနေသည်တော့ မဟုတ်ပေ။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ယခုရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းကို အကြီးအကျယ် ယှဉ်ပြိုင်နိုင်သည့် လက်ရှိပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရခိုင်ကိုယ်စားလှယ် လောင်းကို အရည်အချင်းမမီကြောင်း သတ်မှတ်ရန် တပ်မတော်က ဖိအားပေးသည်ကို အလျှော့ပေးခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ယခုရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းကို အကြီးအကျယ် ယှဉ်ပြိုင်နိုင်သည့် လက်ရှိပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရခိုင်ကိုယ်စားလှယ် လောင်းကို အရည်အချင်းမမီကြောင်း သတ်မှတ်ရန် တပ်မတော်က ဖိအားပေးသည်ကို အလျှော့ပေးခဲ့သည်။
အကြောင်းပြချက်မှာ မြန်မာ့တပ်မတော်တွင် ဗိုလ်မှူးအဖြစ် တာဝန်ယူခဲ့သော သူ၏သားသည် ၂၀၂၀ မေလတွင် ဗုဒ္ဓဘာသာ ရက္ခိုင့်တပ်မတော် (AA) သို့ ကူးပြောင်းသွားခြင်းဖြစ်သည်။ ထိုအဖွဲ့ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။ ထိုကိုယ်စားလှယ်လောင်းက သူနှင့် သူ့သား အဆက်အသွယ်မရှိပြီမှာ လပေါင်းများစွာ ကြာပြီဖြစ်ကြောင်း အခိုင်အမာပြောသည်။ ထိုကိုယ်စားလှယ်လောင်းသည် (AA) ကဲ့သို့ ပြည်နယ်တိုင်းလွှတ်တော်ရွေးကောက်ပွဲ ဥပဒေအရ တားမြစ်ထားသော အဖွဲ့အစည်း တခု၏ အဖွဲ့ဝင်ဖြစ်ကြောင်းပြသသည့် မည်သည့်အထောက်အထားကိုမျှ မပေးခဲ့ပေ။ သူ့ကို သူ၏ပြိုင်ဖက် ကိုယ်စားလှယ်လောင်းများအနက် မည်သူကမျှလည်း ကန့်ကွက်ခြင်းမရှိပေ။
တပ်မတော်က ထိန်းချုပ်ထားသည့် ပြည်ထဲရေး ဝန်ကြီးဌာနက ထိုကိုယ်စားလှယ်သည် အရည်အချင်းမမီဟု အတင်းအကျပ်ပြောခဲ့ပြီး ကော်မရှင်ခွဲအတွက် လွတ်လပ်မှုမရှိဘဲ လုပ်ရသည်ကိုမူ ဒေသဆိုင်ရာကော်မရှင်ခွဲက ဝန်ခံခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ထိုကိစ္စအတွက် အယူခံဝင်ခြင်းကိုလည်း လွန်စွာ ယုံကြည်ရန်ခက်သည့် လုပ်ထုံးလုပ်နည်းများဖြင့် ပယ်ချခဲ့ပုံရသည်။ သူ၏ပါတီအနေဖြင့် သူ့နေရာတွင် အခြားကိုယ်စားလှယ်လောင်းဖြင့် အစားထိုးခွင့်ကိုလည်း ဥပဒေအရ ခွင့်မပြုပေ။
တတိယအချက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တောင်းဆိုမှုကြောင့် စစ်စခန်းများတွင် နေထိုင်သော စစ်သားများနှင့် အရွယ်ရောက်ပြီး မှီခိုသူများသည် အရပ်သား မဲရုံများတွင် မဲပေးရန် လွှတ်တော်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ထိုဥပဒေ ညွှန်ကြားချက်အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တပ်စခန်းအားလုံးနီးပါးတွင် လိုက်နာစေမည်ဖြစ်သည်။ သို့သော် အချို့သော စစ်စခန်းများသည် ဝေးကွားသောနေရာများတွင် ရှိနေပြီး စခန်းများမှ ပြင်ပထွက်မဲပေးလျှင် စစ်သားများအတွက်ပင် မလုံခြုံသော နေရာများဖြစ်နေသည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် (တခါတရံ အရာရှိများ ကြီးကြပ်ပြီး) စစ်တပ်မဲများ တပါတီထဲသို့ ပေးခြင်းကို ရှောင်ရှားနိုင်လောက်သည်။
