ကျန်းမာရေးဝန်ကြီးဌာန ပြုပြင်ပြောင်းလဲရေးနဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး

လင်းငယ်
၂၀၂၀ မတ်လအတွင်း ပြင်ဦးလွင်၌ ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲသို့ လာရောက်သူ လူငယ်တဦးအား အပူချိန်တိုင်းနေစဉ် / ဇော်ဇော် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ရွေးကောက်ပြီးစီးသွားသည့်နောက် အများဆုံး စိတ်ဝင်စားနေသည့် ကိစ္စက မည်သို့သော အစိုးရအဖွဲ့ ဖွဲ့စည်းမလဲ ဆိုသည့်ကိစ္စဖြစ်သည်။ အားလုံးမျှော်လင့်ထားသည့် အတိုင်း ဖြစ်မဖြစ် မပြောနိုင်သေးသော်လည်း တက်လာမည့် အစိုးရအသစ်အတွက် ဦးစားပေး လုပ်ငန်းများကတော့ စောင့်ကြိုနေသည်။

ငြိမ်းချမ်းရေး၊ စီးပွားရေးတိုးတက်ရေး၊ ကိုဗစ်ကပ်ဘေးမှ နာလန်ထူရေးများသည် အရေးကြီး ကိစ္စများ ဖြစ်သလို အစိုးရဌာနအသီးသီး ပြုပြင်ပြောင်းလဲရေး များသည်လည်း မျက်ချေမပြတ် ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စဖြစ်သည်။ ထိုသို့ ပြုပြင်ပြောင်းလဲရာတွင် အနာဂတ်အတွက် မျှော်မြင်ထားကြသည့် ဖက်ဒရယ်စနစ်နှင့် လိုက်လျောညီထွေ ဖြစ်စေသော၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အထောက်အပံ့ဖြစ်စေသော ပြုပြင် ပြောင်းလဲမှုမျိုးသည် လိုလား အားပေးထိုက်သည် မဟုတ်ပါလား။

ကဏ္ဍပေါင်းစုံအနက် ကျန်းမာရေးတွင်လည်း ထိုသို့ ပြောင်းလဲရေးအတွက် ဆက်လက်လုပ်ဆောင်စရာ များစွာရှိသည်။ ထိုအထဲတွင်မှ ဗဟိုချုပ်ကိုင်မှု လျော့ချရေးလုပ်ရန် အလွန်အရေးကြီးသည်။ ထိုလုပ်ငန်းကို စတင်လုပ်ဆောင်နေသည်ဟုတော့ ရိပ်စားမိနိုင်သည်။

လက်ရှိအခြေအနေ

၂၀၁၉ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့က ပဲခူးတိုင်း ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ရာတွင် “ဝန်ကြီးဌာနတစ်ခုလုံး၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ကြည့်ခဲ့ရာတွင် ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ယခုထက် ပိုမိုလျင်မြန်စွာဖြင့် အောင်မြင်ထိရောက်မှုရှိစေရန်အတွက် လာမည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုနှင့် အဆောက်အဦနှင့် စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးကိစ္စရပ်များတွင် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးများနှင့် ဆေးရုံအုပ်ကြီးများအား လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်သွားမည် (delegation of authority) ဖြစ်ပါကြောင်း၊” “လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်သွားခြင်းဖြင့် … လုပ်ငန်းဆောင်ရွက်ရာတွင် အထက်အဆင့်ဆင့်ထံမှ ခွင့်ပြုချက်များကို စောင့်ဆိုင်းနေစရာ မလိုဘဲ မိမိတို့ကိုယ်တိုင် ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ သတ်မှတ်ချက်များနှင့် အညီ တာဝန်ယူမှု၊ တာဝန်ခံမှု ပြည့်ဝစွာဖြင့် ဗဟိုမှ လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများ ပြုစုထုတ်ဝေပေးမည် ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားသွားသည်။

နိုင်ငံပိုင်သတင်းစာများက ရေးသားသည်များသည် အစိုးရ၏ အာဘော်ဖြစ်သည်။ အတိတ်ကာလ ထုံးစံတိုင်း ဆိုပါလျှင် ထိုမှတဆင့် အစိုးရ၏ မူဝါဒများကဲ့သို့ ကောက်ယူခဲ့ကြရပါသည်။

