ကိုဗစ်-၁၉ ကြောင့် အာဏာရှင်စနစ်နှင့် မတည်ငြိမ်မှုများဆီသို့ ဦးတည်လာခြင်း မတိုင်မီကပင် အာရှပစိဖိတ်ဒေသသည် ၂၀၂၀ ခုနှစ်တွင် ဒီမိုကရေစီ အကျပ်အတည်းနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အထင်အရှားတွေ့နေခဲ့ရသည်။
ဗဟုဝါဒကို လက်မခံဘဲ ဝေဖန်မှုများကို ပယ်ချတတ်သည့် အာဏာရှင်များက ဒီမိုကရေစီ အင်စတီကျူးရှင်းများအပေါ် အုပ်မိုးလာနေသည့် နိုင်ငံရေးရာသီဥတုကို နိုင်ငံများအနေဖြင့် မည်သို့ကျော်ဖြတ်မည်နည်း။ အဓိက အင်အားကြီး နိုင်ငံများမှ အကူအညီများကို မှီခိုနေသည့် နိုင်ငံများသည် အနောက်ဒီမိုကရေစီများနှင့် မည်သို့ ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားမည်နည်း သို့မဟုတ် တရုတ်နိုင်ငံ၏ ပိုမိုပြင်းထန်လာသော အာဏာရှင်သြဇာလွှမ်းမိုးမှုကို မည်သို့ အလျှော့ပေးမည်နည်း။
နိုင်ငံများသည် ကိုရိုနာဗိုင်းရပ်ကြောင့်ဖြစ်ပေါ်လာသော အုပ်ချုပ်ရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ရန်ကြိုးစားနေစဉ် တရုတ်နိုင်ငံကလည်း ဟောင်ကောင်နှင့် အခြားဒေသများ၏ နိုင်ငံရေးအရ လွတ်လပ်မှုကို အင်အားချိနဲ့စေရန် လက်ရှိ ဖရိုဖရဲအခြေအနေများကို အမြတ်ထုတ်နေသောအခါ ထိုမေးခွန်းများသည် ပိုမို အရေးပါလာသည်။
သို့သော် အာရှပစိဖိတ်ဒေသအတွက် အာဏာရှင်အနာဂတ်ကို မည်သည့်နည်းနှင့်မျှရှောင်လွှဲမရကြောင်း တရုတ်ပြည်မကြီးနှင့် မိုင် ၁၁၀ သာဝေးသည့် ယဉ်ကျေးမှုအားဖြင့် တရုတ်လူ့အဖွဲ့အစည်းဖြစ်သော ထိုင်ဝမ်နိုင်ငံ၏ ဥပမာကပြသနေသည်။ ကမ္ဘာတဝှမ်းကူးစက်ရောဂါကာလတွင် အများပြည်သူကျန်းမာရေးနှင့် စီးပွားရေးတိုးတက်မှုတွင် မြင့်မားသော စွမ်းဆောင်ရည်ကြောင့် တရုတ်ဘဲ ထိုင်ဝမ်သည် ပိုမိုကျယ်ပြန့်သော ထိုဒေသတွင်း လမ်းကြောင်း ချမှတ်သော နိုင်ငံဖြစ်ရန် ပိုမိုအလားအလာရှိနေသည်။
စုစုပေါင်းသေဆုံးမှုနှုန်းမှ စီးပွားရေးထိခိုက်မှုနှင့် လူ့အခွင့်အရေးလေးစားလိုက်နာမှုအထိ မည်သည့်နည်းလမ်းဖြင့်မဆို ကြည့်ပါက ထိုင်ဝမ်သည် ကမ္ဘာတဝန်း ကူးစက်ရောဂါကို တရုတ်နိုင်ငံထက် များစွာ ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်သော ရှင်သန်သည့် ဒီမိုကရေစီနိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေသည်။ ထိုအောင်မြင်မှုသည် ဒီမိုကရေစီစံနှုန်းများအပေါ် ထိုင်ဝမ်ပြည်သူများ၏ ခိုင်မာသော ရပ်တည်မှုကြောင့် ဖြစ်ပေါ်လာသည့် လူမှုနှင့်နိုင်ငံရေး အကြောင်းအချက်များကြောင့်ဖြစ်သည်။
