၂၀၂၀ ခုနှစ် ကုန်ဆုံးခါနီး စမွတ်စခွန် ပင်လယ်စာဈေးမှ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုသည် အပေါ်ယံအားဖြင့် ကြည့်ပါက အမင်္ဂလာဖြစ်သောလည်း အမှန်တကယ်တွင် မင်္ဂလာတပါးဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေးသည် ထိုင်းနိုင်ငံကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် မည်မျှအရေးပါသည်ကို ပြသလိုက်ခြင်းပင်ဖြစ်သည်။ ရွှေ့ပြောင်းလုပ်သားများ ဘေးအန္တရာယ်မကင်းသရွှေ့ ထိုင်းများ ဘေးအန္တရာယ်မကင်းကြောင်း အထင်အရှား ပြသလိုက်ခြင်းပင်ဖြစ်သည်။ ယခုအချိန်သည် နိုင်ငံရေးသမားများ အမြဲလိုလိုလုပ်တတ်သည့် အပြစ်တင် အရှက်ခွဲရမည့်အချိန် မဟုတ်ပေ။
နားမလည်နိုင်မှုနှင့်ငြင်းဆန်မှုအချို့ကို ပြုလုပ်ပြီးနောက်ဆုံးတွင် ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာသည် ရွှေ့ပြောင်းလုပ်သားများ အထူးသဖြင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ ရင်ဆိုင်နေရသည့် ဆိုးရွားသော အခြေအနေကို နားလည်လာသည်။ မကြာသေးမီက ကူးစက်မှုသည် ထိုင်းနိုင်ငံတွင်နေထိုင်နေသော ရွှေ့ပြောင်းလုပ်သားများကြောင့် မဟုတ်ဘဲ ထိုင်းနယ်စပ်ကိုဖြတ်ကျော်မှောင်ခိုသွင်းလာသော နိုင်ငံခြားသားများကြောင့်ဖြစ်ကြောင်း သူ ချက်ခြင်းဝန်ခံသည်။ ယခုရောဂါကူးစက်မှုသည် မြန်မာနိုင်ငံမှ အလုပ်သမားများကြောင့်ဖြစ်ကြောင်း သိမ်းကြုံး စွပ်စွဲခြင်းကို သူအစောပိုင်းက ပြုလုပ်ခဲ့သည်။
ထိုင်းအစိုးရသည် စာရွက်စာတမ်းအထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများကို လက်ရှိအစီအစဉ်တွင် ထည့်သွင်းရန် ယာယီ အလုပ်လုပ်ခွင့် သို့မဟုတ် ပန်းရောင်ကဒ် ထုတ်ပေးရေး ဆုံးဖြတ်ခဲ့ပြီဖြစ်သည်။
ကူးစက်ရောဂါစက်ဝိုင်းကို ဖြတ်တောက်ရမည်ဖြစ်ကြောင်း အစိုးရဌာနအားလုံး နိုးနိုးကြားကြားရှိရမည်ဖြစ်ကြောင်း ပရာယွဒ်က ထပ်လောင်းပြောကြားသည်။ မသမာမှုများနှင့် အမြတ်ထုတ်သွေးစုပ်မှုများက လက်ရှိ ဟာကွက်များနှင့် ဥပဒေချိုးဖေါက်မှုများ၏ တစိတ်တပိုင်းဖြစ်သလို ပြည်ထဲရေးနှင့် အလုပ်သမားဝန်ကြီးဌာနများအနေဖြင့် ရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်သည့် စွမ်းရည်တိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။ မည်သည့် အမှားကျူးလွန်မှုမဆိုနှင့် သံသယရှိသော အဂတိလိုက်စားမှုမဆိုအား ဝန်ကြီးချုပ်ရုံးသို့ သတင်းပို့ရန် ပြည်သူများကို သူ တိုက်တွန်းပြီး လက်ရှိအချိန်တွင် တိုင်စာအနည်းငယ်လည်း ရရှိထားသည်။
ထိုင်းအစိုးရသည် စာရွက်စာတမ်းအထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများကို လက်ရှိအစီအစဉ်တွင် ထည့်သွင်းရန် ယာယီ အလုပ်လုပ်ခွင့် သို့မဟုတ် ပန်းရောင်ကဒ် ထုတ်ပေးရေး ဆုံးဖြတ်ခဲ့ပြီဖြစ်သည်။