ထို့နောက် ၂၀၁၉ စက်တင်ဘာ ၁၁ ရက်နေ့ Global New Light Myanmar သတင်းစာ ခေါင်းကြီးပိုင်းတွင်လည်း “Decentralization of healthcare needs coordinated effort” ဟူသော ခေါင်းစဉ်ဖြင့် ကျန်းမာရေး ဝန်ကြီး၏ စကားများအတိုင်း ထပ်မံရေးသား တိုက်တွန်းထားသည်။

နိုင်ငံပိုင်သတင်းစာများက ရေးသားသည်များသည် အစိုးရ၏ အာဘော်ဖြစ်သည်။ အတိတ်ကာလ ထုံးစံတိုင်း ဆိုပါလျှင် ထိုမှတဆင့် အစိုးရ၏ မူဝါဒများကဲ့သို့ ကောက်ယူခဲ့ကြရပါသည်။

ယခုလည်း တိတိကျကျ ရေးသား ပြဌာန်းထားသော မူဝါဒ တရပ် မဖြစ်ပေါ်လာသေးမီ ရှေ့ပြေး သတင်းစကားများ ဖြစ်မည်ဟု ယူဆရပေသည်။

သို့သော် ထူးခြားချက်အနေဖြင့် ကျန်းမာရေးဝန်ကြီးမှ ဝန်ထမ်းများသို့ ၎င်းနှစ် ၂၀၁၉ ခုနှစ်အတွက် နှစ်သစ်ကူး နှုတ်ဆက်လွှာနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင်မူ ဖော်ပြခဲ့ခြင်း မရှိပေ။ ထိုစဉ်က ကျန်ရှိသည့် အစိုးရသက်တမ်း နှစ်နှစ်တာကာလအတွင်း လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ဖော်ပြခဲ့ရာတွင် မပါဝင်ခဲ့ဘဲ ရွေးကောက်ပွဲ နားနီးမှ ပြောဆိုခဲ့ခြင်းမှာ စဉ်းစားစရာဖြစ်ခဲ့သည်။ ထို့နောက်တွင်တော့ ကိုဗစ် ကပ်ဘေးကြီးကြောင့် အရာအားလုံးသည် ကိုဗစ်ကို ဦးတည်တုံ့ပြန်ရခြင်းတွင်သာ အချိန်ကုန်ခဲ့ရတော့သည်။

သို့သော် ကိုဗစ်ကပ်ဘေးသည် အဆိုးချည်းမလာဘဲ ယူတတ်လျှင် ရသည့် သင်ခန်းစာများလည်း ပါဝင်ပါသည်။ ကိုဗစ်ကပ်ဘေးကို တုံ့ပြန်ရာတွင် ဗဟိုမှ ချမှတ်သည့် အမိန့်များ၊ ထုတ်ပြန်ချက်များကို တကျောင်းတဂါထာဆိုသလို ဒေသအလိုက် အကောင်အထည်ဖော်ခဲ့ကြသည်။ ထို့အပြင် ဒေသအခြေအနေအလိုက် သီးခြား အမိန့်များ ထုတ်ပြန်ပေးရခြင်းများလည်း ရှိခဲ့သည်။ အမိန့်အားလုံးကို ဗဟိုမှ ထုတ်ပြန်သောအခါ ဘယ်ဟာက ဒေသန္တရအမိန့်၊ ဘယ်ဟာက တနိုင်ငံလုံး လွှမ်းခြုံအမိန့်မှန်း ရှင်းရှင်းလင်းလင်း မသိတော့ဘဲ ရှုပ်ထွေးကုန်တော့သည်။

သို့သော် ဗဟိုချုပ်ကိုင်မှု လျော့ချခြင်းသည် ကျန်းမာရေး ဝန်ကြီးဌာန တခုတည်း သက်သက်က လုပ်ဆောင်ရန် ခက်ခဲမည်ဖြစ်ပြီး အာဏာရယူ ဖွဲ့စည်းမည့် အစိုးရ၏ နိုင်ငံရေးစိတ်ဆန္ဒပေါ်တွင် များစွာ မူတည်သေးသည်။