သက်တမ်းငယ်သေးသော ဒီမိုကရေစီ နိုင်ငံတခုအနေဖြင့် ထိုင်ဝမ်သည် ၎င်း၏ လတ်တလော မှတ်ဉာဏ်အတွင်း အာဏာရှင်စနစ် အတိတ်ကာလ ရှိခဲ့သည်အား နောက်တခါ ပြန်မဖြစ်ရန် သင်ခဏ်းစာယူပြီး အကျိုးခံစားနေသည်။
သက်တမ်းငယ်သေးသော ဒီမိုကရေစီ နိုင်ငံတခုအနေဖြင့် ထိုင်ဝမ်သည် ၎င်း၏ လတ်တလော မှတ်ဉာဏ်အတွင်း အာဏာရှင်စနစ် အတိတ်ကာလ ရှိခဲ့သည်အား နောက်တခါ ပြန်မဖြစ်ရန် သင်ခဏ်းစာယူပြီး အကျိုးခံစားနေသည်။
ထိုင်ဝမ်သား အများအပြားတို့သည် နိုင်ငံရေးလွတ်လပ်ခွင့်တိုက်ပွဲကို မှတ်မိနေကြပြီး နိုင်ငံသားတဦးချင်းစီက အခန်းကဏ္ဍတခုစီမှ ပါဝင်ရသည့် ဒီမိုကရေစီစနစ်သည် အစဉ်အမြဲ တိုးတက်နေသည်ကို နားလည်ကြသည်။
ထိုသမိုင်းနှင့် မောင်းနှင်သောစိတ်ဓါတ်သည် ရှင်သန် တီထွင်ဆန်းသစ်မှု အရှိဆုံး လူမှုအခြေပြုအဖွဲ့အစည်းများကို ဖြစ်စေပြီး ထိုင်ဝမ်၏ အရေးအပါဆုံးသော စိန်ခေါ်မှုများကို ဖြေရှင်းရန် အရှိန်အဟုန် မြှင့်တင်ပေးသည်။
ဇန်နဝါရီလအတွင်း ထိုင်ဝမ်ကျွန်းတွင် ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်သောအခါ ထိုင်ဝမ် နိုင်ငံသားများနှင့် ဒစ်ဂျစ်တယ် တက်ကြွလှုပ်ရှားသူများသည် ကိုဗစ်-၁၉ အဓိကဖြစ်ပွားသော နေရာများကို ခြေရာခံရန် အပလီကေးရှင်းများ ဖေါ်ထုတ်ခြင်းနှင့် မျက်နှာဖုံး နှာခေါင်းစည်းများ ဖြန့်ချိခြင်းတို့တွင် အစိုးရနှင့် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ရင်း လက်ရှိပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန် မြှင့်တင်ခဲ့သည်။
ကမ္ဘာတွင် အကောင်းဆုံးဟု အများအပြားက သတ်မှတ်ထားသည့် ရောဂါကူးစက်သူနှင့် ထိတွေ့မှု ရှာဖွေသော စနစ်ကို အလျှင်အမြန် တည်ဆောက်ရာတွင် လူထု၏ ယုံကြည်မှုသည် အရေးပါသည်။ လူထုကို မဖိနှိပ်ဘဲ လူထု၏ ဆန့်ကျင်ဆန္ဒပြမှုမှ လေ့လာသင်ယူရန် အစိုးရ၏ စိတ်အားထက်သန်မှု အပါအဝင် ထိုင်ဝမ်၏ တုန့်ပြန်မှုရှိသော ဒီမိုကရက်တစ် အင်စတီကျူးရှင်းများက ထိုယုံကြည်မှုကို ပြုစုပျိုးထောင်ပေးခြင်းဖြစ်သည်။
ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် အများပြည်သူ ယုံကြည်မှုတို့ကြောင့် ထိုင်ဝမ်သည် စီးပွားရေးတိုးတက်မှုကို စတေးရခြင်း မရှိဘဲ ကိုဗစ်-၁၉ ကို ထိန်းချုပ်တိုက်ဖျက်နိုင်ခဲ့သည်။
ထိုင်ဝမ်သည် ယခုနှစ်အတွင်း စီးပွားရေးတိုးတက်မှု ရှိသည့် တခုတည်းသော တိုးတက်သည့် စီးပွားရေးဖြစ်မည်ဟု JPMorgan က ဟောကိန်းထုတ်ထားသည်။
ထိုင်ဝမ်သည် ယခုနှစ်အတွင်း စီးပွားရေးတိုးတက်မှု ရှိသည့် တခုတည်းသော တိုးတက်သည့် စီးပွားရေးဖြစ်မည်ဟု JPMorgan က ဟောကိန်းထုတ်ထားသည်။
ထိုင်ဝမ်သားများသည် ဂီတပွဲများကို ခံစားနေဆဲဖြစ်ပြီး တိုင်ပေရှိစားသောက်ဆိုင်များတွင် လူပြည့်နေဆဲဖြစ်သည်။ အများပြည်သူ ကျန်းမာရေးနှင့် ကြွယ်ဝချမ်းသာမှု တခုခုကို စတေးရန် မလိုကြောင်း အနောက်နိုင်ငံများအနေဖြင့် ထိုင်ဝမ်ဥပမာမှလေ့လာနိုင်သည်။
တရုတ်နည်းပညာ အာဏာရှင်ပုံစံက ပိုမိုအဆင့်မြင့်မားသည်ဆိုသော သမ္မတ ရှီကျင့်ဖျင်၏ ပြောဆိုချက်သည် မှားယွင်းကြောင်း ထိုင်ဝမ်၏ ဒီမိုကရေစီ အောင်မြင်မှုက ပြသနေသည်။ တရုတ်နိုင်ငံက စောင့်ကြည့်ထိန်းချုပ်ရေး ထောက်လှမ်းရေး စနစ်များ တင်ပို့ပြီး အနောက်တိုင်း တန်ဖိုးများသည် အာရှအတွက် မသင့်တော်ကြောင်း ရှီ ကပြောကြားနေချိန်တွင် အနီးရှိ တရုတ်လူ့အဖွဲ့အစည်းတခုက လွတ်လပ်သော ကမ္ဘာအတွက် ကွဲပြားသော အနာဂတ်တခုကို စံနမူနာအဖြစ် ပြသနေသည်။ ပိုမိုမြင့်မားသော တဦးချင်းဝင်ငွေကို ဖြည့်ဆည်းပေးပြီး ကမ္ဘာတဝှမ်း ကူးစက်ရောဂါကို ကိုင်တွယ်ရန် အာဏာရှင်နိုင်ငံ မလိုကြောင်း သက်သေပြနေသည်။
ကမ္ဘာ့စည်းမျဉ်းအခြေပြုစနစ်ကို ဘေ့ဂျင်းက အရှိန်မြှင့် တိုက်ခိုက်နေချိန်တွင် အမေရိကန်နိုင်ငံအပါအဝင် ဒီမိုကရေစီ နိုင်ငံများအားလုံးသည် ထိုင်ဝမ်နှင့်ဆက်ဆံရေး ခိုင်မာအောင် လုပ်ဆောင်ရာတွင် ရင်းနှီးမြှုပ်နှံရမည့် အချိန်ကျရောက်ပြီဖြစ်ကြောင်း ပြသနေသည်။ ထိုသို့လုပ်ဆောင်ရာတွင် ပြည်ပမှ သတင်မှားဖြန့်ချိမှုများကို ထိုင်ဝမ်၏ အောင်မြင်သော ခုခံကာကွယ်ရေးမှ သင်ခဏ်းစာယူရန်လည်း ပါဝင်သည်။