သို့သော် ထိုရွှေ့ပြောင်းလုပ်သားများ ၎င်းတို့၏ လုပ်ငန်းခွင်နှင့်ဘ၀ အနာဂတ်တွင် ပိုမိုကောင်းမွန်သော အကာအကွယ်ရရှိရေး ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်သေးသည်။ ကျန်းမာရေး အာမခံစနစ်တွင် ထိုရွှေ့ပြောင်းလုပ်သားများ အကျုံးဝင်အောင် ရေရှည်နည်းလမ်းဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။
စမွတ်စခွန်ဟု သိကြသော မဟာချိုင်မှ ရွှေ့ပြောင်းလုပ်သားများနှင့် နိုဝင်ဘာလက အလျဉ်းသင့်သလို တွေ့ဆုံမေးမြန်းသောအခါ ၎င်းတို့၏ လုပ်ငန်းခွင်အခြေအနေကို အစိုးရက အာရုံစိုက်ခြင်း မရှိသလောက်ဖြစ်ကြောင်းတွေ့ရသည်။ ဆိုးကျိုး ၃ ခုကို မီးမောင်းထိုးပြနေသည်။ မည်သည့် တကိုယ်ရည်ကာကွယ်ရေး ကိရိယာမျှ မရှိခြင်း၊ အလုပ်တွင် စုပြုံလုပ်ကိုင်ရသောကြောင့် လူမှုခွဲခြားနေထိုင်ရန် မဖြစ်နိုင်ခြင်းနှင့် ကိုယ်အပူချိန်ကို ပုံမှန်စစ်ဆေးမှု မရှိခြင်းတို့ဖြစ်သည်။ စနစ်ကျသော လုပ်ငန်းခွင်အခြေအနေနှင့် ကျန်းမာရေး စောင့်ရှောက်မှု မရှိခြင်းသည် အန္တရာယ်ကျရောက်နိုင်ခြေများသည်ဟု သတ်မှတ်ရမည်ဖြစ်သည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံမှ ၂၄၃၆၁၇ ဦး၊ လာအိုမှ ၁၃၂၀၀ ဦး၊ ကမ္ဘောဒီးယားမှ ၉၆၄၀ ဦးနှင့် အခြားနိုင်ငံများမှ ၉၃၁၇ ဦး စသည်ဖြင့် ထိုင်းနိုင်ငံတွင် ရွှေပြောင်းလုပ်သား စုစုပေါင်း ၂၇၅၇၈၂ ဦးရှိနေသည်။ ထိုအလုပ်သမားများအကြားတွင် ပိုမိုစစ်ဆေးလျှင် ကူးစက်မှု ပိုမိုတွေ့ရှိမည်ကို ရှောင်ရှားနိုင်မည် မဟုတ်ပေ။ ထိုမြို့ကို ဇန်နဝါရီလ ၃ ရက်နေ့အထိ လော့ဒေါင်းပိတ်ထားပြီး လူအများအပြားကို သီးခြားခွဲထားသောကြောင့် ဒေသဆိုင်ရာအာဏာပိုင်များနှင့် လူမှုအသိုင်းအဝန်းများသည် ပိုးကူးစက်ခံရသူများကို လူသားချင်းစာနာမှု အကူအညီပေးရာတွင် အရေးပါသော အခန်းမှ ပါဝင်သည်။
ရွှေ့ပြောင်းလုပ်သားအခွင့်အရေးအဖွဲ့အစည်းတခုဖြစ်သော မြန်မာ့ အကူအညီပေးရေးမဟာမိတ်ကော်မတီ Myanmar’s Aid Alliance Committee ကလည်း အကူအညီများပေးနေသည်။ မြန်မာစကားပြောသော စေတနာ့ဝန်ထမ်းများကလည်း စကားပြန်အကူအညီပေးရန် လက်တကမ်းတွင် ရှိနေသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကူးစက်မှုဖြစ်ပွားပြီးနောက် န်ိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာသံရုံးမှ အရာရှိများသည် စမွတ်စခွန်သို့ နောက်တနေ့တွင် အလျှင်အမြန်သွားရောက်ပြီး အများပြည်သူစိုးရိမ်ပူပန်မှုများနှင့် အလုပ်သမားများ၏ အသက်မွေးဝမ်းကြောင်းကို အာမခံရန် အစီအစဉ်ချမှတ်သည်။
ရွှေ့ပြောင်းလုပ်သားအခွင့်အရေးအဖွဲ့အစည်းတခုဖြစ်သော မြန်မာ့ အကူအညီပေးရေးမဟာမိတ်ကော်မတီ Myanmar’s Aid Alliance Committee ကလည်း အကူအညီများပေးနေသည်။ မြန်မာစကားပြောသော စေတနာ့ဝန်ထမ်းများကလည်း စကားပြန်အကူအညီပေးရန် လက်တကမ်းတွင် ရှိနေသည်။