ထိုအခါ စီမံခန့်ခွဲမှုအားကောင်းသော ဒေသများတွင် အဆင်ပြေသော်လည်း စီမံခန့်ခွဲမှု ညံ့ဖျင်းသော ဒေသများတွင် အခက်အခဲများ ရှိခဲ့သည်။ ပြည်သူများမှာလည်း ဘယ်အချက်က ဘယ်အချိန် ပြောင်းသွားပြီလဲဆိုတာကို နားလည်အောင် ကြိုးစားရသည်က တဒုက္ခဖြစ်သည်။ ဤအချက်သည် ပြည်နယ်၊တိုင်းများ သို့မဟုတ် ပို၍ နိမ့်သော ဌာနအဆင့်များသို့ ပိုမို လုပ်ပိုင်ခွင့် ပေးရန် လိုအပ်နေသည်ကို ညွှန်းဆိုနေသည်။ ဤသည်မှာ ဗဟိုချုပ်ကိုင်မှု လျော့ချရေးနှင့် ပတ်သက်သည့် သင်ခန်းစာတခုကို ဖော်ပြခြင်းဖြစ်သည်။

သို့သော် ဗဟိုချုပ်ကိုင်မှု လျော့ချခြင်းသည် ကျန်းမာရေး ဝန်ကြီးဌာန တခုတည်း သက်သက်က လုပ်ဆောင်ရန် ခက်ခဲမည်ဖြစ်ပြီး အာဏာရယူ ဖွဲ့စည်းမည့် အစိုးရ၏ နိုင်ငံရေးစိတ်ဆန္ဒပေါ်တွင် များစွာ မူတည်သေးသည်။

ဘယ်လို Decentralization မျိုးလဲ

Decentralization ကို ပြောကြရာတွင် အခြေခံအားဖြင့်တော့ ပါမောက္ခ ရွန်ဒီနယ်လီ၏ Decentralization (ဗဟိုချုပ်ကိုင်မှု လျော့ချခြင်း) သဘောတရားများကို စတင်ကိုးကား ပြောဆိုကြပါသည်။ ထိုအထဲတွင်မှ လူသိများသည်မှာ Decentralization ဒီဂရီအား အနိမ့်အမြင့် သုံးမျိုး ဖြစ်သည်။ ၎င်းတို့မှာ Deconcentration, Delegation နှင့် Devolution တို့ဖြစ်သည်။

Deconcentration ဆိုသည်ကတော့ အားအနည်းဆုံး ဗဟိုချုပ်ကိုင်မှု လျော့ချသည့် ပုံစံဖြစ်ပြီး ဗဟိုမှ အလုပ်များကို နယ်မြေဒေသတစ်ခုရှိ ဗဟိုရုံး၏ ဌာနခွဲများသို့ ခွဲဝေလုပ်ကိုင်စေသည့် အလုပ်ခွဲဝေခြင်း စနစ်သာ ဖြစ်သည်။ အလယ်မှာ စုနေသည့် အလုပ်တွေကို အပြင်သို့ မျှလုပ်စေရုံသာ ဖြစ်ပြီး အများအားဖြင့် ဆုံးဖြတ်ပိုင်ခွင့် အာဏာများ ပါမလာတတ်ပေ။ သို့မဟုတ် လုပ်ငန်းတချို့တွင်သာ ဆုံးဖြတ်ပိုင်ခွင့် ပေးထားသည်။ ကျန်းမာရေး ဝန်ကြီး၏ ပြောစကားတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ခွဲဝေလုပ်ကိုင်စေမည့် ကျန်းမာရေးဌာနဆိုင်ရာ လုပ်ငန်းများ ပါရှိသည်။ သို့သော် မည်မျှအထိ လုပ်ပိုင်ခွင့် ပေးအပ်ထားမည်ကတော့ မရှင်းလင်းသေးပေ။

နောက်တမျိုးကတော့ Delegation ဖြစ်သည်။ သီးသန့် သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များကို ဆုံးဖြတ်ပိုင်ခွင့်နှင့် တာဝန်ယူစေရန် ခွဲဝေအပ်နှင်းခြင်း ဖြစ်သည်။ အစိုးရ ဌာနအချင်းချင်းကြား ခွဲဝေပေးခြင်း ဖြစ်နိုင်သလို အစိုးရက ဖွဲ့စည်းပေးလိုက်သည့် ကော်ပိုရိတ်လုပ်ငန်းကြီးများကို လုပ်ပိုင်ခွင့် ပေးလိုက်ခြင်းလည်း ဖြစ်နိုင်သည်။ ကျန်းမာရေး ဝန်ကြီးဌာနက မိမိတို့ မဆောင်ရွက်နိုင်သည့် ကျန်းမာရေး လုပ်ငန်းတစ်ခုခုကို မိမိတို့ အုပ်ချုပ်မှုအောက်တွင် တိုက်ရိုက်မရှိသော အဖွဲ့တစ်ခု ဖွဲ့၍ လုပ်စေခြင်းမျိုး ဆိုနိုင်သည်။ ယခုထိတော့ မရှိသေး။