ထိုင်ဝမ်သည် ဒစ်ဂျစ်တယ် အာဏာရှင်စနစ် ဆန့်ကျင်သည့် တိုက်ပွဲတွင် ရှေ့တန်းရောက် နိုင်ငံတခုဖြစ်သည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလက ထိုင်ဝမ်သမ္မတရွေးကောက်ပွဲကို လမ်းကြောင်းလွဲစေရန် ဘေ့ဂျင်း၏ သြဇာလွှမ်းမိုးရေး လုပ်ငန်းများသည် နိုင်ငံသားတာဝန်ဆိုင်ရာ ပညာရေးနှင့် ဒီမိုကရေစီလုပ်ငန်းစဉ် တည်တံ့ခိုင်မြဲရေးကို ကာကွယ်ရန် နိုင်ငံတဝန်း အားထုတ်မှုများကြောင့် ကျဆုံးရသည်။
ထိုင်ဝမ်ကို ပထဝီနိုင်ငံရေးအရ အထီးကျန်စေရန် တရုတ်နိုင်ငံ၏ အားထုတ်မှုများသည် ရှီ၏ အာရှတလွှား တရုတ် ဗိုလ်ကျစိုးမိုးမှု အောင်မြင်ပါက မည်သို့ဖြစ်မည်ကို တစေ့တစောင်းပြသနေသည်။
ထိုင်ဝမ်ကို ပထဝီနိုင်ငံရေးအရ အထီးကျန်စေရန် တရုတ်နိုင်ငံ၏ အားထုတ်မှုများသည် ရှီ၏ အာရှတလွှား တရုတ် ဗိုလ်ကျစိုးမိုးမှု အောင်မြင်ပါက မည်သို့ဖြစ်မည်ကို တစေ့တစောင်းပြသနေသည်။
လူ့အဖွဲ့အစည်းတခု၏ အချုပ်အခြာအာဏာကို အမှန်ကန်ဆုံး စမ်းသပ်မှုမှာ ၎င်းတို့၏ခေါင်းဆောင်များကို ရွေးချယ်နိုင်သော ပြည်သူများ၏ စွမ်းရည်နှင့် လွတ်လပ်သော နိုင်ငံခြားရေး မူဝါဒ ချမှတ်နိုင်သည့် အစိုးရ၏ စွမ်းရည်ပင် ဖြစ်သည်။
အခြားနိုင်ငံများနှင့် တိုင်ပေ၏ ဆက်ဆံရေးကို ဖြတ်တောက်ရန် ကြိုးစားသည့် အနေဖြင့် တရုတ် ကွန်မြူနစ်ပါတီသည် ထိုင်ဝမ်ပြည်တွင်းနိုင်ငံရေးနှင့် နိုင်ငံခြားရေးမူဝါဒတွင် ဝင်ရောက်စွက်ဖက်ခြင်းသည် ဘေ့ဂျင်းက ခိုင်းသည့်အတိုင်း လုပ်ရန် ငြင်းဆန်သည့် အခြား အာရှနိုင်ငံငယ်များအတွက် အန္တရာယ်ကြီးမားလှသော အနာဂတ်ကို ကြိုတင်ပြသနေသည်။ ထို့အပြင် အာရှနိုင်ငံတိုင်းသည် တရုတ်နိုင်ငံထက် သေးငယ်ကြသည်။
ဘေ့ဂျင်းက ထိုင်ဝမ်အပေါ်ချမှတ်ထားသော ပထဝီနိုင်ငံရေး အထီးကျန်စေခြင်းကို ကျော်လွှားရန် ထိုင်ဝမ်၏ တီထွင်ဆန်းသစ်သည့် နိုင်ငံကြီးသား အဖွဲ့အစည်းများ၊ စီးပွားရေးနှင့် အစိုးရခေါင်းဆောင်များနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံလုပ်ကိုင်ရန်သာ ရှိသည်။
ထို့ကြောင့် မိမိ၏ အဖွဲ့အစည်းဖြစ်သည့် နိုင်ငံတကာ ရီပတ်ဗလစ်ကန် အင်စတီကျုသည် ကမ္ဘာတဝှမ်း ဒီမိုကရေစီ ခိုင်မာရေးနှင့် ဆိုးရွားသော အာဏာရှင်သြဇာကို ခုခံရေး ရည်မှန်းချက်အစိတ်အပိုင်းအဖြစ် ထိုင်ဝမ်တွင် ရုံးတရုံး ဖွင့်လှစ်ထားသည်။