မြေပြင်အခြေအနေတွင် ပြဿနာ ၃ ခုတွေ့ရသည်။ ပထမပြဿနာမှာ လော့ဒေါင်းပိတ်ဆို့ခြင်းဖြစ်ပြီး အလုပ်သမား အများစုသည် အစားအစာနှင့် အခြားလိုအပ်သည်များ ရရှိရန် အခက်အခဲဖြစ်နေသည်။ ၎င်းတို့က ထိုင်းနှင့် မြန်မာအစိုးရများကို အကူအညီတောင်းကြသည်။
ထိုအခြေအနေတွင် နှစ်နိုင်ငံလုံးမှ ဒေသဆိုင်ရာ ကူညီလှူဒါန်းမှု အဖွဲ့များက အစားအသောက်များဖြင့် ကူညီသည်။ ဒုတိယအချက်မှာ အလုပ်သမားများသည် အလုပ်အကိုင်နှင့်ငွေကြေးမရှိတော့သောကြောင့် စိတ်ဖိစီးကြသည်။
ထိုအခါ ထိုင်းနှင့် မြန်မာအစိုးရများသည် ရောဂါကူးစက်မှုကို နှိမ်နင်းပြီးသည်အထိ ထိုအလုပ်သမားများကို ကူညီရန် နည်းလမ်းရှာရသည်။ ၎င်းတို့၏ အခက်အခဲများ သက်သာစေရန် ပူးပေါင်းဆောင်ရွက်မှု အချို့ကို လုပ်ကိုင်ရသည်။ များပြားလာသည့် လူနာများကို ကုသပေးရန် နောက်ထပ် ယာယီဆေးရုံ ၂ ရုံကို တည်ဆောက်နေသည်။
စမွတ်စခွန်မှ ရောဂါကူးစက်မှုသည် ရက်သတ္တပတ်ကုန်ရောက်သောအခါ ခရိုင် ၄၀ သို့ ပျံ့နှံ့နေပြီဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ဆက်လက်ကူးစက်မှုကို တားဆီးရန် ထိုင်းနိုင်ငံသို့လာမည့်သူများကို ကိုင်တွယ်ဖြေရှင်းရန် အစိုးရဌာနများအနေဖြင့် ၎င်းတို့၏ အစီအမံများကို ပြန်လည်စဉ်းစားသုံးသပ်ရန် လိုအပ်လာပြီဖြစ်သည်။
ထို့အပြင်ရောဂါ စစ်ဆေးမှုမခံရသေးသော အလုပ်သမားများသည် သွားရောက်စစ်ဆေးခံလျှင် ဖမ်းဆီးထိန်းသိမ်းခံရမည်ကို စိုးရိမ်နေသည်။ မည်သည့် အလုပ်လုပ်ခွင့်အဆင့်အတန်းဖြစ်စေ လာရောက်စစ်ဆေးခံလျှင် မည်သူကိုမျှ ဖမ်းဆီးမည်မဟုတ်ကြောင်း အာဏာပိုင်များက ကြေညာထားသည်။ အလုပ်သမားများအနေဖြင့် ဗိုင်းရပ်စ်ကူးစက်မှု စစ်ဆေးခံရန် တိုက်တွန်းနေသော စမွတ်စခွန် အုပ်ချုပ်ရေးမှူး ဗီရာဆက် ဗီဂျစ်ဆန်ဆရီ ကလည်း အလားတူ အာမခံသည်။
စမွတ်စခွန်မှ ရောဂါကူးစက်မှုသည် ရက်သတ္တပတ်ကုန်ရောက်သောအခါ ခရိုင် ၄၀ သို့ ပျံ့နှံ့နေပြီဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ဆက်လက်ကူးစက်မှုကို တားဆီးရန် ထိုင်းနိုင်ငံသို့လာမည့်သူများကို ကိုင်တွယ်ဖြေရှင်းရန် အစိုးရဌာနများအနေဖြင့် ၎င်းတို့၏ အစီအမံများကို ပြန်လည်စဉ်းစားသုံးသပ်ရန် လိုအပ်လာပြီဖြစ်သည်။
ယခုအခါ ထိုင်းနိုင်ငံမှ ဒေသများကို အရောင်ဖြင့် သတ်မှတ်ထားပြီးဖြစ်သည်။ အနီရောင်ဇုန်သည် အမြင့်မားဆုံး ထိန်းချုပ်မှုများကို လိုပြီး လိမ္မော်ရောင်ဇုန်သည် အနီရောင်ဇုန်နှင့် နီးကပ်ပြီး ကိုဗစ်-၁၉ ကူးစက်မှု ၁၀ ခုကျော်သောကြောင့် ထိန်းချုပ်မှု လိုအပ်သောဇုန်ဖြစ်သည်။ ကျန်အဆင့် ၂ ခုမှာ ရောဂါကူးစက်မှု ၁၀ ခုအောက် နှင့် လုံးဝမရှိသော်လည်း စောင့်ကြည့်ရမည့် ဇုန်များဖြစ်သည်။ ထို့ကြောင့် စမွတ်စခွန်သည် အနီရောင်ဇုန်ဖြစ်ပြီး ဘန်ကောက်၊ ရက်ချာဘူရီ၊ နခွန်ပသွန်နှင့် စမွတ်ဆောင်ခရမ်သည် လိမ္မော်ရောင်ဇုန်တွင် ပါဝင်နေသည်။