ဤအဆင့်ခွဲခြားမှုအရ ဆိုလျှင် ယခု ကျန်းမာရေးဝန်ကြီးပြောသော “လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်သွားမည် (delegation of authority)” ဆိုသည်မှာ Deconcentration အဆင့်လောက်သာ ဖြစ်သည်ဟု အကြမ်းဖျင်း ဆိုနိုင်သည်။

နောက်ဆုံး အဆင့်ကတော့ အာဏာခွဲဝေမှု ပြင်းအားအများဆုံးဟု ဆိုကြသည့် Devolution ဖြစ်သည်။ အချို့ကလည်း Devolution သည် Decentralization (ဗဟိုချုပ်ကိုင်မှု လျော့ချခြင်း)၏ ဘောင်အပြင်သို့ ရောက်ရှိသွားပြီဟု ဆိုကြသည်။ အဘယ့်ကြောင့် ဆိုသော် Devolution တွင် သီးခြားဖြစ်ခြင်း သဘော ပါဝင်လာပြီး ဗဟိုရှိ ဌာနများ ပြည်နယ်နှင့်တိုင်းဒေသကြီး ဌာနများအပေါ် လွှမ်းမိုးမှု မရှိသလောက် နည်းသွားသောကြောင့် ဖြစ်သည်။ ဒေသအစိုးရများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိကြပြီး ဗဟိုနှင့် အပြန်အလှန် အကျိုးတူ ဆောင်ရွက်နိုင်သည့် အနေအထားသို့ ရောက်ရှိလာကြသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနများက ပြည်နယ်နှင့်တိုင်းဒေသကြီး ကျန်းမာရေး ဝန်းကြီးဌာနအဖြစ် ကိုယ်ပိုင် ဘဏ္ဍာငွေရှာ၊ စီမံကိန်းချမှတ် ဆောင်ရွက်ခြင်းများ ပြုလုပ်သည့်အဆင့် ဖြစ်မည်။

ဤအဆင့်ခွဲခြားမှုအရ ဆိုလျှင် ယခု ကျန်းမာရေးဝန်ကြီးပြောသော “လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်သွားမည် (delegation of authority)” ဆိုသည်မှာ Deconcentration အဆင့်လောက်သာ ဖြစ်သည်ဟု အကြမ်းဖျင်း ဆိုနိုင်သည်။

Decentralization သည် နိုင်ငံရေးဆိုင်ရာ အာဏာခွဲဝေမှု၊ အုပ်ချုပ်ရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှု လျော့ချခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ခွဲဝေခြင်းဟူ၍ အမျိုးမျိုး ရှိသေးရာ တစ်စိတ်တစ်ပိုင်း ပြုလုပ်ခြင်းသည် ထိရောက်မှု အားနည်းနိုင်သည်။ သို့သော် အခြားအားသာချက်အဖြစ် အခွင့်အလန်းကောင်းလည်း ရှိနေသေးသည်ကိုတော့ မြင်အောင် ကြည်တတ်ရန်လိုပေသည်။

လူတိုင်းအတွက် ကျန်းမာရေး

ဖက်ဒရယ်သည်သာ နောက်ဆုံးပန်းတိုင်အဖြစ် ရှုမြင်ကြသည့် မြန်မာနိုင်ငံတွင် အလုံးစုံ ခွဲဝေခြင်းသည် လက်တွေ့ လုပ်ဆောင်ရာတွင် အခက်အခဲများစွာ ရှိနိုင်သည်။ ထို့ကြောင့် အချို့သော ပညာရှင်များက တချို့သော အစိုးရ အစိတ်အပိုင်းများကို ဗဟိုချုပ်ကိုင်မှု လျော့ချရေး လုပ်ဆောင်သင့်ကြောင်း အကြံပြုတင်ပြကြသည်။