လာမည့် အမေရိကန်အစိုးရသည် သမ္မတရွေးချယ်ခံရသူ ဘိုင်ဒင်က ရာထူးလက်ခံပြီး ပထမဆုံးနှစ်အတွင်း ကျင်းပရန် ကတိပေးထားသည့် ဒီမိုကရေစီ ထိပ်သီးဆွေးနွေးပွဲသို့ ထိုင်ဝမ်ကို ဖိတ်ကြားသင့်သည်။
လာမည့် အမေရိကန်အစိုးရသည် သမ္မတရွေးချယ်ခံရသူ ဘိုင်ဒင်က ရာထူးလက်ခံပြီး ပထမဆုံးနှစ်အတွင်း ကျင်းပရန် ကတိပေးထားသည့် ဒီမိုကရေစီ ထိပ်သီးဆွေးနွေးပွဲသို့ ထိုင်ဝမ်ကို ဖိတ်ကြားသင့်သည်။
နိုင်ငံအားလုံးတို့သည် ဘေ့ဂျင်းနှင့်ဆက်ဆံရေးကို ကျွမ်းကျင်စွာ သတိနှင့် စီမံရန် လိုသည်။ ထိုသို့ပြောခြင်းသည် ပြည်ပမှ နိုင်ငံရေးခေါင်းဆောင်များနှင့် အဖွဲ့အစည်းများကို ပူးပေါင်းဆောင်ရွက်အောင် အတင်းအကျပ်လုပ်တတ်ပြီး လုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ထိပါးသော တရုတ်ကွန်မြူနစ်ပါတီ၏ လုပ်ဆောင်မှုများကို လိုက်လျှောရမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ထိုင်ဝမ်ဥပမာက ပြသလိုက်သည့်အတိုင်း ဒီမိုကရေစီများသည် မိမိတို့ပြည်သူများ၏ လွတ်လပ်မှုကို လေးစားလိုက်နာပြီး လွတ်လပ်ပွင့်လင်းသော အာရှပစိဖိတ်ဒေသကို ကာကွယ်ရန် တနိုင်ငံနှင့် တနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေကာ အများပြည်သူကျန်းမာရေးကို ကာကွယ်ပြီး စီးပွားရေးများကို ကြီးထွားအောင် လုပ်ဆောင်နိုင်ပေသည်။
(ဒေါက်တာ် ဒန်နီရယ် တွင်းနင်းသည် ဘက်မလိုက်၊ အကျိုးအမြတ်မရှာဘဲ အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် ဒီမိုကရေစီထောက်ခံသော နိုင်ငံတကာ ရီပတ်ဗလစ်ကန် အင်စတီကျု International Republican Institute ၏ ဥက္ကဌဖြစ်သည်။ သူသည် ယခင်က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန မူဝါဒ စီမံရေးဝန်ထမ်းနှင့် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးဖြစ်သည်။ သူ၏ Nikkei Asia ပါ Taiwan is the future of the Asia-Pacific, not China ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ထိုင်ဝမ်တွင် ရေငုတ်သင်္ဘော ထုတ်လုပ်နိုင်ပြီ
ပါတီတွင် ရှီကျင့်ဖျင်၏ ထိန်းချုပ်မှု ခိုင်မာကြောင်း နယ်ပယ်စုံမှ ဖြိုခွဲမှုများက ပြသနေ
ထိုင်ဝမ်မရိန်းတပ်ကို လေ့ကျင့်ပေးရန် အမေရိကန်တပ်ဖွဲ့တဖွဲ့ ရောက်နေ