မေ့နေမည်စိုးသောကြောင့် သတိပေးလိုသည်မှာ တနိုင်ငံလုံးသည် ပြည်ပမှ ကူးစက်မှုများကို အာရုံစိုက်နေချိန်တွင် ပြည်ပမှ ထိုင်းနိုင်ငံသား ၃၃၂၆၉ ဦးသည် နိုင်ငံသို့ ပြန်လာရန် စောင့်ဆိုင်းနေကြသည်ဆိုသည့် အချက်ဖြစ်သည်။ ၎င်းတို့သည် နိုင်ငံသို့ပြန်မလာမီ တင်းကျပ်သော အစီအမံများကို ဖြတ်သန်းရမည်ဖြစ်သည်။ ထိုသို့သော အစီအမံများကို ၎င်းတို့၏ မိသားစုနှင့် မိတ်ဆွေအချို့ ဝေဖန်နေကြသည်။
ယခုရောဂါကူးစက်မှုသစ် ဖြစ်ပွားခြင်းနှင့် ကမ္ဘာတဝန်းကူးစက်မှု မြင့်မားနေခြင်းကြောင့် လာမည့်လတွင် ထိုင်းခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်ကို ဖျက်သိမ်းသင့်သည်။
မည်သို့ပင်ဆိုစေကာမူ ပြည်ပမှ ကူးစက်မှု မြင့်မားလာခြင်းနှင့် ဗိုင်းရပ်မျိုးဗီဇ ပြောင်းလဲလာခြင်းနှင့်အတူ အာဏာပိုင်များသည် သတိမပေါ့ကြပေ။ လက်ရှိအချိန်အထိ တနှစ်တာတွင် ထိုင်းနိုင်ငံသား ၁၄၅၂၅၄ ဦးနှင့် နိုင်ငံခြားသား ၅၄၄၆၁ ဦးတို့သည် ထိုင်းနိုင်ငံသို့ဝင်ရောက်ပြီးဖြစ်သည်။ ထို ထိုင်းနိုင်ငံသားများတွင် ၁၉၈၅ ဦး သို့မဟုတ် ပြည်တွင်းသို့ ဝင်လာသူများ၏ ၀.၇၅ ရာခိုင်နှုန်း ကူးစက်ခံရသည်။
ယခုရောဂါကူးစက်မှုသစ် ဖြစ်ပွားခြင်းနှင့် ကမ္ဘာတဝန်းကူးစက်မှု မြင့်မားနေခြင်းကြောင့် လာမည့်လတွင် ထိုင်းခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်ကို ဖျက်သိမ်းသင့်သည်။
အမျိုးမျိုးသောနိုင်ငံများမှ ကာကွယ်ဆေးများသည် မဝေးကွာသော အနာဂတ်တွင် ခရီးသွားလာမှု ကန့်သတ်ချက်အချို့ကို ပြေလျှော့စေမည်ဆိုသည့် မျှော်လင့်ချက်ရှိနေသည်။ သို့သော် လက်ရှိအခြေအနေတွင် ကမ္ဘာလှည့်ခရီးသွားများသည် ဒုတိယ သုံးလပတ်အထိ သို့မဟုတ် ထိုထက်နောက်ကျပြီး ထိုင်းနိုင်ငံက သူတို့ကို ကြိုဆိုနိုင်သော အချိန်အထိ စောင့်နေရမည်ဖြစ်သည်။
(Kavi Chongkittavorn သည် ထိုင်းနိုင်ငံမှ ဝါရင့်သတင်းစာဆရာတဦး ဖြစ်သည်။ ၎င်း၏ Thailand Can’t Afford to Leave Myanmar Migrants Behind in COVID-19 Fight ကို ဘာသာပြန်သည်။)
You may also like these stories:
တရားမဝင် လုပ်သားများကို တရားဝင် နေထိုင်ခွင့် ပြုလုပ်ပေးရန် ထိုင်းဆုံးဖြတ်
မြန်မာလုပ်သားများ ပြန်နေသည့် မဲဆောက်လမ်းကို ယာယီ ပိတ်ထားမည်
ထိုင်း ကိုဗစ်-၁၉ ကူးစက်မှုသစ်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများ ဓားစာခံ မဖြစ်သင့်
ထိုင်းမှာ ကိုဗစ်ပိုးကူးစက်မှုသစ် မြန်မာအလုပ်သမား ၆၀၀ ခန့် ပါဝင်