ထိုအထဲမှာမှ ကျန်မာရေးသည် အကောင်းဆုံးဌာနတစ်ခုဖြစ်သည်ဟု အဆိုပြုချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းမာရေးသည် လူထုကို ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဖြစ်ပြီး အခြားသော လုပ်ငန်းများထက် နိုင်ငံရေးနှင့် မရှုပ်ထွေးဘဲ ဆောင်ရွက်နိုင်သည်။

လူတဦး ငှက်ဖျားဖြစ်သည် ဆိုပါစို့။ ထိုလူသည် ကရင်ပြည်နယ်မှ လူတစ်ဦးဖြစ်ပါစေ၊ ကချင်ပြည်နယ်မှ လူတစ်ဦးဖြစ်ပါစေ၊ မကွေးတိုင်းမှ လူတစ်ဦးဖြစ်ပါစေ စံချိန်မှီ ငှက်ဖျားကုသရေးကို ရရှိထိုက်သည်။ ငှက်ဖျားဆေးသည်လည်း မည်သည့်ဒေသမှ လူဖြစ်ခြင်း၊ မည်သည့်လူမျိုး ဖြစ်ခြင်းနှင့်မျှ မသက်ဆိုင်ဘဲ ငှက်ဖျားရောဂါ အခြေအနေအရသာ ကုသပေးရမည် ဖြစ်သည်။ ထိုအတွက်လည်း ဗဟိုအစိုးရက ၎င်းတို့စိတ်ကြိုက် တီထွင်ရန် မလိုအပ်ဘဲ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးနှင့် ဆေးပညာအရ သတ်မှတ်ထားသည့် နောက်ဆုံးပေါ် ကုထုံးများ ရှိထားပြီးဖြစ်သည်။

ထို့အပြင် ယခုအချိန်တွင် နိုင်ငံရေးအဖြေ ယတိပြတ် မရနိုင်သေးရာ ဝန်ကြီးဌာနတခု၏ Decentralization လုပ်ငန်းစဉ်ကို စမ်းသပ်ဖက်ဒရယ် (pilot project) အဖြစ် သဘောထား စောင့်ကြည့်နိုင်ပေသည်။

သို့သော် လူတိုင်း လက်လှမ်းမှီရန် အတွက်မူ နယ်စွန်ခက်ခဲ ဒေသများသို့ ကျန်းမာရေး စောင့်ရှောက်မှု ရောက်ရှိရန် လိုအပ်သည်။ ထို့အတွက်ကြောင့်ပင် ဗဟိုချုပ်ကိုင်မှု လျော့ချရန်၊ ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာရန် လိုအပ်နေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ကျန်းမာရေး ဝန်ကြီးဌာနကို Decentralization လုပ်ရန် ကြိုးပမ်းချက်သည် ဝိဝါဒကွဲစရာ နည်းပါးပြီး အားပေးထိုက်သည်ဟု ဆိုရခြင်း ဖြစ်သည်။

ထို့အပြင် ယခုအချိန်တွင် နိုင်ငံရေးအဖြေ ယတိပြတ် မရနိုင်သေးရာ ဝန်ကြီးဌာနတခု၏ Decentralization လုပ်ငန်းစဉ်ကို စမ်းသပ်ဖက်ဒရယ် (pilot project) အဖြစ် သဘောထား စောင့်ကြည့်နိုင်ပေသည်။

လက်တွေ့အခက်

လက်ရှိ မြန်မာနိုင်ငံ၏ ပြဿနာများသည် ဖက်ဒရယ်စနစ် တည်ဆောက်လိုက်ရုံ၊ အာဏာခွဲဝေလိုက်ရုံဖြင့် ချက်ချင်း ပြေလည်သွားမည်မဟုတ် ဆိုသည်ကတော့ ရှင်းလင်းလှသည်။

“တည်ဆောက်” ဆိုသည့် သဘောသည် အချိန်ယူရခြင်း၊ တဆင့်ပြီးတဆင့် လုပ်ဆောင်ရခြင်း အနက်သဘော ပါဝင်ရာ တည်ဆောက်ရာတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ကြိုတင်ပြင်ဆင်ရန်လိုအပ်သည်။ အခြားနိုင်ငံ၏ အတွေ့အကြုံများ၊ လေ့လာထားသည့် စာများ ဖတ်ကြည့်လျှင် ရှေ့လူတို့၏ သင်ခန်းစာများ၊ ဆောင်ရန် ရှောင်ရန်များ တောင်ထုမက တွေ့ရမည်ဖြစ်သည်။