ထိုမဲများကို အိတ်ဖြင့်ထည့်ပြီး အရပ်ဖက်မဲရုံများသို့ ပေးပို့ရေတွက်သောအခါ မဲများအားလုံးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံသော မဲများသာဖြစ်နေတတ်သည်။ ထိုပါတီသည် စစ်ဘက်အငြိမ်းစားများက ဦးဆောင်ပြီး တပ်ကို ထောက်ခံသည့် နိုင်ငံရေးသဘောထားများအား အမြဲလို ထောက်ခံသည်။
စတုတ္ထအချက်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ခန့်အပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် များပြားလှသော မဲစာရင်းအမှားများ မတိကျမှုများကို ပြင်ဆင်ရန် အားထုတ်မှု မလုပ်သလောက်ပင်ဖြစ်သည်။ ထိုမဲစာရင်းတွင် သင်၏ အမည်မပါပါက မဲပေးရန် လွန်စွာ ခက်ခဲသွားမည်ဖြစ်သည်။ ထို့ကြောင့် မဲပေးခွင့် ဆုံးရှုံးရသော နိုင်ငံသား အများအပြား ရှိခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့သည်။ ငွေကြေးမလုံလောက်ခြင်း၊ ကွန်ပျူတာ ကျွမ်းကျင်မှုမရှိခြင်း၊ ၄၈ နှစ် ကြာအာဏာရှင်စနစ်အတွင်း မဲစာရင်းပြုစုရာတွင် ပြည်သူများ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း (အများအားဖြင့် နယ်လှည့် လုပ်ကိုင် စားသောက်ရသောကြောင့်) တို့ အားလုံးကြောင့် မဲစာရင်းတွင် အမှားများစွာ ပါသည်။
သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲမတိုင်မီ အဆိုပြုမဲစာရင်းများကို ပြည်သူများ စစ်ဆေးနိုင်စေရန်၊ ပြင်ဆင်ရမည်များကို တင်သွင်းရန်၊ ဖြစ်နိုင်လျှင် ပြဿနာများကို ဖြေရှင်းရန်၊ ပြင်ဆင်ထားသော စာရင်းကို စစ်ဆေးပြီးနောက်ဆုံး အယူခံဝင်ရန် ကျိုးကြောင်းဆီလျော်သော အချိန်ဇယားကို ပြုလုပ်ထားသည်။
ရွေးကောက်ပွဲမတိုင်မီ မဲဆန္ဒနယ်တခုတွင် နေထိုင်ရန်လိုအပ်သော အချိန်သတ်မှတ်ချက်ပြဿနာကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အလိုကျ ဖြေရှင်းထားသည်။ မိမိတို့ နေရပ်မဟုတ်သည့် ဒေသများတွင် သွားရောက်လုပ်ကိုင်သူများအနေဖြင့် ထိုနေရာတွင် ရက် ၉၀ နေထိုင်ပြီးပါက ထိုမဲဆန္ဒနယ်တွင် မဲပေးခွင့်ပြုသည်။
ရွေးကောက်ပွဲမတိုင်မီ မဲဆန္ဒနယ်တခုတွင် နေထိုင်ရန်လိုအပ်သော အချိန်သတ်မှတ်ချက်ပြဿနာကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အလိုကျ ဖြေရှင်းထားသည်။ မိမိတို့ နေရပ်မဟုတ်သည့် ဒေသများတွင် သွားရောက်လုပ်ကိုင်သူများအနေဖြင့် ထိုနေရာတွင် ရက် ၉၀ နေထိုင်ပြီးပါက ထိုမဲဆန္ဒနယ်တွင် မဲပေးခွင့်ပြုသည်။