သို့သော် မည်သည့် အချက်က မြန်မာအတွက် ကိုက်သလဲ၊ ဘယ်လို အသုံးပြုမလဲဆိုသည်က လက်တွေ့မေးခွန်းများ ဖြစ်ပြီး လုပ်ရင်း သင်သွားရသည့် သဘောများလည်း ရှိသည်။ မြန်မာတွင် ထို့သို့ လုပ်ကြည့်ရသည့် အတွေ့အကြုံ မရှိသေးပေ။

ကျန်းမာရေး လုပ်ငန်းများ Decentralization သည်ပင် ဌာန လုပ်ငန်း တခုတည်း ဖြစ်ပါလျက် အလွန် လက်တွေ့လုပ်ဆောင်ရ ခက်ခဲကြောင်း၊တကျောင်း တဂါထာ ဖြစ်ကြောင်းကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ၁၉၉၀ ပြည့်နှစ်က လေ့လာခဲ့သည့် လေ့လာမှုများတွင် အတိအကျ ဖော်ပြထားပြီး ဖြစ်သည်။ အများအားဖြင့် ဝန်ထမ်းများ ကိုယ်၌က အပြောင်းအလဲကို ခုခံခြင်း၊ အထူးသဖြင့် လုပ်ပိုင်ခွင့် ကိုင်ထားနိုင်သူများက ဆန့်ကျင်ခြင်း၊ ဗဟိုမှ ချမှတ်သည့် လမ်းညွှန်ချက်များဖြင့် အသားကျနေခြင်းများက အတွေ့ရများမည်။

လုပ်ပိုင်ခွင့်နှင့်အတူ အကျင့်ပျက်မှုများ၊ အလွဲသုံးမှုများ ဖြစ်နိုင်ခြေ မြင့်မားလာမည် ဖြစ်သည်။ ယခုပင်လျှင် ကျန်းမာရေး ဝန်ကြီးဌာန ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူရေး လုပ်ငန်းများသည် အညှီနံ့ ထွက်လာနေသည်။

ထို့အတူ အာဏာများ လွှဲပြောင်းပေးလိုက်ခြင်းဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများသည် အလုပ်များ ပိုမိုလုပ်လာရရာ ကျွမ်းကျင်မှု၊ ဝန်ထမ်းအင်အား မလုံလောက်မှုများ ကြုံလာရမည်။

လုပ်ပိုင်ခွင့်နှင့်အတူ အကျင့်ပျက်မှုများ၊ အလွဲသုံးမှုများ ဖြစ်နိုင်ခြေ မြင့်မားလာမည် ဖြစ်သည်။ ယခုပင်လျှင် ကျန်းမာရေး ဝန်ကြီးဌာန ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူရေး လုပ်ငန်းများသည် အညှီနံ့ ထွက်လာနေသည်။

စောင့်ကြည့် ထိန်းကျောင်း

ထိုအခြေအနေတွင် အခက်အခဲများကို နားလည်ပြီး ဖြစ်လာနိုင်ခြေများကို မည်သူက မည်သို့ ထိန်းကျောင်းကြမလဲ၊ မည်သို့ ထောက်ကူကြမလဲ ဆိုသည့် မေးခွန်းထွက်ပေါ်လာသည်။

သမာရိုးကျ အစိုးရ ပုံစံအတွင်းမှ ဆိုလျှင်တော့ ပြည်နယ်နှင့် တိုင်းဒေသကြီး လူမူရေးဝန်ကြီးများသည် ဤလုပ်ငန်းသဘောများကို စေ့စေ့စပ်စပ် နားလည်ရန် လိုအပ်ပြီး တာဝန်ခံမှု ရှိစွာဖြင့် ထိန်းကျောင်းနိုင်ရမည် ဖြစ်သည်။ ထိုမှတဆင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများသည် တာဝန်ခံမှုတရပ်ကို အကောင်အထည် ဖော်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက ကျန်းမာရေး ဗဟိုကလည်း မကိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှလည်း မထိန်းသိမ်းနိုင်လျှင် Decentralization သည် ဖရိုဖရဲ ဖြစ်သွားနိုင်သည်။