ထို့အပြင်ကော်မရှင်သည် အမြဲမပြတ်ဖြစ်နေသော စစ်ပွဲကြောင့် နေရပ်စွန့်ခွာရသူများစွာ နိုင်ငံသားဖြစ်ကြောင်း သက်သေပြပြီး ရောက်ရာနေရတွင် မဲပေးနိုင်မည့် စည်းမျဉ်းများကိုလည်း ရေးဆွဲသည်။
ပဉ္စမအချက်မှာ လူစားလဲမရဘဲ အလုပ်မဖြစ်သည့် လွှတ်တော်တွင်း ဖရိုဖရဲ အခြေအနေများကို ရှောင်ရှားရန်နှင့် ဒီမိုကရေစီအပြည့်အဝသို့ အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်ရန် ရွေးကောက်ပွဲကို အတတ်နိုင်ဆုံး လွတ်လပ်မျှတစွာ ကျင်းပရန် လိုသည်။ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် အတိုက်အခံပါတီ ၂၄ ခုက ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် တောင်းဆိုကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထိုတောင်းဆိုမှုကို ပယ်ချသော်လည်း လူကိုယ်တိုင်မဲဆွယ်ခြင်းများကို သိသိသာသာ ကန့်သတ်ထားသည်။ ထိုကဲ့သို့သော ကိစ္စများကို မီဒီယာဖြင့် အစားထိုးသည်။ မဲရုံများကိုလည်း တသောင်းမှ ၅သောင်းအထိ တိုးချဲ့ထားပြီး ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲတွင်ကဲ့သို့ မဲရုံတခုတွင် လူအများအပြား တန်းစီနေခြင်းကို လျှော့ချပြီး လူအနည်းဆုံးဖြစ်အောင် လုပ်ထားသည်။
ထိုဆုံးဖြတ်ချက်များသည် ယခုကဲ့သို့ ခက်ခဲသော အခြေအနေများတွင် ပညာရှိသော ထိန်းကြောင်းမှုနှင့် ကိုက်ညီသည်။
ဘက်လိုက်မှု မရှိသလောက်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်များသည် လာမည့် ရွေးကောက်ပွဲတွင် ယခင်ကော်မရှင်ထက် ပိုမို ကျယ်ပြန့် ညီမျှသော ကြီးကြပ်မှုများကို ပြသနေသည်။
ကံမကောင်းအကြောင်းမလှသည်မှာ မြန်မာနိုင်ငံနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရသည့် ရှောင်လွဲမရသည့် ပြဿနာများကြောင့် တိုင်ကြားမှုများ ရှိလာမည်ဖြစ်သည်။ အချို့မှာ ခိုင်မာသော တိုင်ကြားမှုများဖြစ်ပြီး အချို့မှာ စနစ်ကြောင့်ဖြစ်သော တိုင်ကြားမှုများဖြစ်ပြီး ကော်မရှင်၏ တာဝန်ဝတ္တရားပြင်ပမှ တိုင်ကြားမှုများဖြစ်နိုင်သည်။
(ပေါလ်ဆာနိုသည် လွတ်လပ်သော မြန်မာ့ရေးရာ ပညာရှင်နှင့် စာရေးဆရာဖြစ်ပြီး New York Bar နှင့် Burma Studies Foundation မှ အငြိမ်းစားတဦးဖြစ်သည်။ ယခုအမြင်များသည် သူ၏ အမြင်သာဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ So Far, Signs Point to Improved Supervision of Myanmar’s Election by UEC ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
တနိုင်းက တပ်ကြိုတင်မဲများ ပြန်စိစစ်ပေးရန် NLD အမတ်များတောင်းဆို
မြိုင်မြို့နယ် အုပ်ချုပ်ရေးမှူးပြောပြသည့် အုပ်စုဖွဲ့တိုက်ခိုက်မှု ဖြစ်စဉ်
ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေရဲ့ ဒုတိယခြေလှမ်း သို့မဟုတ် ၂၀၂၀ရွေးကောက်ပွဲ
ကိုဗစ် အကျပ်အတည်းကြား မဲပေးရမည့် စည်းကမ်းများ UEC ကြေညာ