Decentralization ဖြစ်ပေါ်လာလေလေ မိမိတို့ ဒေသတွင်းပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိကာ တိုးတက်လာလေလေဖြစ်သည်။ မိမိတို့ ဒေသရှိ ပြည်သူများ၏ ကျန်းမာရေးကို မိမိတို့ကိုယ်တိုင် တာဝန်ယူရတော့မည် ဖြစ်ရာ လက်ညှိုးထိုးရုံနှင့် မဖြစ်တော့ပေ။

သမားရိုးကျ ပုံစံမဟုတ်သော အခြားတဖက်တွင်လည်း ဒေသတွင်း နိုင်ငံရေး ခေါင်းဆောင်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အနေဖြင့် လက်တွေ့အခက်အခဲများကို နားလည်ကာ ဒေသတွင်း ရနိုင်သည့် နည်းလမ်းများဖြင့် ကူညီဆောင်ရွက်နိုင်ရန် စဉ်းစားနိုင်သည်။ အသေအချာ စောင့်ကြည့်နိုင်သည်။

Decentralization ဖြစ်ပေါ်လာလေလေ မိမိတို့ ဒေသတွင်းပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိကာ တိုးတက်လာလေလေဖြစ်သည်။ မိမိတို့ ဒေသရှိ ပြည်သူများ၏ ကျန်းမာရေးကို မိမိတို့ကိုယ်တိုင် တာဝန်ယူရတော့မည် ဖြစ်ရာ လက်ညှိုးထိုးရုံနှင့် မဖြစ်တော့ပေ။

ထို့ကြောင့် ဤဖြစ်စဉ်ကို အနီးကပ် လေ့လာစောင့်ကြည့်ခြင်းဖြင့် လက်တွေ့ အခက်အခဲများကို နားလည်နိုင်ရန် ကြိုးပမ်းသင့်သည်။

သို့သော် ကျန်းမာရေးသည် သီးသန့်အတတ်ပညာ ဖြစ်သည့်အတွက် မိမိတို့ သက်ဆိုင်ရာ အဖွဲ့အစည်းများတွင် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကို နာလည်တတ်ကျွမ်းပြီး ထောက်ပြ ဝေဖန်နိုင်သည့်၊ လိုအပ်ပါက ကူညီပံ့ပိုးနိုင်သည့် အဆင့်မှီ လူအင်အားများလည်း ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည်။

သို့မှသာ ရမ်းသမ်းပြောသည့် အဆင့်ထက် ကျော်လွန်ကာ ပေမှီဒေါက်မှီ ဝေဖန်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် ဗဟိုချုပ်ကိုင်မှု လျော့နည်းသည့် စနစ်တရပ် ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။

အခြားတဖက်တွင်လည်း ကျန်းမာရေး ဝန်ကြီးဌာန၏ ဗဟိုထိန်းချုပ်မှု လျော့ချရေး လုပ်ငန်းစဉ်အတွင်း ဒေသခံ ပြည်သူများ ယခုထက် ပိုမိုနားလည် ပါဝင်ခွင့်ရရှိရန် လိုအပ်နေသေးသည်။ အားထုတ်မှုများစွာ ပြုလုပ်ရဦးမည် ဖြစ်သည်။

လာမည့် အစိုးရအသစ်အတွက် ဤလုပ်ငန်းစဉ်ကို ဦးစားပေးအဖြစ် ဆက်လက် လုပ်ဆောင်ရန်လည်း လိုအပ်မည် ဖြစ်ပါသည်။

(လင်းငယ်သည် မြန်မာ ဆရာဝန်တဦး ဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ်ဖြင့် မဟာဘွဲ့ယူထားပြီး ငြိမ်းချမ်းရေးနှင် ပဋိပက္ခဆိုင်ရာများ၊ မျက်မှောက်ရေးရာများ သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)

You may also like these stories:

ကျန်းမာရေးစောင့်ရှောက်မှု ပြည်သူအများစု ဘယ်လောက် လက်လှမ်းမီပြီလဲ

ကိုဗစ် – 19 ကို မြန်မာတွေ ဘာကြောင့် မထိန်းချုပ်နိုင်တာလဲ

မြန်မာနိုင်ငံတွင် HIV ကူးစက်ခံရမှု ၃၆ ရာခိုင်နှုန်းအထိ ကျဆင်းလာ

Did you find apk for android? You can find new Free Android Games and apps.
Loading